ဘာသားနဲ ့ ထုထားတာမို ့လဲ

မောင် ပေNovember 12, 20111min29327

အောက်ပါ အကြောင်းအရာများသည် မြန်မာနိုင်ငံတွင်ဖြစ်ပြီး ၊ တစ်နိုင်ငံလုံးမှ ဆိုင်ကယ်ချစ်သူ ၊ ဆိုင်ကယ်ခရေဇီ ၊ ဆိုင်ကယ်စီးသူများ အတွက် ရည်ရွယ်ပါသည် ။

“ ဆိုင်ကယ်ကလဲဗျာ ၊ တစ်ပျက်ထဲ ပျက်နေတာဘဲ ဦးလေးရေ ”

စောစောစီးစီး အိမ်ဘေးနားမှ ညည်းသံကြားရသဖြင့် ထွက်ကြည့်မိတော့ ၊ အိမ်ဘေးမှ ကိုသံချောင်းတို ့တူဝရီး စကားပြောနေသည်ကို တွေ ့လိုက်ရသည် ။ ကိုသံချောင်း တူ မောင်ရေခဲ က သူ ့ဆိုင်ကယ် ခဏခဏ ပျက်သည့်အကြောင်းကို သူ ့ဦးလေး ထံတွင် ရင်လာဖွင့်နေခြင်း ဖြစ်သည် ။ ကျွန်ုပ်လည်း အလုပ်သွားရန် အချိန်မကျသေးသဖြင့် ၊ သူတို ့စကားဝိုင်းထဲ ဝင်လိုက်သည် ။ သူ ့ဆိုင်ကယ် ကို အရင် တစ်ချက် ကြည့်လိုက်သည် ။ ကိုသံချောင်း ဆိုသည်မှာ ကျွန်ုပ်အိမ်နီးနားချင်း ၊ ရံဖန်ရံခါ ဘီယာအတူသောက်နေကြ မိတ်ဆွေ ။

မောင်ရေခဲ ဆိုင်ကယ် မှာ တရုတ်ဆိုင်ကယ် ၊ ဈေးကွက်တွင် နာမည်ရ တံဆိပ် အင်ဂျင်125 အမျိုးအစား ဖြစ်သည် ။ ဆိုင်ကယ်ပုံကို ကြည့်ရသည်မှာ တော်တော်လေးကို စုတ်ပြတ်သပ်နေသည် ။ ဆိုင်ကယ်လဲ ၊ မှောက်ထားသည့် ပုံမျိုးလည်း ရှိသည် ။ ကာဗာတွေ ကွဲနေသည် ။ ရှေ  ့မီးခွက် ၊ နောက်ဘရိတ်မီးခွက် အားလုံး အက်ရာတွေ အပြည့် ။ နောက်ပြီး ဝယ်ကတဲက အခုချိန်ထိ ရေတစ်ခါမှ ဆေးသည့်ပုံလည်း မပေါ် ။ ဆိုင်ကယ် က သော့တန်းလန်း နှင့် ရပ်ထားသည်မို ့စက်သွားနှိုးကြည့်တော့ ၊ စတပ် မရ ၊ ဘက်ထရီ က ဒေါင်းနေပုံ ရသည် ။ ကစ်စတပ်တံဖြင့် နင်းနှိုးရသည် ။ ၁ဝချက်ကျော်ခန် ့နှိုးပြီးမှ ဆိုင်ကယ်က တစ်ဖွတ်ဖွတ် နှင့် နိုးလာသည် ။ ဆိုင်ကယ်ထဲ ထည့်သုံးသည့် ဓါတ်ဆီကလဲ သန် ့ပုံမပေါ် ။

ကိုသံချောင်း က သူ ့တူ မောင်ရေခဲ ၏ ဆိုင်ကယ် စုတ်ပုံ စကားဆက်လာသည် ။

“ တရုတ်ဘီးတွေများ ချူချာပြီ ဆိုရင် ထည့်မနိုင်ဘူးဗျာ ၊ ကိုပေ တို ့များ ကံကောင်းတာ ၊ ဆိုင်ကယ်ပြင်ရတယ် ကို မကြားရဘူး ” ( ထည့် ဆိုသည်မှာ ၊ ဆိုင်ကယ်ပြင်ရသည့် ပိုက်ဆံကုန်ခြင်း ကို ဆိုလိုပါသည် )

ကျွန်ုပ်လည်း ကိုသံချောင်းစကားကို မပြန်ဖြစ်ဘဲ  ၊ မောင်ရေခဲ ကို အင်တာဗျူးလိုက်သည် ။

“ ရေခဲ … ညီလေး က ဘာအလုပ် လုပ်တာလဲ ”

“ ကျုပ်က သတင်းထောက်ပေါ့ဗျာ ၊ နယ်သတင်းထောက်ပါ ၊ ဒီက သတင်းထူးတို ့၊ တစ်ခုခု ထူးထူးဆန်းဆန်းဆိုရင် ကင်မရာ ကိုင်ပြီး သတင်းပြေးယူရတာပေါ့ ”

“ ဒါဆို မောင်ရင် က တစ်နေကုန်လိုလို အွန်ဒီရုတ် ( on the road ) ပေါ့ ၊ ဒါနဲ ့မောင်ရင့် ဆိုင်ကယ် က ဝယ်ထားတာ ကြာပြီလား ”

