အမည်ပေးမထား
ကိုပေါက်ရေ။ ကျွန်တော် ဒီတစ်ခေါက် ခရီးသွားတုန်း ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးဖြစ်ပါတယ်။ သည်းခံပြီးကြည့်ပေးပါဗျာ။ ဘုရားပုံတွေလည်းပါတယ်။ ငါးပုံတွေလည်းပါတယ်။ ရှုခင်းပုံတွေလည်းပါတယ်။ ပန်းပုံတွေလည်းပါတယ်။ ခေါင်းစဉ်တောင်ဘယ်လိုပေးရမယ် စဉ်းစားလို့ မရတော့တာနဲ့ အမည်ပေးမထားလို့တတ်လိုက်တာပါ။



















30 comments
blackchaw
November 19, 2011 at 8:46 pm
အခုတလော ဓါတ်ပုံတင်ရင် တစ်ပုံနဲ့ တစ်ပုံ အဝေးကြီးမှာ
ရောက်ရောက်နေတယ်ဗျာ။ တင်နေတုန်းက ကြည့်လိုက်ရင်
တစ်ပုံနဲ့ တစ်ပုံ နီးနီးလေးဗျ။
ကိုပေါက်ရေ။ ဘာမှားလဲသိဘူးဗျာ။ အကြံဉာဏ်လေးပေးပါဦး။
kai
November 20, 2011 at 1:31 am
html source ကြည့်ရင် &nbs p; ဆိုတာလေးတွေ တွေ့လိမ့်မယ်..။
အဲဒါတွေက စပေ့တွေဖြစ်နေတာ…
ဖျက်ပေးလိုက်ပါတယ်.. 🙂
inz@ghi
November 21, 2011 at 8:54 am
သဂျီးသဂျီး …ဒါလည်း နှံ့စပ်တာပဲကိုး …..
တခါတခါ နိုင်ငံရေးပြောလည်း ဆြာကျ….
တရားဆွေးနွေးမယ်ဆိုလည်း ရှေ့တန်းက …
စီးပွားရေးဆိုလည်း အကွက်မြင်…
အိုင်တီမှာလည်း မခေ…
မီဒီယာလည်း ဂျွတ်……
ဥကြောင် ပြောတဲ့လူ ဖြစ်မယ်ထင်တယ်
ကြောက်ထှာ
😛
ပေါက်ဖော်
November 19, 2011 at 9:06 pm
ဘုရားကြီးကော.ကြက်ဆူသီးကော ခုမှမြင်ဖူးတယ်ဗျ
အပုပ်ကောင်တော့..မကြာမကြာ မြင်ဖူးပါတယ်..
ဘာပဲပြောပြော ဗဟုသုတ ရပါတယ်..
စုန်းထီး
November 20, 2011 at 11:01 pm
အပုပ်ကောင်တွေ
ရုပ်ဆောင်နေကြပေမယ့်
လှုပ်အောင်တော့ လုပ်နိုင်ကြတယ် (အိပ်ပျော်နေတဲ့ နှလုံးသားကို ပြောပါတယ်)
လှုပ်နိုးတော့လည်း ကိုယ်တွေက အဟုတ်….. လိုက်ရင်ဖြင့်
ဟင်းနော် ဟင်း
(စာကြွင်း။ ….. = ပိုး) 😀 😛 😛 😛
thit min
November 19, 2011 at 9:25 pm
ရှူခင်းပုံတွေလှတယ်ဗျို့။
ဘုရားတွေကို မူလပုံစံ ပျက်လောက်အောင် ရွှေတွေချတာတော့ သိပ်သဘောမကျလှပါဘူး။
မင်းပြည့်ရှိန်
November 20, 2011 at 5:27 pm
ဟုတ်တယ် အစ်ကိုရေ…
ဘုရားတွေကို မူလပုံစံ ပျက်လောက်အောင် ရွှေတွေချတာတော့ ကျွန်တော်လည်း သဘောမကျဘူး..
ထို့ထက်ပို၍ ဘုရားက သင်္ကန်းနဲ့ မဟုတ်ဘဲ
စလွယ်တွေ မကိုဋ်တွေနဲ့
ပြီးတော့ ရွှေဆွဲပြား တွေက ပါသေး..
