ပထမတန်းစား လင်းလင်း
ဒီနေ့ မရည်ရွယ်ပဲနဲ့ ပွဲ တခုကို ရောက်သွားခဲ့ပါတယ်။ ကိုယ်နှစ်သက်တဲ့ အနုပညာရှင်တွေမို့လည်း သွားဖြစ်ခဲ့တာပါ။ ထူးထူးဆန်းဆန်း စရောက်ရောက်ချင်းမှာပဲ လက စကြတ်ပါတယ်။
နောက်တဖြည်းဖြည်းနဲ့ ကြတ်သွားတာ ပွဲပြီးမှ ပြန်လင်းလာခဲ့ပါတယ် ။ ဒါလေးက တိုက်တိုက်ဆိုင်ဆိုင် ကြုံတောင်ကြုံခဲ မြင်လိုက်ရတာပါ။
တခါကလည်း ကြယ်မိုးရွာမယ်ဆိုလို့ တညလုံး စောင့်ခဲ့ဖူးပါတယ်။ အဲ့ဒီညတုန်းကတော့ လေကြီးမိုးကြီးကျပြီး ကောင်းကင်တခွင်လုံး ပိန်းပိတ်အောင်မဲပြီး မှောင်နေခဲ့ပါတယ်။ ဒါကို ဇွဲက မလျှော့ဘူး ပေါ်လာနိုး ပေါ်လာနိုးနဲ့ပါ။ သူငယ်ချင်းတွေ ညီအမတွေနဲ့ တညလုံးတလှည့်စီစောင့်မယ်လို့ တိုင်ပင်ထားတာမှာ အိမ်က ညီမတွေက သူတို့ အရင်အိပ်နှင့်မယ် စောင့်နှင့်နော်လို့ ပြောပြီး လောကကြီးနဲ့ အဆက်ပြတ်သွားကြပါတယ်။ သိပ်မကြာခင်မှာပဲ သူငယ်ချင်းက သူအိပ်လိုက်အုန်ုးမယ် ဆက်စောင့်နေနော်ဆိုပြီး ချစ်စရာကောင်းစွာ ဖုန်းဆက်လာပါတယ်။ နောက်ခဏနေတော့ တဝုန်းဝုန်း တဒိုင်းဒိုင်းလေသံမိုးသံတွေ ကြားမှာ ကျမလည်း အိပ်မောကျသွားလို့ ဘာမှ မသိလိုက်ပါဘူး။ အဲ့ဒီတခေါက်ကတော့ ဘာပုံမှလည်း ဘယ်နေရာမှာမှ မမြင်လိုက်မိပါဘူး။ ဒီတခါတော့ ခါတော်မှီလေးပါ။ မှတ်မှတ်ရရပါ။
ရွာထဲမှာလည်း ပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကို တွေ့လိုက်ရပါတယ်။ ဒါလေးက ကြုံလို့ ပြောမိတာပါ။ ဆိုလိုချင်တာက တခြားပါ။
ဒီနေ့ ကြည့်မိတဲ့ ပွဲက တော့ ထုံးစံအတိုင်း ထူးမခြားနားပွဲ တွေထဲက တခုပါပဲ ။ သို့သော် မန ္တလေးသား လင်းလင်းကတော့ ထူးထူးခြားခြားလေး တခု လုပ်သွားပါတယ်။ ကျမ ကြုံဖူးသမျှထဲမှာ အနုပညာသည်တယောက်က ဒီလိုပွဲမျိုးမှာ ဒီလို ပြောတာကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပါ။ အမေစုရဲ့ ရှေ့ဆောင်လမ်းပြပြီး စည်းရုံးမှုတွေထဲ က သက်ရောက်လာတဲ့ အသီးအပွင့်တခုလို့ မြင်မိပါတယ်။
လင်းလင်းက သီချင်းတပုဒ်ကို စစချင်း ဆိုအပြီးမှာ ဒုတိယတပုဒ်အတွက် စကားတခွန်းပြောပါတယ။် ဟိုး……နံရံတွေနောက်မှာ ရှိနေသေး ကျန်နေသေး မလွတ်မြောက်နိုင်သေးတဲ့ ကျနော်တို့ ညီအကို မောင်နှမတွေအတွက် လွတ်မြောက်နိုင်ဖို့ ဆိုပြီး သူတို့အပေါ်မှာ အခုလက်ရှိအစို်းရရဲ့ မလွှတ်ပေးသေးတာကို ဖေါ်ပြချင်တဲ့ သဘောနဲ့ အရင်အတိုင်း မပြောင်းလဲသေးပါဘူး ဆိုပြီး သူ့သီချင်းတွေထဲက “မပြောင်းလဲသေးဘူး” ဆိုတဲ့ သီချင်းတပုဒ်ကို ဆိုပြပါတယ်။ လက်ခုပ်သံတွေ ညံနေတာပါပဲ။ ကျမလက်တွေလည်း အတော်လေး နာသွားပါတယ်။
သီချင်းစာသားတွေကလည်း အဓိပ္ပါယ် အပြည့်နဲ့ပါ။ နောက်တပုဒ် မဆိုခင်မှာ သူက ပြောပါသေးတယ် ကျနော်တို့ မန ္တလေးသူ မန ္တလေးသားများရဲ့ ကျုံးကြီးဟာ ခုဆိုရင် မန်းမြို့သူမြို့သားတွေနဲ့ ဝေးလို့ တစိမ်းတွေကြားမှာ အထီးကျန်နေပါပြီတဲ့ ။ ဒါကြောင့်မို့ သူက ကျုံးကြီးကို ပြောချင်တယ်တဲ့ ” နေတတ်သလိုသာနေပါတော့ ” ဆိုပြီး အဲ့ဒီသီချင်းကို ဆိုပါတယ်။ ကျမကိုယ်တိုင်လည်း သိပ်နှစ်သက်တဲ့ သီချင်းတပုဒ်ဟာ သူဆိုလိုတဲ့ ထိမိတဲ့ နာကျင်စရာ ကောင်းလှတဲ့ အမှန်တရားတခုကိုပါ မီးမောင်းထိုးပြလိုက်တဲ့အတွက် ညံလှတဲ့ လက်ခုပ်သံတွေ ကြားမှာ အားရပါးရ အားပေးခဲ့ပါတယ်။ တကယ့်တကယ် ရင်ထဲမှာတော့ ငိုချင်စိတ်ပေါက်သွားပါတယ်။
သို့သော် စိတ်မကောင်းတဲ့ ကြားကပဲ ဝမ်းသာမိတာတခုက အနုပညာရှင်တယောက်ရဲ့ တတပ်တအား အမျိုးသားရေးကို စိတ်ပါဝင်စားစွာ ခံစားပေးပြီး အကျိုးပြု သတိပေးခဲ့တဲ့အတွက်ပါ။ ဒါတွေကဒီအတိုင်းဖြစ်လာတာတော့ မဟုတ်ပါဘူး။ ကျမတို့ရဲ့ အရည်အချင်းရှိပြီး အမျှော်အမြင်ကောင်းလှသော လူထုဘက်က ရပ်တည်ပေးတဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ အမေစုရဲ့ စည်းရုံးနိုင်မှုတွေ မေတ္တာရပ်ခံမှုက နေ ပေါက်ဖွားလာတဲ့ အသီးအပွင့်တွေပါ။
အနုပညာသည်ဆိုတာ ပြည်သူတွေပေါ်မှာ အထိုက်အလျောက်တော့ ဩဇာ လွှမ်းမိုးနိုင်တယ် ဆိုတာထက်ပိုပါတယ်။ သူတို့ လို အနုပညာသည်တွေက ဒီလို တဖက်တလမ်းကနေ တတပ်တအား ပါဝင်လာမယ်ဆိုရင်လည်း ကျမတို့လို့ ပြည်သူတွေကို တထောင့်တနေရာကနေ အကျိုးပြုပါတယ်။ သို့သော် အနုပညာသည်တွေ အားလုံးတော့လည်း မပါဝင်နိုင်သေးဘူးပေါ့လေ။
