ပြောလိုက်တာကတမျိုး ပြောဖြစ်သွားတော့တမျိုး
ကျနော်ရုပ်ရှင်နားထောင်တယ်ဗျ။
ဒီဘက်မှာစာရေးနေရင်ဟိုဘက်က PC တလုံးကို
ရုပ်ရှင်ဖွင့်ထားတတ်တယ်။
အာရုံရောက်တဲ့အခါလဲရှိ၊မရောက်တာအခါလဲရှိပေါ့။
မြန်မာရုပ်ရှင်ဆိုတာ…
၁။ပါတဲ့လူတွေသိပြီးသား၊(ကျနော်ဆိုလူကြမ်း ကိုစောလွင်အေး၊ဦးမြမောင်၊မိုးဟိန်း၊ဒီရဲဂျာလိုသရုပ်
ဆောင်တွေကိုတောင်သေသေခြာခြာသိတာဆိုတော့)
၂။ဇာတ်လမ်းက100%မှန်းလို့ရတယ်။
ရှေ့အခန်းဘာဖြစ်မယ်ဆိုတာတောင်သိနိုင်တာ။
အဲဒီတော့ကြည့်စရာမလိုဘူး။
နိုင်ငံခြားမှာအနေကြာတဲ့ကျနော့အတွက်တော့နားထောင်စရာတော့လိုတယ်။
ခေတ်ကဘာတွေဖြစ်နေပြီလဲ။ဘာတွေဈေးတက်နေလဲ။
ဘယ်မှာဘာတွေရောင်းဝယ်နေကြလဲ။လူတွေရဲ့စိတ်တွေကဘောလုံးလား။၂လုံးလား။ဘာလဲ။
ကြည့်မိလိုက်တဲ့အခါမှာတော့ကင်မရာဘယ်နှစ်လုံးနဲ့ရိုက်တာလဲ။ မှန်ထိုးထားလား။
ကင်မရာအန်ဂယ်ယူတာဘယ်လိုထူးခြားလဲ။ဘယ်ကားကခိုးချထားတာလဲ။
ဘယ်တုန်းကဘယ်သူနဲ့ဘယ်သူ့ဇာတ်လမ်းလဲ။
ဘယ်မင်းသားဟောင်းကြီးရဲ့အတုကိုခိုးထားတဲ့ဒိုင်ယာလော့လဲ။
တချို့ကတဇာတ်လုံးမခိုးဘူး၊အပိုင်းလေးခိုးတာ။
တချို့ကလူကြိုက်များတဲ့ စကားလုံးဆိုဘယ်ကားဖြစ်ဖြစ်သုံးတော့တာ။
ပြီးတော့ထွင်ပြီးသုံးတာနဲ့ဘယ်စကားဘယ်ရောက်မှန်းမသိဘူး။
ဒီမန်းဂေဇက်မှာတောင် တော်တော်အော်လိုက်ကြသေးတာလေ။
ရုပ်ရှင်ကဂျူလီးယက်တရေးနိုး၊ မိုးဟေကိုကပြောတဲ့ဇာတ်ဝင်စကား(ဒိုင်ယာလော့ခ်)
“အိမ်တအိမ်မှာ ယောက်ျား အယောက်တရာ ဆန့်ချင်ဆန့်မယ် မိန်းမတယောက်ရဲ့နှလုံးသားမှာတော့
ယောက်ျားတယောက်ဘဲဆံ့ မယ်”ဆိုတဲ့စကား။
အသဲယားစရာကြီးပြောပုံက မိန်းမတယောက်ရဲ့တခြားဘယ်နေရာမှာရော ယောက်ျားဘယ်နှစ်ယောက်
လောက်စီဆန့်နိုင်မလဲ?
ကိုယ်ဟာကို စဉ်းစားတော့…………ဖွပေးလိုက်ပြီ။
အဲဒီလိုတလွဲတွေအပုံကြီးနော် သိပါတယ်။
ယုတိ္တ္တမရှိတာတွေကလည်းအများကြီးပါဘဲ။
အဆိုးဆုံးကမင်းသားကန်ချက်မှာ သိသိသာသာကြီး မျက်နှာကြီး ထိုးခံတတ်တဲ့ လူကြမ်းတွေပါဘဲ။
ခမြာများလည်းသနားစရာပါ၊အမြင့်ကခုန်ချလည်းသူတို့၊ချော်ထိုးမိလည်းဆောရီးပေါ့။
နို့….မင်းသားအကျ အဝတ်လေးတွေရဘို့၊ဒီမင်းသားငှါးရင် ဒီဇာတ်ပို့၊ဒီလူကြမ်းဆိုတာကိုး။
အဲဒီတော့ဇာတ်ပြောင်းမယ်၊နေရာပြောင်းမယ်၊လူတွေကအပေါ်ဆုံးကနေအောက်ဆုံးထိအတူတူ။
နောက်ဆက်စဉ်းတတ်တာကတော့………..
ဒါရိုက်တာကညီညီထွန်းလွင်ဆိုရင်ဘယ်လို စကားသုံးလဲ။
ကိုပေါက်ဆိုရင်ဘယ်လိုလဲ။
ကိုကုသိုလ်ဆိုရင်ဘယ်သူ့စတိုင်ကြီးနဲ့တူနေတာလဲ။
ဝိုင်းကဘာကိုဆိုလိုချင်လို့အဲဒီလိုတွေ ငါးမျက်စိတွေနဲ့ရိုက်ရတာလဲ။
ဆန်တိုရီကမက်ဆေ့ချ်ပေးခြင်တာကဘယ်လိုလဲ၊ဘယ်လောက်ထိရောက်လဲ။
ရိုက်ချက်တွေကကောင်းတာလားကြောင်တာလား။
ရှောက်တွေးတာဗျ။ ပျော်စရာကြီး။
တခုဘဲ ရုပ်ရှင်က ဘာဖီလင်ကိုဘဲပေးပေး ကျနော် စဉ်းစားချင်တာစဉ်းစားတာ။
ဥပမာ ပြောရရင်ဗျာ
အာရုံဦးမှာ ဖူးသည့်ကြာ ဗျာ။
ပြေတီဦး ပြောတဲ့ ရွေးကောက်ပွဲ ဥပဒေ ဆိုတာ ဒါဘဲ ဆိုပြီး သေနတ်ကြီး ထိုးပြတာ
သဘောကျလို့ ၁ဝ ခါလောက်ပြန်ရစ်ပြီးကြည့်တယ်။
ကျန်တာတွေ ဆီမထဲ့ဘဲ ကျော်တယ်အဲဒီလို။
ကျနော် ခေတ်ဟောင်းဇာတ်ကားထဲက ဗိုလ်အောင်ဒင်ကိုသူ့ပည့်သုခ(ထင်တယ်)
ဓမြတိုက်ဘို့ မြောက်ပေးတဲ့အခန်း
“ဆရာရေ ဟိုမှာ ကားတစင်းလာနေတယ် နှံလိုက်ရအောင်” ဆိုတာ ဘယ်လိုသဘောကျမှန်း မသိဘူး။
အဲဒီ ဗိုလ်အောင်ဒင် မှာဘဲ မမြဝင်းရဲ့…..
