စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ

phone_kyawDecember 15, 20111min48351

စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေဖြစ်ပါတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းမလုပ်ချင်ဘူး။ ချွေးထွက်တာကိုလည်း မသိဘူး။ ကုလားထိုင်နဲ ့စားပွဲပေါ်မှာ စာဖတ်လိုက်။ တောင်တွေးမြောက်တွေးနဲ ့စာရေးလိုက်။ ပြီးရင် သူတို ့စိတ်ကူးယဉ်တာတွေကို စာဖတ်သူကလိုက်ပြီး ဖတ်ရသေးတယ်။

စာရေးဆရာဆိုတာ လက်ကြောမတင်းလို ့စာရေးစားတာလို ့ကျနော်ပြောတယ်။

စာပေဟောပြောပွဲမှာလည်း ဘာတွေပြောမှန်းမသိ။ လက်တွေ ့မရှိတဲ့ စာရေးဆရာတွေက စာဖတ်ပါ စာပေမြှင့်မှလူမျိူးတင့်မည်ဘာညာဆိုပြီး ကယ်တင်ရှင်လိုလိုဘာလိုလိုနဲ ့။

စာဖတ်ပြီး အလုပ်မလုပ်ရင် ဘယ်သူထမင်းကျွေးမှာလဲ။ ဒီခေတ်မှာ စာဖတ်ဖို ့နေနေသာသာ တနေကုန်တနေခန်း အလုပ်လုပ်ရတာ စာဖတ်ဖို ့နေနေသာသာ ဖင်တောင်မကုတ်အားဘူး။

စာရေးဆရာ ကဗျာဆရာ သီချင်းရေးတဲ့သူတွေအများစုက အရက်သမားတွေ ဆေးသမားတွေဖြစ်တယ်။ သူတို ့ရေးတာကိုများ သူတို ့လူတွေပဲ ချီးကျူးကြ မြှောက်ပင့်ကြနဲ ့။ ဘယ်မီဒီယာပဲဖြစ်ဖြစ် သူတို ့ပဲ သူတော်ကောင်းတွေကြနေတာပဲ။ စာရေးစားတယ်ဆိုတာ အလုပ်တစ်ခုပါ။ စက်ရုံမှာလုပ်တာလည်း အလုပ်တစ်ခုပါ။ အလုပ်သမားချင်းတူတာကိုများ စာရေးစားတဲ့အလုပ်ကို လုပ်တဲ့သူက မြင့်မြတ်သလို။ စိတ်ပျက်စရာကောင်းတဲ့ ဗမာစာရေးဆရာတွေ ကဗျာဆရာတွေ။

51 comments

  • ကြောင်ကြီး

    December 14, 2011 at 10:18 am

    မှန်အိ။ အယ်ဒီတာများ ပိုဆိုးသည်။ ပိုမှန်အိ။ ထုတ်လုပ်သူမျာ သာဆိုးသည်၊ ပိုပိုမှန်အိ။ စာပေစီစစ်ရေးများ အဆိုးဆုံးဖြစ်သည်၊ ပိုပိုပိုမှန်အိ။ အားလုံးထက် ပိုသာကဲအဆိုးဆုံးမှာ စာဖတ်သူများဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် မတထောင်သားဖြစ် ဖြစ်သောကြောင့်တည်း။။။

  • lulinmg

    December 14, 2011 at 10:20 am

    စာရေးရတာလဲ လက်ညောင်းတာပဲကွ

  • blackchaw

    December 14, 2011 at 10:23 am

    စာရေးဆရာ အလုပ်က ခန္ဓာကိုယ်ကို အားပြုလုပ်ရတာ မဟုတ်ပါဘူး။
    ဦးနှောက်ကို အားပြုလုပ်ရတာပါ။
    စကားအတင်းစပ်… (သူကြီးလေသံဖြင့်)
    ကိုဖုန်းကျော်က ဖစ်စကယ် သမား လား၊ မန်တယ် သမားလားဗျ။
    phone ဆိုလို့ ဖုန်း လိုက်တာပါဗျာ။

  • blackchaw

    December 14, 2011 at 10:37 am

    ကိုဘုန်းကျော်ရေ သုံးပုဒ် နော် သုံးပုဒ်။

  • Wow

    December 14, 2011 at 11:31 am

    စာရေးဆရာလက်ကြောမတင်းတာတော့မသိဘူး ဒီရွာထဲ မတောက်တခေါက်လေး ဝင်ရေးဒါတောင် လက်ကြောကိုတင်းနေအောင် ရေးရ (အဲလေ ရိုက်ရ) ထာ…

