အတွေးစတွေ ဟိုတစ်စ ဒီတစ်စ ပျံ ့လွင့်နေလိုက်တာ….
အတွေးစတွေ ဟိုတစ်စ ဒီတစ်စ ပျံ ့လွင့်နေလိုက်တာ….
ဒီနေ့ သတင်းစာလာတာနောက်ကျပါလား။ ဟော လာပြီပဲ ..သတင်းစာသမား သတင်းစာလိပ်ကို ခြံတံခါးပေါ်က
ဝှီးခနဲပစ်ထည့်လိုက်တယ်။ အိမ်ရှေ ့မြောင်းကရေကောင်းကောင်းမစီးတာမိ်ု့
ခြံဝင်းအစပ်မှာ ရေ နည်းနည်းဝပ်နေတဲ့နေရာ ၊ စိုတိုတိုဖြစ်နေတာ၊
ဒီပုဂ္ဂိုလ် စွတ်ပစ်ထည့်လိုက်တာ ရေအိုင်အစပ်မှာ သတင်းစာကလေးဂျွမ်းပစ်ကျသွားပါရော။
ကိုယ့်မှာ အမြန်ပြေးကောက် အဝတ်စုတ်နဲ့ သုတ်ရင်း ခွင့်လွှတ်တွေးလေးတွေးပေးရတယ်။
အေးလေ..သူ့ခမျာ တစ်အိမ်ချင်း ဘယ်ဆင်းပေးနှိုင်ပါ့မလဲ…ဒီလိုပဲ လှမ်းပစ်ရမှာပေါ့..
သံပြားဝိုင်းပစ် လှံတန်ပစ် လက်ရွေးစင်မှ မဟုတ်တာ… အဝေးကြီး ဘယ်ပစ်နှိုင်ပါ့မလဲ…
ရှိစေတော့.. ရှိစေတော့..
သတင်းစာလေးအေးအေးဆေးဆေး ဖတ်မလားစိတ်ကူးနေတုန်း…
“ ကလင်… ကလင်…. ကလင်”
“ ဟယ်လို”
“ ဟေ့.. မိနန်း..ခေါ်ပေးစမ်း”
“ မိနန်း ဖုန်း မဟုတ်ပါဘူးရှင်၊ ဖုန်းမှားနေပါတယ်”
“ မိနန်းလေ..မသိဘူးလား ၊ ဒါလေးတောင်မသိဘူးလား၊ သွားခေါ်ပေးစမ်း”
“ ဒီမှာ ရှင် ဘယ်နံပါတ်ကိုခေါ်တာလဲ ၊ ဖုန်းမှားနေပါတယ်ရှင့်”
ဖုန်းပြန်ချပြီး .. စိတ်တိုတိုနဲ့ သတင်းစာဖတ်မယ်ကွာလို့ တစ်ယောက်တည်း ရေရွတ်ရင်း
သတင်းစာနောက်ပိုင်းက စပြီး စာရွက်လှန်ပါတယ်၊ နာရေးကြော်ငြာ ကစပြီးဖတ်တတ်တဲ့
အကျင့်က ဘယ်တုန်းက စ မိသလဲ တွေးကြည့်ရင် အဖြေတောင်မရှိပါဘူး။
ပြောပြရဦးမယ် သိလား၊ ကိုယ့်အကျင့်တစ်ခုက ဖတ်မိသမျှ နာရေးကြော်ငြာတွေမှာ
ကိုယ်သိတဲ့သူပါလာရင် ညှပ်ယူထားလေ့ရှိတယ်၊ ဖြတ်ပိုင်းလေးတွေ ကိုစုပြီး ဂျတ်စက္ကူ
ပုံးလေးတစ်ပုံးထဲမှာ ထည့်ထားတာ။ ဘာရယ်တော့ မဟုတ်ပါဘူး၊ ပုံးပေါ်မှာ
ဘာရေးထားသလဲဆိုတော့ ဆရာချစ်စံဝင်း စကားလေးခဏငှားသုံးထားတယ်။
“ဤ ခရီး နီးသလား” တဲ့။
ဒီနေ့ ဖတ်မိတာကတော့ လွန်ခဲ့တဲ့ အနှစ်(၃၀)လောက်က ကိုယ်သချင်္ာသင်ပေးခဲ့ဘူးတဲ့
ကလေးမလေး….ခုတော့ ကထိက ဆရာဝန်မကြီး ဖြစ်နေပါပြီ၊ သူ့မိခင်ဆုံးသွားတာ နာရေး
ဖတ်ရတယ်၊ အော် ဒီကလေးမလေးနဲ့ မတွေ့တာကြာပြီပဲ…. အတွေးစလေး ဟိုတစ်စ ရှိသေး
ဒီတစ်စ တောင် မရောက်သေး…
“ကလင်.. ကလင်… ကလင်”
