ဘာလုပ်ပစ်ရမလဲဟင် ……

ေမွာ္ဆရာNovember 12, 20111min29324

အရင်တုန်းက အကောင်းသားဗျာ ..
အခုမှ ဒုက္ခနဲ့ လှလှနဲ့ကို တွေ့ပြီ
ဘာကိစ္စလဲဆိုတော့ အဖာတစ်ရာ ပိုက်ဆံတွေကိစ္စပေါ့ …
အရင်တုန်းကတော့ အကြွေကလဲရှား ရှိတဲ့ အကြွေကလဲ ရေသည်ယောကျင်္ားရဲ့ ပုဆိုးထက်တောင်ဆိုးနေတာဆိုတော့
ရှိတဲ့ နှစ်ရာတန် တစ်ရာတန်လေးတွေကို ရွှေအစစ်ထက်တောင် ယုယုယယ တိပ်နဲ့ကပ် ၊ ပလပ်စတစ်နဲ့ထုတ် ၊ မီးပူတိုက်
နည်းမျိုးစုံနဲ့ လည်ပတ်လာရတယ် …
အမယ် …ပေးတဲ့သူက ပေးရင် ယူတဲ့သူကလဲ ဘယ်လောက်စုတ်ပါစေ .. ယူတယ်ဗျ ..
အကြွေပေးလို့ဆိုပြီး ကျေးဇူးတွေဘာတွေတင်လို့ ….
အခုတော့ဗျာ …
ရှိတဲ့နှစ်ရာတန်လေးနဲ့ ဆေးလိပ်လေး သွားဝယ်ပါတယ် … စုတ်လို့ ပြန်လဲပေးပါတဲ့ …
ဟယ် တစ်ခါမှ မကြားဘူးတဲ့ စကားကြားရလို့ ငုတ်တုတ်တောင် မေ့ချင်သွားတယ် …
နှစ်ရာတန် ပေးတာ ကျေးဇူးမတင်တဲ့အပြင် စုတ်လို့ လက်မခံဘူးတဲ့ … လမ်းဘေး ကွမ်းယာသည်ကနော် …
စာရင်းချုပ်လိုက်တော့ မှော်ဆရာ ဆေးလိပ် မသောက်ရတော့ ပါဘူး ..
ဒီအတိုင်းကို ပြန်လာရတယ် ..
အဟောင်းတွေ လက်မခံရင် အသစ်တွေကောပေါလားဆိုတော့ ရန်ကုန်တော့ မသိဘူး ..နယ်မှာတော့ ရန်ကုန်ပြန်လေးတွေ ယူလာတဲ့ မသစ်တသစ်လေးတွေနဲ့ပဲ မလောက်မငှ သုံးရတာပါဗျာ …
သတင်းတော့ သိုးသိုးသန့်သန့်လေးကြားလိုက်ပါတယ်….
ဘဏ်မှာ ပိုက်ဆံအဟောင်းတွေ အသစ်နဲ့ လဲပေးတယ်တဲ့ ..
အားရဝမ်းသာ သွားမယ်ဆိုတော့ အကို နောက်ကျသွားပြီတဲ့ .ဟယ် ဘာလို့တုန်းငါ့ညီဆိုတော့ မနေ့ကမှ တစ်ထောင်ကို ရှစ်ရာ ဈေးပေါက်သေးတယ်တဲ့
ဒီနေ့ ဈေးကျသွားလို့ ခွန်နှစ်ရာပဲ ရတော့မယ်တဲ့ ..
အမယ်ငီး …
မြန်မာငွေကို မြန်မာငွေနဲ့ တန်ဖိုးဖြတ်တာ ဈေးကျ ဈေးတက်ရှိသေးလားဟင် …
ရှိစေ မှော်ဆရာ ညဏ်မမှီတာပဲ ဖြစ်မှာပါ ….
အိမ်ပြန်ရောက်တော့ အရင်တုန်းက စုထားတဲ့ အကြွေလေးတွေ ထုတ်ရေ ကြည့်တော့ ၂၀ဝတန်တင် ၄၀၀ဝ ကျော်တယ်ခင်ဗျ ..
သုံးရမယ်ဆိုရင်လဲ ကွမ်းယာဆိုင်ကတောင် လက်မခံ
သွားလဲရင်လဲ ၁၂၀ဝ လောက်ပေးရဦးမယ်ဆိုတော့
အဲဒါလေးတွေ ဘာလုပ်ပစ်ရမလဲဟင် ….

