ထူးခြား ဆန်းပြားသော ဇလွန် ဆရာတော်ဘုရားကြီး အတ္ထုပတိ္တ
ဇလွန်ဆရာတော်ဘုရားကြီးကိုရခိုင်ပြည် သံတွဲမြို့နယ် ခွေးတောက်ခုံကျေးရွာ၌ ၁၂၆၆
ခုနှစ် တော်သလင်းလဆန်း ၁ ရက် ၊ သောင်္ကြာနေ့တွင် မီးရှုးသန့်စင် ဖွားမြင်ပါသည် ။
အသက် ၁ရ အရွယ်တွင်ရှင်ရဟန်းပြုစိတ်ဖြစ်ပေါ်လာသဖြင့် ဂုံးစရစ် ကျေးရွာဆရာတော်
ထံ၌ ရှင်သာမဏေအဖြစ် ခံယူခဲ့ပါသည်။ ဘွဲ့အမည်မှာရှင်သုဇာတ ဖြစ်ပါသည်။
၁၂၈၆ ခှနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်နေ့တွင် ရဟန်းအဖြစ်ရောက်ရှိခဲ့ပါသည် ။
ထို့နောက် သရက်ပင်ကွင်းဆရာတော် အရှင်သီလဝံသမထေရ်သူမြတ်ထံပါး၌ လေးနှစ်
တိုင်တိုင် ပညာသင်ကြားခဲ့ပါသည်။ ပြီးလျှင် ရခိုင်ပြည်နယ် မာန်အောင်မြို့ ကမားဆရာ
တော် အရှင်အဂ္ဂမထေရ် ထံတွင် တစ်နှစ် ပညာသင်ကြားပြန်ပါသည်။
ပညာသင်ကြားရာမှ ပြန်လည်ကြွလာပြီးနောက် ဇလွန်ကျေးရွာတွင် ဝါးကျောင်းဖြင့်
ရှေ့ဦးစွာသာသနာပြုခဲ့ပါသည်။ ဇလွန်ကျောင်းတွင် (၆) နှစ် သီတင်းသုံးပြီးနောက်
ကျားအိုကျောင်းတွင် (၃) နှစ်သာသနာပြုပါ၏ ။ ထို့နောက် ဇလွန်ကျောင်းသို့ပြန်ကြွပြီး
(၄) နှစ် သာသနာပြုပြန်ပါသည်။ ထို့နောက် သံတွဲမြို့မှ အလွန်ဝေးလံသီခေါင်လှသော
အတူးကျေးရွာနှင့် သံဒီကျေးရွာတို့၌ (၃) နှစ် သာသနာပြုပြီး မှ ဇလွန်ကျောင်းတော်သို့
ပြန်လည်ကြွတော်မူခဲ့ပါသည်။ ထိုမှတစ်ဖန် သာယာကွင်းရွာတောင်ပေါ်ကျောင်းတော်
တွင် (၁၁) နှစ် သာသနာပြုတော်မူပြီးနောက် ဇလွန်ကျောင်းတော်သို့ ပြန်လည်ကြွတော်
မူ၍ သာသတနာပြုခဲ့ရာပျံလွန်တော်မူသည်အထိ ဖြစ်ပါသည်။
တရားအားထုတ်တော်မူပုံများမှာ သက်တော် (၃၃) နှစ်တွင် လူသူမနီးသောတောအရပ်၌
(၂) နှစ် တရားအားထုတ်ခဲ့ပါသည်။
ထို့နောက် သက်တော် (၅၁) နှစ် ဝါတော် (၃၁) ဝါတွင် ဒုတိယအကြိမ် ဇလွန်ကျေးရွာ
မြောက်ဖက်ရှိ စမ်းတောင်တွင် တောရကျောင်းဆောက်တည်ကာ တရားအားထုတ်ခဲ့
ပါသည်။
အာနာပါနကမ္မဋ္ဌာန်းကို ကြိုးစားပွားများအားထုတ်ခဲ့သည်ဟုသိရပါသည်။ ထို့အပြင်
ကေသာလောမာ စသောသုံးဆယ့်နှစ်ကောဋ္ဌာသတစပဉ္စ ကမ္မဋ္ဌာန်းကိုလည်း အမြဲ
တမ်းပွားများဆင်ခြင်နေကြောင်းသိရှိခဲ့ရပါသည်။
တောရကျောင်းတွင် (၄) နှစ်တာမျှှ တရားဘဝနာအားထတ်နေစဉ် ကျန်းမာရေး ချို့တဲ့
လာသဖြင့် ဇလွန်ကျောင်းသို့ ပြန်ကြွ၍ ဆေးကုသမှု ခံယူခဲ့ပါသသည်။
ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသော် မဒေးကျေးရွာအနီးတောထဲ၌ တောရကျောင်း
ဆောက်လုပ်ပြန်ကာ (၃) နှစ် တရားအားထုတ်ခဲ့ပြန်ပါသည်။
ဆရာတော်ကြီးသည် ကျောင်းသို့ ဆွမ်း၊ သစ်သီးများလာရောက်လှုတန်းသောအခါတိုင်း
ဣဒံမေပုညံအသဝက္ခယံဝဟံဟောတု
ဣဒံမေပုညံနိဗ္ဗာနဿ ပစ္စယောဟောတု ဟူ၍ လိုက်ဆိုဆုတောင်းစေပြီးရေစက်ချ
အမျှပေးဝေလေ့ရှိကြောင်းလည်းသိရပါသည်။
ဆရာတော်ကြီးအမြဲဆုံးမတော်မူသောစကားမှာ …
“ တပည့်တို့ ဂန္ဓာရီဝိဇ္ဇာနဲ့ အရိယာဝိဇ္ဇာ နှစ်မျိုးရှိတယ်ကွယ့် ၊
အရိယာဝိဇ္ဇာဆိုတာလောကုတ္တရာလမ်းစဉ်ကိုခေါ်တယ် ၊
နိဗ္ဗာန်ရောက်စေတဲ့ လောကုတ္တရာလမ်းစဉ်ဖြစ်တဲ့ အရိယာဝိဇ္ဇာလမ်းကိုလိုက်ကြကွယ့် ။
သာဝကလေးမျိုးရှိတာမှာပကတိသာဝကအနေနဲ့ နိဗ္ဗာန်ရအောင် ကြိုးစားကြပါ ”
ဟုတိုက်တွန်းလေ့ရှိကြောင်းလည်း ကြားသိရပါသည်။
ထိုစကားကိုထောက်ရှု၍ ဆေးဝါး မန ္တရား ၊ အင်းအိုင်လက်ဖွဲ့ စသည်တို့ဖြင့် ထွက်သော
ဂန္ဓရီဝိဇ္ဇာဘိုးတော်လမ်းစဉ်ကိုဆရာတော်ကြီးမှ အားမပေးကြောင်းသိရှိရပြန်ပါသည်။
ဝိပဿနာဘာဝနာကို အားထုတ်၍ နိဗ္ဗာန်သို့ ရောက်စေရန် အရိယာဝိဇ္ဇာကိုသာဦးစားပေး
သင့်ကြောင်း၊ ကျင့်ကြံအားထုတ်သင့်ကြောင်းပေါ်လွင်နေပါသည်။
၁၃၄၆ ခုနှစ် ၊ ဝါခေါင်လကွယ်နေ့တွင် ဆရာတော်ကြီးမိန့်ကြားသည်မှာ “ တပည့်ဒကာ
အပေါင်းတို့ ပူဇော်လှုဒါန်းတယ်ဆိုတာအသက်ထင်ရှားရှိတုန်းမှာပူဇော်လှုဒါန်းရတယ်ကွယ့်
သေပြီးမှ ကျွေးမွေးလှုဒါန်းချင်လို့တော့ မရဘူး၊ အပိုပဲ၊ ဒါကြောင့် ငါအသက်ထင်ရှားရှိစဉ်မှာ
ပူဇော်ကြ၊ လှုဒါန်းကြ၊ သီတင်းကျွတ်ရင် စိတ်မချရဘူးကွယ့် ” ဟုမိန့်ပါသည်။
ထို့နောက် ဆရာတော် မိန့်သည်မှာ“ ငါ့ ခန္ဓာကိုယ်ဟာမပုပ်ဖူးကွယ့်၊ မှန်ခေါင်းထဲမှာထည့်၊
ဂူလုပ်၊ ဂူမှာအာရုံခြောက်ပါးရည်ရွယ်ပြီးတံခါးခြောက်ပေါက် ဖောက်ထားပြီးဂူထဲမှာသွင်း
ထားလိုက်ပါ ”ဟူ၍ မိန့်လေသည်။
ထိုသို့ မိန့်ကြားပြီးနောက် (၂)လ အကြာ ၁၃၄၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၂) ရက်
နေ့ ညနေ (၂) နာရီ (၄၅) မိနစ်တွင် ပျံလွန်တော်မူခဲ့ပါသည်။
သို့သော် ဆရာတော်ကြီးစကားကို သတိမထားမိခဲ့ကြပါချေ၊ ပျံလွန်တော်မူ၍ (၁၉) ရက်
ရောက်မှ ရုပ်အလောင်းတော်မှာပုပ်ခြင်းမရှိသောကြောင့် မိန့်မှာခဲ့သောစကားအားပြန်လည်
