Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကယ်ပါယူပါ ။

nigimi77November 24, 20111min60814

နိဂိမိ တစ်ကောင် အရူးမီးဝိုင်းနေပါတယ် ။

ဖြစ်ပုံက ဒီလို ။

ဝမ်းရေး အတွက် အလုပ်ကလေး တခု လုပ်ဖို ့ကြံစည်နေပါတယ် ။ ရုံးခန်းကလေး တခု ဖွင့်ဖို ့ ကြံစည်နေတယ် ဆိုပါတော့ဗျာ။

မြို ့တွင်းပိုင်းက ဈေးတွေကလဲ ခေါင်ခိုက်နေတော့ အနားကလည်း မကပ်နိုင် ။ ဒီလိုနဲ ့ပဲ ရန်ကုန် လှိုင်သာယာမြို ့နယ်က

FMI CITY အိမ်ယာဝင်းထဲမှာ အိမ်ခြံမြေ အကျိုးဆောင်ကမှ တဆင့် ဈေးအသင့်အတင့်နဲ ့ ၄ဝ x ၆ဝ အကျယ် ၂

ထပ်တိုက်ကလေး ရခဲ့တယ်။ လိုအပ်တဲ့ ရုံးသုံး ပရိဘောဂတွေ အတွက် ဒီနေ ့ တနေ ့လုံး ယုဇန ပလာဇာမှာပဲ အချိန်ကုန်သွားရော ။

အပြန်ကျတော့ ရုံးချိန် အတွင်းရှိနေသေးတာနဲ ့ ပုလဲကွန်ဒိုက REDLINK ကို ဝင်လိုက်တယ် ။ သူသူငါငါ ပြောနေကြတဲ့ ဝိုင်မက်စ် (Wimax)

ဆိုတာကြီးကို တတ်လိုက်မဟဲ့ ဆိုပြီးတော့….။ ကောင်မလေး က တော်တော် ဖော်ဖော်ရွေရွေ ရှင်းပြပါတယ် ။

ကဲ…ဟုတ်ပြီပေါ့ ။ ဘယ်မှာ တတ်မှာလဲ မေးတော့ ကျုပ်လည်း ခန် ့ခန် ့ကြီးပဲ လှိုင်သာယာက FMI CITY မှာလို ့လည်း ဆိုလိုက်ချိန်…..

ကျုပ် မျှော်လင့်ချက်ကြီး အရည်ပျော်သွား ပါတော့တယ် ။

FMI CITY မှာ သုံးလို ့မရဘူးတဲ့ ။ သူပြောတာကတော့ စနစ် ၂ မျိုးရှိတယ် ဆိုပါတယ်။ Oudoor Unit နဲ ့ FMI CITY မှာ သုံးလို ့ရတဲ့ ဟာက

ပြီးခဲ့တဲ့ ပရိုမိုးရှင်း ကာလမှာ အပြတ်အသတ် ဝယ်ယူ အားပေးလိုက်လို ့ ပစ္စည်း ပြတ်သွားပြီး အရောင်း ရပ်ထားတယ် ဆိုပါတယ် ။

ဒါဆို နောက် ဘယ်တော့လောက်ပြန်ရောင်းမှာလဲ မေးတော့ ကောင်မလေး ခမျာ မေးချင်းမေး ကျွန်မ ဖုံးနံပါတ် ကို မေးရင်တောင်မှ သိဖို ့ဖြစ်နိုင်ဦးမယ် ဆိုတဲ့

မျက်နှာပေးကလေးနဲ ့ ခေါင်းခါပြပါတယ် ။ ဒါနဲ ့ သူလေးကို ပဲ အကူအညီတောင်းပြီး တခြား အင်တာနက် ဆားဗစ်တွေရဲ ့ဖုံးနံပါတ်တွေကို တောင်းယူခဲ့ပါတယ်။

၁ ။ Mc Will

သူကလေး ကတော့ ….ရှင် အဲလောက်တောင် Information ညံ့ဖျင်းလှချည်လားဆိုတဲ့ လေသံလေးနဲ ့….ဟယ်…အကိုရေ…ရန်ကုန် အရောင်းရပ်ထား

တာ မသိဘူးလား…လို ့ဆိုပါတယ် ။ …..ဂျွိ.ဂျွိ…( ကြက်ခြေခတ်သံ) တခုလည်း သွားပြန်ပြီပေါ့…။