“ ဆိုင်ကယ် က ဝယ်ထားတာ မကြာသေးဘူးဗျ ၊ တစ်နှစ်ကျော်ကျော်လေးဘဲ ရှိသေးတယ် ၊ မနှစ်ကမှ အိမ်က နှစ်လုံးထီပေါက်လို ့ဆိုပြီး ဝယ်ပေးထားတာ ၊ ကျုပ် လခ နဲ ့ဆိုရင် အကြာကြီး စုဝယ်ရမှာဗျ ”

“ ဪ..ဒါနဲ ့ဆိုင်ကယ် စဝယ်တုန်းက အသစ်ကို ပါကင်ဖောက်ထားတာလား ၊ သူများဆီကနေ ပြန်ဝယ်တာလား ”

“ ပါကင်ဖောက်ထားတဲ့ ဘီးဗျ ၊ ဝယ်တုန်းက ၈ သိန်းနီးပါး ပေးရတယ် ၊ လိုင်စင်ကော အားလုံး အပြီးအစီးပေါ့ ”

“ ဒါနဲ  ့ ၊ ငါ့ညီ ဆိုင်ကယ် ကို ကြည့်ရတာ မှောက်/လဲ ဖူးတယ် ထင်တယ်နော် ၊ ဒဏ်ရာတွေချည်းဘဲ ”

“ ဟုတ်ပ အကိုရေ ၊ တစ်ခါတစ်လေ ဘော်ဒါတွေ က ငှားစီးပြီး လဲလာခဲ့တာတို ့၊ ကျုပ်ကိုယ်တိုင်လဲ တစ်ခါတစ်လေ မူးရင် လဲသေးတာကိုး ဟီးဟီး ”

“ ဒါနဲ ့၊ မောင်ရင် ့ဆိုင်ကယ် ကို ဘာအင်ဂျင်ဝိုင် အမျိုးအစား သုံးတာလဲ ၊ ဓါတ်ဆီကကော ဘယ်ကနေ ဝယ်ထည့်တာလဲ ”

“ ဟာ..ကိုပေ ပြောမှ သတိရတယ် ၊ ဆိုင်ကယ် အင်ဂျင်ဝိုင် မလဲဖြစ်တာ သုံးလကျော်ပြီ မှတ်တာဘဲ ၊ ဆီကတော့ အကိုရယ် ၊ ကျုပ်မလဲ တစ်နေကုန် ပြေးနေရတဲ့ကောင် ဆိုတော့ ၊ ဆိုင်မှာ  တကူးတက သွားမတန်းနိုင်တော့လို ့၊ အပြင် လမ်းဘေးမှာ ထိုင်ခုံလေးတွေ ဘူးလေးတွေ နဲ ့ချရောင်းတဲ့ ဆိုင်လေးတွေက တစ်ခါထည့် တစ်ထောင်ဖိုး တစ်ဘူး ထည့်တာဘဲ ၊ အဲဒါ ဘာမှ မဖြစ်ဘူး မလား ”

“ အင်ဂျင်ဝိုင်မလဲတာ သုံးလကျော်ပြီ ဟုတ်လား ”

“ တိတိကျကျ ပြောရရင် ၊ သင်္ကြန်မတိုင်ခင်က တစ်ခါလဲတာ နောက်ဆုံးဘဲ ဗျ ”

ကျွန်ုပ် လည်း သူ ့ဆိုင်ကယ် စုတ်ရခြင်း အကြောင်းကို ရေးရေးကလေး ဖော်ထုတ်နိုင်ချေပြီ ။ သို ့ပေသည့် သူ ့ဖြစ်ပုံ ကို စုံအောင်တော့ ဆက်မေးရသည် ။

“ စောန က သော့ဖွင့်ပြီး စက်နှိုးမယ် လုပ်တော့ ၊ ဖရီးမီးလဲ မလင်းဘူး ၊ ဘက်ထရီ ဒေါင်းနေတာလား ”

“ ဟုတ်ဘူးဗျ ၊ ဘက်ထရီအိုးကို မပါတာ ၊ အဲ့သင်္ကြန်မတိုင်ခင်တုန်းကဘဲ ၊ ဘက်ထရီအိုး လစ်သွားတာ ၊ အသစ်ဝယ်ထည့်ဖို ့အာကေ မလောက်တာနဲ ့၊ ဒီအတိုင်းပေစီးနေတာ ”

“ ကောင်းကွာ ၊ မင်း မို ့လို စီးလဲ စီးတတ်ပ ၊ ငါတို ့ဖြင့် ဆိုင်ကယ်ကို ဒီလောက် အဖြစ်ဆိုးအောင် မစီးတတ်ပါဘူးကွာ ”

“ ဪ..အကိုတို ့လို မဟုတ်ဘူးလေ ၊ ကျုပ်မှာက ဟိုပြေးဒီပြေးနဲ ့၊ တစ်လ ကို လခ သောင်းဂဏန်းလေး ရဖို ့ရုန်းကန်ရတာကိုးဗျ ၊ အခု ဝေါ့ရှော ့က ပြောလိုက်တာ ၊ ဆိုင်ကယ် အင်ဂျင် က ကိုင်ရတော့မယ် တဲ့ ၊ စိတ်ညစ်လိုက်တာဗျာ ၊ ကုန်ပေါက်ဘဲ ” ( အင်ဂျင်ကိုင် = အင်ဂျင် စလစ်ဘိုးရိမ်း ပြန်ခုတ် ၊ ပစ်စတင် လဲ ခြင်း ၊ ဘားများ ပြန်သခြင်း စုံစီနဖာစုပြီး ကိုင်သည်ဟု ခေါ်ကြသည် ။ )

