Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေသင်္ခါ ပညာရေး ဖောင်ဒေးရှင်းတဲ့ ………..လား(၂)

naywoon niNovember 24, 20111min3786

နောက်ကျန်တဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ကြပါဦး…။
၄၁။ ကလောင်အမည်(၁၇၀) ရှိတဲ့ စာရေးဆရာဆိုတော့ ဂရင်းနစ် စာရင်းတောင် ဝင်သင့်တာပေါ့
ဘယ်သူများပါလိမ့်……..။
၄၂။ နုနုရည် (အင်းဝ) ရဲ့ တောင်ပြုံးပွဲနောက်ခံ လုံးချင်းဝတ္ထု…….။
၄၃။ မြန်မာ့သမိုင်းတွင် “ ငနု -နင်ယောက်ျားမဟုတ်လော” ဟူသည့် သမိုင်းတွင်သည့် စကားရှိသည်…။
ဘယ်သူက ဘယ်သူ့ကိုပြောတာလဲ………..။
၄၄။ ဘားရက်အိုဘားမားသည် အမေရိကန်နိုင်ငံ၏ ဘယ်နှစ်ဆက်မြောက် သမ္မတလဲ….။ ဘယ်ပါတီကလဲ?။
၄၅။ MNL ဖလား ဗိုလ်လုပွဲ စတင်ကျင်းပသောနှစ်။ ဒီနှစ်ဘယ်နှစ်သင်းယှဉ်ပြိုင်နေသလဲနှင့်
ဗိုလ်စွဲခဲ့သောအသင်း ကိုဖော်ပြပါ။
၄၆။ ခင်ခင်ထူး၏ “ အညာသူအညာသား ကျွန်မဆွေမျိုးများ” စာအုပ်သည်စာပေဆုရဖူး၏။ ဘာစာပေဆုလဲ?။
၄ရ။ ၁၉၇၆ ခုနျစ်က ဧရာဝတီမြစ်ထဲက ရေနစ်သူကို သက်စွန့်ဆံဖျားကယ်ခဲ့လို့ ဟင်နရီဒူးနန့်ဘွဲ့ရခဲ့တဲ့
ကြက်ခြေနီလူငယ်၏အမည်….။
၄၈။ “ချဲ” ဆိုတာ တမင်ရည်ရွည်ချက်နဲ့ ဖွင့်ပေးနေတဲ့ ထီ မဟုတ်ဘူး။ “ ဂဏန်းပေးတယ် ဘိ်ုးတော်ပေးတဲ့
အတိတ်စိမ်း ဆိုတာတွေဟာ ချဲရူးတွေရဲ့ ရူးသွပ်မှုသာဖြစ်တယ်” ဆိုရင် ချဲဂဏန်းရဲ့
မူလဇစ်မြစ်ကဘာလဲ?
၄၉။ သာသနာ(၃)ရပ်ဆိုတာဘာလဲ?
၅၀။ ဥဒုမ္ဗရ ဒေဝီဆိုတာ ဘယ်သူလဲ?
၅၁။ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တပ်ကုန်းသား-ဗိုလ်သီဟ (BDF)
ပါဝင်တိုက်ပွဲဝင်ခဲ့သောတိုက်ပွဲအမည်…။
၅၂။ အတွဲ(၁၀) ပါကျမ်းကြီးကိုပြုစုခဲ့သဖြင့် လန်ဒန်တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းအား
ဒီလစ်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။ မည်သည့်ကျမ်းနည်း။
၅၃။ 2010 ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သီဆိုခဲ့သော အဖွင့်အပိတ်သီချင်း
အမည်နှင့်အဆိုတော်မအည်ကိုဖော်ပြပါ…။
၅၄။ စာပေဆုမရရှိခဲ့သောလည်း မြသန်းတင့်၏ လူကြိုက်အများဆုံးဝတ္ထု စာအုပ်……။
၅၅။ ဆရမင်းသုဝဏ် နုစဉ်ခါက နုလုံးသားဖြင့် ဖွဲ့သီအပ်သော ကဗျာတစ်ပုဒ်သည် ယနေ့တိုင် ဂန္ဓဝင်ကဗျာ
