ဖတ်ဖြစ်အောင်ဖတ်ပြီး ဖြေကြည့်ပေးကြဘို့ ။
အောက်မှာပါတဲ့ ဇာတ်လမ်းလေးကို ဖတ်ကြည့်ပြီး အကြံဉာဏ်လေး ပေးနိုင်ရင် ပေးကြပါလို့ တောင်းဆိုပါရစေ။
“ ကျွန်တော်က ကုမ္ပဏီကြီးတစ်ခုရဲ့ အရောင်းဌာနက မန်နေဂျာပါ။ လုပ်ငန်းကလည်း အင်မတန် အပြိုင်အဆိုင်များတဲ့ လုပ်ငန်းမျိုးဖြစ်နေတော့
အခက်အခဲကြုံရတဲ့ အချိန်တွေကလည်း အများကြီးဖြစ်နေတော့တာပေါ့။ ကျွန်တော့်ဌာနမှာ ခြောက်လနီးပါးလောက် ဆက်တိုက်အရောင်းထိုင်းနေပြီး
အထက်လူကြီးကလည်း အရောင်းတက် အောင် လုပ်ပါ လုပ်ပါ နဲ့ ဖိအားတွေ ပေးလှပါပြီ။ အဲဒါကြောင့် ကျွန်တော့်မှာ အတွေ့အကြုံအများကြီးရှိတဲ့ အရောင်းသမား ကောင်းတစ်ယောက်ကို ဌာနမှာ အားဖြည့်ဖို့အတွက် တစ်လလောက်ကြာအောင်ရှာနေခဲ့ရတာပါ။ လွန်ခဲ့တဲ့သုံးရက်လောက်ကတော့ အလားအလာ အလွန်ကောင်းမယ်လို့
ထင်ရတဲ့ လူတစ်ယောက်ကို ကျွန်တော် လူတွေ့ စစ်ဆေးခဲ့ပါတယ်။
အဲဒီလူဟာ ကျွန်တော့်ရုံးခန်းထဲကို ဟန်ပန်အပြည့်နဲ့ ရဲရဲဝံ့ဝံ့ ဝင်လာခဲ့တာပါ။ သူဝင်လာတာကို စတွေ့လိုက်ကတည်းက ငါလိုချင်တာ ဒီလိုလူမျိုးပဲဆိုတဲ့ ခံစားမှုကို
ကျွန်တော် ရရှိလိုက်ပါတယ်။ သူ့ကို လက်တွေ့လည်း မေးမြန်းလိုက်ရော ကျွန်တော်ပိုပြီး စိတ်လှုပ်ရှား လာရပါတော့တယ်။ ဒီလိုလူမျိုးကိုရရင် ကျွန်တော်ကံကောင်းမယ်
ဆိုတာ သေချာနေပြီ။ သူ့မှာ အရောင်းသမားကောင်းတစ်ယောက်အဖြစ် ထူးချွန်တဲ့ အထောက်အထားမှတ်တမ်းတွေ အခိုင်အမာ ရှိနေပြီး ဒီလုပ်ငန်းနယ်ပယ်ကိုလည်း
ခရေစေ့တွင်းကျ အလုံးစုံ နှံ့စပ် ကျွမ်းဝင်နေပြန်တယ်။ အထူးခြားဆုံးကတော့ သူဟာ ကျွန်တော်တို့ရဲ့ မဟာပြိုင်ဘက် ကုမ္ပဏီကြီးကနေ မကြာခင်အချိန်ကလေးကမှ
အလုပ်ထွက်လာတဲ့ လူတစ်ယောက် ဖြစ်နေတာပါပဲ။ သူကအဲဒီမှာ အဆင့်မြင့်ဝန်ထမ်းတစ်ယောက်အဖြစ် ခြောက်နှစ်ကြာအောင် ထူးချွန်အောင်မြင်စွာ တာဝန်
ထမ်းဆောင်ခဲ့တဲ့ သူပါ။
သူ့ကို မေးမြန်းနေတဲ့ တစ်ချိန်လုံး ကျွန်တော့်စိတ်ထဲမှာ … ဒီလူဟာ ငါတွေ့ဆုံမေးမြန်းခဲ့သမျှ လူအားလုံးထက် ဘက်စုံထောင့်စုံကနေ ခေါင်းတစ်လုံးမြင့်နေတာ
အသေအချာပါပဲလို့ နားလည်နေမိတယ်။ ဆုံးဖြတ်ချက် ချကာနီး သူ့လျှောက်လွှာ ကို အသေးစိတ်ဖတ်နေတုန်းမှာ ဝင်လာတဲ့ ဖုန်းတွေကိုတောင်
နောက်မှပြန်ဆက်ဖို့ ပြောထားလိုက်သေး တယ်။ အဲဒီလို ဆုံးဖြတ်ကာနီးဆဲဆဲ … အချိန်တဲတဲလေး မှာပေါ့။ သူဟာ ရုတ်တရက်ပြုံးလိုက်ပါတယ်။ ပြီးတော့
သူ့ သေတ္တာလေးကိုဖွင့် အထဲကိုနှိုက်လိုက်ပြီး စာအိတ်အသေးလေးတစ်ခု ထုတ်ယူလိုက်တယ်။ အဲဒီထဲက ကွန်ပျူတာ ဒစ်စ်ကတ်လေး တစ်ခုကို ဆွဲထုတ်လိုက်ပြီး
အဖိုးမဖြတ်နိုင်တဲ့ကျောက်မျက်တစ်ခုကို ကိုင်တွယ်သလို ကိုင်ရင်း ကျွန်တော် မြင်သာအောင်ထောင်ပြပါတယ်။
“ဒီအထဲမှာ ဘာတွေရှိလဲ ခင်ဗျားသိလား”
ကျွန်တော် ခေါင်းခါပြလိုက်တယ်။ သူကတော့ပြုံးနေတုန်းပါပဲ။ သူ့ရဲ့ အသံမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တွေ ယိုစိမ့်ထွက်နေတော့တာပေါ့။ သူက ဆက်ပြောပြန်ပါတယ်။
“ဒီ ဒစ်စ်ကတ် ထဲမှာ ခင်ဗျားတို့ ပြိုင်ဘက် ကုမ္ပဏီကြီးရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ အကုန်ပါတယ်ဗျ။ ကျွန်တော် အရင်တုန်းက လုပ်ခဲ့တဲ့ ကုမ္ပဏီကို ပြောတာလေ”
သူဆက်ပြောတာကတော့ ဒီဒစ်စ်ကတ် ထဲမှာ သူတို့ ဖေါက်သည်တွေရဲ့ အကြောင်း မကြာခင်မှာ ကျင်းပမယ့် လေ လံပွဲတစ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နဲ့
အပြိုင်ဆွဲမယ့် ပြိုင်ဘက်ကုမ္ပဏီကြီးက အကုန်အကျ မည်မျှခံမည်ဆိုသည့် အကြောင်း ပါတယ်ဆိုတာတွေ စုံလို့ပါပဲ။ အင်တာဗျူးပြီးသွားတဲ့ အချိန်မှာ
သူက ကတိတစ်ခု ပေးပါတယ်။
“ကျွန်တော့်ကို ဒီမှာသာ အလုပ်ခန့်ရင် ဒီ ဒစ်စ်ကတ်လည်းပေးမယ်။ ဒါမျိုးတွေ အများကြီးလည်း ထပ်ပေးဦးမယ်” တဲ့။
ရုံးက ပြန်လာတဲ့ အခါ ကျွန်တော့်စိတ်ထဲမှာ ဒီအဖြစ်အပျက်ကနေ တုံ့ပြန်ထွက်လာတဲ့ ခံစားချက် နှစ်ခုပေါ်လာ တယ်။ ပထမအချက်ကတော့ ဒေါသပါပဲ။
ဒီလူ ဘယ်လိုလုပ်ပြီး ဒီအချိုးမျိုး လာချိုးတာလဲ။ သူ့ရဲ့ လာရောက်ကမ်းလှမ်း ပုံဟာ နည်းလမ်းမကျဘူးဆိုတာ ကျွန်တော်သိတယ်။ ဒီလိုမရိုးသားတဲ့လူမျိုးကို
ကိုယ့်အလုပ်ထဲမှာ ဘယ်ထားချင်ပါ့မလဲ ဗျာ။ မဟုတ်ဘူးလား။ ဒုတိယအချက်က ဒါဟာငြင်းပယ်လိုက်ရင် နှမြောစရာကြီး ဆိုတဲ့ အချက်ကို နားလည်နေမိတယ်။
ဒီ လူဟာ ကျွန်တော်တို့ကုမ္ပဏီကို ရွှေတွင်းကြီးပေးမလို့ လာကမ်းလှမ်းနေတာပဲဆိုတာ စဉ်းစားကြည့်လေ သိလေပါ။ သူက လည်း ပြောသွားပါရောလား။
သူ့ကိုခန့်ရင် ပြိုင်ဘက်ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေ အများကြီးရမယ်တဲ့လေ။ ကျွန်တော် ဒီ လိုလူမျိုးကို စောင့်နေတာ သုံးနှစ်ကျော်ပါပြီ။ အခုဆိုကြည့်… ကျွန်တော့်ရှေ့ရောက်နေပြီ။
ဒါ … တစ်သက်မှာ တစ်ခါသာ တွေ့နိုင်တဲ့ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးပါ။ ဒီအခွင့်အရေးကြီးကို ကျွန်တော် သုံးလို့ရနေပြီလေ။
ကျွန်တော့်မှာ တက္ကသိုလ်တက်နေတဲ့ ကလေးတစ်ယောက်ရှိပါတယ်။ နောက်ထပ်ကလေးနှစ်ယောက်ကလည်း မကြာခင်မှာ တက္ကသိုလ်တက်ရတော့မှာ ဖြစ်တယ်။
ကလေးတွေရဲ့ ပညာရေးစရိတ်ကြောင့် ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ စီးပွားရေးကျပ်တည်းစ ပြုလာခဲ့ပါပြီ။ ဒီအတောအတွင်းမှာ ရာထူးလေးဘာလေးမှ
မတက်ရင်တော့ စီးပွား ရေးအခြေအနေက ပိုဆိုးလာဘို့ပဲ ရှိပါတယ်။ အခုကျွန်တော့်ရှေ့ကို ရောက်နေတဲ့ အခွင့်အရေးကြီးဟာ ကျွန်တော်ရာထူး တက်ဖို့အတွက်
အလွန်ကောင်းတဲ့အခွင့်အရေးပါ။ ကုမ္ပဏီရဲ့ ရောင်းဝယ်ရေးဌာန ဒုတိယဥက္ကဌကြီးက မကြာခင်မှာပဲ ပင်စင်ယူတော့ မှာဆိုတော့ ကျွန်တော့်အထက်လူကြီးက
သူ့နေရာကို ဝင်ရမယ်။ ကျွန်တော့်အထက်လူကြီးနေရာကို ဝင် မယ့်သူကတော့ ကျွန်တော်ပဲဖြစ်လိမ့်မယ်လို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပြောနေခဲ့ကြတာ