“ ဟုတ်သေးဘူးလေ ၊ ငါ့ညီကလဲ ၊ လခ ဘယ်လောက်ရရပါကွာ ၊ ကိုယ်စီးတဲ့ ဆိုင်ကယ်လေးတော့ တစ်လတစ်ခါ အင်ဂျင်ဝိုင်လေး ပုံမှန်လဲ ၊ တစ်ခြား လိုအပ်တဲ့ ပြင်စရာလေးတွေ နဲနဲချင်း စီကို အင်ဂျင်ဝိုင်လဲရင်းနဲ ့ ပြင်ရင် ၊ အခုအခြေအနေအထိ မဆိုးနိုင်ဘူးလေကွာ ၊ နဲနဲလေး ရိုသေရင်ကိုး ဖြစ်ပါတယ်ကွ ၊ လာ..အကိုပြမယ် ”

ကျွန်ုပ်လည်း ၊ ဆိုင်ကယ်ဂွထုပ် နှင့် ကျွန်ုပ် ဝယ်ထားသော အင်ဂျင်ဝိုင် လက်ကျန် တစ်လီတာ ဘူး ကို အိမ်ပြန်ယူအပြီး ၊ မောင်ရေခဲ ဆိုင်ကယ် ကို အင်ဂျင်ဝိုင် ဖောက်ချ လိုက်သည် ။ ထင်သည့်အတိုင်းပင် ၊ အင်ဂျင်ဝိုင် ဖောက်ချ လိုက်တော့ ၊ အင်ဂျင်ဝိုင်ကား ရေနီးပါးကျဲတောက်နေကာ ၊ ဖန်ခွက် နှစ်ခွက်စာလောက် ဘဲ ကျလာသည် ။ အင်ဂျင်ဝိုင် မလဲ ဘဲ ၊ ပေကပ်စီးတာ ကြာပြီဆိုတော့ ၊ ထည့်ထားတဲ့ အင်ဂျင်ဝိုင်တောင် ခန်းနေချေပြီ ။

ဆိုင်ကယ်ထဲမှ အင်ဂျင်ဝိုင် အဟောင်းတွေ ကုန်သလောက် ထားပြီး ၊ အင်ဂျင်ဝိုင်ပေါက် နတ်ကို ပြန်ကြပ် ၊ ပြီး ဓါတ်ဆီ အနည်းငယ် အင်ဂျင်ထဲ လောင်းထည့် လိုက်သည် ။ မောင်ရေခဲ တို ့တူဝရီး မျက်လုံးပြူးကုန်ကြသည် ။

“ ကိုပေ…အဲဒီလို အင်ဂျင်ထဲ ဓါတ်ဆီ ထည့်လောင်းတော့ ၊ လောင်မကုန်ဘူးလား ”

ကျွန်ုပ်လည်း ဘာမှပြန်မဖြေဘဲ ၊ စောင့်ကြည့် ဟူ မျက်နှာပေးမျိုးဖြင့် ပြလိုက်သည် ။ အင်ဂျင်ထဲ ဓါတ်ဆီ လောင်းထည့်အပြီး ၊ ၅ မိနစ်ခန် ့စက်နှိုးထားလိုက်သည် ။ ပြီးမှ စက်ပိတ်ပြီး ၊ အင်ဂျင်ဝိုင်ပေါက်ကို ပြန်ဖောက်လိုက်တော့ ၊ မဲညစ်နေသော ဓါတ်ဆီများ ကျလာသည် ။ တူဝရီး နှစ်ယောက်လုံး ပါးစပ်အဟောင်းသားဖြင့် ကျွန်ုပ် လုပ်နေသည်များကို ထိုင်ကြည့်နေကြသည် ။ အင်ဂျင်ဝိုင်အသစ်ကို ဖောက်ထည့်လိုက်ပြီး ၊ တစ်ခု စဉ်းစားမိကာ ၊ မောင်ရေခဲကို ခေါ်ပြီး ကားဆိုင်ကယ် အင်ဂျင်များထဲ ထည့်သုံးသော အားဖြည့်အထောက်အကူပြု oil တစ်မျိုး ပြေးဝယ်ခိုင်းလိုက်သည် ။

မောင်ရေခဲ ထွက်သွားတော့ မှ ၊ ကိုသံချောင်း က စကားစလာသည် ။

“ ဘယ်နှယ့်လဲ ၊ ကျုပ်တူ ဆိုင်ကယ် ကြည့်ပြီး စိတ်ပျက်သွားပြီမလား ”

“ အေးဗျာ ၊ ဆိုင်ကယ်က အသစ်ကို ဝယ်စီးတယ်ဆိုပေမယ့် ၊ ခင်ဗျား ကြားတဲ့အတိုင်း ၊ မဆင်မခြင် မညှာမတာ ဇွတ်အကြမ်းပတမ်း စီးမှတော့ ၊ တရုတ်ဆိုင်ကယ်မှ မဟုတ်ဘူး ၊ ကမ္ဘာ ့နံပါတ်တစ် အမေရိကန်ထုတ် ဆိုင်ကယ် စီးရင်တောင် ဒီလို ဖြစ်မှာဘဲလေ ”