ဒီနေ့ပွဲဆိုရင်လည်း ဆိုသူအများကြီးထဲကမှ သူတယောက်ပဲ ဒီလိုပြောပြီး ဆိုသွားတာပါ။ ဒီသီချင်းတွေကို ဒီလို ရိုးရိုးပဲ ဆိုရင်လည်း အားလုံးက အားပေးမှာပါပဲ ။ ဒါပေမဲ့ သူကတော့ သူစွမ်းတာလေးနဲ့ အဓိပ္ပါယ်ရှိအောင် ဖျော်ဖြေသွားပါတယ်။
နောက်ဆုံးသီချင်းတပုဒ်ဆိုအပြီးမှာ သူက ” ကျနော်တို့တွေ အားလုံး လိပ်ပြာသန့်သန့်နဲ့ကြောက်ရွံ့မှု ကင်းပြီး နှစ်ခြိုက်စွာ အိပ်မောကျနို်င်မဲ့ နေ့ တွေ အမြန်ဆုံး ရောက်ရှိလာပါစေလို့ ဆုတောင်းပါတယ်လို့ ” ပြောသွားပါသေးတယ်။
အဲ့ဒီအချိန်မှာ ပရိသတ်ရဲ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ သဘောကျနှစ်သက်မှုနဲ့ ခံစားမှုက တခြားသော အနုပညာသည်များကို နှစ်သက်သဘောကျပြီး အားပေးတဲ့စိတ်နဲ့ ခံစားမှုခြင်းကွာသွားပါတယ်။ ဒါမျိုးက စိတ်ပိုင်းဆိုင်ရာ မြင့်မားတဲ့ ခံစားမှုတမျိုးပါ။ သို့သော် ပရိတ်သတ်အားလုံးကတော့ သူပေးချင်တဲ့ သတင်းစကားကို ရချင်မှ ရပါလိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဆယ်ကျော်သက်လေးတွေကလည်း အများစုပါပြီး ၊ ပျော်ချင်တဲ့လူကလည်း အများစု ( ကျမကိုယ်တိုင်အပါအဝင်)ပါနေလို့ပါ။ သို့သော် မတော်တဆ ကျမလိုမျိုး သတိထားမိတဲ့ လူတွေ တဖြည်းဖြည်းများချင် များလာနိုင်ပါတယ်။ ကြယ်ငါးလေးတွေ ရေထဲ တကောင်ချင်း ပြန်ပစ်မိသလိုမျိုးပေါ့။
နောက်ကိုဘီလူးရေးတဲ့ ” အမဲတွေ့တုန်း ဓားမတုံးစေနဲ့ ” ဆိုတဲ့ စာစုထဲကလို ကျမတို့တွေရဲ့ မကောင်းလှတဲ့ အကျင့်စရိုက်များထဲက တခုဖြစ်တဲ့ အတိုင်း ရေသန့် ဗူးသေးလေး တဗူးကို ငွေ ၁ ထောင် ၊ ကော်ဖီတခွက် ငွေ ၁ ထောင်၊ ကားရပ်ခ ငွေ ၁ ထောင် ပေးခဲ့ရပါတယ်။ ဒါလေးတွေလည်း ဘယ်တော့ ပျောက်မလဲ မသိဘူးနော်။( စွယ်တော်လည်း သွားမဖူးရသေးလို့ အဲ့ဒီနားမှာလည်း ယာဉ်ရပ်နားခတွေများ ဘယ်လိုကောက်နေမလဲ မသိပါဘူး။)
အနှစ်ချုပ်လိုက်တော့ ဒီနေ့ က ကျမအတွက် ထူးခြားတဲ့ နေ့လေးတခု ဖြစ်ခဲ့ပါတယ်။ မဲမှောင်သွားတဲ့ လကြတ်တာကိုလည်း အစအဆုံး မြင်ခွင့်ကြုံလိုက်ပါတယ်။
သွားကြည့့်ဖြစ်တဲ့ ရှိုးပွဲတခုကနေ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတခုလည်း ရခဲ့ပါတယ်။
ကျမရင်ထဲမှာ နှစ်သက်တဲ့ အနုပညာသည်တွေရဲ့ နေရာတွေလည်း မသိမသာနဲ့ ပြောင်းသွားပါတယ်။ အရင်က မျိုးကြီးနဲ့ IC ၊ စိုင်းစိုင်းတို့ ဟာ ကျမ ရဲ့ ပထမတန်းစား နှစ်သက်သူများပါ။ ( ကိုယ်နှစ်သက်တဲ့ အနုပညာအား ကောင်းလှတဲ့ သူတို့တွေကိုလည်း ကော်ပီဆိုတဲ့ အရိပ်မဲကြီးအောက်က အမြန်ဆုံး လွတ်မြောက်ပြီး ကိုယ်ပိုင်ဖန်တီးမှုများနဲ့ နေရောင်အောက်မှာ တောက်ပနိုင်ပါစေလို့လည်း စိတ်ထဲမှာ ကျိတ်ပြီး ဆုတောင်းမိပါတယ် )
ဒီနေ့ ကျမရင်ထဲမှာ ပထမတန်းစား နေရာပေးပြီး နှစ်သက်မိသွားသူက လင်းလင်း ဖြစ်သွားပါတယ်။ သူ့ရဲ့ ပြောရဲ ဆိုရဲတဲ့ စိတ်ဓာတ်နဲ့ သတိ္တကိုလည်း လေးစားသွားပါတယ်။
နောက်တခုက အသက်ကြီးလာလေလေ အပေါင်းအသင်းကို ရွေးပြီး ဇီဇာကြောင်တတ်တဲ့ လွယ်လွယ်နဲ့ မိတ်ဆွေ မဖွဲ့ တတ်တဲ့ ကျမအတွက် အလွန်ခင်စရာကောင်းပြီး ပွင့်ပွင့်လင်းလင်းနဲ့ ခပ်ပေပေနေတတ်တဲ့ ကျမတို့နဲ့ အပြိုင် အာလူးဖုတ်နိုင် လေပေါနိုင်တဲ့ သူငယ်ချင်းတယောက်လည်း ဒီနေ့ နေ့လည်လောက်မှာ မထင်မှတ်ပဲ ကောက်ရလိုက်ပါတယ်။
ဒါလေးကလည်း ဒီနေ့ ရဲ့ မှတ်မှတ်ရရပါပဲ။
ကျမရဲ့ တောင်စဉ်ရေမရ ဟိုရောက်ဒီရောက်စာစုလေးကို ဆုံးအောင်ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ် ။
(ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ မနက် ၃ နာရီတောင် ရှိနေပါပြီ ။ မနက်မထနိုင်ရင် မားသားကြီးရဲ့ ကွိစိကွစနဲ့ ကြုံနိုင်တာမို့ အိပ်လိုက်ပါအုန်းမယ်)
31 comments
inz@ghi
December 11, 2011 at 9:35 am
အားပေးသွားပါသည် မမပုချ်ခင်ဗျား
စကားမစပ်…..
ကျနော် ဖတ်မိသလောက်ဆို အမေစုရဲ့ ပညာဒါန စတိတ်ရှိုးမှာ ဝင်ဆိုမယ့်
ဘန်း တွေထဲမှာ လက်ရှိ ဂီတလောက ရဲ့ အအောင်မြင်ဆုံး ဘန်းန် မပါဘူးပဲ….
အော် …မအားကြလို့ဖြစ်မှာပါ(ဝင်ဖွသွားပါသည်)
pooch
December 11, 2011 at 3:07 pm
အားလုံးက တော့ ဆန္ဒရှိကြမှာပါ .. အကျိုးအကြောင်းမတိုက်ဆိုင်လို့ ဖြစ်မှာပါ..လို့ ဖော့တွေးကြရအောင်ပါ…မစ္စတာ ဂျီးနီးရပ်စ် ရယ် …
inz@ghi
December 11, 2011 at 3:23 pm
ကျနော်က ဂျီးနီးယက်စ် မဟုတ်ပါဘူးဗျာ..