ကျွန်တော် ဒီကုမ္ပဏီကို ရောက်စတည်းကပါ။ ဒါပေမယ့်ပေါ့… လက်ရှိအရောင်းစံချိန်နှုန်းထား တက်မလာဘူးဆိုရင်တော့ ကျွန်တော် ဒီနေရာကို ရဘို့ မလွယ်ပါဘူး။ မလွယ်ဘူးဆိုတာကလည်း ခုနကလူကို အင်တာဗျူးမလုပ်မီ အချိန်ထိပေါ့လေ။ သူနဲ့ တွေ့ပြီးချိန်မှာ တော့ ကျွန်တော့်အတွက် ရာထူးတက်ဖို့ အခွင့်အခါကောင်း
ကို ရောက်ပြီဆိုတာ ကျွန်တော်သိနေခဲ့ပါပြီ။
အဲဒီလိုနဲ့ ကျွန်တော်ဟာ ဒေါသရယ်၊ သွေးဆောင်ခံရမှုရယ်၊ နှစ်ခုကြားမှာ ကပ်ညိနှောင်တည်းမိနေပြီဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ပါတယ်။ ဆုံးဖြတ်ရခက်ခဲပြီး
ကြံရာမရတဲ့ အဆုံးမှာတော့ လုပ်ဖေါ်ကိုင်ဖက် လုပ်သက်ရင့် မန်နေ ဂျာတွေကို တိုင်ပင်ကြည့်ဘို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
စာအုပ်ထဲက ဇာတ်လမ်းကို ဒီနေရာမှာပဲ ခဏ နားပြီး ကျွန်တော်တို့ ရွာသူားတွေကို လာတိုင်ပင်တယ်ဆိုပါတော့ ဗျာ။
ဒီဝန်ထမ်းကို ခန့်သင့်သလား။ မခန့်သင့်ဘူးလား။ ဘာကြောင့် ခန့်သင့်တာလဲ။ ဘာကြောင့်မခန့်သင့်တာလဲ ဆိုတာလေးကို ဆွေးနွေးကြည့်ရအောင်ပါ။
စာအုပ်လေးတစ်အုပ်ထဲက ဇာတ်လမ်းပါ။ နောက်အပိုင်းကျမှ စာအုပ်အကြောင်းပြောပါတော့မယ်။
44 comments
ကိုပေါက်(မန္တလေး)
November 17, 2011 at 9:27 am
1။ လျှိုဝှက်ချက်တွေသိတိုင်းလဲကိုယ်အောင်မြင်မယ်လို့တစ်ထစ်ချမပြောနိုင်ပြန်သလို သူပေးလာမယ့်
လျှိုဝှက်ချက်တွေကရော မှန်ပါမယ်လို့ ဘာနဲ့သက်သေပြမှာလဲ။
(လိန်ဆင်ကြီးအင်ကြီုးဆိုရင်တော့ ကွဲပြီ)
2။သူများအတင်းကို ကိုယ့်လာပြောသူက ကိုယ့်အတင်းကို သူများသွားပြောမယ်ဆိုတာနိုင်တယ်ဆိုတာကလဲ မေ့ထားလို့မရတဲ့အချက်တစ်ခု။
ကိုယ်ဆီမှာနေသွားပြိးမှ အခုလိုဘက်ပြောင်းသွားမယ်ဆိုရင်ကော။
(အဲဒါဆိုရင် နဂိုရ်ကမှပြိုချင်နေတဲ့ကိုယ် သေပြီဆရာဘဲ)
3။နောက်ဒီလူက အပြောမှာ သီအိုရီတွေမှာတော့ ဟုတ်နေတာပါဘဲ။
လက်တွေ့ကျတော့ရော ပြောသလောက်လုပ်နိုင်ပါမလား။
(မလုပ်နိုင်လို့ကတော့ ငွေကုန်အကျိုးမရှိဘဲ)
4။နောက်ဒီလောက်တော်တဲ့လူကို ဟိုဘက်က ဘာလို့များလက်လွတ်ခံလိုက်ပါသလဲ။
သူကိုအရင်အလုပ်ကပေးထားတဲ့ခံစားခွင့်နည်းမနည်းဆိုတာလည်းမေးကြည့်ရမှာဘဲ။
(သူနဲ့တန်တဲ့ ခံစားခွင့်ရနေတာတောင်မကျေနပ်တဲ့လူဆိုရင်တော့ သဲလိုလူစားဘဲဖြစ်မှာဘဲ)
သူ့မှာကောင်းမွန်တဲ့အကျင့်စာရိတ္တရော ရှိပါရဲ့လား။
(မရှိလို့ကတော့ ခံပေတော့ မစဉ်းစားနဲ့ဘဲ)
သူနဲ့နောက်ထပ်တစ်ခါ အင်တာထပ်ဗျူးဘို့ချိန်းလိုက်။
အပေါ်ကမေးခွန်းတွေ ကို သူ့ထပ်မေးလိုက်။
ပြီးရင်ချိန်ထိုးကြည့်လိုက်။
ပြီးရင်သူပြန်ဖြေတဲ့အဖြေပေါ်မှာ ကြည့်ပြီးဆုံးဖြတ်။
တကယ်လို့ ကြိုက်တယ်ဆိုရင် သုံးလအစမ်းခန့်လိုက်။
ဒါပေမယ့် သူ့ကို ဘယ်တော့မှ လုပ်ငန်းရဲ့ အရေးကြီးကိစ္စတွေ ကို ပေးမသိပါစေနဲ့နော်။
ကိုယ်လဲတတ်လို့မဟုတ်ပါဘူး။
ဝင်ပွားကြည့်တာပါ။
Diamond Key
November 17, 2011 at 9:32 am
မခန့်သင့်ပါဘူးလို့ ဖြေမယ့်ဖက်မှာ ကျွန်တော်ကို စရင်းသွင်းပေးပါ။
ဒီလိုလူကို ခန့်ရင် နောက်တစ်နေ့မှာ ကိုယ့် အတွက် မြွေပွေး ခါးပိုက် ပိုက်ထားရသလိုဖြစ်ရပါမယ်။
ကိုယ့်လုပ်ငန်းကလည်း ပြိုင်ဖက်တွေကို အောက်လမ်းနည်းနဲ့ ယှဉ်ပြိုင်ရာ ကျပြီး နာမယ်ဆိုးလည်း ထွက်လာတတ်ပါတယ်။
ကိုယ်ရေးကိုယ်တာ အခက်အခဲကို နားလည်ပေမယ့် စိတ်သန့်သန့်နဲ့ အနာဂတ်မှာ ရပ်တည်နိုင်ဖို့ကလည်း တစ်ဖက်မှာပါ။
အရာရာမှာ ရိုးသားစွာနဲ့ ယှဉ်ပြိုင်ရတာက မရိုးမသားရယူတာလောက်တော့ ဘယ်လိုမှ မလွယ်ကူပေမယ့် အောင်မြင်မှု အရသာနဲ့ အနာဂတ် ရလဒ်က မတူပါဘူး။
blackchaw
November 17, 2011 at 9:34 am
စိတ်ဝင်တစား ဝင်ဆွေးနွေးတာနဲ့တင် ကျေးဇူးတင်ပါတယ် ကိုပေါက်ရေ။
မနက်ဖြန်တင်မယ့်ပို့စ်မှာ စာအုပ်ထဲက တွေးပုံရေးပုံလေးတွေ ထည့်ရေးပါမယ်ဗျာ။
ဒါမျိုးကိစ္စတွေ ဖြစ်နေပြီဗျာ။ ကျင့်ဝတ်တွေ စောင့်ထိန်းကြဘို့ လိုနေပြီဗျာ။
အဲဒါလေး မီးမောင်းထိုးပြချင်တာပါ။ ကျေးဇူး ကိုပေါက်ရေ။
blackchaw
November 17, 2011 at 9:39 am
ချက်ခြင်းကို ကျေးဇူးတင်ပါတယ် ကိုစိန်သော့ရေ။
ဒီမိုကရေစီ က လာတော့မယ်ထင်ရတာပါပဲ။
ကျင့်ဝတ်စောင့်ထိန်းကြဘို့လည်း လိုအပ်နေပါပြီဗျာ။
xman
November 17, 2011 at 9:40 am
ကျင့်ဝတ်အတိုင်းဆိုရင်တော့ မခန့်သင့်ဘူး။
ဒါပေမယ့် ကျင့်ဝတ်စောင့်ထိန်းတဲ့ စည်းရှိတဲ့ စီးပွားရေးသမား/လုပ်ငန်း ဘယ်နှစ်ယောက်တွေ့ဘူးလို့လဲ။
ဒီလူက သစ္စာဖေါက်ဖို့ အမြဲအသင့်ဖြစ်နေတဲ့လူမျိုး ဆိုတာကိုယ်သိထားပြီလေ။
ဒီတော့ ချင့်ချိန်ရမှာက သူဒုက္ခပေးမှာကို ကိုယ်ကာကွယ်နိုင်မလားဆိုတာရယ်၊ သူ့ကိုအကျိုးရှိအောင် ကိုယ်သုံးနိုင်မလားဆိုတာရယ် ပေါ့။
ဒါကိုယ့်လုပ်ငန်းကို ဖျက်စီးဘို့ ဝင်လာတာ၊ ဒါမှမဟုတ် ထောင်ချောက်တခုလဲ အများကြီးဖြစ်နိုင်တယ်။
လုံးဝလျှော့မတွက်ပဲ သတိကြီးကြီးထားပြီး သုံးနိုင်ရင်တော့ အကျိုးရှိမှာပါ။ ကိုယ်ကတော့ သူ့ထက်သာရမယ်နော်။
ကိုယ်သာဆိုရင် အဲဒီလူကို ခန့်မလား ဆိုရင်တော့ – မခန့်ပါဘူး။
ကိုယ်မနိုင်လောက်ဘူးထင်တာရယ် ၊ အဲဒါထက် ကျင့်ဝတ်စည်းကမ်း မလိုက်နာတဲ့ လူမျိုး အဖြစ်မခံနိုင်လို့ပါပဲ။ အဲဒီနည်းနဲ့လဲ ပိုက်ဆံ သို့မဟုတ် အကျိုးစီးပွားကို ရှာမှာမဟုတ်လို့ပဲ။
အဲသလိုစည်းစောင့်နေရင် လုပ်ငန်းအောင်မြင်ပါ့မလား ဆိုရင်တော့ –
အနည်းဆုံး ဒီနိုင်ငံမှာတော့ အောင်မြင်ဘို့မလွယ်ပါဘူး။ သိပ်ကံကောင်းသူ သို့မဟုတ် သိပ်ထူးချွန်သူတွေမှအပ ကျန်ရိုးရိုးလူများ ပျာယာခတ် လုံးပါးပါး ပြီး ဆုံးရှုံးမှု့တွေ ကြုံတွေ့နိုင်ပါတယ်။
ကျွန်တော်က ကျန်ရိုးရိုးလူများ ထဲက တယောက်ပါပဲ။
blackchaw
November 17, 2011 at 9:44 am
“အဲသလိုစည်းစောင့်နေရင် လုပ်ငန်းအောင်မြင်ပါ့မလား ဆိုရင်တော့ –
အနည်းဆုံး ဒီနိုင်ငံမှာတော့ အောင်မြင်ဘို့မလွယ်ပါဘူး။ ”
ဟုတ်တယ်နော် ကို xman ရေ။
ကိုယ်တစ်ယောက်တည်း စည်းစောင့်နေရင်တော့
အဆင်ပြေဘို့ မလွယ်ဘူးထင်ပါတယ်။
zinmyotun
November 17, 2011 at 9:47 am
မခန့်သင့်ပါဘူး
ကိုရင်စည်သူ
November 17, 2011 at 10:04 am
ဒီလိုလူက အလုပ် ခန့်သင့်တယ်… ဒါပေမဲ့… သုံးလအစမ်းခန့်ထားလိုက်..
