Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်ုပ်၏ ဗေဒင်ဟောစာတမ်း – ဒီဇင်ဘာလ

koyin sithuDecember 9, 20111min48713

တချို့ ရွာထဲမှ မိတ်ဆွေ ရောင်းရင်းတွေက လစဉ်ဗေဒင်ဟောစာတမ်းမျိုး ရေးတင်ပါလို့ ပြောကြပါသည်။ ဒါပေမဲ့ ရ ရက်သားသမီးများအား တစ်လစာ ဗေဒင် ကြိုတင်ဟောရတာ အပြောလွယ်သလောက် တကယ့်ကို သေချာ ပြင်ဆင်ပြီး တွက်ချက်ရတဲ့ ယေဘုယျသီဝရီမျိုးပါ။ ဘယ်လောက်တော်တဲ့ ဗေဒင်ဆရာကြီးတွေဖြစ်ဖြစ် ရရက်သားသမီးတွေ တွက်ပေးပေး အလွန်းဆုံးမှန် (၆၀% – ၇၀%) ကြားထဲမှာပါပဲ။ ဂြိုလ်တွေရဲ့ လစဉ်သက်ရောက်အားကို ပျမ်းမျှတွက်ကြည့်ပြီး ဉာဏ်ကွန့်ပြီး တွက်ချက်ရတာပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့် မိသားစုရေး၊ စီးပွားရေးနှင့် အခြားအကြောင်းအရာတွေကြောင့် ကျွန်တော့်ရဲ့ (Willpower) တွေ ကျဆင်းနေတာ နှစ်လနီးပါးရှိနေပါပြီ။ ကျွန်တော့်ခေါင်းအုံးအောက်မှာ အမြဲထည့်အိပ်ပြီး ကျွန်တော့်ရည်းစားထက်တောင် ပိုနမ်းရှူံပေးနေတဲ့ ချစ်တဲ့ တားရော့ခ်ကတ်လေးတွေတောင် ကျွန်တော့်ကို မျက်စောင်းထိုးနေကြလေပြီ။ ပုံမှန် ကျင့်ကြံရမယ့် စိတ်လေ့ကျင့်ခန်းတွေလည်း မလုပ်တစ်ရက် လုပ်တစ်ရက်ပါ။ ပြီးတော့ ဗေဒင်လေ့လာတဲ့လူဟာ ဗေဒင်နဲ့ပတ်သက်တဲ့ စာအုပ်တွေကို အမြဲမပြတ်ဖတ်မှတ်နေရပါတယ်။ Practice သဘောမျိုးနဲ့လည်း အားနေရင် လူတွေကို လိုက်ပြီး ဗေဒင်တွက်ရပါတယ်။ တွက်စရာလူမရှိရင် ယခင်က နာမည်ကျော်များရဲ့ မွေးနေ့တွေကိုကြည့်ပြီး လိုက်တွက်နေရပြီး အမြဲတမ်း သံချေးမတက်အောင် တွက်နေရပါတယ်။ သဘောက တတ်ထားတာလည်း မမေ့အောင်၊ Update အမြဲဖြစ်နေအောင်ပါ။ သို့ပေမဲ့ ယခု ဒီဇင်ဘာလ ၁၂ရက်နေ့က ကျွန်တော့် မွေးနေ့ပါ။ ရွာထဲက ချစ်ခင်ရတဲ့ ရွာသူားအားလုံးကို ကျွန်တော့်မွေးလ ဒီဇင်ဘာလဖြစ်တဲ့ ဒီတစ်လကို ကျွန်တော် တတ်ထားတဲ့ ဗေဒင်ပညာကလေးဖြင့် ကြိုးစား တွက်ချက်ပြီး မွေးနေ့ အကြိုကျွေးမွေးလိုက်ပါတယ်ဗျာ။ ။ နေ့သားအလိုက် ယတြာတွေကို ယုံယုံကြည်ကြည် လုပ်ကြရင်း ဒီဇင်ဘာလ အေးချမ်းတဲ့ ဆောင်းရာသီလေးကို ကျွန်တော်တို့ အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်ကျော်ကြရအောင်လားဗျာ။

ခင်မင်လေးစားစွာဖြင့်

မြင်းတစ်ပိုင်းလူတစ်ပိုင်းနဲ့ ကိုရင်

တနင်္ဂနွေသားသမီးများ…….

