ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….(ရှင်ပင်ဆပ်သွား)”

ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….(ရှင်ပင်ဆပ်သွား)”

ပြီးခဲ့တဲ့အောက်တိုဘာတစ်ရက်မှာ မထင်မှတ်ဘဲ ကျောက်ဆည်က တမုတ်ဘုရားကိုရောက်ခဲ့ပါတယ်။
အဲဒီသွားတဲ့ရက်က သွားရင်းနဲ့လမ်းမှာဆိုင်းဘုတ်တစ်ခုဖတ်မိပါတယ်။
“ရှင်ပင်ဆပ်သွား”ရှေးဟောင်းဘုရားလို့ရေးထားပါတယ်။
တောင်းကြီးခေါင်းရွက်လာတဲ့အမေကြီးတစ်ယောက်ကလဲ “ဒီတည့်တည့်ဝင်သွား မဝေးဘူးရယ်”လို့ပြောပါတယ်။
ဒါပေမယ့် အဝင်ဝမှာဖတ်လာတဲ့ တမုတ်ဘုရားက အတွင်းကိုခြောက်မိုင်ဝင်ရမှာ။
အခုလာတာ လေးမိုင်လောက်ဘဲဝင်ရသေးတော့ ကျနော်သွားချင်တဲ့ သုံးဆင့်ဘုရား မဟုတ်ဘူးဆိုမဝင်ခဲ့မိပါဘူး။
နောက်အပြန်ဝင်မယ်လုပ်ပြန်တော့ မိုးရွာမယ်ထင်တာနဲ့မဝင်ခဲ့။
နောက်ရက်တွေမှာတော့ မန်းလေးမှာရေတွေကြီးလို့ အဲဒီဘက်ကို သွားမရ။
ရေကျတော့ ကျုနော်က မအား။
အဲဒီကပြန်လာတုံးကတော့ ဒီတမုတ်ရွှေအင်ပင်ကို ထူးပေးဆန်းပေးသည်ဆိုပြီးတင်ပေးလိုက်ပါတယ်။
ရှင်ပင်ဆပ်သွားကိုတော့ ထပ်သွားဘို့ကြိုးစားပေမယ့် အချိန်မရ။
ဒီကြားထဲမှာ ကိုစိန်သော့က တမုတ်ရွှေအင်ပင်နဲ့ရှင်ပင်ဆပ်သွားကို ပို့တင်ပေးလိုက်ပါတယ်။
အဲဒီလထဲမှာဘဲ မဂ္ဂဇင်းတစ်ခုထဲမှာ တမုတ်ရွှေအင်ပင်အကြောင်းပြည့်စုံစွာပါလာပါတယ်။
ဒီနေ့တော့ ပျင်းတာရယ် အချိန်ရတာရယ်ကြောင့် ရှင်ပင်ဆပ်သွားဘုရားကိုရောက်ခဲ့ပါတယ်။
ကိုစိန်သော့နောက်ကလိုက်တယ်လို့ ဆိုချင်ဆိုလိုက်ပါတော့ ။
ကျနော်မြင်တာလေးကိုတော့ တင်လိုက်ပါအုံးမယ်နော်။
သေချာတာက ကိုစိန်သော့ တို့ကပုံတင်ရင် သုတေသနပါတယ်။
ကျနော်က အပျင်းထူသူဆိုတော့ ပုံသက်သက်နဲ့ခံစားချက်ကလေးပါဘဲပါမယ်နော်။

အဝေးမှာမြင်ရတာရွှေသာလျောင်းတောင်

မန်းလေးကနေကျောက်ဆည်ကိုလာရင် နုတ်ခွန်းဆက်သပါ၏ ဆိုင်းဘုတ်လေးကိုတွေ့လို့ နည်းနည်းဆက်သွားလိုက်ရင်
လမ်းမှာ တမုတ်ရွှေအင်ပင်သို့ခြောက်မိုင် လို့ရေးထားတဲ့ အနောက်ဘက်ကို ဝင်တဲ့လမ်းကလေးကိုတွေ့နို်င်ပါတယ်။
တည့်တည့်ဝင်လာပြီးဇော်ဂျီမြစ်ကိုဖြတ်ပြိးတာနဲ့ ကျယ်ပြန့်လွတ်လပ်တဲ့လဟာပြင်ကြီးထဲကိုရောက်သွားပါတယ်။
ဘေးဘယ်ညာမှာ စပါးခင်းတွေကရင့်မှည့်လု့ိ။
အဝေးမှာ ထန်းပင်ညိုညို တောအုပ်စိမ်းစိမ်းနဲ့ရွာလေးတွေ။
နောက်ပြန်ကြည့်ရင် အရှေ့ဘက်မှာ ရွှေသာလျောင်းတောင်။
အဝေးကထန်းပင်ညိုညိုနဲ့ရွာကလေး

