ပန်းပေါင်းဝေဆာ ငါတို့ရွာ
ကဲ- ရွာသူား အပေါင်းတို့ရေ
ခုတလော ဖလန်းဖလန်းထနေတဲ့ တိုင်းပြည်တိုးတက်ရေး၊ ထူထောင်ရေးကိစ္စတွေကို အတွင်းကလူတွေရဲ့အမြင်၊ အပြင်ကလူတွေရဲ့အမြင်ဆိုတဲ့ အမြင်အမျိုးမျိုးတွေ ကြားထဲက ကိုယ်ပိုင်အမြင် (လက်စမ်းစာပေ Brand) လေးကို တင်ပြချင်ပါတယ်။
ခေါင်းစဉ်အကြီးကြီးတပ်ပြီး ဉာဏ်တိမ်တိမ်နဲ့ ရေးရမှာဖြစ်လို့ ကိုယ့်ကိုကိုယ် အားမရပါဘူး။
ဒါပေမယ့် သိကြတဲ့အတိုင်း ရွာထဲမှာ ဉာဏ်ပညာအမျှော်အမြင်ကြီးကြသော၊ စိတ်ထားပြည့်ဝ နှလုံးလှသူတွေ အများကြီးဆီက ဖြည့်စွက်စာတွေကို မျှော်လင့်ပြီး ရေးလိုက်မိပါတယ်။
လူရယ်လို့ ဖြစ်လာရင် အနည်းဆုံး ကိုယ့်မိသားစုက စလို့၊ ကိုယ့်ဆွေမျိုး မိတ်ဆွေအသိုင်းအဝိုင်း၊ နောက်ထပ် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ဒါ့ထက်ပိုပြီး ကိုယ်စွမ်းနိုင်ရင် စွမ်းနိုင်သလောက် လူသားထု တရပ်လုံးအတွက်ဝိုင်းဝန်းဖေးမပေးဖို့ လိုပါတယ်။
ငွေကြေးအင်အားကြီးမားပြီး စိတ်ထားပြည့်ဝတဲ့ ဘီလ်ဂိတ်တို့လို့ ကမာ္ဘ့လူသား အားလုံးအတွက် ဝိုင်းဝန်းဖေးမနေကြသူတွေလည်း ရှိတာပေ့ါ။
ကိုယ်စွမ်းဉာဏ်စွမ်းရှိပြီး စိတ်ထားကောင်းမွန်သူတွေက ကိုယ်တတ်ထားတဲ့ အသိပညာ၊ အတတ်ပညာတွေကို ဖြန့်ဝေနိုင်ပါတယ်။ ငွေကြေးအင်အားရှိပြီး စိတ်ဓာတ်ပြည့်ဝသူတွေကတော့ လိုအပ်ရာရာတွေကို ဝိုင်းဝန်းဖြည့်ဆည့်းပေးမယ်ဆိုရင် (ဆြာသစ်ပြောသလို ကွန်မြူနတီကောင်းတခု) အနေနဲ့ ပေါင်းစည်းပြီး ကိုယ့်ပြည်သာယာရေးကို တဖက်တလမ်းက ဆောင်ရွက်နိုင်မယ် ထင်မိပါတယ်။
အာဖဂန်နစ္စတန်လို အိမ်တွင်းပုန်း ခေါင်းမြီးခြုံ ယဉ်ကျေးမှု ဖုံးလွှမ်းနေတဲ့ နိုင်ငံမှာတောင် အမျိုးသမီးတွေကို အိမ်တွင်းလက်မှုပညာ အသက်မွေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဇာထိုး၊ ပန်းထိုးသင်ပေးပြီး နိုင်ငံတကာက အော်ဒါတွေလက်ခံပြီး Handmade ဈေးကွက်ကို အရယူနိုင်တာ အတုယူစရာတခုပါပဲ။
မြန်မာနိုင်ငံလို မဖွံ့ဖြိုး မတိုးတက်သေးတဲ့ နိုင်ငံအနေနဲ့ လက်မှုပညာ၊ အိမ်တွင်းအသက်မွေးဝမ်းကြောင်းပညာလိုမျိုး သေးသေးလေးတွေကနေ အခြေတည်ပြီး စသင့်တယ် ထင်ပါတယ်။
မီးခိုးမထွက်သော စက်ရုံများရဲ့ စွမ်းအားကို တိုင်းပြည်ထူထောင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အရေးပါတဲ့ လက်နက်တခုအနေနဲ့ အသုံးချနိုင်မယ် ထင်ပါတယ်။
တိုင်းပြည်တပြည်ကို မိသားစုလေးတစုနဲ့ နှို်င်းယှဉ်ပြီး မြင်ကြည့်မိတယ်။
မိသားစုတစ်စုရယ်လို့ ဖြစ်လာကြရင် မိဘက မိဘဝတ္တရားကျေပွန်မယ်၊ သားသမီးက သားသမီးတာဝန်ကျေပွန်မယ်ဆိုရင် သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ရရှိပိုင်ဆိုင်ကြရတယ်။ အဲဒါထက်ပိုပြီး မိသားစုဝင်အားလုံး အကျင့်စာရိတ္တကောင်းကြမယ်၊ တယောက်နဲ့ တယောက် ချစ်ခင်ကြင်နာကြမယ်၊ ယိုင်ပင်းကူညီကြမယ် ဆိုရင်တော့ အများတကာက လေးစားအားကျလောက်တဲ့ မိသားစုအဖြစ် လူ့လောကမှာ၊ လူ့အသိုင်းအဝိုင်းမှာ တင့်တင့်တယ်တယ် ဝင်ဆန့်လာပါတယ်။
အခုရွာထဲမှာဆိုရင် အတွေးအခေါ်၊ အကြားအမြင်၊ အတတ်ပညာ စုံလင်စွာ စေတနာသန့်သန့်နဲ့ ဖြန့်ဝေနေကြတာများ အားရစရာ ကောင်းလှပါတယ်။ ဒါဟာလည်း တိုင်းပြည်ထူထောင်ရေး၊ လူ့ဘောင်တိုးတက်ရေးအတွက် ကိုယ်နိုင်တဲ့ဘက်က စွမ်းစွမ်းတမံ ဆောင်ရွက်နေတာပဲပေ့ါ။
နွားကျောင်း၊ ဆိတ်ကျောင်း ( မမှတ်မိတော့တဲ နောက်တကောင်တော့ ရှိသေးတယ်။) ဖူးတဲ့ အတွေ့အကြုံတွေစုံတဲ့ သဂျီးရဲ့ ထိန်းကျောင်းတည့်မတ်ပေးမှု၊ (ကိုကြောင်ကြီးရဲ့ personal power ကို လိုက်မမှီပေမယ့် 😀 )၊ ဆြာသစ်တို့၊ ဆြာလေးဂီဂီတို့လို ပညာရှင်တွေရဲ့ မျှဝေမှု၊ အဘဖောတို့လို သူ့ခြံကိုယ့်ခြံ နှိုင်းယှဉ်ကြည့်ပြီး တိုးတက်စေလိုတာတွေရယ်၊ ဓာတ်ပုံရိုက်နည်း၊ ဟင်းချက်နည်းက စလို့ တံခါးစောင့်ပေးကြ၊ ကိုယ့်အတွေ့အကြုံ၊ အတွေးအမြင်လေးတွေကို ဖြန့်ဝေပေးကြတာတွေရယ်ကြောင့် အရွယ်စုံ၊ အရောင်စုံပန်းမျိုးစုံနဲ့ မွှေးပျံ့ကြိုင်လှိုင်လို့ ပန်းပေါင်းဝေဆာ ငါတို့ရွာ ရယ်လို့ တောင် အမည်ပေးလိုက်ချင်ပါတယ်။
အဲဒီလို ကောင်းမွန်တဲ့ အစုအဝေးလေးကနေ တနွယ်ငင် တစင်ပါ ဆိုသလို ဆင့်ပွားလိုက်မယ်ဆိုရင် အားလုံးဝိုင်းတွန်းရင်တော့ဖြင့် ရွေ့မှာပါလို့…….