  • “ဘီလူးကြီး”ogre

    December 14, 2011 at 11:32 am

    ငပျင်းအလုပ်ကိုတောင် အပျင်းပြေလုပ်ကြည့်တာ
    သိပ်မသက်သာဘူးဗျ
    ရေးတိုင်းလဲကောင်းတာမဟုတ်ဘူး
    ကောင်းတိုင်းလဲဖတ်ကြတာမဟုတ်ဘူး
    ဖတ်ကြတိုင်းလဲနာမည်မကျော်ကြပါဘူး
    အဓိက တစ်ခုကတော့
    ကိုယ်မသိတာလေးတစ်ခု သူတို့သိလို့ရေးပြရင် ကိုယ်သိရတယ်
    ကိုယ်မပြောနိုင်တာလေးတစ်ခု သူတိုပြောပြရင် ကိုယ်ဆီမှာသိစရာတစ်ခုတိုးသွားတယ်ပေါ့
    စာရေးဆရာဆိုတဲ့ကောင်တွေက နတ်ဒေဝတာ တွေမှမဟုတ်တာ
    ဒီလိုပဲ ကိုယ်မသိတာတွေ ကိုယ်သတိမထားမိတာတွေကို
    ဖမ်းယူဆုပ်ကိုင်ရေးသားပြနိုင်တာလဲ သူတို့အရည်အချင်းတပ်ရပ်လို့ထင်ပါကြောင်း……. 🙂 😛

  • “ဘီလူးကြီး”ogre

    December 14, 2011 at 11:32 am

    ငပျင်းအလုပ်ကိုတောင် အပျင်းပြေလုပ်ကြည့်တာ
    သိပ်မသက်သာဘူးဗျ
    ရေးတိုင်းလဲကောင်းတာမဟုတ်ဘူး
    ကောင်းတိုင်းလဲဖတ်ကြတာမဟုတ်ဘူး
    ဖတ်ကြတိုင်းလဲနာမည်မကျော်ကြပါဘူး
    အဓိက တစ်ခုကတော့
    ကိုယ်မသိတာလေးတစ်ခု သူတို့သိလို့ရေးပြရင် ကိုယ်သိရတယ်
    ကိုယ်မပြောနိုင်တာလေးတစ်ခု သူတိုပြောပြရင် ကိုယ်ဆီမှာသိစရာတစ်ခုတိုးသွားတယ်ပေါ့
    စာရေးဆရာဆိုတဲ့ကောင်တွေက နတ်ဒေဝတာ တွေမှမဟုတ်တာ
    ဒီလိုပဲ ကိုယ်မသိတာတွေ ကိုယ်သတိမထားမိတာတွေကို
    ဖမ်းယူဆုပ်ကိုင်ရေးသားပြနိုင်တာလဲ သူတို့အရည်အချင်းတရပ်လို့ထင်ပါကြောင်း……. 🙂 😛

  • etone

    December 14, 2011 at 11:46 am

    ဟီး ဟီး .. ဟား ဟား … ဟီး ဟီး … 😆 🙄
    ဖတ်ရတဲ့စာတွေထဲ .. ဒီပို့စ် ဟာသအမြောက်ဆုံးပါပဲ … ။ 😉

    လက်ကြောမတင်းလို့ စာရေးစားတာကတော်သေးတယ် ကိုယ့်လူရေ … ။
    တောင်းစား ၊ ခိုးစား ၊ လုစားတာမဟုတ်တာ ကံကောင်းတယ်မှတ် :mrgreen:

    • ssa

      December 14, 2011 at 12:36 pm

      ကိုဘီလူးကြီးပြောတာ ပိုသဘာဝကျတယ်ထင်တယ်.

  • super

    December 14, 2011 at 12:35 pm

    ကိုဘုန်းကျော်ရေး………. ခင်ဗျားအခုရော စာရေးနေတာမဟုတ်ဘူးလား 😛
    ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • kotun winlatt

    December 14, 2011 at 12:40 pm

    စာရေးဆရာ ကဗျာဆရာ သမိုင်းဆရာတွေဆိုတာရှိခဲ့လို့
    ခင်ဗျားခုလို စာတွေရေးတတ်ဖတ်တတ်လာတာမဟုတ်လားး
    ခင်ဗျားးရေးနေတဲ့ ဖတ်နေတဲ့စာတွေက အဲ့လိုစာရေးဆရာတွေက
    မှတ်တမ်းတင်ခဲ့လို့ ခင်ဗျား ခုလိုရေးတတ်ဖတ်တတ်နေတာမဟုတ်လားးးး
    ခင်ဗျားးပြောတာနည်းနည်းလွန်တယ်ထင်ပါတယ်…
    ဒီလိုပြောလို့ ကျနော်လည်းးဘာကောင်မှလည်းးမဟုတ်ပါဘူးး
    ခင်ဗျားးးနည်းနည်း စဉ်းစားစေချင်လို့ပြောတာပါဗျာ..။