24 comments

  • ကိုရင်စည်သူ

    November 12, 2011 at 2:36 pm

    ဘာမှမလုပ်နဲ့ ကမှော်ဆရာ
    ကျွတ်၂အိတ်ထဲ သိမ်းထား
    မွေးလာတဲ့ ကလေးတွေကျရင်
    ပြန်ပြ…
    အဘတို့ခေတ်တုန်းက
    ပိုက်ဆံအစုတ်ထုတ်တဲ့ နိုင်ငံမှာနေပြီး
    စည်းကမ်းရှိရှိသုံးတာ…
    လို့ ပြန်ပြောမယ်…. 😀 😀 😀

  • “ဘီလူးကြီး”ogre

    November 12, 2011 at 2:43 pm

    မှော်ဆရာ
    ဆက်ပြီးသိမ်းထားနော်
    ငါတော့သိပ်မထင်ဘူး တော်ကြာနေ အဲလိုအစုတ်လေးတွေ ပြန်ဖြစ်လာအုံးမှာလေ..။။

  • ဆူး

    November 12, 2011 at 2:54 pm

    သေချာ မပျောက်မပျက် သိမ်းထားပါ။
    တစ်ချိန်ကျရင် တန်ဖိုး တခုတော့ ရလာပါလိမ့်မယ်။
    မှော် မှော် မြေး လက်ထက်မှာ ကောင်းသေးရင် သူတို့ သေချာ သိမ်းထားသေးရင် ဆက်လက် သိမ်းခိုင်းလိုက်ပါ နောက်လာမဲ့ မှော်မှော် မြေး ရဲ့ မြေး လက်ထက်မှာတော့ သေချာပေါက် အလုပ်ဖြစ်မှပါ။
    သားစဉ်မြေး အဆက်ဆက် မသေခင် သေချာတော့ မှာဖို့ မမေ့နဲ့ပေါ့။

  • Diamond Key

    November 12, 2011 at 3:04 pm

    အဟောင်းလေးတွေက စုကောင်းသတဲ့ခင်ဗျ။
    ဆက်သာစုပါ ဆြာမှော်ရာ။ တက်ဈေးရောက်မှ ထုတ်ပါဗျ။
    😀 😀 😀

  • မှော်ဆရာ

    November 12, 2011 at 3:14 pm

    တက်ဈေးရမှ ထုတ်ရောင်းဖို့ နေနေသာသာပါဗျာ ..
    အခုတောင် တစ်ထောင်ကို ရှစ်ရာကနေပြီး ခွန်နှစ်ရာကို ဈေးကျသွားပြီတဲ့
    ဖြစ်စေချင်တာတော့ဗျာ .. ဒီငွေတွေက အစုတ်ပဲပြောပြော သမာအာဇီဝနဲ့ ရိုးရိုးသားသား ရှာထားရတာပါ
    ဒါကြောင့် ဘဏ်တွေမှာ လွပ်လွပ်လပ်လပ်နဲ့ မူရင်းတန်ဖိုးအတိုင်း လဲပေးစေချင်တယ်ဗျာ ..
    အခုလို တစ်ထောင်ကိုဘယ်လောက်ဆိုတာမျိုးကိုလဲ မကြားချင်တော့ဘူး …

    • ကြောင်လတ်

      November 12, 2011 at 9:50 pm

      တစ်နေ့တော့ဖြစ်လာမှာပါ၊ တစ်နေ့တော့ဖြစ်လာမှာပါ……..
      (သီချင်းဆိုတာပါ)

