Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နွေးထွေးသောမေတ္တာဖြင့်

Moe ZDecember 11, 20111min71126

လောကမှာလူတစ်ယောက်အဖြစ်မွေးဖွားလာဖို့ အဆင့်အတန်းအမျိုးမျိုးသော မိဘတွေဆီမှာ လာပြီးတော့ သန္ဓေတည်ရတယ်။ ဆင်းရဲတဲ့၊ ချမ်းသာတဲ့၊ ပညာမဲ့၊ ပညာတတ်စတဲ့ အလွှာအမျိုးမျိုးမှာ မွေးဖွားကြီးပြင်း လာရတယ်။ သားသမီးတွေအနေနဲ့ မိဘတွေကို ရွေးချယ်ခွင့်မရှိပေမယ့် မိဘတွေကတော့ သားသမီးများကို လိုချင်တဲ့ပုံစံ ရအောင် ပြုစုပျိုးထောင်နိုင်ပါတယ်။

ကလေးတစ်ယောက်က မွေးရာပါမှတ်ဉာဏ်နည်းမယ်၊ ထိုင်းမယ်ဆိုရင် တစ်ခုခုကိုသင်ယူတဲ့အခါမှာ နှောင့်နှေးတတ်ပါတယ် စာတစ်ပုဒ်ဆိုရင်အကြာကြီးကျက်ရမယ်။ ဒါကိုမိဘတွေက စိတ်မရှည်ပဲ ကဲ့ရဲ့ အပြစ်တင်မိမယ်ဆိုရင် ကလေးရဲ့စိတ်ထဲမှာ သိမ်ငယ်စိတ်ဝင်သွားတယ်။  မိဘတွေအမြင်မှာ သူ့ကို အထင်မသေးစေချင်တဲ့အတွက် စာမရသေးပဲနဲ့ရချင်ယောင်ဆောင်မယ် နောက်ဆုံးကလေးပဲ ထိခိုက်နစ်နာ ပါတယ်။ ကျွန်မတွေ့ဖူးတဲ့ ပုံစံတူကလေးတစ်ယောက်ဆိုရင် မြန်မာပြည်ရဲ့ပညာရေးစံနစ်နဲ့ တစ်နှစ် တစ်တန်းတက်လာပြီး ၁ဝတန်းထိရောက်လာတယ်။ ဒါပေမယ့် ၁ဝတန်းကို သူဘယ်လိုမှ မကျော်ဖြတ် နိုင်ခဲ့ဘူး။ မိဘတွေကသူ့ကို ၉တန်းအထိ တစ်ယောက်တည်း ကားလမ်းကိုပေးမကူးဘူး။ သူတို့ကိုယ်တိုင် လိုက်ပို့ပြီး ဖြတ်ကူးပေးကြတယ်။ သူလိုချင်တဲ့ စာရေးကိရိယာတွေကို သူကိုယ်တိုင်အဆင်ပြေအောင် မဝယ်နိုင်ဘူး။ ဒါပေမယ့် အပြင်မှာတော့သူက အဆင်ပြေတယ်။ သူ့သူငယ်ချင်းတွေကြားထဲမှာတော့ သူကဆရာကြီးပဲ။ Game ဆော့ရင်သူ့ကိုဘယ်သူမှမနိုင်ဘူး။ အိမ်မှာလိုအပြစ်တင်သံမကြားရတဲ့နေရာမှာ သူ့ကိုယ်သူယုံကြည်မှုရှိတယ်ဆိုတဲ့ သဘောပါပဲ။

