ကိုင်ဇာစလော့တန် VS ဘိုင်ယန်လေဗာကူဆင်

မောင် ပေNovember 18, 20111min1074

မင်္ဂလာပါခင်ဗျာ ။
သောကြာနေ ့ည ၊ ၂ နာရီ မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ်၁၃မြောက်ကို ကစားကြမယ့် “ KAISERSLAUTERN VS BAYER LEVERKUSEN ” ပွဲအကြောင်းလေးပါ ။
ဒီပွဲကို ကိုင်ဇာစလော့တန်အသင်းရဲ ့Fritz Walter Stadium ကွင်းမှာ ကစားမှာပါ ။
ကိုင်ဇာစလော့တန် အသင်းဟာ အမှတ်ပေးပွဲစဉ် ၁၂ ပွဲ အပြီး မှာ ၃ ပွဲ နိုင် ၊ ၄ ပွဲ သရေ ၊ ၅ ပွဲ ရှုံး ၊ ရဂိုး ၁ဝ ပေးဂိုး ၁၅ ၊ ရမှတ် ၁၃မှတ် နဲ ့အဆင့် ၁၂ မှာ ရပ်တည်နေပါတယ် ။
အဲဒီအထဲမှာမှ ၊ အိမ်ကွင်း မှာ ၅ ပွဲ ကစားခဲ့တာ ကို ကြည့်မယ် ဆိုရင် ၂ ပွဲ နိုင် ၊ ၂ ပွဲ သရေ ၊ ၂ ပွဲ ရှုံး ၊ ရဂိုး ၅ ဂိုး ၊ ပေးဂိုး ရ ဂိုး ဖြစ်ပါတယ် ။
ဘိုင်ယန်လေဗာကူဆင် အသင်းဟာ အမှတ်ပေးပွဲစဉ် ၁၂ ပွဲ အပြီးမှာ ၅ ပွဲ နိုင် ၊ ၃ ပွဲ သရေ ၊ ၄ ပွဲ ရှုံး ၊ ရဂိုး ၁၅ ပေးဂိုး ၁၆ ၊ ရမှတ် ၁၈ မှတန် နဲ ့အဆင့် ၈ မှာ ရပ်တည်နေပါတယ် ။
ဘိုင်ယန်လေဗာကူဆင် အသင်းဟာ အဝေးကွင်း ၆ ပွဲ ကစားခဲ့ရာမှာ ၃ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၂ ပွဲ ရှုံး ၊ ရဂိုး ၈ ဂိုး ၊ ပေးဂိုး ၈ ဂိုး ဖြစ်ပါတယ် ။
မနှစ်က ဒီနှစ်သင်း တွေ ့ဆုံခဲ့မှု ကို ကြည့်မယ် ဆိုရင် ကိုင်ဇာစလော့တန်ကွင်းမှာ ဘိုင်ယန်လေဗာကူဆင် အသင်းက ၁-ဝ နဲ ့နိုင်ခဲ့ပြီး ၊ ဘိုင်ယန်လေဗာကူဆင်ကွင်းမှာ ၃-၁ နဲ ့အိမ်ကွင်း၊အဝေးကွင်း ၂ ကြော့စလုံး နိုင်ခဲ့ပါတယ် ။
ကိုင်ဇာ စလော့တန် အသင်းရဲ ့ပြီးခဲ့တဲ့ ငါးပွဲ ရလဒ်များမှာ D,D,W,W,W ၊ ရဂိုး ၆ ဂိုး ၊ ပေးဂိုး ၄ ဂိုး ဖြစ်ပါတယ် ။
လေဗာကူဆင် အသင်း ပြီးခဲ့တဲ့ ငါးပွဲ ရလဒ်များမှာ D,L,W,L,W ၊ ရဂိုး ၆ ဂိုး ၊ ပေးဂိုး ရ ဂိုး ဖြစ်ပါတယ် ။
ဒီပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားတွေကတော့ ကိုင်ဇာစလော့တန် အသင်းရဲ ့ကွင်းလယ် ကစားသမား အိုလ်ကေ ဆာဟင် (တူရကီ) နဲ ့လေဗာကူဆင်အသင်းရဲ ့ရှေ ့တန်း တိုက်စစ်မှူး စတီဖင် ကိုင်ဘလင်း (ဂျာမနီ) တို ့ပဲ ဖြစ်ပါတယ် ။

ဈေးအနေအထားအရ လေဗာကူဆင် ကို အားပေးရင် သရေဆိုရင် ခပ်ပါးပါး ရှုံးမယ့် အနေအထားပါ ။ ဂိုးပေါင်းကတော့ ၃ဂိုးသွင်းမှ အပြည့် ပျော်ရွှင်ခွင့်ရမှာပါ ။
ဒီအနေအထားအရ စိတ်ကြိုက်တွေ ့မိတာကတော့
“ ကိုင်ဇာစလော့တန် ဝ-၁ လေဗာကူဆင် ” ပါဘဲ ။

****ဘောလုံးပွဲချစ်သူအားလုံးတိုင်း အောင်မြင်မှုများ သိမ်းပိုက်နိုင်ကြပါစေခင်ဗျာ****

4 comments

  • ပေါက်ဖော်

    November 18, 2011 at 7:40 pm

    ကြိုက်ပြီဗျာ..
    ကရင်စည် အရုဏ်နဲ ့ တစ်ထပ်တဲ ကျလို ့ကတော့..
    ဆယ်ဗုံး….ဆယ်ဗုံး…………..

    နာလဲ အာရုံဖမ်းဦးမယ်…ဘာတဲ့..ဘာတဲ့..ဂိုးများတဲ့အသင်း မရှုံးဘူးဆိုပါလား..
    ကြိုက်ဘီ..ကြိုက်ဘိ.
    0.0

    😆

  • ရာဇဝင်လူဆိုး

    November 18, 2011 at 7:57 pm

    ကြေးအရတော့ ချရဲဘူးဂျ..။

  • windtalker

    November 19, 2011 at 11:12 am

    *** ပွဲအပြီး ရလဒ် ***
    ကိုင်ဇာစလော့တန် ဝ-၂ ဘိုင်ယန်လေဗာကူဆင်
    ( ပေါက်ဖော် ၊ ဆယ်ဗုံးထဲက နှစ်ဗုံးလောက်ချန်ထားနော် ၊ ပလက်တီနမ်လေဘယ် ဝယ်တိုက်ရမယ် )

  • ပေါက်ဖော်

    November 19, 2011 at 11:21 am

    ဟင့်အင်း..
    အိုက်ဆယ်ဗုံးက ရေကြီးရင် ဖောင်လုပ်စီးဖို ့သိမ်းထားတာဂျ

    😆

Leave a Reply