ရူးချင်ယောင် ဆောင်မနေနဲ ့ (the end)
မှတ်မိကြဦးမည်လား ။
မောင်ပေ ၊ ပေါက်ဖော် ၊ ကိုဘီလူး တို ့သုံးယောက် ဦးပိန်တံတား က ရှိုးပွဲ တွင် ဇိမ်ကြနေသည့် အကြောင်း ။ ပေါက်ဖော် က Toilet အသွားဖြင့် ရပ်ထားခဲ့သည်ကို ဆက်ရေးပါမည် ။
အိမ်သာသို ့သွားသော ပေါက်ဖော် တစ်ယောက် ကမန်းကတမ်း ပြန်ပြေးလာသည် ။
“ ဟေ့ရောင်..မောင်ပေ..ဒိန်ညင်းသီး နံ ့မရဘူးလား ”
“ ဟုတ်အကို ၊ အကို စားချင်လို ့လား ၊ မှာလိုက်မယ်လေ ”
“ ထပ်တေရီး..ဘယ်ကလာ ၊ ငါ့ နှာခေါင်းထဲမှာ ၊ ဒိန်ညင်းသီးစော် နံ လာလို ့ကွ ၊ ချက်ချင်းကြီး ”
မောင်ပေ တို ့အနောက်မှာ ပေါက်ဖော် တစ်ယောက် ပြုံးဖြီးဖြီး ဖြင့် သူ ့ဘောင်းဘီတိုလေး ကို ဇစ်ပြန်ဆွဲတင်နေသည်ကို တွေ ့ ရသည် ။ ဘောင်းဘီကလဲ စိုနေသည် ။
ပေါက်ဖော် ဝိုင်းတွင် ပြန်ထိုင်လိုက်သော အခါ အနံ ့က ပိုပြင်းလာသည် ။ ကိုဘီလူးက
“ လက်စသတ်တော့ တရားခံ က မောင်မင်းကြီးသား ပေါက်ဖော် ၊ မင်းနှယ်ကွ ၊ ရှိုးပွဲက မပြီးသေးပါဘူး ဟ ၊ ဖြည်းဖြည်း ပြန်ခဲ့လဲ ရပါတယ် ”
“ ဟီး..သူတို ့လေးတွေ ရဲ ့ပါဖော်မန် ့တွေ ကို လုံးဝ လက်လွှတ်မခံနိုင်တော့လို ့ပါ ကိုလူးရာ.. ”
တော်တော်လေးထွေနေပြီ ဖြစ်သော ကိုဘီလူး က ၊ ပေါက်ဖော် ကို မြှောက်ပေးသည် ။
“ လက်လွှတ်မခံနိုင်တော့ ရင် ဆွဲစေ ့လိုက်လေ ၊ ငါ့ရောင် ကလဲ ”
“ ဂျာ..ဆွဲစေ့လို ့ရလို ့လား ကိုလူးရဲ ့ ၊ မနောက်နဲ ့နော် ၊ ကျုပ် က တစ်ကယ် လုပ်မှာနော် ၊ စနေသားနော် ၊ လုပ်ပြီဟေ့ ဆိုလျှင် ရပ်ကွက်ထဲမှာ အလှူခံလည်း မရှောင်ဘူးနော် ၊ နေပူပူ မိုးရွာရွာ အလှူခံ ဖလား ပိုက်ပြီး အလှူလည်ခံပစ်တာနော် ၊ ဟွင်းဟွင်း ”
မောင်ပေ ပါပြူးတူးပြဲတဲဖြစ်သွားပြီး
“ ကိုလူး ၊ ခင်ဗျား မူးရင်အေးဆေးနေပါဂျာ ၊ ကွိုင် မရှာနဲ ့နော် ”