နောက်ကလေးတစ်ယောက်က ၁၅နှစ်အရွယ်ပေမယ့် ၃နှစ်သားလောက်ပဲအသိဉာဏ်ရှိတဲ့ Downs’ Syndrome ကလေးပါ။ မိဘတွေက ဆွေကြီးမျိုးကြီး အရာရှိကြီးတွေ၊ ဒီကလေးမွေးလာတော့ အရှက်ရပါတယ်ဆိုပြီး အိမ်ထဲကအိမ်ပြင်မထုတ်ပဲ ကလေးထိန်းအမျိုးမျိုးနဲ့ ထားကြတယ်။ အိမ်ကိုဧည့်သည်လာရင် အခန်းထဲသွင်းပြီးတံခါးပိတ်ထားတတ်တယ်။ ကလေးထိန်းတွေကလည်း မိဘကတောင်မကြည်ဖြူတဲ့ကလေးဆိုတော့ ကောင်းကောင်းမွန်မွန်မဆက်ဆံတာ မထူးဆန်းပါဘူး။ တဖြည်းဖြည်းနဲ့ ကလေးက လူနဲ့တောင်မတူပဲ တိရိစာ္ဆန်တစ်ကောင်လိုဖြစ်လာတယ်။ ကလေးနဲ့အဒေါ်တော်စပ်တဲ့ ဆရာမတစ်ယောက်က မကြည့်ရက်လို့ အိမ်မှာခေါ်ထားကြည့်မယ်ပြောတော့ မိဘတွေကလည်း ထည့်ပေးလိုက်ကြတယ်။ အဲဒီတစ်အိမ်လုံးက စိတ်ရှည်သည်းခံပြီး ဝိုင်းကြိုးစားကြတယ်၊ မေတ္တာပေးကြတယ်။ အခုဆိုရင် သူကပန်းချီကောင်းကောင်းဆွဲတတ်နေပြီ။ သူ့ပတ်ဝန်းကျင်မှာ မြင်ရသမျှအရာအားလုံးကို ပြန်ဆွဲပြနိုင်တယ်။ စကားတော့မပြောနိုင်ရှာပါဘူး။

လူတစ်ယောက်အတွက် အစောပိုင်းနှစ်ကာလများက ဘဝတစ်လျှောက်လုံးအတွက် အရေးပါတဲ့ အစိတ်အပိုင်းပါ။ စာအုပ်စာပေတွေကို ချစ်မြတ်နိုးတတ်အောင် ပြုစုပျိုးထောင်ပေးနိုင်တဲ့ အချိန်ကောင်းပါ။ စာမဖတ်နိုင်သေးတဲ့ကလေးတွေကို မိဘများကစာဖတ်ပြခြင်းဖြင့်လည်း နွေးထွေးတဲ့ မိဘနှင့်သားသမီးကြား ဆက်ဆံရေးကို ရရှိနိုင်ပါတယ်။ ကလေးများကိုစာဖတ်ပြခြင်းဖြင့် သူတို့ရဲ့နားထောင်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းဖွံ့ဖြိုးလာမှုနဲ့ ဘာသာစကားတိုးတက်မှု၊ အတွေးအခေါ်တိုးတက်လာမှုစတဲ့ အကျိုးကျေးဇူးများအပြင် စိတ်ခံစားမှုအမျိုးမျိုးကို နားလည်လာပြီး အတွေးအခေါ်နဲ့ စိတ်ကူးတွေကိုလည်း ဖန်တီးနိုင်စွမ်းရှိလာစေပါတယ်။ မိဘများအားလုံး မိမိတို့ရဲ့ရင်သွေးငယ်များကို နွေးထွေးသောမေတ္တာနဲ့ အောင်မြင်စွာပြုစုပျိုးထောင်နိုင်ကြပါစေ။

အောက်ပါအချက်များကတော့ မနေ့က  work shop မှာ ကျွန်မရဲ့ဆရာတစ်ယောက်ပြောသွားတာပါ။ သူပြောတာကို အတိုကောက်မှတ်ပြီး ဘာသာပြန်ပေးထားတာဖြစ်လို့ မူရင်းအင်္ဂလိပ်စာနဲ့ မဖော်ပြနိုင်တာ ခွင့်လွှတ်ပါနော်။

