ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၉)

ムラカミNovember 12, 20112min34916

သည် အစီးအဝေးတွင် ပန်ပန်က မော်ဒရိတ်တာ သဖွယ် ဆောင်ရွက်သည်...
အပြစ်လွတ်တာ ဆိုလို့ ...သူပဲကျန်တာကိုး
ခုမှရောက်တဲ့ ကမှောင်ချော ပင်လျှင် ...ဘတ်ဂျက် ကိစ္စ စနည်းနာပီး
မကဲလိုက်ရမ ရှိရလေအောင် ဆိုပီး ညတုန်းက ရောင်တော်ပြန်နှင့် ရောလွှတ်သေးသည်...




သူကတော့ ဟိုလူတွေလို သောက်လုံးမကြီး ....
ရွာနီးချုပ်စပ်က ကေတီဗီမှ စကီလေးတွေ မ ချလာပီး လော်ဘီတွင် စင်တင်တေးဂီတ
လုပ်ခြင်းသာဖြစ်သည်... သူ့ စင်တင် က အဆန်း ... ဘယ်သူမှ မဆိုရပါ
သူတကိုယ်တည်း ဆိုသည် ...ကောင်မလေးတွေက ကပေးရသည်...



တခါတခါ သူ့သီချင်းများနှင့် မယ်လိုဒီ အသွားချင်းတူသော သီချင်းများ
ဖြစ်ပါက တီဗီတွင် ဖွင့်ချင်တာဖွင့် သူက သူ့ အုန်းမ်ကျူန်းများသာ
သီဆိုလေ့ရှိသည် ။
သူ့ဟာက ကာရာအိုခေ လို့ ခေါ်ရမှာလည်း ခက်သည်...
အဘယ့်ကြောင့်ဆိုသော် သူက ကောင်မလေးတွေကို လိုက်စွပ် နေတာကိုး
ပန်း ကုံး ပြောပါတယ် ...အဟဲ ..




ဖြစ်ချင်တော့ သူ့ ကာရာစင်တင် ကြီးကို သဂျီးက မျက်ဝါးထင်ထင် တွေ့သွားသည်ကိုး ..
သည်ကိစ္စမှာ တကယ့် တရားခံက အင်ဇာဂီ ....မူးမူးနှင့် ဗိုက်တာမင်ကျူ
ခံစားမည် ဆိုပီး ပန်ပန့် လက်ပကျွတ် ငှားပီး ဝိုင်ဖိုင်ရသော လော်ဘီထဲလာကာ
အင်တာနက်နှင့် ထိုင်ကျူတော့သည်.. အနှီသတ္တဝါသည် စပိဒ် တွင် ပန်ပန့်ကို မမှီညား
လုပ်စားသက် ရင့်နေသဖြင့် တော်ကီသာမက ချက်တင်မှာပါ ပြောသူတိုင်း မျောရသည် ချည်းဖြစ်တော့သကိုး
သည်လိုနှင့် စကီ တဖက် ဝီ တခွက် နှင့်ညဥ့်နက်လာတော့ ထိုင်ခုံပေါ်တင်
ကွေးကွေးလေး ကျိုးတော့သတည်း ...



အဲ့ဒါ ပုံမှန် သတင်းပို့ချိန် သတင်းမပို့သောကြောင့် ပန်ပန့်အား စပရိုက်ချက်ခ် ဝင်သော
သူကြီး သည် ဝက်ဘ်ကန်မ် မှ တဆင့် ကမှောင်ချော၏ ကာရာ စင်တင်ကြီးအား ........
ကံဆိုးလေစွ ကမောင်ချော.....။




<အစည်းအဝေး>
သဂျီး။ ...ဟဲ့ကောင်တွေ  ဘာမှပြောစရာမရှိကြဘူးလား ဟင် ...
         ဒါလေးခိုင်းတာကို ၃လကျော်လောက် ပေတေလေလွင့်ပီး
         ငါပေးထားတဲ့ စရိတ်တွေကို သုံးဖြုံးနေရအောင်
         နင်တို့ယောက္ခမ ပိုက်ဆံတွေများ မှတ်နေကြသလားဟဲ့ .....