(ကိုယ့်ဘက်ကလည်း အပိုင်စာချုပ်နဲ့ ချုပ်ထားရမှာပေါ့။)
စီးပွားရေးတစ်ခုမှ ဒီလူ့ဆိုတဲ့သူဆီက အချက်အလက်တွေ ရမှ ပြန်အောင်မြင်
မယ်လို့တော့ မန်နေဂျာတစ်ယောက်အနေနဲ့ အတွေးမခေါင်သင့်ဘူး.. တခြားနည်းတွေနဲ့
လိုအပ်ချက်တွေကို သေချာပြန်စမ်းစစ်ဖို့ လိုအပ်လိမ့် ကျွန်တော်မြင်တယ်ဗျာ…
ခြံခုန်ဖူးတဲ့ နွားက ထပ်ခုန်နေဦးမှာပဲ… မန်နေဂျာက ပါးပါးနပ်နပ်နဲ့ အဲ့လိုလူတွေကို
ဦးနှောက်ဖောက်စားတတ်ဖို့ပဲလိုပါတယ်….
ဘယ်အလုပ်ပဲ လုပ်လုပ် လူဆိုတာ သစ္စာရှိရမယ်… ဒါမှာ ကြီးပွားမယ်.. တိုးတက်မယ်..
သစ္စာမရှိတဲ့ကောင်ကို ဘယ်သူမှ မယုံကြည်သလို ဘာမှလည်း ပုံအပ်ပြီး လွှဲအပ်မယ်မထင်ဘူး…။
ကျနော် ဝန်းကျင်မှာ သစ္စာရှိလို့ ချမ်းသာသွားကြတဲ့လူတွေ တစ်ပုံကြီးပဲ… ဒါကြောင့်..
၁။ ကိုယ်လုပ်နေတဲ့အလုပ်ကို သစ္စာရှိပါ။
၂။ အလုပ်ရှင်ဘက်က စတင်သစ္စာစောင့်တည်မှုမရှိက လုံးဝသစ္စာမရှိပါနဲ့…။
ကိုချောရေ… ကျနော်မြင်တာဒီလောက်ပဲဗျာ..
ကျနော် ပြောချင်တာက အဲ့လိုလူတော့ မသုံးစေချင်ဘူး… သုံးလည်းခဏပဲသုံး..
ပေါက်ဖော်
November 17, 2011 at 11:29 am
ဝုတ်ဒယ် ကစည်သွတ်
အခွင့်အရေး..၂ ခါမရဘူး….
လတ်တလောလိုအပ်နေတဲ့အချိန် ဆွဲစိထားလိုက်..
သူ ့မှာပါတဲ့..ပြိုင်ဘက်ရဲ့…အားနည်းချက်တွေ..ရသလောက်ယူ
တစ်ဘက်ကလဲ…ယုံကြည်ရတဲ့..အလုပ်သမားသစ် ရှာနေမယ်..
လူ ရပြီဆို..ငနာကို..ဂျောင်းခိုင်းလိုက်တော့..
ဒါမှမဟုတ်..ဆက်မလုပ်နိုင်အောင်..လခလျှော့
ရာထူးရှော့..ကိုယ့်ကို ဒုတ်ခပေးနိုင်တဲ့နေရာ မထားနဲ ့….ရှော ့ရှိလယ်..
မန်နေကြာ အနေနဲ ့..သူ ့ထက်တော့..အကွက်ရွှေ ့တတ်ဖို ့လိုတာပေါ့….နော့
အင်း..
ဆိုက်ကားသမားဦးနှောက်နဲ ့..ဝင်ဖောနေရတာ..ကိုယ့်ကိုယ်ကိုတော့ ရှက်သားဗျ
ကွိ..ကွိ..
😆
Gipsy
November 17, 2011 at 8:41 pm
ငဆိုက်သမားဥနှောက်က ဒလောက်ဆိုတော့ အထမ်းသမား ဥနှောက်နဲ့လူ
ပြေးပြီဗျို့… ဝင်ဖောဖို့ရာ မစွမ်းပါ….. တာ့တာ…။
inz@ghi
November 17, 2011 at 10:06 am
ခန့်ဝူးဗျာ …. တားတားချိုရင်ဒေါ့…..
သေချာဒယ် …
(အဲ့လို ကလိန်ချုံမျိုး ကို မခန့်ဝူး တခြား ရိုးသားသူကိုပဲ ထူးချွန်အောင်ပျိုးထောင်ပြီး ရအောင်
ကြိုးစားပြမယ် ဆိုပီး ဌာနတွင်း ကိုယ့်ကိုယ်ကိုယ် branding လုပ်ပစ်မယ် – ဒါကတော့ မြှုပ်ကွက် လျောက်ပြောရဝူးနော်)
ခုဟာက လူကလည်း spyလားမသိ data ကလည်း cooked လုပ်ထားတာဒွေလားမသိ
တခြားအရောင်းတက်အောင် လုပ်လို့ရမယ့်နည်းတွေ ရှိပါဦးမယ်ဗျာ…
ခေါ်ထလှာ ပြောသလို အခွင့်အလမ်းဆိုတာ စီးပွားကျနေတဲ့အချိန်မှာတောင် ရှိစမြဲပါတဲ့
ဘစ်ဇနက်မှ မဟုတ်ပါဝူး တကယ် ဆို ဘွမှာတောင်
ဘာမှ ရွေးစရာမရှိတော့တဲ့အချိန် ဆိုရင်တောင် ကိုယ့်ကိုကိုယ် သတ်သေတဲ့ နည်းကတော့
ရွေးစရာကျန်စမြဲ ပဲမဟုတ်လား…
(ဂျစ်ရို့ စဒါ တေနဲ့ ဦးနော် ဦးဦး..)
chitlay
November 17, 2011 at 10:10 am
မခန့်သင့်ဘူးလို့ထင်ပါတယ် … ဘာဖြစ်လို့လဲဆိုတော့ သူနှစ်ရှည်လများ လုပ်ခဲ့တဲ့ တစ်ဖက် ကုမ္ပဏီကိုတောင် သစ္စာဖောက်ရဲတယ်ဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ကိုယ့်ကုမ္ပဏီကိုလဲ သစ္စာမဖောက်ဘူးလို့ မပြောနိုင်ဘူးလေ … အဓိကကတော့ သူဟိုဘက်ကုမ္ပဏီကနေ ဘယ်လိုအကြောင်းကြောင့် ထွက်တာလဲ …
blackchaw
November 17, 2011 at 10:14 am
@ zinmyotun ကျေးဇူးပါဗျာ။
@ ကိုရင်စည်သူ – ကိုရင်ရေ၊ ကျွန်တော့်ကိစ္စ ဟုတ်ဘူးနော်။ စာအုပ်ထဲက ကိစ္စပါ။ ကျင့်ဝတ် နဲ့ ပတ်သက်လို့ ကျွန်တော်တို့
ပြင်ဆင်သင့်နေပြီထင်လို့ ဒီပို့စ်လေးတင်လိုက်တာပါ။ ဒီနေ့တော့ ခွဲတမ်းနှစ်ပုဒ်ပြည့်သွားလို့ မနက်ဖြန်မှ ဇာတ်
ကို ဆက်ပါမည်ခင်ဗျား။
@ inz@ghi – ဟေး ဂိုင်း လူဆိုး။ ညက ကိုယ်က အေမီလေး (ကိုယ်ကတော့ ဘလက်ကြီးကိုး နော) ကို ဆွေးနွေးနေတာကို။ အေမီ
က ဘာမှ ပြန်မဆွေးနွေးရဘူး။ နင်ကချည်းပဲ။ မသိရင်ပဲ … အေးလေ ရှင်တို့က marketer တွေကိုး။
lone
November 17, 2011 at 10:28 am
ခန့်သင့်လားမခန့်သင့်လားဆိုတာ ကိုဘလက်ချောကိုယ်တိုင် ဆုံးဖြတ်သင့်ပါတယ်။ company manager တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချသင့်ပါတယ်။ ကိုယ်လိုချင်တာတစ်ခု တည်း
အတွက် မတွေးဘဲ အဖက်ဖက်က စဉ်းစား သင့်တယ်ထင်ပါတယ်။ company ရဲ့ပစ္စည်းအရည်အသွေးကောင်းရင်တော့ ရောင်းအားက သူ့ဘာသာသူ ပြန်တက်လာနိုင်ပါတယ်။ ရာထူးတက်မှာ မမက်မောခင် ဒီလူကြောင့် ကိုယ်ဘာဖြစ်နိုင်လဲစဉ်းစားပါ။ သူများ company က အချက်အလက်တွေ ခိုးယူတဲ့ အတွက် မတော်တဆ တရားစွဲခံရမှာကိုလည်း စဉ်းစားပါ။ လူတော် ကိုပဲရှာပါ။
လူလည် ကိုမရှာပါနဲ့…။ အဘက်ဘက် က စဉ်းစားပြီး ခန့်ပါ လို့ပြောချင်ပါတယ်။…အခုခေတ်မှာ လူလည်တွေအရမ်းပေါပါတယ်။….သေချာကိုယ်ပိုင်အတွေးခေါ်နဲ့စဉ်းစားစေချင်ပါတယ်။ ……
forever
November 17, 2011 at 10:34 am
သူဟာ ကျွန်တော်တို့ရဲ့ မဟာပြိုင်ဘက် ကုမ္ပဏီကြီးကနေ မကြာခင်အချိန်ကလေးကမှ
အလုပ်ထွက်လာတဲ့ လူတစ်ယောက် ဖြစ်နေတာပါပဲ။ သူကအဲဒီမှာ အဆင့်မြင့်ဝန်ထမ်းတစ်ယောက်အဖြစ် ခြောက်နှစ်ကြာအောင် ထူးချွန်အောင်မြင်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူပါ။
အဲလိုလူမျိုးက အရောင်းသမား အလုပ်ကိုလာလျောက်တယ်ဆိုရင် သတိထားပေတော.ကိုချောရေ..