အဲ့အဖွဲ့ က နာဂစ်မှာ လှုပ်ရှားပေးခဲ့တာတွေရော …အောက်က အစ်မတော်တယောက်
မန့်ထားသလို ဖော်ပြခဲ့တာတွေရော …. ကျနော် တို့ သိထားမင့်ပဲကိုး…
ဒါနဲ့ ..စကားမစပ် ကိုလေး ရဲ့ ပါဝါ ဆိုတဲ့အခွေတုန်းက ….
၂မျိုးခွဲထုတ်ရတယ်ဗျ …သတိထားမိလားမသိဘူး..
စစချင်းထွက်တော့ နာမည်က ပါဝါ-၅၄… ဆင်ဆာက လွတ်သွားတယ်ထင်တယ်…
ကိုလေးကတော့ သူ့သီချင်းအပုဒ်ရေ ၅၄ပုဒ်မြောက်ပြည့်လို့ ၅၄ လို့ပ်တယ်ပြောတာပဲ
အမေစု အိမ်နံပါတ်နဲ့ တိုက်ဆိုင်နေတာကတော့ ကျနော်လည်းမသိ…
အဲ့ နောက် ကာဗာ ဒီဇိုင်းမှာလား သီချင်းစာအုပ်မှာလား ..မသိဘူး ..နာရီပုံ၁ပုံပါတယ်…
အဲ့သည့်နာရီက ၉နာရီ၁၅ လို့ပြနေတယ်… အဲ့တလော အန်တီစု ပြန်လွတ်တဲ့အချိန်ကို
ဖော်ပြတာလို့ ပြောကြတယ်..
အဲ့လာနဲ့ …ကွိုင်တွေတက်တော ့….. ၅၄ကိုဖြုတ်ပြီး …ပါဝါဆိုပြီး ပြန်ထုတ်ပေးရတယ်..
ပါဝါ-၅၄ တုန်းက အပြာရောင်ဒီဇိုင်းတွေနဲ့ ပါဝါ ဖြစ်သွားတော့ အဖြူတွေဗျ….
အခွေတခွေကို နာမည်ပြောင်း ဒီဇိုင်း ကာလာပြောင်းပြီး ….ထုတ်ရတာ
မြန်မာ့တေးစီးရီးလောကမှာ သည်တခုဘဲ ရှိမည်ဟု ထင်မိပါသည်…
(ဟိုဆြာလေး တခွေတည်းကို အရောင်မျိုးမျိုးခွဲထုတ်ပြီး ထွင်တာ ထည့်မတွက်ကြေးဆိုရင်ပေါ့)
ချာတိတ်ဘဝ က ကိုယ့်ပိုက်ပိုက်နဲ့ကိုယ် ဝယ်သိမ်းဖြစ်တဲ့ ထိပ်ဆုံးအခွေတွေထဲက
၁ခွေမို ့ မှတ်မိနေတာပါဗျား…..
ခင်တဲ့
Inz@ghi…
pooch
December 11, 2011 at 4:03 pm
အဲ့ဒါတွေ အပြင် စင်ပေါ်မှာ ကြက်ဆူပင် အကြောင်းပြောမိလို့လဲ ခဏတာ ဆိုခွင့် အပိတ်ခံရသေးတယ်လို့လဲ ကြားမိပါသေးတယ် ….
ဒါနဲ့ ခုပြောတဲ့ ဂျီးနီးယက်စ် အဖွဲ့အကြောင်းဘာမှ မသိဘူးရယ် …….
ဟိုတနေ့ က inspiration နဲ့ genius အကြောင်း ပြောမိလို့ ခေါ်မိသွားတာ …. 😛
Foreign Resident
December 11, 2011 at 10:46 am
” ကျမရင်ထဲမှာ နှစ်သက်တဲ့ အနုပညာသည်တွေရဲ့ နေရာတွေလည်း မသိမသာနဲ့ ပြောင်းသွားပါတယ် ”
အနှစ်ပါတဲ့ Post လေးပါ Pooch ရေ ။ Bravo ပါ ။
အဘ လည်း လင်းလင်း ရဲ့ သီချင်း တွေကို နားထောင်ကြည့်ဦးမှပါပဲ ။
မန္တလေးသူ မန္တလေးသားများရဲ့ ကျုံးကြီး နှင့် ပါတ်သက်လို့ကတော့ ၊
မန္တလေး ကို အသိမ်းခံလိုက်ရတာကို စိတ်မကောင်းပါဘူး ။
ကိုယ်ချင်းလဲစာပါတယ် ။
ဒါပေမယ့် ၊
အဘ ကိုယ်တိုင်ကလည်း တရုတ် တစ်ယောက် ဖြစ်နေတော့ကာ —-
ပြောချင်တာကတော့ ။
တရုတ်တွေက မြန်မာပြည်မှာ အခွင့်ထူးလဲ မရခဲ့ပါဘူးကွယ် ။
အဘ တစ်သက်တာလုံး အဖိနှိပ်ကြီးပဲ ခံခဲ့ရတာပါကွယ် ။
တရုတ်တွေက မန္တလေး ကို မတရား အနိုင်ကျင့် သိမ်းသွားတာတော့ မဟုတ်ပါဘူးကွယ် ။
မြန်မာတွေ ညံ့လို့ ပျင်းလို့ ဆင်းရဲရပြီး ငွေနှင့်ပေါက်ပြီး အဝယ်ခံလိုက်ရတာပါ ။
မြန်မာတွေ မညံ့တဲ့ မပျင်းတဲ့ အချိန်ကြရင် ပြန်ဝယ် နိုင်ပါတယ်ကွယ် ။
ကြိုးစားကြပေါ့ကွယ် ၊ မှီနိုင်ပါသေးတယ် ။
ကြောင်ကြီး
December 11, 2011 at 12:06 pm
တရုတ်တွေ မန်းလေးကို ငွေနဲ့သိမ်းသွားရခြင်းမှာ သူတို့က တရုတ်ပြည်ကလာတယ်၊ ငွေအရင်းအနှီးပါတယ်၊ လုပ်ငန်းအဆက်သွယ်ရှိတယ်။ သူတဲ့ဝင်လာစ အချိန် ၁၉၉ဝခုနှစ်အစောပိုင်းတွေမှာ မြန်မာတွေ ငွေကြေး၊ အသိပညာ၊ အတတ်ပညာ၊ အဆက်အသွယ် ဘာမှအဆင်သင့် မဖြစ်သေးဘူး။ မန်းလေး မပြောနဲ့ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံမှုများတဲ့ ရန်ကုန်သားတွေတောင် မျက်စိနား မပွင့်သေးဘူး။ ပိုဆိုးတာ စစ်အစိုးရက သတင်းဆက်သွယ်မှုနည်းပညာကို ပိတ်ဆို့ထားတယ်၊ မျက်စိနားဖွင့်ပေးမဲ့သူတွေကို နှိပ်ကွပ်ထားတယ်၊ ဝင်လာတဲ့တရုတ်တွေနဲ့ ပေါင်းရိုက်စားတယ်။ ဒါက အပြင်လူဖက်အမြင်နဲ့ပြောတာပါ။ 🙁
စစ်ဗိုလ်များဖက်က အမြင်နဲ့ပြောကြည့်ရင် သူတို့မှာ လက်နက်၊ အာဏာရှိတယ်၊ အခြေအနေကို ကောင်းစွာထိန်းချုပ်နို်င်တဲ့ အနေအထားရှိတယ်။ သို့သော် တိုင်းပြည်ကို ဘယ်လိုဖွံ့ဖြိုးအောင် လုပ်ရကောင်းမှန်းမသိဘူး။ ဒေသဆိုင်ရာအဆင့်မှာဆိုလဲ သက်ဆိုင်ရာ စစ်တိုင်းမှူးများ ပိုဆိုးပါလိမ့်မယ်။ ဒါကိုသိတဲ့ တရုတ်က ချက်ကောင်း ဝင်နေရာယူတယ်။ 😡