အဖုဖုတွေ အဖောင်းဖောင်းတွေတောင်ဖြစ်လို့…
မသိရင် သင်္ကန်း မဝတ်ဘဲ မင်းဝတ်တန်ဆာနဲ့ ကျည်ကာ အင်္ကျ ီများ ဝတ်ထားသလား အောက်မေ့ရတယ်…
ပရိဘောဂစေတီကို
ပုံတော်ကို ဂုဏ်တော် မမှတ်ဘဲနဲ့ ဘာတွေ တွေးပြီးများ ကိုးကွယ်နေကြသလဲ မသိဘူး..
ဘုရားရှင်က မရှိတော့ဘူး ပရိနိဗ္ဗာန်စံဝင်သွားပြီးပြီ…
အဲဒါကို တစ်ခါ တစ်ခါ ပြုံးတယ် မဲ့တယ် မဲတယ် ဖြူတယ်နဲ့
ဘယ်ဘုရားကဖြင့် တန်ခိုးကြီးတယ် လုပ်ကြသေးရဲ့…..
အိမ်က ဘုရားကပဲ ဘုရားမဟုတ်သလိုလို…
အယူတွေလား အစွဲတွေလား ဘာတွေလား မသိပါဘူး အစ်ကိုရာ..
ဖြစ်နိုင်ရင် အဲဒါလေးတွေပေါ် အစ်ကို့ရဲ့ အမြင်လေး ဖတ်ချင်ပါတယ်ခင်ဗျ….
thit min
November 21, 2011 at 9:18 pm
ကိုမင်းပြည့်ရှိန်
ကျနော်ကိုပြောတာများလား။
ကျနော်ကိုပြောတာဆိုရင်တော့ ရေးပေးပါ့မယ်။
သိသလောက်။ခဏတော့စောင့်နော်။
GreeNSheeP
November 19, 2011 at 9:37 pm
ဓါတ်ပုံတစ်ပုံတင်ပြီး ရင် အန်းတား တစ်ချက်ပဲ ခေါက်ပြီးမှ နောက်တစ်ပုံ တင်ကြည့်ပါလား အကို
inz@ghi
November 19, 2011 at 9:41 pm
ပုံတွေ အားရီးမိုက်တယ် …ကျေးကျေး အန်ကယ်ဘလက်သည်ထဲမှာ ပြောရရင် ထူး၂ခြား၂
အဲ့သည့် ငါးအကြောင်း ဆွေးနွေးချင်ရင် တားတားကို သံချောင်းခေါက်ဗျို့ ..
koyinmaung
November 19, 2011 at 10:04 pm
ကိုချေားရေ…
ကောင်းလိုက်တဲ့လက်ရာတွေပါလား
မဟာမြတ်မုနိပုံတော်တွေအရမ်းသပ္ပါယ်ပါတယ်…
ကူးထားလိုက်ပါတယ်
ကိုချေားရဲ့ပုံထဲမှာပါတဲ့
ဆီဒိုးနား ဟော်တယ်ရှေ့က ထန်းပင် ဆိုတာ
ထန်းပင်မဟုတ်ဘူး ( ပေပင်ဖြစ်မယ်ထင်တယ် )
ကိုပေါက်(မန္တလေး)
November 19, 2011 at 10:07 pm
“ဘုရားအစ ငါးအဆုံး အမုန်းကြည့်ရအောင်”ဆိုတဲ့နာမယ်လေးဆိုရင်လိုက်ဖက်မယ်ထင်ပါရဲ့။
ကိုချော အင်တာခေါက်တာ များသွားလို့ဖြစ်မယ်ထင်ပါတယ်။
ကိုပေါက်(မန္တလေး)
November 19, 2011 at 10:10 pm
ကိုချောရေ မြင်တတ်ပုံကတော့လက်ဖျားခါပါတယ်။
နံပါတ်တူနေတာကို တန်းမြင်တာ။
ကိုချောရေ ဆီဒိုးနားရှေ့ကပုံက ပေပင်ဖြစ်မယ်ထင်ပါတယ်။
ထန်းပင်ရဲ့ပင်စည်က မဲမှောင်နေပါတယ်။
အခုပင်စည်က ဖြူနေတာရယ် အပေါ်က အသီးတွေကို မြင်ရတော့ ပေပင်ဖြစ်ဘု့ိများပါတယ်။
naywoonni
November 19, 2011 at 10:34 pm
ကောင်မလေးတွေပုံက ဘာလို့ ဝါးထားတာလဲဟ ….။ ရော်…..ခက်ပြီ…။
etone
November 21, 2011 at 9:58 am
ဟို အပုတ်ကောင်လေးက ဒူးထောက်ဖို့ ဘယ်လိုထိုင်လိုက်လဲမှ မသိတာ … ကိုချောကလက်ကြီး … ရင်တွေခုန် … လက်တွေတောင် တုန်သွားတယ် ဟီး
koyinmaung
November 19, 2011 at 10:43 pm
ဘနီရေ…..