“ဒီ ဒစ်စ်ကတ် ထဲမှာ ခင်ဗျားတို့ ပြိုင်ဘက် ကုမ္ပဏီကြီးရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ အကုန်ပါတယ်ဗျ။ ကျွန်တော် အရင်တုန်းက လုပ်ခဲ့တဲ့ ကုမ္ပဏီကို ပြောတာလေ”
သူဆက်ပြောတာကတော့ ဒီဒစ်စ်ကတ် ထဲမှာ သူတို့ ဖေါက်သည်တွေရဲ့ အကြောင်း မကြာခင်မှာ ကျင်းပမယ့် လေ လံပွဲတစ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နဲ့
အပြိုင်ဆွဲမယ့် ပြိုင်ဘက်ကုမ္ပဏီကြီးက အကုန်အကျ မည်မျှခံမည်ဆိုသည့် အကြောင်း ပါတယ်ဆိုတာတွေ စုံလို့ပါပဲ။
ဒါဆိုသေချာပြီ ဒီလူဟာ ကိုဘလက် ခေါ်တဲ. အရောင်းသမားအလုပ်ကို လုပ်ချင်လို.ဝင်လာတာမဟုတ်ဘူး
သူ.ဆီမှာရှိတဲ. ခင်ဗျားတို.ပြိုင်ဘက် ကုပ္မဏီရဲ.သတင်းကိုရောင်းချင်လို. လာတာပါ
etone
November 17, 2011 at 10:45 am
လတ်တလော အမြင်အရတော့ မခန့်သင့်ဘူး ထင်ပေမယ့် …. မန်နေဂျာရဲ့ ထိတွေ့ ကိုင်တွယ်မှု အပိုင်းပေါ်အများကြီးမူတည်ပါလိမ့်မယ် … ဆိုလိုချင်တာက … ဒီလူ မခန့်သင့်ပါဘူး .. ဒါပေမယ့် .. ခန့်သင့်ပါတယ် … ။ ရှုပ်သွားပြီလား … ရှင်းပါဦးမယ်
မခန့်သင့်ဘူးဆိုတာကတော့ … သူအရင်ကုမ္ပဏီမှာခြောက်နှစ်တာ လုပ်ခဲ့သော်လည်း … ဘနှဖူးသိုက်တူးပြီး သစ္စာဖောက်ကာ ဒေတာတွေ ခိုးလာခဲ့တယ် … ကိုယ့်ဆီမှာရော … သူဒီလိုလုပ်ပြီး တခြားကုမ္ပဏီကို ပြန်မကူးဘူးလို့ မပြောနိုင်ဘူးလေ … ။ နောက်တစ်ခုက သူ့ဒေတာတွေက အမှန်မဟုတ်ပဲ … ကိုယ်က ယုံကြီးပြီးခန့်မိလျှင် ပြိုင်ဘက်က ထိုးကျွေးလိုက်တဲ့ စပိုင်ဖြစ်နေတဲ့ အခါ ရင်ခံရမှာပါ … ။
ခန့်သင့်တယ်ဆိုတာကတော့ … သူဟာ အန္တရာယ်ရှိတဲ့ အဆိပ်ပြင်းတဲ့ လူအမျိုးစားထဲကပေမယ့်…သူ့ရဲ့ အရည်ချင်း ၊ မာကတ်တင်း က ျွမ်းကျင်ပုံတွေက တခြားလူထက် ဈေးကွက်ကို ထိုးဖောက်နိုင်စွမ်းမြင့်မားတဲ့အတွက်ကြောင့်ပါ …. သို့သော် …. ဈေးကွက်ဖြန့်ကျက်မှု ၊ ဝယ်လက်ရှာဖွေမှုတွေလောက်သာ အသုံးချပြီး လူယုံတစ်ယောက်လို ကုမ္ပဏီက အတွင်းရေး ၊ ဒေတာတွေ မပြသင့်ပါဘူး … (ယုံမရတဲ့ အစားထဲကပါပဲ ) … အသစ်ဖြစ်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး ကိုုယ့် ဒေတာတွေ ကို ကာကွယ်ပါ .. စည်းကမ်းအရ ပါမန့်နန့် ဖြစ်မှ ကြည့်ရမယ်ဆိုပြီး အချိန်ဆွဲ မျှောထားပါ … အချိန်အတိုင်းတာ တစ်ခုကြာတဲ့ အခါ … သူ့ အရည်ချင်းကြောင့် မန်နေဂျာကြီးလည်း မျက်နှာပွင့်ပြီး … ရောင်းအားလည်း တက်ပြီးသားဖြစ်မှာပါ …. ။ အဲ့ဒီအချိန် ပြသနာမဟုတ်တာကို ပ ုံကြီးချဲ့ ပြသနာရှာ ဖိအားပေးပါ …. ။ ပုံကြီးချဲ့ ပြသနာရှာမှုတွေေြ့ကာင့် သူဒေတာတွေ တောင်းကြည့်ဖို့ မဝံ့မရဲ ဖြစ်နေပါလိမ့်မယ် … မျက်နှာပြောင်တိုက်ပြီး အတွင်းရေးဒေတာတွေသိချင်တယ် ပြောလာလည်း … ကြုံတွေ့နေရတဲ့ ပြသနာတွေ အရင် ရှင်းဦးဆိုပြီး ဆက်မျှောထားပါ … ။ ဘာမှ မရနိုင်ဘူးလို့ သိတဲ့ အချိန် ၊ သူ ခံနိုင်ရည်မရှိတဲ့ အချိန် ထွက်သွားပါလိမ့်မယ် … ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ နည်းပါပဲ … ။
သတိထားစရာ တစ်ခုတော့ရှိပါတယ် … ဒါကတော့ သူဌေးက ကိုယ့်ကို ယုံကြည်မှုပါပဲ … ။
မဟုတ်လျှင် ရောင်းအား တက်အောင် လုပ်နိုင်သူ လူတော်တစ်ယောက်ကို မိုက်မဲစွာ ကန်ထုတ်လိုက်တယ်လို့ … ကိုယ့်ကို အပြစ်တင်သွားနိုင်တာကြောင့်ပါပဲ … ။ သူအလုပ်က မထွက်ရပဲ .. ကိုယ်အနားရသွားနိုင်တာကြောင့်ပါ … ။ 🙂
( ကျွန်မရဲ ့အတွေး သက်သက်ပါပဲ …. လွတ်လပ်စွာ ကွဲလွဲ နိုင်ပါတယ်နော် … )
inz@ghi
November 17, 2011 at 11:05 am
ဈေးကွက်ဖြန့်ကျက်မှု ဝယ်လက် ရှာဖွေမှု သွားလုပ်မယ့်လူကို
လက်ထဲ ဘာဒေတာမှ မထည့်ပေးပဲ သွားခိုင်းလို့ ရမလားဗျ…
ဝယ်လက်က သူ့ တော်ကီမှာ မျောပြီး ဘာမှ မမေးဘဲ
ဘယ်ဝယ်လိမ့်မတုန်းဗျာ .. ဒါတော့သေချာပါတယ်
ကုန်ကြမ်းက ဘယ်လို ရွေးချယ်သုံးထားပါတယ်
ထုတ်လုပ်မှု မှာ ဘယ်လို အဆင့်တွေနဲ့ စနစ်တကျသွားပါတယ်
ကုန်ချော ဖြန့်ချိရေးမှာ ဘယ်လို channel တွေ ရှိပါတယ်
Sales သမား ရဲ့ အလုပ်က အဲ့ဒါတွေ ဝယ်လက်ကို ရှင်းပြရမှာဗျ…
သူ့ကို သည် data တွေ ပေးသိရလိမ့်မယ် …
သည်တော့ သည်အဖွဲ့အစည်းရဲ့အရေးပါတဲ့ အချက်ဟာ ဘာလဲ ဆိုတာ
သူ သိသွားလိမ့်မယ် …the unique selling point ကိုပြောတာပါ …
ဥပမာ
ကုန်ကြမ်းက အဆင့်မီပြီး ဈေးချိုတဲ့နေရာ ရထားလို့ price penetration နဲ့ရောင်းနိုင်တာလား..
ထုတ်လုပ်မှု မှာ ဘယ်လိုစက်တွေ သုံးနိုင်လို့ ဘာတွေ ပိုကောင်းသွားတာလဲ
ဒါမှမဟုတ် channel dealer တွေနဲ့ ဘယ်လို ဆက်ဆံရေးကောင်းတွေ ရှိနေသလဲ
တခုခုပေါ့ဗျာ
Spy ဖြစ်နိုင်ချေ ရှိတဲ့လူ ကို unique selling point ကို ပေးသိခြင်းကတော့
အလွန် အန ္တရာယ်များတယ် လို့ ထင်ပါတယ်…ဒါတောင် qualitative data နော်
quantitative မဟုတ်သေးဘူးfigure တွေ မပါသေးဘူး …
figure တွေလဲပဲ အတိုင်းအတာ တခုထိ အသိပေးရမှာပဲဖြစ်တယ်..
