Viper’s Video QuickTags Plugin

zoxnetMay 23, 20101min860
1

အခု ကျွန်တော်ပြောမယ့် Plugin လေးက WordPresser တွေ အတွက်ပါ ခင်ဗျာ။ WordPress post တွေမှာ ဗွီဒီယိုတွေ တင်ချင်တယ် ဆိုရင် လွယ်ကူဖို့ အတွက် ကြားခံထောက်ပံ့ ပေးတဲ့ ပလဂ်အင် ဖြစ်ပါတယ်။ အဲဒီ Viper’s Quicktags Plugin ကို ဒီမှာ အရင် ဒေါင်းလုဒ် လုပ်ပါခင်ဗျာ။ ပြီးရင် ထုံးစံအတိုင်း OneClick Plugin နဲ့ မိမိတို့ရဲ့ WordPress ဘလော့ဂ် ထဲက ပလဂ်အင်အုပ်စုထဲကို အင်စတောလုပ်လိုက်ပါ။ အုပ်စုထဲကို ရောက်သွားရင် Activate လုပ်ပေးပါ။ Activated ဖြစ်သွားရင် Dashboard ကို ပြန်သွားပြီး Setting ထဲမှာ Video Quicktags ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကို ကလစ်နှိပ်ပြီး မိမိလိုအပ်သလို ပြင်နိုင်ပါသေးတယ် ခင်ဗျာ။ ပြီးသွားတာနဲ့ မိမိ ပို့စ်ရေးတဲ့ ဘောက်စ်အပေါ်ဘက် Toolbar မှာ အသုံးပြုဖို့ Icon လေးတွေကို တွေ့ရပါလိမ့်မယ်။ တင်ချင်တဲ့ ဗီဒီယိုအမျိုးအစားကို ရွေးပြီး url မှာဖြည့်ပေးလိုက်ရင် အထမြောက် အဆင်ပြေသွားပါပြီ ခင်ဗျာ။