ကိုရင်နှင့် ဖီလိုဆိုဖီနိုင်ငံရေးဝါဒီ
တစ်နေ့သ၌ ကျွန်ုပ်သည် ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရှယ်ချိုကျတစ်ခွက်၊ ဆေးလိပ်တစ်လိပ် ဖွားရင်း ရောက်တတ်ရာရာ တွေးတောရင်း ထိုင်နေလေ၏။ ထိုအချိန်၌ပင် ကျွန်ုပ်၏ ဝိုင်းသို့ ကျွန်ုပ် လွန်ခဲ့သော နှစ်အနည်းငယ်က (၁၀)တန်း Guide သင်ပြပေးခဲ့ဖူးသော ညီငယ်လေးတစ်ယောက် ရောက်လာလေသည်။ (ကျွန်တော် ဆယ်တန်းအောင်ပြီးတော့ ၁ဝတန်း Guide အလုပ်ဖြင့် ကျောင်းစရိတ် ကာမိစေရန်အတွက် ငွေရှာခဲ့ဖူးပါတယ်) ထို ညီငယ်လေးသည် ယခုအခါတွင် ဆေးကျောင်းတက်ရောက်လျက်ရှိသော ဆေးတက္ကသိုလ်ကျောင်းသားကြီး အဖြစ်သို့ပင် ရောက်ရှိနေလေပြီ။ မူစလင်ဘာသာဝင်ဖြစ်တဲ့ ထို ကျောင်းသားလေးကို သင်ခဲ့ဖူးသမျှ တပည့်လေးများထဲတွင် ကျွန်ုပ်စိတ်ထဲတွင် လွန်စွာ မှတ်မှတ်ရရဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ထို ကျောင်းသားလေးကို ကျွန်ုပ် (၁၀)တန်းကို နှစ်နှစ် ဆက်တိုက် မြန်မာစာ၊ သချင်္ာ၊ ရူပဗေဒ ဘာသာရပ်သုံးခုကို Guide လုပ်ပေးခဲ့ဖူးလေသည်။ ကျွန်ုပ်သည် ထိုကျောင်းသားလေး၏ ပထမနှစ် ၁ဝတန်းကို စာမေးပွဲနီးခါနီး ဒီဇင်ဘာလလောက်မှ စတင် သင်ပြပေးရလေသည်။ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်သော ကျွန်ုပ်သည် ဘာသာခြား မူဆလင်ကျောင်းသားလေးအား စာမေးပွဲအောင်စေချင်သော စိတ်ဖြင့် ညလုံးပေါက်များစွာ ထို ဘုရားစင်မရှိတဲ့ အိမ်ရဲ့ ကြမ်းပြင်ပေါ်မှာ ကျွန်ုပ် အိပ်ခါနီးတိုင်းတွင် အရှေ့အရပ်ကိုသာ မျက်နှာမူ သရဏဂုံတင်၍ စာသင်၊ စာကူကျက်ပေးရလေသည်။ သို့သော် ထိုနှစ်က ထိုကျောင်းသားလေးမှာ ကံဆိုးစွာ စာမေးပွဲကျသွားလေသည်။ မူဆလင်များဖြစ်ကြသော သူ၏မိဘများက ဗုဒ္ဓဘာသာဝင်ဖြစ်သော ကျွန်ုပ်အား နောက်နှစ်တွင်လည်း အယုံအကြည်မပျက်ပဲ ထို ဘာသာရပ်များကို ပြန်လည် Guide လုပ်ခိုင်းခဲ့လေသည်။ ကံကောင်းစွာဖြင့်ပဲ ထို ညီငယ်လေးသည် ထိုနှစ်တွင် စာမေးပွဲကို ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ပြီး ဆေးကျောင်းသို့ ဝင်ခွင့်ရသွားခဲ့လေသည်။ ယခုတော့ ပင်လယ်ရပ်ခြားမှ ပြန်လာကာစ ကျွန်ုပ်နှင့် ထို ညီငယ်သည် မတွေ့တာကြာပြီဖြစ်သဖြင့် စကားများကို ဖောင်ဖွဲ့ပြောဆိုနေလေသည်။ ထို့နောက်တွင် ညီငယ်က
“ဆရာ… သင်္ဘောလိုက်ရတာကော အိုကေရဲ့လားဗျာ”
“အေးကွာ… အိုကေလားဆိုရင်တော့ အိုကေ အိုစူ အူစိုတယ်ပေါကွာ့… ဒါပေမယ့် လူဖြစ်ချင်လို့ လူဘဝရောက်တာ
