စည်းချက် မမှန် နှလုံးသားထဲက အသံ
ဟေ့ကောင်ရ အဲဒီ အိုးတွေ သွားမထိနဲ့ကွ.. ဆိုတဲ့ အသံကြားတော့ ခေါင်းတချက် မော့ ကြည့်လိုက်တော့ ဓါးကိုင်ထားတဲ့ လူတစ်ယောက်က လှမ်းအော်နေတာပါ။ ကျုပ်ကတော့ ဒီနေရာကို ပထမဆုံး ရောက်လာတဲ့ လူသစ်တယောက်ပေါ့။ ဓါးကိုင်ထားတဲ့ လူက အဆင့်မြင့် ဓါးကိုင် မဟုတ်ဘူး ဟင်းရွက်သင်တဲ့ လူပါ။ သူက ကျုပ်ထက် အရင် ဒီနေရာကို ရောက်နေပြီးသား စားဖိုမှုး အထာသိတဲ့ လူပီပီ အသားငါး အသီးအရွက်တွေကို စားဖိုမှုး စိတ်တိုင်းကျ လှီးဖြတ်ပေးရတယ်။ ကျုပ် က အခုတော့ အသင်လေးပေါ့ဗျာ…
သူအော်တာ ဘာလို့ အော်တာလဲ ဆိုတာ သိချင်စိတ်နဲ့ မျက်လုံး အဝိုင်းသားနဲ့ ပြန်ကြည့်လိုက်တော့.. သူ က လှမ်းပြောပါတယ်။ ဒီမှာ ဆရာ သုံးတဲ့ ပစ္စည်းတွေက သီးသန့် ရှိတယ် သူက သူ့ပစ္စည်းတွေ ကိုင်တာသိရင် အဆူခံရလိမ့်မယ်။ သွားမထိတာ အကောင်းဆုံးပဲ။
ကျုပ်က အသင် ဆိုပေမဲ့ ဟင်းချက်တာ ဝါသနာပါတယ်။ သင်တန်းတွေဘာတွေ တက်ဖို့ကျတော့ ကျုပ်တို့လို တောသားတွေ အတွက်ကတော့ အလှမ်းဝေးကွာလှပါတယ်။ ဟင်းချက်တာ ဝါသနာပါတယ်ဆိုတော့ ကျုပ်ရဲ့ ရည်မှန်းချက်ကတော့ တနေ့ စားသောက်ဆိုင် အကြီးကြီးမှာ နာမည်ကြီး ဟင်းတွေချက်ချင်တယ်။ ရည်မှန်းချက် အတိုင်း အကောင်အထည် ဖော်ချင်လို့ နယ်ကနေမြို့ ကို တက်လာပြီး ဒီလို စားသောက်ဆိုင်မှာ ဝင်လုပ်တာပေါ့။ စိတ်ကူးနဲ့ လက်တွေ့ တထပ်တည်းကျစေဖို့ အလုပ်ကို ကြိုးစားပြီး ဆရာတွေခိုင်းတာ မခိုမကပ် အာရုံစိုက်ပြီး သူတို့ မျက်နှာ လွဲရတဲ့ အနေအထား အထိ ရောက်ခဲ့ပါပြီ။
အဲဒီ အချိန်မှာ ကျုပ် သတင်းစာတွေ ဘာတွေမှာ သင်တန်းတွေ ခေါ်တာ တွေ့မိတယ်။ သင်တန်း သွားပြေးအပ်လိုက်တယ်။ တကယ်တမ်း သင်တန်း သွားတက်တယ် ဆိုတာကတော့ မတတ်လို့ မဟုတ်ပါဘူး သင်တန်း အောင်လက်မှတ်က အရေးကြီးပါတယ်။ သင်တန်း လက်မှတ်ရှိမှ အဆင့်ရှိရှိ စားသောက်ဆိုင်ကြီးတွေမှာ လုပ်ကိုင်ဖို့ အခွင့်အလန်းရှိစေလို့ပါ။ တရုတ်စားသောက်ဆိုင် အကူ ဘဝ ကနေပြီးတော့ ဟိုတယ်တွေမှာ သင်တဲ့ စားဖိုမှုးသင်တန်းနဲ့ အောင်လက်မှတ် ကို အဆင့်မြင့်အောင် အနေနဲ့ ရခဲ့ပြီပေါ့။ ဟင်းချက်တော်ပြီး အဆင့်မြင့် အောင်တဲ့ ကျုပ်လို လူစားမျိုး ဘယ်နေရာ မဆို ခြေချလို့ မရစရာ မရှိတော့ဘူး။
ဒီလိုနဲ့ တိုင်းပြည် အပြင်ထွက်ဖို့ ကြိုးစားပြီး တရုတ်ပြည်က ဟိုတယ် တစ်ခုက စားသောက်ဆိုင် မှာ လက်ထောက်အဆင့် အလုပ်အရင် ဝင်လုပ်ပါတယ်။ ဆရာကတော့ တရုတ်ပြည်မှာ နာမည်ကြီးတဲ့ ဟင်းချက်ဆရာ ဆိုတော့ သူနဲ့ ဆရာ တပည့်တော် ရတဲ့ အတွက် အရမ်းကို ဝမ်းသာ အားရ ဖြစ်လှပါတယ်။ ကျုပ်ဆရာက ရုပ်မြင်သံကြား လိုင်းတွေမှာ ဟင်းချက်ပြရပါတယ်။ နောက်ပိုင်း ကျုပ်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ဆရာလည်း ကျုပ်ကို သဘောကျသွားပုံရတယ်။ သူနဲ့ တူတူ လက်တွဲ လုပ်ရင်းနဲ့ သူကိုယ်တိုင်ကလည်း ပွဲထုတ်ချင်တယ် ထင်ပါတယ် ကျုပ်ကို သူနဲ့ တူတူ ရုပ်မြင်သံကြား အစီအစဉ်မှာ ပါဝင်ပြီးတော့ လက်ထောက်လုပ်ပေးရတယ်။ နောက်တော့ ဆရာ ပညာ အတုခိုးပြီး လုပ်နိုင်တာ များတော့ ဆရာက ဟင်းချက်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခိုင်းတယ်။ ကျုပ်ကလည်း ခေသူ မဟုတ်ဘူးလေ… ကျုပ်ချက်တာ စေတနာ မေတ္တာတွေ ပါတာ စားတဲ့ လူတွေ သိတယ်ထင်တယ်။ ပြိုင်လိုက်တိုင်း ကျုပ် ချည်း အနိုင်ရတာပေ့ါ။