“ ကျုပ်တူက လူကောင်ကသာကြီးတာ ၊ အသက်က ငယ်သေးတယ်လေ ၊ သူတို ့စိတ်ထဲမှာ ၊ ဆိုင်ကယ် စီးရရင် ပြီးရော ၊ ပျော်နေကြတာကိုး ၊ ဆိုင်ကယ်ကို ပြန်ကြည့်ဖို ့မစဉ်းစားကြဘူးလေ  ”

“ အရမ်းကြီး ယုယ နေစရာလဲ မလိုပါဘူး ကိုသံချောင်းရာ ၊ တစ်လတစ်ခါ လောက် ရေလေးဘာလေးဆေး ၊ အင်ဂျင်ဝိုင်လေးတော့ ပုံမှန်လေး လဲပေးရမှာပေါ့ ၊ ဒီဆိုင်ကယ်တွေ အသက်က အင်ဂျင်ဝိုင်ဘဲဟာ ၊ အခု ကျုပ် အင်ဂျင်ဝိုင်ဖောက်လိုက်တော့ တွေ ့တယ်မလား ၊ ကျန်တောင် မကျန်ချင်တော့ဘူး ။ ကံကောင်းလို ့၊ ကျုပ် အခု မလဲပေးရင် ၊ ခင်ဗျား ကောင် နားခါးတော့မယ် ”

“ အေးဗျာ ၊ ဒီကောင် ကံကောင်းတာ ၊ ကျုပ်ဆီအလာ ကိုပေ နဲ ့တွေ ့ပေလို ့ဘဲ ၊ ကျေးဇူးတင်ပါတယ် ဗျာ ။ ညမှ ဘီယာ လိုက်တိုက်တော့မယ် ”

“ ဟာဗျာ ၊ အချင်းချင်းတွေဘဲ ၊ ရပါတယ် ၊ အမြည်းကော ပါရမယ်နော်…ဟားဟား ”

ကျွန်ုပ်တို ့စကားကောင်းနေစဉ် ၊ မောင်ရေခဲ  ပြန်လာသည် ။ ကျွန်ုပ်ဝယ်ခိုင်းလိုက်သည့် အင်ဂျင်အားဖြည့်အထောက်အကူပြု oil ပါလာသဖြင့် ၊ သူ ့ဆိုင်ကယ် အင်ဂျင်ထဲ တစ်ခါထဲ လောင်းထည့်ပြီး ၊ စက်နှိုးကြည့်လိုက်သည် ။ ကစ်စတပ်ဖြင့် ပါဘဲ ။ ဒီတစ်ခါတော့ တစ်ခေါက်ထဲ နှင့် တန်းနိုးသည် ။ မောင်ရေခဲ ကိုယ်တိုင် သဘောကျသွားသည် ။

“ ဟ..ကိုပေ လှုပ်ရှားလိုက်တော့လဲ ၊ ဆိုင်ကယ်က တစ်ခါထဲ တန်းကောင်းသွားတာပါလား ၊ ကျေးဇူးတင်ပါတယ်ဗျာ ”

“ နေဦး ၊ ကျေးဇူးတင်မနေနဲ ့ဦး ၊ အခုဟာ က တစ်လ လောက်ဘဲ ခံမှာ ၊ မင်းဆိုင်ကယ် က ဝေါ့ရှော ့ပြောလိုက်သလိုဘဲ  အင်ဂျင် ကိုင်ရတော့မှာကွ ၊ အခု တစ်လတော့ မင်း အေးဆေး စီးလိုက်ဦးပေါ့ ၊ ငွေပါစုကွာ ၊ နောက်လ ကျရင်တော့ သွားပြင်လိုက်တော့ ၊ အေး..ဓါတ်ဆီထည့်မယ် ဆိုရင်လည်း တွေ ့ကရာ လမ်းဘေး ဆိုင်လေးတွေ က ဝင်မထည့်နဲ ့၊ ဆီသန် ့ဖို ့အာမခံချက် မရှိဘူး ၊ အခု ဓါတ်ဆီဆိုင်ကြီးတွေ ပလူကို ပျံနေတာဘဲကွာ ၊ ၃ရက် ၁ ဂါလံတော့ လောက်မှာပါ ၊ ဆီဝယ်ရင် အဲ့ဆိုင်ကြီးတွေ မှာ တစ်ခါထဲ အပြည့်ဝယ်ထည့်စီး ၊ ဘက်ထရီ အိုးလေးပါ ဝယ်ထည့်လိုက်ပါကွာ ၊ ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ ၊ အကိုပြောသလို အားလုံး လုပ်လိုက်ပါမယ် ၊ ဒါနဲ ့အကို ့အင်ဂျင်ဝိုင် အသစ်အတွက် ဘယ်လောက်ပေးရမလဲ ”

“ ပေးစရာမလိုပါဘူး ကွာ ၊ မင်းဦးလေး ကိုသံချောင်းဆိုတာ ငါ့ဘော်ဒါ ပါ ၊ နောက်ကိုတော့ ငါပြောသလိုလေး စမ်းကြည့်ပေါ့ ၊ ခဏခဏ မပျက်တော့ဘူးပေါ့ ”

“ ဟုတ်ကဲ့ ၊ ဒါဆို ကျုပ် လစ်တော့မယ်နော် ၊ လိမ့်ပြီဗျို  ့ဦးလေးရေ ၊ နောက်မှ လာတော့မယ် ”