မသိအောင်ရိုက်ရလို့လက်လှုပ်သွားတယ်ထင်ပါတယ်….
TTNU
November 19, 2011 at 10:46 pm
ကိုဘလက်ရေ
ကြိုက်တဲ့ပုံလေးတွေ ကူးယူမယ်နော်။
ကျေးဇူးနော်။ မဟာမြတ်မုနိဘုရားကြီးဘေးဖက်။နောက်ဖက်ပုံတွေ
အဖိုးတန်လှပါတယ်။
ဆုတောင်းပေးမယ်နော်။
MaMa
November 19, 2011 at 11:04 pm
ကိုဘလက်ရဲ့ မြင်ချက်ကတော့ ဆိုင်ကယ်အမွှာ၊ ငါးအမွှာတွေ ပါလား။ 😀
ဘုရားကြီးကို သူမတူအောင် နောက်ကျောနဲ့ ဘယ်ဘက်ကနေ ရိုက်ပြတဲ့ပုံတွေ ကြည့်ရတာ ကြက်သီးထ ထှာ။ (မြန်မာ့မီးရထားလည်း ခေတ်ပြောင်းခေတ်လွွဲမှာ စာလုံးပေါင်းသတ်ပုံကျမ်းကို သံရိုက်ထားလိုက်ပြီ။) 😀
aye.kk
November 20, 2011 at 2:17 am
အားလုံးလှအောင်ရိုက်နိုင်တဲ့
အမြင်က တန်ဖိုးရှိအရှိဆုံးပါ
ပညာကိုလေးစားမိပါတယ် ဝါသနာတူပါတယ်
ဘုျရားကန်တော့နေတဲ့ သူနှစ်ယောက်က ဘယ်သူလေးပါလိမ့်..
မိတ်ဆက်ပေးပါဦး..
ကိုဘလက်ချောရေ..ကျေးဇူးဘဲ..။
small cat
November 20, 2011 at 8:55 am
ကိုဘလက် ဆိုင်ကယ်က ငါးလေးလိုအရိပ်ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော်
blackchaw
November 20, 2011 at 10:18 am
@ သူကြီး – သူကြီးရေ။ ကျေးဇူးပါဗျာ။ ဓါတ်ပုံတွေက အများကြီးရိုက်ထားပြီး အဲလိုဖြစ်ဖြစ်နေတော့
တင်ချင်စိတ်ပျောက်နေမိတယ်။ စာတွေလည်းရေးထားပြီးသားဗျာ။ မနေ့က စာတွေ မပါသွားတော့ဘူး။
နောက်နေ့ မှ ထပ်တင်ပါတော့မယ်။ ကျေးဇူးပါ။
@ ပေါက်ဖေါ် – ကျေးဇူးပါကွာ။
@ thit min – ဟုတ်တယ်၊ ကိုသစ်ရေ။ ရွှေတွေသီးနေလိုက်တာ ဘုရားကြီးကိုတောင် အားနာနေမိတယ်။
စလွယ်တွေရော။ ရွှေထည်တွေရော ကျွန်တော်ကတော့ ရပ်သင့်ရင် ရပ်ထားသင့်တယ်တောင် ထင်နေမိ တယ်။ ဘာလို့ဆို ရွှေချဘို့ စေးကပ်တဲ့ အရည်တွေလည်း သုတ် ပေးရသေးတာကိုး။ အမှားပါရင် ခွင့်လွှတ် ကြပါဗျို့။
@ GreeNsheeP – ကျေးဇူးပါကွာ။ ခုတလောဘယ်တွေပျောက်နေလဲ၊ မတွေ့မိဘူးနော။
@ inz@ghi – ငါးအကြောင်းဆွေးနွေးပေးပါဗျို့။
@ koyinmaung – ဟုတ်မယ် ကိုရင်မောင်ရေ။ အပင်ပေါ်မှာ အပင်လေးဆင့်နေလို့ ရိုက်ထားလိုက်တာ။ ပေပင်ပဲ ဖြစ်မှာပါဗျာ။ ကျေးဇူးပါ။
@ ကိုပေါက် – ကျေးဇူးပါကိုပေါက်ရေ။ “ဘုရားအစ ငါးအဆုံး အမုန်းကြည့်ရအောင်” ဆိုတဲ့ နာမည်လေး မိုက်ပါတယ်။