  • ကိုရင်စည်သူ

    December 14, 2011 at 1:00 pm

    စာရေးဆရာတိုင်းလည်း မအောင်မြင်သလို
    စာရေးဆရာတိုင်းလည်း ငပျင်းမဟုတ်ပါဘူး
    အလုပ်တစ်ဖက်နဲ့ ရေးနေကြတဲ့ အောင်မြင်တဲ့ စာရေးဆရာတွေလည်း
    အများကြီးပါပဲဗျာ… တချို့တစ်ဝက်ကိုတော့ ထောက်ခံပါတယ်။
    စာရေးခြင်းအတတ်ပညာဟာ ပါရမီ၊ အတွေးအခေါ်နဲ့ ကြိုးစားမှု ဝီရိယ
    ပေါင်းစပ်ထားတဲ့ စာရေးဆရာများကတော့ အဲ့ထဲတွင်ပါမည်မထင်ပါဗျာ…
    ကျနော်ကတော့ ကိုယ်လေးစားတဲ့ စာရေးဆရာကိုတော့
    ဖင်းပူးတောင်းထောင်ပြီး ကန်တော့ဖို့တော့ တစ်စက္ကန့်ဝန်မလေးကြောင်းပါဗျာ..

    စာမရေးဆရာပေါက်စ
    ကိုရင်စည်သူ

  • phone_kyaw

    December 14, 2011 at 1:09 pm

    ပျင်းတာကိုပျင်းတယ်လို ့ပြောတယ်။ လက်ကြောမတင်းတာကို မတင်းဘူးလို ့ပြောတယ်။ ဒီလိုဖြစ်နေလို ့ဒီလိုပြောတာကို မကြိုက်မှန်းတော့သိတယ်။ ဒီလိုမှမပြောရင် သူတို ့ကိုယ်သူတို ့ဘဝင်မြင့်နေအုံးမှာဗျ။ ဘာမဆိုင်ညာမဆိုင် တခြားအတွေးတွေ ဝင်မနေစမ်းပါနဲ ့သူငယ်ချင်းတို ့ရာ။

  • inz@ghi

    December 14, 2011 at 1:16 pm

    မတူတဲ့အတွေးနဲ့ မန့်ကြည့်မယ်
    ပျင်းမှ လက်ကျောမတင်းချင်မှ တိုးတက်တာဗျ…မပျင်းရင် ခုချိန်ထိ အမဲလိုက်စားရတဲ့ ကျောက်ခတ်က
    တက်ဦးမှာ မဟုတ်ဘူး …. ဟဲဟဲ ….

    အမဲလိုက်ရတာ ပျင်းတယ် စိုက်ပျိုးမွေးမြူရေး စတယ်..
    ကိုယ်တိုင် မစိုက်တာဆို မစားရတော့ဘူးလား….
    စားချင်တာတိုင်း ဘယ်စိုက်နိုင်ပါ့မလဲ နော …
    ဖလှယ်တဲ့ စနစ်စတယ် ..ပိုတယ်လျံတယ် ကုန်သွယ်တဲ့စနစ်စတယ် …
    ခြေ၂ချောင်းနဲ့ လျောက်ရမှာ သိပ်ပျင်းတာပဲ …သယ်ယူပို့ဆောင်ရေး စတယ်…
    စတယ်….စတယ် …စတယ်…
    သည်လိုနဲ့ ခေတ်တွေပြောင်းလာလိုက်တာ …..

    ကနေ့ ခေတ်ဟာ ကျောက်ခေတ်လူသားတွေထက်စာရင် အသက်ရှင်ရပ်တည်ဖို့
    လွန်စွာ လွယ်ကူသွားပြီပေါ့ ….. ဝှား ပျင်းထှာ ….