ညကအရှိန်မကုန်သေးသော ကပေါက်ဖော်က ...
ဖော်။ မှတ်ပါတယ် ယောက္ခမကြီး ....အဲ့ ..သဂျီး ...အာ. ..မှားရို့
         မှတ်ပါဝူး သဂျီး ...
ချက်အရက်နှယ့် ဝိုင် ခွက်မှ အားမနာ ...ကမှောင်ချောနှင့် အင်ဇာဂီ ...
သူကြီးသမီး တက်ချိန်နေသော ကပေါက်ဖော်ကို မျက်စောင်းပြိုင်တူထိုးလိုက်သည်..



သဂျီး။ တိတ် စမ်း ...ဒါနဲ့ ငါ့ ဒေါ်လာ၂သန်း ကုန်ပီမလား ဟင် ...ဖြေကြစမ်း..
          အို ..ဖြေမနေနဲ့ ကုန်ပီဆိုတာ ငါသိတယ် ...မေးမိတာ ငါ့အမှား....တောက် ...

တယ်လဲ စိတ်မြန်တဲ့ သဂျီး ...ကိုယ်တိုင်မေးကိုယ်တိုင်ဖြေ သွားတယ်....
အဲ့သည့်နေ့ မီတင်ကတော့ သဂျီး အလှူသွားစရာ ရှိတာက တကြောင်း ....
အဘ ဆေးထိုးခံကြွချီစရာ ရှိတာကတကြောင်းမို့ သာကြောင်းမာကြောင်းသာ
ပြောဖြစ်လိုက်သည် ...နောက်တနေ့ မိတင် ချိန်းမှပဲ ပလန် အကြမ်းဖျင်းကို
ပြောမည်ဖြစ်သည်... အကျဉ်းချုပ် ဆိုရလျင်တော့ သည်ပွဲတွင်

ဒေါသအထွက်ဆုံး က သဂျီး ...
အတည်ငြိမ်ဆုံးက ဘဖော
အူဝှဲ မင်ဂါဆောင် သတင်းကြားလိုက်ရသော ပိတ်သတ် သဖွယ် ယူကြုံးမရ ဖစ်နေဟန်
လုပ်ထားတာ သင်္ဘောသီး ၂လုံး
အလုပ်ထဲမှာလုပ်နေကြအတိုင်း အလုပ်များချင်ယောင် ဆောင်ပီး ပြာယာခတ်ပြနေတာက ပန်ပန်
လက်စားချေဖို့ အံတကြိတ်ကြိတ် ဖစ်နေတာက ကမှောင်ချော...
ဟိုလေးယောက်(ပေ ဇာ ဖော် မှော် ) တို့ကတော့ ဆင်ကြံကြံ ပီး ကျားချောင်းချောင်းနေတော့သည်




သိတယ်မလား ...ရံပုံငွေ အစိမ်း၂သန်းမှာ ၁သန်းကို ဘဏ်မှာ ခွဲပီး ဥ ထားတယ်ဆိုတာ
ဒီ၄ယောက်ပဲ သိတာကိုး.. လောလောဆယ် ပန်ပန်က သဂျီးတို့ လူယုံ ဖြစ်ပေမယ့်လည်း
သူတို့ သိပ် ဂရု စိုက်စရာ မလိုဘူးရယ်လေ..လာမေး ရင် ကုန်ပီပဲပေါ့ ....
ကပေတို့ များ ဉာဏ်ပြေးပါ့ .....
စာတတ်ပေတတ် ကပေါက်ဖော် က သည်တခါတော့ ကပေ့ ကို ထုတ်ဖော်ချီးကျူးရတော့သည်
ဇာတ်လမ်း အစပိုင်းမှာကတည်းက သူက ဖြတ်ထိုးဉာဏ်ကောင်းကောင်းနှင့်
အားလုံး ဟင်ကနဲ ဟာကနဲ လုပ်ပြနိုင်သူဖြစ်ပေမယ့် သည်လို အနာဂါတ်ကို
မျှော်ပြီး ပလင်န် လုပ်တတ်သည့် ကိစ္စမျိုးတွင် ကပေက သာလွန်ကြောင်း ဝန်ခံရပေသည်..