  • ပေါက်ဖော်

    November 12, 2011 at 3:18 pm

    ဟိုကာတွန်းထဲကလိုပြောရရင်.
    မြန်မာငွေ ခိုင်မာတယ်..တိပ်တွေနဲ ့ကပ်ထားလို ့
    😆

  • mg wine

    November 12, 2011 at 6:34 pm

    သိမ်းထားမမှားဘူး
    rupeeလိုဈေးကေယင်းချင်ကောင်းနေမှာ
    မောင်ကောင်းတောင်ဈေးတက်လာပြီ
    အိမ်နားကဖိုးချက်တော့ပိုက်ဆံလိုက်ဝယ်ရင်း
    ပိုက်ဘောမိလို့ရူးသွားပြီ

  • windtalker

    November 12, 2011 at 6:50 pm

    အပေါ်ကလူတွေ ပြောသလို ပဲ ကိုမှော်ရေ
    ပြောမရဘူး ၊ တစ်ချိန်ကြ အဲဒီအစုတ်တစ်ရွက်ကို ဒေါ်လာတစ်သိန်း လာပေးချင် ပေးနေမှာ
    ဟီဟိ

  • forever

    November 12, 2011 at 7:38 pm

    မြင်းခြံဘက်ကလမ်းတံတားဂိတ်တွေမှာတော.
    အပြဲကိုလေးဒေါင်.ခေါက် ပလစတစ်အိတ်နဲ.
    အသေပိတ်ထည်.ပြီး သုံးနေကြသေးတယ်
    အဲဒီဘက်ကလူတွေကိုပေးသုံးခိုင်းလို.ရတယ်ဆရာမှော်

  • naywoonni

    November 12, 2011 at 7:57 pm

    သိမ်းမထားပါနဲ့ ရောဂါပိုးတွေနဲ့တဲ့….။ ဟိုမောင်ကောင်းတို့ စံလင်းတို့ သိမ်းထားကြတာက လတ်လတ်ဆပ်ဆပ် အကောင်းတွေ ….။ ပြီးတော့ ကျက်သရေလည်းရှိတယ်…။ အကောင်းပြောတာ ရသလောက်နဲ့သာလဲပြီး သုံးပစ်လိုက် …။

  • မှော်ဆရာ

    November 12, 2011 at 8:02 pm

    ဟိုတုန်းကတော့ ဒီလိုပဲ သုံးရတာပါဗျာ …
    အခု ပိုက်ဆံအသစ်တွေ ဝင်လာတော့မှသာ သွေးကြီးသွားကြတာ..
    ပိုက်ဆံအသစ်ထုတ်တာကို မကောင်းပြောတာ မဟုတ်ပါဘူး ..
    အဟောင်းလေးတွေကို ဒဲ့ လဲပေးစေချင်တာပါ …
    ၂၀ဝ တန်အဟောင်းဆို ၂၀ဝ တန် အသစ်နဲ့ပေါ့

  • MaMa

    November 12, 2011 at 8:09 pm

    ဘယ်ဘဏ်မှာ သွားလဲတာလဲ မှော်ဆရာရေ။ ကျမတော့ CB မှာ သွားလဲတာ ၂၀ဝ တန်ကို ၂၀ဝ ပဲ ရခဲ့တယ်။ တော်တော်လေး စုတ်နေတာတောင် ရတယ်။ ဘယ်နှစ်ရွက်ဖြစ်ဖြစ် လဲပေးတယ်။ ဧရာဝတီဘဏ်မှာလဲ လဲပေးတယ်ပြောတယ်။ အဲဒီ ဘဏ်တွေမှာ ကြိုးစားကြည့်ပါဦးလား။

    • မှော်ဆရာ

      November 12, 2011 at 8:38 pm

      ဟီး ဟီး အမရေ …
      ကျွန်တော်က နယ်က ခင်ဗျာ …
      ဘယ်က ဧရာဝတီဘဏ် ရှိမလဲ ..
      နယ်သူနယ်သားများအားထားရာ မြန်မာ့စီးပွားရေးဘဏ်ပေါ့

    • မှော်ဆရာ

      November 12, 2011 at 8:38 pm

      ဟီး ဟီး အမရေ …
      ကျွန်တော်က နယ်က ခင်ဗျာ …
      ဘယ်က ဧရာဝတီဘဏ် ရှိမလဲ ..