ရှင်ပင်ဆပ်သွားဘုရားကိုသွားတဲ့ကျောက်လမ်းမလေးက တကယ်သာယာပါတယ်။
ဒီလ်းကလေးအတိုင်းသွားရင် ရှင်ပင်ဆပ်သွားကိုရော်ကတယ်လေ

လမ်းဘေးမှာဧရာမ ပင်စည်ပိုင်းကြီးတွေ့ရပါတယ်။
ကျနော့်အထင်နှစ်ပေါင်းများစွာ အကြာက ရှိခဲ့တဲ့သစ်ပင်ကြီးလဲသွားတာကနေဖြတ်ထားတာဖြစ်ပါလိ်မ့်မယ်။
ဖုံထူထူလမ်းကလေးကို နည်းနည်းလောက်ကျော်သွားရင် ရှင်ပင်ဆပ်သွားကျောင်းဝင်းကြီးကိုရောက်ပါပြီ။။
ကျောင်းဝင်းအဝင်ဝကို အထဲကရိုက်ထားတာပါ

ဘုရားပုရဝုဏ်ထဲကို ဝင်လိုက်ရင်ဈေးသယ်လေးတွေကို တွေ့ရမှာပါ။
ရှင်ပင်ဆပ်သွားစေတီတော်ကို မြောက်ဘက်ကဖူးရတာပါ

ဒေသစာ ငှက်ပျောထုပ်ကလေးတွေက စားချင်စရာ။
ဘုရားကို ဝင်ရင်အရှေ့ဘက်က ဝင်ရပါတယ်။
အဝင်မှာတော့ ကျောက်ဆည်မြို့ အမှတ်အသားဆင်ရုပ်အရောင်းဆိုင်လေးရှိပါတယ်။

ဆင်ရုပ်ကလေးတွေချစ်စရာ

ဘုရားထဲမှာဝင်ဝင်ခြင်း ဆင်းတုရုပ်ပွားတော်အကြီးကြီးကို ဖူးမြင်ရပါတယ်။
အရင်က ဒီဆင်းတုတော်နောက်မှာအလုံပိတ်နံရံလို့ပြောပါတယ်။
အဲဒီအလုံပိတ်နံရံနောက်က အပေါက်လေးက လင်းနို့ထွက်လာတာက အစပြုပြီး
ဒီဘုရားရဲ့ထူးခြားတဲ့လျှို့ဝှက်ချက်ကို သိလာကြရပါတယ်တဲ့။
အဝင်ဝမှာမြင်ရတဲ့ဘုရား
အဲဒီကနေဘုရားထဲဝင်ကြည့်လိုက်တဲအခါမှာတော့……..

(ကော်နက်ရှင်က ပုံအများကြီးလက်မခံတော့ ဒီလောက်နဲ့ခဏရပ်ထားပြီးဆက်တင်ပေးပါမယ်)

ကိုပေါက်လက်ဆောင် ပုံစာတွဲ
25-11-2011

26 comments

  • inz@ghi

    November 25, 2011 at 5:31 pm

    ၃ပုံမြောက်ပုံ … လမ်းကလေး..
    မိုက်၏လေးပေါက်

  • windtalker

    November 25, 2011 at 8:41 pm

    အားရစွာ ဖူးမျှော်သွားပါသည် ခင်ဗျား

  • pooch

    November 25, 2011 at 8:44 pm

    လေးပေါက် ရှုခင်းပုံလေးတွေလှတယ်
    အနော်တော့ အဲ့ဒီကို မရောက်ဖူးသေးဘူး ထင်တာပဲ.. …