ကလေးများသည် တွေ့ကြုံခံစားမှုများမှသင်ယူလာကြသည် ( Children learn by Experience)

အကယ်၍ ကလေးတစ်ယောက်သည် ဝေဖန်ကဲ့ရဲ့မှုများနှင့် ရင်ဆိုင်တွေ့ကြုံပြီးကြီးပြင်းခဲ့ရပါက သူတစ်ပါးအား အပြစ်တင်ဝေဖန်ပုံချတတ်လာမည်။

အကယ်၍ ကလေးတစ်ယောက်သည် ရန်လိုခြင်းများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက အခြားသူများနှင့် ခိုက်ရန်ဒေါသဖြစ်တတ်လာမည်။

အကယ်၍ပြောင်လှောင်သရော်မှုခံရပြီး ကြီးပြင်းလာခဲ့ရသော ကလေးတစ်ယောက်သည် ရှက်တတ်သူဖြစ်လာမည်။

သူ့ကိုအားပေးမှုများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရသောကလေးသည် ယုံကြည်မှုအပြည့်အဝရှိသူဖြစ်လာပါမည်။

အကယ်၍ ကလေးတစ်ယောက်သည် အရှက်ရစရာကိစ္စများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက မိမိကိုယ်ကို အပြစ်ရှိသူအဖြစ်ထင်မြင်လာမည်။

အကယ်၍သည်းခံမှုများနှင့် ကြီးပြင်းခဲ့ရပါက သည်းခံစိတ်ရှည်သူတစ်ဦးဖြစ်လာပါမည်။

အကယ်၍ ချီးမွမ်းခံရမှုများနှင့်ကြီးပြင်းခဲ့ရပါက အခြားသူများအပေါ် တန်ဖိုးထားဆက်ဆံတတ်သူဖြစ်လာပါမည်။

အကယ်၍တရားမျှတသောပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ပါက တရားမျှတစွာစဉ်းစားတွေးခေါ်တတ်သူဖြစ်လာမည်။

အကယ်၍ကလေးတစ်ယောက်သည် လုံခြုံမှုရှိစွာကြီးပြင်းခဲ့ရပါက ယုံကြည်မှုရှိသူတစ်ဦးဖြစ်လာမည်။

အကယ်၍ကလေးသည် မိမိကိုထောက်ခံအားပေးမှုများနှင့် သာကြုံတွေ့ခဲ့ရပါက မိမိကိုယ်ကို နှစ်ခြိုက်သော အကောင်းမြင်သူ ဖြစ်လာမည်။

အကယ်၍ချစ်ခင်ရင်းနှီးစွာနှင့် လိုလားစွာဆက်ဆံမှုများရရှိပြီး ကြီပြင်းခဲ့ရသောကလေးသည်  ဤကမာ္ဘလောကတွင် မေတ္တာကိုရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပါသည်။

26 comments

  • E.T

    December 11, 2011 at 12:10 pm

    အကယ်၍ချစ်ခင်ရင်းနှီးစွာနှင့် လိုလားစွာဆက်ဆံမှုများရရှိပြီး ကြီပြင်းခဲ့ရသော မိုးဇက်လေးသည် ဤကမာ္ဘလောကတွင် ကိုရင်တီ၏ မေတ္တာကိုရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပါသည် 😀

  • inz@ghi

    December 11, 2011 at 12:14 pm

    ်ဒေါင်း(Dawn) လေးတွေအကြောင်း … သပ်သပ်ရေးပါလားဗျာ ….
    ဒေါင်းလေး တွေ ကို ကျနော် အလွန်သနားလို့ပါ….ဒေါင်းမလေးရယ်