(ဆြာသစ်ရဲ့ ပြန်လာတော့မယ်ဆိုတာရယ်၊ အားလုံးဝိုင်းလုပ်ကြဖို့ တိုက်တွန်းတာတွေရယ်ကို ဖတ်ပြီး ကိုယ်ဘာလုပ်နိုင်မလဲ စဉ်းစားကြည့်ရာက၊ ယူအက်စမှာနေတဲ့ အာဖဂန်နိုင်ငံသားတစ်ယောက် သူ့နိုင်ငံပြန်လာပြီး လက်တွေ့လုပ်ဆောင်တာလေးကို ကြည့်မိလို့ ဒီစာကို ရေးဖြစ်သွားပါသည်။)
33 comments
windtalker
November 27, 2011 at 6:58 pm
ဈေးထဲကနေ ဆာရီနဲ ့ဇာထိုးဖို ့လိုတာသွားဝယ်ပြီး ဆာရီခြုံပြီး ဇာထိုးတော့မယ် ဆိုတဲ့သဘောပေါ့နော် ။
မမ ရေ ၊ ရိုးရိုးဇာထိုးလဲ ရပါတယ် ။ ဆာရီကြီးနဲ ့ဆို အိုက်နေမယ်နော်… ဟီဟိ
thit min
November 27, 2011 at 7:23 pm
မမရေ
လွန်စွာမှအဖိုးတန်သော စာစုလေးပါ။
နိုင်ငံ ချစ်စိတ်ဆိုတာ ကိုယ့်မိသားစုကို ချစ်တဲ့စိတ်ကလေးပါဘဲ။
မိသားစု ဆိုတာဟိုးကလေးငယ်ငယ်လေးက စလို့ အပေါ်ကမိဘအထိတာဝန်ကိုယ်စီရှိပါတယ်။
အကြီးအသေးအရ တာဝန်ယူရမှုအပိုင်းအရပေါ့နော် ၊တကွက်ကွက်က လပ်ရင် လပ်တဲ့နေရာရဲ့
တန်ဖိုးအရ အဲဒီမိသားစုရဲ့ တိုးတက်မှုကျဆင်းပါတယ်။
အဲဒီတော့ အကြောင်းကြောင်းကြောင့်လစ်လပ်နေတဲ့ နေရာ၊ပြောရရင်တာဝန်မယူသူရဲ့နေရာကို
ကျန်တဲ့သူက”နိုင်သလောက်”လုပ်ပေး၊ကွက်လပ်ဖြည့်ဘို့လိုပါတယ်။
လူမှန်နေရာမှန် မဟုတ်လို့ အင်အားပြည့် မလုပ်နိုင်ဘူးဆိုတာတော့ ရှိပါလိမ့်မယ်။
ဒီအတိုင်း ပစ်ထားတာထက်စာရင်တော့ နဲနဲလေး သက်သာပါလိမ့်မယ်။
ကြယ်ငါးလေး ၁ ကောင်လို့ ကျနော်ပြောလေ့ရှိပါတယ်။
ဟုတ်ပါတယ်၊ အကုန်လုံးကိုကယ်နိုင်တဲ့ အင်အားမရှိပါဘူးဆိုရင်တောင်
၁ ကောင်လောက်ပင်လယ်ထဲပစ်ချရမှာပါ။
အခြေအနေကို ဘယ်လိုဖန်တီးတယ်ဆိုတာလေးကို လက်တွေ့တခုပြောပြပါ့မယ်။
ကျနာ့သူငယ် ချင်းတယောက်ရဲ့ ဖီးလ်ဒ်စာဗေး အတွေ့အကြုံလေးပါ။
သူသွားတဲ့ ရွာလေးက ချောင်းလေးတခုရဲ့ တဘက်ကမ်းမှာရှိပါတယ်။
အဲဒီ ချောင်းလေးကမိုးများများ ရွာလာရင် ရေစီးသန်လို့ ဘယ်သူမှတဘက်ကမ်းကို မကူးနိုင်တော့ဘူးတဲ့။
အထူးသဖြင့် ကလေးတွေက တဘက်ကမ်းက ကျောင်းလေးကို မသွားနိုင်တော့တာပါဘဲ။
သူတို့(ကျနော်သူငယ်ချင်းတွေ)ရောက်သွားခဲ့ပြီး ကြည့်လိုက်တော့ အဲဒီပါတ်ဝန်းကျင် ရွာနဲ့ ၄-၅ မိုင်အဝေးလောက်
မှာသစ်ပင်တွေရှိပါတယ်တဲ့။
ဒါနဲ့ ဘဲ အားလုံးကိုအစည်းအဝေးသဘော ခေါ်ယူပြီး ဘာလုပ်သင့်လဲလို့မေးပါတယ်တဲ့။
တယောက် နှစ်ယောက်လောက်က မဝံ့မရဲလေးနဲ့ တံတားထိုးသင့်တယ်လို့ပြောပါတယ်တဲ့။
ဒါနဲ့ အဲဒီ ၂ယောက်ကိုရှေ့ထုတ် ဘယ်လိုတံတားမျိုးထိုးသင့်လဲလို့မေးရာကနေ၊အားလုံးရဲ့သဘောတူညီ
တဲ့တံတားပုံစံလေး တခုရခဲ့ပါတယ်တဲ့။
ဒါနဲ့ သူတို့အဲဒီ ရွာနားကသစ်ပင်တွေကို ရွာကယောက်ကျား တွေနဲ့ ခုတ်ပြီး သယ်ယူကြတယ်။(ရေမလာသေးတဲ့)ချောင်းလေး
ကိုတံတား ထိုးခဲ့ကြပါတယ်။
တံတားကို လေးထောင့်သေတ္တာပုံစံ နဲ့ အပေါက်ပါ(လေတိုးနိုင်အောင်)၊ကြမ်းခင်း အပြည့်ပိတ်၊ပုံစံလေးဆောက်ခဲ့
ပါတယ်တဲ့။
ကလေးတွေ ထွက်မကျအောင်ပေါ့။
ဒါတောင်မှ တကယ်တမ်းမိုးရွာလို့ကျောင်းသွားရမယ်ဆိုရင်တောင် ကလေးတယောက်စီကိုလူကြီးတယောက်နှုန်း၊
တဘက်ကမ်းပို့ပေးရမဲ့အစီအစဉ်ကိုလည်း ဆွဲထားပေးပါတယ်တဲ့။
အဲဒီလိုနဲ့ “တံတားထိုးရကောင်းမှန်းမသိတဲ့၊(သို့)တံတားထိုးခြင်းပညာကိုမတတ်တဲ့(သို့)လက်ရှိအနေအထားကို
တယောက်ယောက်ကလုပ်ပေးမလားလို့မျှော်နေတတ်တဲ့ ရွာသားတွေကို ကိုယ်တိုင်လုပ်ကိုင်စေခဲ့တာပါ။
သူတို့(ကျနော်သူငယ်ချင်းတွေ) ကပြောပြယုံကလွဲလို့ဘာမှမလုပ်ခဲ့ကြပါဘူးတဲ့။
နောက် တံတားပြီးတော့မှ သူတို့ကို ဒီတံတားထိုးတယ်ဆိုတာ နဲနဲစဉ်းစားရုံနဲ့ သိနိုင်တာဖြစ်ကြောင်း၊ ခုလဲရွာသား