ထို့နောက် တွင်ကား သူတို့ ၄ဦး၏ သီးခြား တွေ့ဆုံ ခန်းဖြစ်သည်...
သူတို့ဟာ က တချိန်က နိုင်ဂျံဂါး က လာသည့် ကိုယ်စားလှယ်ကြီးတွေ လို ဖစ်နေသည်...
သိတယ်မလား ...ရွှေကို သီးခြားဂါ ...စိန်ကို သီးခြား တွေ့ ပြီး စုနဲ့ သတ်သတ် ချိန်း
ဆိုတာလိုမျိုး .... ခုလည်း ၄ဦးသား မိတင် ထိုင်ကြပြန်လေပီ...
(မိတင် တင်နိုင်လွန်း ...)



သည်နေရာမှာတော့ မှော်ဆြာ က တကွက်ကြိုမြင်သည်...
ဖော်ရန်းစစ် ဒါ့ပုံရိုက်ဖို့ ရှိတယ် လိုက်ချင်တဲ့လူ လိုက်ခဲ့ကြ ဆိုပီး ဟော်တယ်မှ
ကျန်၃ယောက် ကို မ ထုတ်လာခဲ့သည် ...သူတို့ကလည်း နပ်သည်
ပညာ လိုလို့ပဲလိုလို ဗဟုသုတယောင်ယောင် ..ကုတ်ကုတ်ကုတ်ကုတ်နှင့် ....

လိုကေးရှင်းကား ..ရွာထဲက ဘုန်းကြီးကျောင်း ဘေးက ဇရပ်ဟောင်းတွင်ဖြစ်၏
သိတယ်မလား ...ကဇော်ဆိုင်တွေ ကေတီဗီတွေဆို ဟို လူတွေ အချိန်မရွေးရောက်
လာနိုင်တယ်လေ ... ဟိုလူတွေကတော့ ဟော်တယ်မှာ ကိုယ် သန်ရာ သန်ရာလေးတွေနှင့်ပေါ့လေ....
ထုံးစံအတိုင်း ကပေမှ စ၍
ပေ။ အိုင်ဆေး မှော်ဆြာ ...သည် အစိမ်း ၁သန်းကိစ္စ  ...
မှော်။ အေးဗျ ...သဂျီးကလည်း ကုန်ပီမှတ်နေတာ ဆိုတော့ ဟီဟိ...
ဖော်။ တယောက် ၂သိန်းခွဲပေါ့ နော့် အင်ဇာဂီ...
ဇာ။ သည်လိုတော့ ဘယ်ဟုတ်ပါ့မလဲဗျ... ဒါ ကပေ့ ကြောင့် ရတာဆိုမမှားဘူး
      သူစီစဉ်တာ နာခံရမှာပေါ့ သူဘယ်လောက်ယူမယ် မင်းတို့ ဘယ်လောက်ပဲယူ ဆိုလည်း
      ကျနော့် အနေနဲ့တော့ ပြောစရာမရှိဝူးရယ်...
ကပေမျက်နှာ ဝင်းတက်သွားသည် ...သို့သော် ပိုက်ဆံကြောင့်တော့ မဟုတ် ..သူ့မှာ သီးခြား ကိစ္စရှိသည်..
အင်ဇာဂီ သည်လိုပြောလာသည်ကို နင်းပြီး အညီအမျှ သာယူမည် မင်း အဲ့သည့် ကိစ္စတော့ ငါ့လုပ်ပေးကွာ
ဆိုလျင် သည်ကောင် ငြင်းနိုင်မည်မဟုတ်...။
အင်ဇာဂီကလည်း သည်လိုပြောတာ အကြောင်းရှိသည်...သည်ကိစ္စ ပေါက်ကြားပီး ကွိုင်တက်ပါက
ကပေ့ကို သာ ခေါင်းဆောင်သူဟု ထိုးချပီး တားတားက တူပေးတလောက်လေးပဲ ရတာပါ ...
ဆိုပီး သူ့ထုံးစံအတိုင်း အရူးကွက်နင်းဖို့ တကွက်ချန်ထားတာဖြစ်သည်....