“ဟယ်လို”
“ဟယ်လို”
“ဟုတ်ကဲ့.. အမိန့် ရှိပါရှင်”
“ အခု ပြောနေတာ ဘယ်သူလဲ”
“ ဘယ်ဖုန်းကို ခေါ်တာပါလဲရှင်”
“ အခုဖုန်းကိုင်တာ ဘယ်သူလဲ”
( ကိုယ် ဒေါနည်းနည်းပွလာတယ်၊ ကိုယ့်ရဲ ့ တိုနေတဲ့ စိတ်ကို ထိန်းထားနှိုင်တဲ့ စိတ်ရှည်ကြိုးပြတ်ထွက်သွားလိုက်တာ)
“ ဟဲ့၊ မင်းကဖုန်းခေါ်တာ ၊ မင်း က ဘယ်သူလဲ မေးတော့ ငါ ဘာပြန်ဖြေရမှာလဲ ဟဲ့”
“ ………..” ( ဘာမှပြန် မဖြေ)
ဖုန်းချသွားပါပြီ။ အမလေးနော် နာရေးလေးဖတ်ပြီးသံဝေဂလေးများပွားမလား စိတ်ကူးမိ
တဲ့ ကိုယ့်မှာ ဒေါသပွားပြီး ကုသိုလ်မရ ဂွကျကျ ဖြစ်ကျန်ခဲ့ပါရော။
အတွေးစတွေ ဟိုတစ်စ ဒီတစ်စ ပျံ ့လွင့်နေလိုက်တာ…. အော် ခုခေတ် လူတိုင်းနီးပါးဖုန်းကိုင်
နှိုင်ကြတယ်၊ ကိုယ်တို့ ဝန်ထမ်းတွေ ဂျီအက်စ်အမ်ဖုန်းတွေ စ ပေးစဉ်တုန်းက (၅)သိန်းသွင်းရတယ်၊
အပြင်ပြန်ရောင်းကြတာ သိန်းလေးဆယ်လောက်ရကြ ရင်းနှီးစားကြ၊
လူတိုင်းဖုန်းမကိုင်နှိုင်ကြဘူး။
အခုအခါမှာတော့ ဆယ်တန်းအောင်လောက်ဆိုရင် မိုဘိုင်းဖုန်းကိုယ်စီနဲ့၊ သင်တန်းတင်ချိန်
ဖုန်းအသံပိတ်ထား၊ အရေးအကြောင်း သိရအောင် တုန်ခါတာလေးပဲ လုပ်ထားကြပါပြောပေမဲ့
သူတို့မှာကလည်း ဖုန်းမြည်သံလေး မြည်လာပြီး ဟယ်လိုကြွားလေး လုပ်ချင်သေးတယ်လေ။
မပိတ်မိတဲ့ အခါ သီချင်းသံဆုံးမှ ကောက်တော့တယ်။ ကျောင်းသားတစ်ယောက်များလေ
မီးဥဩ သံ အဝင်တုံး လုပ်ထားလို့ပါဆို။ အားလုံး ထိတ်လန့်သွားကြတာလေ။
ကိုယ့်အိမ်အရှေ ့ဖက် သစ်စက်ကိုလာကြတဲ့ ရောင်းသူဝယ်သူတွေများ
အကျယ်ကြီးအော်ပြောကြတာလေ ဘယ်ဈေးနဲ့ ရောင်းတယ် ဝယ်တယ် ချောင်းနားထောင်စရာတောင် မလိုဘူး။
ဖုန်းလိုင်းတွေမမိ ခင်က အော်ပြောကြတာ နားလည်ပါတယ်။
မိတ်ဆွေတစ်ယောက်ပြောပြတာ သိလား။ သူတို့ ရွာမှာ ဘုန်းကြီးဆီမှာပဲ ဖုန်းရှိတာတဲ့။
ရွာထဲက တစ်ယောက်ယောက်ဆီ ဖုန်းလာပြီဆိုရင် ဘုန်းကြီးက အသံချဲ ့စက်နဲ့ အော်ပေးတာတဲ့။ 🙂
အသံချဲ ့စက်ဆိုလို့ အတွေးကလေး ဆက်ငင်သွားပြန်ပါ့။ တော်တော်ခြေရှည်တဲ့ အတွေးစ နော်။
ကိုယ့် ဂျီးဒေါ်တို့ ရပ်ကွက်ထဲမှာ လူငယ်ဘုံဆွမ်းလောင်း အသင်း ( လူကြီးများဦးစီးပါတယ်) 😀
တစ်သင်းရှိတယ်။ နာယကကြီးတစ်ဦးက ဘုန်းကြီးလူထွက်ကြီး၊ နံနက်အစောကြီး မိုက်ခဲပြီး