    😀

  • memeseku

    December 14, 2011 at 1:24 pm

    ko Ogre တစ်မှတ်

  • htoosan

    December 14, 2011 at 2:49 pm

    – “မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ ”
    ဒါလေး ဖတ်ဖို့တော့ မပျင်းပါနဲ့ ခင်ဗျ။

  • kai

    December 14, 2011 at 2:50 pm

    အင်း..ကျုပ်အဖေကတော့.. မနက်..၄-၅နာရီအထိ..စာရေးပြီး.. နေခဲ့..နေနေဆဲပဲ..။
    ပြီးတော့.. သူ့ပုံမှန်ရုံးအလုပ်အတွက်.. ပုံမှန်အလုပ်သွားခဲ့သေးတယ်..။

    ကျုပ်လည်း.. စာရေး..စာစစ်နဲ့..မနက်မိုးလင်းလင်းသွားတာ.. မနည်းလှဘူး..။ အိပ်မှဖြစ်မယ်ဆိုပြီး..အိပ်ယာထဲမှေးယုံရှိသေး.. ကလင်ကလင်..အလမ်င်းနဲ့.. အလုပ်ထပြေးရပြန်ရော…။

    ဒီထဲမလည်း ရေးနေသူတွေ.. မနက်လင်းသူတွေနည်းမယ်မထင်…။
    လက်တွေများ… ညောင်းညာကိုက်ခဲ.. အကြောတွေတင်းလို့..။

    ဆိုတော့…
    ပျင်းရင်ပျင်းမယ်. လက်ကြောတော့ တင်းတယ်ထင်တာပါပဲ..။
    ကဲ.. လက်ကြောနှိပ်ပေး… ။ 🙂

    • ကိုရင်စည်သူ

      December 15, 2011 at 8:53 pm

      တော်သေးရဲ့ အဘခိုင်ရယ်… လက်ကြောက လက်မှာ (ကတ်သ) သာပျောက်သွားလို့ကတော့
      ဒီပို့စ်စာရေးသူ သဂျီးကို ချိတ်ချိုးသွားဦးမယ်… ကွိကွိ… ဘူး…ထွား.. ထွား… 😆 😆

  • aye.kk

    December 15, 2011 at 6:21 am

    ပညာတတ်မှစာတတ်မှနိုင်ငံတော်ကိုစာပေနဲ့အကျိုးပြုနိုင်တာလို့ပါမောက္ခတစ်ဦးကိုယ်တိုင်
    ပြောကြားခဲ့တာမှတ်သားနာယူဘူးပါတယ်..။

  • MaMa

    December 15, 2011 at 8:57 am

    ဒီစာကိုဖတ်ပြီး အတွေးတစ်ခုပေါ်လာတယ်။
    စာရေးတဲ့လူတိုင်းကို စာရေးဆရာလို့ သတ်မှတ်ရင်တော့
    ဘုန်းကျော်အဆိုက မှန်ကောင်းမှန်ပါလိမ့်မယ်။
    ဒါပေမယ့် သုတ ရသ တစ်ခုခုကို ပေးနိုင်လို့
    သူ့ပရိတ်သတ်က သတ်မှတ်ထားတဲ့လူကိုမှာ စာရေးဆရာလို့ ဆိုရင်တော့ …..
    ဘုန်းကျော်ရေ မှားနေပြီထင်တယ်။
    (ကိုယ်တိုင်လည်း စာရေးဆရာမဟုတ်သလို၊ မိဘမျိုးရိုးလည်း စာရေးဆရာ မဟုတ်ပါ။)

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 15, 2011 at 9:42 am

    သိပ်ဟုတ်တာပေါ့ ထောက်ခံတယ်
    ဘာ !!!!!!!!!!!!!!!!!! စာအုပ်စာပေလူ့မိတ်ဆွေလဲ
    လပ်လျှား လပ်လျှား
    စာအုပ် ဒဂါးဂါးနဲ့
    ထမင်းစားဘို့ဆိုဒါ ( ဝီစကီနှင့်ရောသော soda မဟုတ်ပါ )
    လယ်ထွန်မှ ဇဘား စိုက်လို့ရဒါ
    ဘစ်ဇနစ်တွေ ဘာတွေနားလည်ရင်
    စာအုပ်ဆိုတာ ပိဿာချိန်နဲ့ရောင်းရင် ထန်းရည်ဝယ်သောက်လို့ရဒယ်
    စာကြည့်တိုက်တွက် ပိုက်ဆံတွေ
    ရွာဦးဘုရားရွှေချလိုက်ရင် သဂျားမင်းတောင် ဖြစ်နိုင်သေးဒယ်
    ( ညွှမ်းညွှမ်းညွှမ်း ဘူနဲ့မှ မတူအောင်ပြောဘလိုက်ဒါ )