@ naywoonni – ကိုနေဝန်းနီရေ။ ခိုးရိုက်ရတာဗျ။ ထင်ရှားတဲ့ နောက်တစ်ပုံက ပန်းရောင်ဘောင်းဘီနဲ့ ကောင်မလေးမျက်နှာ တော်တော် ပေါ်နေလို့ မတင်ဖြစ်တာပါ။ အပုတ်ကောင် တွေနော် သတိထားပါ ကိုနေဝန်းနီ။
@ TTNU – ဆရာမကြီးရေ။ ကျေးဇူးပါဗျာ။
@ MaMa – မမလည်း ဂိုင်း အင်ဇာဂီ ဓါတ်ကူးသွားပြီ။ ကြက်သီးထထှာ တဲ့ ဟားဟား။ ကျွန်တော်ကလည်း
ကျေးဇူးတင်ထှာ။
@ aye.kk – ဘုရားကန်တော့နေသူလေးနှစ်ယောက်က ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူးဗျာ။
@ small cat – အဲဒီလို ဆိုင်ကယ်တွေ ရှိနေတယ်ဆိုတာ သံချောင်းခေါက်လိုက်တာပါ။ နေပြည်တော်မှာနော် ကြောင်လေးရေ။
@
windtalker
November 20, 2011 at 12:22 pm
ဘလက်ဘရာသားနဲ ့မဆိုင်ရင်
ပေါက်ကိုကို နဲ ့ဆိုင်မှာပေါ့နော် ..ဟီဟိ
နံပါတ်တစ်ခုထဲ နဲ ့နှစ်စီးဖြစ်နေတဲ့ ဆိုင်ကယ်ပုံကို ရိုက်တင်နိုင်တာ လေးစားပါတယ် ဗျို ့
ဆိုင်ကယ်တင်မက ၊ ကားများလည်း ရှိမှာ အသေအချာပဲမို ့
နံပါတ်တစ်ခုထဲ နဲ ့နှစ်စီးဖြစ်နေတဲ့ ကား ပုံတွေ ကို လည်း အမြန်ဆုံးရိုက်တင်နိုင်ပါစေ ဗျား
cobra
November 20, 2011 at 3:43 pm
အပုပ်ကောင်လေးကမဆိုးရှာပါဘူး
ကြက်ဆူသီးအမှည့်ကစားလို့ကောင်းတယ်တဲ့
ကျွန်တော့်သူငယ်ချင်း၂ယောက်တော့စားပီး
ဆေးရုံရောက်သွားတယ်
blackchaw
November 20, 2011 at 9:30 pm
@ windtalker – ကိုပေရေ။ နံပတ်တစ်ခုတည်း နှစ်စီးဖြစ်နေတာက တိုက်ဆိုင်တာပါ။
ကျွန်တော်တို့ ဝိုင်ကေကေအို ဆိုင်ကိုအရောက် လာစားတဲ့လူတွေရဲ့ ဆိုင်ကယ်တွေနဲ့ တူပါတယ်။ ရပ်ထားတာတွေ့လို့ လက်ဆော့လာတာပါဗျာ။
@ မင်းပြည့်ရှိန် – ကျွန်တော် ဆောင်းပါးရေးဘို့ ကြိုးစားပါ့မယ် ကိုမင်းပြည့်ရှိန်ရေ။ ဒါမျိုးဆိုတာ ပြောမှား ဆိုမှား ရှိသွားရင် မကောင်းပါဘူးနော။
@ cobra – အပုတ်ကောင်လေးတော့ သေချာ လေ့လာလိုက်တဲ့ သဘောရှိတယ်။ ကြက်ဆူသီးတွေက မသိရင် စားချင်စရာပုံမျိုးဗျ။ လမ်းဘေးမှာ လွယ်လွယ် ခူးလို့ရနေတာ ကလေးတွေ အတွက် မကောင်းဘူးလို့ ထင်မိပါတယ် ဗျာ။
blackchaw
November 21, 2011 at 9:02 am
ဟေ့လူ ဂိုင်း။
“အဲ့သည့် ငါးအကြောင်း ဆွေးနွေးချင်ရင် တားတားကို သံချောင်းခေါက်ဗျို့ ..”