  • ကျနော်ရောက်တာ ဒါနဲ့ဆိုဒုတိယအခေါက်။
    ဒီလယ်ကွင်းလေးတွေကြားမှာဆိုင်ကယ်မောင်းရတာ သိပ်အရသာရှိတယ်။
    လေထဲမှာရနံ့လေးတစ်ခု ပါနေသလိုဘဲ။
    စိတ်လွတ်လပ်ပေါ့ပါးသွားပါတယ်။
    ဆိုင်ကယ်နဲ့ဆိုတော့ နေတော့ နည်းနည်းပူတာပေါ့။
    ဒါပေမယ့် စိတ်ချမ်းသာတာနဲ့တွက်ရင်တော့ တန်တယ်ပြောရမှာပါဘဲ။

  • TTNU

    November 25, 2011 at 11:18 pm

    ကိုပေါက်ရေ…
    ဒီ ရှင်ပင်ရွှေဆပ်သွား ဘုရားမှာပဲ ခေတ်(၅)ခေတ် ဆင်းတုတော်တွေ အဆင့်ဆင့်
    ှုငုံထားတာလေ၊ဖူးခဲ့ရတယ်မလား။ တီချာရောက်တုန်းက ပုံတော်ဝယ်ပူဇော်ခဲ့သေးတယ်။
    ပုံတွေထဲက အဝေးကတန်းပင်ညိုညိုနဲ့ရွာကလေးကူးတယ်နော်။
    ပုံတွေကိုနံပါတ်လေးထိုးရင် ပိုကောင်းမယ်လားလို့။
    ဝေဖန်ရတာ ပုံနံပါတ်ဘယ်လောက်လို့ ပြောရတာလွယ်မယ်ထင်လို့ပါ။
    ဆင်လေးတွေနားတံမြက်စည်းကြီးဖယ်လိုက်ရင်ကောင်းမှာ။

    ကိုယ်တိုင်မလုပ်တတ်ဘဲနဲ့ ဝေဖန်သူပါ။ 😛

  • MaMa

    November 26, 2011 at 8:13 am

    ကိုပေါက်ရေ- ကျောက်ဆည်လို့ မပြောရဘူး။ သူတို့မြို့ရဲ့ Landmark ဆင်ရုပ်လေးတွေက နေရာတကာမှာ ရှိတာပဲလား မသိဘူး။ လိုချင်စရာပဲနော်…

  • TTNU ရေ လိုချင်တဲ့ပုံကူးလို့ရပါတယ်။
    အကြံပေးတဲ့အတိုင်းနံပါတ်စဉ်ထိုးပါမယ်။
    တံမျက်စီးက တော့ ရိုက်တုံးကလဲမမြင် ပုံတင်တော့ လဲမမြင်
    အခုပြောလိုက်တော့မှာမြင်တာ ဆင်ရုပ်ကိုဘဲမဲကြည့်နေမိတာကိုး။
    ကျေးဇူးပါ။

  • Diamond Key

    November 26, 2011 at 10:15 am

    ဆြာပေါက်၊ နော်ကို ပုံတင်ရင် သုတေသနပါတယ် လုပ်နေနဲ့အုံး။ 😀
    နော်တို့ ဘုရားတွေ ရောက်ရင် ကျောက်ပြားပြေးရိုက်၊ သမိုင်းစာအုပ်လိုက်ရှာ၊ ဘေးနားက ဈေးသည်တွေ စပ်စုပြီး (အတူပါသူတွေတောင် မျက်စိနောက်ရတယ်) သိရသမျှ ပြန်ရေးပြတာပါဗျ။ 😆
    ကိုပေါက်ရဲ့ ခံစားချက်ကလေးတွေကမှ ကိုယ်ပိုင်ဗျ။ 😛

  • thit min

    November 26, 2011 at 12:45 pm

    ခြေထောက် မှာ ဗွေ ရောက်
    ကိုကိုပေါက်
    ကဲ …တရွာ တကျီဆောက်
    (သူ့လေဒီကြီး ခေါင်းကိုခေါက်၊ ဒေါက်ဒေါက်ဒေါက်ဒေါက်ဒေါက်)
    (^^)

    • inz@ghi

      November 26, 2011 at 1:01 pm

      ဆောက်မရလို့ မဆောက်တာ
      အသိသာကြီးပါ

      တကယ်တမ်းတော့
      စိတ်တွင်ကား…..
      ဆောက်ဖြစ်ချင်တယ်မလား?