ဘုရားစာကို သံရှိန် High Pitch တင်ပြီး ဇာတ်မင်းသားကြီးဟဲသလိုဟဲရတာသိပ်ဝါသနာပါ
ရှာတာတဲ့။ အသက်ကြီးပြီဆိုတော့ ချောင်းတွေထဆိုးတာပေါ့။ အဲဒါ မိုက်မဖယ်ဘဲ
“အဟမ်း အဟွတ် အဟွတ် ခွမ်း ခွီ”
ချွဲတွေ ကို အသံချဲ ့စက် မှ အလွန်ကျယ်လောင်စွာ ထွေးတော့တာတဲ့။ စိတ်ညစ်စရာကြီးနော်။
ကုသိုလ်မရ ငရဲရနေတဲ့ လောကကြီးဗျာ။
ကိုယ်ငရဲရတာပြောပြဦးမယ်။ အဝေးဖိတ်နေ့ဆိုရင် သီလရှင်တွေ ဆွမ်းဆန်ခံကြွကြတာ။
သီလရှင်လောင်းဖို့ ဆွမ်းအုပ်ထဲမှာဆန်ထည့်ထားတယ်။ ထမင်းခူးဇွန်းကြီးတစ်ချောင်း
ထည့်ထားတယ်။ တစ်ပါးကိုတစ်ဇွန်းလောင်းနေကြ။
“သီလရှင်တွေကအိမ်ရှေ ့ရောက်ပြီဆိုရင် …ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ..ကျန်းမာကြပါစေ…”
လို့ ရွတ်ဖတ်ကြပါတယ်။ မအားသေးလို့ ချက်ချင်း သွားမလောင်းနှိုင်သေးရင် ဆက်မရွတ်ကြတော့ဘူး။ ရပ်သွားပြီး သူတို့ချင်းစကားတွေ ပြောနေကြတာ၊
ကိုယ် ဆန်ထွက်လောင်းနေတာတောင် တစ်ခါတစ်လေ စကားပြောမရပ်ကြဘူး။
ပိုဆိုးတာက နည်းနည်းပိုနောက်ကျတယ်ဆိုရင် ခြံတံခါး Door bell တီးခေါ်တော့တာ။
လုပ်လက်စအလုပ် ပစ်ချထားပြီး အပြေးသွားလောင်းတော့ မောင်းထောင်ခွက် နှစ်ခွက်ထပ်
ကိုင်ထားတဲ့ သီလရှင်က လက်နှစ်ချောင်းထောင်ပြပြီး
“နှစ်ပါးစာ” လို့ ပြောပါတယ်။
အာရုံတစ်ပါးစိတ်မသွားဘဲ ဆွမ်းဆန်။ ဇွန်း။ မောင်းထောင်ခွက်။ လှူနေတယ်။ အဲလို
တွေးမိအောင် တွေးရအောင် မနည်းကို အားထုတ်နေရင်းနဲ့……
“ဆရာလေး.. ထီးကိုမြေကြီးစိုက် လှည့်မနေနဲ့လေ”
“ဆရာလေး.. မောင်းထောင်ခွက်ကို တည့်တည့်ကိုင် ပါဘုရား”
စသဖြင့်တွေ ပြောနေမိပါကလား။ ဒုက္ခ၊ ဒုက္ခ၊ဒုက္ခ။
17 comments
thit min
December 7, 2011 at 5:51 am
ဆရာမကြီးတီတီနုရေ
ကွန်ပလိန်းလေးတွေ လှပါတယ်။
အပေါ်က ၂ ပိုင်းရယ်။
အောက်က ၂ ပိုင်းရယ်ကို
ခွဲ ပြီး ၁ပုဒ်စီ ပို့စ်ရေးလိုက်ရင်ပိုပြီးတော်တော်လှသွားမဲ့စာလေးခင်ဗျ။
ဟဲ ဟဲ ……..အောက်က စာမျိုးက ရွာထဲမှာ သူကြီးက ရွာသူားတွေ ကို “ကလိ” နေကြစာမျိုးလေ။
ရွာသူားတွေ ကလဲ ကဲကဲဆတ်၊ ကျနော်တို့ သူကြီးကလဲ အနီတွေ၊နဘဲငဆတွေ ခံပြီးတော့ကို
ညင်းတာဗျ။
ဟဲ ဟဲ ကြည့်လို့တယ် ကောင်း။