အောင်မြင်မှုတွေ တဆင့် တဆင့်နဲ့ ရလာလိုက်တာ နာမည်ကျော် စားဖိုမှုးကြီး အဆင့်ရောက်နေပြီ။ အသစ်အဆန်းတွေ တီထွင်ချင်စိတ်တွေ ပေါက်နေပြီ။ ဆိုင် အတွက် set menu အသစ်တွေ ထုတ်ပြီး ကျုပ် ရဲ့ နာမည်ကျော်ကြားမှု နဲ့ အတူ ကျုပ် လုပ်တဲ့ ဆိုင်ကလည်း နာမည်ကြီး ဆိုင်ကြီး တဆိုင်ဖြစ်နေပြီပေါ့။ ဆိုင်ရှေ့မှာများ ကျုပ်ပုံကြီးနဲ့ ဝမ်းသာ အားရရှိလိုက်တာ။ နောက်တော့ စိတ်ကူး တခု ရတယ် စားတဲ့ လူတွေ လတ်လတ်ဆတ်ဆတ်မှ စားရတာ သဘောကျတယ် ဆိုလို့ ငါးအရှင်ကို ဟင်းပွဲ အဖြစ်ချက်ပြီးတော့ လာစားတဲ့ ဧည့်သည်တွေကို ချက်ကျွှေးနိုင်အောင် စမ်းသပ်ပါတယ်။ ပထမတော့ အဆင်မပြေဘူး။ နောက်တော့ အကြိမ်ပေါင်းများစွာ ချက်ရင်းနဲ့ အဆင်ပြေသွားတယ်။
အရေးကြီး ဧည့်ခံပွဲတွေ လူကြီး လူကောင်းတွေ အထူး စားဝိုင်းတွေ အတွက် သီးသန့် စီစဉ်ပေးပါတယ်။ အားလုံးကတော့ ကျုပ်ရဲ့ လက်ရာ အစွမ်းကို အံဩကြလွန်းလို့ နာမည်ကြီးတာ အလကား မဟုတ်ဘူး ဒီလို အစွမ်းအစရှိလို့ ဆိုပြီး ဩဘာ ပေးကြတယ်။ ကျုပ်ရဲ့ ပီတိကတော့ စားတဲ့ သူတွေ သဘောကျရင် ကျေနပ်ပါတယ်။ လူကြီးလူကောင်းတွေ ဆီက ချီးမွမ်းသံဆိုရင် ပိုပြီး ဂုဏ်ယူပါတယ်။
ကျုပ်ရဲ့ အောင်မြင်မှုကြောင့် စားတဲ့လူတွေ နာမည်ရှိ ဂုဏ်သရေရှိ လူချမ်းသာကြီးတွေ နေ့တိုင်း ဝင်လာ မစဲတသဲသဲ ဆိုတော့ တနေ့ တနေ့ ဆိုင်ထဲမှာ ပတ်ကြည့်ရင်းကို ပျော်နေရတာပါပဲ။ တိကျ ပြတ်သားတဲ့ ကျုပ်အဖို့ကတော့ အမှား မရှိပေမဲ့ ကျုပ် တပည့်တွေ လက်ထောက်တွေကတော့ တခါတလေ ကပျက်ကချော်နဲ့ မှား တတ်တယ်။ ပွဲကြီး လန်းကြီး ရှိတယ် ဆိုရင် သူတို့ အမှား မဖြစ်အောင်လည်း စောင့်ကြည့်ရသေးတယ်။
တနေ့တော့ ကျုပ် စိတ်ထဲ တော်တော် လေးတယ် ပွဲကလည်း အရေးကြီးတယ်။ ဆိုင်ထဲမှာ မဟုတ်ပဲ ပန်းခြံထဲက မြက်ခင်းပြင် တနေရာမှာ စားဝိုင်းတွေ ခင်းပြီးတော့ ကျုပ်ရဲ့ နာမည်ကြီး ငါးအရှင် နဲ့ ဟင်းအဖြစ် စားလို့ရတဲ့ ဟင်းပါနေတော့ စားဝိုင်းတွေ အရည်အတွက် နဲ့ ညှိပြီး ငါးတွေ စပါယ်ရှယ် တစ်ကောင်ချင်းစီ ရွေးရပါတယ်။ ငါးတွေ သေချာ ရွေးထားတာ ကို သေချာ စစ်ဆေးပြီး အမှားအယွင်းမရှိအောင် ပန်းခြံထဲမှာ ရိုက်ကူးရေးတွေ ပါတော့ သတိအထူးထားနေရပါတယ်။ တပည့်တွေ တခုတလေ အမှားအယွင်းသာ ရှိခဲ့မယ် ကျုပ်နာမည်ပျက်ပြီး တခါတည်း အသုံးမကျတဲ့ လူတယောက် ဖြစ်စေနိုင်တာမို့ သတိကြီးစါာ ထားရပါတယ်။ စိတ်ထဲမှာတော့ တခုခု မှားမှာ စိုးတဲ့ စိတ်ကြောင့်ရယ်လားတော့ မသိဘူး စိတ်ထဲမှာ တထင့်ထင့်
အဆင်သင့်ပြင်ထားပါပြီ။ ရိုက်ကူးရေးသမားတွေ အဆင်သင့်ပြင်ထားတဲ့ ဟင်းချက်စရာတွေကို ဝိုင်းအုံ ကြည့်ရှုပြီး ရိုက်ကူးဖို့ ပြင်ဆင်နေကြပါပြီ။ တပည့်တယောက် အနားကို တီးတိုး လာပြောတဲ့ စကားကြောင့် လန့်သွားပါတယ်။ ကျုပ် အရေးတကြီး ဆိုင်ကို ပြေးရပါတော့တယ်။ ရေးကြီးသုတ်ပြာ ဆိုင်ကို ပြေးပြီး မီးဖိုထဲ ကို ပြေးသွားပေမဲ့ နောက်ကျသွားပါပြီ။ ကြီးမားတဲ့ မီးအလုံးလိုက်က ကျုပ် တစ်ကိုုယ်လုံး ကို ဟပ်သွားပြီး ကျုပ် ကာကွယ် နို်င်လိုက်တာ မျက်နှာ တခုတည်း ရှိပါတယ် တစ်ကိုယ်လုံး မီးဟပ်ပြီး ပူထူပြီး အသားတွေ နာကျင်နေပြပါပြီ။ မတ်တပ်ရပ်ပြီး ပြေးမယ် အားစို်က်ပေမဲ့ နာကျင်ပြီး မပြေးနိုင်တော့ပဲ ခြေထောက်တွေ ပျော့ခွေပြီး လဲကျသွားပါတယ်။