အဖြစ် ခံစားနေကြရဆဲဖြစ်၏။ အဘယ်ကဗျာနည်း။
၅၆။ ပဋိကတ်သုံးပုံမှာ ကျမ်းမည်မျှပါဝင်သလဲ…..။
၅၇။ Man Matters Most ကို ဘာသာပြန်ပါ…..။
၅၈။ “အိုဇုန်းလွှာ” ဆိုတာဘာလဲ။ “အိုဇုန်း” ကို ဓါတုဗေဒ သင်္ကေတအရ မည်သို့ရေးသလဲ….။
၅၉။ မဟာဘုတ်(၄)ပါးကားအဘယ်နည်း….။
၆၀။ ၁ ဘီလှျံသည် သိန်းမည်မျှနှင်ညီမျှသနည်း……..။
၆၁။ “ဆေးလိပ်လည်းတို၊နေလည်းညိုပြီ၊ ငါ့ကိုပြန်ပို့ကြပါလေ” ကဗျာ၏ခေါင်းစဉ်နှင် ကဗျာဆရာအမည်….။
၆၂။ တပ်ကုန်းမြို့၏ ပါရဂူဘွဲ့ ရရှိပြီးသူ (၃)ဦး၏အမည်နှင့် အထူးပြုဘာသာရပ်ကိုဖော်ပြပါ…။
၆၃။ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ရဲ့ အဓိပ္ပါယ်……။
၆၄။ “ စာပေလူကြမ်းမင်းသား” ဆိုတာ ဘယ်သူလဲ။ ဘယ်သူကဘယ်သူ့ကိုပေတဲ့နာမယ်လဲ…။
၆၅။ အယ်လ်နီညို ဆိုတာဘာလဲ…။ လိုတိုရှင်း အဓိပ္ပါယ် ဖွင့်ဆိုပေးပါ…..။
၆၆။ “ ပညာရှာသူ တို့ဝိုင်းကူ” ဆိုတဲ့ စာကြည့်တိုက်ဆောင်ပုဒ်ကို ဘယ်သူက ပေးခဲ့သလဲ….။
၆၇။ အဝေးသင် စီးပွားရေးဒီပလိုမာတွေဃေတ်စားနေတယ်။ LCCI, CAT , ACCA တို့ရဲ့ အဓိပ္ပါယ် …………။
၆၈။ လူဆိုတာ သေမျိုးပေမယ့် မသေမီ လောကကောင်းကျိုးတစ်ခုခုတော့ ပြုသွားသ်င့တယ် လို့
ဆရာဇောဂျီက ကဗျာနဲ့ လမ်းညွှန်သမှု ပြုခဲ့တယ်…။ ဘယ်ကဗျာလဲ…..။
၆၉။ “ပုညံ စောရေဟိ ဒူဟရ န္တိ” ၏ အဓိပ္ပါယ်……။
၇၀။ “Don’t be afraid to go out on a limb, That’s where the fruit is” ကိုဘာသာပြန်ပါ…………။
၇၁။ စာပေလောကသားများကလည်း ချစ်ကြည်ညိုပါတယ်။ တစ်သက်တာလုံးအကျိုးပြုစာပေများ
ရေးသားခဲ့သော်လည်း သူ့တစ်သက်တာမှာ “ တစ်သက်တာစာပေဆု” မရရှိသွားသော စာရေးဆရာကား
အဘယ်သူနည်………။
၇၂။ ဂျပန် တော်လှန်းရေး ကာလတုန်းက တပ်ကုန်းအနောက်ဘက် “ မြောက်မြိုက်” တိုက်ပွဲမှာ
ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ် တာကေဒါ ဟာ အစစ်မဟုတ်ဘူး။ အတုသာဖြစ်တယ်။ တာကေဒါဟာ ၁၉၈၅
ခုနှစ် လောက်မှာမှ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ ဆိုပြီး လျှပ်တစ်ပြက် ဂျာနယ်မှာ “ ကေဒါရှင်းတမ်း”
ဆိုပြီး ရေးသားတာ ဘယ်သူလဲ….။
