ဘုရားသခင်နှင့် တံခါးစောင့်

introMay 23, 20101min742

မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက်
ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း
ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့
တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး
ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့
ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။
ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

“ကောင်းပြီလေ…. အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ်
အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ
ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ”

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့
နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့
လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း
မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး
ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို
တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့်
ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့
ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။
ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ
ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို
မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့
မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက်
ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး
လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။
ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့
တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ
ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ
ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို
လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
“အသင် ဆင်းခဲ့တော့… ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး” လို့ ပြောလိုက်တယ်။

“ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။
ဒါတွေမှားသွားပါသလား ဘုရားသခင်” လို့ တံခါးစောင့်က ပြန်မေးတော့

“ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့
သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက
သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက
ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။
သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့” လို့
ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့
တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။
လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း
ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့်
ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

ps. copy

2 comments

  • yannaingech

    May 23, 2010 at 11:38 am

    ၁။ ဘုရားသခင်က တံခါးစောင့်ကို ပညာမစမ်းသင့်ပါ။ ကိုယ့်အလုပ်၊ ကိုယ်သာလုပ်သင့်သည်။
    ၂။ ကုန်သည်က ကျန်ခဲ့တဲ့ပိုက်ဆံအိတ်ကိုပြန်လာမရှာသင့်ပါ။ ကိုယ်ပေါ့လျော့လို့ပျောက်တဲ့ပစ္စည်း မေ့လိုက်ပါတော့။
    ၃။ ဆင်းရဲသားက ပိုက်ဆံအိတ်ကို ကောက်မသွားသင့်ပါ။ ပိုင်ရှင်ရှိရှိ၊ မရှိရှိ ကိုယ့်ပစ္စည်းမဟုတ်ရင် ကိုယ်မပိုင်ပါ။
    ၄။ နောက်ဆုံးလူငယ်….နောက်ဆုံးလူငယ်….သူက…ဘာလို့….ရေမကူးတတ်တာလဲ။

Leave a Reply