များရဲ့ အကြံညာဏ်၊အင်အားသက်သက်နဲ့သာပြီး မြောက်စေကြောင်း ရှင်းပြခဲ့ပါတယ်တဲ့။
ဘာ “လိုအပ်လဲ” ဆိုတဲ့ မေးခွန်းကို မေးလိုက်တဲ့အခါ ရွာသားတွေရဲ့ မြို့ပေါ်ကတာဝန်ရှိသူများအလာကိုစောင့်နေခဲ့တာရယ်။
တယောက် ပြောတာကို ဝိုင်းဝန်းဆွေးနွေးကြတဲ့အလေ့အထမရှိတာရယ်၊ညီညွတ်မှုမရှိတာရယ်ကိုတွေ့ရပါတယ်တဲ့။
အခုတော့ ဖြင့်အဲဒီရွာလေးက ကလေးလေးတွေ စာတတ်ပါပြီပေါ့ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~
ဟိုနေ့က ဒယ်အိုးဆရာတော် အကြောင်းဖတ်ရတော့ စိတ်မကောင်းဘူး။
လုပ်ခွင့် မပေးဘူးလားလို့ စဉ်းစားစရာတွေဖြစ်သွားတယ်။
ဒါပေမဲ့ If there is a will, there is a way ပါ။ ဆန္ဒရှိရင်နည်းလမ်းရှိရမှာပါ။
အဲဒီနည်းလမ်းရှိလာတဲ့ တနေ့မှာ “တံတားထိုးရအောင်”လို့ ဖိတ်ခေါ်ပါရစေ။
လေးစားခင်မင်စွာ
သစ်မင်း(^^)
weiwei
November 27, 2011 at 8:55 pm
မမရဲ့ စေတနာကို ပေါ်လွင်စေတဲ့ ပို့စ်လေးပါပဲ …
ကျွန်မတို့လဲ မီဒီယာသမားဖြစ်မှန်းမသိဖြစ်နေပြီလားမသိဘူး … တိုက်တွန်းချင်တဲ့ စေတနာစိတ်လေးတွေနဲ့ ရေးဖြစ်နေမိတယ် …
ဘယ်လိုနေရာကပဲဖြစ်ဖြစ် ကိုယ့်မိသားစုအတွက် ကောင်းမယ်ဆိုရင် လုပ်ဖို့အဆင်သင့်ပါပဲလို့ အားဖြည့်ပေးချင်ပါတယ် ….
ကြောင်လတ်
November 27, 2011 at 9:37 pm
“”အာဖဂန်နစ္စတန်လို အိမ်တွင်းပုန်း ခေါင်းမြီးခြုံ ယဉ်ကျေးမှု ဖုံးလွှမ်းနေတဲ့ နိုင်ငံမှာတောင် အမျိုးသမီးတွေကို အိမ်တွင်းလက်မှုပညာ အသက်မွေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဇာထိုး၊ ပန်းထိုးသင်ပေးပြီး နိုင်ငံတကာက အော်ဒါတွေလက်ခံပြီး Handmade ဈေးကွက်ကို အရယူနိုင်တာ အတုယူစရာတခုပါပဲ။
မြန်မာနိုင်ငံလို မဖွံ့ဖြိုး မတိုးတက်သေးတဲ့ နိုင်ငံအနေနဲ့ လက်မှုပညာ၊ အိမ်တွင်းအသက်မွေးဝမ်းကြောင်းပညာလိုမျိုး သေးသေးလေးတွေကနေ အခြေတည်ပြီး စသင့်တယ် ထင်ပါတယ်။””
မြန်မာနိုင်ငံမှာ တပိုင်တနိုင်လုပ်ငန်းလေးတွေ လုပ်ကြလို့နဲနဲ အောင်မြင်လာရင်၊ ဝင်ငွေနည်းနည်းရှိလာပြီဆိုရင်
ရပ်ကွက် အကြီးအကဲက အလှူခံလာ၊ မြို့နယ်အကြီးအကဲက လုပ်ငန်းရှင်အဖွဲ့ ဖွဲ့ခိုင်း၊ပြီးတော့…….
ကျနော်ဆက်မပြောရဲတော့ဘူးဗျ
thit min
November 27, 2011 at 10:26 pm
အာဖဂန်က အကြမ်းဖက်သမားနဲ့ ဘိန်းစိုက်ပျိုးမှု ပပြောက်ရေးအတွက် ကုလအထူးအခွင့်ရေး
တချို့ရရှိခဲ့တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။
ပြောရရင် ထောက်ပံ့ပေးတဲ့သဘောမျိုးနဲ့ “ဝယ်ပေး”ဈေးကွက်ကိုဖန်တီးပေးခဲ့တာမျိုးပါ။
အာဖဂန်က သံတမန်တဦးနဲ့ဆုံစဉ်ကသူကိုယ်တိုင်ပြောခဲ့ဘူးတာသတိယလို့ပါ။
တကယ်တော့ (အိမ်တွင်း) Cottage Industry ပေါ့လေ အဲဒါကို Infant Industry လို့လည်းခေါ်ပါတယ်။
Infant = Child ဆိုတဲ့အတိုင်းအရွယ်မရောက်နိုင်လို့ ကိုရီးယားမှာစခဲ့တဲ့အဲဒီ စနစ်ကို
ခုနောက်ပိုင်းတော့လိုက်လုပ်တဲ့နိုင်ငံများရှားသွားပါပြီ။
ခုခေတ်အလိုအရက Structural Change အသွင်ပြောင်းစီးပွါးရေးစနစ်ပါ။
လယ်ယာကိုခေတ်မှီအောင်လုပ်မယ်၊ပြီးတော့စက်မှုကုန်ကြမ်းသီးနှံတွေထုတ်မယ်၊
ပြီးတော့စက်မှုလုပ်ငန်းကိုနည်းပညာတဆင့်ပြီးတဆင့်တက်မယ်၊နောက်ဆုံးတော့
ဆောင်ရွက်မှု(ဟိုတယ်၊အဲလိုင်း၊စတော့ဈေးကွက်၊အာမခံလုပ်ငန်း၊
ဘဏ်လုပ်ငန်း၊ပရိုက်ဗိတ်ယူနီဗာစီတီအစရှိသဖြင့်)ကိုဆက်သွားပါတယ်။
အဲဒီတော့ ခုလိုလုပ်ငန်းမျိုးက ဈေးကွက်ခိုင်ခိုင်မာမာရရှိဘို့ဆိုတာ သူတို့ရဲ့
“ပါရှားပြည်ကကော်ဇော, ဇာထိုး၊ ပန်းထိုးများဆိုတဲ့” သမိုင်းဆိုင်ရာ ဘရဲန်းဒက်နဲ့