၇၃။ ခရစ်ယန် ဘာသာကိုးကွယ်သော်လည်း ဝိသုဒ္ဓိ မဂ် ကျမ်းကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သည့်
မြန်မာပညာရှိကြီးအမည်….။
၇၄။ လယ်သမား ကိုယ်စားပြု “ငဘ” ဝတ္ထု ဖန်တီးခဲ့သည့် စာရေးဆရာ………။
၇၅။ “ မိနု….သူ့အကြွေးရှိလျှင် ဆပ်ရလိမ့်မည်” ဟု မိန့်ဆိုခဲ့သူကား မည်သူနည်း………..။
၇၆။ “ အရှေ့က နေဝန်း ထွက်သည့်ပမာ” သည် နိုင်ငံရေး ဝတ္ထု ဖြစ်သော်ငြား သိန်းဖေမြင့်၏ ကိုယ်ပွား
ဇာတ်ဆောင် မောင်တင်ထွန်းသည် အမျိုးသမီးများနှင့် ဒွေးရော ယှက်တင် ဇာတ်လမ်းဆင်ထားသည်။
ဘယ်သူတွေများလဲ………..။
၇၇။ ဆရာကြီးရွှေဥဒေါင်း၏ စာအုပ်များအနက် စာပေအကဲဖြတ်သူများက အကောင်းဆုံးစာအုပ် ( Master
Piece) အဖြစ်သတ်မှတ်ထားခြင်းခံရသည့် စာအုပ်ကိုဖော်ပြပါ…။
၇၈။ တပ်ကုန်းမြို့သည် မည်သည့်တိုင်းတွေင်ပါဝင်သနည်း……….။
၇၉။ ပြန်ကြားရေးဝန်ကြီးဌာန သည် မြန်မာတစ်ပြည်လုံးတွင် စာကြည့်တိုက် မည်မျှဖွင်လှစ်ပြီးကြောင်း
အတည်ပြု ကြော်ညာထားသနည်း……….။
၈၀။ “ ဒီနေ့ မွေးနေ့ကျော်ရင် သေကိန်းက လွတ်ပြီ” လို့ သန်ခေါင်ယံထိ နေ့စဉ်မှတ်တမ်းရေးနေဆဲမှာ
လူဆိုးဓမြလက်ချက်နဲ့ ရေတိမ်နစ်ခဲ့တဲ့ စာရေးဆရာကြီး….။
၈၁။ ကမ္ဘာ့ အပုဆုံး လူသား(ဂရင်းနစ် စာရင်းဝင်) ၏အမည် ၊ အရပ် ၊ နှင့် နိုင်ငံသားအမည်ကိုဖော်ပြပါ….။
၈၂။ “ တက္ကသိုလ်ဘုန်းနိုင်” ကလောင်အမည်သည် သူစွဲလမ်းခဲ့သည့် ဝတ္ထုတစ်ပုဒ်မှ ဇာတ်ကောင်အမည်ကို
ယူထားခြင်းဖြစ်ကြောင်း ဖွင့်ဟပြောခဲ့ဖူးသည်။ ဘယ်ဝတ္ထုထဲကလဲ….။ ဘယ်သူရေးတာလဲ……….။
၈၃။ ကမ္ဘာကျော် ဝတ္ထုကြီးဖြစ်သည့် “ စစ်နှင်ငြိမ်းချမ်းရေး” ကိုရေးသားသည့် စာရေးဆရာကြီးအမည်………။
၈၄။ ဗိုလ်ချုပ်အောင်ဆန်း ၏ ဇာတာမည်။ သခင်အမည်၊ ရဲဘော်သုံးကျိပ်အမည်နှင့် ဂျပန်အမည် တို့ကို
ဖော်ပြပါ.။
၈၅။ “ ဆင့်ပွားခံစားမှုသည် အနုပညာသစ်တစ်ရပ်ကို မွေးဖွားတတ်ပါသည်” ဆိုလျှင် ခင်နှင်းယု၏ “ ပန်း
ပန်လျှက်ပါ” ဝတ္ထုသည် မည်သို့သန္ဓေ တည်ခဲ့ပါသနည်း။
၈၆။ နယ်ချဲ့ အင်္ဂလိပ်အစိုးရကို စီးပွားရေးတိုက်ပွဲဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော မွန်လူမျိုး လုပ်ငန်းရှင်ကြီး
အမည်…….။
၈၇။ ကိုယ်တစ်ခြမ်းသေနေသော်လည်း ဦးနှောက်မသေသ၍ လူငယ်ထု အကျိုးပြု စာပေများဖြင့် လမ်းပြကြယ်
