အိမ်မဲရှေ့နေဆရာငွေ၏“ မေတ္တာပို့”

htet wayNovember 19, 20111min14910

တနေ့သ၌ ကျွန်ပ်တို့၏အပေါင်းအသင်းစကားဝိုင်းလေးတွင်မေတ္တာအကြောင်းပြောဆိုရောက်ရှိသွားရာမြို့၏နာမည်ရရှေ့နေကြီး
ဦးငွေကြည်ကသူလည်းမေတ္တာပို့နေကြောင်းပြောကြားလာသဖြင့်ဆရာငွေ၏မေတ္တာပို့ကိုပြောပြပါဟုတောင်းဆိုလိုက်မိရာဆရာငွေကအောက်ပါအတိုင်းပြော
ပြခဲ့ပါသည်။
ကျွန်တော်မေတ္တာပို့ကတော့ “ဗိုလ်လူများစွာ.ဆွေသဟာတို့ ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ” ဖြစ်ပါတယ်ဗျားလို့ပြောလာပါတယ်
ကျွန်ပ်မှဒီမေတ္တာပို့လေးကရိုးရိုးရှင်းရှင်းလေးပဲလူနတ်ဗြဟ္မာသတ္တဝါတွေ ကျမ်းမာစေကြောင်းချမ်းသာစေကြောင်း မေတ္တာပို့တာဟာကောင်းပါတယ်ဟုပြော
ကြားလိုက်သောအခါဆရာငွေကရှေ့နေလေသံဖြင့်ကန့်ကွက်ပြောကြားလာပါတော့သည်။ဆရာငွေကကျွန်ပ်အား ကျွန်တော်မေတ္တာပို့ကိုအနက်အဓိပါယ်ပြောင်းလဲ
ဲအောင်မပြုလုပ်ပါနှင်ကျွန်တော်မေတ္တာပို့မှာ ရည်ညွှန်းတာကလူနတ်ဗြဟ္မာသတ္တဝါတွေမဟုတ်ဘူး ဗိုလ်လူများစွာဆွေသဟာတွေဇြစ်တယ်ဟုထောက်ပြကန့်ကွက်လာပါသည်။
ဆရာငွေကဆက်လက်ရှင်းပြသည်မှာ..၎င်း၏မေတ္တာပို့သာမာန်နှယ်နှယ်ရရမေတ္တာပို့မဟုတ်ကြောင်းအကြောင်းတရား အကျိုးတရားများကိုဆင်ခြင်တွေးတောပြီးမှ
ပို့သတဲ့ကိုယ်ပိုင်မေတ္တာပို့ဖြစ်ကြောင်း ပြောဆိုလာသဖြင့်လင်းစမ်းပါအုံးဆရာငွေရယ်ဟု ကျွန်ပ်မှမေတ္တာရပ်ခံတောင်းပန်သောအခါ ဆရာငွေက ဝင်းပသောမျက်လုံး
ရွှင်မြသောအပြုံးကိုပြုလျျှက် မေတ္တာရှင်တို့၏အမူအရာဖြင့်….ကျန်းမာပါစေဆိုတာက အမူအခင်းတွေဖြစ်ကြတာကိုသုံးသပ်ကြည့်မယ်ဆိုရင် ကျန်းမာလို့အမူတွေဖြစ်
်ကြတာဗျ ဥပမာ..ရိုက်မူ..မုဒိမ်းမူ..လူသတ်မူ..ကာမရယူမူ.မယားခိုးမူ.စတာတွေဟာ ကျန်းမာလို့ကျူးလွန်နိုင်ကြတဲ့အမူတွေဖြစ်တယ် အဲ့ဒါကြောင့်ကျန်းမာကြပါစေလို
့မေတ္တာပို့တာဗျ။ ချမ်းသာကြပါစေဆိုတာက အမူတွေကျူးလွန်ပြီး ရှေ့နေငှားနိုင်လောက်အောင်ချမ်းသာမူမရှိဘဲ ဆင်းရဲနေလို့လဲမဖြစ်ဘူးလေ ဒါကြောင့် ချမ်းသာကြပါ
စေလို့လည်း မေတ္တာပို့တာဖြစ်တယ်လို့အားတက်သရောလင်းပြပါတော့သည်။ ဆက်လက်ပြီးဆရာငွေကဆိုသည်မှာ..ဆရာတို့လည်း(ကျွန်ပ် အား) မီဒီယာလုပ်ငန်းတွေ
ကျန်းကျန်းမာမာနဲ့လုပ်ဆောင်နိုင်ကြပါစေ မလွတ်မကင်းပြဿနာတွေပေါ်လာရင်လည်း ရှေ့နေငှားနိုင်လောက်အောင်ချမ်းသာပါစေဟု ကျွန်ပ်ကိုပင်မေတ္တာပို့သလိုက်
သေးတော့သည်။ ကဲရွာသားအပေါင်းတို့…စာရေးတဲ့သူကိုပုဒ်မ၅၀ဝနဲ့တရားစွဲတာမြို့ကြီးတွေမှာရှိတယ်လို့ကြားနေရတဲ့အချိန်မှာကျွန်ပ်ကိုပို့တဲ့မေတ္တာကကျောချမ်းစရာ
မဖြစ်ပေဘူးလား။ကျွန်ပ်မြို့မှာကလည်းသတင်းပါတာတောင် ရန်ရှာနေတတ်တော့….အင်း….ကျောချမ်းစရာရွှေမေတ္တာပို့ပါလားဆရာငွေရေ့…..။
အဲဒီနေ့ကဘေးရန်ကင်းပါစေ၊အမူအခင်းကင်းပါစေဟု ကျွန်ပ်လည်းမေတ္တာပို့ပြီး ခပ်ကုတ်ကုတ်ပြန်ခဲ့ရလေတော့သည်။ ။
မှတ်ချက် ။ ။အိမ်မဲမြို့ကရှေ့နေကြီးဦးငွေကြည်၏ခွင့်ပြုချက်အရ ကျူရှင်ဆရာတင်အောင်မိုး( စာရေးဆရာ) ၊ဦးတင်ထွေး(ဂမ္ဘီရစာရေးဆရာ)တို့ရှေ့တွင်
သုံးခါတိတိ သဘောတူညီမူရယူပြီးရေးခြင်းဖြစ်ပါကြောင်း တရားမစွဲနိုင်ရန် ကင်းလွတ်ခွင့်၁ဝချက်နှင့်လွတ်အောင်ရေးခဲ့ရပါကြောင်း….အမူကင်းပြီးကျန်းမာပါစေ
အမူကင်းပြီးချမ်းသာပါစေ……။

