Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိဘမဲ့ကလေးများကို နွေးထွေးစွာ ကြိုဆိုရအောင်

manawphyulayDecember 12, 20111min38315

တနင်္ဂနွေနေ့က ခဝဲခြံနားမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းမှာ အိမ်က အစ်မက ပညာဒါနအဖြစ် အပတ်စဉ် စာသင်နေတာကို လိုက်သွားမိပါတယ်။ မိဘမဲ့ကလေးများ အယောက် ၂၅ဝ ရှိတာကို တွေ့ရှိရပြီး ပညာသင်ကြားပေးနေတာကတော့ ၅ တန်းအရွယ်ထိ ရှိပါတယ်။ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတိုက်ရဲ့ အမည်ကတော့ ကုမာရာ ရာမ ပရဟိတစာသင်တိုက်ပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်းစင်လှတဲ့ပုံစံ စာပေကို မြတ်နိုးစွာ ကြိုးစားသင်ယူနေကြတာကလည်း အလွန်တရာမှ အားရဖွယ်ကောင်းလှပါတယ်။ လိုအပ်ချက်တွေကတော့ များလှပါတယ်။ ခုအောက်ကပုံကတော့ အမက သူသင်တဲ့ ၄ တန်းကျောင်းသားတွေအတွက် လိုအပ်တဲ့စာအုပ်တွေ ဝေငှပေးထားခြင်းသာ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ အပြုံးကို မြင်တော့လည်း ရင်ထဲမှာ အေးချမ်းလှပါတယ်။ အများကြီးမတတ်နိုင်ပေမယ့် တစ်နိုင်တစ်ပိုင်လေးတွေ လှူဒါန်းကြမယ်ဆိုရင်ဖြင့် သူတို့လေးတွေလည်း အဆင်ပြေသွားမယ်လို့ မြင်မိပါတယ်။ ဒီတစ်ပတ်တနင်္ဂနွေနေ့ကတော့ တကယ့်ကို မမေ့နိုင်စရာ နေ့လေးတစ်နေ့ပဲ ဖြစ်ပါတော့တယ်။

မိဘမဲ့ကျောင်းရဲ့ အရိပ်အာဝါသက ၄ တန်းကျောင်းသားကျောင်းသူများ ဖြစ်ပါတယ်။
ကုမာရာ ရာမ ပရဟိတစာသင်တိုက်ကျောင်းရှိ မိဘမဲ့ကလေးများ

ကလေးတွေရဲ့ အပြစ်ကင်းစင်ဘဝ

လှူချင်သူများအတွက် လမ်းညွှန် လိပ်စာလေး ပေးပါမယ်။
ကုမာရာ ရာမ ပရဟိတစာသင်တိုက်
အောင်သိဒ္ဓိလမ်း၊ အမှတ် (၃) ရပ်ကွက်၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်ရှင်

ပရဟိတသာမဏေများအတွက် ပစ္စည်းများလည်း လှူဒါန်းနိုင်သလို မိဘမဲ့ကလေးများအတွက်လည်း ကုသိုလ်ယူနိုင်ပါတယ်။
လိုအပ်တဲ့ နေရာများအတွက် ကျောင်းသားသုံးပစ္စည်းများအပြင် သာမဏေများအတွက်လည်း သင်္ကန်းတို့ဘာတို့လည်း လှူဒါန်းလို့ရပါတယ်။

15 comments

  • small cat

    December 12, 2011 at 9:20 pm

    သာဓုပါဗျာ၊ ကြောင်လေးလှူချင်ပါသော်လည်း တနယ်တကျေးကဖြစ်နေလို့
    ကိုယ့်မြို့ မှာပဲ လှူလိုက်ပါ့မယ်။

  • kotun winlatt

    December 12, 2011 at 9:40 pm

    သာဓုခေါ်ပါတယ်ဗျာ…သာဓုပါ…သာဓု…
    ကလေးတွေကို ကျနော်တို့ အားထားကြရမှာပါ..
    သူတို့လေးတွေကောင်းမှ တိုင်းပြည်အနာဂတ်ကောင်းမှာပါဗျာ…
    ကျနော်တို့လည်း ကျနော်တို့ဇနပုဒ်မှာ တတ်နိုင်သလောက်လုပ်ထားပါတယ်..
    ဒီဆိုဒ်ကို ခုမှရောက်လာတာမို့ မတင်တော့ပါဘူး…
    ကျနော်တို့ ဇနပုဒ်သားတွေ လုပ်ထားတာလေးကိုလည်း
    ဝင်ကြည့်ချင်ရင်တော့…http://kotunwinlatt.multiply.com/photos
    အဲ့မှာ ဝင်ကြည့်ပါနော်…

  • naywoonni

    December 12, 2011 at 9:50 pm

    ဒီအလှူမျိုး ကို အားပေးပါတယ်…။ ပြိးတော့ လှူကြပါလို့လည်း တိုက်တွန်းပါတယ်..။ တို့ တွေ အားလုံး အတူတူ ပါပဲ…။ တစ်မြေထဲ နေကြတဲ့ မိသားစုတွေပဲလေ………။

  • TTNU

    December 12, 2011 at 11:53 pm

    သာဓု အကြိမ်ကြိမ်ခေါ်ပါတယ် မနောဖြူလေးရေ…
    သူတို့လေးတွေကို ထမင်းသွားကျွေးတဲ့အခါ
    သူတို့ မစားခင် ရွတ်ဆို မေတ္တာပို့တာ ကြက်သီးတောင်ထ မိပါတယ်။

  • aye.kk

    December 13, 2011 at 7:40 am

    သဒ္ဓါတရား..
    စိတ်ထားတတ်သူ..
    မနောဖြူရေ..
    လှူချင်သူက..
    လိပ်စာရလို ့..
    အမှန်တကယ်ကျေးဇူးတင်..။