ကိုဘီလူး က ငါပိုင်ပါတယ် ဆိုတဲ့ အပြုံး မျိုး ပြုံးပြကာ ၊ အိုကေ သဘောမျိုး လက်မ ထောင်ပြလိုက်သည် ။
ကိုဘီလူး လက်ထောင်သည်ကို မြင်သော ပွဲစီစဉ်သူ က ပြေးလာပြန်သည် ။
“ အကိုတို ့၊ ဘာများ အလိုရှိသလဲ ခင်ဗျ ”
ကိုဘီလူး က သူ ့နားကပ်လာဖို ့ခေါ်လိုက်ပြီး ကပ်တိုးလေး ပြောလိုက်သည် ။ ပွဲစီစဉ်သူ လည်း မျက်နှာပျက်သွားပြီး
“ ဟိုဟို…အဲဒါတော့ မရလောက်ဘူး ထင်တယ်နော် ၊ ကျွန်တော် လဲ မပြောရဲဘူးဗျ ”
“ ဘာလို ့မရ ရမှာလဲ ငါ့ရောင်ရ ၊ သွားပြောလိုက်စမ်းပါကွာ ၊ နောက်ပြီး သူတို ့လေးတွေ လည်း ငါတို ့ကို သတိထားမိနေလောက်ပါပြီကွ ၊ ငါတို ့သုံးယောက်ပဲ အရှေ ့ဆုံးကနေ အားပေးနေတဲ့ဟာ ”
“ အေးလေ ၊ ပန်းကုံးတွေ လည်း စင်ပြတ်ချပြီးပြီဘဲဟာ ”
ပွဲစီစဉ်သူမှာ သူ ့ခေါင်းကို သူ တဖျင်းဖျင်း ကုတ်နေလေတော့သည် ။
“ အကိုတို ့ဆန္ဒပြင်းနေသပ ဆိုရင်လည်း အကိုတို ့ဘာသာ ပြောလိုက်ပါဗျာ ၊ ကျွန်တော် က တော့ မပြောရဲလို ့ပါ ဗျာ ”
“ ဒါဆို လည်း ငါတို ့ဘာသာ သွားပြောမယ် ၊ သူတို ့ဆီကို မင်းလိုက်ပို ့”
ကိုဘီလူး ၊ ပေါက်ဖော် နှင့် ပွဲစီစဉ်သူ တို ့သည် ၊ စတိတ်စင် အနောက်ဘက်ရှိ နားနေခန်း၊အဝတ်လဲခန်း ဆီသို ့ချီတက်သွားကြလေသည် ။
ကျွန်ုပ် မောင်ပေ တစ်ယောက်သာလျှင် ၊ မျက်ခုံးတစ်လှုပ်လှုပ်ဖြင့် ၊ ကျန်ခဲ့လေသည် ။ သို ့သော် ၊ ကျွန်ုပ် မောင်းနှင်စီးလာသော ဆိုင်ကယ် သော့ကိုမူ အသင့်ပြင်ထားရသည် ။ အခြေအနေ မဟန်လျှင် နောက်ကျတဲ့ ဆိုင်ကယ်တာယာ သစ္စာဖောက်ဘဲ ။
စတိတ်စင်ပေါ်တွင် ဂျေလို တစ်ယောက် သာ ဆက်လက် ဖျော်ဖြေနေသည်ကို တွေ ့ရသည် ။ ကိုယ့်လူ နှစ်ယောက် ၊ လစ်သွားကြတာလဲ ၁၅ မိနစ်ကျော်ခန် ့ရှိချေပြီ ။ ပြန်ထွက်မလာကြသေး ။ တစ်ယောက်ထဲ ထိုင်ကြည့်နေရင်း ၊ ကိုယ့်လူများ အခြေအနေ ကို အရမ်းသိချင်လာသော ကျွန်ုပ် သည် သူတို ့နောက် လိုက်ကြည့်ရန် ထိုင်ခုံမှ ထလိုက်စဉ်…..