ယခုလအတွင်းမှာ အဖက်ဖက်မှ အခွင့်လမ်းကောင်းတွေ ပေါ်လာမည်။ အလုပ်တွေ ချဲ့သင့် တိုးသင့် အရှိန်မြှင့်တင်သင့်တဲ့ အချိန်ပါပဲ။ ကံတရားက ကိုယ့်ကို မျက်နှာပေးတဲ့ ကိန်းဖြစ်ပါ တယ်။ ငွေရွှင်မယ် ရွှေကံကောင်းမယ် ။ အနုပညာအလုပ် ကား၊ ကျောက်၊ ကွန်ပျူတာ ၊ ကင်မရာ အလုပ်တွေမှာ အကျိုးအမြတ်များ နိုင်ပါတယ်၊ စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။ ကိုယ်တိုး တက် အောင်မြင် လာတဲ့အပေါ် မနာလိုအပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ တမင်ရန်စခံရတတ်တယ် ၊ အမှုပတ်တတ်ပါ တယ်။ ပြည်တွင်းပြည်ပ ခရီးများ မရေမရာ ဖြစ်တတ်ပါတယ်။ လက်အောက်ငယ်သားတို့ အကျိုးပေးမယ် ။ အိမ်ထောင်ရှင်များ စိတ်ဝမ်းကွဲ ရတတ်ပါတယ် ။ ချစ်သူရည်းစားများ သတင်းကောင်း ကြားရတတ်ပါတယ်။ ခရီးကောင်းကြုံမယ် ။ ထီဝါသနာပါပါ မပါပါ ၂၄အတွဲလိုက် ပူးပြီးစတဲ့ လက်မှတ်ကို ရအောင်ရှာပြီး ထိုးသင့် ပါတယ် ။ ဆီး၊ မျက်စိ၊ သွား၊ သွေး သတိထားပါ။

ယတြာ။ ။ ညံ့တာတွေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် လောကဝိဒူ ဂုဏ်တော်ကို ပုတီးလေးပတ် လေးရက် အဓိဌာန် နှင့် စိပ်လိုက်ပါလေ။

တနင်္လာသမီးများအတွက် ……..

ဒီလအတွင်းမှာ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ် ။ ပညာရေးကိစ္စ ၊ သင်တန်းကိစ္စ ၊ စာမေးပွဲကိစ္စတွေ အထူးကောင်းပါတယ်။စပ်တူကိစ္စတွေအောင်မြင်မယ်။စာချုပ်ချုပ်ရမယ့် ကိစ္စတွေလည်း အောင်မြင်မယ်။ ပြည်တွင်း ပြည်ပ ခရီးကောင်းများ ကြုံနိုင်တဲ့ အချိန်ပါပဲ ။ ငွေကံလည်းကောင်းနေမယ် ။ ဘာသာရေးလုပ်ငန်း ဘုရားဖူးလုပ်ငန်းတွေလည်း
ပေါ်လာနိုင်ပါတယ် ။ အလှူ အတန်း မင်္ဂလာကိစ္စတွေနဲ့ ပက်သက်ရတတ်ပါတယ် ။ လက်အောက်ငယ်သားကိစ္စ ၊ အထည် ၊ ထီး ၊ ဖိနပ် ၊ လျှပ်စစ်ကိစ္စ၊ အိမ်နေရာကိစ္စတွေမှာတော့ ဆန္ဒမစောသင့်ပါဘူး ။ လေထိုးလေအောင့် ၊ နှလုံး၊ ဒူး ၊ နား သတိထားသင့် ပါတယ် ၊ စက်ပစ္စည်း ၊ ဆိုင်ခန်း ၊ မြေ ၊ အမွေ ၊ဖုန်းကိစ္စ များ အကျိုးပေးေ အာင်မြင်နိုင်ပါတယ် ။ အိမ်ထောင်ရှင်များ ချစ်သူရည်းစားများ အဆင်မပြေမှုလေးတွေဖြစ်ပြီးမှ ပြေလည် သွား တတ်ကြပါတယ် ။ ထီဝါသနာပါရင်တော့ ၅၃ အတွဲလိုက် ရှေ့မှာစတဲ့ ထီနံပါတ်ကို ရှာပြီး ထိုးပါလေ။

ယတြာ။ ။ ညံ့တာတွေလေးတွေပျောက်ပြီး ကောင်းတာတွေ ပိုကောင်း လာစေဖို့အတွက် ဆွမ်းခံ ဘုန်းတော်ကြီးကို မုန့်ဟင်းခါးလောင်းလှူရင်း လိုရာဆုတောင်းပါလေ။

အင်္ဂါသားသမီးများ…..