သိထားသလောက် ဝင်လာတဲ့တရုတ်များမှာ အမြင်နှစ်မျိုးပါတယ်။ တမျိုးက သူတို့ပိုင်ဆိုင်မှုတွေအတွက် အဲဒီအချိန်က အရင်းရှင်စီးပွားရေးစနစ် အရသာကို သေချာမသိသေးတဲ့ တရုတ်ကူမြူနစ် အစိုးရကို စိတ်မချဘူး။ နောက်တမျိုးက လူရည်လည်သူတွေ။ (ယူနန်ပြည်နယ် အရာရှိများကိုယ်တိုင် အားပေးအားမြောက် ပြုကောင်းပြုခဲ့ပါလိမ့်မယ်) သူတို့နေထိုင်ရာ ယူနန်ပြည်နယ်နဲ့ အနီးအနားတဝိုက်ထက် မြန်မာပြည်မှာ အခွင့်အလမ်းရှိတာ သိတယ်။ ရှန်ဟဲဆိပ်ကမ်းမြို့လို မျိုးမှာနေသူတရုတ်များ မြန်မာပြည်လာ စီးပွားရှာတာ ရှားပါလိမ့်မယ်။ သွားမယ့်သွား ဟောင်ကောင်၊ မကာအိုတို့ကို သွားမှာပေါ့။ စီးပွားရေးအကြောင်း မသိသေးတဲ့ မြန်မာတွေကို တံခါးဖွင့်ဖွင့်ခြင်းဝင်လာတဲ့ တရုတ်များ ဆရာလုပ်တယ်။ အဲဒီအချိန်မှာ မြန်မာပြည်ရှိ ကုန်ဈေးနှုန်း၊ မြေယာ၊ စရိတ်စကများ မကြီးသေးဘူး။ သူတို့မှာရှိတဲ့ အရင်းအနှီးနဲ့ ကောင်းကောင်းလုံလောက်တယ်။ မလုံလောက်လဲ ချေးငှားလာ၊ ပိုင်ဆိုင်မှုများ ရောင်းချလာလို့ အဆင်ပြေတယ်။ မြန်မာထဲမှာ သိသူတတ်သူ မရှိသေးဘူး။ သမားရိုးကျ စီးပွားရေးအမြင်ပဲရှိတယ်။ တရုတ်များက စစ်အစိုးရအပေါ် အပြည့်ပုံအောတယ်။ သူတို့မှန်းတဲ့အတိုင်းလည်း ဖြစ်တယ်။ အကယ်၍များသာ စစ်အစိုးရ နှစ်ပိုင်းအတွင်းပြုတ်ရင် တရုတ်များ ဖျာလိပ်ပြည်တော်ပြန်ရမှာပါ။ 😆
ရင်းနှီးမြှုပ်နှံမှု အသုံးအနှုန်းနဲ့ပြောရင်တော့ စွန့်စားရတာများရင် အမြတ်အစွန်းများမယ် ဒါမှမဟုတ် အရင်းနည်းနည်းနဲ့ အမြတ်ကြီးကြီး စားရမယ်။ တရုတ်ငွေယူလာတဲ့ ပေါက်ဖော်များအဖို့ မြန်မာပြည်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကောင်းကောင်းတတ်နိုင်တယ်။ ငွေရှိသူများကြတော့ ကျောက်တွင်းလိုမျိုး အချီကြီးဆင်းကိုင်တယ်။ ဆိုရှယ်လစ်စနစ်ခြင်း တူပေမဲ့ တရုတ်ပြည်က အတက်၊ မြန်မာပြည်က အကျ (ကျသမှအဝီစိနားကပ်နေတဲ့အကျမျိုး) ဒီတော့ အသာစီးရနေတဲ့ ငွေလဲလှယ်နှုန်းနဲ့ လုပ်ငန်းတခုစဖို့ လုံလောက်တဲ့ မြန်မာငွေအရင်းအနှီး ရနေပြီ။ မြန်မာတွေကြတော့ ငွေမရှိတဲ့ကြားထဲ အဆက်အသွယ် ချို့တဲ့တယ်။ အကြွေးရောင်းပေးမဲ့ သူမရှိဘူး၊ အစိုးရက အင်တာနက်လို ဆက်သွယ်ရေးမျိုးတွေ ပိတ်ထားလို့ ကိုယ်တိုင်ကိုယ်ကျ တရုတ်ပြည်ထဲသွားဝယ်မှ အဆင်ပြေတယ်။ နို့မို့ရင် ပစ္စည်းဝယ်တာတောင် ရောင်းသူတရုတ်များကို ကြောက်နေရတယ်။ မြင်အောင်ပြောရရင် ရန်ကုန်မှာ တိုက်ခန်းပိုင်သူတယောက် ဘာကောင်မှ မဟုတ်ဘူး။ သို့ပေမဲ့ တိုက်ခန်းရောင်းပြီး ရလာတဲ့ သိန်းဂဏန်းနဲ့ နယ်မြို့သွားရင် သူဌေးဖြစ်တယ်။ 🙂
ဒါဆို မသွားတဲ့ မြန်မာတွေ ညံ့တာပေါ့လို့ စောဒက တက်နိုင်တယ်။ မှန်သင့်သလောက် မှန်ပေမဲ့ ပြန်ချေပရရင် (၁) ဆိုရှယ်လစ် စီးပွားရေးအောက်မှာ မြန်မာတွေ ကုန်းကောက်စရာ မရှိအောင် မွဲနေတယ် (၂) စီးပွားရေးမလုပ်တတ်ဘူး (၃) ပိုဆိုးတာ ကုန်သွယ်ဖို့ အခွင့်အလမ်း မရှိဘူး။ တရုတ်တွေ ကြီးပွားတယ်ဆိုတာ နယ်စပ်ကုန်သွယ်ရေးလမ်း ပွင့်နေလို့၊ အဲဒီကနေ အခြေခံပြီး လမ်းဆက်ထွင်သွားတာ။ မြန်မာတွေ ငွေထုပ်ပိုက် နယ်ဆင်းရင် ဘာသွားဝယ် ရောင်းလုပ်မှာလဲ။ ပိုင်ရာဆိုင်ရာ အဆက်အသွယ်မရှိသူများ လုပ်နိုင်ဖို့ဖွင့်ထားတာ နယ်စပ်ကုန်သွယ်ရေးတခုပဲ ရှိတယ်။ ဖြစ်သင့်တာ အဲဒီတုန်းက အစိုးရကနေ ပေါ်လစီချပြီး ကိုယ့်နိုင်ငံသားများကို မြေတောင်မြောက်ပေးရမှာ။ ဒါပေမဲ့ စစ်ဗိုလ်ကြီးများ မလုပ်တတ်ဘူး၊ စိတ်မရှည်ဘူး။ မရှည်ဆို ကိုယ့်နိုင်ငံသားတွေကို ပျိုးထောင်ပေးနေရင် အူစိုဖို့ အခွင့်အလမ်းနဲတယ်၊ ဒါက ပုဂ္ဂိုလ်ရေးပိုင်း။ 👿
နောက်တပိုင်းက အစိုးရပေါ်လစီကိုယ်၌က တရုတ်ကို မှီနေရတာ။ သူတို့အတွက်တော့ လက်နက်ဝယ်ဖို့၊ သံတမန်ရေး အကာကွယ်ရဖို့ ထိုးကျွေးလိုက်တဲ့ နယ်ရုပ်ဖြစ်တယ်။ နောက်တချက်က အစိုးရကိုယ်တိုင်က ငွေမရှိဘူး၊ တရုတ်တွေဝင်လာမှ လိုအပ်နေတဲ့ အရင်းအနှီးရမှာ။ (ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီကုလားတွေကျတော့ တပြားမှမပါတဲ့အပြင် ကိုယ့်ဆီကတောင် ပြန်လှီးတာမို့ အတော်ကွာတယ် ပြောရမယ်) ဒါနဲ့ပဲ တရုတ်များ ခြေကုပ်ရတယ်၊ နဂိုကထဲက စီးပွားရေးသွေးပါသူ၊ လုပ်ချင်ကိုင်ချင်စိတ် ရှိသူများမို့ တဟုန်ထိုးကြီးပွားလာတယ်။ သို့သော် ကြိုးစားတာ တခုထဲလို့တော့ လာမပြောနဲ့။ မြန်မာတွေမှာ မရှိတဲ့ အရင်းအနှီး၊ မြန်မာတွေ ရခွင့်မရှိတဲ့ အဆက်အသွယ် အခွင့်အလမ်းများနဲ့ ခုန်ပျံကျော်လွှားသွားတာ။ ရှေးတရုတ်တွေလို ဟိုးအောက်ခြေက စလာဖို့ မလိုဘူး။ အဲဒီအချက်ကပဲ လက်သစ်တရုတ်များနဲ့ လက်ဟောင်းတရုတ်များလို့ မြန်မာတွေ အမြင်မှာ ကွဲပြားသွားစေတယ်။ လက်ဟောင်းတရုတ်များအနေနဲ့လည်း အသစ်ဝင်လာသူများကို မယှဉ်နိုင် နောက်ကျကျန်ခဲ့လို့ မကျေနပ်စိတ်များ ဖြစ်စေတယ်။ လည်ဝယ်သူ လက်သစ်တရုတ်များကတော့ သူတို့သားသမီးများကို (အချို့ဆို လူပျို၊ အပျို ဖြစ်ပြီးမှရောက်တာ) လက်ဟောင်းတရုတ်များ၊ တရုတ်သွေးစပ်သူများနဲ့ နေရာချထားပေးတယ်။ သွေးနှောကြတယ် ဆိုပါစို့။ ဒီအချက်ကို ကြိုဆိုရမယ့် အချက်လို့မြင်တယ် (လက်ဟောင်းတရုတ်မလေးတွေ ဒီကောင်တွေနောက် ပါကုန်တာတော့ သိပ်ဝမ်းနဲဒယ် 😥 )။
ဩဇီဦးဖောပြောသလို မြန်မာတွေ လိုက်လို့ ပြန်ဝယ်ဖို့ မှီနိုင်ပါအုံးမလား။ အရှိန်ရနေတဲ့ ကားတစင်းကို အခုမှ ဖုတ်ဖတ်ခါထ စက်နှိုးပြီး တလိမ့်ခြင်းထွက်နေတဲ့ကား နှစ်စင်မြင်ကြည့်ပေါ့။ ရမလားလို့။ ဒါဆို ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလား။ ဖြစ်နိုင်ပါတယ်၊ သို့ပေမဲ့ ကားလဲရမယ်၊ သို့မဟုတ် အနည်းဆုံးတော့ အင်ဂျင်ချ overhaul လုပ်ရမယ်။ အီကောနောမစ်မှာ diminishing of return သီအိုရီရှိတယ်။ ဘယ်လောက် တက်နေပါစေ၊ ကြာလာရင် နေရာတခုရောက် အပြီးမှာ တဖြည်းဖြည်းနဲ့ အစွန်းထွက်တန်ဖိုး marginal value ကျသွားရတယ်၊ အမြင့်ဆုံးအမှတ်ရောက်ပြီးရင် ပြန်ဆင်းရတယ်။ တော်သူများကတော့ အတတ်နိုင်ဆုံး ကြာကြာစံနိုင်ဖို့ အားထုတ်တယ်။ တရုတ်ကြီးရော ဘာကောင်မိုလို့လည်း၊ သူလည်း ဒီပုံစံခွက်ထဲမှာပဲ ရှိရမှာပေါ့။ မြန်မာတွေအတွက် တခေတ်ဆန်းချိန်ရောက်နေပြီဆိုရင် အဲဒီ အီကော်နောမစ်သီအိုရီအရပဲ အစပိုင်းမှာ အရှိန်နှုန်းကြီးမားစွာနဲ့ ဆုံမှတ်တခုမရောက်ခင်အထိ တက်ခွင့်ရမယ်။ နည်းမှန်လမ်းမှန်နဲ့ကြိုးစားကြရင် (အစိုးရဖက်က အခွင့်အလမ်းများ ဖော်ဆောင်ပေးဖို့၊ လမ်းကြောင်းများ ပိတ်မထားဖို့ လွန်စွာအရေးကြီးတယ်) ကြောင်ကြီး အိုမင်းမစွမ်း မဖြစ်ခင် တရုတ်မလေးပေါင်း၅၀ဝကို ဘေးတဖက်စီထားပြီး လောကစည်းစိမ်ခံစားရအုံးမယ်လို့ ကောင်းစွာယုံကြည်ပါတယ်။ မိတ်ဆွေတို့လည်း ယုံကြည်လိုက်ကြစမ်းပါ။ ကျုပ်တို့ရဲ့ သမိုင်းကြွေးကို တရုတ်ရွေးပြီးဆပ်မယ်…. ယေး…….. အရေးတော်ပုံကြောင်ရမည်…။ 😎
pooch
December 11, 2011 at 3:31 pm
ဦးကြောင်ရဲ့ တဖက် ၅၀ဝ စီထားချင်တဲ့ စည်းစိမ်လည်း ပြည့်ဝပါစေ။
အရေးတော်ပုံလည်း ကြောင်ပါစေလို့( အဲလေ ယောင်လို့ ) အောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်.. …. 😛
TTNU
December 12, 2011 at 12:14 am
ကို ကြီးကြောင်…
တော်တယ်ကွာ။ အဲဒီအတိုင်း တီချာပြောချင်နေတာ။ ပြောမတတ်လို့။
ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးနေတာပဲ။
အကြိမ် တစ်သောင်း အလေးပြုတယ်ကွာ။ ဒါပဲ။
inz@ghi
December 12, 2011 at 12:29 am
ကောင်းပြီဗျာ …သည်အရေးတော်ပုံမှာ ဂီဂီ လည်းပါမယ်…
ဂီကတော့ ၅၀ဝ မလိုဝူး တယောက်ပဲ …ရဘီ တော်လောက်ပီ…
ခစ်ခစ်….
ကိုယ့်မိဘ မချမ်းသာတာ ကိုယ့်အပြစ်မရှိဘူး ..
ကိုယ့် ယောက္ခမ မချမ်းသာတာ က ကိုယ် ၆၃မကျလို့
ဆိုတဲ့ ဝါဒ ကို လက်ကိုင်ထားတဲ့ …..အမျိုးကောင်းသား ..မွန်-ဗမာ လေးပါခည…
သမိန်ဗရမ်း လို ရဲရင့်ပြီး လက်ဝဲ သုန္ဒရ လို နှလုံးရည်ပြည့်မယ့်
ဂီဂီလေးကို အမြန်ဆက်သွယ်ပါမှ တော်ကာကျမယ် ….တရုတ်ယောက္ခမကြီးတွေရေ့…..
အင်ဂျင် အိုဗာဟောလည်းမချ…ဘော်ဒီလည်း မကိုင်ဘဲ
ဖာရာရီ ဝယ်စီးပီး အမှီလိုက်မယ့် …
ဖရန်ချက်စကို ဖာရာရီ…..
😀
pooch
December 11, 2011 at 3:25 pm
အဘဖောကို လွမ်းနေတာ ခုမှပဲ မြင်ရတော့တယ် ..အတော် ပျော်ခဲ့ရဲ့လား မြန်မာပြည်ခရီးစဉ်တွေမှာ …
ရွာသားတွေက အဘဖော ကို မေးစရာမြန်းစရာတွေရှိလို့ သူတို့တွေလည်း သတိရနေကြတယ် ပြောတယ်… .. ( ဘာတွေများ မေးချင်မြန်းချင်သလဲ မသိပါဘူး)
အဘဖောရေ ခုဆို ဘယ်သူ့ ကိုမှ လက်ညှို်း ထိုးချင်စိတ်မရှိတော့ပါ ဘူး..