တန်းဝင်အရည်အသွေးကြောင့်လည်းဖြစ်ပါတယ်။
မြန်မာမှာ ချိတ်ဆိုတာမျိုးတော့ ကိုယ်ပိုင်ရှိပါရဲ့ နိုင်ငံတကာ သုံးဖြစ်ဘို့ မလွယ်လောက်ဘူးထင်တာဘဲ။
သိုးမွှေးဆွယ်တာလို့ စဉ်းစားတော့လည်း ဒီမှာရှိတဲ့ စက်ထိုးတွေကတော်တော်လှတာဆိုတော့၊လက်ထိုး
ပွယောင်းယောင်းကြီးတွေ ဝတ်တာသဘောမကျကြဘူးဗျ။ ဒီချမ်းတဲ့ နိုင်ငံမှာနော်။
ဥပမာ ဆက်ပြောရရင် အင်ဒိုနဲရှားဆိုရင်လည်း
အင်ဒိုနဲရှားပါတိတ်ဆို အစည်းအဝေးတက်နိုင်ငံခေါင်ဆောင်တွေကိုပေးလိုက်ရတဲ့ အေဆီယံပွဲတွေမှာ တွေ့မှာပါ။
ဒါပေမဲ့ မပေါက်ခဲ့ပါဘူး။
ဆိုတော့ကာ၊ ဘင်ဒလားဒေ့ရှ်မှာလုပ်တဲ့ Micro Finance မိုက်ခရိုဖိုင်းနဲန့်စ်ပုံစံမျိုး အိမ်ရှင်မတွေကိုငွေချေးပြီး မွေးမြူရေးလုပ်ခိုင်းတာမျိုးတော့နီးစပ်ပါလိမ့်မယ်။
ခက်တာက အာဖဂန်လို ကိုရီးယား(1945-1950)လို ဘင်းဂလားဒေ့ လိုက “အစိုးရ” အားပေးမှုကအဓိကဗျ။
ကဲ … .. အဲဒါ။
E.T
November 27, 2011 at 10:05 pm
ပန်းပေါင်းဝေဆာ ကျွန်တော်တို ့ရွာကြီးက မိသားစုရွာကြီးလိုပါပဲ။ တစ်ယောက်ကို တစ်ယောက် ချစ်ခင်၊ ကြင်နာကြပါတယ်။ ရိုင်းပင်းကူညီကြပါတယ်။ အန်တီမမ ပြောသလို အားလုံးဝိုင်းလုပ်ကြမယ် ဆိုရင် ကျွန်တော်တို ့ ရွာကြီး ဒီထက်မက ဖွံ ့ဖြိုးတိုးတက်လာမှာပါ။
TTNU
November 27, 2011 at 11:04 pm
မမရေ…
It’s really enticing! စာဖတ်သူကို ညှို ့ယူသွားနှိုင်တဲ့စာပါ။
ရွာထဲကို ပြောင်းရွှေ ့လာရကျိုးနပ်ပြီပေါ့ ကွယ်။
ကြောင်ကြီး
November 27, 2011 at 11:14 pm
အန်တီမမ
ထထက
ပန်းပေါင်းဝေဆာလှ..
မွှေးရနံ့ထုံသင်း
ရွာသတင်း
ထောက်လှမ်းရေးများတင်း..
ကပါကပါ
မမရာ
ရွာမှာမဆလာ…
သူမပါမပြီး
ရွာသဂျီး
ဘုဂလန့်ဂွစာကြီး…
လူကြီးသူမ
ဆိုအပ်ရာ
မမရှေ့ဆုံးပါ…
စေတနာပြဌာန်း
ရွာမှာတမ်း
မမသရဲဖမ်း။။။။။။ 😀
inz@ghi
November 27, 2011 at 11:44 pm
မပြီးသေးဘူးလား…မပြီးသေးဘူးလား
ရယ်လို့ ခဏခဏ ..လောဆော်မိတဲ့ ပို့စ်ပါ….
ပြီးမယ့်ပြီးတော့လည်း …တကယ့် classical ဖြစ်တဲ့ post
မို့ စောင့်မျှော်ရကျိုး နပ်ကြောင်းပါ အန်တီမမခင်ဗျား..
ပေါက်-ပေ-လူး-ဂီ-တီ-မှော်-စည် ဂိုဏ်းဝင် ညီနောင်တယောက်အနေနဲ့
ကျရာတာဝန်ထမ်းဆောင်ဖို့ အသင့်ရှိကြောင်းပါ…
သိုင်းလောက ဥသျှောင်များဖြစ်တဲ့ သစ်-ချော-ကြောင်-ခိုင်
ဆြာကြီးများက ထိန်းကြောင်းပဲ့ပြင် ပြီး လမ်းကြောင်းတခုအတိုင်း ညီနောင်တွေ
ဖော်ဆောင်သွားမှာလည်း ယုံကြည်ကြောင်းခဗျ…
ဆူး-ဝေ-မ-တုန်-နော-မိုး-မီ-ပန် တို့ အော်မေ့ဂိုဏ်းကလည်း သိုင်းပညာ
အသစ်တွေဖော်ထုတ်ပေးမှာကို မျှော်လင့်နေမိပါကြောင်း…
ဆြာလေး ဂီဂီ လို့ ထောပနာပြုထားလို့ မြောက်သွားမိပေမယ့်…..
ကျနော်က ချာတိတ်ပါခင်ဗျား … သိသမျှလေးတွေ ပြောကြည့်ရင်း
မသိတာ အတော်များများကို သင်ယူရင်း …ရွာ့ကျေးဇူး..
ရွာ့ ဂုဏ်သတ္တိ မှာ ..တတပ်တအား …ဖြည့်ဆည်းခွင့်ပြုပေးကြပါလို့
ဆန္ဒပြု ရင်း…
ရွာ့ အဖြူရောင် လေသိုင်းသမားလေး..
ဂီဂီ…
E.T
November 28, 2011 at 6:14 am
ဆူး-ဝေ-မ-တုန်-နော-မိုး-မီ-ပန် တို့က အော်မေ့ဂိုဏ်းဆို အနော်တို ့က ဘာဂိုဏ်းလဲဟင်။ ဧရာဝတီ လင်းပိုင်ဂိုဏ်းလား 😀 ဟိုဘက် ဂိုဏ်းက ၈ ယောက်တောင်။ ဒီဘက်ကို လူထပ်ဖြည့်ဦး။ တော်ကြာအရေးနိမ့်နေဦးမယ် 😀
inz@ghi
November 28, 2011 at 6:24 am
အရေးမနိမ့်ဘာဘူး ဆြာတီရယ်
ဘာလို့လဲဆို ယှဉ်ပြိုင်တိုက်ခိုက်ကြမှာမှမဟုတ်ဘဲကိုး ..
မိတ်ဖက်ဂိုဏ်းတွေလေ…..(အာဟိ…)
စာဖတ်သူပိတ်သတ်ကြီးအတွက်
ပေးဆပ်မယ့် ဂိုဏ်းဒွေဘာ….