သဖွယ် ရှေ့ဆောင်လမ်းပြ လူထု စာရေးဆရာတစ်ဦးကားအဘယ်သူနည်း………….။
၈၈။ မြန်မာ့ သာသနာဝင်က၌ “ ဗုစ်အစ၊ ဗုစ်အလယ်၊ ဗုစ်အဆုံး” ဟူ၍ဆိုရိုးရှိခဲ့သည်။ အဘယ်နည်း……….။
၈၉။ 2010 ခုနှစ်၊ AFC President’s Cup ဘောလုံးပြိုင်ပွဲတွင် မည်သည့်အသင်းဗိုလ်စွဲခဲ့သနည်း ။ AFC ပြိုင်ပွဲ
ကျင်းပခဲ့တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ…..။
၉၀။ “ ဟောဟို နတ်မောက်ဆီက ထွန်းတောက်လာတဲ့ ကြယ်ပွင့်ဟာ သွေးသောက်တို့ ၊ ကျုပ်တို့ရဲ့
အနာဂါတ် ကြယ်မင်းပင် မဟုတ်ပေလော” ဟူသည်မှာ ထင်ရှားသည့် သမိုင်းနောက်ခံ ဝထ္ထု
နောက်ဆုံးအပုဒ်မှ ဖြစ်သည်….။ မည့်သည့်ဝတ္ထုနည်း…….။
၉၁။ ပီမိုးနှင်း ဆိုတဲ့ ကလောင်အမည်ကို ဘယ်လို အဓိပ္ပါယ် နဲ့ယူခဲ့တာလဲ…………..။
၉၂။ “ အိပ်လို့မရ ၊ ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ၊ အိပ်ယာတွေလည်း၊ ကြေမွတွန့်လိပ်၊ သိပ်စိတ်ညစ်တယ်”
ဆိုပြီး အိပ်မက်တေ စ ္ဆ အခြောက်ခံရတဲ့ ကဗျာဆရာကားအဘယ်သူနည်း………..။
၉၃။ အရင်ကတော့ သေနတ်ကိုင်တဲ့ စုံထောက်မဂ္ဂဇင်းပါပဲ…။ နောက်တော့ စာပေသမားတွေရဲ့
စာပေ မဂ္ဂဇင်း ဖြစ်လာတယ်။ ဘယ်မဂ္ဂဇင်းလဲ…။
၉၄။ မိုးဝေ ကဗျာခေတ်ဆိုတာ ဘယ်နှစ်တွေကိုပြောတာလဲ………။
၉၅။ တပ်ကုန်မြို့ ဂုဏ်ဆောင် သာသနာ့ဗိမာန် ဆောက်လုပ်ပြီးစီးတဲ့နှစ်…..။
၉၆။ “ Hello ” စကားလုံးရဲ့ ဇစ်မြစ် အဓိပ္ပါယ်………..။
၉၇။ “ ဗမာ မော်ဒန်ကဗျာရယ်လို့ မူးလို့တောင်ရှူစရာ မရှိဘူး” ဆိုပြီး မချင့်မရဲစိတ်နဲ့ မော်ဒန်ကဗျာခေတ်ကို
ရှေ့ဆောင်လမ်းပြ ခေါ်ဆောင်သွားတဲ့ ခေတ်ဦးမော်ဒန် ဘာသာပြန်စာအုပ်……။
၉၈။ “ စာဖတ်တာဟာ ဘဝကို တိုးတက်ပြောင်းလဲစေတယ်” ဆိုတဲ့ ဒဿနကို လက်ကိုင်ထားခဲ့လို့ ဖဲသမား ၊
မြင်းသမား ၊ ထောင်ထွက်လူဆိုးဘဝကနေ ၊ စာပေဖောင်ဒေးရှင်း ထူထောင်ပေးသည် အထိ တိုင်းပြည်ကို
အလုပ်အကျွေးပြုသွားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးအမည်….။
၉၉။ မြင်းထိန်း ငတာ ဆိုတာ ဘယ်သူလဲ……။
၁၀၀။ ရာပြည့်မေးခွန်းကိုတော့ ဆရာကြီး ဦးသုခ ရဲ့ လက်စွစြကားနဲ့ မေတ္တာပို့လိုက်ပါမည်…..။
“ သုခိအတ္တာနံ ပရိဟရန ္တု” ဆိုတာ ဘာ အဓိပ္ပါယ် ရပါသလဲ………..။