ဆိုလို့ သံချောင်းခေါက်ထားတယ်လေဗျာ။ ဆွေးတော့ မနွေးနိုဘူး နားတော့ထောင်ချင်ပါတယ်။ လုပ်လေဗျာ။
inz@ghi
November 21, 2011 at 9:07 am
ရေးနေပါတယ်ဆြာ
ခနစောင့်ပေးပါ
inz@ghi
November 21, 2011 at 9:37 am
ငါးအကြောင်းမန့်ပီနော့်..
အလှမွေးငါး ဝါသနာပါတဲ့ ရွာသူားတွေကတော့ သိပြီးသားဖြစ်မှာပါ…
အဲ့ရာ ဖုန်းရွှေငါ းလို့ လူသိများတဲ့ Flower Hornပါဗျာ…
စီးပွားလာဘ်လာဘ အဖြစ် မွေးတတ်ကြတာမျိုးပါ
သူလည်း lucky fish နောက်တမျိုးလို့ ခေါ်နိုင်ပါတယ်
တကယ့်lucky fish ဆိုတာတွေက arowana တွေပါ … သူတို့ကတော့
living primates လို့တင်စားခံရတဲ့ သတ္တဝါတွေပါဗျာ…
ဒိုင်နိုဆော ခတ်ကတည်းက ရှိပြီး ဒိုင်နိုဆော မျိုးကန်းသွားတာတောင်
လက်ရှိအချိန်ထိ အယ်မဇုံ မြစ်ချောင်းအင်းအိုင်တွေမှာ
သဘာဝအတိုင်း တွေ့ နိုင်သေးတဲ့ သတ္တဝါတွေပါဗျာ…
ဆြာဘလက် ရိုက်ခဲ့တဲ့ flower horn ကတော့ ခြားနားတယ်ဗျ
သည်ကောင်တွေက သဘာဝအတိုင်း ဖြစ်လာတာမဟုတ်ဘူး
မလေးက ပညာရှင်တွေ စက်ဆော့ ထားကြတာ …
အလှမွေးငါးစာရင်းဝင် အာရှမျိုးရင်း ကြက်တူရွေးငါး ကို
အာဖလိက ကလာတဲ့ cichlids ငါးတမျိုးနဲ့ မျိုးစပ်ပါတယ်တဲ့
cichlids တွေဟာ အင်မတန် ရန်လိုတဲ့ အစားတွေပါ…
မြစ်ချောင်းတွေမှာနေကြရင် ကိုယ်ပိုင်နယ် သတ်မှတ်ပီးနေကြသတဲ့လေ
အဲ့ရာကနေ သည်ငါးတွေ bio-engineering နည်းနဲ့
အသက်သွင်းခံခဲ့ရကြောင်းပါ….
မူလ စပေါ်ထွက်လာတော့ တရုတ်စာလုံး
ခန်းဂျိ တွေကိုယ်ဘေးမှာပါသယောင်(တကယ်က လေးထောင့်ကွက်ဆန်ဆန် အမည်းရောင်အစက်တွေပါဗျာ)
နဲ့ ဟို တရုတ်ဘိုးတော် ဦးခေါင်းလို..နှဖူးမောက်မောက်နဲ့ငါးမျိုးတွေခဗျ…
စစ်စလစ် ကနေ အမွေဆက်ခံတာကတော့ ရန်လိုတတ်ခြင်းပါပဲဗျာ
အဲ့လာကြောင့် သည်ကောင်တွေကို တစ်ကန်မှာ ၁ကောင်ပဲမွေးလို့ရတာခင်ဗျ..
