“သစ်ပင် နံရံ ခုံတန်းလျားများမှ ရင်ဖွင့်သံများ (တစ်)”
“သစ်ပင် နံရံ ခုန်တန်းလျားမှားမှ ရင်ဖွင့်သံများ (တစ်)”
လူ့သမိုင်းကိုပြန်တွေးကြည့်တော့ လူတစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်အောင်
ဆက်သွယ်ဘို့အတွက် ပထမဦးဆုံးပေါ်ပေါက်လာတာကတော့ “အမူအရာ”၊
သူ့နောက်မှာ ထပ်တိုးလာတာကတော့ အသံထွက်ပြောရတဲ့စကားသံ။
စကားသံမှာတောင် နေုထိုင်ရာဒေသကွဲပြားကြတော့ မတူတဲ့ဘာသာစကားရှိလာပြန်ရော။
ဒီအသံထွက်ပြောတယ်ဆိုတာ နီးရင်အဆင်ပြေပေမယ့် ဝေးတော့လဲအဆင်မပြေပြန်ပါဘူး။
အဲတော့ အဝေးကို ပို့နိုင်ဘို့စဉ်းစားတော့ အက္ခရာစာလုံးလေးတွေဖြစ်လာပြန်ပါတယ်။
ဒါကနေ စာလုံးလေးတွေတစ်ခုနဲ့တစ်ခုစုပြီးရေးတော့စာပေဆိုတာဖြစ်လာပြန်ရော။
စာပေတွေလဲပေါ်လာရော ကျနော်တို့လူသားတွေ ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါတော့တယ်၊
ခံစားချက်တွေ က နှစ်ကြာတော့ နောင်လာနောက်သားများအတွက်မှတ်တမ်းဖြစ်လာပါတယ်။
ရှေးကတော့ ဂူနံရံပေါ်မှာ။
နောက်တော့ ကျောက်စာ ပေစာ။
ထပ်တိုးတက်လာတော့ စက္ကူ။
နောက်တော့ ကိုယ်ခဏရောက်ခဲ့တဲ့နေရာလေးမှာအမှတ်တရ။
ကျနော်လဲနေရာအနှံ့ရောက်တော့ ဒီလိုအမှတ်တရချန်ထားတဲ့စာလေးတွေကို သတိထားမိပါတယ်၊
အဲတော့ ထုံးစံအတိုင်းလက်ဆော့မိတာပေါ့။
ကျနော်မြင်ခဲ့သမျှထဲက လက်ဆော့မိတာလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
ရွာသူရွာသားများရော ဒီမှတ်တမ်းထဲမှာ ကို်ယ်များပါနေမလားလို့ သေချာကြည့်နော်။










ဒါကတော့ ပထမပိုင်းပါ။
အပိုင်းနှစ်မှာတော့ မန်းလေးတောင်တော်ပေါ်က ရင်ဖွင့်စာတွေမြင်ရပါမယ်။
နောက်တစ်နေရာရောက်လို့ တွေ့ရင်လဲ ထပ်လက်ဆော့ ဦးမှာပါ.
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(19-12-2011)
27 comments
koyinmaung
December 19, 2011 at 2:27 pm
တတ်လဲတတ်နိုင်တဲ့ဆရာပေါက်ရေ…
ဆရာပေါက်ကြုံတုန်း
ရွာသားတွေရေးဘို့တနေရာလောက်
အမှတ်အသားလေးလုပ်ခဲ့ဘို့ကောင်းတယ်….
inz@ghi
December 19, 2011 at 2:31 pm
10 မန်းလေးကန်တော်ကြိးက ရင်ဖွင့်စာအမှတ်သုံး
အောင်မယ်ငီး …နာ့ ရီးစားဟောင်းနာမည်ရီးဘာလား…
အာလာလာ…..
ဟုတ်တော့ ဟုတ်နေဘာဘီ ….
ရင်ထဲမကောင်းတော့ …..