ဒီလအတွင်းမှာ အဘက်ဘက်က ကံဇာတာ ပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေကို အရှိန်မြှင့်လုပ် သင့်ပါတယ်။ နေရာသစ် အစပြုခြင်းတွေလည်း ကောင်းပါတယ်။ ရပ်ဝေးပြည်ပ ခရီးကောင်းတွေကြုံမယ်။ ရပ်ဝေးက စာ၊ ငွေ၊ အဆက်အသွယ် အကူအညီတွေလည်း ရတတ်ပါတယ်။ မိတ်ရင်းဆရာရင်းတို့ရဲ့ အထင်အမြင်လွဲမှားခြင်းကိုတော့ ခံရတတ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ကား၊ အထည်၊ လျှပ်စစ်ကိစ္စတွေမှာ အနှောင့်အယှက် အထစ်အငေါ့များမယ်။ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ အသီးအနှံ၊ ခရီးသွား လုပ်ငန်းတွေ မှာတော့ အောင်မြင်မှုကြီးများ ရရှိနိုင်ပါတယ်။ သူတစ်ပါးရဲ့ပြဿနာမှာ ကြားညပ်ဖြေရှင်းရတတ်ပါတယ်။ စပ်တူကိစ္စများ မတင်မကျဆုံးဖြတ်ရခက် လိမ့်မယ်။ ဝမ်းဗိုက်၊ ဦးခေါင်း၊ အကြော၊ အဆစ် ကျန်းမာရေးသတိပြုသင့်ပါတယ်။ ချစ်သူရည်စား များ၊ အိမ်ထောင်ရှင်များ နားလည်မှု လွဲတတ်တဲ့ ကာလဖြစ်ပါ တယ်။ ထီဝါသနာပါရင် ၆၄ အတွဲလိုက်စတဲ့ ထီဂဏန်း ရှာပြီးထိုးပါလေ။
ယတြာ ။ ။ ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် အမျိုးသမီးကြီးများကို သရက်ယိုဒါနလုပ်ရင်း လိုရာဆုကိုတောင်းပါလေ။

ဗုဒ္ဓဟူးသားသမီးများ…………

ဒီလအတွင်းမှာ နာမည်ဂုဏ်သတင်း တက်စရာတွေကြုံမယ်။ ရာထူးနေရာ အခွင့်အရေးတွေ ကြုံရ တတ်ပါတယ်။ နိုင်ငံခြား လူမျိုးခြားကိစ္စတွေလည်း အကျိုးထူးမယ်။ ခရီးကောင်းတွေလည်း သွားရတတ် ပါတယ်။ အလှူမင်္ဂလာ အစီအစဉ်တွေ အောင်မြင်မယ်။ ကားတိုက်မှုတစ်ခုခုကို မြင်လိုက်၊ ပတ်သက်လိုက်ရတာနဲ့ ၇၂ အတွဲလိုက်စတဲ့ ထီဂဏန်းကို ချက်ချင်းထိုးသင့်ပါတယ်။ အထည် ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ၊ ကင်မရာလုပ်ငန်းတွေ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ အိမ်အဆောက်အဦကိစ္စလည်း အောင်မြင်မယ်။ စပ်တူကိစ္စ၊ ရွှေကိစ္စ၊ ငယ်သားကိစ္စ၊ မိသားစုကိစ္စေ တွအတွက်တော့ စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ငွေကိစ္စတွေ အောင်မြင်မယ် လုပ်ငန်းတွေ တိုးချဲ့သင့်ပါတယ်။ ချစ်သူရည်းစားများ အတွက် ကြည်နူးဖွယ်ရာများ အထူးကြုံတွေ့နိုင်ပြီး အိမ်ထောင်ရှင်များ အတွက်တော့ တကျက်ကျက်ဖြစ်ရတတ်တဲ့ ကိန်းမျိုးပါပဲ။ အာရုံကြော၊ ရင်၊ ဝမ်း၊ သတိထားပါ။
ယတြာ။ ။ ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ဘုရားတနင်္လာထောင့်မှာ တံခွန် ၉ လုံး လှူဒါန်းပြီး လိုရာဆုကို တောင်းပါလေ။

ကြာသပတေးသားသမီးများ……….