ကျုပ် သိတဲ့ ကျုပ်ကတော့ ဘယ်လို ဖြစ်သွားလဲ မသိဘူး။ ကျုပ် သတိရတဲ့ အချိန်အမှာတော့ တစ်ကိုယ်လုံး နာကျင် ပူလောင်ပြီး ပတ်တီးတွေ အပြည့်နဲ့ ဖြစ်နေပါပြီ။ ကျုပ် စိတ်ထဲမှာတော့ ကျုပ်အတွက် အရေးကြီးတဲ့ ဟင်းလျာ အတွက် အဆင်မချောမှာ စိတ်ပူနေတုန်းပါပဲ။ သတိရတဲ့ အချိန်မှာတော့ ပူလောင် နာကျင်လွန်းလို့ ပွဲကို စိတ်မဝင်စားနိုင်တော့ပါဘူး။ မျက်စိ အာရုံထဲမှာတော့ ငါးကြင်း အရှင်တွေကို လက်အိတ်နဲ့ သေချာ ကိုင်ပြီး ကြေးခွံ ချွတ်တဲ့ အခါ နာကျင်လို့ ထွန့်ထွန့်လူးတာ မြင်နေပါတယ်။ မီးဟပ်တဲ့ ဒဏ်ရာတွေ အတွက် အရေးပေါ် ဆေးကုသမှု ပေးထားပြီး နာကျင်မှု ပျောက်စေတဲ့ ဆေးတွေ ထပ်ခါ ထပ်ခါ ပေးထားပေမဲ့ ကြေးခွံပြောင်သွားတဲ့ အခါ ဆီအိုးထဲကို ခေါင်းကနေ ကိုင်ပြီးတော့ ကြွတ်ကြွတ်မွမွ ဖြစ်အောင် ကြော်နေတဲ့ မြင်ကွင်း အတိုင်း အသက်ရှုရခက်ခဲပြီး ခေါင်းတွေလည်း အရမ်းကိုက်လှပါတယ်။ မျက်စိတွေလည်း ပြာဝေပြီးတော့ ငါးကြင်း တစ်ကောင် အလား ကိုယ့်ဟာကို ထင်လာပါတယ်။ ကျုပ် မှာ ရုန်းကန် နိုင်တဲ့ ခွန်အား မရှိပါဘူး ဆေးတွေ ထိုးပြီး လူကို ငြိမ်အောင် လုပ်ထားပေမဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ တုန်လှုပ်ခြောက်ခြားမှု ကတော့ ဘယ်သူမှ ဖြေရှင်းမပေးနိုင်ကြပါဘူး။ အသံထွက်ပြီး အနားက လူတွေကို ကြားအောင် အော်ချင်ပါတယ်။ ပါးစပ် အဟောင်းသားနဲ့ မျက်လုံးတွေကို ပြူးကျယ်နေအောင် ဖွင့်ထားပေမဲ့ ဘာမှ ကို မမြင်ပါဘူး ပါးစပ် ဟ ထားပေမဲ့ အသံကတော့ မထွက်နိုင်ပါဘူး။ နာကျင်မှုကို အချိန်ပေါင်းများစွာ ခံစားပြီး ကျုပ် စိတ်တွေ လျော့ကျပြီး အိပ်ပျော်သွားတဲ့ အခါမှာတော့ အဆင်ပြေပါတယ်။
ဒါပေမဲ့ အိပ်ပျော်တဲ့ အခါမှာလည်း မျက်စိထဲမှာ ကျုပ်ချက်ခဲ့တဲ့ ငါးတွေ ပုဇွန်တွေ ဂဏန်းတွေ သေချာကို မြင်မြင်လာပါတယ်။ အိပ်မက်ထဲမှာတော့ ပုဇွန် ဂဏန်းနဲ့ ငါးတွေက ကျုပ် ချက်နေကျဆိုပေမဲ့ ခါတိုင်းလို သေးသေး မဟုတ်ပဲ ကျုပ် ကိုယ်ခန္ဓာထက် အဆပေါင်းများစွာ ကြီးနေပါတယ်။ ကျုပ် ဒီအကောင်တွေကို အရမ်းကြောက်နေပါတယ်။ သူတို့ ရန်မူပြီး ကျုပ် နာကျင်မှာကို အရမ်းထိတ်လန့်နေပါတယ်။ သူတို့နဲ့ လွတ်အောင် ပုန်းရှောင်ရင်းနဲ့ ဟိုပြေးဒီပြေး သွားလာပြီး လွတ်အောင် ပုန်းရပါတယ်။ ကျုပ် လည်း အစားခံရမှာ ကြောက်တယ်။ နောက်တော့ ဇကာ တခု ရေထဲကို ဝေ့ဝဲတာ မြင်လိုက်ပါတယ်။ ကျုပ်ပြေးချင်ပေမဲ့ ကျုပ်ထက် ပိုပြီး လျင်မြန်တဲ့ အရာထဲမှာ ကျုပ်ပါသွားပါတယ်။ ကြောက်အား လန့်အားနဲ့ အော်ဟစ်နေပေမဲ့ ဘယ်သူမှ မကြားတာလား မသိတာလားတော့ မသိဘူး။ ကျုပ်တစ်ကိုယ်လုံး ကို ချုပ်ကိုင်လိုက်ပါတယ်။ ပြီးတော့ ရေထဲကို ပြစ်ချလိုက်ပါတယ်။
ရေထဲက လွတ်တဲ့ အခါမှာ ကျုပ် အသက်ရှုကျပ်သလို ခံစားရတယ်။ သေချာတဲ့ အသိတခုတော့ ဝင်လာခဲ့ပါတယ်။ ရေထဲ ရောက်သွားတဲ့ အခါမှာတော့ ကျုပ် ငါးဖြစ်နေပါပြီ။ ငါးကန်ထဲမှာတော့ ကျုပ်နဲ့ အရွယ်တူ အဖော်အပေါင်းတွေ အများကြီး ရှိပါတယ်။ ဒီလိုနဲ့ အချိန်မှန် စားပြီး အချိန်တွေ တရွေ့ရွေ့နဲ့ ကျော်ဖြတ်လာလိုက်တာ ကျုပ် လည်း တော်တော် ထွားကြိုင်းနေပြီပေါ့။ ကျုပ် နေတဲ့ ကန်ထဲကနေပြီးတော့ အပြင်ကို ငေးကြည့်လိုက်ရင်တော့ စားသောက်ဆိုင်မှာ စားနေသောက်နေကြတဲ့ လူတွေ ထိုင်လိုက် စားလိုက် ထသွားလိုက်နဲ့ မြင်နေရပါတယ်။ နောက်ထပ် တွေးမိတာကတော့ ဒါ စားသောက်ဆိုင်ပါလား ဆိုတဲ့ အတွေးပါပဲ။