သတိရမိကြပြီးမိန့်မှာစကားမှန်ကန်သည်ကိုလက်ခံနိုင်ခဲ့ကြပါကြောင်း ကြားသိရပါသည်။
ဆရာတော်ကြီး၏ အသားတော် အရေတော်မှာဝင်းဝါ၍ နေသည်ကိုဖူးတွေ့ရပါသည်။
အကြောများပေါ်လွင်ထင်ရှားနေပါပြီးဆံပင်နှင့် မွေးညှင်းတော်လေးများပင် အသက်ရှိသော
လူများကဲ့သို့ ပကတိတည်ရှိနေသည်ကို တွေ့ရှိရပါသည်။ ငယ်စဉ်ကရှိခဲ့သော ထိုးကွင်း
မှင်ကြောင် များပင် မပျောက်မပျက်တည်ရှိ၍ နေပါသည်။
နတ်တော်လဆန်း (၁၂) ရက်နေ့တွင် ကြာကလာပ် တင်ပွဲကျင်းပခဲ့ပါသည်။ ကြာကလာပ်
ကျောင်းတော်သို့ ပင့်ဆောင်ပြီး ပြာသိုလဆန်း (၂) ရက်နေ့ ည (၁၀) နာရီခန့်တွင် အရောင်
အဆင်းများဖြာထွက်၍ ဓါတ်တော်ကွန့်မြူးသည်ကိုဧည့်သည်တော်များအပါဝင် ဂေါပကလူကြီး
များမှ ဖူးမြင်ရကြောင်းသိရှိခဲ့ရပါသည်။
ထို့နောက် ဇလွန်ရွာမှ ရွာသားများ က အုန်းသီးပမာဏခန့်ရှိသော ဖြူဖွေးသည့် အရောင်နှင့်
တကွ မဖေါ်ပြတတ်သောအရောင်အဆင်းများ ဖြာဝေလျှက် ကောင်းကင်သို့ ထိုးထွက် တောက်
ပ နေသည်ကိုဖူးတွေ့ကြရကြောင်းသိရှိခဲ့ရပါသည်။ ဘာသာခြားဖြစ်သောသူများလည်း ၁၉၈၄
ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် နေ့ ညတွင်တွေ့မြင်ရသဖြင့် ဓါတ်တော်ကွန့်မြူးသည်မှာမှန်ကန်
ကြောင်းထောက်ခံပြောဆိုခဲ့ကြောင်းသိရှိခဲ့ရပါသည်။
ပျံလွန်တော် မူသည်မှစ၍ ယခုထိမပုပ် ၊ မပျော် ၊ မနံဘဲပကတိအတိုင်းတည်ရှိနေသည်ဖြစ်၍
အလွန်ပင် ထူးခြားလှသည်ဖြစ်ရာများစွာကြည့်ညိုဖွယ်ကောင်းလှပေသည်။ ဆေးဝါးများဖြင့် စီရင်
ထားခြင်းမရှိပါဘဲဆရာတော်ဘုရားကြီး၏ အသားတော်၊ အရေတော် ၊ အရိုးတော်၊ အူ၊ အသည်း၊
အဆုတ် စသည်တို့မှာလုံးဝမပျော် ၊ မနံဘဲရှိနေခဲ့ပါသည်။
ဆရာတော်ကြီး၏ ဂုဏ်သတင်းကို ကြားသိရသဖြင့် လေးစားကြည်ညို၍ လာရောက် ဖူးမြှော်သူ
အမြောက်အများရှိပါသည်။ မယုံကြည်၍ သံသယဖြင့် လေ့လာသူများလည်းရှိနေသည်ကိုတွေ့
ရှိရပါသည်။
တစ်နေ့တွင် ဝန်ထမ်းများအုပ်စုတစ်ဖွဲ့ လာရောက်ကြပြီးဆရာတော်ကြီး၏ ပုံတော်အားဓါတ်ပုံ
ရိုက်ကြပါသည်။ သို့သော် မီးမပွင့်ပါ ၊ ဓါတ်ခဲများကိုစစ်ဆေး၍ ပြန်ရိုုက်သော်လည်းမီးမပွင့်ချေ ။
ကျောင်းဆောင် အပြင်ထွက်၍ ရိုက်ကြည့်သော် မီးပွင့်၏ ။ မကျေနပ်၍ နောက်ထပ်ကြိုးစားရိုက်
သော်လည်းမရပါချေ ။
ဤ တွင် ကျောင်းဒါယကာကြီးဦးအုန်းမောင်မှ “ မောင်ရင်တို့ထဲမှာသောက်စားထားသူတွေ