ဝယ်လက်က မေးတတ်ပါလိမ့်မယ် မောင်ရင်တို့ company တလရောင်းအားဘယ်လောက်ရှိသတုန်း တို့
xxx pack လောက် တလအတွင်း ဖြုန်းပေးနိုင်မယ်ဆိုရင် supply အလျင်မီအောင် ပေးနိုင်ပါ့မလားတို့
သည်တော့ကာ
မခန့်ဘူးလို့ ကျနော် အခိုင်အမာ ပြောတာပါ
သည်မန်နေဂျာ သူ့ စီနီယာတွေနဲ့ တိုင်ပင်ခဲ့တယ်ဆိုတဲ့အချက်ကတော့
သူ့အလုပ်တည်မြဲရေးအတွက် အန ္တရယ် ရှိတဲ့အချက် လို့ ဆိုချင်ပါတယ်
(သည်လို လူကို လက်လွှတ်ခံလိုက်ရမလား ဆိုတာနဲ့ ပတ်သတ်ပြီးတော့ပေါ့)
ဒါပေမယ့် အထက်က အချက်တွေကို အဖွဲ့အစည်းအတွင်း သေချာဆွေးနွေးတိုင်ပင်ယူရင်
အလုပ်ထိခိုက် စရာမလိုဘဲ ဖြေရှင်းနိုင်ပါလိမ့်မယ်ခင်ဗျား…
etone
November 17, 2011 at 11:47 am
No ! မဟုတ်သေးဘူး ဆြာဇာရဲ့ … ကျွန်မပြောတဲ့ ဘာဒေတာမှ မပေးဘူးဆိုတာ … အရေးကြီးတဲ့ ကုမ္ပဏီဒေတာတွေကိုပြောတာပါ … ။ သူများသိလျှင် အန္တရာယ်ရှိနိုင်တဲ့ ဒေတာတွေကို ပြောတာ။ … ဥပမာ – ရောမက်တီးဒီရယ်တွေရှိတဲ့ ဆပ်ပလိုင်ယာ အက်ဒရက်စ်တွေ ၊ သူတို့ဆီကရတဲ့ မားကတ် ပရိုက်စ်တွေ ၊ ကွန်တရက်စ်လုပ်ထားတဲ့ ကာလာအတွင်း ပစ္စည်းမှာလျှင် ရနိုင်မယ့် ဒလီဗာရီ ကွန်ဖန်မေးရှင်းတွေ ၊ ကုန်ပစ္စည်းရဲ့ နက် ဗဲလူးတွေ ၊ မားကတ် ဆဲလင်းပရိုက်စ်တွေ … ၊ နောက်ပြီး ဆပ်ပလိုင်ယာနဲ့ ပေးမန့် တန်းမ်တွေ အကြောင်း …. ၊ အကြီးမားဆုံးကတော့ ဘဏ့်ဒီတေးပါပဲ … ။ လုပ်ငန်းလုပ်တာ သက်တမ်းရင့်သန်မှုပေါ် မူတည်ပြီး ဆပ်ပလိုင်ယာနဲ့ … ဘိုင်ယာကြားက ရီလေးရှင်းရှစ်ပ်ကလည်း … အတော်..သက်ရောက်မှုရှိတယ် … ။ ဝယ်လက်ဆီကရမယ့် … ငွေလွှဲမယ့် ဘဏ်နဲ့.. ဆပ်ပလိုင်ယာကို လွှဲမယ့် ဘဏ့်အကောင့် နှစ်ခုသက်သက်ဖြစ်သင့်ပါတယ် … ။ အဲ့ဒီအကောင့်နှစ်ခုကို ဆွစ်ချ်လုပ်ပြီး ပိုက်ဆံ လည်ပတ်စေသူကတော့ … သူဌေးကိုယ်တိုင်ပဲ ဖြစ်သင့်တယ် … ။
သူ့အလုပ်ဟာ ဝယ်လက်ရှာရမယ် … ဝယ်လက်တွေကလည်း ငပိန်းမှ မဟုတ်ပဲ … ဆြာဇာပြောသလို ဘာမှ မမေးမြန်ပဲ ဝယ်ကြမှာ မဟုတ်ဘူးလေ … ။ ဒါကို ကျွန်မသဘောပေါက်ပါတယ် … ။ မာကတ်တင်း ဆင်းတဲ့နေရာမှာ …ဝယ်လက်ကို ရောလ် မက်တီးရီရယ်တွေဝယ်တဲ့ ဆပ်ပလိုက်ယာ ဒီတေးစ်ကိုလည်း ပြောစရာမလိုဘူး ။ ပရိုဒတ်ရှင်း ပရိုဆီဂျာကိုလည်း ဒီတေးလ် ရှင်းပြစရာမလိုဘူး ။ (သိချင်တယ်ဆိုလျှင် … အပေါ်ယံလောက်သာ အကြမ်းဖျဉ်းပြောပြလို့ရတယ် … ဒါကိုလည်း မန်နေဂျာက ..မားကတ်တင်းသမားကို သင်ပေးထားရမှာပါ … အဓိကက ကွာလဖိုင်း ပရော့ဒဏ်ဖြစ်တယ်ဆိုတာကိုတော့… ခေါင်းထဲ ရိုက်သွင်းပေးရမှာပါ … .) ဒါ့ပြင် ကုမ္ပဏီရဲ့ ထုတ်လုပ်နိုင်တဲ့ အရေတွက်ကိုလည်း ပြောပြစရာမလို ဘူးလေ … ။ကုန်ချောကို ဘယ်လိုဖြန့်နေတယ်ဆိုတာလည်း ဒီတေးပြောစရာမလိုပါဘူး …. ။ တကယ့်ကို မလိုအပ်လို့ပါပဲ … ။
ဝယ်လက်ကို သူပြောပြရမှာကတော့ … ဒီပစ္စည်းထဲမှာ … ဘာလေးတွေ အချိုးကျဖွဲ့စည်းပါဝင်တယ် … ။ကွာလတီကို ဘယ်လိုထိန်းတယ် … ။ ဘယ်လို အကျိုးပြုတယ် .. ။သက်တမ်းဘယ်လောက်ခံတယ် … ဒန်းမေ့ချ်ရှိလျှင် ဘယ်လိုလဲပေးတယ်ဆိုတာတွေအပြင် ပစ္စည်းပမာဏဘယ်လောက် အပေါ် ဘယ်လောက် အကျိုးခံစားခွင့်ရာခိုင်းနှုန်းရှိတယ် … ပိုက်ဆံပေးချေမှု လက်ငင်းဆို ဘယ်လောက်လျှော ့မယ် … အကြွေးဆို ဘယ်လောက်ဆိုင်းလို ့ရတယ် စတာတွေနဲ့ သူဆွဲဆောင်ရမယ်လို့ ကျွန်မထင်တယ် … ။ ပစ္စည်းမှာလျှင် ဘယ်လိုပို့ဆောင်ပေးတယ်ဆိုတာတွေလည်း လိုအပ်ပါတယ် … ။
(မောင်ရင်တို့ company တလရောင်းအားဘယ်လောက်ရှိသတုန်း တို့
xxx pack လောက် တလအတွင်း ဖြုန်းပေးနိုင်မယ်ဆိုရင် supply အလျင်မီအောင် ပေးနိုင်ပါ့မလားတို့ ) မေးလာခဲ့လျှင် … အလိမ္မာနဲ့ ဖြေရပါလိမ့်မယ် … ။ ရာသီဥတုပေါ်မူတည်ပြီးရော ၊ ကြော်ငြာထည့်ဝင်မှုပေါ် မူတည်ပြီးရော … ရောင်းအားက အတက်ကျရှိပါတယ် ဘာညာပေါ့ … ။ ဖစ်စ် လုပ်ထားလို့တော့မရဘူးပေါ့ …
တစ်လရောင်းအား ဘယ်လောက်ရှိသလဲ ကိစ္စ ဝယ်လက်ကိုပေးသိခွင့်မရှိရပါဘူး … ။ ဝယ်လက်က ကိုယ့်ရောင်းအားပေါ် မူတည်ပြီး … သူလည်း ဒီကုန်ပစ္စည်းတဆင့်ရောင်းလျှင် အရောင်းထိုင်းမလား ၊ မထိုင်ဘူးလား တွေးမှာမို့ပါ … ။ အော်ဒါ ကွာနတီကိုလည်း အဖက်တစ်ဗ်ဖြစ်နိုင်တာကြောင့်ပါပဲ ။
ထုတ်လုပ်မှု ပမာဏကိုလည်း ပေးမသိပါနဲ့ … လူကြီးမင်းတို့ မှာသလောက် ရစေရမယ်လို့လောက်သာ … ပြောရမှာပါ … ပရိုဒတ်ရှင်း လီးဒင်းတိုင်းမ်ကတော့ … လူကြီးမင်းတို့ ကုန်ပစ္စည်းပမာဏပေါ်မူတည်ပြီး … ဒီလောက်မှ ဒီလောက်အတွင်းဖြစ်ပါလိမ့်မယ်ဆိုတဲ့ အဖြေမျိုးပေးရပါလိမ့်မယ် …
တကယ်လို့များ သူပြောတဲ့ ပမာဏ ကိုယ့်ကုမ္ပဏီမှာ အချိန်မှီမပြီးနိုင်ဘူးဆို … အိုဗာတိုင်းမ်ဆင်းပြီး အလုပ်ချိန်ပိုလုပ်ခိုင်းတာမျိုး .. လူအင်အား ထပ်သုံးပြီး လည်ပတ်တာမျိုးဆို စောလျှင်စွာ ပြီးပါလိမ့်မယ ်… ။ ဒါပြင့်.. တခြား ကုမ္ပဏီကို ဆပ်ဗ်ကွန်ထရက်စ်ပေးပြီး ဖြန့်လုပ်ခိုင်းတာမျိုးဆိုလျှင် … အဆင်ပြေပါပြီ ။
( ကျွန်မရဲ ့အတွေး သက်သက်ပါပဲ …. လွတ်လပ်စွာ ကွဲလွဲ နိုင်ပါတယ်နော် … ) 😀
inz@ghi
November 17, 2011 at 11:59 am
အောင်မယ်ငီး
ဘားဂလိရှ်တွေ မူးနောက်တွားအောင် ဖတ်လိုက်ရပါကြောင်း….
ဆြာဘလက် က ethic အဓိကထားတဲ့ post လို့ ပြောလာလို့
contextပိုင်းနဲ့ပါတ်သတ်ပီး ပြန် မမန့်တော့ပါကြောင်း …..
ဒါပေမယ့်လေ ဂီ နောက်ဆုံးပြောချင်တာကတော့
ဆြာဘလက်လက်လည်း အရောင်းသမားလို့ ရေးထားပါတယ်
အဲ့လူကိုတော့ Marketing သမားရယ်လို့ တံဆိပ်မကပ်ပါနဲ့လို့
ရင်ဘတ်ထဲကအောင့်အောင့်လာလို့ပါဗျာ …
@ဆြာဘလက်ရေ..