ကျုပ် ဘာအမျိုးနွယ်ဆိုတာထက် ကျုပ် အတိတ်က စားဖိုမှုးဘဝတုန်းက ကြော်လှော်ချက်ပြုတ်ခဲ့တာကို ပြန်အမှတ်ရမိပါတယ်။ ကျုပ် နေတဲ့ ကန်ထဲမှာတော့ ကျုပ်ထက် ထွားတဲ့ အကောင်တွေ ကျုပ်လောက် မထွားတဲ့ အကောင်တွေ ရှိတယ်။ သူတို့တွေလည်း တစ်ကောင် တစ်ကောင်နဲ့ တလှည့်စီ လျော့သွားလိုက်တာ ကျုပ် ကန်ထဲကနေပြီးတော့ နေ့ရက်များကို ထိတ်လန့် ကြောက်ရွံ့စွာ ဖြတ်သန်းပါတယ်။ ကျွှေးတဲ့ အစာတွေကိုလည်း မစားရဲဘူး တကယ်တမ်းကျတော့ ထိတ်လန့် ကြောက်ရွံ့လွန်းလို့ မစားနိုင်မသောက်နိုင်ဖြစ်နေတဲ့ အနေအထားမျိုးဖြစ်နေတာပါ။ ကျုပ် အသားတွေ ပိန်လှီမသွားခင်မှာတင် ကျုပ်ကို လက်နှစ်ဘက်နဲ့ ဆွဲပြီး မတင်ခြင်း ခံရပါတယ်။ ကျုပ်သေချာ ကြည့်လို်ကတော့ ကျုပ် လက်ထောက် စားဖိုမှုးဖြစ်နေပါတယ်။ ကျုပ် အော်ပါတယ် ဟေ့ကောင် ငါ မင်းဆရာ မလုပ်နဲ့ အော်ပေမဲ့ သူကတော့ မသိသလိုပါပဲ။ ဒေါသ စိတ်တွေ အလိတ်လိုက် တက်လာပေမဲ့ ဘာမှ လုပ်လို့ မရပါဘူး။ ကျုပ်သိလိုက်ပါတယ်။ ကျုပ်လည်း……….
44 comments
Paganini
December 5, 2011 at 7:20 pm
အင်း …..
ထို့ကြောင့် ထိုသူကို ဖွားဆူး ဟုခေါ်သည်…..
ဂျာပွန်ဘုန်းကြီး သေရင် ဘာဖစ်တယ် ဆိုတာ ရေးပါဦးခည….
koaung
December 5, 2011 at 7:24 pm
အတိအကျပါဘဲ ဘဝကူးဆိုတာ
Oo Oo
December 5, 2011 at 7:32 pm
ဆူးး..ဆူးး…တော်တော်ချွန်တဲ့ (အဲ့) ထက်တဲ့ဆူးးပဲ
စိတ်ကူးကောင်းကောင်းနဲ့ရေးတတ်လိုက်တာနော်
windtalker
December 5, 2011 at 7:48 pm
ပို ့စ်နာမည်မြင်တော့ ဖွားဆူးတစ်ယောက် ၊ ရင်ခုန်သံ ဂလုံဂလွမ် ဖြစ်နေပြီလား လို ့
စိုးရိမ်တကြီး နဲ ့အသည်းအသန် ဝင်ဖတ်ကြည့်မိတယ် ။ တော်ပါသေးရဲ ့။
ငါ့ အဖွား ဘာမှမဖြစ်လို ့ ။
E.T
December 6, 2011 at 3:54 am
ဟုတ်ပါ့ဗျာ။ တို ့ဖွားဆူးကြီး အပျိုကြီး ဘဝက ကျွတ်ပြီထင်တာ။ ခုတော့ ဒုံရင်းက ဒုံရင်းပဲ 😛
ရွာထဲမှာ ရေဘဝဲအရှင် စားချင်တဲ့သူများ သတိထားကြပါ။ အရှေ ့ကျွန်းက နီလေးလည်း သတိထား ဂျပွန်မှာ အဲဒီလို အစားအစာတွေပေါတယ် ကြားတယ်။
MaMa
December 5, 2011 at 8:00 pm
ဆူးရေ-
တယောက်ယောက်ကို ဝဋ်လိုက်တတ်တယ် ကြောက်ဖူးလားလို့ မေးလိုက်သလိုပဲ 😀
ပေါက်ဖော်
December 5, 2011 at 8:05 pm
ဂမ်ဘီရ ဟာလဘွားဆူး ရေ..
ဝဋ်ဆိုတာ..အဲတာကိုပြောတာပါ..
အနှေးနဲ ့ အမြန်ပဲ ကွာပါတယ်..သေချာတာကတော့ ဝဋ်ဆိုတာ…လည်တတ်ပါတယ်….
ကျနော်ဆို..အရင်ဘဝက ကိုကြီးယား မင်းတားကားတွေကြည့်မိလို ့..ဒီဘဝမှာလဲ..
သူများတွေရဲ့ကြည့်ခြင်းကိုခံရတဲ့.ကိုကြီးယား မင်းတားဂျီးဖြစ်နေတာသာ ကြည့်ပါတော့ဗျာ
ဟိုလူတွေ..မနာလိုမဖြစ်ရ
ပုံ/
ကိုကြီးယား မင်းတားကြီး လီဒေါင်ချူးပေါက်
😯
မိုက်ကယ်ဂျော်နီအောင်ပု
December 5, 2011 at 8:28 pm
လေးစားရပါသော
ဖွားလေး ယောက်ျားမရှိသော အပျိုဂျီး ဒေါ်ဆူးခင်ဗျား ( နှမြောဒယ် နှမြောဒယ် ဒဂယ် )
( အပျိုဂျီး ဂို ဒေါ်တပ်ခေါ်ရတာ ဘယ်လိုသဘောရှိလဲမသိ )
ငရှဉ့် ဆိုတဲ့ သတ္တဝါကို ဘယ်လို ချက်ပြုပ်စဟားသောက်ရပါသလဲခင်ဗျ
လေးစားစွာဖြင့်
လူပျိုကြီး 😀 မိုက်ကယ်ဂျော်နီအောင်ပု
ပေါက်ဖော်
December 5, 2011 at 8:36 pm
ဟာလဘွားရေ…ပြောပြပေးလိုက်ဦး..
ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ငရှဉ့်နုတ်နုတ်စဉ်း
ဘယ်လိုလုပ်စားရမလဲဆိုပြီး..လူပြိုဂျီး ကအောင်ပု..တစ်ရွာလုံး ပတ်မေးနေတယ်
ဆူး
December 6, 2011 at 10:12 am
ှုငါးရှဉ့် ချက်နည်း မမေးနဲ့ အရင် ငါးရှဉ့်တွင်းထဲ ခုန်ဆင်းပြီး ဖမ်းနိုင်အောင် ကြိုးစားအုန်း။
ကိတ်မှုန့် နဲ့ နှုတ်ခမ်းနာ မဝယ်စားနိုင်ပဲ စိတ်ကူးမယဉ်နဲ့ ကိုယ်နဲ့ တန်ရာ တန်ရာ အာပုံ စားပြီးသာ စိတ်ကူးယဉ် ဘကြီးပုရေ…
မိုက်ကယ်ဂျော်နီအောင်ပု
December 6, 2011 at 11:35 am
ဪ…..
စက်ရက်လေဂျင်း စက်ရက်လေဂျင်း
မင်္ဂလာစုံတွဲ ရှစ်ဆယ့်ခြောက်ခါ စက်တိုက်ပေါက်ကြည့်
တစ်ရွှေမျိုးလုံး လက်ဖက်ရည်ချောတိုက်ဘလိုက်မယ်
ဟွမ်းဟွမ်းဟွမ်း
TTCG
December 5, 2011 at 8:58 pm
If no one kills any animals in the world, I wonder what the human beings will be having…
weiwei
December 5, 2011 at 9:06 pm
ဘာကြောင့် လူက ငါးနေရာမှာ ဝင်ပြီး ခံစားနေရတာတုန်း (သူကြီး လေသံဖြင့်) … 😛
ငါးအရှင်တွေကို အမြန်ဆုံးအကြေးခွံချွတ်ပြီး အရှင်လိုက်ကြော်တဲ့ ဗီဒီဖိုင်တစ်ခုကို စိတ်ထဲမြင်ယောင်မိသွားတယ် …
တရုတ်ပြည်က စားသောက်ဆိုင် အားလုံးလိုလိုက ငါးကို အရှင်လိုက် ချက်ကြတာ … စားမယ့်သူကို ငါးအရှင်ယူလာပြပြီး အကောင်အနေအထားကြိုက်ပြီဆိုမှ ချက်ကြတာ .. အရမ်းလတ်တော့ ချိုနေတာပဲ … ငါးအရှင်ကို မြင်လိုက်မိရင်တော့ မစားရက်လို့ တမင်မစားပဲနေပေမယ့် အရှင်ကို မမြင်မိရင်တော့ စားလိုက်တယ် …
အရှင်ကို ချက်တာ စားလို့ကောင်းတာတော့အမှန်ပဲ … 🙂
hmee
December 5, 2011 at 9:10 pm
မနက်ကပဲ ဘလော့တခုမှာ တင်ထားတဲ့စာကိုဖတ်ပြီး သံဝေဂရနေတာ။ အခု ဆူးစာ ထပ်ဖတ်ရမှ ပိုတောင် တရားရလာတယ်။
Nishida
December 5, 2011 at 10:15 pm
တချို့ တရားမရတဲ့လူတွေကတော့ အိပ်ကောင်းတုန်းဘဲကိုး…
ကိုပေါက်(မန္တလေး)
December 5, 2011 at 10:09 pm
ဆူးရေ
တော်ကြာစဖိုမှူးလုပ်မယ့်လူမရှိတော့ရင်ခက်ကုန်မယ်နော်။
မြန်မာပြည်မှာတော့ အရှင်လတ်လတ်စားတဲ့သူနည်းသေးတယ်ထင်ပါရဲ့။
TTNU
December 5, 2011 at 10:40 pm
ဆူးရေ..ငါးအရှင်မှ ရွေးစားကြတာ ကြောက်စရာကြီးနော်
မစားခင် အကောင်ရွေးနေတာနဲ့ တင် ငရဲကြီးနေပါပြီကွယ်..နော။
parlayar46
December 5, 2011 at 10:49 pm
တော်တော်ထိပါတယ်..။
ဆူး ပီသ ပါတယ်။
ကျုပ်လဲ ကိုယ်စားဘို့ အရှင်ကို ချက်မခိုင်းဘူး။
ယုတ်စွအဆုံး နိုင်ငံခြားသားနဲ့ စားသောက်ရလို့ ဂဏန်းစားချင်တယ်ပြောရင်ကို ကိုယ်တိုင်မှာမပေးဘူး။ Menu စာအုပ်ကြီး ထိုးပေးပြီး- ရော့ ကိုယ့်ဟာကိုယ်မှာ လို့ လုပ်တယ်။
တခါတော့ စင်္ကာပူက မိတ်ဆွေတယောက်နဲ့ စားသောက်ကြတဲ့အခါ ကိုယ်တော်က တောင်ဆုပ်လောက်ရှိတဲ့ ကျောက်ပုဇွန်ကြီး ဆရှိမိ လုပ်ခိုင်းတော့ – ရေခဲလှေထဲမှာ ခေါင်းပိုင်းက တလှုပ်လှုပ်နဲ့ ရှင်နေသေးတဲ့ အကောင်ရဲ့ အသားတွေကို တူနဲ့ ညှပ်ညှပ်စားတာမြင်ပြီး စိတ်ပျက်လိုက်တာ။
အော် – တရုတ်တွေများနှယ်……..။
ရင်နင့်
December 6, 2011 at 2:42 am
အရှင်ဆိုလို့ မင်းလမ်းမုန့်တီဆိုင်မှာပဲ စားဖူးပါဒယ် ကိုယ်မှာမှအရှင်တွေကို ရေထဲကဆယ်ပြီးတော့ သတ်ပေးမှန်းသိလည်း ကြိုက်တော့စားတာပဲ 😛
kai
December 6, 2011 at 5:46 am
ကျွတ်ကျွတ်ကျွတ်…
လောလောဆယ်.. ဒို့ရွာသူဆူးတယောက်.. ငါးဘဝရောက်သွားတဲ့အပြင်.. တော်တော်ဝဋ်ခံလိုက်ရတာ အသေအချာပဲလို့.. မြင်မိတယ်..။
ဟုတ်ပါတယ်..
စာရေးကောင်းသူ.. သရုပ်ဆောင်ကောင်းသူတွေဟာ..ကိုယ်တိုင်အကြိမ်ကြိမ်ခံစားပြီးမှ ရေးရတာမို့.. ကိုယ့်စိတ်ကိုယ်ညှင်းဆဲတဲ့အလုပ်လို့တောင်ခေါ်ကြတာပါ..။
ထပ်ပြောရရင်.. ဆူးမမတယောက်..