10 comments

  • thit min

    November 19, 2011 at 10:50 am

    ဆရာထက်ဝေးရေ
    အပေါ်ကတောက်လျှောက်ဖတ်လာတာ အောက်ဆုံးကျမှ ပြုံးရတယ်ဗျာ။
    မှတ်ချက်လေးကြောင့်ပါ။(^^)
    ခင်မင်စွာ

  • inz@ghi

    November 19, 2011 at 11:22 am

    ဖယားဖယား …..
    ကြောက်ချာရီး ပါလား ကွယ်ရို့ …….
    ဂေဇက်မှာ စာရေးလို့ အမှားပါရင်လည်း
    တြား ဆွဲခံရမှာရားဟင်င်င်င် ….???

  • ဆူး

    November 19, 2011 at 11:34 am

    မေတ္တာတော် စူးရှပါပေတယ်။
    ဆရာငွေ၏ မေတ္တာတော်မှာ မပါရပါလို၏။

  • ကြောင်လတ်

    November 19, 2011 at 12:19 pm

    စာရေးတဲ့သူကိုပုဒ်မ၅၀ဝနဲ့တရားစွဲတာမြို့ကြီးတွေမှာရှိတယ်
    ဆိုတော့ရေးရမှာတောင်လက်တွန့်သွားတယ်၊
    တခါတခါမလွတ်တာလေးတွေပါများသွားသေးသလားမသိ

  • windtalker

    November 19, 2011 at 1:27 pm

    ဪ တယ်လည်းတတ်နိုင်တဲ့ ဆရာငွေ
    အာလကေ ရှာဖို ့ဘဲ ဆင်ကြံ ကြံနေတယ်

  • MaMa

    November 19, 2011 at 5:07 pm

    ကြောက်စရာ မေတ္တာကြီးပါလား……. 🙁
    မေတ္တာမပို့ပါနဲ့လို့တောင် ပြန်တောင်းပန်ရမလို…. 😀

  • မှော်ဆရာ

    November 19, 2011 at 5:26 pm

    နာလဲ ကြောက်တယ် …. စကိုင်းနက် လိုင်းပြန်ကောင်းပါပြီခင်ဗျာ … စကိုင်းနက် လိုင်းပြန်ကောင်းပါပြီ ခင်ဗျ ……

    • windtalker

      November 19, 2011 at 6:48 pm

      တယ် အခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်လို ့ဘယ်ရမှာလဲ
      မရတော့ဘူး ။ ဟိုက စက်ကြာမင်းသား ရဲ ့၊ ပို ့စ်ကို ကူးပြီး
      တစ်နိုင်ငံလုံးဆိုင်ရာ တရားရုံးကို တင်ပြီးနေပြီတဲ့ ။
      ယူကေ က နေ ရှေ ့နေ ဘွဲ ့ယူထားတဲ့ ရှေ ့နေကြီး အယောက် ၄၂ဝ တိတိ ကိုလဲ
      ငှားပြီးဘီတဲ့ ။

  • htet way

    November 19, 2011 at 6:58 pm

    အဲဒီဆရာငွေဆိုတာအိမ်မဲတရားရုံးမှာသူ့အမူလိုလိုချည်းပဲ
    မေတ္တာပို့စွမ်းတယ်ဆိုရမှာပေါ့နော်။သူကနဂိုကဥပဒေအရာရှိပါ
    နောက်ရှေ့နေလုပ်တာ…….သဘောပေါက်ကြပါလိမ့်မယ်
    လူမူရေးလည်းလုပ်ပါတယ် ဘာသာရေးလည်းလုပ်တယ်
    တရားပွဲဆိုဆရာငွေမပါရင်မပြီးပါ “မိုက်ကိုင်”
    တရားရုံးမှာ ကိုငွေကြည်အမူလိုက်ရင်နားထောင်သူမှားပါတယ်
    သူအကြောင်းရေးပါအုံးမယ်။

  • mg wine

    November 20, 2011 at 7:20 pm

    ဥပဒေအရာရှိဆိုတာသိပါတယ်ပုသိမ်ထိနာမည်ကြီးပါတယ်
    နိုင်ငံရေးလုပ်လို့ပြုတ်တယ်ဆိုလား…..
    အခုလည်းတရားလွှတ်တော်ကိုလာတာတွေ့မိပါတယ်
    လယ်သမားရှေ့နေလို့….နာမည်ကြီးတယ်လေ

Leave a Reply