“ဒီလိုတော့ဖြင့်ခက်ရချေရဲ့ ကိုကိုရယ်” ဆိုတာ ကန့်လန့်ကြီးနဲ့နားထောင်လို့ကောင်းသား။
ကျနော် ငယ်ငယ်က အိမ်မှာဆို……..
“အတိတ်ကာလကို အဆိပ်ပြာချပြီး
အိပ်ယာအထမှာ ငါ့စိတ်ကိုလာမဆွနဲ့နော်
ဟင်း…… ပြိတ္တာမ ဖြစ်သွားမယ်။
(ဟား ဟား ဟား၊ လူမိုက်ကကျနော်၊အဖော်က ဘဘ) “လို့
အော်တာမျိုးတွေ သိပ်ကြိုက်တာ။
အလွတ်ရအောင် ကျက်ထားတဲ့ ဇာတ်စာတွေလဲရှိတယ်။
မြန်မာရုပ်ရှင်အကြောင်းဆက်ပြီးပြောရရင်
အခုတလောဆိုရင်(ကြာတော့ကြာခဲ့ပါပြီလေ)………
အဲ…”ဘိသိတ်ပြိုင်” ရုပ်မြင်ဇာတ်လမ်းလေး ကိုတော့ သဘောကျလို့ သိမ်းကိုထားတာ။
ကျနော် မြန်မာပြည်ရောက်ရင် ဘိသိတ်ဆရာလုပ်မယ်လို့….
(ဗီအိုင်ပီ)ကိုပြောကြည့်တော့ ပေါက်ကရတဲ့(^^)
“ဘိသိတ်ပြိုင်” ရုပ်မြင်ဇာတ်လမ်းလေး က သရုပ်ဆောင်တဲ့ ကိုဇော်ဝင်းနိုင်ကိုကျနော်အရမ်းသဘောကျတယ်။
ဦးမိုးဒီရောပေါ့။
အဲဒီလိုကားမျိုး ဒီခေတ်မှာရှိတာ တော်တော် အံ့ဩသွားတယ်။
မင်းသား မင်းသမီး မပါဘဲ မြန်မာပြည်ရဲ့ တကဲ့ လိုအပ်ချက် “မာန်တက်” နေတာ ချ တတ်ဘို့
ဆိုတာလေး မီးမောင်းထိုးပြ သွားတဲ့ ဆရာစောချစ် ပေကိုး။
ကောင်း လိုက်တဲ့ စာသားတွေ ရွတ်သွားလိုက်တာ၊ပြောသွားလိုက်တာ နားတယ်ဇိမ်ရှိတာဘဲကိုး။
ကျနော် ဆရာချစ်ဦးညိုကိုလဲ အလွန်သဘောကျတာလေ။ဆရာက ရာမယန ကိုရေးရုံမကဘူးနော်။
ကိုယ်တိုင်ကို က တတ်တာ။ ထိုင်းမှာ ရာမယနစာတမ်းဖတ်ပွဲမှာဆရာကိုယ်တိုင်ကတဲ့ ဓာတ်ပုံတွေ
အွန်လိုင်းမှာတွေ့ဘူးတယ်။
(In the modern day Burmese version of the Ramayana by Chit Oo Nyo ဆရာချစ်ဦးညိုရဲ့စာတမ်း။)
ပြောရရင်ဗျာ။ မြန်မာဆန်တဲ့ မြန်မာကားလေးတွေ ကြိုက်တယ်။
အဲဒီတော့ မြန်မာမဆန်တဲ့ ကားတွေမကြည့်ဖြစ်ဘူး၊
အဲလေ………နားမထောင်ဖြစ်ဘူးဗျာ။
အဲဒီမြန်မာ့ရုပ်ရှင်ခိုးတာကိုလိုက်စဉ်းစားလိုက်တာ အတွေးမျှင်က….
ခိုးချက်ကနာပုံများ ကတော့ လပ်ကီးဆဲဗဲန်းကစာတမ်းထိုးတဲ့ တီးလုံးက
၂ဝရာစုမြေခွေး Company (20 Century Fox)က တီးလုံးကြီး။ အံ့ရော။
ပရိတ်သတ်ကိုလျှော့တွက်တာ။ ဒီခေတ်ပရိတ်သတ်က ဆရာတွေချည်ဘဲ။
လက်ခုပ်တီးတိုင်း ဟုတ်လှပြီ ထင်မနေနဲ့၊မြှောက်ပေးတာ၊ဂျင်းထဲ့တာ။စားနေတာ။
ငါဘဲတတ်လှပြီ၊ဟုတ်လှပြီလို့ ထင်နေတတ်လို့ပေါက်ကရတွေစွတ်လုပ်တော့ နောက်ဆုံး
ရုပ်ရှင်လောကပျက်စီးရော။
ဘဘဦးသုခတို့ ဘယ်လိုလှအောင်ရိုက်တတ်လဲ၊ အနုပညာကိုဘယ်လိုဖန်တီးလဲ၊မလိုက်နိုင်ဘူး။
ခိုးချမယ်၊ တီးလုံးထိခိုးတာ၊ကိုရီးယားကားထဲက တီးလုံးတွေထင်ပါတယ် (ကိုရီးယားကားမကြည့်ဘူးလို့မသိဘူးဗျ)
ဘယ်ကားဖြစ်ဖြစ်တယောက်ယောက်ကိုချောင်းတဲ့ တီးလုံး တူ တူဘဲ။ “လေ” တယ်။
တီထွင်နိုင်စွမ်းအားမရှိတော့ဘူးလားလို့ စဉ်းစားမိတယ်။
ဒီဘက်ထိ ရောက်လာတယ်နော်။ နိုင်ငံရဲ့ စီးပွါးရေး၊လူမှုရေးတွေအထိ။
အကုန်လုံး သူများနောက်လိုက်လား?
မတီထွင်တတ်တာလား။တီထွင်ခွင့်မရ{ခဲ့-(သို့)-သေး}တာလား။
အမှန်ကတီထွင်မှူဆိုတာ တခါထည်းနဲ့ ပြီးမြောက်တာမဟုတ်ဘူး၊.