ဟူးးး မောလိုက်ထှာ……….။ ရွှေဉာဏ်ရှင် ဖြစ်ဖို့မပြောနဲ့ဦး စာရိုက်ရတာနဲ့တင် …………။ ကြောက်လှပါတယ်ဆိုတဲ့လုံးဆင်တွေကလည်းပါသေး………။

6 comments

  • windtalker

    November 24, 2011 at 8:49 pm

    ဒီတစ်ခါတော့ မေးခွန်းတစ်ခုဘဲ ပြန်မေးလိုက်ချင်တယ်
    တွံ အသင် ဘိုနေဝန်းနီ ဖြေလော့
    “ အရက်အမျိုးအစားများစွာ ရှိသည့်အနက် မည်သည့်အရက်သည် အရက်သမားများအတွက် ကျန်းမာရေးနဲ ့လည်းညီ ၊ သောက်ရတာလဲ အဆင်ပြေ ၊ အာကေအရ လည်း တွက်ခြေ ကိုက် သနည်း ”

  • naywoonni

    November 24, 2011 at 9:04 pm

    အင်းး ကပေတို့ တွံတေး သိန်းတန် သီချင်းမကြားဖူးဘူးထင်ပါ့…။
    ” ထွေးညိုလေးရယ်… တေးဆိုတာ မတ်တပ်ပေါက်ရတယ်….။” ဆိုတာ ကြားဘူးဘူးလား …။ အထှာ…..
    နင်ရှစ်ခုဖြေတာ လေးထုပဲ မှန်တယ်….။ 10000ကျပ်ရဲ့ 4% ပဲရမယ်….။

    • windtalker

      November 24, 2011 at 9:14 pm

      ၄၀ဝ ဆိုလဲ မဆိုးပါဘူး
      ကြက်ဖင်ဆီဖူး ကင် တစ်ကင်တော့ ဝယ်လို ့ရတယ်
      ရွာထဲ က စကားမပီ ထှာဂိုဏ်းချုပ် နဲ ့သူ ့ဂိုဏ်းဝင်တွေ ကို တစ်ဖတ်စီ ကျွေးမယ်ဗျာ
      ဘယ်လိုတုန်း..