ဒီလအတွင်းမှာ စိတ်လေ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရတတ်ပါတယ်။ စိတ်ရှည်ရှည် ခေါင်းအေးအေးထားပြီး တိုင်တိုင်ပင်ပင် လုပ်သင့်တဲ့ ကိန်းဖြစ်ပါတယ်။ အထင်လွဲစွပ်စွဲ ခံရတာ၊ ပြဿနာ ကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။ နေရာထိုင်ခင်း အဆောက်အဦး ကိစ္စများ မတင်မကျဖြစ်နေမယ်။ ပြည်တွင်းခရီး၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှုအလုပ်တွေမှာ အလွဲအချော်များနေ မယ်။ မြေ၊ မွေ၊ ဖုန်း၊ ပညာရေး၊ အထည်၊ ထီး ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းတွေမှာတော့ တိုးချဲ့ပြီး လုပ်သင့်ပါတယ်။ အလုပ်တွေလုပ်ရပြီး ငွေမြုပ်နေတတ်တဲ့ ကိန်းမျိုးဖြစ်ပါတယ်။ ဝန်ထမ်း၊ ရာထူး၊ နိုင်ငံခြားကိစ ္စတွေမှာတော့ အထူး ကောင်းပါတယ်။ အိမ်ထောင်ရှင်များ ချစ်သူရည်စားများ အနေနဲ့ လမ်းခွဲရမတတ်ဖြစ်တာ၊ ခွဲခွာနေရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အကြောအဆစ်၊ အစာမှားဆေးမှား၊ သွား၊ သွေး၊ ကျန်းမာရေးသတိ ထားဖို့ လိုပါတယ်။ အထူးသဖြင့်ကတော့ စိတ်ကြောင့် ကျန်းမာရေးညံ့တတ်ပါတယ်။ ထီဝါသနာပါရင် (၅၇) ပူးနေတဲ့ဂဏန်းရှေ့ကထားပြီးထိုးပါ။
ယတြာ ။ ။ ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ဘုရားတစ်ဆူဆူရဲ့ စနေထောင့် မှာ ထီးဖြူ(၁၂) လက်လှူဒါန်းပြီး ဆုတောင်း လိုက်ပါလေ။

သောကြာသားသမီးများ…….

ဒီလအတွင်းမှာ အစစအရာရာ သတိကြီးစွာ ထားဖို့လိုပါတယ်။ ရန်ပတ်လည်ဝိုင်း သလိုဖြစ်နေ တယ်။ ပြဿနာကြီးတွေ တစ်ခုပြီး တစ်ခု ရှင်းနေရတတ်ပါတယ်။ ကိုယ့်ကိစ္စမဟုတ်ရင်လည်း သူတစ်ပါးကိစ္စမှာ ကြားညပ်တတ်ပါတယ်ု။ ဆီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ အစာအိမ်၊ ဒုက္ခပေးတတ်ပါတယ်။ ခရီးကံ အလွန်ကောင်းသောအချိန်ဖြစ်ပါတယ်။ အဝေးကလည်း အကူအညီကောင်းတွေ ရတတ်တယ်။ အိမ်ကိစ္စ၊ အဖိုးတန် ပစ္စည်း ဝယ်ရောင်းကိစ္စတွေ အောင်မြင်မယ်။ အိမ်ဆောက်ပစ္စည်း၊ အုတ်၊ သစ်၊ သံ၊ သွပ်၊ အသီးအနှံ၊ ရေထွက်ကုန်၊ ခရီးသွား လုပ်ငန်းတွေ အကျိုးပေးမယ့်အချိန်ဖြစ်ပါတယ်။ မြေ၊ မွေ၊ ဖုန်း၊ ပညာရေးကိစ္စများ ဆုံးဖြတ်ရခက်နေမယ်။ အိမ်ထောင်ရှင်များ အတွက် အိမ်ထောင်ဘက်ရဲ့ သတင်းကောင်း ကြားရတတ်ပြီး ချစ်သူရည်းစားများ အတွက်ကတော့ ဝေးလေကောင်းလေဆိုတဲ့ ကိန်းမျိုးဖြစ်နေပါတယ်။ ထီဝါသနာပါရင် (၁၆) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။
ယတြာ။ ။ ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ဘုရားတစ်ဆူဆူရဲ့ စနေထောင့်မှာ ထီးနိသက်စေ့ လှူဒါန်းပြီး ဆုတောင်းလိုက်ပါ။