  • etone

    December 13, 2011 at 9:58 am

    အစ်မ မနောရေ … သာဓုခေါ်ပါတယ် … ။
    လူဆိုတာ သေမျိုးချည်းပါပဲ … စောစောသေတာနဲ့ နောက်ကျသေတာပဲကွာတယ် … ။ ကိုယ်တွေတောင် ဒီအရွယ်ထိ လိုအပ်ချက်တွေ ရှိနေသေးတာ … ငယ်ငယ်ရွယ်ရွယ်နဲက မိဘမဲ့ဖြစ်သွားတဲ့ … သူတို့တွေ အတော်ဒုက္ခရောက်ကြမှာ ကိုယ်ချင်းစာမိပါတယ် …. ။ သူတို့မျက်နှာလေးတွေ ကြည့်ပြီး စိတ်မကောင်းဖြစ်မိပေမယ့် … အလှူရှင်တွေရှိတာသိရတော့ ဝမ်းသာမိပြန်တယ် … ။

    ဇန်နဝါရီလထဲမှာ မွေးနေ့အတွက် လိုအပ်တဲ့နေရာမှာ … တစ်ခုခုလှူမယ်လို့ စဉ်းစားနေတုန်း …. အတော်ပဲဖြစ်သွားတယ် … ။ 🙂

  • ပေါက်ဖော်

    December 13, 2011 at 10:39 am

    ကောင်းတယ်..
    လှူရအောင် လိပ်စာ မှတ်ထားဦးမယ်..

    အခုလို..အကျိုးဆောင်ရသော အကျိုးအားကြောင့် ယောက်ျား မြန်မြန်ရပါစေဗျာ.
    သာဒု..သာဒု..
    😆

    • manawphyulay

      December 13, 2011 at 1:12 pm

      ပေးတဲ့ဆုလေး ပြည့်ပါစေ… အဲ မှားလို့
      ပေးတဲ့သူလည်း ပြည့်ပါစေပြောတာ….. ဘွာတေး.. 😛

  • နွယ်ပင်

    December 13, 2011 at 10:53 am

    အစ်မရေ သာဓုပါနော်
    ဓာတ်ပုံထဲက ကလေးတွေရဲ့ မျက်နှာကိုကြည့်ပြီး စိတ်ထဲမကောင်းဘူး
    သူတို့လေးတွေကတော့ ကလေးပီပီပျော်နေတဲ့ပုံပါပဲ …

  • ကြောင်ကြီး

    December 13, 2011 at 1:02 pm

    မနောဖြူ
    သဘောတူ
    အစောကူ
    ထောဇမ္ဗူ….။ 🙂

  • kotaungsu

    December 13, 2011 at 3:15 pm

    မိဘမဲ့ကလေးများကို တာဝန်သိသိနဲ့ အခုလို စောင့်ရှောက်ပြီး ပညာသင်ကြားပေးထားတာ ကျေးဇူးတင်ပါတယ်။ တာဝန်သိသူတွေမှာသာ တာဝန်တွေရှိကြပါတယ်။ မိဘမဲ့ကလေးများကို ကိုယ့်သားသမီးများကဲ့သို့ လူသားတိုင်း တာဝန်သိသိနဲ့ အတတ်နိုင်ဆုံးစောင့်ရှောက်ကြမယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲလို့။ ဒါလေးကို စိတ်ကူးမိသွားအောင် အမျှပေးလိုက်ချင်ပါတယ်။ ကလေးကောင်းမှ လူကြီးကောင်းမည်တဲ့။ ဒီကလေးတွေဟာ အနာဂတ်အတွက် လူကြီးတွေပါ။ သူတို့လေးတွေကောင်းဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး စောင့်ရှောက်ပြီး ပညာသင်ကြားပေးနေတဲ့ ရန်ကုန်တစ်ဖက်ကမ်း သန်လျင်က ပရဟိတတစ်ကျောင်းကိုလည်း website တွေ့ထားမိလို့ ဖော်ပြပေးလိုက်ပါရစေ။
    sutaungpyae.co.cc မှာ အသေးစိပ်လေ့လာနိုင်ပါတယ်။ ကုသို်လ် အမျှ ပွားနိုင်ကြပါစေ။

    • manawphyulay

      December 15, 2011 at 4:46 pm

      ဟုတ်ကဲ့ပါရှင် ကွန်နက်ရှင်ကောင်းတဲ့အခါ လေ့လာလိုက်ပါမယ်နော်။ ခုလိုဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • Zayar kyaw

    January 11, 2012 at 5:46 am

    လူသားပီပီ ကိုယ်ချင်းစာမိတယ်ဗျာ၊၊ ကုမာရာ ရာမ ပရဟိတစာသင်တိုက်မှ မိဘမဲ့ ကလေးငယ်များ အားလုံး ဘဝဆက်တိုင်းဆက်တိုင်း ဒီဘဝလို အဖြစ်မျိုးနဲ ့မကြုံတွေ ့ရ ပါစေနဲ ့လို ့ ဆုတောင်းပေးပါတယ်၊၊

  • snow white

    March 1, 2012 at 2:13 pm

    သိန်းထီးကြီး ပေါက်ရင်တော့လှူဖြစ်မယ်ထင်တယ် ခုလောလောဆယ်တော့ မိဘကိုလုပ်ကျွေး နေရတယ်လေ တစ်လတစ်လလောက်တောင်မလောက်ဘူးလေ ပို်က်ဆံစုအုံးမယ် များလာရင် တကယ်လှူမယ်နော်မမမနော

Leave a Reply