သို ့ဖြင့် ၊ ကျွန်ုပ်လည်း ကိုသံချောင်းကို နှုတ်ဆက်ရင်း ၊ အလုပ်သွားဖို ့ပြင်ရန် အိမ်ထဲ ပြန်ဝင်ခဲ့တော့သည် ။ ဂေဇက်မှာ ရေးစရာ တစ်ပုဒ်တော့ ရခဲ့ချေပြီကိုး ။

——————- အားလုံးကို ကျေးဇူးတင်ပါသည် ——————-

 

 

 

 

27 comments

  • ပေါက်ဖော်

    November 12, 2011 at 9:47 pm

    ကပေကွ..
    လူသာပေတာ..
    ဆိုင်ကယ်တော့.. မပေအောင် စီးတယ်..
    ဟွင့်.ဟွင့်..
    😆

    ဝုတ်ဒယ်..ကပေရေ….
    စက်ပစ္စည်းပေမင့်..အတန်သင့် ဂရုစိုက်ရတာကလား..

  • ကြောင်လတ်

    November 12, 2011 at 10:00 pm

    ကြောင်လတ်ယိုးဒယားဘိန်းလေးသနားလိုက်ပါဘိ၊ ၁၂၅ ဒရင်း ၂၀၀၆ ၁လပိုင်းမော်ဒယ် အခုအင်ဂျင်ကျသွားပြီ၊တော်တော်ပေတဲ့ငါပါလား။

  • TTNU

    November 12, 2011 at 11:51 pm

    ကိုထောလခါရေ
    တီချာ့ဆိုင်ကယ် (၁၇)နှစ်ရှိပြီ။ ၁၉၉၄ တုန်းကစ စီးတာလေ။
    သူ့ခမျာ အမှုတော်ထမ်းခဲ့ရရှာကြာပေါ့။ ခုထိ စီးကောင်းနေဆဲ။
    တီချာကလည်း အခုခေတ် မောင်ရင်တို့ စီးကြတဲ့ ၁၂၅ ပါဝါတွေ
    မစီးရဲဘူးတော့။ Super Cup 90 လေးဆိုတော့ အရှိန်ထိန်းနိုင်တယ်ပေါ့လေ။
    မောင်ရင်ပြောသလို အင်ဂျင်ဝိုင်ဘာညာ အမြဲစစ်ဆေး ပြီး စီးသကွဲ့။
    အခုတော့ တို့ရွှေမန်း ဆိုင်ကယ်တွေ အစီးကြမ်းကြသမို့ ဝေါခနဲ ဝေါခနဲတွေ
    ကြောက်ပြီး လူရော ဆိုင်ကယ်ရော ပင်စင်ယူသွားကြရှာပါပြီကွာ။

    • windtalker

      November 13, 2011 at 10:49 am

      တီချယ်ဘောစိ က တော့ လုပ်ဘီ
      တီချယ် က ဆိုင်ကယ် မစီးပါဘူး ။ ကားအကောင်းစားဘဲ စီးတဲ့ဟာ
      မသိတာ ကြလို ့ ၊ တီချယ် ငယ်စဉ်ကတော့ ဆိုင်ကယ်စီးမှာပါ ။
      ဟီးဟီး

  • kai

    November 13, 2011 at 6:26 am

    အင်း..
    အင်ဂျင်ဝိုင်ကို ပုံမှန်မလဲပဲ.. စီးတဲ့သူတွေကို ပြောချင်မိပါရဲ့..။
    ၃ရက်ရှုရှုးမပေါက်ပဲနေကြည့်ပါလားလို့..။
    သဘောတူတူပါပဲ..။

    ဆိုတော့..
    အင်ဂျင်ဝိုင်ဆိုတာက.. အင်ဂျင်ထဲက သံထည်တွေအချင်းချင်းပွတ်တိုက်တာကို.. အဆင်ပြေချောမွေ့အောင် ကြားခံပေးတဲ့ အရည်ပါ..။
    ဘယ်လိုကြားခံခံ.. အချိန်တခုရောက်ရင်.. ပွန်းပဲ့တဲ့ သတ္တုစအမှုန်လေးတွေ စုမိပြီး.. ညစ်ထစ်လာပါတယ်..။
    အရည်ကလောင်ကျွမ်းပြီး ကာဗွန်အမှုန်တွေနဲ့..ညစ်ထစ်လာပါတယ်..။
    ဒါကို ဖေါက်ချ..လဲလှယ်တာမလုပ်ရင်.. အဲဒီသတ္တုစတွေက.. အထဲကလည်ပါတ်လှုပ်ရှားနေတဲ့သတ္တုအချင်းချင်းကြားမှာ ကော်ပတ်လို တိုက်စားမှုဖြစ်စေတော့တာပေါ့..။
    အဲဒါနဲ့..အင်ဂျင်ကျတယ် ဖြစ်တော့တာပဲ..။

    ပုံမှန်လဲပေးလိုက်ခြင်းအားဖြင့်.. သက်တမ်း ၂ဆမက ရှည်သွားနိုင်ပါတယ်နော..။
    (ရေသောက်ပြီး).. ကျောက်ကပ်က .. ဖစ်လ်တာလုပ် ဆေးကျောပေးထားတဲ့ အညစ်အကြေးတွေစုနေတဲ့..ရှုရှုးကို အပြင်ထုတ်ပါ..(သေးပေါက်ပါ) 😆