“ ဟိုမှာ..မောင်ပေ မလား ” “ ဟုတ်တယ်..ဟုတ်တယ် ၊ အဲဒါ မောင်ပေ ဘဲ ၊ ကိုမောင်ပေ…ဟေး ကိုမောင်ပေ ”
ကျယ်လောင်သော မိန်းမ အသံများ ကို ကြားလိုက်ရသဖြင့် လှည့်ကြည့်မိသောအခါ ၊ မဒမ် ဘီလူး နှင့် မဒမ် ပေါက်ဖော် ။
“ ဟိုက်…ကွိုင်တက်ပြီ မောင် ” …ကျွန်ုပ် လည်း ရုတ်တရက်ဆိုသလို တွေ ့ဆုံလာရသော ကိုယ့်ရဲဘော် မဒမ်များကို ဘယ်လို မှ ရှောင်လို ့မရတော့ သဖြင့် ၊ စပ်ဖြီးဖြီးဖြင့် ပြန်နှုတ်ဆက်လိုက်ရသည် ။
“ ကိုမောင်ပေ ၊ ကိုဘီလူး နဲ ့ကိုပေါက်ဖော် တို ့ကော ၊ ကျွန်မတို ့ကို ပြောတော့ ၊ ကိုမောင်ပေ က ဘုရားလိုက်ပို ့မှာမို ့၊ ခဏ သွားလိုက်ဦးမယ် ဆိုပြီး လစ်သွားတာ ၊ ပြန်ပေါ်မလာ ပေါ်မလာ နဲ ့မို ့၊ ကျွန်မ တို ့လဲ ပျင်းလို ့ဒီ ဦးပိန် ကို လာတော့ ၊ ရှင် ့ကို လှမ်းမြင်လို ့ဝင်ခဲ့တာပဲ ၊ ပြော..ဟိုနှစ်ယောက် ဘယ်မှာလဲ ”
“ ဟုတ်တယ် ကိုမောင်ပေ…ပြောတော့ ဘုရားဆိုပြီး ၊ အခု စတိတ်ရှိုးပွဲ ရောက်နေတာကိုး ၊ ဟွင်းဟွင်း..ကိုပေါက်ဖော်..လာပစေဦး ၊ လာမှ ပြတ်အောင်ကို ဆွဲပစ်လိုက်မယ် ၊ ဗိုက်ခေါက် ”
ကျွန်ုပ် မောင်ပေ ခဗျာ လည်း ဘာပြောလို ့ပြောရမှန်း မသိ ။ ကိုဘီလူး နှင့် ပေါက်ဖော်တို ့၏ မဒမ်များကား ၊ ကိုဘီလူး နှင့် ပေါက်ဖော် တို ့ထိုင်ခဲ့သော ထိုင်ခုံများတွင် ဝင်ထိုင်စောင့်နေချေပြီ ။
“ ဒါက ဘယ်သွားမလို ့လဲ ကိုမောင်ပေ ” “ ဘာလဲ ၊ ရှင်က ကျွန်မ တို ့နှစ်ယောက်ကို ပစ်ထားခဲ့မလို ့လား ၊ ဟို နှစ်ယောက် က ဘယ်ဆီမှန်းမသိလို ့စိတ်ပူနေရတဲ့ကြားထဲ ”
“ ဟို..ဟိုလေ…ခဏလေးပါဗျာ ၊ စောနက သောက်ထားတော့ ၊ အပေါ့လေး သွားချင်လို ့ပါ ၊ ခဏလေးပါနော် ”
“ ဟွင်းဟွင်းဟွင်း….ကျွန်မ တို ့ကို ဘက်ကီးရိုက်ဖို ့တော့ မကြိုးစားနဲ ့နော် ၊ သိတယ်မို ့လား ”
“ ဟုတ်..မရိုက်ရဲပါဘူး ဗျာ ၊ အခုတော့ ၊ မနေနိုင်တော့လို ့၊ toilet ပြေးဘီဗျို ့၊ ခဏပါနော် ”
ကျွန်ုပ် လည်း အိမ်သာဘက်သို ့ပြေးရင်း ၊ ကိုယ့်လူနှစ်ယောက်အတွက် အသည်းအသန် ဦးစားရတော့သည် ။ အိမ်သာမှ ပြန်အထွက် ၊ မဒမ်လူး တို ့ဘက် လှမ်းကြည့်တော့ ၊ နှစ်ယောက်သား ဂျေလိုဖျော်ဖြေနေသည်ကို စိတ်ဝင်စားနေကြသည်ကို လှမ်းမြင်လိုက်ရသဖြင့် ၊ စတိတ်ခုံအနောက်ဘက်သို ့ ကုတ်ချောင်းကုတ်ချောင်းဖြင့် ပြေးဝင်လိုက်သည် ။