အကြိမ်ကြိမ် လုပ်လိုက်၊ထုတ်ကြည့်လိုက် နဲနဲစီပြင်လိုက်နဲ့ ကောင်း လာတာမျိုးမဟုတ်လား။
ဘယ်မှာတီထွင်ခွင့်ရလို့လဲ။
“မြန်မာ လူကျော် ၁၀၀” စာအုပ်မှာ(ထင်တယ်)တီထွင်မှုတချို့တွေ့ရတယ်။
အရင်က မြန်မာနိုင်ငံ သုတေသနအသင်းကြီးဆိုတာရှိတယ်။ရန်ကုန်တက္ကသိုလ်မှာပေါ့။
အဲဒီမှာ ဆရာအကျော်အမော်တွေ ဆရာကြီးတွေအများကြီးရှိခဲ့တာ။
အဲဒီ ဦးနေဝင်းကြီးစကားတခွန်းထဲနဲ့ဖျက်ခဲ့တာ။
ပြောရရင် စီးပွါးရေးပညာမှာ ဖွံ့ဖြိုးမှူစီးပွါးရေးပညာရဲ့ဦးဆောင်ပညာရှင်တယောက်ဖြစ်တဲ့
ဒေါက်တာလှမြင့်(၁၉၂ဝမွေး)ဟာအခုခေတ် ပြည်ပပို့ကုန်ဦးစားပေးစနစ်ကသာလျှင်
စီးပွါးရေးအင်ဂျင်ဖြစ်တယ်လို့ (World Level) အစောကြီးကတည်းကပြောခဲ့သူ။
ကိုရှူမောင်လဲ တက်လာရော လန်ဒန်တက္ကသိုလ်ရောက်သွားရှာတယ်။
ပြောရင်းဆက်ပြောရအုန်းမယ်။
ခုထိုင်းနိုင်ငံက Asian Development Bank (ADB)အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့စကော်လားရှစ်တွေကျောင်းသားတွေ
ကိုပေးနေတဲ့ Asian Institute of Technology အေအိုင်တီလိုကျောင်းမျိုးADBကမြန်မာပြည်ကိုလည်း ပေးခဲ့တာ။
ကိုနေဝင်းက ငြင်းခဲ့သတဲ့။
တော်သူတွေလုပ်ခွင့်ရတဲ့ ခေတ်ကိုရောက်လာရင် ခိုးတာတွေက အလိုလို ပျောက်သွားရမှာပေါ့။
အဲဒီ နေ့ကိုမျှော်နေသူတွေ အများကြီးရှိနေပါတယ်။
ကျနော်လား၊ နေရာမလိုပါဘူး။လုပ်ခွင့်ဘဲလိုတာပါ။
ဆရာဖေမြင့်ရဲ့ နှလုံးသားအဟာရ ထဲက တကြိမ်မှာ တခု (ကြယ်ငါးလေးတကောင်) ဆိုတဲ့စာစုလေးလိုပါဘဲ။
ကမ်းခြေမှာ ပင်လယ်ရေအကျ သောင်တင်ပြီး ပင်လယ်ထဲပြန်ပါမသွားနိုင်ဘဲ နေပူမိပြီးသေရမဲ့
ကြယ်ငါးတွေအကုန်လုံးမကယ်နိုင်ရင်တောင် တကြိမ်မှာ တခု တကောင်ကောက်ပြီးပင်လယ်ထဲပြန်ပစ်နိုင်ရင်
အဲဒီ..ငါးတကောင်အတွက်တော့အသက်ရှင်ခွင့်ရသွားမှာပေါ့၊လို့ဆိုသလိုပါဘဲ လုပ်နိုင်တဲ့အင်အားရှိလာတဲ့တနေ့
ဘာ”နေရာ” မှ မလိုတဲ့အနေအထားနဲ့လုပ်ချင်ပါတယ်လို့။
~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားပါသည်
မောင်သစ်မင်း (^^)
40 comments
lone
November 22, 2011 at 4:03 pm
ဦးသစ်မင်းက ရုပ်ရှင်နဲ့စီးပွားရေး လောကကထင်တယ်…တော်တော်သိပါ့… lone တို့မမှီလိုက်တဲ့ကားတွေ ပြန်ပြောပြနေတာ…ဘယ်ခေတ်ကကားတွေလဲမသိဘူး…
ပေါက်ဖော်
November 22, 2011 at 4:19 pm
ရုပ်ရှင်နဲ ့စီးပွားရေး..ကြီးပွားရေ..သမီးရည်းစားအရေး.ဘာသာရေး..နိုင်ငံရေး..အကုန်နှံ ့စပ်တယ်
မိလုံးရေ….အကုန်နှံ ့စပ်တဲ့ဆာသစ်ပါပဲ..
ငွှ..ငွှ..ငွှ..
မကြောက်ပါနဲ ့..မမြရင်ရယ်..
ဘိုသစ်မင်း ဘောင်းဘီချွတ်တာ..ပုရွက်ဆိတ်ကိုက်လို ့ပါ..ကွ..
ငွှ..ငွှ.ငွှ…
thit min
November 22, 2011 at 4:37 pm
လေဘာတီမမြရင် နဲ့ ဗိုလ်သစ်မင်း
မမြဝင်း နဲ့ ဗိုလ်အောင်ဒင် အဲလိုလား ညီပေါက်ဖော်။(^^)
thit min
November 22, 2011 at 4:09 pm
ဗိုလ်အောင်ဒင်ကားဘဲ ရှေးဟောင်းကားပါ လုံးလုံးရဲ့။
ဘိသိတ်ပြိုင်က သိပ်မကြာသေးပါဘူး။
ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ အရမ်းကောင်းတာ။
ဂျူလီယက်တရေးနိုးကလည်း မကြာသေးဘူးလေ။
ဘယ်ခေတ်ကကား မှဟုတ်ဘူး။
ဒီခေတ်ကား။
lone
November 22, 2011 at 4:20 pm
lone က မြန်မာကားဆို ရုပ်ရှင်ကားကြီးတွေပဲ ကြည့်တာများတယ်……. ဗွီဒီယို ကားတွေ သိပ်မကြည့်ဖြစ်ဘူး…ကြည့်ရင်လည်း…မိုးဟေကိုတို့သင်ဇာဝင့်ကျော်တို့ သက်မွန်မြင့် တို့ နိုဘယ်ကျော်ကျော်တို့ အေးမြတ်သူတို့ ဝတ်မှုန်ရွှေရည်တို့ ပြောရင်ကုန်မှာမဟုတ်ဘူး..သူတို့ပါတဲ့ကားတွေဆို မကြည့်ဘူး…. lone က အိဒ္နြာကျော်ဇင်၊ဖွေးဖွေး၊ ချစ်သုဝေ ၊ ရဲတိုက် ၊နေတိုး ၊မင်းမော်ကွန်း သူတို့ ၆ ယောက်ပါတဲ့ကားကလွဲပြီး ကျန်တဲ့ကားတွေမကြည့်ဘူး… သူတို့ထဲက တစ်ယောက်ယောက်
ပါမှကြည့်တာ…ဟဲဟဲ… 🙂
amatmin
November 22, 2011 at 4:24 pm
ဆရာသစ်ရေ..
အကိုတွေးပြလိုက်တော့ မှပဲ ကိုယ်တိုင်လဲ ခဏခဏ ဖတ်ဖူးနေတဲ့
ကြယ်ငါးလေးတကောင်စာစု ကပိုအသက်ဝင်သွားတယ်..
ဖတ်မှတ်ထား တာတွေကို ပြန်လဲ ရေးတတ်ပါ့ဗျာ..
အကိုရဲ့ဗီတာမင် တွေနဲ့ ကိုယ်ခံအားတွေ ပြည့်လာပါပြီ..
thit min
November 22, 2011 at 4:39 pm
ညီ ကိုယ်တို့အတူတူ တနေ့ ကြယ်ငါးတွေ ကောက်ရအောင်နော်။
lone
November 22, 2011 at 4:56 pm
အမလေး ငါတော့ လူကြီးဝိုင်းထဲ ပဲလှော်ဝင်နှိုက်မိပြီထင်တယ်…. 🙁
amatmin
November 22, 2011 at 5:06 pm
ဦးကြောင်ကြီး ပြောသလိုသာ ပြောရ ရင်တော့ ..