  • htet way

    December 15, 2011 at 9:52 am

    ဖုန်းကျော် ကုန်းအော်လိုက်ပါလားကို ထီးသီချင်းလို
    မသိတဲ့ လူကို ဘယ်လိုလုပ်ပြီးသိအောင်ပြောမှာလဲ ..ပြောစမ်းဆို သလို
    သူ အမှောင်နဲ့ သူရှိပါစေ………။
    အော် …. အမှောင်တိုက်…. အမှောင်တိုက်
    လွတ်လပ်စွာ သဘောထားကွဲစေသတည်း။
    ကျွှန်ပ် ထက်ဝေး လက်ကြောတင်းပါတယ်ခင်ဗျ
    အရက်လည်းလုံးဝမသောက်ပါခင်ဗျား
    ဒီလိုပြောတဲ့ လူတွေကိုတော့ သနားစရာ အဖြစ်သာ
    ကြည့်တတ်မြင်တတ်တာလေးတော့ ခွင့်လွတ်ပါ ..ခွင့်လွတ်ပါ

    • manawphyulay

      December 16, 2011 at 2:43 pm

      အရေးထဲ လက်ကြောတင်းတာနဲ့ အရက်မသောက်တာ ကပ်ပြီး ကြေငြာဝင်သွားသေးတယ်။ ဒီဦးလေးကတော့ မနောတို့ကတော့ ဘယ်သူတွေ ဘာတွေပြောပြော သိတာကို ဖြန့်ဝေမယ်။ မသိတာကို ဖတ်မှတ်မယ်။ ရေးချင်တာကို ဆက်ရေးမယ်…. ဒါပဲ..

  • eveningstar

    December 15, 2011 at 10:05 am

    မိုက်တယ်ဗျာ။ကဘုန်းကျော်တကယ်မိုက်တယ်ဗျာ။

  • Gipsy

    December 15, 2011 at 10:56 am

    ဆရာကြီးလေသံဖြင့်—
    တာဝန်ကိုယ်စီရှိကြသည်.. ရှိလဲရှိသင့်သည်…
    စာရေးဆရာ ၊ ကဗျာဆရာ ၊ စည်ပင်က အမှိုက်သိမ်းဝန်ထမ်း မှအစ အားလုံးသည်
    ဤလောက၌ ရှိရန်လိုအပ်သည်ဟု ထင်မြင်မိပါကြောင်း…။

  • ရွှေဘိုသား

    December 15, 2011 at 11:00 am

    ဘာဘူသီချင်းပဲ ဆိုလိုက်ချင်တယ် စာသားမေ့နေလို့
    လိုက်စုံစမ်းကြည့်လိုက်ဗျာ ဘာသီချင်းလည်းဆိုတာ

  • kokoover

    December 15, 2011 at 11:03 am

    မောင်ဘုန်းကျော်. ဉာဏ်လေးတစ်ထွာတစ်မိုက်လောက်နဲ.။သနားစရာကောင်းလိုက်တာ။တန်ရာတန်ရာလုပ်ပါကွယ်။

  • Shwe Ei

    December 15, 2011 at 11:04 am

    ဝါးလုံး -ျီးသုတ်ပြီးရမ်းနေသလိုဘဲ။ ဘယ်သူမှ ပါဝင်ဆွေးနွေးလို့မရတဲ့ ကိစ္စကြီးကိုပို့စ်လုပ်ပြီးတင်တယ်။

  • windtalker

    December 15, 2011 at 11:05 am

    ပြောရဲတယ် ဆိုတာ ထက် ပြောရက်တယ် လို ့ဘဲ မှတ်ချက်ချ ချင်တယ်
    ဟာသလုပ်ရေးတာလား အတည်ဆော်တာလား ဆိုတာ ရေးသူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်

  • KING

    December 15, 2011 at 11:28 am

    ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့
    တတ် (၆) တတ်နဲ့ ရဲ (၆)ရဲ ပြည့်စုံဖို့လိုတယ်ဗျ
    မရေးတော့ပါဘူးဗျာ
    ရေးရင် အပျင်းကြီး လက်ကြောမတင်းတဲ့သူ ဖြစ်မှာစိုးလို့ …. 😀

    • manawphyulay

      December 16, 2011 at 2:45 pm

      မစ္စတာကင်း ခုပဲ ရေးပြီး ပြောလိုက်ပြီဆိုတော့ မင်းလည်း… ဟဲဟဲ မပြောတော့ပါဘူး။

      • KING

        December 16, 2011 at 4:00 pm

        အယ်ဗျာ
        အနှိပ်ခံရပီ (အတွယ်ခံရပီလို့တော့ မသုံးဘူး ဘာလို့လဲဆိုတော့ မိအေးနှစ်ခါနာ ဖြစ်မှာစိုးလို့)
        အတော်ပဲ အမရေ
        မနက်က လေ့ကျင့်သွားလုပ်ထားလို့ ညောင်းနေတာနဲ့ (ကန်တော့နော် ) .. 😀