ကိုယ့်အားနည်းချက် ကိုယ်မြင်နိုင်အောင်လုပ်ပြီး ရှေ့လျှောက် ပြင်နိုင်အောင် ကြိုးစားဖို့ ရယ် လိုချင်တာတွေ ရအောင်ယူတတ်ဖို့ နဲ့ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သိနိုင်မြင်နိုင်အောင် ကြိုးစားဖို့ပါပဲ ….
ရှေ့ကို ဘယ်လိုကောင်းအောင် လုပ်ရမလဲပဲ စိတ်ပိုဝင်စားလာပါတယ်..ဒါပေမဲ့ ဒီလို ပြောတာလေးတွေ ကြားရတဲ့အခါ မှာတော့ စိတ်ထဲ ဝမ်းနည်းတာပေါ့….. 🙁
အမေစုကလည်း ဆုံးမထားတယ်လေ အားလုံးကို..
ဒီတော့ပစ္စုပန်မှာပဲ အကောင်းဆုံးတွေ ဖန်တီးပြီး အနာဂတ်ကို မျှော်လင့်ကြရအောင်ပါ..
windtalker
December 11, 2011 at 11:11 am
“အလွန်ခင်စရာကောင်းပြီး ပွင့်ပွင့်လင်းလင်းနဲ့ ခပ်ပေပေနေတတ်တဲ့ ကျမတို့နဲ့ အပြိုင် အာလူးဖုတ်နိုင် လေပေါနိုင်တဲ့ သူငယ်ချင်းတယောက်လည်း ဒီနေ့ နေ့လည်လောက်မှာ မထင်မှတ်ပဲ ကောက်ရလိုက်ပါတယ်။ ”
ဆိုတာ ဘယ်သူများပါလိမ့်….. ။ ခပ်ပေပေ ဆိုတဲ့ ဂုဏ်ပုဒ်ကို စိတ်ဝင်စားလို ့ပါ
လင်းလင်း က အခုလို ပွင့်ပွင့်လင်းလင်း ၊ သူ ့သဘောထားကို ဖော်ထုတ်သွားတာ ဆိုတော့ တစ်ကယ် လေးစားစရာပါဘဲ ။
ကျုပ်တို ့ကြိုက်နှစ်သက်သော ကော်ပီရော့ခ်ဆရာကြီး တွေဖြစ်တဲ့ လေးဖြူ တို ့အငဲ တို ့ဆိုရင်လဲ ၊ သူတို ့သီချင်းစာသားတွေထဲမှာ ၊ သဘောထားတွေ ပါနေတယ် လို ့ထင်မိပါတယ် ။
pooch
December 11, 2011 at 3:35 pm
နာမည်လေးများတိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါအေ…
Yin Nyine Nway
December 11, 2011 at 12:55 pm
ဟုတ်ပါတယ်…. လေးဖြူဆို ပါဝါစီးရီးမှာ ပေါ်တင်ကြီး
အဖေထားခဲ့တဲ့ မြေပုံလမ်းပြကွန်းပက်စ်လေးနဲ့ဆိုတာ လဲ အသိသာကြီးလေ
ဒီပုတ်နဲ့ ဒီပဲနဲ့ အဟုတ်ကြီးကို လက်ခုပ်တီးတယ်
ဒီဇာတ်နဲ့ မနေတက်တော့ အဆဲခံရမယ်ဆိုတဲ့ ကိုမျိုးကြီးလဲ ပြောရဲဆိုရဲတွေပါ
လက်ရှိအခြေအနေထက်ဆိုးတဲ့အချိန်မှာတောင်
ကိုလေးက အမျိုးတွေဆို တယောက်မှမကောင်းဘူးလို့ ပေါ်တင်ကြီး ပြောသွားတာ ကို
အိုင်စီ 15နှစ်မှာ ကြားခဲ့ဖူးပါတယ်
သူတို့လည်း သူတို့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ မကျေနပ်ချက်ရှိတယ်ဆိုတာ
သိသာပါတယ်
ကော်ပီလဲ ကော်ပီအလိုက် အားထုတ်မှုရှိတယ် လို့တော့ထင်ပါတယ်
အတုက လိုက်တုကြည့်လို့ရပေမဲ့ ရအောင်ပုံစံတူအောင်လိုက်လုပ်ဖို့ကျတော့ကောပေါ့
ပြောချင်တာက ကော်ပီဖြစ်ဖြစ် အုန်းကျွန်း ဖြစ်ဖြစ် ကြိုစားမှုလေးတခုပါပဲ
ဒီလူဆိုခဲ့ပေမဲ့ ပြန်ဆိုတေးမှ ထပေါက်သွားတဲ့ သီချင်းတွေ အများကြီးပါ
ဒီလိုပဲ အုန်းကျွန်ဆိုပြီး သံစဉ်တွေ ထပ်နေ
သံစဉ်ကြားတာနဲ့ ဘယ်သူရေးတယ်ဆိုတာ သိသာနေတဲ့ သီချင်းတွေလဲ အများကြီးပါ
တကယ်တမ်းပြောရရင်တော့
ပြောရဲဆိုရဲတာကိုလည်း ချီးကျူးတယ်
ပြောရဲဆိုရဲ ခဲ့တာကိုလဲချီးကျူးတယ်
လိုက်ခိုးပြီးရေးနိုင်ဆိုနိုင်တာလဲ ချီးကျူးတယ်
ကိုယ်တိုင်တီထွင်ပြီး ရေးနို်င်တာကိုလဲ ချီးကျူးပါတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ အခုချိန်မှာ အားလုံးလုပ်လို့ရနေပြီလို့တော့ထင်ပါတယ်
လင်းလင်းကိုတော့ အပြင်မှာလဲ ခင်ပြီး လေးစားသလို
သူ့သီချင်းတွေကိုလဲကြိုက်တယ် ……..
pooch
December 11, 2011 at 3:48 pm
ဟုတ်ပါတယ် ရင်ငြိမ်းရယ် ကိုယ်တွေ နှစ်သက်လှတဲ့ IC ဝိုင်းတော်သားတွေ လည်း ချီးကျုးစရာကောင်းအောင် သွေးရဲတယ် ဆိုတာ သိပါတယ်…… နောက် ကိုယ်တိုင်က IC ရဲ့ အမာခံ ပရိတ်သတ်တယောက်လည်း ဖြစ်ပါတယ်…
ဒါလေးက ညက ကြည့်ဖြစ်တဲ့ ပွဲမှာ ခံစားမိခဲ့တာလေးကို လောလောလတ်လတ် စိတ်ခံစားမှု အတိုင်း ပြန်ပြောပြတာမို့ပါ…..
ကိုယ်တိုင်က မန္တလေး IC ပွဲဆို ကြည့်ဖို့ အခွင့်မသာခဲ့ပါဘူး ….. တချို့တလေ ပွဲများကိုသာ ကြည့်ခွင့်ကြုံခဲ့လို့ပါ….
ဘယ်အနုပညာသမားကိုမှ အပြစ်တင်ချင်တဲ့ စိတ်မျိုး မရှိပါဘူး… ခံစားမိတာလေးကို ပြောကြည့်ရုံသက်သက်ပါ….
ရင်ငြိမ်းက လင်းလင်းနဲ့ ခင်တယ် ဆိုတော့ အခါအခွင့်များ ကြုံခဲ့ရင် သူ့ ရဲ့ ဒီလို တင်ဆက်ခဲ့တဲ့ ပွဲလေးကို သတိတရ တန်ဖိုးထားပြီး အားပေးတဲ့သူတွေ ရှိကြောင်းသတင်းစကားလေး ပါးပေးပါ….
ကျေးဇူူးတင်ပါတယ် ရင်ငြိမ်းရယ် …
ကြောင်လတ်
December 11, 2011 at 2:17 pm
အဲဒီအခွေကို ဆင်ဆာမဖြတ်ပဲ မြန်မာပြည်အနှံ့ဖြန့်နိုင်ရင်ကောင်းမယ်။
ကိုယ်တိုင်အပျော်တမ်းရိုက်ထားတဲ့လူရှိနိုင်တယ်။ ရှိရင်ရှာဖွေထားပါ ပုပုရေ၊ရရင်လည်း ရွာထဲ ပြန်ရှဲလိုက်ဦး။
pooch
December 11, 2011 at 3:52 pm
ကိုကြောင်လတ်ရေ မေးကြည့်လိုက်ပါ့မယ်.. ရှိရင် မျှပါ့မယ်..