ငါ့ခမျာ လူကနေ ငါးတစ်ပိုင်းဖြစ်နေတာတော့ သိပ်မဟန်ပါဘူးကွာ… ဒါနဲ့ … ငါ့ညီကော ကျောင်းတက်ရတာ အိုကေရဲ့လား ဘာထူးသေးလဲ”
“အိုကေလားဆိုရင်တော့ အိုကေပါတယ် ဆရာ… ဒါပေမဲ့ ကျွန်တော်က ကျောင်းတက်တော့ တချို့သူငယ်ချင်းတွေက နိုင်ငံရေးအကြောင်းတွေ ပြောနေတယ် တကယ်ပြောရင် ကျွန်တော်က နိုင်ငံရေးကို နာမလည်ဘူးဆရာရယ်…။ ဆရာ ကျွန်တော်ကို စာပြ၊ စာကျက်ပေးတုန်းကလည်း ဆရာက ပြောခဲ့တယ်လေ နိုင်ငံရေးဆိုတာကို မင်း ယောင်လို့တောင် စိတ်မဝင်စားနဲ့ ကိုယ့်ထမင်းကိုယ်စား ကိုယ့်စာကိုယ်ကြိုးစား အမှတ်များများ ရအောင်ကြိုးစား၊ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဘက်တွေမှာ စိတ်မဝင်စားခဲ့ပါဘူး။ သူများတွေ ပြောပြောနေတဲ့ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ အရင်းရှင်တွေရဲ့ အဓိပ္ပါယ်ကိုလည်း ကျနော် သေချာနားမလည်ဘူးဗျာ။ သူများတွေ ပြောနေတော့လည်း တကယ်သိသိ မသိသိ ဝင်ဖောချင်တယ်ဗျာ။ အခုတော့ တွေ့တုန်း ဆရာတတ်နိုင်ရင် နိုင်ငံရေးအကြောင်းလေး ဗဟုသုတရအောင် ပြောပြပေးပါလားဗျာ” ဟူ၍ ကျွန်ုပ်အား တောင်းဆိုပြန်လေသည်။ ကျွန်ုပ်လည်း
“အေးဟ… အမှန်ဝန်ခံရရင် ငါလည်း နိုင်ငံရေးဆိုတာကို ခုထိ ဂဂနန သေချာ နားလည်သိတာမဟုတ်သေးဘူး။ ငါမြင်တာတော့ နိုင်ငံရေးဆိုတာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အရမ်း မာယာ ပရိယာယ်များတယ်။ အနုပညာဆန်တဲ့ မြှုပ်ကွက်တွေ ဗီလိန်ဆန်ဆန်တွေ ရိုက်ချက် အများကြီးပါတယ်ကွ။ ငါက သာမန် ရေလုပ်သားတစ်ယောက် ဖြစ်တဲ့အတွက်တော့ နိုင်ငံရေးအသိကတော့ မင်းသိချင်သလောက်တော့ ငါမှမသိတဲ့ အတွက် ငါသိတဲ့ လူပြိန်းအသိနဲ့ နိုင်ငံရေးစနစ်တွေကိုတော့ ဥပမာလေးပေးပြီး ပြောပြမယ်ကွာ…”
“ကမာ္ဘပေါ်မှာ ခေတ်အလိုက် ထွက်ပေါ်ခဲ့တဲ့ နိုင်ငံရေးစနစ်တွေကို တို့မြန်မာပြည်က နှစ်ပေါင်းများစွာ အဲ့စနစ်တွေကို ကျင့်သုံးခဲ့၊ ကျင့်သုံးခံခဲ့ရဖူးတယ်။ ရေပေါ်ဆီလူနည်းစုတွေက အဲ့ဒီ စနစ်တွေကို အသုံးချ အမြတ်ထုတ်ပြီး တို့နိုင်ငံမှာ ပြည်သူတွေဟာ အသက်အိုးအိမ် စည်းစိမ်တွေ မပျက်စီးသင့်ပဲ ပျက်စီးဆုံးရှူံးခဲ့ရတယ်။ စနစ်ကို အကျိုးရှိစွာ အသုံးချပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေဟာ ချမ်းသာ တိုးတက်သင့်ပါလျက်နဲ့ ခေတ်နောက်ကျ ကျန်ခဲ့ကြရတယ်။ တခါတရံမှာ နိုင်ငံရေးစနစ်တွေကို မျှတစွာ အသုံးချချင်လို့ လူကဖန်တီးခဲ့ပေမဲ့ အဲ့လူတွေကပဲ နိုင်ငံရေးစနစ်ရဲ့ ပြန်ဖန်တီးမှု မမျှတစွာ အသုံချတာတွေကို ခံနေရတာကို သတိမမူမိကြဘူး။ ငါသိသလောက် အဲ့ဒီစနစ်တွေကတော့….