ပါကောင်းပါမယ်၊ ပြီးတော့ ဆရာတော်ကြီးပေါ်မှာယုံကြည်မှုမရှိဘဲသံသယတွေ ဝင်နေတာ
ရယ် ၊ ပြောမှားဆိုမှားရှိတာတွေရယ် တွေကိုတောင်းပန် ရှိခိုးပြီးမှ ဓါတ်ပုံရိုက်ကြ ” ဟုပြော
ပါသည်။
ထိုအခါမှ ရှိခိုးတောင်းပန်၍ ဓါတ်ပုံရိုုက်သောအခါ မီးပွင့်ကာဓါတ်ပုံရိုက်၍ ရခဲ့ကြောင်းသိရှိခဲ့
ရပါသည်။ သို့သော် ဓါတ်ပုံကူးသောအခါ တစ်ပုံမှ မရရှိခဲ့ပါ၍ ထိုအဖွဲ့မှ လူများမှာ အံ့ဩ
တုန်လှုပ်ခဲ့ရကြောင်းပြောကြားသည်ကိုလည်းသိရှိမှတ်တမ်းတင်ရပါသည်။
ဆရာတော်ကြီး၏ ရုပ်ကလပ်တော် ရှိနေသည့် ဇလွန်ကျေးရွာသည် သံတွဲမြို့မှ (၁၀) မိုင်
ခန့်သာလျှင် အကွာအဝေးရှိပါသည်။
သံတွဲမြို့ ကိုအလည်တစ်ခေါက် ရောက်ခဲ့ပါလျှင် ဇလွန်ကျေးရွာရှိ ဆရာတော်ကြီးအားသွား
ရောက်ဖူးမျှော် သင့်သည်ဟုထင်ပါသည်။
ဆရာတော်ကြီး၏ အတ္ထုပတ္တိကိုလေ့လာခြင်းအားဖြင့် ထူးခြားလှပါသောဆရာတော်ကြီး
တစ်ပါး ဖြစ်ကြောင်းတွေ့ရှိ ကြည်ညိုရမည်ကားအမှန်ပင် ဖြစ်ပါတော့သည် ခင်ဗျား ။
———————————————————————————————–
ဆရာတော်ကြီးအားရိုသေလေးစားစွာ ဖြင့် ဤ ဆောင်းပါးနှင့် ပူဇော်ကန်တော့ ခြင်း ပြုလိုက်
ရပါကြောင်းအပြင် …
မောင်ကမ ္ဘာ (သာသနာရေး) ၏ ဆောင်းပါးအားမှီငြမ်းကိုးကားရေးသားထားပါကြောင်း ။ ။
10 comments
Gipsy
November 12, 2011 at 9:53 pm
ဆရာတော်ဘုရားကြီး၏ ပုံတော် ကို အဆင်မသင့်ပါသဖြင့် (connection) လိုင်း
မကောင်းပါ၍ တင်ပြပေးခြင်း မပြုနိုင်ဖြစ်သွားပါတယ်…။
သေချာသိလိုပါသော် ဖုံးဆက်ပြီးမေးမြန်းစုံစမ်းပါနိုင်ရန် ဖုံးနံပါတ်အား ဖေါ်ပြပေး
ပါမယ်…။
ဆရာတော် ဘုရားကြိီးရဲ့ အကြောင်းကို အပို ချဲ့ကားထားခြင်းမရှိဘဲ ရေးသား
ထားခြင်းဖြစ်ပါတယ်ခင်ဗျား…။
xman
November 13, 2011 at 12:16 am
ဖြစ်နိုင်ပါတယ်။ ယုံကြည်ပါတယ်။
ရုပ်နာမ်မှန်သမျှ သဗ္ဗေသင်္ခါရာ အနိစ္စာ ဆိုတဲ့ ဘုရားစကားအတိုင်း တချိန်မှာတော့ ဖေါက်ပြန်ပျက်စီးရမှာပဲ ဖြစ်ပေမယ့်၊ အဓိဌာန်ခြင်း သို့မဟုတ် အခြားထူးခြားသော အကြောင်းများကြောင့် နှစ်များစွာနဲ့ချီပြီးတော့တောင် မူလမပျက်တည်နိုင်တယ်လို့ ဆရာသမားများထံမှ ဆည်းပူးရဘူးပါတယ်။
တခုရှိတာကတော့- ဆရာတော်ဘုရားကြီး၏ အူ၊ အသည်း၊ အဆုတ် စသည်တို့မှာလုံးဝမပျော် ၊ မနံဘဲရှိတယ်ဆိုတာ ဘယ်လိုသိသလဲပဲနော်။ ဗိုက်များခွဲကြည့်ကြသလားမသိ။ ??