ဘာဘဲ ဖြစ်ဖြစ် ကိုယ့်(Buddha)ဘာသာကိုခိုင်မာသထက်ခိုင်မာအောင်ညင်းကြပေါ့။
(တကယ်သူကြီးလိုချင်တာ အဲဒါလို့ထင်မိတယ်)
ကျနော် အဲဒီလိုစဉ်းစားမိတာပါဘဲ။
ခုလဲ ညင်းကြမှာပါ မပူပါနဲ့ဗျာ။
မန်းဒလေးကို လာမယ်။တီတီနုဆီ လာပြီးမှတခြားသွားမယ်။ အိုကေလားဗျ?
လေးစားစွာ
(^^)
aye.kk
December 7, 2011 at 6:18 am
လက်မခံနိုင်တဲ့ကိစ္စ ၊ အကြည်ညိုပျက်ရတဲ့ကိစ္စ..
အကျင့်နဲ ့ ၊ ဘာသာရေးခံယူချက်တွေတိမ်းစောင်းကြတာ..
မြင်တွေ ့ရတော့ စိတ်ပျက်စရာကောင်းလှပါတယ်..
သူတို ့ကိုကြည့်ပြီးတော့..တီတီနုကဒုက္ခ..
ဖတ်ရသူကျမက..တရားကျမိပါတယ်ဆိုတာလေးပြောပြလိုက်ပါရစေ..။
small cat
December 7, 2011 at 7:37 am
ဆရာမကြီးအတွေးစ လေးက အစောကြီးပြတ်သွားလို့တော်သေးတယ်၊ ဆက်များတွေးနေရင် ဘာတွေပါလာဦးမယ်မသိ။ ။
MaMa
December 7, 2011 at 8:32 am
တီချယ်ကြီးကတော့ ကြယ်ငါးလေးတစ်ကောင်ကို ပင်လယ်ထဲ လွှင့်ပစ်နိုင်လိုက်ပါပြီ။ 🙂
ကိုပေါက်(မန္တလေး)
December 7, 2011 at 8:45 am
တွေးလက်စတွေကို မတွေးဘဲမရပ်ဘူးဆိုရင် တွေးလို့ကို မကုန်တော့ဘူး။
စိတ်ပျက်စရာကောင်းတဲ့အထဲမှ ဖုန်းမှားခေါ်တဲ့ကိစ္စအဆိုးဆုံးဘဲ။
အဓိက ကတော့ လူ့ယဉ်ကျေးမူ့ နည်းပါးတဲ့ ယဉ်ကျေးမူ့ ဆိုတာကို မသိတဲ့ အဆင့်အတန်းမရှိတဲ့လူတွေများလာလို့ပါ။
blackchaw
December 7, 2011 at 12:14 pm
လေးလေးစားစား ဖတ် သွားပါတယ် ဆရာမကြီး ခင်ဗျား။
ကျေးဇူးတင်ပါတယ်။
Sonny
December 7, 2011 at 12:35 pm
TTNU ဆရာမကြီးခင်ဗျား
ကုသိုလ်လုပ်ရင်း အကုသိုလ်တွေဖြစ်တတ်ပါတယ်။
သီလရှင်လေးတွေကိုဆန်ဖြစ်ဖြစ်လောင်းတဲ့အခါ သူတို့ဘယ်လိုပြုမူပြုမူ ကိုယ်က သံဃာ အားလုံးအတွက် ရည်စူးပြီး လှူ ဒါန်း ရင် ကောင်းပါတယ်။ သူတို့ဆီက ဘာသံကြား ကြား ဘာပြုမူတာတွေ့တွေ့ စိတ်က မဝေဖန်လိုုက်နဲ့ အကုသိုလ်ဖြစ်သွားတတ်ပါတယ် လို့ ထင်မိပါတယ်။ တစ်ခါ တလေ သီလရှင် လေးတွေက ကိုယီးယားကား အကြောင်းတောင် ပြောတာ သားဆန်လောင်းရင်းကြားဘူးပါတယ်။ ကို က လှူ ပြီး ပြတ်သွားပြီလေ။ သူတိုပြုတဲ့ အရာတွေ ကိုဘေးဖယ်မှစိတ်ထဲကထုတ်နိုင်မှ နိုမို့လို့ကတော့…
ချစ်ခြင်းအားဖြင့်.. ကိုဆန်နီ.