      • inz@ghi

        November 24, 2011 at 9:27 pm

        အိခ်…
        ဆော်ပဟ….
        လန့်ထှာ ကပေရယ် အသာလုပ်ပါ…

  • victor soemoe

    November 25, 2011 at 8:32 pm

    ၄၂ – ပြုံး၍လည်း ကန်တော့ခံပါ ရယ်၍လည်းကန်တော့ခံပါ ။
    ၅၃- ဝါကာဝါကာ ။
    ၅၄-ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည် ။
    ၆၄- ဆရာအောင်သင်း၊ ။
    ၇၇- တစ်သက်တာမှတ်တမ်းနှင့်အတွေအခေါ်များ ။
    ၇၉- ၅၅၇၅၅ ။
    ၈၀-သိပံမောင်ဝ ။
    ထင်သလောက်ဖြေကြည့်တာပါ် ၊ မှန်မှာလားတော့ မသိဘူး –
    ဖတ်မိတာ ကို ရေးမှတ်ရမယ် ဆို တာ ဘာသာသိလိုက်ရတယ်ဗျ –
    ၂၁ရာ စု – အ ၃ လုံးကျေဖို့ အတော်လိုသေးတာ သိလိုက်ရတယ် –

  • Khin Latt

    November 26, 2011 at 10:48 pm

    Thank you for your Post. 🙂

    (၄၃) စစ်ပွဲမှာ သေခါနီးဖြစ်နေတဲ့ ဘုရင်မှ သူ့မိဖုရား ကို သူများသိမ်းမှာ စိုး၍ သူ့လူယုံ ကို လွှတ်၍ သတ်ခိုင်းခဲ့ပါသည်။
    ဘုရင် = သတိုးမင်းဖျား
    လူယုံ= ငနု
    မိဖုရား = စောဥမ္မာ
    (၄၇) စိုင်းအောင်လှိုင်မြင့်
    (၄၉) ပဋိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာ
    (၅၀) မိဘပေးစားတဲ့ ယောကျင်္ား က သဖန်းပင် ပေါ်တင် ပြစ်ထား ခဲ့တာကို ဝိဒေဟရာဇ် မင်းကြီး (မဟော်သဓာ ရဲ့ Boss?) မှ တွေ့ပြီး မိဖုရား မြှောက်ခံရသူ
    (၅၄) ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
    (၅၅) လယ်တောကအပြန် ၊ ပန်ချင်တယ် ခရေဖူးဆိုလို ့၊ မောင်ခူးကာပေး။
    (၅၆) ရ ကျမ်း ?
    မနက်တုန်းဆီက ကြော့ဆုံးကို မောင်မြင်တော့၊ သူ ့ဆံပင် နှင်းဆီပွင့်တွေနဲ ့ဂုဏ်တင့်တယ်လေး။
    (၆၁) ဧည့်သည်ကြီး ကဗျာ / ဦးတင်မိုး
    (၆၈) သင်သေသွားသော်
    ဪ…လူ့ပြည်လောက၊ လူ့ဘဝကား
    အိုရနာရ ၊ သေရဦးမည်
    မှန်ပေသည်တည့်။
    သို့တပြီးကား၊ သင်သေသွားသော်
    သင်ဖွားသောမြေ၊ သင်တို့မြေသည်
    အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
    သင်၏အမျိုးသား၊ စာစကားလည်း
    ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
    သင်ဦးချ၍ အမျှဝေရာ
    စေတီသာနှင့်၊ သစ္စာအရောင်
    ဉာဏ်တန်ဆောင်လည်း
    ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
    (၇၅) ဆရာတော် ဦးဗုဓ် (ညောင်ကန်)
    (၈၀) သိပ္ပံ မောင်ဝ
    (၈၃) လီရို တော့စ်တွိုင်း (ရုရှား)
    (၈၄)မာင်ထိန်လင်း၊ သခင်အောင်ဆန်း၊ ဗိုလ်တေဇ၊ အိုမိုဒ မွန်ဂျိ
    (၈၆) ဦးနာအောက်
    (၉၂) ကြည်အေး

Leave a Reply