  • ဆောက်တာမဆောက်တာနောက်မှပါ။
    ကိုအင်အတွက်မှာချင်တာ.
    မော်ဒယ်လေးများ တွေ့လိုက်ရင်
    ကိုအင် လိုက်ကြည့်ရင်
    ကိုအင်ကတော်
    အပြစ်ပေး
    ညစာမကျွေးရင်ခက်မယ်လေ။

    • inz@ghi

      November 26, 2011 at 1:29 pm

      ညစာကိစ္စ စိတ်ပူတာ
      ကျေးဇူးတင်သဗျာ

      သို့ပါသော်လည်း
      မောင်အင်လေး..
      [အိမ်ကွင်း] မရှိသေး

      • windtalker

        November 26, 2011 at 1:45 pm

        အဝေးကွင်းမှာ ကန်သောအခါ
        မိုးကာမပါ မောင်မောင်ဇာ
        ဂဏန်းလေးလုံး ဆရာ
        ဂရုပြုပါ ခင်ဗျာ

        • inz@ghi

          November 26, 2011 at 1:49 pm

          ဂဏန်း၄လုံးပူပေးတာ
          ကျေးဇူးတင်တယ်ဆြာ..

          မောင်မောင်ဇာမှာ လူရိုးလေး
          ဝေးကွင်း မကန်သေး..

  • မကန်ဘူးတဲ့ မောင်မောင်အင်
    ရှင်ပြုပေးစေချင်
    ပေပေါက်ဂိုဏ်းဝင်လူငယ်လေး
    အမြန်မနှေးရှင်ပြုပေး

    • windtalker

      November 26, 2011 at 2:07 pm

      ရှင်ပြုပေးဖို ့အရေးမှာ
      အပနား မအားပါ
      ထိုအခါ ပေါက်ဦးလေး
      ဓါးကို အသာသွေး
      တိကနဲ ဖြတ်ပါဝေး
      ဟေးဟေး

      • inz@ghi

        November 26, 2011 at 2:12 pm

        သဂျီးရေဗျို့
        ဟောသည့်မှာဗျို့
        တားတား လူရိုးလေးကိုဗျို့
        ဟိုလူရီးဒွေ ဗျို့
        ဝိုင်း အနိုင်ကျင့်နေပါဒယ် ဗျို့

  • inz@ghi

    November 26, 2011 at 2:10 pm

    ကန်ဖို့ကိစ္စမခက်ပါ ..
    ကျေးဇူးတင်ဒယ်ဗျာ..

    ကျုပ်ရာထူးမှာ ဝန်ဂျီးဟာ
    မမေ့ပါနဲ့ကွာ …..

    မော်ဒယ်လေးတွေ ခုခေါ်မနှေး
    ရှင်ပြုပစ်မယ်ဟေး…..

    • Diamond Key

      November 26, 2011 at 4:13 pm

      တုံးစိစိနဲ့ ဟိုလူကြီး
      ဘာတွေ အော်လို့ငြီး
      အဲဝန်ဆို မော် (ဒယ်) မကြောက်
      မိုးမျှော် ငြုတ်သီးလောက်။

      • inz@ghi

        November 26, 2011 at 4:21 pm

        အထင်မသေးနဲ့ကိုယ့်ဆြာ
        ဝန်ဂျီးမခေပါ….

        ရုံးပတီသီးနေ့တိုင်းဆွဲ …
        ဘီအီးကိုင်တော့ကွဲ ..

        ကွဲပါသော်လည်း မနေအား …
        အစွမ်းပြမယ့် ကျား ……………………

  • လောလောဆယ်အခါ
    မော်ဒယ်မှာ သူတို့မအားပါ
    ကိစ္စပြီးအောင်ကူညီပေး
    ကိုကိုပုက ကမ်းလှမ်းသေး
    လက်ခံလိုက်ပါလေး

  • ကြောင်လတ်

    November 27, 2011 at 7:08 am

    ရွာသားတွေအားလုံးကဗျာဆြာ တွေဖြစ်ကုန်ကြပါပကော။

Leave a Reply