အကြောင်းမသိသော မှော်နှင့် ဖော် တို့က တော့ သိပ်မကျေနပ်ကြ သို့သော် မပြောသာပေ...
ပေ။ သည်လိုမဟုတ်ပါဘူး ညီလေးတို့ ရယ် ...တိုကြီး က အညီအမျှ ယူမှာပါ ..တိုကြီး က
        ချစ်ညီလေးတို့နဲ့ သာတူညီမျှ စိတ်သဘောထား ရှိသူရယ်ပါကွယ်....
မှော်။ဖော်။ ဂယ်နော်ဟေ့လူကြီး .....
ပေ။ ဂယ်ပါကွယ် ...ကဲ ...ခွဲခြမ်းရေး ကိစ္စ ပြေလည်ပီဆို ပြောစရာ ရှိသေးသဗျ....
       ဒါကတော့ သည်လိုပါ ..ကိုယ့်ဝေစုကို ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်သုံးစွဲခွင့်ရှိတယ် မဟုတ်လား..
       အဲ..ဒါပေမယ့် မဆင်မခြင် သုံးမိရင် ပြသနာဖြစ်ရင် ကိုယ့် တာဝန်ကိုယ်ယူကြေး မဖော်ကြေး ...
      နောက် အစကတည်းက ဘယ်မှာ ဘာသုံးမယ်ဆိုတာလဲ declare လုပ်ကြေး ...
      ကဲကျေနပ်သလား ....
အားလုံး တချက်တွေသွားသည် ...ဒါလည်း ဟုတ်တာပဲ...
ပေ။ ကောင်းပီလေ .... ကျုပ်ကပဲ စပြောပါ့မယ်.....
------------------------------------------------------------------

16 comments

  • ပေါက်ဖော်

    November 12, 2011 at 10:39 am

    ဟေ့လူတွေ..ဟေ့လူတွေ..
    ဒေါ်လ ၁သန်းခွဲယူတာ ပြဿနာမရှိဝူး..
    သဂျီးသမီးတော့..လာမထိနဲ ့…မီးပွင့်သွားမယ်.ဟွင်း.ဟွင်း.ဟွင်း..

    နာလဲ မထိရဲပါဝူး..သဂျီးနှလုံးက တော်တော်ပျူးတာကလား..(သေနတ်..နှစ်လုံးပြူး)

    😆

  • ကြောင်လတ်

    November 12, 2011 at 11:07 am

    သဂျီးရဲ့ နှစ်ပျူးလုံး အဲလေ နှစ်လုံးပျူးက ကျည်ဆန်ရောထွက်သေးရဲ့လား ကပေါက်ဖော်။

    • ပေါက်ဖော်

      November 12, 2011 at 11:42 am

      ဂဏန်း မျက်လုံးအတိုင်း..အပြင်ကို ပြူးထွက်နေတာ..
      ကျည်က မပစ်ရသေးဘူး..အပေါက်ဝရောက်နေပြီ.
      ရှော ့မတွက်နဲ ့..
      ဟွင်း..ဟွင်း..
      ဒီလိုကြီး… 😯

    • inz@ghi

      November 12, 2011 at 11:45 am

      သိပ်မကြောက်ပါနဲ့ ကိုရင်ရယ် …..
      အသက်က စကားပြောပါတယ်. ….
      အသက်ကြီးပီဖစ်တဲ့ မိုက်ခယ်လ် သဂျိုင်ခီး ခမျာ
      my gun will aim but it no longer shoot
      ဆိုတဲ့ ဘွရောက်နေရှာပါပီ…ခစ်ခစ်….