စနေသားသမီးများ………

ယခုလအတွင်းမှာ မတင်မကျ ကိစ္စလေးတွေ များနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာလုပ်ရတော့မလို လိုတွေများနေမယ်။ ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအဝယ် ကိစ္စတွေများလည်း တေ့လွဲလေးတွေ လွဲနေ တတ်ပါတယ်။ ဘာမဆို ခေါင်းအေးအေးနဲ့ ဆုးံဖြတ်သင့်တဲ့ အချိန်မျိုုုးပါပဲစပ်တူ ကိစ္စစာချုပ် လုပ်ငန်းတွေ အောင်မြင်မယ်ဆိုင်သစ်၊ အိမ်သစ်၊ နေရာသစ်ကိစ္စတွေအောင်မြင်မယ်။အဖိုးတန် စက်ပစ္စည်း၊ အိမ်ထောင်ပရိဘောဂ တွေဝင်မယ်၊ မထင်မှတ်ဘဲနိုင်ငံခြား၊ လူမျိုးခြား အဆက်အသွယ် အကူအညီ ပေါ်လာ တတ်ပါတယ်။ အောက်လက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်တယ် အနီးကပ်လူရင်းထဲက သစ္စာဖောက်သွား တတ်တယ်။ အလှူမင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။ ခြေထောက် ၊ခါး ၊ဗိုက်ကျန်းမာရေး ဂရုစိုက်သင့်ပါတယ် အိမ်ထောင်ရှင်များ ပြေလည်မှုရပြီး ချစ်သူရည်းစားများ ဆွေမျိုး ဝင်ရှုပ်လာတတ်တယ် စကားတွေရှုပ်လို့ ရှင်းရတတ်ပါတယ် ထီထိုးမယ်ဆိုရင် 39တွဲလိုက်စတဲ့ ဂဏန်းဟာ သင့်ကိုအကျိုးပေးပါလိမ့်မယ်
ယတြာ။ ။ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်လာစေဖို့ အတွက်ညောင်ပင်အောက်မှာ အရှေ့တောင်ဘက်ကို လှည့်ပြီး အုန်းသီးစိပ် ၃စိပ်စားရင်းလိုရာဆုကိုတောင်းပါလေ။

 

 

13 comments

  • Moe Z

    December 9, 2011 at 5:03 pm

    အလကားဟောပေးလို့ ဖတ်သွားတယ်နော် 😛

  • လင်းဝေ

    December 9, 2011 at 5:23 pm

    ကိုရင်လေး ရာဟုသားသမီးများအတွက်ကော။
    ဗုဒ္ဓဟူး မှာပဲ အတူတူကြည့်ရမှာလား

    • ကိုရင်စည်သူ

      December 9, 2011 at 5:30 pm

      ဟုတ်ကဲ့.. ကိုလင်းဝေ
      ရာဟုကို ဗုဒ္ဓဟူးထဲမှာပဲ တူတူကြည့်လိုက်ပါ။
      အဆင်ပြေပါစေ… 🙂

  • meengelay

    December 9, 2011 at 5:25 pm

    ဟိဟိ အဲဒါပို့စ်ကို ဖေ့ဘုတ်မှာ ဖတ်ဖူးတယ်….. ရေးတာကတော့တစ်ယောက်ပါကွယ်…….