စတိတ်စင်အနောက် ၊ နားနေခန်းထဲအဝင် တွေ ့လိုက်ရသော မြင်ကွင်းမှာ ၊ ကိုဘီလူးကော ပေါက်ဖော် ပါ နှစ်ယောက်စလုံး အင်းကျီချွတ်များဖြင့် အန်နစတင် နှင့် ချယ်ရီ ကို ကြောပေးပြီး ကုန်းနေကြသည်ကို တွေ ့လိုက်ရလေသည် ။ အန်နစတင် နှင့် ချယ်ရီ လက်ထဲတွင် လည်း ဘာအချောင်းလေးတွေမှန်းမသိ ကိုင်ထားကြသည် ကို တွေ ့ရသည် ။ သွားပြီပေါ့ ၊ ကိုယ့်လူတွေ ၊ ကျွန်ုပ်လည်း အလွန်အင်မတန် ထူးဆန်းအံ့အားသင့်သွားပြီး
“ ဟေ့လူတွေ ၊ ဟာ ဖင်တွေကုန်းပြီး ဘာတွေ လုပ်နေကြတာတုန်း ၊ အင်းကျီတွေ လဲ ကျွတ်လို ့ပါလား ”
နှစ်ယောက်သား ပြုံးဖြီးဖြီး ဖြင့်
“ အော်တို ရေးခိုင်းနေတာကွ ၊ နောက်ကြောမှ ” “ ဟုတ်တယ် ၊ ကိုပေ ၊ ခင်ဗျားလဲ ရေးခိုင်းဦးမလား ”
“ အေး..ခင်ဗျားတို ့ကသာ အော်တိုတွေ လုပ်နေ ၊ ဟိုမှာ ခင်ဗျားတို ့မိန်းမတွေ လိုက်လာနေပြီ သိလား ”
“ဟေ” “ ဟမ်..ကိုပေ မနောက်နဲ ့နော် ၊ အနော် အသည်းအရမ်းငယ်တတ်တာ သိသားနဲ ့၊ မနောက်ရဘူးလေ ”
“ စောနတုန်းက ပြောတော့ စနေသားဆို ပေါက်ဖော်ရဲ ့၊ အခု မှ ဘာကြောက်ပါပြီလဲ ”
ကိုဘီလူး က နံရံစောင်းလေးမှ ခေါင်းလေးပဲ ထွက်ကြည့်ပြီး
“ ဟုတ်တယ်ဟ ၊ ပေါက်ဖော်ရေ ၊ ငါတို ့တော့ နားခါးပြီးထင်တယ် ”
“ ဟင်..တစ်ကယ်ကြီးလား ” “ မင်းမယုံရင် ဒီမှာ လာကြည့် ”
“ ဟာ..ကိုဘီလူး ၊ ဘယ်လို လုပ်ကြမလဲ ၊ ခင်ဗျား မိန်းမရော ၊ ကျုပ်မိန်းမ ပါ ရောက်နေတာဗျ ၊ ကွိုင်ဘဲဗျာ ၊ ကျုပ်မိန်းမ က လက်သံပြောင်ပါဘိနဲ ့၊ နောက်ပြီး လူကြားသူကြားလဲ ရှောင်တာမဟုတ်ဘူး ၊ လုပ်ပါဦး ကိုလူး ရေ ၊ ကိုပေ ၊ နင်လဲ စဉ်းစားပေးပါဦး ”
ရုတ်တရက် ဆိုသလို ကျွန်ုပ် မောင်ပေ သည်လည်း အိုင်ဒီယာ တစ်ခု ရသွားပြီး ၊ စတိတ်စင်နားရှိ ရေပုံးတစ်လုံးကောက်ဆွဲကာ စတိတ်စင် တောင်ဘက် ၊ တောင်တမန် အင်းထဲကို ပြေးပြီး ရေခတ်လိုက်သည် ။ ထို ့နောက် ပြန်လာပြီး ၊ ကိုလူး ကော ပေါက်ဖော် ကိုပါ ၊ ခပ်လာသော ရေဖြင့် ခေါင်းမှ နေ လောင်းချ လိုက်သည် ။
“ ဟာ ၊ မောင်ပေ မင်းဘာလုပ်တာလဲ ကွ ” “ အား..ချမ်းတယ်ဟ ၊ ဝူးးး ”
ကျွန်ုပ်လည်း သူတို ့ကို ဘာမှ ပြန်ဖြေမနေဘဲ နောက်ထပ် ရေထပ်ခပ်ကာ ထပ်လောင်းသည် ။ နှစ်ယောက်စလုံး တစ်ကိုယ်လုံး စိုရွှဲနေပြီ ဆိုသည့် အနေအထားရောက်မှ ၊