သည်ကောင်တွေက အသားစားငါးတွေဗျ…
နှုတ်ခမ်း အမာတွေကြောင့် သည်လိုအရွယ်မျိုး အကိုက်ခံရရင်
နာတယ်ဗျ .သွားတွေသေးလို့ ပေါက်တာပြဲတာ တော့ မရှိပေမယ့်…
လူအတွက်တော့ အန ္တရယ်တော့မရှိပါဘူးဗျာ
ငါးကန်နားလာတတ်တဲ့ ပိုးဟပ်တို့ အိမ်မြှောင်တို့ ဖမ်းဆီးစားသောက်တတ်ကြောင်းပါ
ငယ်ရင်သာ ကြောင်ခုတ်မှာ ကြောက်ရပေမယ့် …ခွေးလို အကိုက်သန်တာကြောင့်
ကြီးရင် ကြောင်ကတောင် ပြန်ကြောက်ရပါတယ်….
ကန်ထောင့်မှာ မှန်သွားထောင်ရင် ကိုယ့်အရိပ်ကိုယ် ပြန်ကိုက်ဖဲ့နေတတ်ကြသေးတာကလား ..
မိတ်လိုက်တဲ့အချိန် ကလွဲရင် အထီးအမလည်း အတူထား မရဘူးခင်ဗျ….
သည်ငါးတွေကို အိပ်စပို့ လုပ်တဲ့စပယ်ရှယ်လစ်တွေကတော့ ထိုင်းနဲ့ မလေးယားတို့ပါပဲ…
သည်ငါးတွေက ထွန်းတယ်ဗျ..bio အရပြောရရင် mutation ရှိတယ်ခင်ဗျာ…
ဆိုတော့ သည်မျိုးကွဲနဲ့ ဟိုမျိုးကွဲ စပ်ရင် နောက်မျိုးကွဲ အသစ်ထွက်တယ်ပေါ့ဗျာ…
monkey face, red worrier,american red, short-body, pearl , mercury စုံလို့ပါပဲဗျ ..
ဆြာရိုက်လာခဲ့တာတော့ short-body အမျိုးအစားထဲကပဲလို့ထင်တယ်ဗျာ..
mutation က အဆင့်တွေများလာလို့ ခုဆို ဘာတွေ ခေတ်ထ နေသလဲတောင်
မသိတော့ပါဘူးဆြာရယ် ….
ခုနောက်ပိုင်းတော့ ဗမာပြည်မှာ သည်ကောင်တွေ သိပ်တော့ ခေတ်မစားတော့ဘူးရယ်..
သည်ကောင်တွေက နှဖူးမောက်တယ်ဗျ … အထီးတွေပဲမောက်တာ
အမတွေက အမောက်ရှိဝူးရယ်… တကယ်က သူတို့က အဆီစုတာဗျ
အဲ့သည့် နှဖူးတွေမှာ စားထားသမျှကို စုတာ …
သည်တော့ အရွယ်ရောက်ပီးသား အကောင်တကောင်ဟာ
အစာမကျွေးဘဲ ၆လလောက် ပစ်ထားလည်း မသေဘူးဗျာ..
သူ့အဆီ သူပြန်ဖျော်ထုတ်ပီး စားနေတာလေ. …ခေါင်းကအမောက်တော့
ကျသွားမပေါ့လေ…
သူ့အားနည်းချက်ကတော့ အူလမ်းကြောင်းမှာ ချို့ယွင်းချက်ရှိတာပါပဲ…
တချို့ကောင်တွေ လှချင်ရက်နဲ့ ဗိုက်တွေ ဖောင်းနေတတ်တယ်…
ငါးထဲမတော့ အသိဉာဏ် အတော်မြင့်မားတယ်ဆိုရမယ်ဗျ…
အစာကျွေးနေကျ သခင်ကို သိ တတ်ပါတယ်…
ကန်ဘေးကို လူစိမ်း လာရပါတာနဲ့ သခင် လာရပ်တာခွဲ သိပါတယ်.