  • windtalker

    December 11, 2011 at 12:34 pm

    အကယ်၍ကလေးသည် လူပျိုသိုးကြီးများ လက်တွင် ကြီးပြင်းလာခဲ့ရပါက ( ဥပမာ ဇာဒူးကြီး၊အီးတီ၊ပေါက်ဖော်၊စည်သူ တို ့လို) ကလေးသည် ယောက်ျားဆိုလျှင် နှုးဘာလေး ဖြစ်မည် ။ မိန်းမ ဆိုလျှင် အပျိုကြီး ဖြစ်မည် ။
    အကယ်၍ကလေးသည် အပျိုသိုးကြီးများ လက်တွင် ကြီးပြင်းလာခဲ့ရပါက ( ဥပမာ..ဒေါ်xx ၊ ဒေါ်x ) ယောက်ျားဆိုလျှင် နွဲ ့မည် ဖြစ်ပြီး မိန်းမဆိုလျှင် အပေါက်ဆိုးမည် ဖြစ်သည် ။
    ပုံ အမည်မသိဆရာကြီးတော်ကာ

    • ပေါက်ဖော်

      December 12, 2011 at 10:23 am

      ဟေ့..ခလေးအဖေတွေဖြစ်တဲ့..
      ပေ-လူး-ဂီ-အီးတီ-မှော်-စည် တို ့.
      ခလေးတွေကို..ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ..
      မှတ်ထားကြနော်….

      နာက မှတ်စရာမလိုသေးဘူး..ခရေးပဲ ချိတေးဒယ်..
      ငှဲ..ငှဲ..
      😆

  • ကြောင်လတ်

    December 11, 2011 at 1:55 pm

    မိုးဇက်ရေ ကျေးဇူး ၊ မနေ့က ကလေးကိုသင်္ချာသင်ရင်း၊ စိတ်ဆိုးပြီး ရိုက်လိုက်သေးတယ်၊ မနက်မှပြန်ချော့ရတယ်။ နောင် စာမေးရမှာကြောက်နေမှာစိုးလို့။
    ကလေးကိုညံ့တယ်လို့ မပြောသင့်ဘူးဆိုတဲ့အကြောင်း အခု မိုးဇက်ရေးပြလိုက်တာနဲ့ အတော်ပဲဖြစ်သွားတယ်။

  • ဆူး

    December 11, 2011 at 2:19 pm

    ကလေးတွေဆိုတာ အလွန်နူးညံ့ပါတယ်။
    သူတို့ကို လိုရာပုံသွင်းနိုင်ပါတယ်။ ပုံသွင်းတဲ့လူရဲ့ အရည်အသွေးပေါ်မူတည်ပြီးတော့ ထွက်လာတဲ့ ပုံလည်း ကွဲပြားခြားနားတတ်တယ်။
    တချို့ ကလေးတွေက အိမ်မှာ သိပ်အလို လိုက်ခံရပြီး နေရာ တကာ အလိုအတိုင်းဖြစ်ရမယ်လို့ ထင်သွားပြီး ဆိုးတဲ့ ကလေးတွေလည်း မြင်ဖူးတယ်။
    လောင်းရိပ်မိပြီး ကောင်းစွာ မရှင်သန်နိုင်တဲ့ ပန်းကလေးတွေကို သနားတယ်။
    နွမ်းနယ်နေတဲ့ ပန်းအိုကြီးတွေကိုလည်း သနားတယ်။
    လူသားချင်းအတူတူ.. အားလုံးကို တူညီတဲ့ မေတ္တာတွေ ထားနိုင်ရင် အကောင်းဆုံးပါပဲ။

    • Moe Z

      December 12, 2011 at 10:06 am

      အရည်အချင်းရှိပြီး လောင်းရိပ်မိနေတဲ့ ပန်းကလေးတွေက
      သနားစရာလည်းကောင်း၊ နှမြောစရာလည်းပိုကောင်းပါတယ် …