Yin Nyine Nway
December 11, 2011 at 5:51 pm
ဟုတ်ပါဘူး… pooh ရဲ့
ကိုယ်တိုင်လည်း သီချင်းဆိုရင် ခံစားတက်သလို
သီချင်းဆိုတဲ့ အဆိုတော် များများနဲ့လည်း ခင်နေတော့
သူတို့ကြိုးစားမှုလေးကိုသိနေလို့ပါ
ကျောင်းတက်တုန်းက အပျော်တမ်းခွေကြမ်းထုတ်တုန်းကတောင် တော်တော်ပင်ပန်းရင်
ခွေတစ်ခွေ ဖြစ်လာဖို့မလွယ်ဘူးဆိုတာကိုပါ
ကိုလင်းလင်းနဲ့က တောင်ကြီးမှာ လာဆိုကတည်းက ခင်ပါတယ်
အရမ်းပွင့်လင်းပြီး ခင်ဖို့ကောင်းတယ်
သူနာမည် မကြီးခင် ခင်တဲ့အတိုင်း
နောက်ပိုင်းလည်း ခင်တက်တယ်
သူ့ကိုမိတ်ဆက်ရင် မမေ့တက်တာ သူ့ရဲ့ချစ်စရာအကျင့်လေးပါ
မန္တလေးကိုတော့ တော်တေ်ာချစ်ပုံရတယ်
ဘယ်တော့မှ ပါးစပ်ကမချလို့
ဒီတခါ ကြုံရင် ပြောလိုက်မယ်လေ…ဟီး:)
ကိုပေါက်(မန္တလေး)
December 11, 2011 at 6:16 pm
မန္တလေးသား မန္တလေးကို ချစ်တာ ကတော့………………..
မပြောတော့ပါဘူး။
တော်ကြာလူများတွေအမြင်ကပ်ကုန်မယ်
naywoonni
December 11, 2011 at 6:47 pm
သီချင်းဆိုလို့ ဝင်ပြီးလျှာရှည်ကြည့်ဦးမယ်…။ ခုနောက်ပိုင်းသီချင်းတွေတော့ မသိတော့ဘူး …။ ပြုပြင်ပြောင်းလဲမှုကိုတောင်းဆိုတာ အခုမှမဟုတ်ပါဘူး…..။ ဟိုးအရင် ကတည်းကပါ…။
“မြို့ဟောင်းကြီးကိုကျော်ကာ မြို့သစ်သို့ သွား အချစ်ရေမြင်လား……….။ xxxxxxxxxxxxxxxxxxxxxxxxxxx- အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်ကပြန်စ ကြစို့ ” ဆိုတဲ့ ညီထွဋ် သီချင်းကိုတော့ ကြိုက်တယ်…။ သူက အဲဒိကတည်းက အားလုံးကို မြင်နေခဲ့ သလား ခုမှပြန်စဉ်းစားကြည့်မိတယ်…။
Thanlwinoo
December 11, 2011 at 8:18 pm
ကိုလင်းအတွက် ဂုဏ်ယူစွာနဲ့ လက်ခုပ်တီးအားပေးပါတယ်….။
ဖျောင်း…ဖျောင်း….ဖျောင်း……………….
kokoover
December 11, 2011 at 8:37 pm
ငါကတော့ နဂါးနီ သီချင်ပဲ ကြိုက်တယ်။။
kokoover
December 11, 2011 at 8:38 pm
ငါကတော့ နဂါးနီ သီချင်းပဲ ကြိုက်တယ်။။
blackchaw
December 11, 2011 at 9:28 pm
pooch ရေ။
ဝင်ဖတ်သွားပါတယ်နော်။
ဘာမန့်ရမလဲ စဉ်းစားတာတော်တော်ကြာပါတယ်။
နောက်ဆုံးတော့ ဝင်ဖတ်သွားပါတယ်ဆိုတာလေးနဲ့ ပဲ ကျေနပ်ပေးပါဗျာ။
ကိုပေါက်(မန္တလေး)
December 11, 2011 at 9:48 pm
မြန်မာပြည်မှာ ဒီလိုမျုးိတွေဖြစ်လာမယ်ဆိုတာ ကြိုတင်ဟောကိန်းထုတ်ခဲ့သူက
အချစ်ဝတ္တုရေးဆရာ ငြိမ်းကျော်ပါ။
ဒါပေမယ့်လူတွေက သတိမထားမိခဲ့ကြဘူး။
1978လောက်ကတည်းက ရေးပြသွားတာပါ၊
TTNU
December 12, 2011 at 12:10 am
ငါတို့ကတော့ စာမျက်နှာ(၁၅)မှ (၁၅)ပဲ။
အာစရိယပူဇော်ပွဲ မိန့်ခွန်းထဲမှာကို ပဲ
အတိတ်တွေကမှုန်ဝါးပေမဲ့ …….ထည့်ပြောတာဗျ။( စကားမစပ်လည်း ပြောတာပဲ။
အတုခိုးတာ)။
Poochရေ… ထိုင်းမယ်အောင်မှာ ငါလည်းလိုက်စားမှာဗျ။ မျက်နှာကြီးရာဟင်းဖတ်ကြီးထည့်မပေး
နဲ့နော်။ 😛
pasi
December 12, 2011 at 1:16 pm
Foreign Resident ပြောတဲ့မြန်မာတွေညံ့လို့ ပျင်းလို့ တရုတ်ကသိမ်းပိုက်တယ်ဆိုတာတော့ ကျနော် လက်မခံ နိုင်ပါဘူး အခြေအနေနဲ့အချိန်အခါတစ်ခုကြောင့်သာ အခုလိုဖြစ်ရတာပါ ပြန်စဉ်းစားကြည့်ပါ တရုတ်တွေလူကြီးတွေနဲ့ ပီတယ်ပိုင်တယ်ဆိုပြီး မဟားဒရားစီးပွါးရှာ နေတာပါ 999 တာယာရောင်းဝယ် ရေးကနမူနာတစ်ခုပါ သေချာလေ့လာကြည့်ပါဦး မြန်မာတိုင်းရင်းသားတွေက ခပ်ညံ့ညံ့ ထဲမှာမပါပါဘူး ငယ်ငယ်ကတည်းကကြားဖူးတာ တရုတ်ဘိန်းစားဆိုတာပဲကြားဖူးပါတယ် အဲဒီလိုဆိုရင် Foreign Resident ကြီးခံနိုင်မလား မြန်မာတွေညံ့လို့ ပျင်းလို့ဆိုတဲ့ စကားကို ကျနော် ကန့်ကွက်ပါတယ်
ကျေးဇူးတင်ပါတယ်
Foreign Resident
December 15, 2011 at 6:10 pm
Pasi ရေ
” မြန်မာတွေညံ့လို့ ပျင်းလို့ ” ဆိုတာ
အဘရဲ့ Personal အမြင်လေးပါကွယ် ။
တရုတ်တွေ နှင့် မြန်မာတွေ အများစုကြီးကို ( General ) ယှဉ်ကြည့်လိုက်ရင်
အဘ တွေ့မိသလောက်တော့ ဟုတ်နေတယ်လို့ ထင်တာပဲကွယ် ။
စကားမစပ်ပေါ့နော် ၊ ကြုံတုံးလေး ထပ် အဆဲခံချင်သေးလို့ပါ ။
မြန်မာတွေ ညံ့တယ် ပျင်းတယ် လို့ပြောလိုက်မိတဲ့ အတွက်
အဘ မှားသွားတယ်လို့ ထင်ပါတယ် ။
တကယ်ဆိုရင် ညံ့ယုံ ပျင်းယုံ တင်တောင်မကဘူးလို့ ထင်မိပါတယ် ။