လုံးလုံးနဲ့ ကြယ်ငါးအတူကောက်ရ ရင် အတော်ကြီးပျော်ဖို့ကောင်းမှာပဲ… 🙂
ကြယ်တွေစုံတဲ့ တနေ့ ကြယ်ငါးတွေ ပျော်ပျော်ကြီးဝိုင်းကောက်ကြတာပေါ့ အကိုရာ..
ပေါက်ဖော်
November 22, 2011 at 5:20 pm
မလုံးရယ်..အားမငယ်ပါနဲ ့..
အဘ.အဲ.အဲ..တားတားလဲ…မလုံးနဲ ့အတက်သိပ်မကွာပါဘူး..
ခုမှ ၁၆ နှစ်စွန်းစွန်းပဲ ရှိပါသေးတယ်..
အိမ်ထောင်သက် မဟုတ်ပါ
laypai
November 23, 2011 at 11:59 am
ဟုတ်တယ် လုံးရေ။ သူတို့ ပြောတာ ရေးတာ ဘဲ ဖတ် နေတော့ တယ်။
MG မှာ ထူးချွန် နှံ့ စပ်သူတွေ များလေ၊ members တွေ အတွက် ပို ကောင်း လေ ပေါ့ နော်။
မှော်ဆရာ
November 24, 2011 at 8:14 pm
ဟုတ်ပါတယ် ဦးပေါက်ဖော်ပြောတာ ထောက်ခံပါတယ် ..
ဦးပေါက်ဖော် ၁၆ နှစ်စွန်းစွန်းပဲ ရှိပါသေးတယ် ..
(အငယ်ဆုံးကလေး အသက်ပါ..)
blackchaw
November 22, 2011 at 4:26 pm
ဘိသိတ်ပြိုင် က ရုပ်မြင်ဇာတ်လမ်းလေး ကိုသစ်ရေ။
ကျွန်တော်လည်း ကြိုက်တယ်ဗျ။
ဇာတ်လိုက်မိုးဒီကြီးက ဆားတောင်သောင်း အဖြစ် သရုပ်ဆောင်တာလေ။
မာန်တက်နေတဲ့ ကိုဇော်ဝင်းနိုင် က နောက်ဆုံး မိုးဒီကြီးကို
ထိုင်ကို ကန်တော့ရတဲ့ ဇာတ်လမ်းလေးပါ။
အကြိုက်ချင်းတူနေတာ ဝမ်းသာတယ်ဗျာ။
thit min
November 22, 2011 at 4:35 pm
ကိုဘလက်ရေကျေးဇူး၊ကျနော် ပြင်လိုက်ပါပြီ။
blackchaw
November 22, 2011 at 5:17 pm
ကိုသစ်ရေ။
မျိုးကျော့မြိုင်ရဲ့ မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်းမှာ ထည့်သုံးခဲ့တဲ့
ဗိုလ်အောင်ဒင် အသံဇာတ်လမ်းထဲက
” ရာမ လွယ်သလားခက်သလား ရာမ၊ ပြောစမ်းငါ့ကို၊
ဟေ့ဒီမှာ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဟောဒီလိုပစ်နိုင်မှ ဗိုလ်လုပ်လို့ရမယ်ကွ ”
ဆိုတဲ့ ကောလိပ်ဂျင်နေဝင်း ရဲ့ အသံဇာတ်လမ်းလေးတွေ အကြောင်းလည်း
ကိုသစ်ဆီက ကြားချင်မိတယ်ဗျို့ ။
thit min
November 22, 2011 at 6:20 pm
ကိုဘလက်ရေ ။
အသံလွှင့်ဇာတ်လမ်းတွေ ခေတ်ဆိုတာဟိုးအဝေးကြီးမှာကျန်ခဲ့ပြီနော်။
ခင်ဗျားပြောမှပြန်လွမ်းသွားမိတယ်။
မင်းအသက်ငါ့ပေး ဆရာကြီးမြခိုင်တို့ ဘာတို့။
ဘီးအီးဒီအောင်သိုက်တို့ ခေတ်တွေ။
ကျနော်ကသိပ်တော့အစအဆုံးနားထောင်တာတော့မဟုတ်ဘူးဗျ။
အိမ်မှာလူကြီးတွေဖွင့်ရင်ကြားနေတာမျိုးနဲ့ မှတ်မိနေတာပါ။
ဘာဘဲဖြစ်ဖြစ်ပုံစံအမျိုးမျိုးနဲ့အနုပညာခေတ်တွေမှာ
စီးပွါးရေးသမားတွေရဲ့ ကာဘာကဒ်စနစ်၊
ပရီရကော်ဒင်းတွေကိုပါပြန်တွေးမိသွားတယ်။
MaMa
November 22, 2011 at 6:17 pm
`ဇ´ ရှိသူများမှာကတည်းက ပြောချင်နေတာ။ ဆြာသစ်တို့လို လူတွေသာဦးဆောင်ရင် ကိုယ်လုပ်နိုင်သလောက် ( အုတ်သယ် ခဲသယ်) တော့ လုပ်ချင်ပါသေးတယ်။ 😀
thit min
November 23, 2011 at 9:43 am
အဲဒီ စကားတော့ အားရတယ်ဗျာ။
ဗော်လံတီယာစိတ်ရှိသော ပညာ၊အင်အား၊အတွေးအခေါ်ရှိ၊ ပရစိတ်ရှိသူများကို သူတို့
ပေး နိုင်တဲ့ “အား”တွေယူပြီး ကျနော်တို့ တိုင်းပြည်ကိုပြန်ထူရမဲ့အနေအထားဆိုတော့
မမ တို့လို အင်ဂျင်နီယာအရင့်အမာကြီးဆီက ခုလိုစကားက ဝမ်းသာရပါတယ်ဗျာ။
တကယ်ပါ။
naywoonni
November 22, 2011 at 7:01 pm
ဘိသိတ်ပြိုင် က ဆရာချစ်ဦးညို သူ့စာပေဟောပြောပွဲတိုင်းပြောလွန်းလို့ အဲဒိအခွေမရမက ရှာပြီး သိမ်းထားတယ်……။ ပြောလည်းပြောလောက်ပါတယ်…။ မူရင်းဇာတ်လမ်းရေးသူက ဆိုင်းဆရာ ရွာစားဆိုပဲ…။ အဲဒါကို ဆရာစောချစ်က ဇာတ်ညွှန်းရေးပြီး ရိုက်တာ…။ အင်္ဂလိပ်စာတမ်းထိုးပြိး ဝေတဲ့ကားလို့ ပြောတယ်…။ ဆရာချစ်ဦးညိုရဲ့ ဆရာတော် တစ်ပါးက အကုန်အကျခံပြီးရိုက်တာ….။ အကျိုးအမြတ် တစ်ပြားမှ မယူပါဘူးတဲ့…။ နိုင်ငံခြားက လက်လှမ်းမှီတဲ့သူတွေ ရတယ်…။ ပြည်တွင်းမှာလည်း အခမဲ့ ပေးထားတယ်ပြောတယ်…။ အရက်သမားတွေ ချွတ်တဲ့ကားပေါ့ဗျာ…..။ ဒီကားကြည့်ပြီးရင် ကိုပေတို့ ကိုပေါက်ဖော်တို့ အရက် ပိုသောက်ဖြစ်မလား လျော့သောက်ကြမလားမသိဘူး….။
thit min
November 22, 2011 at 7:12 pm
သဘင်မဂ္ဂဇင်း အယ်ဒီတာဆရာချစ်ဦးညို နှင့် ဆရာလယ်တွင်းသားစောချစ် တို့က
မဂ္ဂဇင်းပါ ဆောင်းပါး ဖြစ်သော ဆိုင်းဆရာ ရွာသားစိန်တင်ဟန် ၏ ဘိသိတ်ပြိုင် ကိုဖတ်မိ
သဘောကျရာမှ ဤရုပ်မြင်သံကြားဇာတ်လမ်းဖြစ်လာခဲ့သည်ဟုမှတ်သားရဘူးပါကြောင်း။
nozomi
November 24, 2011 at 5:37 pm
အဘ နီရေ
ဘိသိတ်ပြိုင်ကားအကြောင်း အခုမှ ကြားဖူးပါတယ် ၊ ဆိုင်မှာ မေးကြည့်တော့ မရှိဘူး
ဘယ်လိုများ ကြည့်ရနိုင်မလဲ ကူညီပါဦး ခင်ဗျာ
GreeNSheeP
November 22, 2011 at 7:52 pm
Welcome back to burma ! We are waiting for your leading !