မဟာ ထမိန်ကြီးဝါဒ
December 7, 2011 at 1:05 pm
နောင်ကိုလည်း ဆရာမကြီးရဲ. အတွေးစများကို ဆက်လက်ပြီးဖတ်ရှုလိုပါတယ်ခင်ဗျား…
pooch
December 7, 2011 at 2:34 pm
တီချယ် အနော်လည်း သတင်းစာ ဆရာနဲ့ ခဏခဏကွိုင်တယ် အနော်တို့ အိမ်က မန ္တလေး တမြို့လုံးမှာ ဒီနေ့ ထုတ်သတင်းစာကို နောက်အကျဆုံး ဖတ်ရတာ။
တသက်လုံး သတင်းစာ ယူကထဲက သူ့ဆီမှာပဲ ယူလာတာဆိုတော့ အိမ်က လူကြီးများက ခင်လည်းခင်တော့ သီးခံနိုင်ကြတယ် .. အနော်ကတော့ ကြုံရင် ကြုံသလို ပြောမိတယ် ပြောရင်လည်း ပြုံးနေတာပဲ .. ခင်ဖို့တော့ အတော်ကောင်း….
နောက်တော့ ပြောရင်းမောသွားတယ် တခါတခါ အသံမကြားလိုက်ရင် အိမ်က အမေ့ရဲ့ အချစ်တော် အယ်လ်ဗင် ( အယ်လ်ဇေးရှင်းခွေး) သူ့လက်စာမိသွားတယ် .. ပြီးလို့အော်ရင် သူက ပတ်ပြေး စိတ်ကို ဆိုးရော……
(.အဲ့ဒီကောင်က အနော်နဲ့ မတည့်ဘူး .. မနက်တိုင်း အမေက နို့ထည့်တိုက်တာ မဟုတ်ရင် သူက မသောက်ဖူး မုန်းလို်က်တာ )
ဆန်လောင်းရင် တော့ စိတ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးမွေးပြီး လောင်းရတယ် မဟုတ်ရင် မလွယ်ဘူး ..
စစ်ကိုင်း ရိပ်သာမှာတုန်းက ဆရာလေးတွေ ပြောပြတာက ဥပုသ်တပတ် တရက် ဆန်ခံထွက်ရင် ပိုက်ဆံ ၂ ထောင်ပဲ ရတာပါလို့ ပြောတာ ကြားဖူးလို့ .. ဆန်ကို ခါတိုင်းထက်ပိုလှူတယ် အိမ်ကိုလည်း ပြောလိုက်တယ် များများလှူမယ်လို့ .