    • windtalker

      November 13, 2011 at 10:47 am

      မှန်လိုက်တဲ့ သဂျီးမင်း ခင်ဗျ
      သဂျီးရေ ၊ ဒီမှာကတော့ ဆိုင်ကယ်ဆိုရင် ၊ များသောအားဖြင့်က တက်ခွစီးမောင်းဖို ့ဘဲ
      အင်ဂျင်ဝိုင် လဲ ဖို ့တို ့၊ smoke fluid (တစ်ချို ့ဘီးများက 4 stoke ဆိုတော့) ထည့်ဖို ့တို ့ ၊ ရေတိုင်ကီ ရေထည့်ဖို ့တို ့ မစဉ်းစားကြဘူး ၊ ပျက်ပြီ ဆိုမှ ၊ မကောင်းဘူး ၊ အသုံးမခံဘူး တို ့အပြစ်ဖို ့ညည်းကြတာကလား ။

    • ကိုရင်စည်သူ

      November 13, 2011 at 11:06 am

      ကပေ့ရေ…
      ကြားလား..
      သဂျီးခိုင်က သေးမှန်မှန်
      ပေါက်ပါတဲ့…
      ဆိုင်ကယ်လည်း သေးမှန်မှန်
      ပေါက်ခိုင်း
      လူလည်းမှန်မှန်ပေါက်နော်..
      (မှန်မှန်မသောက်ရင် ပေါက်စီ (ဘီယာတခွက်ထဲအရက်တစ်ပတ်) သောက်ပီးပေါက်)
      ရွာထဲ ဝင်လာခါနီးလည်း
      သေးပေါက်ပီးမှလာကြပါ… 😀 😀 😀
      (မကြာခင် ထိုစည်းကမ်းချက် သဂျီးခိုင်မှ ထုတ်ပြန်မည်ဟု
      မြေအောက်သတင်းအရသိရှိရသည်)

  • zawmyothu

    November 13, 2011 at 10:09 am

    ကိုပေ အခုသုံးနေတဲ. အောက်တိန်း ဆီတွေသုံးရင်ရော ဘာဆိုးကျိုးတွေရှိလဲဗျ
    ကျွန်တော် အမြဲ အောက်တိန်းဆီ ပဲ ထည်.စီးတာမို.ပါ။

    • windtalker

      November 13, 2011 at 10:43 am

      အောက်တိန်း ဆီ ၊ အနီရောင်ပေါ့ဗျာ ။ အနံ ့ကလည်း သာမန်ဓါတ်ဆီနဲ ့မတူပါဘူး ။
      အခုနောက်ပိုင်း အောက်တိန်းက အင်တွေများလာပြီဗျ ၊ အရောအနှောတွေပေါ့ ။
      အောက်တိန်း နဲ ့ 90 ဆီကို တရုတ်က သွင်းလာတာလို ့သိရပါတယ် ။
      အရင်ကတော့ စင်ကာပူဆီဆိုပြီး ဝယ်ဖူးတယ် ။
      တောင်ကြီးဘက်မှာတော့ ယိုးဒယားဆီတဲ့ ၊ အပြာရောင်လေးတွေနဲ ့ဗျ ။
      ပုဂံ ၊ ညောင်ဦးဘက်မှာကျတော့ ဆီက လုံးဝ ကာလာမပါ ပလိန်းသက်သက်ဗျ ။
      အဲဒီဆီအားလုံး ဟာ ပေါက်ကွဲအားကောင်းပြီး ၊ ထည့်စီးမယ် ဆိုရင် သာမန်ရိုးရိုးဓါတ်ဆီထည့်စီးရတာထက် အင်ဂျင်က ပိုပြေးသလို ခံစားရပါတယ် ။
      အောက်တိန်းကတော့ ဆီပိုစားတယ် လို ့သိရပါတယ် ။
      လွယ်ကူမယ် ဆိုရင်တော့ ၊ စိတ်ချရတဲ့ ဆီဆိုင်တစ်ခုခုမှ 90ဆီပဲ အမြဲတမ်း ထည့်စီးစေချင်ပါတယ် ။ 90 ကို ရိုးရိုးဆီနဲ ့1ဆစီရောသုံးလဲ ရပါတယ် ။
      90 ချည်းဘဲ ထည့်သုံးရင်တော့ ပိုကောင်းတာပေါ့ဗျာ ။

      • “ဘီလူးကြီး”ogre

        November 14, 2011 at 6:09 pm

        ကိုပေ
        အနော်လဲ ဆိုင်ကယ်ဝယ်ပြီး
        ရန်ကုန်မှာခိုးဝှက်စီးနေတယ်
        အင်ဂျင်ဝိုင် လဲရသေးဘူး ကိုပေ ရန်ကုန်လာမှပြတော့တယ်
        အဂျင်္င်ထဲ ဓါတ်ဆီထည့်ပြီး စက်နိုးတာအဆင်ပြေပါ့မလားဗျ
        ကျုပ်လုပ်ကြည်လို့ ပျက်ရင်တော့ ..ဟင်း..ဟင်း…“ကိုပေ” လျှော်ဘို့ ပြင်ထား…. 😛

  • မှော်ဆရာ

    November 13, 2011 at 10:22 am

    အင်ဂျင်ဝိုင်အစား ဓါတ်ဆီထည့်မောင်းတာ စိတ်ဝင်စားတယ်ဗျာ ..
    ဘာလုပ်တာတုန်း ..
    အင်ဂျင် ဆေးတာလား
    ဘယ်လိုအကျိုးကျေးဇူးရလဲဟင် …သေချာရှင်းပြပါလား …
    နောက်တော့ မနောက်နဲ့နော် ..
    မရှိမယ့် ရှိမယ့် ဆိုင်ကယ်လေး ထပေါက်မှာစိုးလို့ ….