zay
November 13, 2011 at 6:24 am
ဟုတ်နိုုင်ပါတယ် ကျွန်တော်တို.ရွာမှာလဲ ဆရာတော်ကြီးပျံလွန်တော်မူပြီးကတည်းက ခုထိကျောက်ဖြစ်ပြီးမပုတ်သိုးတဲအပြင် သနပ်ခါးပန်းရနံ့သင်းနေပါတယ် ဆရာတော်ကြီးကျင့်စဉ်တော့နားမလည်ပါဘူး ကျောင်းကိုရောက်တိုင်းတော့တရားကျင့်နေတာအမြဲတွေ့ရပါတယ် ပျံလွန်တော်မူတော့ကျောင်းခေါင်မိုးပေါ်က ကြိုးကြာငှက်တစ်ကောင်ပျံသွားတာတော့တွေ့ရပါတယ် လေ့လါချင်ရင်တော့ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် သရက်ကုန်းရွာဖြစ်ပါတယ် နောက်ဆရာတော်ကြီးတစ်ပါး ကတော့ ကျောင်းကုန်းတစ်ဖတ်ကမ်းက ဒိုက်ဦးမှာပါ မပုတ်မသိုးဘဲ ခြေသည်း လက်သည်း ဆံပင် ရိတ်ပေးနေရပြီး ခြေ လက် အသားအရည်က အသက်ရှိ့အတိုင်း ပါပဲ
ဆူး
November 13, 2011 at 11:31 am
ထူးခြားရဲ့ ရဟန်းများပေါ့.. သက်ရှိထင်ရှား ရှိတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ပျံလွန်တော် မူပြီးချိန်မှာ ဖြစ်ဖြစ် သင်္ကန်းအစ ရှိတဲ့ သုံးခဲ့ဖူးတဲ့ ပစ္စည်း (ပိတ်စ) အဲဒါတွေကို နမ်းကြည့်လိုက်ရင် အနံ တမျိုးရှိတယ်။ မျှမျှလေး သင်းနေတယ်။
အမြဲရုံတဲ့ သင်္ကန်းမပြောနဲ့ လျှောက်လမ်းမှာ အဝတ်စ ခင်းထားတာကို လမ်းလျှောက်သွားပြီးတော့ ပြန်သိမ်းလိုက်တဲ့ အဝတ်စ မှာတောင် အနံလေး တခုရှိတယ်။ ခဏခဏ မယုံလို့ စမ်းဖူးတယ်။
နောက်ပြီး ဟင်္သာတ အလွန်က ရွာလေးတရွာ လိပ်ချောင်းလို့ခေါ်တယ် အဲဒီ ရွာမှာလည်း ဆရာတော် ဘွဲ့နာမည် မသိတော့ဘူး ပျံလွန်တော် မူတာ ဆူး တသက်မက တော့ဘူး ထင်တယ်။ အဲဒီ ဆရာတော် ဂူ ကို ကြည့်လိုက်ရင် ဆရာတော် ဘွဲ့နာမည် နဲ့ သက်တော် ကို မီးတန်းလိုမျိုး မျက်စိထဲမှာ ဖျက်ဖျက် ဖျက်ဖျက်နဲ့ ပေါ်တယ်။ လူလုပ်တဲ့ မီးတန်းမျိုး မဟုတ်ဘူး နေရောင်ကို မျက်စိနဲ့ ကြည့်လိုက်ပြီး မျက်စိပြာသွားလို့ မျက်စိထဲမှာ အလင်းတွေ ဟိုတကွက် ဒီတကွက် လျှောက်ပြေးတဲ့ ခံစားမှုမျိုး အဲလို ဖြစ်သလိုမျိုး ပျောက်လိုက် ပေါ်လိုက် နဲ့ သက်တော် နဲ့ ဘွဲ့ နာမည် ပေါ်တယ်။
ဆရာတော် တစ်ပါးကတော့ ပြောတယ် အဲဒီ ဆရာတော်ကြီးက မေတ္တာ ကမ္မဌာန်း အရမ်းလုပ်တော့ ပျံလွန်တော် မူသွားချိန်မှာလည်း နတ်တွေက ချစ်လို့ အဲလို လုပ်ပေးတာ ဖြစ်လိမ့်မယ်တဲ့.. ပြောတာပဲ
ရေးမယ်ဆိုရင်တော့ အများကြီးပါပဲ..
