“အောင်ပင်လယ် လယ်ပြင်အလယ် က လမ်းကလေး”
“အောင်ပင်လယ် လယ်ပြင်အလယ် က လမ်းကလေး”
ဒီနေရာလေးက အတော်လေးကိုသာယာပါတယ်။
အရှေ့ဘက်မှာ မိူင်းပြာမူံလဲ့ပြီး ညို့ဆိုင်းနေတဲ့ရှမ်းရိုးမ။
ပါတ်ပါတ်လည်မှာစိမ်းဝါနေတဲ့လယ်ကွင်း။
လယ်ကွင်းနံဘေးမှာချောင်းချောင်းနံဘေးမှာ ဖြောင့်တန်းနေတဲ့လမ်းမ။
တောင်ထဲကို ထိုးဖောက်ဝင်သွားသလို။
သူ့နံဘေးအနားသတ်ကတော့ အစိမ်းရောင်အပင်တန်းများ။
နံဘေးက လယ်ကွင်းထဲမှာတော့ လယ်သူမများက လုပ်ငန်းခွင်ထဲမှာ။
ဟိုးအဝေးမြောက်ဘက်မှာ မူံပြပြမန်းလေးတောင်။
လယ်ကွင်းတွေကြားထဲမှာမြင်ရတဲ့ ရန်ကင်းတောင်နဲ့ရှမ်းရိုးမအလှက
ကြည့် မဝ။
အစိမ်းထဲမှာ မှည်ခါနီးလို့ အဝါစွက်နေတဲ့ လယ်ကွင်း။
စိမ်းမှောင်နေတဲ့တောင်စဉ်တောင်တန်း။
မြင်ရင် ………………………………………………….
ဆရာတင်ရဲ့ အောင်ပင်လယ်သီချင်းကို သတိရမိပါတယ်။
“တကယ်တောအစစ်မို့လို့ အခုတော့ လယ်ကောဖြစ်လို့မို့
ကောင်းဘို့ရွယ်သော ခေတ်ကို အထူးသဖြင့်မျှော်မိတယ်”















အစိမ်းထဲမှာရင့် မှည့်ခါနီးလို့ အဝါစွက်နေတဲ့ လယ်ကွင်း။
စိမ်းမှောင်နေတဲ့တောင်စဉ်တောင်တန်း။
မြင်ရင် ………………………………………………….
ဆရာတင်ရဲ့ အောင်ပင်လယ်သီချင်းကို သတိရမိပါတယ်။
“တကယ်တောအစစ်မို့လို့ အခုတော့ လယ်ကောဖြစ်လို့မို့
ကောင်းဘို့ရွယ်သော ခေတ်ကို အထူးသဖြင့်မျှော်မိတယ်”
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(10-12-2011)
6 comments
ကိုပေါက်(မန္တလေး)
December 12, 2011 at 12:20 pm
အခုရက်ကတော့ အောင်ပင်လယ်ဘက်သွားထားတော့ အဲဒီပါတ်ဝန်းကျင်ကပုံတွေကို
ဆက်တိုက်တင်ပေးလိုက်ပါတယ်။
Diamond Key
December 12, 2011 at 2:13 pm
ပတ်ဝန်းကျင် သဘာဝ ရှုခင်းလေးတွေ တွေ့ရတာ စိတ်ကို လန်းဆန်းစေပါတယ် ကိုပေါက်ရေ၊
ရန်ကင်းတောင် ထန်းတောကော ဝင်ခဲ့သေးလားဟင် 😆
Moe Z
December 12, 2011 at 3:10 pm
လေးလေးပေါက်ကောင်းမှုနဲ့ မျက်စိအေးစရာလေးတွေ
တွေ့ရပါ၏။ ဒါနဲ့ ၁၁နဲ့ ၁၅က တစ်ပုံထဲပဲနော် ..
ကိုပေါက်(မန္တလေး)
December 12, 2011 at 6:20 pm
ဟုတ် မယ်တယောရေ
ပုံက ဆင်တော့ဆင်တယ် မတူဘူး။
ဒါပေမယ့် ဒေါင့်နည်းနည်းလေးဘဲကွာတယ်။
မြောက်ဘက်က ဓါတ်တိုင်ကို ကြည့်မှာ ကွာတာလေးကိုသိမှာ။
ဒါပေမယ့် ထပ်တူနည်းပါးပါဘဲ။
ပုံအများကြီးထဲကလှတာရွေးရင်းမျက်စေ့လည်သွားတာ ခွင့်လွှတ်ပါနော်။
pooch
December 12, 2011 at 6:24 pm
လေးပေါက် ဒီရက်ပိုင်းဓာတ်ပုံတွေကို အများကြီးပဲ ရိုက်ဖြစ်တာပေါ့လေ
ကိုပေါက်(မန္တလေး)
December 12, 2011 at 10:19 pm
ဟုတ်ပ နန်းမတော်ရေ…………
ပြီးခဲ့တဲ့ဥပုဒ်က ပျင်းပျင်းနဲ့ ရန်ကင်းတောင်ဘက်သွားဓါတ်ပုံရိုက်တာ။
နေ့လည်ကျပြန်တော့ ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကို ဓါတ်ပုံရိုက်လိုက်တာ
ဓါတ်ခဲရော မင်မိုရီကဒ်ပါကုန်ရော။
အဲတော့ အဲဒီညက လကြတ်တာ မှတ်တမ်းမတင်လိုက်ရဘူးကွယ်။