  • manawphyulay

    December 11, 2011 at 4:20 pm

    ကလေးတွေတိုင်းကို မိဘတိုင်းက မမွေးခင်ထဲက ဂရုစိုက်လာတာဆိုတော့ မွေးပြီးနောက်ပိုင်းလည်း အများအားဖြင့် ကျောင်းပြီးတဲ့ထိ ဂရုစိုက်ကြတာကို တွေ့မြင်ရပါတယ်။ ဒီတော့ မိဘများအတွက်ကတော့ သားသမီးတွေရဲ့ ကြီးပြင်းပုံနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုပြီး သိထားပြီး ဘေးကနေ ပြုပြင်ပေးကြမယ်ဆိုရင်တော့ ဒီကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ သူနေရာနဲ့သူ ဖြစ်လာကြပါတယ်။ တချို့ကျတော့ မိဘက အလွန်အလိုလိုက်ပြီး ပျက်စီးသွားတဲ့သားသမီးတွေကျတော့ ချစ်တာမရောက်ပဲ နှစ်တာရောက်သွားကြတာလည်း တွေ့ဖူးပါတယ်။ ကလေးတွေရဲ့ အနာဂတ်ဟာ လက်ဦးဆရာ မိနဲ့ဘပြီးရင် ဆရာသမားက အရေးကြီးဆုံးပဲတဲ့။ မနော နားလည်ထားတာကိုပြောပြမိတာပါ။

    • Moe Z

      December 12, 2011 at 10:12 am

      ဟုတ်ပါတယ် မမ မနောရယ်၊ အခုခေတ်ကလေးတွေက မိဘနဲ့နေရချိန်ထက်
      ဆရာတွေနဲ့နေရတဲ့အချိန်က ပိုများပါတယ်..
      အခုဆို တစ်နှစ်ခွဲအရွယ်ကတည်းက ကျောင်းပို့နေကြပြီလေ …

  • inz@ghi

    December 12, 2011 at 10:17 am

    ရွာထဲ လှည့်ပတ်သောင်းကျန်းနေတဲ့ ကလေးဆိုးကြီး ဂီဂီ ကို ဘယ်လိုထိန်းမလဲ ဟင်.. တီချာမိုး….??

    • Moe Z

      December 12, 2011 at 10:49 am

      တစ်ခြားလူတွေကို အနှောက်မယှက်ဖြစ်စေရင်တော့
      တီချာပွင့်မှုန်ချွေရည် လက်ထဲအပ်လိုက်မယ်လေ …
      သူက ဆိုးတဲ့ကလေးတွေကို ပိုချစ်တယ်တဲ့ .. 😀

  • ကြောင်ကြီး

    December 12, 2011 at 12:16 pm

    မိုးစက်လေး ချမ်းနေရင် ကြောင်ကြီးကိုယ်နွေ့က ဆောင်းတွင်းမှာ နွေးတယ်ဟေ့….။ ဟိုမျောက်သုံးဖော် ဂီ၊ပေ၊ဖော်တို့အတွက်တော့ မီးစာလှုံဖို့ ကြောင်ချီးအပုံလိုက်ကြီး ဖိုထားပေးမယ်။။။။ 😎