koaung
November 13, 2011 at 6:29 pm
မြန်မာပြည်ရဲ့ သဘာဝအလှအပတွေရော အခြားထူးခြားတဲ့အကြောင်းအရာတွေကိုပါ ဖေရိမ်နာတွေကစိတ်ဝင်စားတာတွေ့ရတယ် အထူးသဖြင့် ရဟန်းတာနဲ့ပုဂ်ဂိုထူးတွေအကြောင်းရောပေါ့ ဗုဒ်ဒဘာသာကိုတကဲ့လက်တွေဆည်းပူးချင်တဲ့ လူတွေလဲရှိကြပါတယ်
တကယ်သာတိုင်းပြည်အေးချမ်းပြီးအစစသာ ငြိမ်းချမ်းကြည့်ပါ ဖော်ရင်နာတွေကိုယ်တိုင်းပြည်ကိုယ်ပြန်ချင် တဲ့စိတ်တောင်ရှိမှာမဟုတ်ပါဘူး
မြန်မာပြည်မှာ တကယ်လူလေးစားဘို့ကောင်းတဲ့ အလှနဲ့သစ်စာတရားတွေရှိတယ်ဆိုတာ သိတဲ့လူတွေမနဲပါဘူး အချိန်ပေါ့ဗျာ အချိန်နဲ့အမျှ တန်ဘိုးရှိတဲ့တိုင်းပြည်ဟာ အချိန်နဲ့အမျှ စည်ပင်ဝပြောဘို့ကအဓိကကျတယ်ဆိုတာသတိထားကြပါလို့ သက်ဆိုင်သူများကို သတိပေးတိုက်တွန်းလိုက်ရပါတယ်ဗျား
kai
November 14, 2011 at 3:05 am
လွန်ခဲ့တဲ့ အနှစ် ၁၀၀ဝ လောက် အိနိ္ဒယတိုက်ငယ်ဟာ.. အခုထက်ပိုပြီး ဂမ္ဘီရတွေ ပေါတာပေါ့..။
အဲဒီလိုနဲ့.. လွန်ခဲ့တဲ့ အနှစ် ၇၀ဝလောက်ကစပြီး အစ္စလမ်သာသနာအောက် ကျသွားတာပါ.။
အင်မတန်ကျယ်ပြောဆွဲဆောင်တတ်တဲ့ ဟိန္ဒူဘာသာ ကျန်ရစ်ခဲ့ပေမဲ့.. ဗုဒ္ဓဘာသာကတော့.. (ဗုဒ္ဓပွင့်ရာ.. သာသနာစတည်ရာ.. ဒေသကြီးကနေ) အမြစ်ပြတ်သွားတဲ့အထိပါပဲ..။
အဲဒီဂမ္ဘီရတွေကို ယုံကြည်တဲ့ မင်း..ဘုရင်တွေဟာ.. တဖက်ကတိုက်လာတဲ့စစ်တွေကို.. “ဥုံဖွတွေနဲ့ ပြန်ချမယ်”လို့.. ယုံကြည်တဲ့ အခါ… ဒန်တန်တန် ဖြစ်သွားတာပါပဲ..။ 👿
သာသနာတခုကို ဂမ္ဘီရတွေနဲ့လွှမ်းခြုံလာတာဟာ.. သာသနာပျက်စီးဖို့.. အဓိကအချက်တခုလို့.. သမိုင်းက အထပ်ထပ်ပြောပြခဲ့တယ်..။
သမိုင်းကို ပြောပြတာပါ.. ဘာသာရေးခွဲခြားပြောတာမဟုတ်ပါနော..
အသေးစိတ်သိချင်.. စာတွေရှာဖတ်ပါ..။
အနည်းဆုံးတော့ ဝိကီလောက်တော့ ဖတ်ပါ…။
http://en.wikipedia.org/wiki/Muslim_conquest_in_the_Indian_subcontinent
ဆူး
November 14, 2011 at 10:39 am
သဂျီးရေ.. ဟိန္ဒူဘာသာဆိုတာ ချ လိုပဲတဲ့ မူဆလင် ဘာသာ ဆိုတာ ကျားလိုပဲတဲ့ ဗုဒ္ဓဘာသာဝင်တွေ အပေါ်ဆက်ဆံတာ.. ကျားကတော့ အားကြီးရင် မြိုသွားမှာပဲ.. တားလို့ မရဘူး။ ချ ကတော့ အတွင်းမှာ လှိုက်စားနေတာ သတ်လို့ မကုန်ဘူး.. အဲဒီ အတွက် ဟိန္ဒူ-ဗုဒ္ဓဘာသာတွေ အမြောက်အများ မြန်မာနိုင်ငံ အတွင်းမှာ ရှိပါတယ်။ အိန္ဒိယမှာလည်း ကျားက ဘယ်လောက် စားစား အတွင်းက ချကို မကုန်တဲ့ အတွက် ဟိန္ဒူနိုင်ငံ အဖြစ် ကမာ္ဘမှာ ကျန်ရှိနေခဲ့တာလို့ ဥပမာ ပေးပြီး ပြောတဲ့ လူတွေ ရှိတယ်။