၁။ ဆိုရှယ်လစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ တစ်ကောင်ကို အစိုးရကယူပြီး မင်းရဲ့ အိမ်နီးချင်းတွေကို ပေးလိုက်တယ်။
၂။ ကွန်မြူနစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရက သိမ်းယူလိုက်ပြီး မင်းကို နွားနို့ဝေပေးတယ်။
၃။ ဖက်ဆစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရကသိမ်းယူပြီး မင်းကို နွားနို့ ရောင်းစားတယ်။ အဲ့ဒါတောင် မင်းမှာ အလုံအလောက်မရဘူး။
၄။ အရင်းရှင်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ တစ်ကောင်ကို ရောင်းပြီး နွားထီးတစ်ကောင်ကို ပြန်ဝယ်တယ်။ မျိုးစပ်ပြီး နွားအုပ်တွေ အများကြီးဖြစ်လာအောင် လုပ်တယ်။ မျိုးစပ်နည်းကို အိမ်ဘေးက လူသိသွားမှာစိုးလို့ မှတ်ပုံတင်ထားလိုက်တယ်။
၅။ ဒီမိုကရေစီဝါဒ – မင်းမှာနွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရကသိမ်းယူလိုက်ပြီး မင်းနဲ့ မင်းအိမ်နီးချင်းတွေကို ဒီနွားနှစ်ကောင်ကို ရောင်းမလား၊ သတ်စားမလား၊ နွားနို့ထုတ်မလား၊ မျိုးစပ်မလား မှတ်ပုံတင်မလား မေးတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ မင်းနဲ့ မင်းအိမ်နီးချင်တွေ အများစုတောင်းဆိုတဲ့ ဘက်က နိုင်ရင် မင်းဆီက ရတဲ့နွားနဲ့ ပတ်သက်တဲ့ ရသမျှ အကျိုးကို မင်းနဲ့ မင်းအိမ်နီးချင်တွေကို ပြန်ဝေမျှပေးတယ်။
နိုင်ငံတစ်ခုမှာ နိုင်ငံရေးစနစ်တစ်ခု အခြေကျဖို့၊ အကျိုးဖြစ်ထွန်းဖို့ဆိုတာတော့ အချိန်နှင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ရင်းနှီးပစ်လိုက်ရတာတွေ ရှိတယ်။ တချို့နိုင်ငံတွေဟာ စနစ်နှစ်ခု သုံးခုကို မယားကြီး မယားငယ်လို ပေါင်းစပ်ပြီး ကျင့်သုံးကျတယ်။ ဥပမာ – မင်းဟာ ဒီမိုကရေစီကို လူသိရှင်ကြားသိတဲ့ မယားကြီးလုပ်ထားပေမယ့် ကွန်မြူနစ်ဝါဒ (သို့) အရင်းရှင်ဝါဒ ကို လည်း လက်မလွှတ်သေးဘဲ မယားငယ်အဖြစ် ဆက်လက် ဆွဲကိုင်ထားရှိကြတယ်။ သဘောက မင်းဟာ လူရှေ့သူရှေ့ ပွဲလမ်းသဘင်သွားရင် မယားကြီးကို လက်တွဲပြီး ပွဲထုတ်မယ်။ မင်းစိတ်ထဲမှာ တချိန်လုံး ချစ်ကြိုက်ပြီး စိတ်ထဲလက်ခံထားတာက မယားငယ်ကိုပဲ… ဒီသဘောပါပဲကွာ။
ငါနားလည်သလောက်ကို ငါနားလည်သလောက် ပြန်ပြောလိုက်တယ်ကွာ။ ဒီထက်ပိုပြီး မင်းက စိတ်ဝင်စားရင်တော့ အင်တာနက်မှာတက်ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာအုပ်တွေ ဆိုဒ်တွေ၊ များများရှာဖတ်တော့ ကိုယ့်ညီရေ” ဟု ကျွန်တော် သိသမျှ အတိုချုပ်ကို ကို ပြောပြလိုက်တော့သတည်း။