😛
king
November 28, 2011 at 7:23 am
တရုတ်ကားထဲမှာတော့ အော်မေ့နဲ့ ဝူတန်း ဂိုဏ်းဆိုရင်တော့
ဘာဂိုဏ်း ဆိုလိုလားပဲ
ပြီးတော့ သူတို့တွေက ……………. 😛
ပေါက်ဖော်
November 28, 2011 at 10:13 am
တူတို ့တွေ..ဘာဂိုဏ်းပဲ ဖစ်ဖစ်ပါ
နှူးဘာ ဂိုဏ်းသားတွေနဲ ့တွေ ့ရင်….အောမီးတောဖော ဖြစ်သွားမယ်..ငွှ..ငွှ.ငွှ
အန်တလီမမပြောတလို..ပန်းပေါင်းဝေဆာ အနော်တို ့ရွာပါခင်ဗျာ..
တစ်ကယ်ကို..ဝမ်းသာပီတီဖြစ်ရပါ၏……
ငဇာဂီပြောသလို..အနော်တို ့က ကျရာတာဝန် ထမ်းဆောင်ဖို ့ဝန်မလေးပါဘူးခင်ည..
ရဲဘော်တို ့..ဆက်လုပ်ကြပါ..အိုစကေ..အိုစကေ..
🙄
aye.kk
November 28, 2011 at 7:26 am
မဝေရဲ ့စေတနာလေးကိုလေးစားမိပါသည်..
ပြိုုင်တူတွန်းက ရွေ့နိုင်ပါသည်..
မြေခံရေခံ မြေဩဇာကောင်းကောင်းနဲ ့စုပေါင်းကာပင် စိုက်ကြလျှင်..
ပန်းပေါင်းစုံလင် ဂေတခွင်မြင်သူဖတ်ရ သုတများစွာ ကျိုးရှိကြမည်ပင်..အမြင်လေးကိုပြောလိုက်ပါရစေ..။
blackchaw
November 28, 2011 at 8:50 am
ကျွန်တော်တို့လည်း တာဝန်ရှိပါသည်။
ကျွန်မတို့လည်းတာဝန် ရှိပါသည်။
သူကြီးမှာလည်း တာဝန် ရှိပါသည်။
ဝိုင်းကြဝန်းကြ တာပေါ့ ဗျာ နော…။
ဆူး
November 28, 2011 at 11:24 am
ကြားဖူးနားဝ ဗဟုသုတ သိတာလေးတွေ ပြောကြည့မယ်။
Thai silk ထိုင်းပိုး ဆိုတာ ကမာ္ဘမှာ ဈေးကွက်နဲ့ လူသိလာအောင် အခု ထိုင်းဘုရင်ရဲ့ မိန်းမ မိဖုရားကြီးက သံတမန်တွေနဲ့ ဆက်ဆံတိုင်း ထိုင်းပိုးတွေကို တယုတယ အဖိုးတန် ပစ္စည်းအနေနဲ့ ပေးစေတယ် ကမာ္ဘက လူတွေ ထိုင်းပိုးဆိုတာ သိလာအောင် ထွက်ကုန်တခု အနေနဲ့ ရောင်းချနိုင်အောင် သူက စွမ်းဆောင်ပေးတယ်လို့ ကြားဖူးတယ်။ ဒီအတွက် ဈေးကွက်တခု အနေနဲ့ ရောင်းချနေနိုင်ပါပြီး ထိုင်းမှာ အဲဒီ အလုပ်ကြောင့် အမျိုးသမီးတွေ အလုပ်အကိုင်တွေ ရလာကြတယ်။ ဒါကတော့ သူများနိုင်ငံက သူ့ထွက်ကုန်ကို လူသိပြီး ဈေးကွက်ဝင်အောင် လုပ်သွားတာပါ။
အခု မြန်မာနိုင်ငံမှာ ပိုးချိတ်တွေ ရှိတယ်။ ရှေးယခင်ကတည်းက နာမည်ရတယ် ဈေးကြီးတယ် လူကုန်တန် မင်းပွဲတွေမှာသာ သုံးတဲ့ ပစ္စည်းမျိုး.. ဈေးအမျိုးမျိုး ရှိတယ်။ အားနည်းချက်က လျှော်လို့ မရဘူး။ လျှော်လိုက်တာနဲ့ ပစ်လိုက်ရမယ်။ ခဏခဏ ဝတ်လို့ မရဘူး။ အရောင်အဆင်းကတော့ ပိုးပါတဲ့ အတွက် ပြောင်တဲ့ သဘောရှိပါတယ်။ ဈေးကြောင့်လားတော့ မသိဘူး ပိုးအစစ်ကို မသုံးပဲ နာနတ်လျှော်လို့ ခေါ်တဲ့ အရာတွေ ထည့်သုံးတယ် အားနည်းချက်က အခန့်မသင့်ရင် ထိုင်လိုက်တာနဲ့ ဂွမ်းကနဲ ကွဲ ထွက်တတ်တယ်။
အခုတော့ fashion Eutopia တို့ခေတ်စားလာကြတယ်။ ချိတ်နဲ့ ဈေးနှုန်းအားဖြင့် မကွာလှဘူး ဈေးကြီးတယ်။ ထမိန် တထည်ကို သောင်းဂဏန်းက စလို့ ၁ဝသိန်း ဒီထက် များတာလည်း ရှိချင် ရှိမယ်။ သူတို့ သုံးတဲ့ အစက ဂျော်ဂျက်လို့ ခေါ်တာပဲ မြန်မာပြည်က ထွက်တဲ့ အသားတော့ မဟုတ်ဘူး အရောင်က စိုတယ် ပိုးလိုတော့ မပြောင်ဘူး။ အဲဒီ အသားပါးလေးတွေပေါ်မှာ စက်ပန်း ထိုးတယ်။ ပန်းတွေကလည်း လှလွန်းတော့ ပိုက်ဆံ တတ်နိုင်တဲ့ အမျိုးသမီးတွေ အသိုင်းအဝိုင်းက ဒါမျိုးတွေ တခေတ်ဆန်းသလို ဖြစ်နေကြပြန်ပြီ။ အဲဒီ စက်ပန်းထိုးနဲ့ မြန်မာပိုးချိတ် နဲ့ နှစ်ယောက် ယှဉ်ဝတ်ထားရင်တောင် မြန်မာချိတ်က မှိန်သွားတယ်။
ပြည်တွင်းမှာတောင် ပြည်တွင်းဖြစ်က နေရာ ပျောက်ဖို့ လမ်းစတွေ ဖြစ်နေတာ ပြောပါတယ်။
အဲဒီ ပိတ်စတွေမှာ စက်ပန်းထိုး စက်အကြီးစားကြီးတွေက ရန်ကုန်မှာ စက် ၃လုံးပဲ ရှိတယ် ဆိုလား ကြားမိတယ်။ (ဒါကတော့ မသေချာဘူးပေါ့) အရင်ကတည်းက ရှိတဲ့ စက်နဲ့ အခု အသစ်ဖွင့်တဲ့ ဆိုင်တဆိုင်မှာ ၁လုံး နောက်အခု နာမည်ရနေတဲ့ ဆိုင်မှာ တလုံးပေါ့။
နောက်ထပ် ပြည်တွင်းဖြစ် ယွန်းထည် ပစ္စည်းတွေ.. ပုဂံမှာ အရင်ကတည်းက လုပ်တဲ့ ယွန်းထည် ပစ္စည်းတွေ လက်ရာက ရိုးရှင်းပြီး အဆန်းထွက်တာ သိပ်မလုပ်နိုင်ဘူး။ နောက်ပြီး သစ်စေး အစစ်ရှားပါးဈေးကြီးလွန်းတာ တွေကြောင့် သစ်စေး အစစ်နဲ့ လုပ်တဲ့ ယွန်းထည်တွေက အလွန်ကောင်းပေမဲ့ သူလည်း ဈေးကွက်ဝင်ဖို့ ကြိုးစားရအုန်းမယ်။ သစ်စေး ဆိုတာလည်း သစ်စေး ထွက်တဲ့ အပင်တွေက နှစ် ၃ဝလောက်မှ သစ်စေးထွက်ပြီး အသုံးချလို့ ရတာမျိုး.. ထင်းဖြစ်သွားတာလား လုပ်ကွက်တွေထဲ ပါသွားတယ် ဆိုလား မသိဘူး အဲဒီ သစ်စေးတွေလည်း တော်တော် ရှားပြိး ဈေးတွေ တက်ကုန်ကြတယ်။ အတုတွေတော့ သုံးလာကြတယ်။ အတုဆိုတာ အစစ်ကို ဘယ်မှီပါ့မလဲ.. နာမည်တွေ မပျက်ဖို့သာ မျှော်လင့်ရမှာပဲ။