    • windtalker

      November 13, 2011 at 10:37 am

      ကိုမှော်ရေ
      အင်ဂျင်ဝိုင်အစား ဓါတ်ဆီထည့်မောင်းတာ မဟုတ်ရပါဘူး ခင်ဗျာ
      အင်ဂျင်ဝိုင်အဟောင်းကို ဖောက်ချလိုက်ပြီး ၊ အသစ်မထည့်ခင်
      အင်ဂျင်ထဲကို ဓါတ်ဆီ တစ်ကွာတ လောက် ထည့်ပြီး ၊ အင်ဂျင်ဝိုင် အဟောင်း လက်ကျန်များကို ကျင်းလိုက်တဲ့သဘောပါ ။ ပြီးတော့မှ အဲဒီ ဓါတ်ဆီကို အကုန်ပြန်ဖောက်ထုတ် ပြီးမှ အင်ဂျင်ဝိုင် အသစ်ထည့်စီးတာပါ ။
      ယခုအခါ အချို ့သော အင်ဂျင်ဝိုင် ကုမ်ပဏီများမှာ ၊ အင်ဂျင်ဂျီး(ချေး) ဆေးစက်များ နဲ ့အင်ဂျင်ဆေးသော ဆေးရည်များဖြင့် ၊ ကား၊ဆိုင်ကယ်များကို ဆေးပေးနေပါပြီ ။

      • inz@ghi

        November 13, 2011 at 10:52 am

        ဒီလူကြီးက ဒီလိုင်းကိုး
        ဆြာကျချက် …..

        တားတားလည်း ဆိုင်ကယ်လေးတော့ ခွချင်သား…
        ဘတ်ထ် …. ကားက တိုက်ရင် ကားဘော်ဒီနဲ့တိုက်တာ..
        ဆိုင်ကယ်က တိုက်ရင် ကိုယ့်ဘော်ဒီနဲ့တိုက်ရမှာ ဆိုတဲ့အဆိုအမိန့်ကြောင့်
        သည်ကနေ့ထိ တားတား ဆိုင်ကယ်မခွ ဖြစ်သေးပါခညား…

  • Moe Z

    November 13, 2011 at 11:00 am

    ကိုပေရေ မိုးစက်လည်းဆိုင်ကယ်ကြိုက်တယ်
    မန္တလေးရောက်တိုင်းစီးနေကြ 😀 သူများနောက်က
    အခုကိုယ်တိုင်စီးတတ်တော့လည်း မန္တလေးမြို့ထဲမစီးရဲဘူး
    စက်ဘီးတွေက စည်းမဲ့ကမ်းမဲ့ လမ်းလည်ခေါင်တက်စီးနေကြတာ

    • ပေါက်ဖော်

      November 13, 2011 at 1:11 pm

      မစီးနဲ ့..မစီးနဲ ့..
      မန်းလေးက ရန်ကုန်းလို မဟုတ်ဘူး..မိုလေးရဲ့..
      တအားရှုတ်တာ…….

      စိတ်မချလိုက်တာနော်..စိတ်မချလိုက်တာ..
      ဟွင်း..ဟွင်း..ဟွင်း..
      😆

    • ကြောင်ကြီး

      November 13, 2011 at 2:28 pm

      မိုးစက်လေး စီးချင်ရင် ကိုကြောင်ကြီး ရှိတယ်။ ကြောင်ဆိုပေမဲ့ လိုအပ်ရင် ဘွတ်အဲ……… 😐

      • ကိုရင်စည်သူ

        November 13, 2011 at 2:39 pm

        ဟာ… ဟာ… မိုးနေး… မယုံနဲ့..မိုး… မယုံနဲ့..
        ကိုရင်ဆိုပေမဲ့.. မိုးလေးအတွက်ဆို..
        လိုအပ်ရင် ကိုရင့်ကျောပြင်ကို ဝေါယာဉ်လို….. 😳 😳 😳

  • koaung

    November 13, 2011 at 2:55 pm

    အင်ဂျင်ဝိုင်ကို တလတခါလဲတဲ့လူရှိသလို ကီလိုတစ်ထောင် ပြည့်အောင်မောင်းပြီတိုင်း လဲတဲ့လူလဲရှိပါတယ် အဓိကကတော့ ဂရုတစိုက်ရှိဖို့ပဲ ကားဆိုရင်တော့ကီလိုငါးထောင် မောင်းပြီးရင်အကုန်လုံး ပြန်စစ်သင့်တယ် စေဖတီး ဖတ် ပေါ့

  • manawphyulay

    November 13, 2011 at 3:55 pm

    နည်းလမ်းလေးကတော့ မဆိုးပါဘူးကိုပေရယ်။ ဆိုင်ကယ်ကတော့ ရန်ကုန်မှစီးလို့မှမရတာနော်။ မန်းလေး လာလည်ရင်ဆိုင်ကယ်စီးသင်ပေးရမယ်