  • memeseku

    December 12, 2011 at 1:24 pm

    နှူးဘာအဖွဲ.ဝင်ဖြစ်ရန်…..အဘယ်သို.လုုပ်ရအံ…….။

    • Moe Z

      December 12, 2011 at 3:05 pm

      မာမီဖြိုးဆီမှာ အရင်သင်တန်းသွားတက်လိုက်

  • blackchaw

    December 14, 2011 at 12:19 pm

    ဝင်ဖတ်သွားပါတယ် မိုးစက်ရေ။
    ကွန်းမန့်ရေးတာ နောက်ကျသွားပါတယ်ဗျာ။

    • Moe Z

      December 14, 2011 at 12:50 pm

      ဝင်ဖတ်ပေးတာကျေးဇူးတင်ပါတယ် ဘဘ ဘလက်ရေ 🙂

  • ကိုရင်စည်သူ

    December 14, 2011 at 12:54 pm

    ကိုရင့်လိုသည်းခံမှုများနှင့် ကြီးပြင်းခဲ့ရတဲ့ ကလေးလေးဆိုတော့..
    စိတ်ရှည်သည်းခံပြီး ချစ်တတ်ပြန်တယ်….. 😉 😉
    တီ၊ပေါက်၊ပေ၊ဂီ၊ကြောင်တွေရဲ့ ကြားကနေ
    ကလေးလေးလို မမမိုးချက်အပေါ် တစ်သက်လုံး
    သည်းခံပေးလို့ရမရား ဟင်.. 😳 😳

    • Moe Z

      December 14, 2011 at 1:04 pm

      ကိုရင်စည်သွပ် ထိပ်တုံးကလွတ်လာပြီလား 🙂

      • ကိုရင်စည်သူ

        December 14, 2011 at 1:42 pm

        ဟိုတစ်နေ့က ကျွန်ုပ်သည် ကျောက်မြောင်းနားမှာ ကလေးလေးတစ်ယောက်ကို
        သူ့အမေလို မိန်းမတစ်ယောက်က ဝင်ရိုက်တာတွေ့တော့ ကိုရင်က
        ဝင်ဆွဲမလို့လုပ်တုန်း အသက်အစိတ်ဝန်းကျင် မိန်းကလေးတစ်ယောက်က
        ကလေးကို ဝင်မရိုက်နဲ့တားတာလေ… အဲ့မိန်းမကြမ်းကြီးက အဲ့မိန်းကလေးကို
        နင်နဲ့ဘာဆိုင်လို့ဝင်ပြောတာလဲဆိုပြီး… ဆဲဆိုလိုက်တာ ကိုရင်လဲ
        သည်းမခံနိုင်တော့တာနဲ့ ကလေးလေးနှင့် မိန်းမပျိုလေးအား ဆဲဆိုနေသော အဲ့မိန်းမကြမ်းကြီးအား… ဘယ်လက်သီးတစ်လုံး အဖြောင့်သွင်းလိုက်ရာ
        ထိုမိန်းမလဲ ဆေးရုံရောက် ကလေးလေးနှင့် မိန်းမပျိုလေးဘက်မှ ကယ်တင်သူ
        ကိုရင်လည်း ရပ်ကွယ်သူကြီးရဲ့ ထိပ်တုံးအောက် ရောက်ခဲ့ပြန်တာပေါ့…. 😥 😥
        ဒီနေ့တော့ ထိပ်တုုံးအောက်မှလွတ်ခဲ့ရပြီ…။ မခံချင်ဖြစ်ခဲ့တဲ့ မိန်းကလေးရဲ့ အမည်တောင်
        ထိပ်တုံးအောက်ရောက် ကိုရင့်ခမျာမသိလိုက်ရ…။ သူ့ကိုယ်သူတော့ မိုးကလေ.. မိုးကလေ လို့ပြောတော့
        နာမည်လေးကို ဒီလို မှတ်လိုက်မယ်…
        မိုးတဲ့…။

        ထိပ်တုံးကလွတ်
        မွေးနေ့ကျွတ်
        ဒီလိုဆိုမယ်..
        မိုး ..
        စည့်ရင်ကို လာသည်းပေးပါကွယ်… 😳 😳
        (အိပ်မက်ထဲကအကြောင်းလေး ပြန်ပြောပြတာပါနော်…) 🙄 🙄

        • inz@ghi

          December 14, 2011 at 1:48 pm

          အဟမ်း…
          တော်ပါဘီလေ …. ခုတလော…
          ကျန်းမာရေးက မကောင်း ….သည်ကြားထဲ
          သတ်မယ် ပြောတဲ့လူနဲ့
          ရှို့ မယ်ပြောတဲ့ လူနဲ့ …
          ပီး …
          အခြောက်ဖြစ်စေချင်သလား
          အခြောက်မ လင် ဖြစ်စေချင်သလား ..ပဲ ….
          မန့်လော့ပါဝူး ….
          ပြန်ကွေးနေတာပဲ အန ္တရယ်ကင်းပါတယ်..