ဗီယမ်နာမ် ကတော့ သူ့ရဲ့ လက်မှုပညာ ယွန်းထည်တွေ တော်တော် ခေတ်မှီတယ် ဒီဇိုင်းမျိုးစုံ နဲ့ လက်မှုပညာတွေကို ကြည့်ပြီး လိုချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်တယ်။
ဖိနပ်က အစ သစ်သားခုံ ဖိနပ်ပါပဲ ဆေးသုတ်ပြီး အရောင်ခြယ်မယ် အောက်မှာ သရေပြား ရိုက်လိုက်တော့ ဂွက်ဂွက် မမြည်ဘူး ပုံစံ စုံ ထုတ်ပြီး ရောင်းတယ် စီးလို့ မကောင်းဘူး အောက်ခံ အမာ ဖြစ်ပေမဲ့ အမြင်မှာ ဆွဲဆောင်မှု ရှိအောင် လုပ်နိုင်တာ မျိုးပေါ့.. သိပ်တော့ များများ မရောက်ဖူးပါဘူး ဒါပေမဲ့ ရောက်ဖူးတဲ့ နိုင်ငံတွေထဲမှာ ဗီယမ်နာမ်က အမှိုက်က အစ အဖိုးတန် ပစ္စည်း အနေနဲ့ ပိုက်ဆံ ပေးဝယ်သွားအောင် လုပ်တယ်။ ကိုကာကိုလာ ဗူးခွံတွေ အဲဒါတွေကို လှီးဖြတ်ပြီး အရုပ်မျိုးစုံ လုပ်ပြီးတော့ နိင်ငံခြားသား ရောင်းစားတယ်။
မြန်မာပြည်က ပညာရှင်တွေလည်း ခေတ်နဲ့ ညီတဲ့ ပညာတွေကို လေ့လာပြီး မြန်မာမှု ပြုဖို့တော့ သင့်ပြီ။
kai
November 28, 2011 at 12:03 pm
အင်မတန်အကျိုးများစေတဲ့.. ထောက်ပြကွက်တွေပါ…။
မြန်မာပြည်က.. အသေးစား..အလတ်စား စက်မှုလုပ်ငန်းရှင်တွေကို.. စံနစ်တကျမြေတောင်မြောက်ပေးတဲ့.. ဥပဒေ..လုပ်ထုံးတွေ ပြဌာန်းပေးဖို့ အချိန်ဆိုတာ.. သတိထားမိမှာပါ..။
အာစီယံက ပွင့်လင်းကုန်သွယ်လုပ်နိုင်တာတို့.. ယူအက်စ်ကဆန်ရှင်ဖယ်လိုက်တာတို့ မကြာခင်လာတော့မယ့်အချိန်မှာ.. ပြည်တွင်းလုပ်ငန်းရှင်တွေ.. အဆင်သင့်ဖြစ်နေဖို့.. အရမ်းကာရော.. တွန်းတိုက်လုပ်ကြရမဲ့အချိန်ပါ..။
ဒါကို.. ဥပဒေပြုသူတွေ သတိထားမိစေလိုပါကြောင်း…။
Moe Z
November 28, 2011 at 11:41 am
မမပြောသလိုပဲနော်… အုတ်သယ်၊ ခဲသယ်ဆိုရင်လည်း သယ်ပေးမယ်
ကျန်တာတော့မပြောတော့ဘူး
ပဲလှော်ကြားဆားညှပ် ဟုတ်ဘူး ဘာဂါကြားကြက်ဥညှပ်သလိုဖြစ်မှာစိုးလို့ 😛
inz@ghi
November 28, 2011 at 11:50 am
အိခ် ….
ဟိုဘက်ပိုစ့်မှာ နာစလိုက်တာကို တင်းတွားတယ်ထင်ပါ့…:'(
တင်းပါနဲ့ ဇက်ကလေးရယ်နောက်ချို ပဲကြီးလှော်ဝင်နှိုက်တယ်လို့
ကျောလော့ပါဝူး
မူလလက်ဟောင်း
ကအင်ကြီး
ဆူး
November 28, 2011 at 12:32 pm
ကိုရီးယားတို့ ဂျပန်တို့ မက်မက် စက်စက် စားနေတဲ့ ရေညှိတွေ မြန်မာပြည်မှာလည်း ထွက်တယ်နော်။ ကိုရိးယား က လာပြီး ရေညှိစိုက်ခိုင်းတာတို့ ဘာတို့ လုပ်တယ် ကြားမိတယ်။
နည်းပညာ လေ့လာပြီး အချီကြီး ထုတ်ပြီး သူတို့ဆီ ပြန်ပို့နိုင်ရင် မဆိုးဘူး။ ဈေးကွက်ကြီးတယ်။
တရုတ်ကလည်း ဂျပန် စာရေးပြီး ထုတ်တယ်။
မြန်မာ ပင်လယ်ကြီးက အကျယ်ကြီးပဲဆိုတော့ အများကြီး ရှိမှာပါ။
nozomi
November 28, 2011 at 1:14 pm
ဆင်ဖြူတော်မှီ ကြံစုတ်လိုက်ပါပြီ
(ဆင်ဖြူတော်နဲ့ တူတဲ့ ပို့စ် ကိုလဲ ဖတ်ရ လာမန်းတဲ့ ကြံ တွေလဲ စားရနဲ့ ကောင်းလိုက်တာ)
Sonny
November 28, 2011 at 1:50 pm
မမရေ..
ဂေဇတ်ကနေ တစ်ပိုင်တစ်နို်င် တတ်သလောက်လေး မျှ ခွင့် ရတာကိုပဲ သက်ဆိုင်သူ ကို ကျေးဇူးတင်လှပါတယ်။
အသက်ကကြီးလာတော့ လည်စရာ နေရာလေး တစ်ခု ရသလိုပါပဲ။ အိမ်သာတော့`ဧည့်လာချင်တာပေါ့။
ကျွန်တော် တစ်ပိုင်တစ်နို်င် ပေးရတဲ့ အခွင့်ရေး ရော ပေးကြသူများရော ဂုဏ်ယူပါတယ်။
မမပြောသလို ဘီဂိတ်ကြီးကတော့” ငွေကြေးအင်အားကြီးမားပြီး စိတ်ထားပြည့်ဝတဲ့ ဘီလ်ဂိတ်တို့လို့ ကမာ္ဘ့လူသား အားလုံးအတွက် ဝိုင်းဝန်းဖေးမနေကြသူတွေလည်း ရှိတာပေ့ါ။”
အင်း……တရုတ် နိုင်ငံ လို တောင်တရုတ်ပင်လယ်ကို သူတစ်ယောက်တည်း ပိုင်ချင်တာတဲ့…လန့် များတောင် လန့်မိသော မတော်လောဘပါလား…ဖိလစ်ပိုင် ကလည်း သူ့တော့ နည်းနည်း ပိုင်ခွင့်ပေးပါတဲ့။
အဲလို လောဘ ရမက် ကြီးသူတွေကလည်း ရှိရဲ့ဗျာ။
ချစ်ခြင်းအားဖြင့်…..ကိုဆန်နီ………..