      • Diamond Key

        November 12, 2011 at 3:26 pm

        ပစ်လို့ရသေးတယ်နော်၊ တို့သဂျီးကို တိတ်ခါတွေချနဲ့။
        တို့သဂျီး ပစ်ပဟဆို အတော်အဝေးရောက်သဗျ။
        သူက စိတ်မထင်ရင် တွေ့တာနဲ့ ကောင်ပစ်နေကျနော်။
        ကျည်နဲ့တော့ ဟုတ်ဖူး။ နှစ်ပျူးလုံးကြီး အလုံးလိုက်နဲ့ကို ပစ်မှာ။
        ကျည်နဲ့ပစ်လို့ ရတုန်းကဆို တစ်ခါ ရွာထဲမှာ ကျည်နဲ့လိုက်ဖမ်းတုန်း သဂျီးနဲ့ သူခိုး ပက်ပင်းတိုးတော့ သူဗျူးကြီးနဲ့ လှမ်းချိန်ပြီး ဟေ့မပေးနဲ့ လက်မြောက်လိုက် ဆိုတော့
        သူခိုး ခမျာ ကြောက်ဒူးတုန်ပြီ ဟုတ်ခင်ညပေါ့။
        ဒါပေမဲ့ သဂျီး ကြည့်ပြီး တစ်ဟားဟားနဲ့ ကျောခိုင်းထွက်သွားလို့ ခုလိုဒေါသနဲ့ ပစ်ချလိုက်တော့မယ့်ဟာ။။။။။။။ လားလား ပျောင်းက ကိုယ့်ဗိုက်ထောက်ထားတာဗျ။ ဒင်ကသာ သူခိုးကို ထိုးချိန်ထားတာ တို့သဂျီးက။

      • Diamond Key

        November 12, 2011 at 3:27 pm

        ပစ်လို့ရသေးတယ်နော်၊ တို့သဂျီးကို တိတ်ခါတွေချနဲ့။
        တို့သဂျီး ပစ်ပဟဆို အတော်အဝေးရောက်သဗျ။
        သူက စိတ်မထင်ရင် တွေ့တာနဲ့ ကောင်ပစ်နေကျနော်။
        ကျည်နဲ့တော့ ဟုတ်ဖူး။ နှစ်ပျူးလုံးကြီး အလုံးလိုက်နဲ့ကို ပစ်မှာ။
        ကျည်နဲ့ပစ်လို့ ရတုန်းကဆို တစ်ခါ ရွာထဲမှာ ကျည်နဲ့လိုက်ဖမ်းတုန်း သဂျီးနဲ့ သူခိုး ပက်ပင်းတိုးတော့ သူဗျူးကြီးနဲ့ လှမ်းချိန်ပြီး ဟေ့မပြေးနဲ့ လက်မြောက်လိုက် ဆိုတော့
        သူခိုး ခမျာ ကြောက်ဒူးတုန်ပြီ ဟုတ်ခင်ညပေါ့။
        ဒါပေမဲ့ သဂျီး ကြည့်ပြီး တစ်ဟားဟားနဲ့ ကျောခိုင်းထွက်သွားလို့ ခုလိုဒေါသနဲ့ ပစ်ချလိုက်တော့မယ့်ဟာ။။။။။။။ လားလား ပျောင်းက ကိုယ့်ဗိုက်ထောက်ထားတာဗျ။ ဒင်ကသာ သူခိုးကို ထိုးချိန်ထားတာ တို့သဂျီးက။

  • windtalker

    November 12, 2011 at 11:32 am

    ကဲကဲ..ကျုပ်ကဘဲ စပြောမယ်
    ဒီတစ်ခေါက် ပြည်တော်ပြန်တနင်္ဂနွေဇာဇာ ကို ့မှာချင်တာကတော့
    ဒေါ်စိမ်း နှစ်သိန်းခွဲ နဲ ့ကြွစေဗျား
    မပါလို ့ကတော့ တွေ ့မယ်
    ဟွင်းဟွင်း

    • inz@ghi

      November 12, 2011 at 11:34 am

      ၂သိန်းခွဲ လောက်ဝူး ကပေ ၃သိန်းမှ ကားသွင်းလို့ရမှာ ..ခစ်ခစ်
      ၃သိန်းပြည့်အောင် ဘတ်ကြစို့ရဲ့ …