    • ကိုရင်စည်သူ

      November 13, 2011 at 7:21 pm

      ဟာာ.. ဟာ.. မနောလေး.. အဲ့လူကြီးမောင်ပေကို
      သွားမသင်ခိုင်းနဲ့.. အဟင်း.. စိတ်မချဘူးနော့…. 🙁 🙁 🙁
      ရန်ကုန်မှာလည်း ဆိုင်ကယ်စီးလို့ ရတဲ့နေရာတွေရှိပါတယ်.. မနောလေးရယ်
      မင်္ဂလာဒုံ၊ ရွှေပြည်သာဘက်မှာလည်း ရပါတယ်ကွဲ့…
      ကိုရင့် ဂိုဒေါင်ထဲမှာ မောင်ဂျစ်နဲ့ လာသင်ပေးမလို့…
      ရှောင်ပစ်လို့တော့ မသွားရဘူးနော့…. 😳 😳

  • char too lan

    November 13, 2011 at 4:05 pm

    သဂျီးမင်းဥမပါ.. အဲ မှားလို့ …. ဥပမာပေးမှပဲ ရှင်းတော့တယ်
    မိုးစက်အောက်ကအင်ဂျင်သုံးလုံးကကော….. ဘာမော်ဒယ် ပါဝါဘယ်လောက်လဲ
    အိတ်ဇောတွေ ဘာတွေကော ကောင်းရဲ့လား ………………. ???? 😀

  • blackchaw

    November 14, 2011 at 12:04 pm

    ကိုပေ။
    2 T ဆိုတာ ထည့်ရသေးတယ် ထင်တယ်။
    2 T က ဘာလဲဗျ။

    • windtalker

      November 14, 2011 at 6:32 pm

      2 T ဆိုတာ smoke fluid ပါ ကိုဘလက်
      2 stoke အင်ဂျင် နဲ ့၊ 4 stoke အင်ဂျင်ဆိုပြီး ရှိရာမှာ
      2 stoke အင်ဂျင် အမျိုးအစားဆိုင်ကယ်တွေ ( yamaha DT125R , yamaha 82 domestic , 83 domestic , suzuki crystal , kawasaki leo အစရှိသဖြင့် ) ဆိုရင် အင်ဂျင်ဝိုင် တင်မက ၊ smoke fluid ထည့်မောင်းကြရပါတယ် ။ smoke fluid ကို ဘယ်သူက စခဲ့သလဲ မသိပါဘူး 2T လို ့ခေါ်တာ ။
      ဟွန်ဒါ စူပါကပ် ၊ ဟွန်ဒါ ဒရင်း ၊ ဆူဇူကီးဗိုက်ပါ ၊ ယိုးဒယား wave ၊ တရုတ် စူပါကပ် ၊ တရုတ် ဒရင်း ၊ ရုပ်ဆိုး စတာများ ကတော့ 4 stoke အမျိုးအစားဖြစ်ပြီး အင်ဂျင်ဝိုင် တစ်မျိုးထဲဘဲ ထည့်ရပါတယ် ခင်ဗျား ။

  • NK

    November 14, 2011 at 3:00 pm

    မန်းသားများ သိတဲ့သူရှိရင် yamaha ကန်မနီက WR ဈေးနူန်းလေးပြောပြပေးပါ..ဝယ်ဖို့ရှိလို့ပါ..

    • windtalker

      November 14, 2011 at 6:35 pm

      yamaha show room မဖွင့်ခင် မြန်မာကိုင်ဒို ကုမ်ပဏီ က yamaha ဆိုင်ကယ်များကို တင်သွင်းရောင်းချခဲ့တာ ကြာပါပြီ ။ အဲဒီတုန်းက WR ဈေးက ၈၅-၉ဝ သိန်း ပါ ။ yamaha show room ဖွင့်မယ်လဲ လုပ်ရော ၁၀ဝ အထိ ခုန်တက်ပြီး ၊ ဖွင့်တဲ့ အချိန်မှာ ၁၁ဝ ပါ ။ ယခုတော့ မှာတဲ့လူ မရှိလို ့ဈေးပြန်ကျ တယ် လို ့သတင်းကြားပါတယ် ။
      ၁၀ဝ နဲ ့၁၀၅ သိန်း တစ်ခုခုပါဘဲ ။ ကုမ်ပဏီ ကို ဆက်သွယ်ရင် အတိအကျ သိရမှာပါ ။
      ကုမ်ပဏီ ဖုန်းနံပါတ်က 0224866 0224865 တို ့ဖြစ်ပါတယ်

  • etone

    November 14, 2011 at 4:53 pm

    ကုသိုလ်ကံများ ကွာပါ့နော် ။
    ရန်ကုန်မှာ ဆိုင်ကယ်မပြောနဲ့ စက်ဘီးတောင် ပေါ်ပေါ်ထင်ထင် မစီးရဲဘူး ကား မောင်းတွေကြမ်းလွန်းလို့ … ဆေးရုံနဲ့ ရဲစခန်း တစ်ခုခုရောက်ကိန်းမို့ … အိမ်က မစီးခိုင်းဘူးလေ … ။
    တစ်ခါတစ်လေ ညဘက် လေလေးတဖြူးဖြူးမှာ ဆိုင်ကယ်စီးရလျှင်ကောင်းမှာပဲ တွေးမိတယ် .. ဒါပေမယ့် ဆိုင်ကယ်မစီးတတ်သလို ၊ ဆိုင်ကယ်ပိမှာလည်း ကြောက်ပါဧ။် 😀

  • aye.kk

    November 14, 2011 at 6:49 pm

    ခေါင်းစီးလေးက
    ဖတ်ချင်စရာ..
    ဆိုင်ကယ်စီးသူ
    နည်းယူရမှာ ကျေးဇူးပါ…

Leave a Reply