ဟိုဘက်မှာလည်း တင်တဲ့ ဝင်တဲ့ ကိစ္စ
မန ္တလေးမှာ ငါးပါးမှောက်တဲ့ကိစ္စ တွေနဲ့
ဒီဘိတ်တွေ အတော် ခေတ်ထနေပါလားဟရို့
ဂေဇက်၂ခြမ်း ဗျမ်းဗျမ်းကွဲရင် ဆြာတို့ တရားခံနော် သဂျီး
တားတားပါဝူး…
etone
November 17, 2011 at 1:18 pm
ဆြာဇာ မူးသွားရင် နှာခေါင်းချိုးပေးးးးးးးး အဲ … အဲ .. နှာ နှပ်ပေးမယ်လို့ .. ဟီး 😀
thit min
November 17, 2011 at 10:52 am
အဲဒီလိုလုပ်လို့မရတဲ့ခေတ်မို့အဲဒီဘဲသူများနည်းတူလုပ်ကြမယ်ဆိုရင် လောက ပျက်စီးရာပျက်စီးကြောင်းပါဘဲ။
ရွာထဲကလူတွေကို တယောက် အရက်တပုံးစီ ယူလာပြီး ဒီ စဉ့်အိုးကြီးထဲ ထဲ့ကြဆိုတဲ့ပုံပြင်လို “ငါတယောက်ထဲရေ
တပုံးထဲ့လိုက်လို့ ဘယ်သူမှ မသိပါဘူးကွာ”ဆိုတဲ့အတွေးနဲ့ လူတိုင်းလာထဲ့၊ နောက်ဆုံးတော့အားလုံး ရေ တွေဆိုတဲ့
ပုံပြင်လိုပါဘဲ။
ယနေ့ မြန်မာပြည်ကြီးမှာ သူများအဲဒီလိုလုပ်လို့ ကိုယ်မလုပ်ရင်ရပ်တည်လို့မရတော့ဘူး ဆိုပြီး လိုက်လုပ်တော့
ကိုယ်လဲသူများလို ဘဲ မရိုးသားသူဖြစ်ရော။
နောက်တော့ ယုံကြည်ရိုးသားမှူ ရှိသူဆိုတာ တော်တော်ရှားသွားတဲ့ နိုင်ငံကြီးဖြစ်သွားရော။
သုံးစားလို့မရတဲ့ နိုင်ငံကြီးဖြစ်သွားရော။
အားလုံးက ထင်နေတယ်။
ဒီလိုခေတ်ကြီးမှာ ချမ်းသာတာ၊ နည်းပညာတွေတိုးတက်တာ တန်ဖိုးရှိတယ်လို့။
မဟုတ်ဘူးဗျ။
ဒီခေတ်မှာ တန်ဖိုးအရှိဆုံးအရာက ရိုးသားမှုကိုအဓိကအခြေခံတဲ့Trust ယုံကြည်ရမှု။
ကမ္ဘာပေါ်မှာ ဆွစ်ကဘဏ်တွေ ၊လွိုဒ်လို အာမခံ Company ကြီးတွေ စားပွဲ ဘဲ ဆိုက်ပြီး ကြီးပွါးနေတာအဲဒီ Trust ကြောင့်ဘဲ။
ကိုယ်က အလုပ်မှာ မရိုးသားတဲ့ ပြိုင်ဆိုင်မှုနဲ့လုပ်တတ်ရင် ကိုယ်မိသားစုကိုရော ရိုးသားအုန်းမှာလား။
ကိုယ့်မိန်းမကရော အဲဒါကိုကြည့်ပြီး ဒါမျိုးလုပ်လို့ရတာဘဲ ဆိုပြီး လိုက်လုပ်မယ်။
ကဲ ဘာတွေဖြစ်ကုန်မလဲ။
ဆရာမောင်စိန်ဝင်းလဲ ပြောခဲ့ပြီ၊ ဗိုလ်ချုပ်အောင်ဆန်းလဲပြောခဲ့ပြီ …
Character စာရိတ္တနဲ့ Love the truthအမှန်တရားကိုချစ်မြတ်နိုးခြင်းတဲ့၊
လူသားတိုင်းအတွက် အရေးကြီးဆုံးတွေ။
ကိုဘလက်ရေးထားတဲ့စာမျိုးက နှစ်ခါစဉ်းစားစရာမလိုတဲ့ စာမျိုး။
လု လူ လူး
“လု” ပြီး ရပ်တည်ပြီး ကိုယ်လဲသူ့မယုံရ သူလဲကိုယ့်မယုံရ ဘဝမျိုးနဲ့နေမလို့လား။
မကောင်းမှု စိတ်အညစ်အကြေးတွေ “လူး” ပြီး ညစ်ပတ်ထားတဲ့ဘဝမျိုးနဲ့ နေမလို့လား။
“လူ” လို သူ လို လူ ပီပီသသ နေမလား။
ကိုယ်မရိုးသားရင်၊မရိုးသားနဲ့သူနဲ့လက်တွဲပြီးလုပ်ရင် အဲဒီ မရိုးသားမှုကိုယ့်ဆီပြန်ရောက်လာမှာ သေချာတယ်။
“ဘယ်လောက် ငွေနဲ့ ကိုယ့်ကိုကိုယ် ရောင်းစားဘို့ ကြံစည်နေတာလဲ”
ကိုယ်တန်ဖိုးကိုယ်ဖြတ်ပေါ့ဗျာ။
(နဲနဲ ကြမ်းသွားရင်ခွင့်လွှတ်ကြ၊ ချစ်လို့ ၊ဖြစ်စေချင်လို့ ၊ စုတ်ပြတ်သတ်နေတဲ့မြန်မာပြည်ကိုပြန်ပြီး
ထူထောင်ရမဲ့သူတွေ မှာ ရှိသင့် ရှိအပ်တဲ့ စိတ်ထားတွေရှိ ဖို့ ပြောပြတာပါ)
inz@ghi
November 17, 2011 at 11:07 am
အောင်မယ်ငီး အတွေ့နောက်ကျလေခြင်းဆြာတမားရဲ့
ဆြာရေးတာ မမြင်လိုက်လို့ ..ဂီ့တယောက် အရှည်ရီး မန့်လိုက်ရပါသည်ခညား…
မောထှာ…
blackchaw
November 17, 2011 at 10:57 am
@ chitlay – အကြံဉာဏ် ပေးတာကျေးဇူးတင်ပါတယ်။
@ lone – lone ရေ၊ ဒါ ကျွန်တော် ရင်ဆိုင်နေရတဲ့ ပြသနာ တစ်ခုမဟုတ်ဘူးလေ။ စာအုပ်ထဲက မူရင်းအတိုင်း
ရေးပြထားတာပါ။ ကျွန်တော်က ရွာသူားတွေဆိုရင် ဘယ်လိုတွေးကြမလဲ ဆိုတာ သိချင်တာနဲ့ ပို့စ်တင်လိုက်တာလေ။
ခေါင်းစားပေးတဲ့ အတွက် ကျေးဇူးပါဗျာ။
@ forever – ကိုငြိမ်းလူရေ၊ အကြံဉာဏ်ပေးတာ ကျေးဇူးပါဗျာ။
@ etone – ဦးနှောက်စားပေးတာအတွက် ကျေးဇူးတင်တယ် etone မရေ။ တခြားပို့စ်မှာ ပေးတဲ့ ကွန်းမန့် ထက် ဒီပို့စ်မှာ ဦးနှောက် – ဝင်စားပြီး ပေးတဲ့ ကွန်းမန့် တွေကို ပိုပြီး တန်ဘိုးထားပါတယ်ဗျာ။
blackchaw
November 17, 2011 at 11:07 am
@ thit min – ကိုသစ်ရေ။ ကျွန်တော်ရေးထားတာလေးက ဇာတ်လမ်းလေးတစ်ပုဒ်ပါပါတယ်ဗျာ။ သူ့မှာ လုံးဝအကျဉ်းအကျပ်ထဲ ရောက်နေတဲ့ အနေအထား။ ဒီလူကို ခန့်လိုက်ရင် သူလောလောဆယ် အဆင်ပြေသွားမယ်ဗျာ။ ဒါပေမယ့် ခုန ကိုသစ်ပြောသလိုပဲ
ဒီလူကို သူကိုယ်တိုင် ဒေါသဖြစ်နေတယ်ဆိုတာလည်း ဖေါ်ပြထားပါတယ်။ လူတွေ အများကြီးဖတ်တဲ့ မီဒီယာ တစ်ခုမှာ တော့ ဒါဟာ စဉ်းစားစရာ မလိုတဲ့ ကိစ္စပါ။ လူမသိသူမသိ ဆုံးဖြတ်ရမယ့် ကျင့်ဝတ်ဆိုင်ရာ ကိစ္စတွေမှာတော့ လူတွေ ရိုးသားနိုင်ပါ့မလား၊ ရိုးသား ရဲပါ့မလား။ အဲဒါလေးကို ဆွေးနွေးချင်တာပါဗျာ။
အီးတီ
November 17, 2011 at 11:20 am
လူ ့ကျင့်ဝတ်တွေနဲ ့စဉ်းစားရင်တော့ မခန် ့သင့်ပါ။ သူ ့အကျင့်ကလည်း ကောင်းမည့်ပုံမပေါ်ပါ။ တစ်ချိန်ကြ
ရင်ကိုယ့်ကို အဲဒီလိုပြန်လုပ်သွားနိုင်ပါတယ်။ ကိုယ့်ဘက်မှာ မိသားစုအခက်အခဲရှိရင် တခြားနည်းလမ်းသုံး
ကြည့်ပါလား။ ပိုက်ဆံပေးပြီး ညှိကြည့်ပါလား။ ရာထူးတက်ဖို ့ အရမ်းလိုအပ်မယ်ဆိုရင်ပေါ့။ အလုပ်ခန် ့မှ
ဒစ်စ်ကတ်ပေးမယ်ဆိုရင်တော့ ခန် ့မနေနဲ ့တော့။ ကိုဘလက်ရဲ ့ကုပ္မဏီကို အကြံနဲ ့ဝင်လာတာဘဲ ဖြစ်မှာ။
သိပ်တော့လည်းစိုးရိမ် စရာမရှိပါဘူး။ ကိုဘလက်က တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ရာထူးတက်ဖို ့
သတင်းထွက်နေတာနဲ ့တင် ကိုဘလက်ရဲ ့ပြိုင်ဘက်တွေပေါ်မှာ တော်တော်အသာစီးရနေပါပြီ။ ရာထူးတက်
ရင်တော့ ရွာသူားတွေကို မမေ့နဲ ့နော် 🙂 ။
Moe Z
November 17, 2011 at 11:32 am
Honesty is the best မို့လို့ မိုးစက်ဆိုရင်တော့
အန္တရာယ်များတဲ့ကစားပွဲကို လုံးဝမစဘူး
တစ်ခါသစ္စာဖောက်ဖူးတဲ့သူက နောက်တစ်ခါဆိုတာကို ဝန်လေးမှာမဟုတ်ဘူးလေနော်..