windtalker
November 22, 2011 at 8:38 pm
ကစ်သိုရေ
တစ်ချို ့က ရှိသေးတယ်
ပေါ်တင်ကူးပြီး
ခပ်တည်တည်နဲ ့
ကိုယ့်နာမည်နောက်မှာ ကိုယ့်ဘာသာပေးတဲ့
ကိုယ့်ကိုကိုယ်ဖော် ဘွဲ ့ဂုဏ်လေး တွေ ပါသေးတယ်
ဥပမာ….မောင်မောင်ပေ ( အိမ်တွင်းဖြစ် )
ကိုကိုပေ ( ထူးရှယ်ရိုက်သည် )
ဆြာဆြာပေ ( အုန်း သိဖ် ) တို ့ဘာတို ့ဆိုကလား
inz@ghi
November 22, 2011 at 8:46 pm
ပီကာဆိုကပြောတယ်
စတိပ်ဗ် ဂျော့ဘ်လည်း သည်တိုင်း လိုက်ပြောခဲ့တယ်..
Good artists copy, Best artists steal တဲ့….
ဆြာသစ်တို့ သဂျီးတို့ ဆြာဆန်နီတို့ ဆြာဘလက်တို့ … တို့ ..တို့ …ရဲ့စာတွေ
ခိုးဖို့ တားတား ပြင်ဆင်နေပါပီ
ဘက်စ်ထ် အားထစ့် ဖြစ်ချင်တာကိုး…
😀
ကိုရင်စည်သူ
November 22, 2011 at 8:47 pm
ကိုကိုသစ်..
ပြောချင်ဒါကို ကိုရင်က သဘောပေါက်ပြီးသား..
တချို့ ဒါလိုက်တာ တွေရှိသေးဒယ်..
အင်္ဂလိပ်ကားလေး ၂ကား ၃ကားကြည့်ဖူးတယ်.
ဆြာကြီးဆိုဒ်နဲ့ ရိုက်နေကြဒါ..
ဒါလိုက်တာကြီးတွေရဲ့ ရိုက်ကွက်တွေအောက်မှာ
ကြွေခဲ့ကြတဲ့ မော်ဒန်မလေးတွေ အကြောင်းတော့
မပြောချင်တော့ပါဝူးဂျာ..
မြန်မာ ရုပ်ရှင်လောကကိုတော့ ရွံ့ထှာ.. ဖွီး… (ဂီ့ဂီ့လေသံဖြင့်..)
Sonny
November 22, 2011 at 10:47 pm
ကိုသစ်ရေ..
ကိုထူးအိမ်သင်ရဲ့ အမေ သီချင်းခွေမှာဆို စာသားက
‘ဆန်ပင်တွေဖြူသွားကျိုးကာ…” လို့ဆိုတယ် ဒါရိုက်တာက ရိုက်ကွက်က
ဒေါ်မြင့်မြင့်ခင် လက်သဲကအရှည်ကြီး နှုတ်ခမ်းနီ လက်သည်းရှည်နဲ့ ဗျ။။
အဲဒီသီချင်းရဲ့ theme မမိဘူး။ သီချင်းက ဆင်းရဲတဲ့အမေ သဘောပါ။
ချစ်ခြင်းအားဖြင့်…….ကိုဆန်နီ….
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
November 23, 2011 at 2:36 am
ပို့စ်နဲ့ သိပ်တော့ မဆိုင်ပါဘူး။ starfish ကို မြန်မာပြန်ကြတာ များသောအားဖြင့် ကြယ်ငါး လို့ပြန်ကြတယ်။ တကယ်က မြန်မာအခေါ် ရေလက်ဝါး ပါ။ ငါးက ကြယ်ပုံလေး။
thit min
November 23, 2011 at 10:41 am
ညီသိုးစိမ်းရေ
အားကိုးမှာနော်။ အတူတူလက်တွဲကြအောင်ဗျာ။
~~~~~~~~~~~~~~~~
ညီမောင်ပေ
ဟုတ်ပ.။ဝတ်ပုံစားပုံတွေကအစပေါ့နော်။
နာမည်ခိုးတာကတော့မပြောပါနဲ့တော့ အများကြီးပါဘဲ။
~~~~~~~~~~~~~~~~~
အင်ဇာဂီ ညီရေ့
Learning by doing ဆိုတာလဲ တကယ်တော့ ခိုးတာပါဘဲ။
(အတု)ခိုးတယ်ပေါ့ကွာ။
နောက်ဆုံးအဆင့်ဖြစ်တဲ့ (ကိုယ်ဟာကိုယ်ထွင်အဆင့်) Learning by innovation မရောက်တော့လို့ သူခိုးဘဝရပ်နေပြီး၊သူခိုးဖြစ်ရတာပါ။
ကောင်းတာကိုခိုးတာ ခိုးကောင်းပါတယ်။
{အဲ ကိုယ့်စာတွေကတော့ ခိုးလောက်အောင် မကောင်းသေးပါဘူးကွာ၊ ညီကလဲ အချင်းချင်း
အရောက် မ”ပို့” ပါနဲ့ကွာ။(^^)}
~~~~~~~~~~~~~~~~~~
ကိုရင်စည်သူရေ
ဇိနတ်အမမ်းဆိုတဲ့ အင်ဒီးယားမင်းသမီး ပြောသလိုဘဲ ၊ဒီ ဘဝ ရောက်အောင် ဒါရိုက်တာတွေရဲ့
ခြင်ထောင် တွေထဲကဖြတ်လာခဲ့ရပါတယ် ဆိုတာမျိုးပါ။
~~~~~~~~~~~~~~~~~~~
ကိုဆန်နီရေ
ဟုတ်ပဗျာ။အဲဒါမျိုးတွေကတော့ အများကြီးပါ။ဆင်းရဲပြီး သူများခိုင်းတာလုပ်နေရတဲ့ တောသားမင်းသားရဲ့
ခေါင်းကဆံပင်က ဂျယ်လီတွေနဲ့ တောင့်နေ၊သပ်ရပ်နေတာပါဘဲ။
~~~~~~~~~~~~~~~~~~~~
ကိုရှုံးရေ
ဟုတ်ကဲ့ ။ကျနော်လဲ ကြားဘူးပါတယ်။ကိုရှုံးပြောတာလက်ခံပါတယ်။
~~~~~~~~~~~~~~~~~~~~
small cat
November 23, 2011 at 9:22 am
တော်သူတွေလုပ်ခွင့်ရတဲ့ ခေတ်ကိုရောက်လာရင် ခိုးတာတွေက အလိုလို ပျောက်သွားရမှာပေါ့။
အဲဒီ နေ့ကိုမျှော်နေသူတွေ အများကြီးရှိနေပါတယ်။
ကျနော်လား၊ နေရာမလိုပါဘူး။ လုပ်ခွင့်ဘဲလိုတာပါ။
မြန်မြန်လုပ်နိုင်ခွင့်ရပါစေ လို့ ရင်တွင်းက နှစ်နှစ်ကာကာ လာတဲ့ စကားနဲ့ဆန္ဒပြုလိုက်ပါတယ်။
ဆရာဦးသစ်မင်းက ဗိုလ်အောင်ဒင်တု့ိ ၊ဘီအီးဒီအောင်သိုက်တို့၊ ဒို့တင်ဌေးတို့ ပြောဇာတ်တွေ၊
လူမိုက်က ကျနော်၊အဖော်က အဇာတသတ် တို့ဆိုတာတွေပြောနေတော့၊ဘဘကြီးဖြစ်နေပြီထင်တယ်၊
ကြောင်လေးက အခု မှ တစ်နှစ် သားလေးပါဗျာ။
thit min
November 23, 2011 at 10:46 am
ကိုစမာကတ်ရေ…………..