  • pooch

    December 15, 2011 at 1:59 pm

    ကိုဖုန်းကျော်ရဲ့ အတွေးအခေါ်ကတော့ တကယ့်ကို အံ့မခန်း ထူးထူးကဲကဲ အံ့ဖွယ် သရဲပါပဲ …..
    တသက်နဲ့ တကိုယ် တကယ့်ကိုပဲ ကြားဖူးနားဝ ရှိသမျှ အတွေးအခေါ်တွေထဲမှာ ထူးခြားလွန်းလှပါတယ် … ပြောင်မြောက်လွန်းလို့ ဘယ်လို ပြောရမလဲတောင် မသိတော့အောင်ပါပဲ…. …

    ဒီလို အတွေးအခေါ်မရှိတဲ့ ကိုယ့်ကိုကိုယ်တောင် သတ်သေချင်စိတ်ပေါက်သွားပါတယ်…… 😆
    တချို့တွေလည်း ပြောကြပါသေးတယ် … လူတယောက်ရေးတဲ့ စာကို ကြည့်ပြီး အဲ့ဒီလူရဲ့ စိတ်ဓာတ်တို့ အတွေးအခေါ်တို့ ဉာဏ်ပညာ ဗဟုသုတတို့ အဆင့်အတန်းတို့ မှန်းကြည့်လို့ရတယ် ဆိုပြီး :mrgreen:

    ဒါနဲ့ စကားစပ်လို့ မေးပါရစေအုန်း
    ကဗျာနဲ့ ပတ်သတ်ပြီး ရေးထားတဲ့ အကြောင်းလေး ဖတ်ဖူးလို့ ဝေဖန်ပေးပါအုန်း ဉာဏ်မမှီလို့ပါ :mrgreen:

    ” ကဗျာဆိုတာ ”

    ကဗျာဆိုတာ …….
    လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊
    လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊
    လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊
    လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
    ကဗျာဆိုတာ ……..
    ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ။

    …….အောင်ဆန်းစုကြည်……

  • Maung Dae`

    December 15, 2011 at 4:32 pm

    ဘာမှမဟုတ်ဖူး…. လူတကာစိတ်ဝင်စားပြီး သူ့ ပို့စ်မှာ ကွန်မန့် များများရအောင်ထွင်နေတာ… ဟုတ်တယ်မဟုတ်လား ကိုဖုန်းကျော်…
    မဆိုးပါဘူး.. ရွာဆူအောင်တော့ လုပ်နိုင်သား…

  • aye.kk

    December 15, 2011 at 5:56 pm

    အတွေးအခေါ်လွန်စွာညံ့ဖျင်းတဲ့ငပျင်းများမှန်လျှင်စာပေကဗျာဆိုတာ..
    ဘာဆိုဘာကိုမှနားမလည်သည့်သူများသာလျှင်အမှန်ဖြစ်ပါသည်ခင်ဗျား..။

  • volcano101

    December 15, 2011 at 6:54 pm

    စာရေးဆရာတွေကို ငပျင်းတွေလို့ ပြောရင် ပိတကက်သုံးပုံကိုဘာသာပြန်ခဲ့တဲ့မိုးကုတ်ဆရာတော်ဘုရားကြီးကကော ငပျင်းကြီးလား ဘုရားဟောခဲ့တဲ့တရားကို ပြန်လည်ရေးသားခဲ့ကြတဲ့ ပုဂ္ဂိုလ် ကြီးတွေကကော အလုပ်မရှိလို့ ရေးခဲ့ကြတာလား
    ……..မင်းကနာမည်ကြီးချင်ရင်တခြားနီးလမ်းနဲ့ပဲနာမည်ကြီးအောင်လုပ်ပါကွာ………………..