  • “ဘီလူးကြီး”ogre

    December 9, 2011 at 5:27 pm

    ကစီရေ
    ကျုပ်တော့ရန်သူတွေဝိုင်းနေပြီဗျို့
    ပြသနာတွေများဂျီးဘဲ
    ယတြာတော့သေချာလုပ်မှပဲ ကစီ…….ကျေးကျေးဗျာ…

  • inz@ghi

    December 9, 2011 at 5:31 pm

    လန့်ထာ စီစီရယ် ….

    အင်ဂျီးက အင်္ဂ ါ သားပါဗျ….
    မွန်နာမည် လေး တလုံး ရှေ့ကတပ်ထားတာဘာ….

    😛

  • MaMa

    December 9, 2011 at 6:03 pm

    ကိုရင်စည်သူှရေ-
    အသားလိုလို့ အရိုးတောင်းလိုက်တာ
    တတ်သည့်ပညာ မနေသာ ဆိုသလို
    ကိုရင်စည်သူ့ဆီက အသားရလိုက်ပြီ။ 🙂

  • windtalker

    December 9, 2011 at 6:52 pm

    ကိုရင်ရေ
    ထီပေါက်စဉ်ထွက်တိုင်း ဆုကြီးများကို သတိပြုမိခဲ့ရာမှာ
    ၁ အစ ၊ ၂ အစ ၊ ၃ အစ ဂဏန်းသေးများဖြင့် စသော ထီလက်မှတ်များမှ ဆုကြီးများ ကို ပေါက်တာများသည် ကို တွေ ့ရပါသည် ။
    ယခု ကိုရင် ၏ ဟောကြားချက်အရ
    မနက်ဖန်တွင် ၁၆ အတွဲနှင့်စသော ထီတစ်အုပ်လောက် ထိုးရပါဦးမည် ။
    ပေါက်ခဲ့လျှင်တော့
    ကိုရင်စူသီ တို ့အတွဲ ကို အီရတ် နှင့် အာဖဂန် ကြိုက်ရာ တစ်နိုင်ငံ သို ့ မေတ္တာဖြင့် အလည်အပတ် ခရီးပို ့ပေးမည် ဖြစ်ပါကြောင်း

  • meengelay

    December 9, 2011 at 8:09 pm

    အီဂျစ်ကိုပို့ပေးလိုက်ပါ အီဂျစ်မှာ ဆန္ဒပြနေတယ်လေ….. စေတနာတွေ စေတနာတွေ

  • super

    December 9, 2011 at 9:59 pm

    ကျနော်နေတဲ့နေရာမှာ သရက်ယိုရှိဘူးဂျာ၊ ဘယ်လိုလုပ်ရပါ့၊ 🙂

  • E.T

    December 10, 2011 at 3:47 am

    ကိုရင်စည်သူရဲ ့ Willpower ကျရတဲ့ အကြောင်းအရင်းလေး စိတ်ဝင်စားတယ်။ ဘာမဟုတ်တာတွေ လုပ်နေလို ့လဲ ဟင်။ ကိုရင်က တားရော့ခ်ကတ်လေးတွေကို ပိုနမ်းတယ် ဆိုတော့ နီလေး စိတ်ကောက်တော့မှာဘဲ 😛

  • small cat

    December 10, 2011 at 6:59 am

    ကိုရင်လေ့ကျင့်ဖို့အတွက် တွက်စရာလူမရှိရင် ရွာထဲက ဝါသနာပါသူများ ၊မွေးနေ့လရက် နာရီများပီအမ်နဲ့
    ပို့ပေးလိုက်ကြပါ၊ ကိုရင်ကတွက်ပြီးပီအမ်ပြန်ပို့ပါလိမ့်မယ်၊ ရမလားကိုရင်?

  • comegyi

    December 13, 2011 at 4:56 pm

    ကစည်သူရေ့ မှန်တယ်ဗျို့ မှန်တယ်
    ကျုပ်က အင်္ဂါသား ……..
    နောက်တစ်ခါတွေ့ဖြစ်မှ ကစည်သူကို ဝီပါဝါပြန်တက်လာအောင်လို့
    အေဘီစီနဲ့ ပလပ် မြန်မာစီပလပ် လုပ်ပြီး တိုက်မယ်နော.

Leave a Reply