“ ရပြီ ၊ ဒီပုံအတိုင်း သွားချေတော့ ”
“ ဟ..ဘယ်သွားရမှာလဲ ကွ ” “ ဟုတ်ပ အေးကအေးပနဲ ့ ”
“ ခင်ဗျားတို ့မိန်းမတွေ ထိုင်နေတဲ့ဆီကို မြန်မြန်သွားလေ ၊ ငါတို ့တောင်တမန် အင်းထဲ ရေဆင်းဆော့နေတာ ၊ အခုမှ ပြီးတယ်လို ့၊ မောင်ပေ ကော ဘယ်ရောက်သွားလဲ ဆိုပြီး ၊ ရွှီးပေတော့ ၊ ဒီလောက်ကတော့ ခင်ဗျားတို ့လုပ်တတ်ပါတယ် ”
ထိုအခါမှ ကျွန်ုပ် ၏ အိုင်ဒီယာ ကို သဘောပေါက်သွားကြပြီး ၊ နှစ်ယောက်သာ ရေစိုစို ဖြင့် လုံးတုံး လုံးတုံး နှင့် ပြေးသွားကြသည် ။ ( လုံးတုံး လုံးတုံး ဆိုသည်မှာ နှစ်ယောက်စလုံး အရမ်းဝသဖြင့် ) ။ ကျွန်ုပ်လည်း စတိတ်စင်အကွယ်မှ နေ သူတို ့နှစ်ဦး အခြေအနေ ကို လှမ်းကြည့်လိုက်တော့ ၊ ဆရာသမား နှစ်ယောက် လုံး မှာ ဖောရှော တော်ကီ တွင် တစ်ဘက်ကမ်းခတ် တတ်ကျွမ်းပြီးသား ဖြစ်လေရာ ၊ မည်သို ့မည်ပုံ ဖောကြသည် မသိ ။ ကိုလူးတို ့စုံတွဲကော ၊ ပေါက်ဖော် တို ့စုံတွဲပါ အသီးသီး လက်ကိုယ်စီ တွဲကာ လစ်သွားကြသည်ကို မြင်လိုက်ရလေသည် ။
ကျွန်ုပ်လည်း ထိုအခါ မှ သက်ပြင်းရှည်ကြီး ချနိုင်လိုက်ပြီး ၊ တယ်လဲ အိမ်ပိုင်တဲ့လူတွေပါကလား လို ့တွေးရင်း ပြုံးမိနေသည် ။ ထိုစဉ် ကျွန်ုပ် အနောက်မှ ၊ ပွဲစီစဉ်သူ တာဝန်ခံ က ရောက်လာပြီး ၊
“ ဆရာ..ဆရာ ၊ အောင်မလေး ၊ ဆရာ ့ကို မြင်ရမှ ဘဲ စိတ်အေးရတော့တယ် ဆရာရယ် ”
“ ဘာလို ့တုန်ုးကွ ၊ ဘာဖြစ်ရပြန်တာလဲ ”
“ ဆရာတို ့ထိုင်တဲ့ ဝိုင်းက ဘာမှ မရှင်းရသေးဘူးလေ ၊ ပန်းကုံးစွပ်ထားတာကိုက ဒေါ်လာဆယ်သိန်းဖိုး ရှိတယ်နော် ”
“ အေးလေ ၊ ဘာဖြစ်သေးလဲ ၊ ရှင်းမှာပေါ့ကွ ၊ သွားသွား ၊ ဘီလ် ယူခဲ့ချေ ”
တာဝန်ခံ လည်း ပျော်သွားပြီး ငွေရှင်းကောင်တာဘက်သို ့ပြေးကာ ဘီလ် သွားယူချေပြီ ။
ကျွန်ုပ်လည်း ၊ ကျွန်ုပ် ၏ လက်စွဲတော် လက်ဆော့ လေးဖွင့်ကာ ဝိုင်ဖိုင်ဖြင့် သဂျီးဆီ အမြန်ဆုံး ချိတ်ဆက်ရတော့သည် ။
တွီတွီ ( သဂျီး ဖုန်းဆီ ၊ ကျွန်ုပ် လက်ဆော့ မှ ဗီဒီယိုကောလ် ခေါ်တာ ဝင်သွားသော အသံ )
“ ပြော..မောင်ပေ..ဘာကိတ် ”
“ ကိစ္စကတော့ ၊ အာကေ ကိတ် ဘဲ သဂျီးရေ ”
ကျွန်ုပ်လည်း ၊ ပေါက်ဖော် ၊ ကိုလူး နှင့် ကျွန်ုပ် တို ့ယခုကဲခဲ့ပုံများကို ပြောပြလိုက်ပြီး ၊ မန်းဂေဇက် အတွက် စာရေးပေးမည့်အကြောင်း ၊ ယခုလောလောဆယ် စာမူခ ဒေါ်လာ သိန်း ငါးဆယ် ကို တင်ကြို ထုတ်ပေးထားစေလိုပါကြောင်း ၊ ပြောပြလိုက်သောအခါ ၊ သဂျီးမှာ မျက်နှာကြီး ရှုံ ့မဲ့ သွားချေတော့သည် ။