“ပြီးတော့ … ငါ့ညီ… ငါ့ကို ဆရာ… ဆရာနဲ့ တပ်မခေါ်နဲ့ဟ… ငါ့နား ထော်လော် ကန့်လန့်ဖြစ်နေတယ်။ တချိန်ကတော့ မင်းကို စာပြပေးခဲ့ဖူးလို့ ဆရာဖြစ် လုပ်စားခဲ့ဖူးလို့ မင်းက တပည့်အနေနဲ့ ငါ့ကို ဆရာခေါ်တာ ရပေမဲ့…ခုချိန်တော့ အစ်ကိုလို့ပဲခေါ်ပါ … ငါ့ညီရာ… ငါလည်း ဆရာအလုပ်မလုပ်တော့တဲ့ အပြင် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်လယ်သမုဒ္ဒရာထဲမှာ အသက်မွေးဝမ်းကျောင်းနေရတဲ့ အညတရ ရေအလုပ်သမား ဖြစ်နေပြီဆိုတော့ ဆရာသမားဂုဏ် လည်းမရှိတော့ပါဘူးကွာ” ဟုပြောလိုက်လေသည်။
“ဟာ.. ဆရာကလည်း မဟုတ်တာ…. ဆရာကို ဆရာလို့ ခေါ်တာ ဆရာကမကြိုက်ဘူးဆိုတော့ ဆရာ့ကို ဆရာမဟုတ်တော့လည်း ကျွန်တော်က အရင်ကတည်းက ဆရာလို့ ခေါ်တာနှုတ်ကျိုးနေပြီ ဆရာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဆရာလို့ပဲ ခေါ်မယ်ဗျာ”ဟု ကျွန်ုပ်အား ဆရာပေါင်းများစွာ ထပ်၍ ပြောပြလေတော့သည်။
“ဆရာက နိုင်ငံရေးစနစ်တွေကို နွားနဲ့ နှိုင်းပြောတော့ ကျွန်တော် နားလည်သလိုလိုတော့ ဖြစ်သွားပါပြီ။ ဒါနဲ့ ဆရာရေ့ လာမယ့် ကျွန်တော်တို့ နွားအသားအစ်နေ့ကျရင် အိမ်ကို ဆက်ဆက်လာလည်ဖို့တော့ မမေ့နဲ့နော်… ။ ကျွန်တော်လည်း အတန်းချိန်ရှိလို့ လစ်လိုက်ဦးမယ်ဗျာ” ဟု နှုတ်ဆက်ထွက်ခွာသွားလေတော့သည်။
နှုတ်ဆက်ထွက်ခွာသွားသော ထို ကျောင်းသားလေးရဲ့ နောက်ကျောပြင်ကို ကြည့်ရင်း တချိန်က ကျွန်ုပ်ဆိုတဲ့ ကိုရင်စည်သူက ဘုရားစင်မရှိတဲ့ ဘာသာခြား တစ်ယောက်ရဲ့ ကြမ်းပြင်ပေါ်မှာ တတ်သမျှ အတန်းပညာဖြင့် ပေါင်းတင် ရေးလောင်းပေးခဲ့တဲ့ ကျွန်တော်တို့နဲ့ အရောင်မတူတဲ့ ပန်းမျိုးစေ့လေးဟာ ယခုတော့ ဆရာဝန်လောင်းအဖြစ်နဲ့ ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းသွားပြီး ကျွန်တော် မဖြစ်ခဲ့၊ မလုပ်နိုင်တော့တဲ့ ဆေးပညာရပ်ဖြင့် မိမိနိုင်ငံနဲ့ ပြည်သူကို အကျိုးပြုမယ် လောဘမမက်တဲ့ ဘာသာခြား ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ပါစေဟု မုဒိတာ ပီတိဖြစ်ရင်းနဲ့ လက်ကျန် လက်ဖက်ရည်ခွက်အား နှစ်ခြိုက်စွာ အားပါးတရ မော့ချလေလိုက်တော့သတည်း။
စကားချပ် ။ ။
ကျွန်တော်ရဲ့ တထွာတစ်မိုက် ဉာဏ်လေးနဲ့ ရေးချင်လှသောကြောင့်သာ နိုင်ငံရေးစနစ်တွေကို ကိုယ်သိသလို ညီငယ်တစ်ယောက်ကို ပြောပြခဲ့မိသည့်အတိုင်း ပြန်လည်ရေးပြခြင်းဖြစ်ပါတယ်ဗျာ။
အမှားအယွင်းပါရင်တော့ တထွာတမိုက်သာ နိုင်ငံရေးအကြောင်းကို နားလည်သော
ဉာဏ်တိမ်သော သာမန်သင်္ဘောသား ဖြစ်တဲ့ ကိုရင့်အား နားလည် ခွင့်လွှတ်ပေးကြပါခင်ညာ။ 🙄 🙄
ဒါနဲ့ စကားမစပ်ပါ…..