သဂျီး အိန္ဒိယမှာ ဗုဒ္ဓဘာသာ ပျောက်ကွယ်ပုံကို သိချင်ရင် ကိုယ့်ဟာကို လေ့လာပေါ့လို့။
အရင်းတော့ အမြစ်ပေါ်တဲ့.. အမြစ်ပုပ်နေတော့ ဘယ်လိုမှ အရင်းစစ်မရ ဖြစ်နေမယ်။ အမြစ်ရှိတုန်း သေချာ အရင်းစစ်ကြည့်။
ကြောင်ကြီး
November 14, 2011 at 11:05 am
ငရဲပြည်လဲ အန်တီဆူးပြောသလိုပဲ။ သဂျီးတို့လို ဒိဠိတွေ ဘယ်လောက်လာလာ မဆံ့ဘူးဆိုတာ မရှိဘူးတဲ့။
သဂျီးရေ။။။။ ဂမ္ဘီရတန်ခိုး အားကိုးမိလို့ အိန္ဒိယမှာ သာသနာဆုတ်ယုတ်ရတာ အချက်ကြီးတခုအနေနဲ့ မှန်ပါတယ်။ သူမစွမ်းတော့တာနဲ့ မရှိတာနဲ့ မဆိုင်ဘူးနော်။ ရှေ့နောက်ဘဝ အယူသည် ဗုဒ္ဓဝါဒမဟုတ်ဆိုတာ မှန်ပေမဲ့ မရှိဘူးလို့ပြောရင် လွဲနေသလိုပါပဲ။ (ပညတ်တောင် မှန်အောင်မတွေးတတ်မှတော့ အရိယာစကားပြောနေရင် နားထောင်ဖို့ကို မလိုတော့ဘူး။ စကားချပ်)
အိန္ဒိယမှာ သာသနာအားလျော့လာပြီး ရှေးစဉ်ဆက် ဥုံဖွတွေကို အားကိုးခဲ့တယ်။ မစွမ်းဘူးလို့ ငြင်းရင် နှစ်ရာပေါင်းများစွာ ဟုတ်လာခဲ့တာကြတော့ရော ဘယ်လိုပြောမလဲ။ စွမ်းမစွမ်းကို ပြောနေတာနော်၊ ဖြစ်သင့် မဖြစ်သင့်ကို ပြောနေတာ မဟုတ်ဘူး။ စွမ်းသူတွေလက်ထက်မှာ စွမ်းခဲ့မယ်ဗျာ။ နောက်တော့ ပျက်ရင်းပျက်ရင်းနဲ့ ဟန်ပဲရှိတော့မယ်။ အဲဒီအချိန်မှာ တူရကီက ထက်တဲ့ဘုရင်နဲ့တွေ့တော့ အကုန်မီးလောင်တိုက် အသွင်းခံရတယ်။ သူ့အရင် တူရကီမင်းများလက်ထက်မှာ ဝင်တိုက်တာ မအောင်မြင်ခဲ့လို့ အဲဒီဂမ္ဘီရတန်ခိုးတွေအပေါ် အားကိုးလွန်ကုန်တာ။ ဂါထာ၊ လက်ဖွဲ့၊ အဆောင်တို့ဆိုတာ ကာယကံရှင်အပေါ်မူတည်တယ်လို့လည်း မြင်ကြည့်လိုက်။ သံဗုဒ္ဓေဂါထာ ဘယ်လောက်စွမ်းတယ်ပြောပြော ရွတ်သူအပေါ် မူတည်တယ်၊ အတိတ်ကံအပေါ် မူတည်တယ်။ လုပ်တိုင်းမရဘူး။
သဂျီးတွေးသလိုမတွေးဘဲ မတူတဲ့အတွေးနဲ့တွေးမယ်ဗျာ။ အဲဒီခေတ်မှာသုံးခဲ့တဲ့ ဥုံဖွအစီအရင်တွေ စွမ်းပေမဲ့ လူများအတိအကျ မလိုက်နာလို့၊ ဒါမှမဟုတ် ထိုက်တန်တဲ့ အကျင့်မရှိလို့၊ နောက်တချက်က ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက် အတိတ်ကံပါလာလို့ အတိတ်ကံအတိုင်း ပြန်ပေးဆပ်ရတယ်။ အဲဒီ တူရကီမင်းကို သေသွားတဲ့ ဘုန်းကြီးများ နောင်ဘဝမှ အလားတူပုံစံမျိုးနဲ့ ပြန်သတ်လိမ့်မယ်။