inz@ghi
November 17, 2011 at 11:34 am
တွေ့လား သင်္ဘောသီး မိုးဇိလေးက တားတားတို့ဘက်က
မှန်ပါ့ မိုးဇိလေးရယ် ..တူရို့က သင်္ဘော ခနခနပြောင်းစီးနေဒဲ့သူဒွေဆိုတော့
တိလယ်မလား …
blackchaw
November 17, 2011 at 11:44 am
@ အီးတီ ၊ Moe Z ၊ ပေါက်ဖေါ် တို့ ကျေးဇူးပါဗျာ။
ကျွန်တော် ဒီနေ့ Ethic နဲ့ ဆိုင်တဲ့ ပို့စ် နှစ်ခု တင်ဖြစ်ပါတယ်။
Ethic က ကျွန်တော်တို့ ခင်ဗျားတို့ အတွက် တကယ်ရှိဘို့ အရေးကြီးလာပါပြီ။
ကျွန်တော်လည်း Ethic တွေဘာတွေ သိတ်အလေးထားတဲ့ ကောင် မဟုတ်ပါဘူး။
ဒါပေမယ့် ဒါဟာ တကယ်ကို လိုအပ်နေပြီ ဆိုတာ မီးမောင်းထိုးပြချင်တာပါဗျာ။
လူရှေ့သူရှေ့မှာတော့ လူတိုင်း Ethic ရှိသယောင် ထင်ရပေမယ့်
လူမသိသူမသိ ဆိုရင်ရော Ethic စောင့်ထိန်းဘို့ မလိုဘူးလား။
တကယ် စေတနာနဲ့ တင်တဲ့ ပို့စ် တစ်ခုပါ။
ကွန်းမန့်ပေးသူအားလုံးကို လေးလေးစားစား ကျေးဇူးတင်ပါတယ်။
winkyawaung
November 17, 2011 at 11:59 am
ဒီလူက ယနေ့မြန်မာနိုင်ငံထဲက နိုင်ငံရေးသမားတစ်ချို့ နဲ့တူနေပါတယ်။ အရင်ခေတ်ကလည်း ကောင်းတဲ့နေရာမှာနေပြီး ရသမျှအခွင့်အရေးတွေကိုယူလာတယ်။ ယခုဒီမိုကရေစီခေတ်ရောက်ပြန်တော့လဲ……? ဒါကြောင့် မခန့်သင့်ပါဘူး။
nozomi
November 17, 2011 at 12:17 pm
ဆရာချော ဘရိန်းစတောင်းမင်းလုပ်နေပါတယ်ဗျို့
၁-ခြံခုန်ဘူးတဲ့ နွား ထပ်ခြံခုန်မှာပါပဲ ( ခုန်တာကို မှားပါတယ် လို့ ခံယူထားသူဆို တစ်မျိုး ပေါ့)
၂-သူ့ကို အတည် မခန့်ပဲနဲ့ သူဒေတာ တွေ မရနိုင်ပါဘူး ( ဒေတာတွေက အတုဖြစ်နိုင်သလို၊ ကိုယ့်လိုအပ်ချက်ကိုသိလို့ ဟိုဘက်ကလွှတ် လိုက်တဲ့ သူလဲ ဖြစ်နိုင်ပါတယ်)
၃-မတရားနည်းနဲ့ ရလာတဲ့ အောင်မြင်မှုက အကြာကြီး မခံပါဘူး ( ဘိလပ်မြေ အတုနဲ့ဆောက်ထားတဲ့ တိုက်လို တခြား ပရောဂ မပါတောင် သူပါသာ ပြိုဘို့ လွယ်နေပါတယ်)
၄-သူရဲ့ လုပ်ရပ်ကို ဒေါသဖြစ်တဲ့စိတ် ပေါ်လာတဲ့ လူမျိုးဆိုတော့ မမှန်တဲ့ လုပ်ရပ်ကို မကြိုက်တဲ့သူဆိုတာ သိသာပါတယ် ၊ ဟိုလူကိုခန့်လိုက်မိရင် ကိုယ့်ကိုယ်ကိုယ် နောင်တရနေတော့မှာ)
……………….
မခန့်သင့်ပါ
decemberthel
November 17, 2011 at 3:20 pm
သူများကိုလည်းသစ္စာမရှိခဲ့ရင်ကိုယ့်အပေါ်ကိုလည်းသစ္စာမရှိနိုင်ပါဘူး။
blackchaw
November 17, 2011 at 4:14 pm
ကဲ ကျွန်တော် မနက်ဖြန်အထိ မစောင့်တော့ပါ။ မနက်ဖြန် ရမယ့်ခွဲတမ်း ၂ ပုဒ်မှာ
၁ ပုဒ်နာပါတယ်ဗျာ။ ရေးတော့ရေးပြီးသားပါ။ ဒါပေမယ့် လိုရင်း အချက်လေး တွေပဲ
ကွန်းမန့်ကရေးလိုက်ပါတော့မယ်။
နောက်ဆုံးမှာတော့ ဒီလုပ်ငန်းနယ်ပယ်ထဲက မဟုတ်တဲ့ လူတစ်ယောက်ဆီကနေ
အကြံဉာဏ်ယူဘို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော်ဟာ အကြံဉာဏ်တောင်းဘို့အတွက် ကောလိပ်အတူတက်ခဲ့တဲ့ သူငယ်ချင်းအမျိုးသမီးတစ်ဦးကို ပြေးသတိရလိုက်ပါတယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့
ဝန်ထမ်းတွေကို ကိုယ်ကျင့်သိက္ခာဆိုင်ရာ မြှင့်တင်ရေး အစီအစဉ်မှာ တာဝန်ခံအဖြစ် ဆောင်ရွက်နေတဲ့သူပါ။ ဒါနဲ့ သူ့ဆီကနေ အကြံဉာဏ်ယူရရင်ကောင်းမယ်လို့ ကျွန်တော်တွေးမိပါတယ်။ သူပေးတဲ့ အကြံဉာဏ်အရ
ဒီလိုကိစ္စတွေမှာ အောက်ကအချက် ၃ ချက်နဲ့ ညှိပြီး စဉ်းစားပါတဲ့။
၁။ ဒီကိစ္စဟာ တရားဥပဒေနဲ့ ညီညွတ်ရဲ့လား။
တိုင်းပြည်ရဲ့ဥပဒေ၊ ကုမ္ပဏီရဲ့ မူဝါဒကို ဆန့်ကျင်သလား။
(နိုး- မညီပါဘူး)
၂။ ဒီကိစ္စဟာ ဟန်ချက်ညီမျှတရဲ့လား။ ကာလတို၊ ကာလရှည် နှစ်မျိုးစလုံးမှာ
ဒီကိစ္စထဲ ပါဝင်ပတ်သက်ရသမျှ လူအားလုံး မျှမျှတတ ရှိရဲ့လား၊
ဘယ်သူမှ မသာမနာစေရဆိုတဲ့ အခြေအနေကို ဖန်တီးနိုင်ရဲ့လား။
(နိုး- မမျှတပါဘူး)
၃။ နောက်ပိုင်းမှာ ငါဘယ်လိုခံစားရမလဲ။ ဒီလုပ်ရပ်ကြောင့် ငါ ဂုဏ်ယူရမလား။
ဂုဏ်ယူရတယ်ဆိုရင် အဲဒီကိစ္စကြီးကို သတင်းစာထဲမှာ ထည့်ရေးမယ်ဆိုရင် ရေးရဲမှာလား။ ကိုယ့်မိသားစုသိသွားရင်ရော ဘယ်လိုနေမလဲ။
(နိုး – ဂုဏ်ယူစရာ မကောင်းပါဘူး)
ဒါနဲ့ ဒီဝန်ထမ်းကို အလုပ်မခန့်တော့ဘို့ သူရဲရဲရင့်ရင့် ဆုံးဖြတ်နိုင်ခဲ့ပါတယ်တဲ့။
ဒီလို ဆုံးဖြတ်ရခက်တဲ့ ကိစ္စမျိုးတွေ ကြုံလာခဲ့ရင်
အထက်ပါ မေးခွန်းသုံးခုကို အခြေခံပြီး ဆုံးဖြတ်ပါလို့ ဆိုပါတယ်။
ရွာသူားတွေ စိတ်အနှောက်အယှက်ဖြစ်ကြရင် ခွင့်လွှတ်ပါဗျာ။
water-melon
November 17, 2011 at 5:46 pm
အစ်ကို ဘလောချက် ဆုံးဖြတ်ချက်မှန်ပါတယ်။ bravo 🙂
MaMa
November 17, 2011 at 6:57 pm
ကိုဘလက်ရေ- စာဖတ်ပြီး သူများမန့်တာတွေ အကုန်မဖတ်ပဲ မန့်လိုက်ပါတယ်။ သူများစာတွေ ဖတ်ပြီးရင် အိုင်ဒီယာတွေ ပြောင်းကုန်မှာစိုးလို့ 😀
အဲဒီဝန်ထမ်းရဲ့ အကျင့်စရိုက်ကို ဆန်းစစ်မယ်ဆိုရင် သူတပါးရဲ့ အကျပ်အတည်းကို အခွင့်ကောင်းယူတတ်သူ၊ ကိုယ်တာဝန်ယူလုပ်ကိုင်နေရတဲ့ အခွင့်ရေးအချက်အလက်ကို အလွဲသုံးစားလုပ်သူလို့ မှတ်ချက်ချပါတယ်။
ပါမောက္ခချုပ်ဆရာတော် ဟောတဲ့ တရားတော်ထဲမှာ လူရယ်လို့ ဖြစ်လာရင် လူကောင်းလို့ဆိုတဲ့ အကျင့်စာရိတ္တကောင်းမွန်တာရယ်၊ လူတော်လို့ဆိုတဲ့ အသိပညာဗဟုသုတရှိတာ တော်တာတတ်တာ နှစ်မျိုးလုံးနဲ့ ပြည့်စုံရမယ်တဲ့။ တကယ်လို့များ အဲဒီနှစ်ခုထဲက မဖြစ်မနေ တစ်ခုပဲ ရွေးရမယ်ဆိုရင် ကောင်းတယ်လို့ဆိုရဲ့ ကိုယ်ကျင့်သီလကို ရွေးရမယ်လို့ မှတ်သားဖူးပါတယ်။
အဲဒါကြောင့် အဲဒီဝန်ထမ်းကို လုံးဝ မခန့်သင့်ဘူးလို့ ဆုံးဖြတ်ချက်ချပါတယ်။
windtalker
November 17, 2011 at 7:17 pm
ကိုဘလက်ပြောတဲ့ လူစားမျိုးကို တွေ ့ဖူးတယ်ဗျ
ပိုက်ဆံချမ်းသာသွားခဲ့ရင်တောင် တစ်သက်လုံး ကျက်သရေ ရှိမယ့် လူစားမျိုးမဟုတ်ဘူးဗျို ့
များသောအားဖြင့်လဲ အဲ့လိုလူစားမျိုးဟာ ကြီးပွားတိုးတက်တယ် ဆိုတာ မတွေ ့ဖူးသေးဘူးဗျို ့
blackchaw
November 17, 2011 at 7:20 pm
@ MaMa – ကျေးဇူးပါ မမရေ။
လူတစ်ဦးချင်းစီရဲ့ လုပ်ငန်းအဆင့်ဆင့်မှာ ကြုံတွေ့ရတဲ့ ပြသနာမျိုးစုံအတွက် ကျင့်ဝတ်သိက္ခာပိုင်းအရ မှန်ကန်မှုရှိမရှိ စိစစ်ပေးတဲ့ မေးခွန်း သုံးခု ပေးထားပါတယ်။
အဲဒါလေးတွေနဲ့ ညှိပြီး ဆုံးဖြတ်ချက်ချဘို့ အကြံပေးထားပါတယ်။
@ water-melon – ကျေးဇူးပါဗျာ။
@ nozomi – ကွန်းမန့်လေး ချီးမြှင့်ပေးတဲ့ အတွက်ကျေးဇူးပါဗျာ။
@ winkyawaung , decemberthel