  • zaw min

    December 15, 2011 at 9:10 pm

    မောင်ရင်ဘုန်းကျော်…ကိုယ့်ထက်(၈)နှစ်လောက်ငယ်လို့ မောင်ရင်လို့ခေါ်ဝေါ်သုံးနှုံးလိုက်ပါသည်။
    မောင်ရင်ပြောသလို စာရေးဆရာတွေ၊ကဗျာဆရာတွေ ကလူဆင်းရဲချင်ဆင်းရဲမယ်၊ဒါပေမယ့် သူတို့မှာ အသိပညာတော့ မဆင်းရဲဘူး..
    သူတို့တွေဟာ စာတွေရေးဖို့၊ကဗျာတွေရေးဖို့ အတွက်သူတို့ရဲ့ ပင်ကိုယ်အသိပညာမရှိရင် မရေးနိုင်ပါဘူး၊သူတို့တွေကသာ နောင်လာနောင်သားများအတွက် စာပေများမရေးသားခဲ့ဘူးဆိုရင် ယနေ့ ကမ္ဘာကြီးမှာ ပညာတတ်တွေ၊အတတ်ပညာရှင်တွေဆိုတာမရှိနိုင်တော့ပါဘူး…တချိန်က အမေရိကန်ပြည်ထောင်စုကြီးကို အုပ်ချုပ်သွားခဲ့တဲ့ သမ္မတကြီး အီဗရာဟင် လင်ကွန်းဟာ စာပေများကိုလေ့လာလိုက်စားခဲ့လို့ လူဆင်းရဲဘဝမှ သမ္မတအဖြစ်သို့ရောက်ရှိခဲ့တာ သာဓကတစ်ခုပါ…
    မိမိဆိုလိုချင်သောအကြောင်းအရာတစ်ခုကို အများကိုချပြတော့မယ်ဆိုရင် ဘောင်လေးတစ်ခုတော့လိုမယ်ထင်ပါတယ်…ဝါးလုံးရှည်နဲ့သိမ်းကျုံးရမ်းတဲ့ပုံမျိုးတော့မကောင်းဘူးလို့မြင်မိပါတယ်…

  • ဒီဆောင်းပါးကိုဖတ်လို်က်တော့ မျက်မမြင်ပုဏ္ဏား ဆင်စမ်းတဲ့ပုံပြင်ကိုသွားသတိရလိုက်ပါတယ်။

    • Maung Dae`

      December 16, 2011 at 3:50 pm

      ဟုတ်တယ် ဟုတ်တယ်.. မမြင်မစမ်းနဲ့ သွားမစမ်းနဲ့ ကိုဖုန်းကျော် ရှည်လမျောကြီးစမ်းမိဦးမယ် (နှာမောင်း) 😀

  • Sonny

    December 15, 2011 at 11:22 pm

    ဘုန်းကျော်
    မင်းဘာရည်ရွယ်ချက်နဲ့တင်မှန်းတော့မသိပါ။
    စာရေးဆရာတွေအားလုံးကို မပြောပါနဲ့။ ရေးတဲ့စာထဲမှာ စေတနာတွေ ပါကြပါတယ်။
    မပျင်းကြပါဘူး မပျင်းလို့ စာရေးတာပေါ့။ စာ ဘာသာ ပျောက်ရင် လူမျိုးပါပျောက်သွားနိုင်ပါတယ်။
    စာရေးဆရာ တွေမှာ ဦးဏှောက် အပဲ့ခံပြီး ရေးရတာပါ။ ရတဲ့ဉာဏ်ပူဇော်ခက စာမဖွဲ့လောက်ပါဘူး။ ပီတိနဲ့ရေးနေကြတာပါ။ ညီ တင်လိုက်တဲ့ ပိုစ်ကသာ ဖတ်သူကို အဆိပ် သင့်စေတာ။
    စာရေးတယ် ဆိုတာ အလင်းပေးတာပါ။ ငယ်ငယ်တုန်းက မင်း ဖတ်ခဲ့တဲ့စာ တွေ “မမ ဝဝ ထထ က၊ အကပထမ၊
    ကပါကပါ မမရာ၊ ညညလသာသာ” ဆိုတဲ့စာမျိုုးလေးတွေ ရေးခဲ့တဲ့ စာရေးဆရာတွေကိုအားနာပါ။ သူများရေးပြီးသားတွေဖတ်ရင်းလူလား “မျောက်” ခဲ့ ရတဲ့မင်း အခု ဩစတျေးလျနိုင်ငံရှိ ရွှေတူးဖော်ရေးမိုင်းမှာ အလုပ် ရနေပြီမဟုတ်လား။ နောက်ဆုံး မင်းမိဘတွေက မင်းကို ဝ လုံး ဝိုင်းဝိုင်းလေး ရေးတတ်အောင် သင်ပေးခဲ့တဲ့ စာရေးဆရာ လက်ဦး အရေးသင်ဆရာတွေပါ။
    ပြောရတာအားနာပါတယ်

  • unclegyi1974

    December 15, 2011 at 11:44 pm

    မောင်ဘုန်းကိုယ်တိုင်ပြောတာစာရေးတာလည်းအလုပ်တခုလို့..
    လက်ကြောတင်းတယ်ဆိုတာဘယ်လိုအဓိပ္ပါယ်သတ်မှတ်ပါသလဲမောင်ရယ်
    မြေတူးမှသေနတ်ထမ်းမှအလေးအပင်မမှလက်ကြောတွေထောင်ထအောင်လုပ်မှ
    လက်ကြောတင်းတယ်လို့သတ်မှတ်တယ်ဆိုမောင်ပြောတာမှန်တာပ
    သေချာပြန်စဉ်းစားပါအုန်းကွယ်