ဟုတ်မှာဘာ …ဒင်းဘဲဖြစ်မှာဘာ …
ဟင့် ……. :'(
Moe Z
December 19, 2011 at 2:40 pm
မတူတဲ့အမြင်နဲ့ရေးမယ်နော (သဂျီး ခဏငှား)
လေးပေါက်ရေ မိုးစက်ကတော့ အဲဒါရင်ဖွင့်တယ်လို့မြင်ပေးလို့မရဘူး
လက်ဆော့တယ်လို့ပဲမြင်တယ် တစ်ချို့နေရာတွေမှာ အလှဖျက်နေသလိုပဲ
ကိုယ်တိုင်လည်း ဘယ်တော့မှမရေးသလို သူများတွေရေးတာလည်းသဘောမကျဘူး
ပြေးပြီဗျို့ …
blackchaw
December 19, 2011 at 3:19 pm
အော် ချစ်သူတွေ ချစ်သူတွေ
ချစ်နေကြတုန်းတော့ ချစ်လိုက်ကြတာ။
ကြုံတဲ့နေရာ မှတ်တမ်းတွေထားလို့။
ညားတော့ တခြားတစ်ယောက်နဲ့။
တရားရစရာကောင်းပါတယ် ကိုပေါက်ရယ်။
(ပုံ ၈ က ပြည့်ဖြိုးအောင် ကို ချစ်တဲ့ ခင်ခင်လှိုင် ဆိုတဲ့စာလေးက
ကောင်မလေးကို ဓါးနဲ့ထောက်ပြီးရေးခိုင်းထားသလို ခံစားရပါတယ်ဗျာ။
ဟားဟား။ )
Diamond Key
December 19, 2011 at 3:41 pm
ကိုပေါက်တင်ပြတဲ့
ကျောက်စာ (ကျောက်တိုင်ပေါ်မှစာ)၊ 😛
ပင်စာ (အပင်ပေါ်တွင် ရေးထိုးထားသောစာ)၊ 😀
တိုင်စာ (တိုင်လုံးပေါ်မှစာ) စသည့်
ပေစာများ (နေရာတကာတွင် ညစ်ပေစွာရှိနေသော) များကို ပြည့်ဝစွာ လေ့လာပြီးကာ ဆက်လက်လေ့လာ လိုပါက 😆
ပလက်ဖေါင်းစာ (ကိုအဝှာ ဆိုင်နေရာ၊ နေရာဦးပြီး) စသည်ဖြင့် လေ့လာနိုင်ကာ
ရွှေ့လျားစာများ (ဥပမာ – မီးရထားများတွင် “ကြွက်ရောင်းရန်ရှိသည်”) ကို ဆက်လက်လေ့လာနိုင်ကြပါကြောင်း
etone
December 19, 2011 at 3:42 pm
အီ… လေးပေါက်ကြီး ဦးသွားပြီကွ …
ပြီးခဲ့တဲ့ လက သမီးလည်း အဲ့လိုစာတွေလျှောက်ရိုက်ထားသေးတယ် … စာလေးနဲ့တွဲတင်မလို့ … စာမရေးဖြစ်တာနဲ့ မတင်ဖြစ်ဘူး … ။ ကိုယ်တွေတုန်းက အဲ့လို မရေးခဲ့လို့လားမသိဘူး … စာတွေရေးတာ သိပ်ဘဝင်မကျဘူး .. ။ အများပိုင်ပစ္စည်းကို ညစ်ပေစေတယ်လို့ ခံစားမိတယ် … ။
ကိုပေါက်(မန္တလေး)
December 19, 2011 at 4:39 pm