ကွန်းမန့်လေးတွေ အတွက် ကျေးဇူးပါဗျာ။
စဉ်းစားဆင်ခြင်စရာလေးတစ်ခုခု ရကြပါစေဗျာ။
blackchaw
November 17, 2011 at 7:31 pm
ကျေးဇူးပဲ ကိုပေရာ။ ကိုယ့်ပို့စ်မှာ ကိုယ်ဝင်မန်းနေတာ
သိတ်များသွားတယ်ဗျာ။ မှတ်မှတ်ရရ ကျေးဇူးတင်စကား ပြောချင်လွန်းလို့ပါ။
antimoe
November 17, 2011 at 8:38 pm
အခုခေတ်မှာတော့ memory stickနဲ့ ဘာပဲ သယ်ထုတ်သယ်ထုတ်
အပြင်ကို သယ်ထုတ်လို့ရနေပြီလေ။
မေးလ်နဲ့လဲ ခိုးထုတ်လို့ရနေတယ်မို့လား။
လွယ်ရင် သူကြွယ်တောင်ခိုးတယ်ဆိုတဲ့ စကားပုံအလကားရှိတာမဟုတ်ဘူး။
ဒါပေသည့်….ဘယ်လောက်ပဲလွယ်လွယ် မခိုးတာကမှ လူကောင်းပါ။
လူကောင်းတစ်ယောက်ဟာ ဘယ်နေရာမှာဖြစ်ဖြစ် တင့်တယ် တယ်။
လူမကောင်းရင်တော့ ဘယ်လောက်တော်တော် တန်ဖိုးမဲ့ပါတယ်။
အလုပ်ရှင်အတွက်တော့……မြွေပွေးခါးပိုက်ပိုက်ထားရသလို ဖြစ်နေပါမယ်။
ကုမ္ပဏီဖွင့်စက…..ဒီလိုလူတွေ …လာလျှောက်တာ….ကြုံခဲ့ရတယ်။
ကိုယ်ပိုင်ပစ္စည်းမရှိသူလို့ ယူဆပါတယ်။
သူများပစ္စည်းနဲ့ လာကြွားနေတာကိုး။
အခုလည်း …..ထွက်ရင်…..industryတူတဲ့နေရာမှာ ပြန်အလုပ်လုပ်ရင်
အမည်ပျက်……ကြော်ငြာမယ်….ဆိုတဲ့…..စည်းကမ်းချက် ထားထားရတယ်။
လုပ်တော့လည်း ဘာတတ်နိုင်မလဲ။
အများဆုံးကတော့ recommendationမလုပ်ပေးတာပဲပေါ့။
မရိုးသားရင်….ဘယ်လောက်ပဲကြိုးစားကြိုးစား…..အကျိုးမများမှာ သေချာတယ်။
ကြောင်ကြီး
November 18, 2011 at 11:51 am
business ethics ဆိုတာ ပြောရတာ ခက်တယ်ဗျ၊ သိပ်သီအိုရီ ဆန်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကလည်း grey line လုပ်သင့်၊ မသင့် မထင်ရှားဘူး။ စီးပွားရေးလုပ်မှတော့ အမြဲတမ်းကောင်း မနေနိုင်င်ဘူး။ ကိုယ်ကမလုပ်ချင်တောင် လုပ်ရင်းလုပ်ရင်းနဲ့ ဖြစ်သွားတာ၊ သူများကတွန်းလို့ ဖြစ်ရတာ အမျိုးစုံရှိတယ်။ အကောင်ကြီးလာလေ လိုအပ်ချက် များလာလေ၊ ပုံမှန်လမ်းကြောင်းများကနေ အစာလုံလုံလောက်လောက် မရနိုင်တော့လေပဲ။ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်၊ အခြေအနေက ကျားတကောင်လို ရက်စက်ရမယ်၊ လျင်မြန်ရမယ်ဆိုရင် ခက်ပြီ။ ကျားဖြစ်မှတော့ တောကောင် သတ်မစားလို့ မရဘူး။ မစားခဲ့ရင် ကိုယ်သေမှာလေ၊ မသေလည်း ကိုယ့်နယ်မြေကို ကာကွယ်စောင့်ရှောက်ဖို့ အားအင်ကလည်း လိုသေးတယ်။ ကျနော်လည်း စီးပွားရေး ကျင့်ဝတ်နဲ့ဆိုင်လို့ ပို့စ်တပုဒ်ရေးဖို့ရှိတယ်၊ စိတ်မပါသေးလို့။
အခုပို့စ်မှာတော့ အဲဒီလူကို မခန့်သင့်ဘူး၊ အန္တရာယ်များလွန်းတယ်။ သာမန်အားဖြင့်တော့ အလုပ်သမားဖြစ်မဲ့သူထက် အလုပ်ရှင်ကသာ ပြိုင်ဖက်ဆီက အချက်အလက်တွေ သယ်လာမလားလို့ မေးဖို့များတယ်။ အလုပ်သမားလုပ်မဲ့သူက အဲသလိုလုပ်ဖို့ အကမ်းအလှမ်း မခံရဘဲနဲ့ အမိုက်ခံမပြောဘူး။ လည်လည်ပတ်ပတ်ရှိလို့ပဲ ဒေတာတွေ အကုန်လုံးကို ခိုးယူနိုင်ခဲ့တာလေ။ အချို့ကုမ္မဏီကြီးများမှာ သာမာန်ဝန်ထမ်းတွေသုံးတဲ့ ကွန်ပြူတာတွေမှာ cd drvive ထည့်မပေးဘူး။ အဲသလို ခိုးသွားမှာဆိုးလို့။
ကိုနက်ချော ပြောသလို ဖြစ်ခဲ့ရင် ပိုင်ရှင်၊ မန်နေဂျာအပေါ် မူတည် ဆုံးဖြတ်မယ်ထင်တယ်။ ကိုယ်ကသူများထက်လည်ရင်၊ အဲဒီလူလိုပဲ စရိုက်ရှိရင် မြွေမြွေခြင်း ခြေမြင်လို့ သူ့လိုပဲ လုပ်ရဲကိုင်ရဲရှိမယ်၊ လူမိုက်လူလည်များကို ထိန်းနည်းသိမယ်။ မာဖီးယားဂိုဏ်းခေါင်းဆောင် အဖို့ ဥပဒေကိုလေးစားလိုက်နာတဲ့ လူစွမ်းကောင်းများ မလိုအပ်ဘူး။ တိုက်ရဲခိုက်ရဲ မိုက်ရဲသူများသာ ရှာနိုင်မှဖြစ်မှာ။ ကိုယ်ကလူကောင်းလူအေး မဟုတ်တာ သိပ်မလုပ်တတ်သူ ဆိုရင်တော့ မြွေပွေးခါးပိုက်မနှိုက်တာ ကောင်းသဗျို့။ မရှိလည်း ရေခဲတုံး ဖင်ခုထိုင်ပြီး ထမင်းကြမ်း ယပ်ခပ်စားတာ ပိုစိတ်ချမ်းသာလိမ့်မယ်။ 😆
blackchaw
November 18, 2011 at 12:00 pm
“ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်၊ အခြေအနေက ကျားတကောင်လို ရက်စက်ရမယ်၊ လျင်မြန်ရမယ်ဆိုရင် ခက်ပြီ။ ကျားဖြစ်မှတော့ တောကောင် သတ်မစားလို့ မရဘူး။ မစားခဲ့ရင် ကိုယ်သေမှာလေ၊ မသေလည်း ကိုယ့်နယ်မြေကို ကာကွယ်စောင့်ရှောက်ဖို့ အားအင်ကလည်း လိုသေးတယ်။”
သိတ်မှန်တာပေါ့ဗျာ။ တစ်ခါတစ်လေ Ethic ကိုဘေးဖယ်ထားမှ ချလို့ရတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ရှိပါတယ်။
အပေါ်မှာ ကျွန်တော် ပြန်ကူးထားတဲ့ စာလေးတစ်ခုနဲ့ တင် ခင်ဗျားကွန်းမန့်ကို ကျွန်တော်ကျေနပ်ပါတယ်။ မနေ့ကတည်းက ကျွန်တော် မျှော်နေတာဗျာ။ ဘာပဲပြောပြော ဆွေးနွေးကြည့်တာတော့ အရှုံးမရှိပါဘူးနော။
ကြောင်ကြီး
November 18, 2011 at 12:08 pm
ဆောရီးဗျာ ကိုနက်ချောရေ.. တချို့စာတွေက သိပ်မြင့်လွန်း လေးနက်လွန်းရင် ကိုယ်စိတ်မပါတဲ့အခါ မန်းဖို့မပြောနဲ့ ကျော်ဖတ်မိတယ်။ မနေ့ကတွေ့ပါတယ်၊ ခေါင်းစဉ်က specific ကျလွန်းနေရင် ဝေဖန်ရတာ အချိန်ယူရတယ်။ သဂျီးက အားအားရှိ မှတ်တမ်းတင်ထားတယ်နဲ့ ခြိမ်းချောက်နေတော့ နောင်တချိန် တိုင်းပြည်ကို ခေါင်းဆောင်လုပ်မဲ့သူများအဖို့ ချင့်ချိန်ရသေးတယ်။ မိုးပြော ဂျိုးပြော ပြောလို့ရတဲ့ ခေါင်းစဉ်တွေကြတော့ ( ဥပမာ အန်အယ်ဒီကိစ္စ 😮 ) လက်တမ်းကောက်ရေးတောင် ဖြစ်တယ်။ ကိုယ့်အတွက်ကိုယ်ပြောတာနော်၊ တကယ်တမ်း တာဝန်ရှိသူများ၊ နာမည်ရှိသူများကြတော့ တမျိုးဖြစ်သွားပြီ၊ သူတို့မှာ တာဝန်အပြည့်ရှိလို့ စာတလုံးချရေးဖို့ အတော်စဉ်းစားယူရမှာပါ။။။ 🙂
inz@ghi
November 18, 2011 at 12:35 pm
အသာလုပ်ပါဆြာတို့
Read Ocean Strategy ဘက်အထိ ရောက်ရင်
ခေါင်းစဉ်က How to Brake ethics ethically ဖစ်ကုန်မှာ စိုးလို့ပါ…
(ဟီး … အသံကောင်း ဟစ်တာ ဂယ် က.. ဒါမျိုး ဆို သိပ် သင်ယူချင်တာ…)
blackchaw
November 18, 2011 at 12:42 pm
ဟေ့ ဂိုင်း။
မဟုတ်ပါဘူးကွာ။
နည်းနည်းလေး ပရကြည့်တဲ့ သဘောပါ။
Ethic နဲ့ ပတ်သက်တာလေးတွေ ရေးပါဦး။
နင့်လက်မျိုးနဲ့ ဆို မိုက်လိုက်မယ့် အမျိုး။
မိုးချမ်းမြေ့
November 18, 2011 at 1:09 pm
မခန့်သင့်ဘူးထင်တယ် blackchaw ရေ..။ ရိုးသားမှုဆိုတဲ့ စကားကို အလေးထားရင်…ခင်ဗျားလည်း…..
တစ်ဘို့တည်းမကြည့်သင့်သလို…တစ်ဖက်ကလည်း နှစ်ဦးနှစ်ဖက်မငြိမ်းချမ်းခဲ့ရင်တောင်..သစ္စာတော့
မဖောက်သင့်ဘူးလေ….ဒါ့ကြောင့်ပါ…။