“ အာကေ က လွှဲတာက ကိတ် မရှိပါဘူး ၊ တစ်ခုရှိတာ က ၊ နင် တစ်ကယ် ရေးပေးရမှာနော် ၊ ငါ့ ဆီ က အာကေ ရပြီးမှ ရူးချင်ယောင် ဆောင်လို ့ကတော့ မြန်မာနိုင်ငံ ကို ပြန်လာပြီး အရေးယူမှာနော် ”
“ စိတ်ချပါ သဂျီးရယ် ၊ လောလောဆယ် သာ အာကေလေး လွှဲပေးကြောင်း လေး လုပ်ပါ ၊ ဒီမှာ ဘီလ် ရှင်းရတော့မယ် ဗျ ”
သဂျီးလည်း ဘန်ကောက်ရှိ သူ ့ဘဏ်အကောင့် ကို ဖွင့်ကာ ၊ မြန်မာနိုင်ငံရှိ ကျွန်ုပ် ဘဏ်အကောင့်ထဲ ဒေါ်လာ သိန်းငါးဆယ် လှမ်းလွှဲလိုက်သည် ။ ( မှတ်ချက် သဂျီး မှာ စီအိုင်အေ ကောင်းမှု ဖြင့် ၊ နိုင်ငံတိုင်းရှိ ဘဏ်တိုင်းတွင် သူ ့ငွေစာရင်းများ ရှိသည် ဟူသတတ် ။ ဤကား ကိုကြောင်ကြီး ဖွင့်ပြသော သဂျီး လျှို ့ဝှက်ချက် တစ်ခု )
ခဏနေကြ ၊ ဘီလ် ရောက်လာသောအခါ ၊ ကျွန်ုပ်လည်း ကျသမျှ ကို ပွဲတာဝန်ခံ ၏ ဘဏ်စာရင်းထဲ လွှဲပေးလိုက်လေသည် ။ ဒါကို တာဝန်ခံ ကောင်လေး က ဘောနပ်စ် တစ်မန်းနီး သပ်သပ် ထပ်တောင်းနေသဖြင့် ၊ လက်တိုလက်တောင်း သုံးစရာ အလွယ်ထည့်လာသော ငါးထောင်တန် တစ်အုပ် ကို ဝဲခဲ့ရသေးသည် ။
ထို နေ ့မှ စပြီး ၊ ကျွန်ုပ်လည်း ဂေဇက်ထဲ မဝင်ဖြစ်ဘဲ လျှောက်ဝေ့နေမိသည် ။
ကိုလူးနှင့်ပေါက်ဖော် ကို လဲ သတိရမိသည် ။ အာကေ တစ်ပြားမှ မထားခဲ့ဘဲ လစ်ပြေးသွားလေခြင်း ဟု စိတ်လဲ တိုမိသည် ။ ဟုတ်တယ်လေ ၊ သူတို ့မိန်းမ တွေ ကို များ ၊ ဘီလ် ရှင်းချိန် နှင့် အချိန်ကိုက် ခေါ်ထားတာလား လို ့တောင် သံသယ ဖြစ်ရသည် ။
ကျွန်ုပ် မေးလ်ဘောက်စ် ထဲ တွင်လည်း သဂျီး ၏ စာရေးပေးဖို ့ရန် သတိပေး အကြောင်းကြားစာ မေးလ် များဖြင့် ပြည့်နှက်နေသည် ။
သို ့ဖြင့် နောက်ဆုံး ကြံရမရာ သည့်အတူတူ ၊ သဂျီးကိုလည်း တိုင်ကြားသည့် သဘောဖြင့် ၊ ကျွန်ုပ်တို ့သုံးယောက် ကဲခဲ့သည့် ဇါတ်လမ်းကို စာဖွဲ ့ရေးလိုက်ရပါတော့သည် ။ ကဲ..သဂျီးရေ ၊ ဒီစာတစ်ပုဒ်နဲ ့တင် ၊ စာထဲက အကြွေးတွေ ကြေပြီနော…ဟီဟိ ။
————– အားလုံးကို ကျေးဇူတင်ပါသည် ————–
9 comments
inz@ghi
November 14, 2011 at 8:53 pm
မိန်းမမရှိလို့ထင့် သည် ဂလုထဲ မဝင်ဆန့်လိုက်ထှာ …..