ကြားထဲက.. အသားငါး..လတ်လတ်ဆတ်ဆတ်စားနေသူတွေကိုပါ.. တားဆီးပိတ်ပင်လိုတဲ့စိတ်ကြောင့်.. ကိုယ်တိုင်က.. လတ်လတ်ဆတ်ဆတ်မစားဝံ့တဲ့ဘဝရောက်နေပြန်တယ်လည်း.. မြင်မိတယ်..။
အဲဒီ.. ကိုယ်တိုင်က.. တလံလောက်ခန္ဓာထဲ.. ဘဝ.. ဘဝတွေ. သူများဘဝတွေယူယူပြီး.. ဘဝသံသရာလာလည်နေတာတွေ.. မြန်မြန်လွှတ်ချလိုက်ပါတော့ကွယ်..။
ဆိုတော့…
ငါးခုတ်တဲ့ စာဖိုမှုးက.. လက်ကိုဓါးထိဖို့.. အခွင့်အလန်းပိုများပါတယ်..။ ဒို့ရွာသူားထဲ..စားဖိုမှုးများရှိရင်.. ဓါး ဂရုစိုက်ပါနော..
အဲ..
.. မီးသတ်သမားကတော့. မီးကြောင့်သေရဖို့.. များပါတယ်..။ သူများတွေအသက်ကာကွယ်ရင်းလည်း.. မီးနဲ့ကစားရင်း ထိခိုက်နိုင်ချေများသမို့.. ဂရုစိုက်ကြပါပြောချင်တာပါပဲ..။
အင်တာနက်နဲ့.. အလုပ်လုပ်သူတွေကတော့.. မျက်စိ သတိထားကြပါ..။
တောက်လျှောက်ကြီးစိုက်ကြည့်ပြီး မလုပ်ပါနဲ့…။
ကလေးတွေဆိုရင်.. မျက်စိလေးတွေနုနယ်သေးသမို့.. ပိုဂရုစိုက်ပေးလိုက်ပါ..။ အကြာကြီးစိုက်လုပ်နေရင်.. တားမြစ်ပါ..။
=
တကယ်အကောင်းဆုံး.ဂျပန်ငါးရှဉ့်လုပ်သူတွေကတော့.. အရှင်လတ်လတ်ကို.. နားထင်နေရာသံချောင်းနဲ့ရိုက်ပြီး.. ဂုတ်နေရာဓါးစိုက်ထည့်..အမြီးထိ..”ဇွတ်”ဆိုဆွဲချရတယ်..။
ငါးရှဉ့်သွေးဟာ..အရမ်းပူလောင်တာမို့.. မျက်စိထဲဝင်ရင်.. အရမ်းခံရခက်တယ်တဲ့.. စင်ထွက်လာတဲ့သွေးတွေ..မျက်စိထဲမဝင်အောင် အင်မတန်သတိထားရတာပါ..။
အဲဒီလိုနဲ့..အသားပြားဖြစ်သွားတဲ့..ငါးရှဉ့်ကို.. ကင်-ပေါင်း-ကင်လုပ်ရောင်းတာပါ..။
ဈေးကောင်းချိန်..တပွဲ.. ဒေါ်လာ၂၀-၃ဝလောက်ရှိတယ်..။
မြန်မာကလေးတယောက် ၁ဝရက်စာလောက် ထမင်းတင်ကြွေးနိုင်တာပေါ့…။
(ငါးရှဉ့်အရှင်တွေ..တရုတ်ပြည်တင်ရောင်းနေသူတွေ.. ဗဲလှူးအက်ဒ်လုပ်ပြီးမှ ရောင်းသင့်တာပေါ့..။
ဈေးက..၁ဝဆ အသာလေးကွာတယ်..။အလုပ်တွေလည်း.. ပိုရတယ်..- စကားချပ်)
ငါးရှဉ့်စားချင်သူကိုရင်အောင်ပုရေ…
အရသာအကောင်းဆုံးနည်းက..အရင် ဆော့စ်လူးမီးပြင်းနဲ့ကင်ပါ..။ ကင်ပြီးမှ.. ဆော့စ်လူးပြီး.. ပြန်ပေါင်း..ပြိး ပြန်ကင်တာက အကောင်းဆုံးလို့ ဆိုကြပါတယ်..။
ငါးရှဉ်ု့ခြောက်စပ်ဆိုပြိး.. ပြုတ်ပြီးအသားပါးပါးနွှင်.. ငရုပ်သီးနဲ့ဆီသပ်ချက်စားလည်း ရပါတယ်..။
ကျုပ်ကတော့.. ကင်-ပေါင်း-ကင်တာကိုပိုကြိုက်တယ်..။ 🙂
ရွှေ မင်း သား
December 6, 2011 at 6:02 am
ဟိုတစ်လောက မိတ်ဆွေ တရုတ်ကြီး တစ်ဦးနဲ့ ညစာအတူ သွားစားဖြစ်တယ်။
စကားလက်ဆုံပြောကြရင်း အရှင်လတ်လတ်ကို ချက်ချင်းသတ်ပြီး ချက်စားကြတဲ့ အကြောင်းရောက်သွားပါတယ်။
တရုတ်ကြီးပြောတဲ့ စကားကတော့ ဒါက လူစာဘဲလေ၊ ကိုယ်မစားလဲ သူများစားမှာဘဲ တဲ့ ။ ဘယ်လိုလုပ်မလဲ…… သူတို့ အတွေးနဲ့ သူတို့ စားကြတာပေါ့။
ကိုယ်လဲ ကိုယ့်အ တွေးနဲ့ မစားတာဘဲလေ။ အဲဒီအချိန်တုန်းက တော့ မိတ်ပျက်မှာဆိုးလို့ တရုတ်ကြီးနဲ့ စကားနိုင်လုမပြောခဲ့ပါဘူး။
Nishida
December 6, 2011 at 6:37 am
အလဲ့ …
ဖွားဆူးတော့ ကောင်တာ မိပီး ၁ဂိုးပေးလိုက်ရပြီ …
ဘယ်လို တုန့်ပြန်မလဲ သိချင်လိုက်တာ …
အင်း ခြေပဂိုး ရလိုဇောနဲ့ အလွန်အကျွံ တိုက်စစ်ဖွင့် ကန်တာတော့
သိပ် မနှစ်သက်ဘူး …ကွင်းလယ်ဆြာသမားတွေ များလွန်းရင်လည်း
ကစားကွက် အိုင်ပြီး အလုပ်မဖြစ်တော့ …ခံစစ်လုံအောင်ပိတ်ပြီး …
အဝေးဘော များများသုံးကာ အနိုင်ဂိုး သွင်းနိုင်ပါစေလို့
ဆန္ဒပြုလိုက်ပါတယ်….