၂ ။ ADSL

သူကတော့ Global Net ဆိုတဲ့ တဆင့်ခံပါ….။ ကျွန်မတို ့ကတော့ လျှောက်မပေးတော့ဘူးရှင့် ဒါပေမဲ့ လုပ်ပေးတဲ့ သူကို ဖုန်းလွှဲပေးပါမယ်ဆိုပြီး လွှဲပေး

ရှာပါတယ်။ ပုရွက်ဆိတ် ကျွင်းထဲမှ ပြောသော အသံလောက်နှင့် အမျိုးသား တစ်ယောက်မှ ပြောတာကတော့…ADSL လျှောက်ဖို ့ ဖုန်းလိုင်းရှိမှ ရမယ်တဲ့။

ကျုပ်က ဖုန်းလိုင်းတော့ ရှိပါတယ် အိမ်ယာဝင်းက ပေးတဲ့ Extension လိုင်းပါလို ့ ပြောတော့ အဲဒါဆိုရင် မရဘူး ထင်တယ်တဲ့…..ထင်တယ်….။

၃ ။ Sky Net

သူကလေးက အမျိုးစုံ ရွှမ်းရွှမ်းဝေအောင် ရှင်းပြပါတယ် ။ သို ့သော်လည်း ကျုပ်က သူပြောတာတွေ တလုံးမှ နားမလည်….။

ဒါနဲ ့ပဲ ….J for japan , a for america ဆိုတာတွေရွတ်ပြီး ကျုပ်ရဲ ့ ဂျီမေလ်းကို ပေးပြီး Quotation ပို ့ခိုင်းရပါတယ်။

သိပ်သွက်သကိုး…..ခမျာမှာ…..။ လိုင်းပေါ်မှာ ဘီလူးကြီး Ogre ကို မြင်တော့ Skynet ဘာလဲ ဘယ်လဲ မေးကြည့်တော့ အလွန်ရုပ်ဆိုးစွာ

အစွယ်တွေ ထုတ်ပြပါတယ်။ ငါ့ အစွယ်တွေထက် ဆိုးတယ် မယုံရင် မှော်ဆရာကို မေးကြည့် ဆိုပဲ….။

မှော်ဆရာရဲ ့ Skynet ချီမွန်းခန်းကို ဖတ်ကြည့်တော့ ကျုပ်ရဲ ့မျှော်လင့်ချက်တွေ လုံးလုံးလျားလျားကြီး ကျဆုံးသွားပါပြီ …..။

ကယ်ကြပါဦး……ရွာထဲက ဆရာ့ ဆရာ ဆရာမတို ့……။

ဘာမေးမေး အကုန်သိသော …ကျုပ်ကို မရဲတရဲလေး တိတ်တခိုးနေသော အီးဒုံး တို ့ ။

ဘာရေးရေး လက်မခံခဲ့သော်လည်း အခုတော့ မသိကျိုးကျွံပြုကာ ကျုပ်ကို မရဲတရဲလေး သောက်ညင်ကတ် နေသော ဘွားဆူးတို ့ ။

အပ်ချလောင်း မှော်ဆရာတို ့ ။

တော်တီးတီးတော် ငဇာဂီ တို ့ ။

အဲဒီလို FMI CITY မှာ Wimax မရဘူး ဆိုတာတို ့ ….Extension ဖုန်းလိုင်းနဲ ့ ADSL လျှောက်လို ့မရဘူး ဆိုတာတို ့ …..

ပြီးတော့ ဟို မှော်ဆရာ ဆိုတဲ့ မဟုတ်တမ်းတရား ပြောတတ်တဲ့ လူကြီးရဲ ့ Skynet ချီးမွန်းခန်း ဆိုတာတို ့က…….

ဂယ်ဂျီးပဲလား ဟင် ???????????