ဒါမှမဟုတ် လက်တွေ့ဆန်ဆန်တွေးမယ်ဗျာ။ ရောမအင်ပါယာ၊ ဂရိအင်ပါယာ၊ အော်တိုမန်အင်ပါယာ ဘယ်လောက်တန်ခိုးထွားခဲ့သလဲ။ နှစ်ရာထောင်ချီ တည်တန့်ခဲ့တယ်။ ရန်သူအမျိုးမျိုးကို နှိမ်နင်းနိုင်ခဲ့တယ်။ သူတို့မှာရှိတဲ့ လူသူလက်နက် အနေအထားနဲ့ ဘယ်လိုမှ တော်လှန်ဖို့ မဖြစ်နိုင်ဘူး။ ထာဝရတည်တံ့မဲ့ အင်ပါယာများလို့ အဲဒီခေတ်လူများ တွေးမှာပဲ။ အချိန်တခုကြာပြီးနောက်တော့ အကြောင်းအကျိုးများ တိုက်ဆိုင်တဲ့အခါ ပျက်ကုန်ရတာပဲ မဟုတ်လား။ နောက်ကြောင်းပြန်လှည့်ကြည့်မှသာ ဒါကြောင့်ပါကွာ၊ ဟိုလိုလုပ်ခဲ့ရင် ဘယ်ဖြစ်မှာလဲ တွေးတတ်ကြတယ်။ စကားမစပ် အာဏာရှင်တိုင်း ဒီလိုကြီးပဲ၊ သမိုင်းကို သင်ခန်းစာမယူကြဘူး၊ သူညံ့လို့ခံရတာ၊ ငါ့ကြရင် မဖြစ်စေရဘူး တွေးတဲ့ကောင်ကြီးပဲ။
ဗုဒ္ဓသာသနာ အိန္ဒိယမှာကွယ်တာလည်း ဒီလိုဖြစ်တယ်လို့ တွေးကြည့်ပါ။ သိဒ္ဓိမဟဒ္ဓိ အားကိုးလို့ဖြစ်တယ်ဆိုတာ လက်ခံတယ်။ သို့သော် ကိုယ်လိုရာဆွဲတွေးပြီး မျက်ကန်းတစ္ဆေမကြောက်တော့ မလုပ်နဲ့။ ကျုပ်တို့က သဂျီးဆိုက်မှာ ဝင်ရေးဖတ်နေကြတာ။ မတော်လို့ မိုးကြိုးစက်ကွင်း မိခဲ့ရင် အချောင်ခံရမှာ။ 😡
မိုက်ကယ်ဂျော်နီအောင်ပု
November 14, 2011 at 9:33 am
ဒီအကြောင်းတွေက ပြောရတော့ခက်သားဘဲ
သူ့ကိုယ်သူသိလို့ သူမှာခဲ့တဲ့ကိစ္စကို ကိုယ်က သွားပြီးဝေဖန်ရင်တော့ခက်လိမ့်မယ်
လက်တွေ့ပြစရာ ရုပ်အလောင်းကြီးကလည်းသက်သေရှိနေလေရဲ့
ကမ္ဘောဒီးယားမှာလည်း ဒီလို ရဟန်းရုပ်လောင်းတစ်ခုရှိတယ်ဆိုဘဲ
တစ်ချိုပြောတာကတော့ သေသွားတဲ့ ခန္ဓာရုပ်ကို ဘာလုပ်လိုက်ရင်ညာလုပ်လိုက်ရင်လည်း
လက်သည်းရှည်လာတာတို့ ဆံပင်ရှည်လာတာတို့ ဖြစ်တယ်ညာဖြစ်တယ်ပေါ့
သိပ္ပံဆေးပညာနဲ့ လိုက်ညှိကြတယ်
ကျုပ်ကတော့ အပြည့်လက်မခံဘူး မယုံရင် ကိုယ့်မသာကို စီမံကြည့်ပါလား
ဆံပင်ရှည်လာဘို့ထက် ပွပြီးထွက်လာဘို့က ပိုသေခြာမှာ
မယုံတဲ့သူက ကိုယ့်ကိုယ်ကိုယ် လိုပ်ကြည့်ပါလား ရမလားလို့
သူများတော့သိဘူး ကျုပ်ကတော့ မသေခင်ကတောင် ပုတ်ခြင်နေပြီ
မနည်းကြီးစီမံထားရတယ် 😀
တစ်ခုရှိတာကတော့
မြတ်စွာဘုရားရှင်တော်တောင်မှ ကျန်ရစ်တဲ့ခန္ဓာရုပ်ကို ဒီသဘော
မမှာကြားခဲ့တာလေးကို မူတည်ပြီး ချိန်းဆ အဖြေထုတ်ကြည့်သင့်ကြပါကြောင်း
True Answer
November 14, 2011 at 9:57 am
စွန်းလွန်းဆရာတော်ကြီး ဟာ လည်း ရဟန္တာအဖြစ် ထင်ရှား သမုတ်ခံခဲ့ရပြီး၊
သူရဲ့ရုပ်အလောင်းဟာ တစုံတရာ ဆေးစီရင် ထားခြင်းမဟုတ်ဘဲ………..ယခုတိုင် မပုပ်မသိုး ပဲ သစ်သားကဲ့သို့ဖြစ်နေပါတယ်။