ရွာထဲတွင် ပါလေရာ ငပိချက် ခြေရှူပ် ဖွန်ကြောင် တတ်သည့်အပြင် အနေအထိုင် မတတ်ခဲ့တဲ့အတွက် အဘရှိစဉ်ကတော့ ထိန်းသိမ်းခဲ့တဲ့ မရမ်းတလင်း အလှူဆော်(ဆော်ဩ) ဂွင်မဖန်ခဲ့တဲ့ အယူတော်မင်္ဂလာခြံ ထဲမှ တစ်ခဏ ထမင်းငတ် ဘဝပျက်လို့ ရောက်သွားခဲ့တဲ့ ကလားစူသီနှင့် အခြား ရရက်သားသမီးများအား ကျေးဇူးရှင် အဘမင်းသိင်္ခမှ ဗေဒင်တွက်ရာမှ ရသော ဉာဏ်ပူဇော်ခနှင့် ညပေါင်းများစွာ ကြိုးစားရေးသားခဲ့တဲ့ စာမူခတို့မှ သန့်စင်စွာရငွေတို့ဖြင့် အခမဲ့ ကျွေးခဲ့သော ထမင်းအား ခြံမှာကပ်စားခဲ့သည်အပြင် ဘဝမှာ အရေးကြုံရင် သက်လုံကောင်းစေဆိုတဲ့ (ဗေဒင်လေး မတောက်တခေါက်တွက်တတ်တော့ ဘာမှမလုပ်စားတတ်လည်း မင်းတို့ နောက်ထပ် ထမင်းမငတ်တော့ဘူးကွာ ဆိုတဲ့) စေတနာနဲ့ ဗေဒင်သင်ပေးခဲ့တဲ့ အဘရဲ့ တပည့်မိုက် ကျွန်တော်သည် ဂေဇက်ထဲတွင် တချို့နေရာများတွင် ထထွာတမိုက်သာ တတ်တဲ့ ဗေဒင်ပညာလေးဖြင့် မယောင်ရာဆီလူးခဲ့မိတာလည်း ရှိခဲ့ပါမည်။ (ဝန်ခံပါရစေ…. ကျွန်တော်က အဘရဲ့ တပည့်ဆိုလို့လည်း ဗေဒင်၊ ယတြာတွေ ကျွမ်းကျင်စွာ တွက်ချက်တတ်နေတာမဟုတ်ပါဘူးဗျာ။ မတတ်တခေါက် ကပေါက်တိ ကပေါက်ချာနဲ့ ကျွန်တော် တွက်သမျှ အကုန်လွဲလွန်းလို့ ဆရာ့ဆရာများစားဖို့ ဟင်းစားထွက်ဝယ်ပေးရတဲ့ အဆင့်ရှိတဲ့ မရမ်းတလင်း အယူတော်မင်္ဂလာခြံမှ ထွက်သော အညံ့ဆုံးအချာဆုံး ထင်ရာစိုင်းတတ်တဲ့ ဆရာအဆင့်မရှိတဲ့ ဖွတ်တပည့်မျှသာ ဖြစ်ပါတယ်လို့ ရိုးသားစွာ ဝန်ခံပါရစေ)။ ပြောမယ့်သာ ပြောတယ် ကိုရင့်ရဲ့ ဖွတ်မင်းကတောင် အဖေခေါ်ရမယ့် ရှယ်ဖွတ်ချက်နဲ့၊ အဆင့်မရှိချက်တွေကို ဝန်ခံရလွန်းလို့ အရှက်မရှိတဲ့ မျက်နှာကြီးကတောင် ရှက်ချင်လာပြီ… အဟီး… ဂေဇက်ရွာ ဂျလေဘီ ကျွန်တော့်ရဲ့ တထွာတစ်မိုက်နဲ့
ဦးနှောက် ပိစိလေးဖြင့် ရိုးသားစွာ ကြိုးစားရေးသားခဲ့သော ပို့စ်၊ ကွန့်မန့်များအပေါ်တွင်
အဖတ်လုပ် သည်းခံ ဖတ်ရှူ့ပေးပြီး ခင်မင်စွာ အသိအမှတ်ပြု ကွန်မန့်တွေ ပေးသွားတဲ့အတွက်
ရွာသူား များကို အထူးကျေးဇူးတင်ပြီး လေးစားစွာခင်မင်လျက်ရှိပါသည်ဗျာ။
အားလုံးကို လေးစားခင်မင်လျက်
ရွာဂျလေဘီ ကိုရင်စည်
14 comments
လင်းဝေ
December 16, 2011 at 1:04 pm
ရုပ်ချောတယ် သဘောကောင်းတယ် စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး( ဘယ်တော့မှ ပိုက်ဆံမချေးဘူးမှတ် )။ ငါးမွေးတယ် အစာမကျွေးဘူး ( ရည်းစားထားပြီး ကျွေးတော့ကျွေးနော် )။ ဆရာကြီးတော့မဟုတ်ဘူး တပည့်ကိုးယောက်ရှိတယ် (ဆရာလေးပေါ့) ဘယ်လောက်မှားမှား ဖင်ပိတ်ငြင်းတယ် ( ဘာကိုကြောက်လို့ ဖင်ပိတ်ထားတာတုန်း )