ကျနော် ကြိုးစားနေပါတယ်။ကျနော် အားလေးနဲ့ပေါ့နော်။
စေတနာရှိသလောက် လိုက်နိုင်မဲ့အားကလိုသေးတယ်
မဟုတ်လား။ အားလုံးလဲကူရမှာပါ။
“စိတ်”ရှိသလို ကူနိုင်တာမျိုးမလို့သူ့နေရာနဲ့သူ
မည်သူမဆိုလုပ်နိုင်နဲ့ အရာမျိုးတွေပါ။ ကျနော် တို့အားလုံးရဲ့ မြန်မာပြည်ကြီး အောက်ကျနောက်ကျဖြစ်နေတာ
အားမရလွန်းလို့ပါ။
ကျနော်အသက်က အရမ်းမကြီးသေးပါဘူး။
လောကအတွက် ကျေးဇူးဆပ်ဖို့ အချိန်တွေအများကြီးရှိနေတဲ့အရွယ်ပါ။
သစ်မင်း သိတာတွေကတော့ တော်တော်စုံပါတယ်။
ဟိုး ရတနာပုံမောင်စု တို့ဒေါ်မေသစ်တို့ မေမေဝင်းတို့
“ခင်မောင်ရင် ပြောကြားမယ် တောသားလဲဟုတ်ရပေါင်ခင်ရယ်
ထင်တာတွေအကုန်လုံးမှားလိမ့်မယ် ရတနာ သုံးပါးကို တဲ့ ကြည်ညိုတယ် “ဆိုတဲ့
ခင်မောင်ရင်ဆိုခဲ့တဲ့ သီချင်းတွေကနေ၊
ကိုထီး၊ကိုငှက်၊ဇော်ဝင်းထွတ်၊ အာဇာနည်၊ မျိုးကြီး၊တို့ကနေ
“ဖုံးလဲဆက်လို့မရ၊လူကြုံပါးလို့မရ၊အရင်ကလို ဆုံရန်အရေးကြီး မျှော်နေတယ်မင်းကို”
လို့ဆိုတဲ့ မယ်လိုဒီ ဝါးက ကောင်းကောင်းနဲ့ မို့မို့
သီချင်းတွေ၊ခု ဝိုင်းစု သီချင်းတွေအထိ အကုန် သိပါတယ်။
သစ်မင်း စာ စဖတ်တတ် ကတည်းက အိမ်မှာရှိတဲ့ က-ကုံ ကစတဲ့ စွယ်စုံကျမ်းတွေ၊
သုတ္တ္တ္တန်၊ဝိနည်း၊အဘိဓမ္မာ စာအုပ်တွေ ထဲက ကို စိတ်ပါတာတွေ ဖတ်တယ်။
မှတ်စု ရေးပါတယ်။
တခုတော့ ရှိပါတယ်။ သစ်မင်းကသိချင်ရင် ဟိုးအစ ထိ လိုက်ရှာပြီး လေ့လာတတ်ပါတယ်။
မြန်မာစာကိုချစ်တယ်။ မြန်မာသီချင်းတွေကိုချစ်တယ်။
!!!”ကော် နီ” သီချင်းကြီးဆိုတာ နားထောင်ဘူးလား?
တော်တော်ကောင်းတယ်။
” မြမန်းဂိရိ သေ လာ တောင် နန်းတည် ထောင် ” ဆိုတဲ့ အတက်က
ကော်နီ အသံအားနဲ့ ကွက်တိဘဲ။ ကောင်းမှကောင်း။
အဲဒီလိုနားထောင်ရင်းနဲ့
ချွင်ချွင် ခွပ် လို့ ဆိုတဲ့ သံစဉ်မှာ၊ ချွင်ချွင်ကို ဖျောက်ပြီး –ခွပ်–ခွပ် လို့ တီးရတဲ့ ပတ်ပျိုး
ယိုးဒယားတွေ ဆိုတာကြားရလို့ လိုက်စပ်စု ဘူးပါတယ်။
ဆရာကြီး ဦးဂုဏ်ဘန် ရဲ့ မြန်မာ့ဂီတအကြောင်း ရေးသားထားတာတွေမှာ “စည်းပျောက်”လို့
ခေါ်တဲ့ စည်းဝါးလိုက်နည်း ဆိုတာသိလိုက်ရတယ်။
အဲဒီအခါမှာ “က” မယ်ဆိုရင် မင်းသမီး ကသူ့ ခြေဖဝါး ကို စည်းသံ ရှိသလို -နရီ- နဲ့ မှန်းပြီး ခွပ်ကနဲ့
“ဝါး” အချ မှာထိုင်မသိမ်း ထမီ(မင်းသမီးကတဲ့ထမီ) ကို ဝိုင်းကနဲ့ ဖြစ်အောင် ကွက်တိ
ချရတယ်ဆိုတာ သဘော ပေါက်တော့ အက ကို အကဲဖြတ်ကြည့်လို့ရသွားတာပေါ့ဗျာ။
အဲဒီ လိုနဲ့ ခုတော့ သုတေသန လုပ်တာဝါသနာပါသွားတယ်ထင်ပါရဲ့။
ကျနော်တို့ တိုင်းပြည်အတွက် ကောင်းနိုးရာရာ နည်းလမ်းလေးတွေ သုတေသနလုပ်ကြည့်နေမိတယ်။
Game Theory ကစားပွဲ သီအိုရီ အရ (Win-Win Theory) ၂ ဘက်လုံးနိုင် နည်းလမ်းနဲ့ပေါ့နော်။
ကြောင်ကြီး
November 23, 2011 at 10:03 am
ကြယ်ငါး
ကျားငယ်
မနားရယ်
စကားကြွယ်တာ
ဖလားသယ်ဖို့။
ဆြာသစ်ရေ… ကြောင်ကြီးလည်း မြန်မာကား မလွတ်တမ်းကြည့်ပါတယ်။ ဒေါက်တာချက်ကြီး၊ မောင်စေတန် ကုမ္မဏီတွေက ထုတ်တဲ့ကားဆို ဇာတ်အိမ်ဇာတ်ကွက် မလွတ်တမ်း မှတ်မိနေပြီ။။ ကြောင်ကြီးအကြိုက်ကို ဘယ်သူမှ လျောက်မပြောနဲ့နော်။
weiwei
November 23, 2011 at 11:02 am
ကိုသစ်မင်းက ဗဟုသုတတော်တော်စုံတာပဲနော် ….