ကျေဝူး ကျေဝူး ….
ပေါက်ဖော်
November 14, 2011 at 9:13 pm
ဟမငေး.ဟမငေး.
အော်တိုထိုးတာ ဖင်ကုန်းပြီး အထိုးခံတဲ့ဘဝ..ပါလားနော်…
ရက်စက်လိုက်ပါဘိ..ကပေရယ်….ရက်စက်လိုက်ပါဘိ
😆
koyinmaung
November 14, 2011 at 9:39 pm
ကိုပေ အရေးအသားကတော့ရှယ်ပါဘဲ
တတ်လဲတတ်နိုင်ပါပေ့ကိုပေရေ…..
အားပေးသွားပါကြောင်း……
MaMa
November 14, 2011 at 10:10 pm
တကယ့်ကမာ္ဘကျော်စာရေးဆရာတွေရဲ့ စာမူခကို ဂေဇက်မောင်ပေက ပျင်းတောင်ပျင်းသေးတယ်ပေါ့။ 😀
ကြောင်လတ်
November 14, 2011 at 10:14 pm
ဟွင်းဟွင်း..ကိုပေါက်ဖော်..လာပစေဦး ၊ လာမှ ပြတ်အောင်ကို ဆွဲပစ်လိုက်မယ် ၊ ဗိုက်ခေါက် ”
ဗိုက်ခေါက်ကိုပြတ်အောင်ဘယ်ဆွဲလို့ရမလဲ၊ ဆွဲခြင်းဆွဲရင် ဟိုဟာကိုဆွဲရမှာဗျ၊
နားရွက်ကို
ပေါက်ဖော်
November 15, 2011 at 9:29 am
တော်သေးတာပေါ့..နားရွက်ထိ…ဆုံးအောင် ဖတ်လိုက်လို ့..
ဝှေ ့…
စီလုတ်ကြီးကွ..
ဒညင်းသီးစော်..အားကီး နံလယ်..နံလယ်…
ငွှဲ…ငွှဲ…ငွှဲ….
😆
“ဘီလူးကြီး”ogre
November 15, 2011 at 8:31 am
ကပေ
နင်နော် ရေနဲ့လောင်းတယ်
ဖင်လှန်ပြီးအော်တို ရေးခိုင်းထားတာတွေပျက်ကုန်တယ် နော်
ငါမကျေနပ်ဘူး …နောက်ပွဲတွေကြရင် နင့်ကိုဘီယာမတိုက်ဘူး..ဒါဗြဲ.. 🙁
aungnng87
November 15, 2011 at 12:54 pm
တော်တော်ရီရတယ်။ကိုဝင်းတော်ကာရေ…။သူကြီးပြောလိုက်အကြွေးမကျေသေးဘူးလို့။ ဒါမှထပ်ရီရဦးမှာ…။
alinsett
November 15, 2011 at 6:33 pm
ပျော်စရာကောင်းတဲ ့ ပို ့စ်လေးအတွက် ကျေးဇူးပါပဲ..ကိုပေ..ရေ..။
ဆက်ရေးပါ အားပေးနေပါ့မယ် ။
ကိုပေရဲ ့ စာအရေးအသားကို ကျွန်တော် အားကျပါတယ် ။