ကိုရင်လေး လည်း ရေးချင်ရာရေး။ တို့လည်း မန့်ချင်ရာမန့်နေတာပဲလေ။ ဘယ်သူ့ ဘယ်သူမှ ကျေးဇူးတင်စရာမလိုသလို စွပ်စရာလည်း မလိုဘူး ထင်တာပဲ။
windtalker
December 16, 2011 at 1:49 pm
ဟီဟိ ၊ ဟိုလူဂျီး ကိုမြွေ က ပြောဒလယ်နော်
“ ရည်းစားထားပြီး ကျွေးတော့ကျွေးနော် ” တဲ ့
ကလားတို ့က သိပ်နားမလည်တော့
ကန်ကလေး အဲဒါ ဘာပြောဒါလဲ
မှော်ဆရာ
December 16, 2011 at 3:32 pm
ကြားထဲက ဝင်ပူပြန်ပြီ .. သူ့ရှိတာ သူကြွေးမှာပေါ့
windtalker
December 16, 2011 at 1:48 pm
ဟေ့ဟေ့ ကိုယ့်လူရဲ ့
ဂွင်ဖန်တဲ့ ခြံ ဆိုတာ ကိုယ့်စိတ်ကူးထဲမှာ ဖန်တီးလိုက်တဲ့ နေရာတစ်ခုပါ
အဘမင်းသိင်္ခ ရဲ ့အယူတော်မင်္ဂလာ ခြံကြီး နဲ ့ဘာမှ မဆိုင်ကြောင်းရယ်ပါ
ထို ့ကြောင့် ၊ စိတ်ထဲတွင် ဘာမှ မရှိစေလိုကြောင်းရယ်ပါ
ဘာပဲဖြစ်ဖြစ် နင့်ကောင်းမှု နဲ ့နိုင်ငံရေး ဆိုတာကို ဥပမာ နဲ ့ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်
နို ့…
ကိုယ် က နင့်လောက်တောင် သိခဲ့တာ မဟုတ်ဘူးရယ်
ကိုးဆယ့်ကိုး စားစွာဖြင့်
မစ်စတာပေ
ကိုရင်စည်သူ
December 16, 2011 at 2:00 pm
ဟာ… ကိုရင်ပေကလည်း ဒစ်စမန်းနဲ့ ဒစ်စမန်း နောက်နေကျဟာကိုပဲ အကြောင်းသိတွေပဲဟာ
ပြောနေစရာလားဗျာ။ 😆 😆 ကိုရင့် စိတ်ကူးထဲက ခြံကြီးကို ဆက်ဖန်တီးပြီး ကိုရင်တို့ကို
ထည့်ရေးပေးနေတာပဲ ဂုဏ်ယူပြီး ကျေးဇူးတင်တယ်ဗျ…။ 😉 😉
ကျနော်ပြောချင်တာက ကျွန်တော်က အဘမင်းသိင်္ခရဲ့ တပည့်ဖြစ်ကြောင်း ဝန်ခံထားတော့
ရွာထဲမှာ ဂျလေဘီဖြစ်နေတဲ့ အဲ့ဒလိုသာ နေတတ်တဲ့ ကိုရင့်မှာ ပရက်ရှာဝင်ပါတယ်…။ မင်းသိင်္ခတပည့်တွေက
အဲ့လိုတွေပါလားကွဆိုတာမျိုး.. (တပည့်မကောင်း ဆရာခေါင်း) ဖြစ်သွားမှာ စိုးရိမ်လွန်လို့
ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်လုပ်လိုက်တာပါဗျာ… ဒီလိုလေး ဝန်ခံလိုက်တော့လည်း စိတ်ရှင်းပြီး
လုပ်ရကိုင်ရ ပြောင်ရတာ ကောင်းသွားတာပေါ့လေ… အဟီးး.. 😀 😀 😀
ကိုးဆယ့်ကိုး စားစွာဖြင့်
မစ်စတာဂျလေစည်
KING
December 16, 2011 at 2:12 pm
၁။ ဆိုရှယ်လစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ တစ်ကောင်ကို အစိုးရကယူပြီး မင်းရဲ့ အိမ်နီးချင်းတွေကို ပေးလိုက်တယ်။
၂။ ကွန်မြူနစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရက သိမ်းယူလိုက်ပြီး မင်းကို နွားနို့ဝေပေးတယ်။
၃။ ဖက်ဆစ်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရကသိမ်းယူပြီး မင်းကို နွားနို့ ရောင်းစားတယ်။ အဲ့ဒါတောင် မင်းမှာ အလုံအလောက်မရဘူး။
၄။ အရင်းရှင်ဝါဒ – မင်းမှာ နွားနှစ်ကောင်ရှိတယ်။ တစ်ကောင်ကို ရောင်းပြီး နွားထီးတစ်ကောင်ကို ပြန်ဝယ်တယ်။ မျိုးစပ်ပြီး နွားအုပ်တွေ အများကြီးဖြစ်လာအောင် လုပ်တယ်။ မျိုးစပ်နည်းကို အိမ်ဘေးက လူသိသွားမှာစိုးလို့ မှတ်ပုံတင်ထားလိုက်တယ်။