မန်းလေးတောင်ပေါ်က စာ ဒီထက်ပိုတရားကျပြီးရီစရာကောင်းတာတွေလာမယ်။
ညစ်ပေတာလဲမှန်တယ်။
လက်ဆော့ တာလဲမှန်တယ်။
ဒါပေမယ့် ဒီစာလေးတွေထဲမှာ ဘဝပေါင်းများစွာရဲ့ ဝိဉာဉ်လေးတွေ
အဖြစ်အပျက်တွေ သတိရစရာတွေလွမ်းစရာတွေပူးဝင်ကပ်ညိနေတယ်လို့ စိတ်ထဲမှာခံစားရပါတယ်။
စိတ်ပျက်စရာ ပျော်စရာထဲမှာ လွမ်းစရာလေးတွေလဲပါတယ်လေ။
ဒါလဲ မတူတဲ့အမြင်ဘဲလေ ………
ဟုတ်တယ်ဟုတ် မိုးဇက်ရေ
Moe Z
December 20, 2011 at 8:20 am
လေးပေါက်ကခံစားတတ်လို့နေမှာပါ 😀
နောက်တာပါ လူတိုင်းမှာခံစားချက်ရှိတာပေါ့ ဒါပေမယ့် အဲဒီလိုရေးမယ်ဆိုရင် ကျောက်တုံးတို့သစ်ပင်တို့မှာရေးတာတော့ မပြောပါဘူး
ကိုရွှေတိုက်စိုးပြောသလို ဘုရားတွေ ခေါင်းလောင်းတွေပေါ်ရေးတာတော့ လုံးဝသဘောမကျဘူး
မင်းကွန်းခေါင်းလောင်းမှာဆို ရေးထားလိုက်ကြတာများ
ကျောင်းသားဘဝတုန်းကလည်း ခုံတွေပေါ်မှာလက်ဆော့ထားလိုက်ကြတာ
အင်တာနေရှင်နယ်ကျောင်းတွေမှာ အဲဒီလိုလုပ်လို့မရဘူး
Shwe Tike Soe
December 19, 2011 at 4:48 pm
ဟုတ်ပါတယ် စာလေးတွေက ခံစားချက်လေးတွေတော့ပါတာပေါ.. ပြင်ဦးလွင်လိုနေရာမျိုးမှာ ရေးတာပြသနာမရှိပါဘူး.. ဒါပေမယ့် ဘုရားတွေ.. ခေါင်းလောင်းတွေ.. အခြားရှေးဟောင်းတန်ဖိုးထား ပစ္စည်းတွေပေါ်မှာ အမှတ်တရရေးတာတော့ မကောင်းပါဘူးဗျာ… ဘုရားမှာ အမှတ်ရချင်ရင် ကဗ္ဗည်း ကျောက်ပြားဝယ်လှူကြပေါ့နော်.. ဒါမှ ကျောက်ဆစ်လုပ်ငန်းတွေလဲ အဆင်ပြေ သူတို.လေးတွေလဲ အမှတ်တရတာမှ မပျက်မချင်းပဲ.. သားတွေသမီးတွေရတဲ့အထိတောင် ဒါဖေဖေတို.ချစ်သူဘဝတုန်းက ကြည်နူးသီတကူးပြီး လှူထားတာလေလို. လိုက်ပြလို.ရတာပေါ့..
MaMa
December 19, 2011 at 4:59 pm
ကျိုက်ထီးရိုးမှာဆို ……
ကျောက်တုံးတွေပေါ်မှာ….
ရောက်တဲ့ နေ့ လ ခုနှစ် တွေကို ရေးထားတာလေးတွေ
…. အဖွဲ့ ပြန်ပြီ ဆိုပြီး ရေးထားတာလေးတွေကတော့ ….