ပုံ
ကာတင်နာချီယို စထရစ်ဒဂျစ်စ်…
ဂီဂီ
ဆူး
December 6, 2011 at 10:53 am
စာသာ ဖတ်ပြီး ငါးဟင်းချက်တာတွေ မမြင်ဖူးတဲ့ သူငယ်ချင်းများ ရှိခဲ့လျှင် ကြည့်နို်င်အောင် လင့်ပေးလိုက်ပါသည်။
https://www.google.com/search?hl=en&sout=0&biw=1366&bih=639&tbm=vid&sclient=psy-ab&q=eating+alive+fish+&btnG=
Nishida
December 6, 2011 at 11:00 am
ထိရောက်လိုက်တဲ့ ကောင်တာ အထက်ခ်
ရွာသူားများ ကွန်းမန့်ထဲမှာ ပုံတင်ခွင့်မရတာ အတော် ခံသာသွားတယ်
နို့မို့ဆို ဖွားဆူး ဟက်ထရစ် ရပီးနေလောက်ပီ
ဆူး
December 6, 2011 at 11:03 am
သဂျီးက လွဲပြီး မည်သူမှ ကွန်မန်းထဲမှာ ပုံတင်ခွင့်မရှိဘူး နည်းမျိုးစုံ စမ်းပြီးပြီ…
inz@ghi
December 6, 2011 at 11:07 am
တူကျောလော့ တူ့ကိုတူ ဒီမိုသဂျီး ဆို 😛
ဆူး
December 6, 2011 at 11:10 am
တပါတီ အာဏာရှင် ဒီမို သဂျီးပါ။
inz@ghi
December 6, 2011 at 11:14 am
အင်းလေ ဂျာပွန်ဘုန်းကြီးဘဲ
ဂလောက်တော့ ချိမှာပေါ့…
😛
rhyme
December 6, 2011 at 11:28 am
အိ. ဘယ်လို ခံယူချက်နဲ့ စားလည်းမသိ
မြင်နေရတာကိုက
စိတ်ညစ်စရာ
ခေါင်းပိုင်းက အစိမ်းဆိုတော့ ညှီနေမှာပေါ့
amatmin
December 6, 2011 at 11:26 am
ဘယ်လောက်ပဲ လတ်ဆတ် အရသာ ရှိပါတယ်ပြော ပြော ..လူအရှင်က ငါးအရှင်မြင်နေရက်နဲ့ ကို မြျိစားတာတော့ .. 🙁
ယဉ်ကျေးမှုမြင့်လာပါတယ်ဆိုတဲ့ လူတွေ နော် အတော်မလွယ်တာဘဲ.
လင့်ခ် အတွက်ကျေးဇူးပါ ဒေါ်ဆူးရေ.. ကွက်ကွက် ကွင်းကွင်း နဲ့ရှင်းပဗျာ..
ကြောင်ကြီး
December 6, 2011 at 11:45 am
သဂျီးက ငရဲခံရမှာကြောက်လို့ ဇိမ်ဘုန်းကြီး (ဇင်မဟုတ်ပါ) ဝတ်ပြီး စည်းစိမ်ခံစားနေတော့ မယ်တဲ့။ ဒါမှ ဘဝကူးတဲ့အခါ နတ်ပြည်ကို အာရုံကျမှာဆိုပဲ….။ 😆
kai
December 6, 2011 at 4:54 pm
ရဟန္တာတွေအကြောင်းရေးတဲ့.. ဦးဌေးလှိုင်သားက.. ဇမ်ဗုဒ္ဓဘာသာအကြောင်း ဆယ်စုနှစ်တခုမက.. လေ့လာသွားတယ် တွေ့ရတယ်..။
အရမ်းခက်တဲ့.. ဂျပန်ဘာသာရေးစာတွေတောင် ရအောင်ဖတ်သွားတာပဲ..။
သူနဲ့ရော..သူ့အဖေနဲ့ပါ.. စကားတွေပြောဖူးခဲ့တယ်..။
အင်း..
ရန်ကုန်ပြန်ပြီး… ဘာများဖြစ်နေသလည်း သိချင်သား…။
ထေရဝါဒနဲ့ရောသမမွှေလိုက်ပြီး.. ဇိမ်ဘုန်းကြီးပဲဖြစ်နေသလားမသိ…။ 😆
blackchaw
December 6, 2011 at 4:04 pm
လွယ်သလားခက်သလား အန်တီဆူး လွယ်သလားခက်သလား
ဟေ့ ဒီမှာ သူများအသက်ကို သတ်ချင်ရင်တော့
ဟောဒီလို ဝဋ် ခံနိုင်မှ သတ်လို့ ရမယ်ကွ ဒဂူးရို့ (မြန်မာကားမှ လက်သီးထိုးသံ)။
(ဗိုလ်အောင်ဒင် ဇာတ်လမ်းမှ ကောလိပ်ဂျင် အသံဖြင့် ဖတ်ကြပါ။)
ဆူး
December 6, 2011 at 4:09 pm
စိုးမိတယ်.. စိုးမိတယ်.. စနွင်းမကင်း.. စနွင်းမကင်း.. အဲ.. စိုးရိမ်မကင်း.. စားချင်တာနဲ့ မှားပြီး ရိုက်မိသွားတာပါ။
windtalker
December 6, 2011 at 8:48 pm
ဒါကတော့ ဒဲ့ လို ့ခေါ်ပါတယ် ၊ မှတ်ကြပါ ။ သားကြပါ ။ ကိုဘလက် နှင့် ရွာသားတို ့
ba gyi
December 6, 2011 at 5:04 pm
မဆူးရေ ၊အင်းသားစကားပုံတစ်ခုရှိတယ်၊
ငါးဖိန်းသေ အင်းသား ဖြစ်၊ အင်သားသေ ငါးဖိန်း ဖြစ် ဆိုတာလေ၊
နောက်တစ်ခုက-
ငါးသိုင်းသေ တလိုင်းဖြစ်၊ တလိုင်းသေ ငါးသိုင်းဖြစ် ဆိုတာ။ကြားဖူးတာပြောတာ တိုက်ဆိုင်လို့။
ဒါဆို ဘကြီးက သား၊ငါးမစားဘူးလားမမေးနဲ့ စားပါ့သဗျား၊ သဘာဝထဲကမလွတ်နိုင်သေးဘူးလေနော့်၊
မဆူး ပို့စ်ကလေးလည်းသဘာဝကျပါတယ်ဗျား။ စားတဲ့အခါ ရဿ အာရုံဏ် မှာ သည်အသားမို့ကောင်းတာ
ဟိုအသားမို့ကောင်းတာမစွဲပဲ၊ ခန္တာ အရ သုးံဆောင်နေရတာ လို့တွေးရင် ပါးစပ်ထဲမှာ သား၊ငါးတွေလွတ် သွားသပေါ့ ၊အဲ အဲ ပြောမဲ့သာပြောရဒယ် -ကျနော် လည်းနေ့တိုင်း အဲလိုတွေးမစားနိုင်ပါဘူးဗျာ။
ဆူး
December 7, 2011 at 4:09 pm
ဒါနဲ့ စကားမစပ် တလိုင်း ဆိုတာ ဘာလဲဟင်..