ကမာ္ဘ ့ အင်တာနက် Speed အမြန်ဆုံး နိုင်ငံမှာ ၁ဝ နှစ်ကျော် အပူအပင် ကင်းမဲ့စွာ သုံးလာခဲ့တဲ့ နိဂိမိဆိုတဲ့ နလပိန်းတုံး ဟာ မြန်မာပြည်ရဲ ့

ထူးထွေသည့် အံ့ရာသော် စနစ်တွေကြားမှာ ဆပ်ပြာသည် လင်ပျောက်နေပါတယ် ။

လုပ်ကြပါဦး……. ကျုပ်မှာ မနက်ဖြန် တရက်ပဲ အချိန်ရှိပါတော့တယ် ။ နည်းလမ်းလေးများ ဝိုင်းဝန်း မစကြပါ ။

တချို ့ကလည်း CDMA 800 ဖုန်းနဲ ့ သုံးလို ့ရတယ်ဆိုတာပြောပေမဲ့ သူက ဖုန်းတစ်လုံးကို လူတစ်ယောက်ပဲ သုံးလို ့ရတာ မဟုတ်ဘူးလားဆိုတော့

တချို ့ နံပါတ်တခုထဲနဲ ့ကို ကွန်ပျူတာ ၃ ၊ ၄ လုံး သုံးတယ်လို ့ပြောကြတယ် ။

နောက်ပြီး Redlink ဆိုဒ်ထဲမှာ FTTX ဆိုတာကြီးလည်း တွေ ့တယ် ။အဲဒါကကော ဘာကြီးလဲ ။ FMI CITY မှာ သုံးလို ့ရလား ။

ဒါမှ မဟုတ်ရင်လည်း FMI CITY မှာ သုံးလို ့ရတယ်ဆိုတဲ့ Wimax Outdoor Unit ကို ပြန်ရောင်းချင်တဲ့ သူရှိရင်လည်း ဆက်သွယ်ကြပါ ။

ဒါကတော့ Plan B ဆိုတော့ နောက်ဆုံး မဖြစ်နိုင်တဲ့ အဆုံးမှပါ ။

ဘာနည်းလမ်းများ ရွာထဲက ရနိုင်မလဲလို ့ အားကိုးကြည့်ပါမယ် ။

14 comments

  • nigimi77

    November 24, 2011 at 7:08 pm

    လောလောဆယ် လိုင်းပေါ်မှာ ရှိနေတဲ့ ပုရိသ တွေနဲ ့ မာတုဂါမတွေ …ဒါကို ဖတ်ပြီး ပြောကြပါဦး။

    • inz@ghi

      November 24, 2011 at 7:27 pm

      မှန်ပါ တပ်မ၇ရ ဖျာ့ …

      အင်တာနက် အရေးပူဆွေးသောကရောက်တော်မမူပါနှင့်ဖျာ့…
      နည်းသိရင် အလွယ်လေးပါဖျာ့

      လက်ဖက်ရည် အိမ်မှာဖျော်သောက်တော့ နှပ်ဟယ်ဖျော်ဟယ် လုပ်ရ
      သောက်ပြီးသော အခါကျတော့လည်း ဆေးရကျောရ သိမ်းဆည်းပါ
      မနိပ်လှပါဘူးဖျာ့ . ….. သည်ထုံး နှလုံးမူပြီး

      အင်တာနက် သုံးလိုပါက အင်တာနက် ကဖီးတွင်
      pay-per-use ဖြင့် ကြိုက်သလောက်သုံး၍ ကျသလောက် ပေးချေနိုင်ကြောင်းပါဖျာ့

      (နောက်တာပါဂျာ … ရွှေပြည်ကြီးမှာ အင်ထှာနက် ဘယ်လိုလုပ်ရတယ်
      တားတားလည်း တိဝူးဂျ)

      • မှော်ဆရာ

        November 24, 2011 at 7:52 pm

        ဘယ်နေရာမဆို ရောက်ရောက်လာတယ်နော် ..ဂီဂီ ..
        ဂီဂီ မရောက်ဘူးတာ မိန်းကလေးအိမ်သာပဲ ရှိတော့မယ် ထင်တယ် …။
        (ဒါတောင် ပြောရတာ မဟုတ် ….)