သံဃာတော်များထက်စာရင် သီလရှင်များက ပိုပြီး ရှားပါးပါတယ် အဲ့ဒီစိတ်ကို မကြာမကြာတွေးရတယ်
ကိုဆန်နီ ပြောသလိုပါပဲ ကိုယ်လှူတာ ပြတ်ရင် ပြီးပြီ.. တခြားသိပ်မတွေးမိအောင်နေလိုက်တယ်
နောက် အသံချဲ့စက် အော်ကြီးဟစ်ကျယ်ကိစ္စ အနော်အရမ်းမုန်းတယ် တွေးတိုင်းအကုသိုလ်ဖြစ်တယ်
ဥပဒေထုတ်ပြီးတော့ကို တားစေချင်တယ် အများပြည်သူ အနှောင့်အယှက်မဖြစ်အောင်လို့ …
အနော့်မှာလည်း အကုသိုလ်တွေ အရမ်းကြီးနေပြီ တီချယ် .. 🙁
windtalker
December 7, 2011 at 2:53 pm
ဟိုက်
ပုချ် အိမ်လာရင် သတိထားမှ
သူရို ့အိမ်မှာ အယ်လဈေးရှင်း ကြီး တဲ ့
naywoonni
December 7, 2011 at 4:58 pm
@pooch:
နောက် အသံချဲ့စက် အော်ကြီးဟစ်ကျယ်ကိစ္စ အနော်အရမ်းမုန်းတယ် တွေးတိုင်းအကုသိုလ်ဖြစ်တယ်
ဥပဒေထုတ်ပြီးတော့ကို တားစေချင်တယ် အများပြည်သူ အနှောင့်အယှက်မဖြစ်အောင်လို့ …
ဟုတ်တယ်ဗျို့ အဲဒါတော့ လုပ်သင့်ပြီ…။ နောက်ကြားဖူးတာက အဲဂလို အသံချဲ့ စက်သုံးတာက စစ်အာဏာရှင်နိ်ုင်ငံတွေမှာပဲ သုံးလေ့ရှိတယ်လို့ကြားဖူးတယ်…။ မတားမြစ်ချင်နေပါ…။ အသံချဲ့ စက်သုံးတာ အခွန်ကောက်ရင်တော့ တော်တော်ရမယ်နဲ့တူရဲ့…။ မင်္ဂလာဆောင် အသံချဲ့စက်တွေက တစ်ညလုံးပေါက် နှိပ်စက်နေတာ လွန်းလွန်းတယ်နော်…။
အန်တီနုရေ……။ စိတ်အလျဉ် တွေးနေတာ ရပ်မပစ်နဲ့ဦးလေ….။ စိတ်ထဲမှာ တွေးနေတာ ကိုအရှိအတိုင်း အဲဒိလိုရေးတာမျိုး ဖတ်ရတာကောင်းပါတယ်…။
လင်းဝေ
December 7, 2011 at 5:11 pm
သီလရှင်ပေါက်စတွေများတကယ်ဆိုးတယ်။
ကြားဖူးတာတော့ သီလရှင်အစစ် တွေလည်း အိမ်ပြန်ထောက်ပံ့ကြတာပဲတဲ့။
ဆူး
December 7, 2011 at 5:47 pm
သီလရှင်တွေက ပြောတယ်.. မေတ္တာပို့ရတာ အရှည်ကြီး ရတော့ ဆန် တစ်ဇွန်းတဲ့ အဲလို ပြောတာ ကြားဖူးတယ်။ သူတို့ ပြောတော့လည်း ဟုတ်တာပဲ..
ဒါပေမဲ့ ဘရုတ်ဘရက် လုပ်တဲ့ လူတွေကလည်း ရှိတော့ လူတွေ စေတနာ နည်းတာ မဆန်းပါဘူး။
အလုပ်မှန်မှန် လုပ်ရင် လာဘ်လာဘ မနည်းဘူးလို့ ထင်ပါတယ်။
TTNU
December 7, 2011 at 7:12 pm
မောင်သစ်ရေ…ငြင်းကြခုန်ကြရတာ မောပြီကွယ်၊ မနေ့ကကို နတ်ယုံတဲ့ မိတ်ဆွေ
တစ်ယောက်နဲ့ ငြင်းရင်းငြင်းရင် မိတ်ပျက်သွားလို့။ 🙁
ဒေါ်အေးကေကေရေ… ကြုံဖူးတယ်မဟုတ်လား။ ငယ်ငယ်တုန်းကတော့ ဒီအတိမ်း
အစောင်းတွေကို ဗိန်းမောင်းတိုက်ချင်တာလေ။ ခုတော့လည်း သူ့သဘောသူဆောင်နေပါလား
ဆိုတာ မနည်း ဉာဏ်ထည့်ယူနေရပါတယ်ရှင်။
စမောကက် နှင့် မဟာတို့ရေ…ဆက်တွေးလိုက်ပါမယ်နော်။
မမရေ… တီချာလေ ကြယ်ငါးလေးတွေ များကြီးပစ်ဖို့ အချိန် သိပ်မရှိတော့ဘူးနော်။
ကိုဆန်နီ… ကုသလာ..အကုသလာ သဘောကို မယ်တော်သိသပေါ့။ But .. it’s a Big But…
Pooch … အသံချဲ ့စက်ကနေ တွံတေးသိန်းတန်သီချင်းနားထောင်မှာလား။
မောင်ပေ… Where are you going???? Be careful!!!!