          :'(

        • Moe Z

          December 14, 2011 at 2:01 pm

          ဒီလောက်စိတ်ပူပေးမယ့်သူတွေပေါတာကိုကွယ်
          အားမငယ်ပါနဲ့ အခြောက်ကိုယူဖို့ဆိုတာလွယ်တယ်မှတ်လို့
          လူတိုင်းလုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူး..
          သိပ်ကွေးမနေနဲ့ဦး လူမသိသူမသိဖြစ်သွားဦးမယ်
          face book မှာ စာရေးဖို့လည်းမမေ့နဲ့နော်
          ွGood Luck!! 😛

        • ကိုရင်စည်သူ

          December 14, 2011 at 2:06 pm

          ဘူလဲကွ နာတို့ရဲ့ နှူးဘားဂိုဏ်းအုပ်ကို
          အခြောက်၊ အခြောက်လင်လို့
          ပြောဒါ… 👿 👿
          ဟေ့လူ… ဇာကြီး မကွေးနဲ့လေ…
          အန်ဒရယ်တွေကြားက စိုင်ပစ်ထွက်ကြမယ်..
          ကောင်းဝူးလား… သွပ်.. သွပ် :mrgreen: :mrgreen:

          ပုံ
          ထိပ်တုံးပြန်ဘစည်

  • နွယ်ပင်

    December 14, 2011 at 2:14 pm

    ကလေးတွေရဲ့ စိတ်က အရမ်းနူးညံ့တော့ လိုရာကိုပုံသွင်းလို့ရပါတယ်
    မိဘတွေက ကလေးတွေကို ဂရုစိုက်ရာမှာ လွန်ကဲသွားရင်လည်း လောင်းရိပ်မိသလို
    ဖြစ်သွားတက်ကြပါတယ် အလိုလိုက်လွန်းပြန်တော့လည်း ထိမ်းမရအောင် ဆိုးသွားကြတဲ့
    ကလေးတွေကိုလဲ တွေ့ဖူးပါတယ် ဒီတော့ ကလေးတွေရဲ့ အနာဂတ်လေး တောက်ပဖို့အတွက်
    နွေးထွေးသောမေတ္တာတွေနဲ့ ဘေးကနေ မတင်းမလျှော့လေး ပြုပြင်ပေးရင် အဆင်ပြေမယ်လို့
    ထင်ပါတယ် ….

    • Moe Z

      December 14, 2011 at 3:32 pm

      ဟုတ်ကဲ့ပါ မနွယ်ပင်ရေ အဲဒီလိုဖြစ်စေဖို့ရည်ရွယ်ပါတယ်..

  • nozomi

    December 14, 2011 at 4:31 pm

    မိုးဇက် စာလေးတွေက ကောင်းတယ် သတိပြု ဆင်ခြင် စရာတွေပါ

    မိုးဇက် နဲ့ ကြုံခွင့်ရမဲ့ ကလေးတွေ တော်တော်ကံကောင်းမယ် ( ရွာထဲက ကလေးကြီးတွေလဲ သတိထားပေါ့ )

    • Moe Z

      December 14, 2011 at 4:45 pm

      အားပေးတာကျေးဇူးတင်ပါတယ် ဦးနိုရယ်
      တကယ်က မိုးစက်ရေးသာရေးရတာ နည်းနည်းကြောက်တယ်
      ပညာရှင်လည်းမဟုတ်ပဲနဲ့ ကြီးကြီးကျယ်ကျယ်တွေပြောတယ်လို့ထင်မှာလည်း စိုုးပါတယ်
      ဦးနိုက အခုလိုပြောပေးတော့ အားရှိသွားပြီ 🙂

Leave a Reply