      • windtalker

        November 12, 2011 at 11:46 am

        ကားသွင်း ချင်တယ် ဆိုပါလား
        ဖြိုး ပြန်ရောက်နေတယ်နော်
        သတိထား
        တော်ကြာ ကားသွင်းချင်တယ် ကြားလို ့
        ဂျပန်ထိ ဝမ်းသာအားရနဲ ့ရောက်လာနေမယ်

        • inz@ghi

          November 12, 2011 at 11:50 am

          ဖြိုး ..ဟုတ်လား ဘယ်က ဖြိုး လည်း တိဝူး ….
          ဖလာရီ သွင်းပီး မန့်သ်လေးထိ ချီတက်ခဲ့မယ် ခစ်ခစ်…
          ဟို တက်တူးဗလဘွ နဲ့ လူကြီးလို…
          တားတားက တူ့ရို နားတောင်းတော့ ပန်နိုင်ဝူး…
          ချီးဗက်စ် မတိုက်နိုင်ပေမယ့် …. ရုရှားအရက် ဗော့်လဂါ စိမ်းစိမ်းလေးတွေတော့
          သယ်ခဲ့မယ် ..ရမား ဟင် ?

  • မှော်ဆရာ

    November 12, 2011 at 12:11 pm

    ဟေဟေ့ …
    နိုင်ခြံကား လဲရောက်တွားဘီ …
    ဒေါ်လှအစိမ်း ဆိုတာကြီးလဲ တော်တော်ရပြီ ..
    နေရကျိုး နပ်ပြီ ..
    နောက်ပိုင်း သေ ဆိုရင်လဲ သေလိုက်တော့မယ် ..
    တစ်ယောက်ထဲကျန်ခဲ့မယ့် ဝတ်မှုံရွှေရည်တော့ အားနာသား …….

    • inz@ghi

      November 12, 2011 at 12:17 pm

      မကျန်ဝူးဆြာ့ … အဲ့ ဝတ်မှုန်ငွေချည် ဒါ့ပုံ ဆြာ့လက်ထဲမှာလေဗျာ…(ကပေါက်ဖော် ပြန်ဘတ်ပေးထားတာ)
      အဲ့ရာကို သုံးပီး အမေရိကား အလည်လိုက်အောင် ချာတိတ်မ ကို ဆြာ က အပါခေါ်မှာ ….
      အဲ့ရာ နောက်တပိုင်းမှာ ဖတ် ခည ….

      ခင်တဲ့
      ဂိုင်း အင်ဇာဂီ…

      • မှော်ဆရာ

        November 12, 2011 at 3:26 pm

        ဟယ် အဲဒါလေး ပါလာတယ်လား
        ဒါဆိုရင်တော့ အစွန်းရောက်တွေနဲ့ ရင်ဆိုင်တိုက်ရမလား
        ကွန်တိန်နာပဲ ထမ်းပြရမလား
        သူလေးနဲ့သာဆိုလို့ကတော့ တေတေဟာ..

  • ကိုရင်စည်သူ

    November 12, 2011 at 2:59 pm

    ဘာ.. ဘာ… အိမ်ဒရာကြော်လေးက ..
    ကိုကို သင်္ဘောသီးနှစ်လုံး
    အဝေးရောက်တုန်း.. မင်ဂလာဆောင်လိုက်တယ်..
    ဟုတ်လား…
    သင်ဇာဝင့်ကြော်တော့ ဒီတခါ အလွတ်မပေးတော့ဘူး..
    ပြန်လာလို့ကတော့ ဂျောနီလမ်းလျှောက်နဲ့ပေါင်းပြီး
    အချဥင်္ရည်နဲ့ တို့စားဖြစ်မယ်..
    သင်္ဘောသီးတို့သည် အစားအတွက်ဆို….
    ဘယ်တော့မှ သစ်စာမဖောက်…

  • blackchaw

    November 14, 2011 at 12:59 pm

    တော်တော် ရေးနိုင်တဲ့ ဂိုင်း။
    ကိုမှောင်ချောကြီးက မိုက်သားဗျ။ ဟွင်းဟွင်း…ဟွင်းဟွင်း။

Leave a Reply