ကျွေးနေကြ အစာ မဟုတ်ရင်မစားပါ
(အစာ ဘရန်းပြောင်းကျွေးရင်တောင် ချက်ခြင်းမစားလို့ အတော်ကျင့်ယူရပါတယ်)
ရွှေငါးလို ကျွေးသမျှ စားပီး ဗိုက်ကားသေတဲ့ အစားမဟုတ်ပါ…
ရေတွေဘာတွေ လဲပြီးတဲ့နေ့ဆို အရောင် ကျသွားတတ်ပါတယ်..
အခြားတော့ ပုစွန် အမဲသားလုံး နဲ့ အသားစိမ်းတွေကျွေးလို့ရကြောင်းပါ..
တချို့ ငါးသမားတွေ ခရီးသွားရင် ကန်ထဲကို အင်းယားကဖမ်းလို့ရတဲ့
ပုဇွန် အရှင်တွေ ထည့်ပြီး သွားတတ်ပါတယ်…
သင်းက ဆာသလောက်ပဲ သတ်စားတာကိုး ….
ရှည်တွားဘီ ..နောက်မှ ထပ်ရေးတော့မယ်….
ညောင်းထှာ….
blackchaw
November 21, 2011 at 9:48 am
ရှည်လိုက်ထှာ ကွန်းမန့်က။ ဒါဆို ကိုယ်ရိုက်လာတာ Lucky Fish အမျိုးအစားထဲကပဲပေါ့။
အင်းထင်တော့ထင်သား။ အခုတလော ကံတွေတက်နေပါတယ်လို့။
ဂိုင်းက ငါးအကြောင်းဘယ်တုန်းက လေ့လာလိုက်တာလဲ။
ရိုက်လာတဲ့ ငါးပုံတစ်ပုံရှိသေးတယ်။ ကွန်းမန့်မှာ ပြလို့ မရလို့ မေးလ်ထဲကပို့လိုက်မယ်။
ငါးထံမှ သင်ယူခြင်းပေါ့ ဂိုင်းရေ။ စိတ်ဝင်စားထှာ။
nozomi
November 21, 2011 at 12:25 pm
ကိုချောကြီး ပုံတွေ သဘောကျတယ် ဗျို့
ညောင်မြစ်ကြီးကို ဘုရားဆင်းတု ထု နေတာ သဘောကျတယ် ၊ ဒီအတိုင်းဆို ထင်းဖြစ် အမှိုက်ဖြစ်မှာ အခုတော့ တန်ဘိုးတက်သွားတာပေါ့
ငါးစပယ်ရှယ်လစ် ကိုအင်ကြီး ရေးဆေးငါးကြီး တစ်ကောင်လောက် အကြောင်းလဲ ပြောပါဦး၊ သိချင်ထှာ
( ထှာ ဆိုတာကို ဖတ်ရတာ အားတော်တော် ရတယ်ဗျ ၊လူသုံး များတဲ့ စကားလုံး အသစ် ထွင်သူတွေ ရွာထဲမှာ မူပိုင်ခွင့် တင်ထားရင် ကောင်းမယ် ရွာဆိုတာကို ရွာတော်ရှင်က စသုံးတယ် ၊ ထှာကို အင်ကြီးကထွင်တယ် ဆိုတာမျိုးပေါ့ )
inz@ghi
November 21, 2011 at 12:32 pm
ဘဘချောရ ..
တားတားက ငယ်ငယ်က ငါးတအားမွေးတာ …
တားက ဆင်းရဲပါလယ်ချို…
ငါးမွေး ဖောက် …ရောင်းစား …
အကုသိုလ် အတော်ကြီးခဲ့တာကလား …
ပိုက်ပိုက်ရှိတဲ့ တားတငယ်ဂျင်းတယောက် နိုင်ဂျံဂါးက
ခွေးမျိုးကောင်း ၂စုံဝယ်သွင်းလာပီး ဖောက် ပီးရောင်းစားမယ်လုပ်တော့
သူ့ ဖားသားရီးက ဟဲ့ကောင် မလုပ်ကောင်းဘူး
အဲ့ရာ ခွေး-ာခေါင်း လို့ ခေါ်တယ်ဟ …
ဆိုတော့မှ တားတားလည်း ကျွတ်ပီး မလုပ်တော့တာ…
ဂလိုဆို တားတားလည်း ငါး ……….ဖစ်တွားမှာပေါ့
ပုံ
ထှာ မူပိုင်ရှင် အင်ဂျီး..