တရုတ် ဘုံကျောင်းတွေက
ဆင်းရဲဒုက္ခ ရောက်နေတဲ့ တရုတ်တွေကို
အရင်းအနှီး ငွေချေးပေးတဲ့ အစဉ်အလာလေး ရှိပါတယ် ။
ဘယ်ကမှရတဲ့ ပိုက်ဆံ မဟုတ်ပါဘူး
ဘုံကျောင်း လူကြီးတွေ စုပြီး ထည့်ကြတာပါ ။
အာမခံကတော့ ငွေချေး တဲ့သူရဲ့ မျိုးရိုး နာမည် နှင့် ဂုဏ်သိက္ခာ ပါပဲ ။
ဒါပေမယ့် ပြန်ဆပ်ကြတဲ့အတွက် နောက်လူတွေကိုလည်း ဆက်ချေးနိုင်ပါတယ် ။
ဒါမျိုးတွေ မြန်မာတွေကြားမှာ ဘာလို့ မထွန်းကားတာလဲ ။
မစည်းလုံးကြလို့လား ၊ မရိုးသားကြလို့လား ။
စဉ်းစားကြစေလိုပါတယ် ။
ဆေးကျောင်း နှင့် RIT ရဲ့ တဝက် ကျော်ကျော်က တရုတ်တွေပါပဲ ။
မြန်မာတွေ ညံ့တယ် ပျင်းတယ် ဆိုတာကို
မဟုတ်ဘူးလို့ ပြန်ချေပချင်တယ် ဆိုရင်တော့ ။ အင်းးးးးးးးးး
နောက်တစ်ခု ၊ မနာလိုဝန်တို များတာကတော့ ၊
အမေစု ကိုယ်တိုင်က မိန့်ခွန်းထဲ ထည့်ကို ပြောယူရပေါ့ ။
မြန်မာ တယောက် ကောင်းစားနေလို့ အတိုင်ခံရပြီဆိုရင် ၊
တိုင်တဲ့သူက ဝေးဝေးမရှာနှင့် သူ့ဆွေမျိုးတွေကပဲတိုင်တာများတယ် ။
စကားမစပ်ပေါ့နော် ၊
အဘရဲ့ ဘိုးဘွားတွေက မြန်မာ နိုင်ငံကို စစ်ပြေးရင်းရောက်လာတာပါ ။
အဝတ်တထည် ကိုယ်တခု နှင့်ပဲ စစ်ပြေးလာခဲ့တာပါ ။
အဘ မြန်မာနိုင်ငံ နှင့် မြန်မာလူမျိုး ကိုချစ်ပါတယ် ။
ဒါပေမယ့် အဘ က မုသား ပြောလေ့ ပြောထ မရှိတဲ့အတွက် ၊
” မြန်မာတွေ ညံ့လို့ ပျင်းလို့ ” ဆိုတဲ့ အဘရဲ့ အမြင်လေးကို ၊
အခု ( အခု ) လောလောဆယ်တော့ မပြင်နိုင်သေးပါဘူးကွယ် ။
မကျေနပ်ရင်တော့ ဝိုင်းဆဲ ကြဖို့သာ ရှိတော့မပေါ့ကွယ် ။
ဒါမှ မကျေနပ်သေးရင်တော့ အဘ ရန်ကုန် မှာရှိနေပါတယ်ကွယ် ။
လူကိုပါထပ်ပြီး ရိုက်လို့ပါ ရနိုင်ပါသေးတယ် ။
ဒါပေမယ့် အဘရဲ့ အမြင်ကို လောလောဆယ်တော့ မပြင်နိုင်ပါဘူးကွယ် ။
တနေ့နေ့မှာ အဘရဲ့ အဲဒီ အမြင်လေးကို ပြင်ချင်လှပေါ့ကွယ် ။
ဒါပေမယ့် လက်ရှိ အခြေအနေ အမှန်ကိုတောင် လက်မခံနိုင်ကြသေးရင်တော့
ပြင်နိုင်ဖို့ ဝေးနေပါအုန်းမယ်ကွယ် ။
စဉ်းစားကြစေလိုပါတယ် ။
မြန်မာ မြန်မာ ဆိုပြီး လူမျိုးနှင့်ချီပြီး ပြောမိတဲ့အတွက်
အဘ တောင်းပန်ပါတယ်ကွယ် ။
စေတနာ နှင့် ပြောမိတာပါကွယ် ။
Comment လေးတွေ ပြန်ပေးကြပါဦးကွယ် ။
kool
December 15, 2011 at 6:49 pm
မပူပါနဲ့ ပေစိရယ်။ ကိုကြောင်ကြီးက ၅၀ဝ ၊ ၅၀ဝ စီတဲ့။
ညစ်ပါတ်တဲ့ တရုတ်မတွေတော့ ရွံတော့ရွံပါရဲ့။ စိတ်ဓာတ်ရောလူရောညစ်ပါတ်။
comegyi
December 13, 2011 at 3:48 pm
ဝင်ဖတ်သွားပါကြောင်း……
အနုပညာသမားတွေထဲမှာ ….
အရင်ကလည်း ကိုယ့်ဘက်သား …..
ပြောခွင့်မသာလို့ ….ပြောလို့မကောင်းသေးလို့
သို့မဟုတ် မပြောရဲသေးလို့ဆိုရင်တောင် အခုအချိန်မှာ
ပြောရဲလာကြတာ ….နည်းနည်းပြောလို့ရတာလာ
သိပ်ဝမ်းသာစရာကောင်းပါတယ် …အနုပညာရှင်တစ်ယောက်ရဲ့
အပြောအဆိုကလည်း သူ့ပရိသတ်ကို လွှမ်းမိုးနိုင်တာမလား ….ဒါပေမဲ့
အရင်တုန်းကတော့ ….လက်သီးလက်မောင်းတန်းပြီး ဆန္ဒခံယူပွဲတွေမှာ ချွေးကိုဘူးသီးလုံးလောက် ကျအောင်ဝီရိယစိုက်ခဲ့ကြတဲ့ လူမျိုးတွေလည်း ဒေါ်စုတို့ဘက်ကို ပြန်ခြေဦးလှည့်လာတာမျိုးလည်း ရှိလာနေတယ်လို့ ကြားနေရတယ်နော် …..
Big Bang
December 14, 2011 at 10:36 am
ပထမအချက် အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက်လေးစားပါတယ်
ဒုတိယအချက် အများအကျိုးကိုကြည့်တတ်တဲ့အတွက် ဂုဏ်ယူမိပါတယ်………
nozomi
December 14, 2011 at 12:57 pm
အနုပညာရဲ့ စွမ်းအားက ကြီးပါတယ်
ကောင်းတဲ့သူ တွေက ကောင်းတဲ့ဘက် မှာ အသုံးချ နိုင်ဘို့လိုတယ်
စတိတ်ရှိုးတွေက မကြည့်ဖြစ်တာ တော်တော်ကြာပြီဆိုတော့ pooch တို့ ရေးတာကိုပဲ စိတ်ကူးနဲ့ ခံစားကြည့်လိုက်တယ်
အခုချိန်ကျမှတော့ မန္တလေးက တရုတ်တွေ ပြန်ကြကွာ လို့ လုပ်လို့မရတော့ဘူး ၊ မရတော့မဲ့ အတူတူ သူတို့ကလဲ ဒေသခံတွေရဲ့ ယဉ်ကျေးမှု နဲ့ ဓလေ့စရိုက်ကိုလေးစား ၊ ပတ်ဝန်းကျင်ကြီး တစ်ခုလုံး တိုးတက်အောင် တတ်နိုင်သမျှ ကူညီ ၊ ဒေသခံတွေကို အနိုင်ကျင့်တာမျိုး မလုပ်နဲ့ ဒေသခံတွေကလဲ ကိုယ့်မိသားစုလို သဘောထားပြီး ရေရှည်မှာ အဆင်ပြေအောင် နေနိုင်ရင် နှစ်ဖက်လုံးအတွက် ပိုကောင်းမယ်