၅။ ဒီမိုကရေစီဝါဒ – မင်းမှာနွားနှစ်ကောင်ရှိတယ်။ နှစ်ကောင်စလုံးကို အစိုးရကသိမ်းယူလိုက်ပြီး မင်းနဲ့ မင်းအိမ်နီးချင်းတွေကို ဒီနွားနှစ်ကောင်ကို ရောင်းမလား၊ သတ်စားမလား၊ နွားနို့ထုတ်မလား၊ မျိုးစပ်မလား မှတ်ပုံတင်မလား မေးတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ မင်းနဲ့ မင်းအိမ်နီးချင်တွေ အများစုတောင်းဆိုတဲ့ ဘက်က နိုင်ရင် မင်းဆီက ရတဲ့နွားနဲ့ ပတ်သက်တဲ့ ရသမျှ အကျိုးကို မင်းနဲ့ မင်းအိမ်နီးချင်တွေကို ပြန်ဝေမျှပေးတယ်။
သိတော့ သိပေမယ့် သေချာ မသိဘူးဗျ
အခုတော့ နည်းနည်းတော့ သိသွားပြီ
ကျေးဇူးတင်ခြင်းများစွာဖြင့် …. ရုပ်ချောတယ်… သဘောကောင်းတယ်… စိတ်ဆတ်တယ်….. အကြွေးမဆပ်ဘူး… ငါးမွေးတယ်… အစာမကျွေးဘူး…ဆရာကြီးတော့မဟုတ်ဘူးတပည့်(၉)ယောက်ရှိတယ်…ဘယ်လောက်မှားမှား ဖင်ပိတ်ငြင်းတယ်…… ဆိုသော အစ်ကိုကြီးအား ပြောကြားလိုက်ပါတယ် …
ပိတ်တယ်ဆို့တယ်ဆိုတာ သိပ်ကောင်းတာတော့ မဟုတ်ဘူးလေ နည်းနည်းလောက် ဖွင့်ပြီး ငြင်းပါလို့ တိုက်တွန်းလိုပါတယ် …. 😀
windtalker
December 16, 2011 at 2:16 pm
ဘူ…..
ဖွင့်လိုက်ရင်တော့ မိစည် တို ့က အဲ့ဒလို အဲ့ဒလို
ဘူ…
ဘွမ်
KING
December 16, 2011 at 3:49 pm
aircon ခန်းထဲမှာတော့ ဖွင့်ပြီး မငြင်းခိုင်းရဲတော့ဘူးဗျာ … 😀
super
December 16, 2011 at 2:46 pm
ကျနော်လို နိုင်ငံရေးနားမလည်တဲ့လူအတွက်တော့ ကိုရင့် ပိုစ့်ဖတ်ပြီး ဗဟုသုတလေး ရတာပေါ့ဗျာ၊ နောက်ရေးမယ့် အကြောင်းအရာတွေလည်း စောင့်ဖတ်နေပါ့မယ်…… 🙂
manawphyulay
December 16, 2011 at 3:17 pm
အင်း လူမိုက်တော့ မဟုတ်ဘူး။ အပျင်းပြေလူသတ်တယ်… ဟဲဟဲ.. 😛
မှော်ဆရာ
December 16, 2011 at 3:34 pm
သူရှင်းလိုက်တော့လဲ နိုင်ငံရေးဆိုတာ လွယ်လွယ်လေးပါလား
ကျွန်တော် IR မှာ သင်ခဲ့ရတာတောင် အဲဒီလောက်မရှင်းဘူး..
နောက်တစ်ခါ IR မှာ နွားနိုင်ငံရေးအကြောင်း ထည့်သင်ခိုင်းရမယ်
ဒါမှ တတ်မှာ …
koyinmaung
December 16, 2011 at 8:07 pm
ကိုရင်စည်သူရေ……..
ခင်ဗျားရေးတဲ့ထဲမှာကျန်ခဲ့တာလေးဆက်ရေးလိုက်ပါတယ်
မြန်မာ့ဆိုရှယ်လစ်ဝါဒ-မင်းမှာနွားနှစ်ကောင်ရှိတယ် အစိုးရကနှစ်ကောင်လုံးကိုသိမ်းယူလိုက်တယ်
နွားကိုအစာမကြွေးဘူးနို့ညှစ်ရောင်းတယ်……..
ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းပြည်သူပိုင်လုပ်ငန်းများတခုမှတိုးတက်မှုမရှိအားလုံးပျက်စီးကုန်တယ်မဟုတ်လား….
kai
December 17, 2011 at 5:15 am
ကိုရင်စည်သူရေ..