        • windtalker

          November 24, 2011 at 7:53 pm

          ဘယ်သူပြောလဲ
          ကျုပ်ကတော့ မပြောဘူးနော်
          စနပ်ရှော ့ဆိုတော့ စနော့ ရှပ် ဘဲပေါ့

  • nigimi77

    November 24, 2011 at 7:16 pm

    ကျုပ် အလုပ်က အင်တာနက် မရှိရင် ဘာမှ လုပ်လို ့မရပါဘူး ။

    နည်းလမ်းရှိရင် ပြောပါဦး ။ ကျုပ် ရုံးခန်းနေရာက CITY MART နောက်ကြောဖက်မှာပါ ။

    နောက်ဆုံး နည်းလမ်း မရှိရင် အနီးအနား မှာ ရှိတဲ့ အင်တာနက်ဆိုင်ကနေ ဝိုင်ဖိုင် လပေးသုံးလို ့

    ရနိုင်ခြေရှိသလား ဆိုတာလေးမျိုးပေါ့ ။

    • etone

      November 25, 2011 at 8:41 am

      နီးသားပဲ … ကျွန်မတို့စက်ရုံဝင်းထဲလာခဲ့လေ .. ဝါယာလက် ဖွင့်ထားတယ် … ဟဲဟဲ .. 😆

  • မှော်ဆရာ

    November 24, 2011 at 7:49 pm

    လာပြန်ပြီ … မှော်ဆရာရဲ့ အရင်အမှုကလဲ ပြတ်သေးတာ မဟုတ် …
    သိချင်လား စကိုင်းနက် အကြောင်း …ရတယ် ပြောပြမယ် ။
    စကိုင်းနက်မှာ consumer နဲ့ cooperate ဆို နှစ်မျိုးရှိသဗျ ..
    ကျွန်တော် နားလည်သလို ပြောရမယ်ဆိုရင်
    ဆိုင်သုံးနဲ့ အိမ်သုံးလို့ ပြောရမယ်
    ကွန်ဆူးမားက အိမ်သုံး ကိုအော်ပရိတ်က ဆိုင်သုံး
    ဈေးကွာပါတယ်.. ကွန်ဆူးမား ၅၁၂ တစ်လ ခြောက်သောင်း ၊ ကိုအော်ပရိတ် ၅၁၂ တစ်လ တစ်သိန်းခွဲ
    ဘာကွာသလဲလို့ မေးရင် အိမ်သုံးက နှစ်လုံးလောက်အထိပဲ လိုင်းကောင်းတယ်. ဆိုင်သုံးက ၁ဝ လုံးလောက်အထိ ကောင်းတယ် …။
    ဒါက လိုင်းကောင်းတဲ့ အချိန်နော် … လိုင်းမကောင်းရင် ဘာယူယူ ဒီလိုင်းနှုန်းပဲ။ အကုန်ကို နှေးတာ ..
    ကျသလားတော့ မမေးနဲ့ အရင်လက မှော်ဆရာ ငုတ်တုတ်ကို ထိုင်နေရတာ
    လိုင်းကလဲ မကောင်း မိတ်ကလဲ ပျက်မှာဆိုးတော့ အလကားသာ သုံးကြပါဗျာ ဆိုပြီး free ကိုပေးထားရတယ် …။
    ဒါပေမယ့် အခုတော့ ကောင်းနေပြန်ပါပြီ …။ အစိုးမရတဲ့ အကြောင်း ပြောတာပါ ..။
    မှော်ဆရာခင်မျာ အရူးမလင် လုပ်ရတဲ့ အတိုင်းပဲ … ခုကောင်းလိုက် ခုမကောင်းလိုက် …။
    အမြဲမကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး ။ကျရင်တော့ ပက်ပက်စက်စက်ကို ကျတယ်ဗျာ …။ကောင်းတဲ့အခါကျတော့လဲ မဆိုးပါဘူး ..။512 ဆိုင်သုံးက ဂျီမေး ၁ မိနစ်အတွင်းမှာ ပွင့်ပါတယ် ..။ဒီတော့ စဉ်းစားရမှာ ကိုယ့်အပိုင်းဖြစ်သွားပါပြီ ..။
    ဘယ်လောက်ကုန်လဲလို့ မေးရင်တော့ စကိုင်းနက်က ရှစ်သိန်းလို့ ပြောပါလိမ့်မယ်..။ ဒါပေမယ့် ဖုန်းလိုင်းတစ်လိုင်း တစ်သိန်းခွဲ၊ တီဗီလိုင်း တစ်လိုင်း စက်ဖိုးနဲ့ တစ်နှစ်စာ တစ်သိန်းခွဲ နောက် လစဉ်ကြေး သုံးလစာ နဲ့ တပ်ဆင်ပေးခက အနဲဆုံး ခြောက်သောင်းကို ထပ်ပေါင်းပေးရပါမယ် …။ ဖုန်းလိုင်းနဲ့ တီဗီလိုင်းက မယူမနေရပါနော် ..။ ဖုန်းလိုင်းက ဝ၁ ကုဒ်နဲ့ ထွက်ပါလိမ့်မယ် .. ။ဆက်လို့ မကောင်းပါ. ။ လိုင်းမမိတဲ့နေရာမှာ cdma ဖုန်းပြောရသလို နေပါလိမ့်မယ်။
    လိုင်းကြေးတွေ အောက်မှာ ရေးပေးလိုက်ပါတယ် …။
    လိုင်းအား consumer cooperate
    128kb 40000 –
    256kb 50000 –
    512kb 60000 150000
    1 Mb 100000 250000
    2 Mb 150000 400000
    အသေးစိတ်သိချင်လျှင် http://www.skynetdth-mps.com/ မှာ သွားရောက်ကြည့်ရှုနှိုင်ပါတယ်..
    ဆက်လုပ်ပါ … တပ်မ ၇ရ သိချင်တာရှိရင် private message ပို့ပေးထားပါ ..။ ဂျီမေးလိပ်စာ နဲ့ဆက်သွယ်ချင်ရင်လဲ ဂျီမေးလိပ်စာ ပို့ပေးထားလိုက်ပါ .. ကျွန်တော် အင်ဗိုက် လုပ်လိုက်ပါ့မယ်. ..
    ို