ကျွန်မလဲ အရင်တုန်းက (အခုတော့မလုပ်ဖြစ်ဘူး) စာအရမ်းဖတ်တယ် … ရုပ်ရှင်နေ့တိုင်းကြည့်ပါတယ် …
အဲဒီအကျိုးကျေးဇူး အတော်ကြီးတယ် …. နယ်ပယ်အားလုံးကို တစ်ဖက်ကမ်းခတ်မသိပေမယ့် အားလုံးအကြမ်းမျဉ်းတော့ သိနေခဲ့တယ် … ဘယ်သူတွေနဲ့ ဘာအကြောင်းပဲပြောပြော မအဘူးပေါ့ …
အခု ကိုသစ်မင်းပို့စ်ကို ဖတ်မိတော့မှ ကျွန်မသိတာ တော်တော်နဲသေးတယ်လို့ သိလာတယ် … စာဖတ်တဲ့အလေ့အကျင့်ကို ပြန်လုပ်အုန်းမှပဲ …
Moe Z
November 23, 2011 at 11:11 am
ရုပ်ရှင်မကြိုက်တဲ့မိုးစက် ဒီပို့စ်ကိုဖတ်ပြီး မြန်မာကားတွေကြည့်ဖို့စိတ်ကုန်သွားပါကြောင်း
စာဖတ်တာပဲကောင်းတယ် …
inz@ghi
November 23, 2011 at 11:16 am
ဟုတ်ပါ့ ဇိ ရယ်
ဂီ့ စာတွေ များများ ဖတ်ပေးနော်….ခစ်စ်..
ဇိ အတွက် ဂီ့…
😀
ပေါက်-ပေ-လူး-ဂီ-တီ-ဘီ-စီ သိုင်းညီနောင်-ရဖော်မှ
အဖြူရောင် သိုင်းသမားလေး ဂီဂီ
ကိုပေါက်(မန္တလေး)
November 23, 2011 at 4:46 pm
ရှေးမြန်မာတွေက
ထွင်ကြည့်ခဲ့ ကြိုးစား ကြည့်ခဲ့ကြတယ်။
အောင်မြင်ခဲ့ကြပါတယ်။
နောက်တော့ မလုပ်တတ်သူက သူ့ထက်သာမှာစိုးတော့
လုပ်တတ်သူကို လုပ်ခွင့်မပေးခဲ့ကြတော့ဘူး။
အဲတော့ ထွင်ခွင့်မရတော့ ဒီအတိုင်းထိုင်နေလိုက်ကြတယ်။
ထိုင်နေတာကြာတော့ မလုပ်တတ်တော့ဘူး။
မလုပ်တတ်တော့တူအောင် တုရော။
နောက်တု ရင်းကနေမလုပ်တော့တော့ ပုံတူကူးတော့တာပါဘဲ။
နောက်ဆုံးတော့ ကူးတာတောင် မူရင်းကိုမကူးနိုင်တော့ ဘဲ
သူများကူးထားတာကို ပြန်ကူးမိပါရော။
ဒါကတော့ ပုံပြင်မဟုတ်ပါဘူး တကယ်ဖြစ်ခဲ့တာပါ။
ဒါကြောင့်လဲ ကျော်ဟိန်းက “ဆယ်နှစ်………ဆယ်နှစ်………..”ဆိုပြီး စိန်ခေါ်ပြသွားတာပေါ့။
အခုတော့ အရင်ထက်စာရင်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်လာပါပြီ။
အလိုက်သင့်ရေစီးထဲမျောမလို်က်ဘု့ိဘဲလိုပါတယ်။
ကဲ အခုစလုပ်ရင်တောင် မှီသေးတယ်။
အရင်က အသံသွင်းဓါတ်ပြားလေးတပုဒ်ထဲမှာ မင်းသမီးက အားပေးတဲ့ စကားလေးကိုသတိရမိတယ်။
” ကြိတ်လိုက်စမ်း ဒါမှ ငါ့လင်……….. လုပ်လိုက်စမ်း ဒါမှငါ့လင်………….”
ကဲ ဆော်လိုက်ကြ ချလိုက်ကြရအောင်ဗျာ။
thit min
November 24, 2011 at 7:02 am
ကိုကြောင်ရေ
ကြည့်တော့လဲ အားနည်းချက် အားသာချက် တွေ၊ဆင်ခြင်စရာလေးတွေ တွေ့ရမှာပေါ့ဗျာ။
~~~~~~~~~~~~~~~
မဝေဝေရေ
စာဖတ်တာကောင်းတယ်ဆိုတာအထူးပြောစရာမရှိပါဘူးဗျာ။
သုတဆိုတာကောင်းပါတယ်။စဉ်းစားဆင်ခြင်နိုင်အောင်အလင်းပြပေးပါတယ် လို့
ဆိုပေမဲ့ ပေါ့ဗျာ။ ကျနော်အတွေ့အကြုံအရတော့ နှလုံးသားအခံကောင်းမှ အဲဒီနေရာရောက်တာခင်ဗျ။
ဆင်ခြင်တုံတရားရှိသလိုလို မရှိသလိုလိုနဲ့ စာတတ်ပြီးကိုယ်ကျင့်တရားပျက်နေသူတွေကအများသား၊(^^)
~~~~~~~~~~~~~~~~
မိုးဇက်ရေ
တိုးတက်ဖို့စာဖတ်ဝေ့
~~~~~~~~~~~~~~~~
ကိုပေါက်ရေ
မန်းလေးမှာ စတိန်းလတ်စတီး (ကိုတင်ငွေလားဘာလား မမှတ်မိတော့ဘူး)နဲ့ လှေကားတွေလုပ်တဲ့ဆရာ
ကျနော်မှတ်သားဘူးတယ်ဗျ။ သူလုပ်တာ တော်တော်ကောင်းတာဘဲဗျ။
စက်မှု ၁ မှာ ကျနော်တို့ကျောင်းကိုပြင်ပစာစစ်သူအနေနဲ့ လာကူတတ်တဲ့ အကယ်ဒီမစ်ရှင်-လူကြီးတယောက်ရှိ
တယ်ဗျ။ပြန်လာမှ သွားရှာပြီး မေးကြည့်ရအုန်းမယ်။တီထွင်ခွင့်ရှိပြီလားလို့(^^)
မင်းပြည့်ရှိန်
November 24, 2011 at 2:27 am
အဓိက က ဈေးကွက် ဗျလို့ ပြောလိုက်ရင် ကိုဂျီး ဂီက ဘယ်လို ပြန်ပြောမလဲ မသိ ဦးသစ်ရယ်
ကျွန်တော် Satori က ထုတ်တဲ့ ကားတွေ ကြည့်ဖြစ်ပါတယ် ကြိုက်လို့လေ..