အောက်ကစာတွေ.. ဘာသာပြန်ပြီး.. ဆက်သင်ပေးပါလိုက်နော…။ 😆
======
The Two Cows Example of Political Philosophy begins with two cows.*
FEUDALISM:
You have two cows. Your lord takes some of the milk.
PURE SOCIALISM:
You have two cows. The government takes them and puts them in a barn with everyone else’s cows. You have to take care of all the cows. The government gives you as much milk as you need.
BUREAUCRATIC SOCIALISM:
You have two cows. The government takes them and puts them in a barn with everyone else’s cows. They are cared for by ex-chicken farmers. You have to take care of the chickens the government took from the chicken farmers. The government gives you as much milk and as many eggs as the regulations say you should need.
FASCISM:
You have two cows. The government takes both, hires you to take care of them, and sells you the milk.
BUREAUCRACY:
You have two cows. At first the government regulates what you can feed them and when you can milk them. Then it pays you not to milk them. After that it takes both, shoots one, milks the other and pours the milk down the drain. Then it requires you to fill out forms accounting for the missing cows.
PURE COMMUNISM:
You have two cows. Your neighbors help you take care of them, and you all share the milk.
APPLIED COMMUNISM:
You have two cows. You have to take care of them, but the government takes all the milk.
DICTATORSHIP:
You have two cows. The government takes both and shoots you.
MILITARIANISM:
You have two cows. The government takes both and drafts you.
PURE DEMOCRACY:
You have two cows. Your neighbors decide who gets the milk.
REPRESENTATIVE DEMOCRACY:
You have two cows. Your neighbors pick someone to tell you who gets the milk.
AMERICAN DEMOCRACY:
The government promises to give you two cows if you vote for it. After the election, the president is impeached for speculating in cow futures. The press dubs the affair “Cowgate”.
BRITISH DEMOCRACY:
You have two cows. You feed them sheeps’ brains and they go mad. The government doesn’t do anything.
SINGAPOREAN DEMOCRACY:
You have two cows. The government fines you for keeping two unlicensed farm animals in an apartment.
ANARCHY:
You have two cows. Either you sell the milk at a fair price or your neighbors try to kill you and take the cows.
CAPITALISM:
You have two cows. You sell one and buy a bull.
HONG KONG CAPITALISM:
You have two cows. You sell three of them to your publicly-listed company, using letters of credit opened by your brother-in-law at the bank, then execute a debt / equity swap with associated general offer so that you get all four cows back, with a tax deduction for keeping five cows. The milk rights of six cows are transferred via a Panamanian intermediary to a Cayman Islands company secretly owned by the majority shareholder, who sells the rights to all seven cows’ milk back to the listed company. The annual report says that the company owns eight cows, with an option on one more. Meanwhile, you kill the two cows because the fung shui is bad.
ENVIRONMENTALISM:
You have two cows. The government bans you from milking or killing them.
TOTALITARIANISM:
You have two cows. The government takes them and denies they ever existed. Milk is banned.
POLITICAL CORRECTNESS:
You are associated with (the concept of “ownership” is a symbol of the phallocentric, warmongering, intolerant past) two differently-aged (but no less valuable to society) bovines of nonspecified gender.
COUNTERCULTURE:
Wow, dude, there’s like… these two cows, man. You have *got* to have some of this milk. I mean totally.
SURREALISM:
You have two giraffes. The government requires you to take harmonica lessons.
THERAPYISM:
You have two cows. One is a metaphor for your inner child. The other is the manifestation of anger toward a parental figure. You take one of the cows on walks through grassy fields by the gentle ocean waves. The other you beat with an anger bat.
(©2007 Mike McLoughlin, Executive Director, Memphis Recovery Centers)
RECOVERYISM:
You have twelve cows … and a sponsor.
(©2007 Mike McLoughlin, Executive Director, Memphis Recovery Centers)
INSURANCISM:
You have two cows. The Federal regulator requires you to hold one cow in reserve because they predict a shortage of milk. The Provincial/State regulator requires you to drop the price of milk because they predict a surplus of milk. The courts deem your cows inherently dangerous and order you to provide free milk to anyone who has ever been frightened by a farm animal. The marketing people are promising chocolate milk at an enhanced commission and you discover your own actuaries have been building pricing models assuming goats instead to save on the expense line.
(©2002 Saskia Oltheten Matheson)
OLTHETENISM:
You have two cows. You milk them and sell the milk in the Discovery Cafe.
( This entry was added by one of my Freshman Discovery Students who wishes (for obvious reasons) to remain anonymous. )
http://www.business.illinois.edu/broker/twocows.htm
ကြောင်ကြီး
December 17, 2011 at 1:14 pm
ရွာဂျလေဘီ
မြာပွေသည်
တာရှည်မအီ
အဝှာခွေပြီ….။