kai
December 7, 2011 at 4:14 pm
တလိုင်းဆိုတာ.. မွန်တွေကို နှိမ်ခေါ်တာလို့.. ယေဘုယျပြောလို့ရမယ်ထင်တယ်..။
ဆူး
December 7, 2011 at 4:20 pm
ငါးသိုင်းသေ တလိုင်းဖြစ်၊ တလိုင်းသေ ငါးသိုင်းဖြစ်
မွန် အရပ်မှာ ပေါတဲ့ ငါးမိုလို့လား…
naywoonni
December 11, 2011 at 9:47 pm
အင်း နုစဉ် အခါက (ခုလည်း မရင့်ကျက်သေးပါဘူး) ကန်… ဒါမှမဟုတ်ချောင်းဘေး ငါးသွားမျှား ..။အရက်ပုလင်းက ခါးကြားမှာ….။ အရက်သောက်ရင် ငါးမျှား ..။ ဘေးမှာ မီးဖို အဆင်သင့် ……….။ ဘာလုပ်ဖို့လဲသိလား ? ငါးရလာရင် ရွှံ့နဲ့ အုံ ပြီးတော့ မီးဖို ထဲပစ်ထည့် …။ အရက်သောက် ငါးမျှားရင်းစောင့် …။ ရွှံ့ ခြောက်လာရင် အသာလေး ဆယ်…။ ရွှံ့တွေ ခွာ …။ ငါးက အကြေးခွံတွေ ဘာတွေ က ရွှံ့နဲ့ ကပ်ပါသွားပြီး ငါးအသားဖွေးဖွေး ဥဥ လေးတွေ ပူပူနွေးနွေး အရက်နဲ့မြည်း…။ ဘယ်လောက်လတ်ဆတ်လိုက်သလဲ..။ ရေထဲကငါး ကုန်းပေါ်မှာ လေသလပ်မခံဘူး..။ အဲဒိလိုစားခဲ့ သောက်ခဲ့တာတွေ…။ ခုတော့………….. ဟီးးး ကြောက်တော့ ကြောက်သား …။ ဒါပေမဲ့ ကြောက်တယ်ဆိုတိုင်းလဲ ဖြဲမခြောက်ပါနဲ့ နော့ (သူကြီးလေ သံငှားသုံးလိုက်ထှာ)
Mg Ogga
December 11, 2011 at 10:18 pm
ဆရာ သရဝဏ်ရဲ့ ငါးဖြစ်သွားတဲ့ သူနဲ့ သဘောချင်းဆင်တယ် တင်ပြပုံလေးကို ကြိုက်ပါတယ် ထပ်ရေးပါအုန်းနော်
char too lan
December 13, 2011 at 1:16 pm
ပိုစ့်ကော မန်းထာတာတွေပါအကုန်ဖတ်လိုက်တော့ တော်တော်ရှင်းတယ်
လုံးဝကိုရှင်းသွားတာ လယ်ပြင်မှာဆင်သွားတယ်ဆိုတာ ဒါမျိုးကိုခေါ်တာနေမှာ
သဂျီးမင်းဂွင်ထဲက အီကြားကွေးတွေ မီးဖုတ်နေတာ ဘာလုပ်ဖို့လဲ ??? 😛
ဆူး
December 13, 2011 at 3:17 pm
လက်ဖက်ရည်နဲ့ တို့စားဖို့ အီကြာကွေးတွေ အကျက်လိုသေးလို့ မီးဖုတ်နေတာပါ။
မင်းပြည့်ရှိန်
December 15, 2011 at 4:29 am
သတ်ပြီးမှ ချက်စားလိုက်တာနဲ့…..
ချက်စားရင်းနဲ့ သတ်လိုက်တာ…
ခံစားချက်ခြင်း မတူနိုင်ဘူးပေါ့… သတ်ပြီးမှ ချက်စားတာက သတ်လိုတဲ့ စိတ် အရင်..
ချက်စားရင်းနဲ့ သတ်လိုက်တာက စားလိုတဲ့ စိတ် အရင် ပြီးတော့ အရှင်လတ်လတ် ချက်ပစ်တဲ့ ခံစားမှု…
ဒါကြောင့်လည်း ရင်ခုန်သံ စည်းချက် မမှန်တာ ဖြစ်မယ်..
ဇော ရ ကြိမ်မှာ အလယ် ၃ ဇောက ချက်ချင်း အကျိုးပေးသတဲ့…
ဦးဆောင်နေတဲ့ စိတ်က ချက်ချင်းဆက်တိုက် အကျိုးပေးလိုက်တာ…
တစ်ကယ်တော့ ကံတွေ အရောင်ပြောင်းသွားတာ….. ကံ ကြောင့် နာမ် ရုပ် မဟုတ်လား…
ဒီတော့ ဒေါ်လာနောက် ကောက်ကောက်ပါအောင်လိုက်နေတဲ့ သူတွေ…..
အလုပ်ကို အလုပ်လို့ ပဲ မြင်ပြီး လုပ်နေတဲ့ သူတွေ…
အများ တိုးတက်ဖို့ အလုပ်လုပ်နေတဲ့ သူတွေ…..
ပေးဆပ်နေတဲ့ သူတွေ…………. ရယူနေတဲ့သူတွေ..
အင်း… စည်းချက်ကတော့ မတူနိုင်ဘူး…
ဒီတော့ ပေးဆပ်မှု နည်းပြီး ရယူလိုစိတ်တွေအများကြီးနဲ့ နေထိုင်ကြတဲ့ ပတ်ဝန်းကျင်မှာ….
ဖွားဆူးရဲ့ စားဖိုမှူးလေးလို ရုတ်တရက်များ ဘဝပြောင်းသွားကြသူများသည်….
ဆင်းရဲနွမ်းပါးသော ငါးကလေးများ ပြန်ဖြစ်…
ဪ အော်.. ေဉာ်….
ဒါကြောင့်.. ဒါကြောင့်..