Flash ဆိုတဲ့ ကားကနေ စပြီး ကြည့်ဖြစ်တာ
ကိုယ်က သဘောကျလွန်းလို့ ပတ်ဝန်းကျင်ကို ပြောတော့ ဘာဂျီးမှန်း မသိဘူးတဲ့..
ဒါနဲ့ပဲ.. ဪ ဆိုပြီး Satori ကပဲ ထုတ်တဲ့ “တိမ်တွေသွားတဲ့လမ်း”ကို ညွှန်းမိခဲ့တယ်..
ကဲ.. မကြိုက်ကြပြန်ဘူး… ဒါပေမယ့် သူတို့ ကိုရီးယားကားကို ကြိုက်နေကြတယ် ဘာကြောင့်မှန်း တော့ မသိဘူး..
နောက်ပြီး ကျွန်တော်သိချင်တာက အနုပညာ က သိပ္ပံပညာ ဟုတ်မဟုတ်ပေါ့.. အထူးသဖြင့် ရုပ်ရှင်..
သဘာဝ ကျတယ်ဆိုတာ၊ ဖန်တီးမှု ဆိုတာ၊ တင်ဆက်ပုံဆိုတာ…
အထူးသဖြင့် မြန်မာ မင်းသမီးတွေ ငိုတာက အစ..
ငိုတဲ့သူရဲ့ ဘဝနောက်ခံ လက်ရှိအနေအထား ငိုတဲ့ ပတ်ဝန်းကျင် ငိုရတဲ့ အကြောင်း စသည်ဖြင့်ပေါ့..
သဘာဝ ကျကျ ငိုချင်ရင် ဇာတ်ကောင်ဟာ ဘယ်ဘဝမှာလဲ ဆိုတာ .. ဒါရိုက်တာက သိမှာပါ..
ဒါပေမယ့် မြန်မာ့ရုပ်ရှင်လောကမှာ ငွေက အနုပညာထက် ဈေးကောင်းနေတော့.. ငွေရစေတဲ့ မင်းသမီး မင်းသား တွေက ဒါရိုက်တာထက် နေရာ ရနေတာကြောင့်.. သူတို့ ငိုချင်သလိုပဲ.. (ငိုနေကျစတိုင်လ်) နဲ့ပဲ ငိုခဲ့သလား
ထားပါ.. ဦးသစ်ရယ်..
တစ်ကယ့်ကို ခံစားတတ်တဲ့ ပရိတ်သတ်တွေ ဘယ်လောက်များ ရှိသလဲ ..
ဘယ်ဒေသကလဲ.. ငွေဘယ်လောက် အကုန်ခံပြီး ကြည့်ကြသလဲ.. ဘာတွေကို အားပေးသလဲ စတာတွေက ရုပ်ရှင်ဈေးကွက်နဲ့ ဒါရိုက်တာ ထုတ်လုပ်သူ များကို အလုပ်ဖြစ်နေစေတာကြောင့်….
ဆင်းရဲနွမ်းပါးပြီး တောင်သူလယ်သမား (ဆိုရရင် ရွာသား) ဦးရေ များတဲ့ ကျွန်တော်တို့နိုင်ငံမှာ ကိုရီးယားကို အားပေးပြီး အချို့သော ကောင်းတဲ့ မြန်မာကားတွေကို အားပေးမှု နည်းတာ ဘာကြောင့်များပါလိမ့်ဆိုတာ ကိုဂျီး ဂီတို့က ပိုသိမှာပဲ.. (ကိုဂျီးဂီ ပြောပြဦး)
ဖြစ်သင့်တာကတော့ ဖြစ်စေချင်တာကတော့
ဖန်တီးသူများကလည်း သူဂျီးသား နဲ့ သူဌေးသား ကောင်မလေးကို လုကြတာထက်
ဈေးကွက်လုတာ အာဏာလုတာ (ကောင်းတာတွေ လုပ်ပြပြီး) ကို ပိုပြီး ပြစေချင်သလို..
တိုင်းပြည်ဖွံ့ဖြိုးဖို့ အနုပညာနဲ့ တည်ဆောက်စေချင်သလို…
တစ်ကယ်လို့များ ဟာသ မမြောက်တဲ့ ဟာသ ကားတွေ လို အနုပညာ မမြောက်တဲ့ ဇာတ်ကားတွေ ရောက်လာရင် ထွက်လာရင်..
တောင်သူများ က မသိကြတောင် နယ်မြို့များမှ ဖြန့်ချိသူများက လက်ရှောင်ကြရင် သိပ်ကောင်းမှာပဲ..
ဒါဆို ရောင်းမရတဲ့ ကားတွေ သိပ်ရိုက်ကြတော့မှာ မဟုတ်ဘူး လို့ ထင်တယ်လေ..
အဲ.. ဦးသစ်ပြောသလို ပြောလိုက်တာက တစ်မျိုး ပြောဖြစ်သွားတာက တစ်မျိုးများ ဖြစ်သွားသလား မသိ..
တတ်စွမ်းတဲ့ အနုပညာနဲ့ တိုင်းပြည်ကို ကူညီတည်ဆောက်ကြစေချင်ပါတယ်ဗျာ… တစ်ကယ်ပါ..
thit min
November 24, 2011 at 8:58 am
Post တင်လိုက်တယ်၊ညီမေးတာ ကောင်းလို့၊အားလုံးရဲ့အသံကိုလည်းနားထောင်ချင်လို့ပေါ့။
ကိုပေါက်(မန္တလေး)
November 24, 2011 at 10:00 pm
ကျနော်ကြားဘူးတာလေးရှိတယ်၊
လူတွေက အဆင်ပြေနေရင်အဆွေးကားလွမ်းရတဲ့ကားကိုကြိုက်တယ်တဲ့။
အဆင်မပြေရင်တော့ ကလိထိုးထိုး မထိုးထိုး ဟာသကားကြိုက်တယ်တဲ့။
နောက်သဘာကျကျ မကျကျ အဆုုံးမှာချမ်းသာသွားတဲ့ကားကိုဘဲကြည့်ချင်တယ်တဲ့။
ကောင်းတိုင်းလဲ လူမကြိုက်သလို မကောင်းပေမဲ့လဲလူကြိုက်ချင်ကြိုက်မယ်.။
ခေတ်ကာလရဲ့ တောင်းဆိုမူ့အလိုတော်အတိုင်းပါဘဲ။
unclegyi1974
November 24, 2011 at 11:01 pm
ဒါရိုက်တာကရို်က်ကွင်းဘုရင်ပြန်ဖြစ်တဲ့နေ့
မြန်မာရုပ်ရှင်တွေပြန်ကောင်းလာမှာ
ကျောင်းဆရာတွေကျူရှင်မသင်တဲ့နေ့
သင်ရိုးညွှန်းတမ်းတွေတနှစ်တမျိုးမပြောင်းတဲ့အချိန်ရောက်ရင်
မြန်မာ့ပညာရေးကြီးပြန်ကောင်းလာမှာပါ မောင်သစ်ရေ