ကြေးမလောင်
November 28, 2011 at 2:57 pm
ဂိုဏ်းတွေ ဘာလို့ ဖွဲ့ နေကြတာလဲ..
ဂိုဏ်းတွေက ဘာတွေ လုပ်တာလဲ
ကြေးမလောင်လည်း ပါချင်တယ်။
Moe Z
November 28, 2011 at 3:33 pm
ဦးကြောင်ရေ ပါချင်လို့တဲ့ 😀 😀
MaMa
November 28, 2011 at 11:45 pm
ပထမဦးဆုံး ကော်မန့်ပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
@windtalker
ခေါင်းမြီးခြုံတွေတောင် ခေါင်းမြီးခြုံဖွင့်ပြီး ဇာထိုးပန်းထိုး သင်တန်းတက်ပြီး အိမ်တွင်းလက်မှုပညာနဲ့ တဖက်တလမ်းက ဝင်ငွေရှာနိုင်လို့ မိသားစုဝင်ငွေတိုးပြီး လူနေမှုအဆင့်မြင့်လာတာကို ပြောချင်တာ။
@ဆြာသစ်
ဆြာသစ်ရေ-(မဝံ့မရဲလေးနဲ့ တံတားထိုးသင့်တယ်လို့ပြောပါတယ်တဲ့။) အဲဒါ ကျမရဲ့ အခြေအနေကို တိုက်ရိုက်ပြောလိုက်သလိုပါပဲ။ ကြယ်ငါးလေးတွေကိုလည်း ပင်လယ်ထဲ ပစ်ချပေးချင်ပါတယ်။ တံတားထိုးရာမှာလည်း ဝိုင်းကူချင်ပါတယ်။ ဒါပေမယ့် Infant ကနေ မတက်မှာလည်း စိုးရိမ်မိပါတယ်။
@weiwei
ဝေဝေရေ-ကျွန်မတို့လဲ မီဒီယာသမားဖြစ်မှန်းမသိဖြစ်နေပါပြီ။ အရင်ကဆိုရင် လူပုံတွေ ရိုက်ဖို့လောက်ပဲ စဉ်းစားနေတာ။ ဗုဒ္ဒ္ဓဂါယာသွားတုန်းကတော့ ပြန်ရောက်ရင် ရွာထဲမှာ ဘယ်လို ပြန်ပြောပြမယ်ဆိုပြီး မြင်တာတွေ့တာလေးတွေ ပြချင်လို့ မြင်ကွင်းတွေ ရှု့ခင်းတွေ ကိုချည်းပဲ လိုက်ရိုက်နေမိတယ်။ လူပုံတောင်နောက်မှ ကိုယ်ရောက်ဖူးတဲ့ သက်သေအနေနဲ့ ရိုက်ဖြစ်သွားတာ။ 🙂
ဘယ်လိုနေရာကပဲဖြစ်ဖြစ် ကိုယ့်မိသားစုအတွက် ကောင်းမယ်ဆိုရင် လုပ်ဖို့အဆင်သင့်ပါပဲလို့ အားဖြည့်ပေးချင်ပါတယ် …. ဆိုလို့ သိုင်းညီနောင်တွေကို အားကျမခံ အော်မေ့ဂိုဏ်းရဲ့ ညီညွတ်မှုကို ပြကြစို့လား။ 😀
@ကြောင်လတ်
ကြောင်လတ်ရေ- တကယ်လက်တွေ့မှာ စာဖွဲ့မပြနိုင်တဲ့ အခက်အခဲလေးတွေ အများကြီးရှိနိုင်ပါတယ်။ 🙁
@E.T
အီးတီရေ- စိတ်တူသူတွေစုမိကြရင် ဆက်လက်ချီတက်ဖို့ပဲ လိုတော့တာပေ့ါ။
@TTNU
တီချယ်ရေ- တီချယ်ရေးတဲ့စာက ကျမအတွက်ခွန်အားပါပဲ။ ကျေးဇူးအထူးတင်ပါတယ်။
@ကိုကြောင်ကြီး
ကိုကြောင်ကြီးရေ- ကျမလည်း မဆလာဖြစ်ပြီး သရဲဖမ်းနေမိပါလား။ လူလူချင်းလည်း ကြောက်တတ်တယ်။ သူရဲဆို ပိုတောင် ကြောက်သေးတယ်။
@ဦးဖွတ်ကျားရေ-
အီးပေလူးတီ ဂီမှော်စည် နဲ့ အပြိုင် ဆူး-ဝေ-မ-တုန်-နော-မိုး-မီ-ပန် တို့ အော်မေ့ဂိုဏ်းကလည်း သိုင်းပညာ
အသစ်တွေဖော်ထုတ်ပေးဖို့ တာဝန်ယူပါကြောင်း….
(ဘယ်နှစ်မည်မှန်းမသိ ‘ရ’ သော ဆြာလေးသို့)
@King
မောင်ကင်းရေ-တရုတ်ကားထဲမှာတော့ အော်မေ့နဲ့ ဝူတန်း ဂိုဏ်းဆိုရင်တော့
ဘာဂိုဏ်း ဆိုလိုလားပဲ နဲ့တော့ ရပ်မထားနဲ့လေ။ ခုမှ သိုင်းသမားဂိုဏ်း ဝင်ရတာဆိုတော့ သိုင်းသမားသမိုင်းတွေ မသိလို့ ရှင်းပါဦး။
E.T
November 29, 2011 at 3:14 am
အန်တီမမရေ အီး-ပေ-လူး-တီ-ဂီ-မှော်-စည် တဲ့ .. ကျွန်တော့်ကို ၂ ကိုယ်ခွဲထားတာ လားခင်ဗျာ။ အီးကော၊ တီကော ပါနေတယ်။ အီးတီက အလိမ္မာလေးမို ့ အော်မေ့ဂိုဏ်းကို ၂ ကိုယ်ခွဲပြီး စောင့်ရှောက်စေချင်တာလား ခင်ဗျာ
MaMa
November 29, 2011 at 7:27 am
အဓိပ္ပါယ်ကို အဓိကထားပြီး ရေးလိုက်တာ 😀 ဇာတ်လိုက်နာမည်တွေ ရောသွားတယ်။ အီးပေါက်ပေလူး ဂီမှော်စည် လို့ ပြောင်းဖတ်ပေးလိုက်နော်။
Moe Z
November 29, 2011 at 8:10 am
မမရေ အော်မေ့ဂိုဏ်းဆိုတာ အပျိုစင်သီလရှင်တွေပဲဝင်ရတာ
အိမ်ထောင်ပြုလို့မရဘူး 😛
ဦးဖွတ်ကျား
November 29, 2011 at 9:00 am
ခေတ်သစ်အော်မေ့ဂိုဏ်းက လစ်ဘရယ် ဒီမိုခရက်ခ် တွေဘာကွယ်…
ပါစင်နယ် သိပ်မကြည့်တော့လို့ ဝင်လို့ရပါကြောင်း..