  • MaMa

    November 12, 2011 at 8:49 pm

    ဘယ်မြို့မှန်း မသိပေမယ့် CB ဘဏ်ရှိရင်လည်း ရတယ်လေ။

  • Shwe Tike Soe

    November 12, 2011 at 9:21 pm

    ပလပ်စတစ်လောင်းပြီး သုံးကြရတော့မှာပဲ.. စုတ်ပြတ်သတ်နေတာကို အမ်းတော့ ယူရတယ်. ပြန်ပေးတော့ အပေးမခံတော့ဘူး သွားရော နှစ်ရာ.. ငါရာတန်ဆို ပိုပြီး ရင်ခံသေး… လွှင့်လဲ မပြစ်ရက် သုံးလဲ မရနဲ. အိမ်မှာ မှန်ဘောင်သွင်းရကောင်းမလား စဉ်းစားနေတာ..

  • ချစ်ရင်ထူး

    November 12, 2011 at 10:14 pm

    အဲလိုပါပဲ မှော်ဆရာ ရေ၊ ကျွန်တော်တို့ဆီမှာ ဆိုရင်လည်း လူတွေက ပြန်အမ်းရင်သာမယူချင် ကြတာ၊ သူတို့ကြတော့ ဒါပဲရှိတယ် ဆိုပြီးပေးသွားကြတာပဲလေ။ မယူရင်လည်း နောက်မှပေးမယ်ဆိုတာက ပြန်မလာတော့ဘူးလေ။ အဲတော့ ယူထားရတာပဲ။ ယူပြီးတော့ ပြန်အမ်းရင် မကြိုက်ကြတော့ဘူး။ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး…..

  • Gipsy

    November 12, 2011 at 10:35 pm

    ဟုတ်နေတာပဲ…။
    သဂျီးပြောသလို စနစ်တစ်ကျနဲ့ကို ပျက်စီးခြင်းအပါးတစ်ရာ တိုင်နေတာပဲဗျာ…။
    ကျုပ်မှာလဲ အစုတ်လေးတွေ ကိုကြည့်ပြီး စိတ်ဆင်းရဲနေရတာနဲ့ တစ်နေ့က
    မြင်မနေရရင်စိတ်ချမ်းသာမှာဆိုပြီးတော့ …
    ပျောက်သောသူ..သေသောသူကြာရင်မေ့ ဆိုရိုးစကားအတိုင်း……..။

  • Shanma TUmdy

    November 12, 2011 at 10:45 pm

    ပလတ်စတိတ်အိတ်အကြည်လေးနဲ့ထုတ်.. ပြီးအပေါ်ကို ဖယောင်းတိုင်လေးနဲ့ပိတ် … ဒီလိုသုံးပေါ့.. 🙂

  • zay

    November 13, 2011 at 6:47 am

    မီးတာရှိ့လိုက်ပါ

  • memeseku

    November 13, 2011 at 8:18 pm

    နောင်လာနောင်သားတွေအတွက်ရည်ရွယ်ပြီးသိမ်းထားလိုက်ပါ.. 🙂

  • etone

    November 14, 2011 at 9:45 am

    * တန်ဖိုးရှိတဲ့ ပိုက်ဆံ ၊ တန်ဖိုးထားချင်စရာ မကောင်းအောင် * ဖြစ်နေပါလားနော် ။
    သူတို့ဆီက ပြန်အမ်းတော ့ဘာပေးပေးယူရတယ် ။ ကိုယ်ပြန်ပေးလို့ မယူလျှင် ဂိန်ပြီပဲ ။ နောက်ပြီး ပိုက်ဆံက ရိပြဲနေလို့ ကိုယ့်လက်ထဲ အဆုံးသတ်ပေးလိုက်ဖို့ကလည်း … ရှုံးပြန်ဦးမယ် …ဟူး …. 🙄

  • nayminn

    November 14, 2011 at 10:31 am

    လှူလိုက်ပါ နှစ်ရာလှူရင် ကုသိုလ်လည်း နှစ်ရာနဲ့အညီအမျှအပြည့်အဝ့ရမှာပါ..။

Leave a Reply