ဆရာနေ… တွေးရင်းနဲ့ ရှင့်လိုကဗျာတွေစပ်တတ်ချင်လိုက်တာတော်။
ကိုလင်းဝေရေ… တစ်ခါတစ်လေ အများကြီးဆိုးပါ့။
ဆူးရေ…တစ်ချို ့ မယ်သီလတွေ ရွတ်ဖတ်တာ သိပ်ကျက်သရေရှိတယ်။ အရောအနှောတွေကတော့
ရှင်းဖို့ ခက်မှာပါဆူးရယ်။
ကိုဘလက်ချောရေ… ဖတ်ပေးတာကျေးဇူးနော်။
ကျမရဲ ့ အတွေးပင်လယ်ထဲကအတွေးအစ အန (Debris which is scattered ) တွေကို
စိတ်အညောင်းခံဖတ်ပေးသော ရွှေဂေဇက် တို့အား ကျေးဇူးတင် မေတ္တာပို့သပါတယ်။
hmee
December 7, 2011 at 7:47 pm
သီလရှင်အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ တခါသား ရန်ကုန်အိမ်မှာ အလှုခံလာတယ် ခြံဝက ဘဲလ်ကို အဆက်မပြတ်တီးနေတယ်။ ပိုက်ဆံလေးကိုင်ပြီး လှုတော့ အဲ့လောက်နဲ့ မရဘူးတဲ့ တီချယ်ကြီးရေ သူတို့က စာအုပ်ဖိုး အလှုခံတာမို့ ၅၀၀ဝ အနည်းဆုံးလှုရပါမယ်တဲ့ စာရွက်တွေလည်း ထုတ်ပြရဲ့။ အဲ့လောက်တော့ မတတ်နိုင်ပါဘူး။ ၁၀၀ဝတော့ လှုလိုက်မယ် အလှုခံချင်ခံပါ မခံချင်လည်း သဘောပါပဲလို့ ပြောမှ ယူသွားပါတယ်။ စိတ်ထဲမှာတော့ ကိုယ်က လိုလိုချင်ချင်လှုတာ မဟုတ်လို့ ကုသိုလ်ကတော့ တပြားမှ မရလိုက်ပါဘူး တီချယ်ကြီးရေ။
TTNU
December 7, 2011 at 8:06 pm
ဟုတ်တယ်မှီရေ… လက်ဖက်ရည်ဆိုင်ထဲမှာ မယ်သီလတစ်ပါးက စာအိပ်တစ်လုံးစီနဲ့
စာရွက်တစ်ရွက်စီလိုက်ဝေတယ်။ ကျောင်းဆောက်မယ်၊ အလှူငွေထည့်ပါပေါ့။
နာရီဝက်လောက်နေတော့ စာအိပ်လိုက်သိမ်းတယ်။ မေတ္တာပို့ခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း
လုံးဝ မရှိ။ ရတန်သရွေ့တော့ရသွားတာပါပဲကွယ်။
ရင်နင့်
December 8, 2011 at 3:07 am
ဟုတ်တယ်တီချယ်ရေ လက်ဖက်ရည်ဆိုင်မှာအဲ့လိုစာအိတ်တွေနဲ့လိုက်ဝေတာ
တစ်ချို့ကျတော့လည်း စာအိတ်ပေါ်မှာရေးထားပါတယ် စာအိတ်ပြန်ပေးခြင်းဖြင့်
ကုသိုလ်ယူပါဆိုလား မသိတော့ပါဘူး ကျနော်တော့အဲ့လိုလာရင် ဘယ်တော့မှ
မထည့်ဘူး 73*33 ထောင့်က 3 color လက်ဖက်ရည်ဆိုင်မှာ အမြဲတမ်းရှိတယ်
အဲ့လိုဟာတွေ