😀
ဂဏန်း အီလက်ထလစ် ကြီးဖစ်တွားဘာလား ဟရို့ …
အချွန်ဒွေ အတက်ဒွေနဲ့ …အင်း …အဲ့လာရီး နှိုက်ရရင်တော့ …..
ဗျို့မှော်ဆြာ …ဂီတာယူမို့ဆို …….ဒါရီးတီးမား???
😀
😛
Moe Z
November 29, 2011 at 9:18 am
ဂဏန်းမှန်းမသိပင့်ကူမှန်းမသိ
သေချာမှတ်ထား အဲဒါပင့်ကူလို့ခေါ်တယ်
spider = ပင့်ကူ 😛
ဦးဖွတ်ကျား
November 29, 2011 at 9:21 am
အဘတို့က အသက်ကြီးဘီဆိုတော့
မှုံပါတယ် ခေးရယ်…..
မှားဒလာချိရင် ဝေဘန်ထောက်ပျ ပေးဘာနော်…
(အော် သွားဒွေဒေါင် မစုံဒေါ့လို့ ဇဂါးဒေါင် ပီလော့ဝူးရယ် …နော…)
😛
MaMa
November 29, 2011 at 3:31 pm
ကွန်နက်ရှင်နှိပ်စက်လို့ အားတဲ့အချိန်ကျတော့ ရေးမရ၊ ရေးရတဲ့အချိန်ကျတော့ မအားတာမို့ ညဉ့်နက်သွားတာနဲ့ ကွန်မန့်ပေးကြသူတွေကို စာပြန်ရေးတာ အကုန်မပါသွားဘူး။ ဒီနေ့မနက် ပြန်စာတွေ အားရပါးရ ရေးလို့လည်းပြီးရော ပျက်သွားလိုက်နဲ့မို့ တော်တော်တောင်စိတ်ပျက်သွားတယ်။ ဒါပေမယ့် ကိုယ့်ပိုစ့်ကို အားပေးကြတဲ့လူတွေကို တာဝန်ကျေအောင် စာပြန်လိုက်ပါပြီ။ အဆင်မပြေလည်း သည်းခံကြပါလို့….
@ပေါက်ဖော်
ပေါက်ဖော်ရေ-(အနော်တို ့က ကျရာတာဝန် ထမ်းဆောင်ဖို ့ဝန်မလေးပါဘူးခင်ည..
ရဲဘော်တို ့..ဆက်လုပ်ကြပါ..) ဆိုတော့ တခါတည်း ဘော်လုံးပုတ်ပစ်လိုက်တာ တွေးရခက်ကြီးပါလား 😀
@aye.kk
aye.kkရေ-မြေခံရေခံ မြေဩဇာကောင်းကောင်းနဲ ့စုပေါင်းကာပင် စိုက်ကြလျှင်..အောင်မြင်မှာ မလွဲပေ့ါ။
@blackchaw
ဆြာဘလက်လည်း သို်င်းလောကဥသျှောင်ထဲမှာ ပါတယ်နော်။ 😀
@ဆူး
ဆူးကတော့ အမှန်တကယ် အရေးပါတဲ့ (မြန်မာပြည်က ပညာရှင်တွေလည်း ခေတ်နဲ့ ညီတဲ့ ပညာတွေကို လေ့လာပြီး မြန်မာမှု ပြုဖို့တော့ သင့်ပြီ။) ဆိုတာ ကို ထောက်ပြနိုင်လိုက်တာပဲ။
@kai
သဂျီးပြောသလို (မြန်မာပြည်က.. အသေးစား..အလတ်စား စက်မှုလုပ်ငန်းရှင်တွေကို.. စံနစ်တကျမြေတောင်မြောက်ပေးတဲ့.. ဥပဒေ..လုပ်ထုံးတွေ ပြဌာန်းပေးဖို့ အချိန်ဆိုတာ..) ကို ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း မျှော်လင့်နေပါတယ်။ ကြားမိတာကတော့ ပြည်ပက လာရောက်ရင်းနှီးမြှပ်နှံသူတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ တန်းတူ အခွင့်အရေးပေးရမယ် ဆိုလားပဲ။ နိုင်ငံတကာမှာတော့ ဘယ်လိုရှိတယ် မသိပါ။
@Moe Z
မိုးစက်ရေ- လုပ်ချင်စိတ်ရှိရင်ပဲ အလုပ်တစ်ဝက်ပြီးတယ်လို့ ဆိုရမယ်။ စိတ်ချင်းတူလို့ ဝမ်းသာပါတယ်။ ဇက်ကလေးကို သိမ်းသွင်းနိုင်ရင် ဇက်ကြီးက အလိုလို ပါလာလိမ့်မယ် ထင်တယ်။ 😀
@nozomi
နိုဇိုမီရေ- အားလုံးပဲ မှိုရတဲ့ မျက်နှာတွေဖြစ်စေချင်ပါတယ်။ (ကိုယ်လည်း အပါအဝင်ပေ့ါ။) 😀
@Sonny
ဆရာဆန်နီရေ- လောဘနဲ့ အလောဘပေ့ါနော်။ ဆရာတို့လို ပညာဖြန့်ဝေပေးတာလည်း အလောဘမို့ ကုသိုလ်စိတ်ပါပဲ။ လေးစားပါတယ် ဆရာ။
@ကြေးမလောင်
ကြေးမလောင်=ကြောင်မလေး ရေ ကြောင်ကြီး၊ ကြောင်လေး၊ ကြောင်လတ်၊ ကြောင်ဝတုတ် တို့ရဲ့ ကြောင်ဂိုဏ်းရှိတယ်။ ဒါပေမယ့် သတိတော့ထား ဂိုဏ်းချုပ်ကြောင်ကြီးရဲ့ ကြွေးကြော်သံက (တရုတ်မကြိုက်သော ကြောင်ကြီး) ဆိုလားပဲ။ အဲဒီနေရာမှာ ပုဒ်ဖြတ်အရေးကြီးတယ်။ မသိရင် မိုးစက်ကို မေးကြည့်နော်။ 😉
အော်မေ့ဂိုဏ်းထောင်ပေးတဲ့ ဇက်ကြီးတော့ ကိုယ့်အတတ်နဲ့ကိုယ်စူးပြီထင်တယ် မိုးစက်ရေ 😆
nayminn
November 29, 2011 at 5:02 pm
ပန်းပေါင်းဝေဆာ ၊ ငါတို့ရွာမှာ။
သာယာရည်မှန်း ၊ ကလောင်စွမ်းဖြင်။့
တက်သိသမျှ ၊ မျှဝေဌကာ။
ဒို့ရွာအလှ ၊ မပြတ်စေပဲ။
ငြင်းခုံကြမည် ၊ဆွေးနွေးကြမည်။
တွဲလက်မပြတ် ၊ ခရီးဆက်ဂျ်။
စည်းလုံးတက်ညီ ၊ ရှေ့သို့ချီမည်။
တိုးတက်ခေတ်မှီ အနာဂတ်ဆီ…..။