  • မှော်ဆရာ

    November 24, 2011 at 8:23 pm

    အော် ထပ်ပြောလိုက်ဦးမယ် စကိုင်းနက်ကတော့ ဘယ်နေရာမဆို တပ်ရတယ်ဗျ … တပ်မ၇ရ ရဲ့ နယ်မြေမှာလဲ ရမှာ သေချာပါတယ် ..။ စလောင်းတပ်ဖို့တော့ နေရာ လိုလိမ့်မယ်နော် …

    • Moe Z

      November 25, 2011 at 8:59 am

      မှော်ဆရာကိုအားကိုးရင်မှားမယ်ဗျို့..
      သူတောင် သူ့ရဲ့စလောင်းကြီးကိုသရက်ပြားခြောက်လှန်းဖို့လုပ်နေတာ

  • Ko Zay

    November 24, 2011 at 8:30 pm

    ကျွန်တော် Skynet ကို consumer အနေနဲ.ရှမ်းပြည်မှာတပ်ထားပါတယ်။ရန်ကုန်က ADSL consumer ထက်သာပါတယ်။ ရန်ကုန်ဘယ်နေရာမဆိုတပ်လို.ရပါတယ်။ရခိုင်မှာတော့မရပါခင်ဗျား။

    • Gipsy

      November 24, 2011 at 11:14 pm

      ရပါသကောဗျာ …၊
      သံတွဲမှာ Skynet သုံးနေတဲ့ဆိုင် လက်ရှိ (၇) ဆိုင်ရှိနေကြောင်းပါ …။

  • htoosan

    November 24, 2011 at 8:34 pm

    Myanmar Time မြန်မာ သတင်းစာ ကြော်ငြာ သေးသေး Free listing မှာ အမြဲတန်းလိုလို Internet Line ရောင်းမယ်ဆိုတာတွေ ပါတတ်ပါတယ်။ ဝယ်လို့ ရပြီးလဲ address ပြောင်းတပ်ရ မှာနဲ့ ဆိုတော့
    အမြန်ဆုံးတတ်ချင်ရင် sky net တပ်တာ ပို စိတ်ချရပါလိမ့်မယ်။

  • ရာဇဝင်လူဆိုး

    November 24, 2011 at 8:52 pm

    cdma 800 နဲ့ စက်အများကြီးသုံးချင်ရင်တော့ Server ကျွမ်းကျင်တဲ့သူတွေဆို လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မကောင်းတဲ့ ကော်နက်ရှင်ကတော့ ပိုလေးမှာ သေချာတယ် nigimi ရေ။

  • ကျုပ်ကတော့ ဒီဆိုင်မကောင်းရင် နောက်တစ်ဆိုင်ပြောင်သုံးလိုက်တာဘဲ။
    သုံးလေးဆိုင်ပြောင်းလို့မှမကောင်းရင်အိမ်ပြန်အိပ်လိုက်တာဘဲ။

Leave a Reply