  • zoe

    December 16, 2011 at 1:13 pm

    phone kyaw ရေ ပြောရဲတဲ့ သတ္တိ ကိုတော့ လေးစား ပါတယ် ။ ဒါပေမဲ့ စာရေးသူ အားလုံးတော့ မဟုတ် နိုင်ပါ ။ phone kyaw လဲ ပို့စ တင် နေတာ ပဲ ။ စာရေးတာဟာ ဦးဏှောက် နဲ့ အလုပ်လုပ် တာမို့ လက်ကျော မတင်းဖူး ဆိုပေမဲ့ ဂေါင်း စားပါတယ် ။ ဂေါင်းကျောတင်းတာပေါ့ ။ 😛 ( လက်ကျော လဲတင်းပါတယ် key-board ရိုက်ရလို့ ) ။ ကိုယ်ကိုတိုင် က တော့ ပျင်းလို့ လက်ကျောမတင်း ချင်လို့ အခုပို့စ တွေ ကွန်မန့် တွေ တောင် မရေးချင်လောက် အောင် ဖြစ် နေတာ ။ ( burglish ရိုက်ရသော ဒုက္ခ) ။ ထောက်ခံတာက စာရေးဆရာ အား လုံး သူတော်ကောင်း တွေ မဟုတ် ၊ မြင့်မြတ် နေတာ မဟုတ် ဆိုတာ ပဲ ။ စာဖတ် သူတွေ ကိုယ်တိုင် က လဲ သိပ် hero-worship မဖြစ်ဖို့ ကိုဆိုလို ချင်တာလို့ နားလည် လိုက် ပါ တယ် ။ အချိန် မပေးနိုင် ပဲ ရေးလို့ တုံးတိတိ နိုင် တယ်လို့ ထင်ပါ တယ် ။ 😀

  • natthamee

    December 16, 2011 at 2:29 pm

    ကိုဘုန်းကျော် မူလတန်းတုန်းက သင်ခဲ့ဖူးတဲ့ ကဗျာတွေ ရေးတဲ့သူတွေကရော လက်ကြောမတင်းတဲ့သူတွေပဲလား၊ ဒါဆို ကိုဘုန်းကျော်ကိုယ်တိုင် လက်ကြောမတင်းတဲ့သူတွေရေးတဲ့ ကဗျာတွေကို ကျက်မှတ်ပြီး အတန်းတွေ တက်ခဲ့ရတာပေါ့နော်။

  • R Ga

    December 16, 2011 at 4:41 pm

    ရွှေဉာဏ်တော် စူးရောက်လှပါပေတယ်။ ဖုံးကြော်ရေ…။ ပလေတို တို့ ဦးကုလားတို့၊ဦးပုည ၊ရွှေဥဒေါင်းတို့၊ ဂျက်လန်ဒန်တို့၊ တော်စတွိုင်တို့ များကြားရင် ငိုချင်းချလောက်ပါပေတယ်။ ကမ္ဘာပေါ်မှာ အားအားယားယား စာတွေ ကဗျာတွေ ဖန်တီးတဲ့ လူများမရှိခဲ့ဘူးလို့စိတ်ကူးကြည်လိုက်ရင် ကမ္ဘာကြီးက ဒီနေ့လို့ တိုးတတ်လာမှာမဟုတ်တာတော့ သေချာတယ်။ ကျူပ်ကတော့ တစ်ခါတလေမှ ဝင်ကြည်မိတာ ဒီနေ့တော့အတော်ကံဆိုးသွားသဗျ..။

  • M-Lulin

    December 16, 2011 at 5:04 pm

    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
    Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ……..
    ဆိုတော့ .. ဒီနေ့ comment ဖတ်ရတာ စိတ်တော်တော်ရှုပ်သွားတယ်။ ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းတဲ့ သူနဲ့ နံမည် မတပ်ရုံတမယ် . ဆဲ တဲ့သူနဲ့ .. အသစ်တစ်ယောက် အနေနဲ့ ဒီရွာ ကို ဒီလို မဟုတ်လောက်ဘူး လို့ ထင်ထားခဲ့ပါတယ်။ လူမြင်လို့ မကောင်းပါဘူးဗျာ ဒီ related post နှစ်ခု ကို ဒီအတိုင်း ထားတော့မှာလား .. သူကြီး ..
    တော်ပြီ … ဒါ့ပုံ ပဲထွက်ရိုက်တော့မယ်.. Golden Time ရောက်နေပြီ …

Leave a Reply