ချစ်ဖို့ကောင်းသား 🙂
nozomi
December 19, 2011 at 5:14 pm
ဦးပေါက် ပို့စ် လေး ဖတ်ရင်းနဲ့မှ ပုပါးတောင်မကြီးပေါ် ရောက်တုန်း ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကျောက်တုံးပေါ်မှာ စာရေးကြတာလေး အမှတ်ရမိတယ်
ဒါ က မြန်မာ တစ်ခုတဲ မဟုတ်ပဲ ၊ ကမာ္ဘပေါ်မှာလဲ ဒီလို အလေ့အထတွေ ရှိကြတယ်လို့ ကြားဖူးတာပဲ
ဟုတ်မဟုတ်ကို သူကြီး ၊ကိုကြောင် ၊ ကိုအောင် ၊ ကိုသစ် ၊ကိုဂီ ၊ မမှီတို့ အတည်ပြုပေးကြပါ နော
inz@ghi
December 20, 2011 at 8:53 am
ရှိတယ် ဦးနိုရေ …သည်မှာလည်း…
သိပ် ရုပ်ပျက်ဆင်းပျက်တော့ မဟုတ်ဘူးဗျ…
ဓါတ်တိုင်တွေမှာ ဆစ်ဂနေချာရေးတာ …
ဂရပ်ဖတီ ဆန်ဆန်တွေပေါ့ …. သည်ဆစ်ဂနေချာကိုပဲ
တစ်တိုင် တခု စီရေးသွားတာ ….
လမ်းဘေး street artists တွေလား..
local brand အသစ်တခုခုကိုပဲ awareness လုပ်တာပဲလား
မဆိုနိုင်ဘူး..(marketer တွေပဲ နေမှာ …သင်းတို့က သိပ်ယုတ်မာတာဗျ….မပေါင်းနဲ့..:D)
မြို့နယ် ကိုလိုက်ပြီး တွေ့ရတဲ့ …signature တွေလည်း သိပ်မတူပြန်ဘူးဗျ…
သူတို့မှာလည်း …နယ်အလိုက် အပိုင်းအလိုက် ရှိသလားမသိပါဘူးဗျာ…
တလောကတော့ မြေအောက်ဘူတာ ရထားလမ်း နံရံမှာ ရေးတဲ့လူကို CCTV ကနေ
ရိုက်ထားနိုင်တယ်ပြောတယ် ဗျ …
ဆူး
December 19, 2011 at 5:17 pm
လူတွေ တော်တော် ခက်တာပဲ အများပိုင် ကို ကိုယ်ပိုင်လို သဘောထားပြီး လျှောက်ခြစ်တာ အလှပျက်စေတယ်။ သူများနိုင်ငံမှာဆို အပင်က အပွင့်တောင် လမ်းမပေါ်က ရှိတာ မခူးဘူး.. ဥပဒေကြောင့်လား အများပိုင် လက်မဆော့ရဘူး ဆိုတဲ့ စိတ်ကြောင့်လားတော့ မသိဘူး။
လျှောက်ခြစ်တဲ့ လူတွေ ရေးထားတာ စောင့်ဖမ်းပြီး ဆေးပုံး တပုံးစာ အလျှော်တောင်းရင် တိုင်းပြည် တပြည်လုံး အရောင်တွေ တောက်လာလိမ့်မယ် ထင်တယ်။
ကိုပေါက်(မန္တလေး)
December 19, 2011 at 6:38 pm
ကောင်းသားပဲ အဲဒီအစီအစဉ်။
ဓါတ်ပုံရိုက်ပြီးထားမယ်ကွာ။
naywoonni
December 19, 2011 at 7:23 pm
ပြောချင်ဘူးနော်…..။ မန္တလေးရောက်တုန်းက ဈေးချို အိမ်သာမှာတစ်ခါ ရတနာပုံဈေး အိမ်သာမှာတစ်ခါ နံရံတွေပေါ်မှာ ပွစိလံနေအောင်ရေးထားလိုက်တာများ …။ စိတ်ဓါတ်ကို ကျရော…။ ချိန်းတာကလည်းပါသေး…။ အယုတ္တ အနတ္တ တွေလည်းပါသေး..။ အံမယ်…။ ချဲနံပါတ်ပေးတာလဲ ပါသေးတယ်…။ ဒီည ဘယ်အသင်းလောင်းဆိုတာကော …စုံလို့……… ကြာပါပြီ 2004 လောက်ဆိုတော့ ခုကော ရှိဦးမလားမသိ…။
windtalker
December 19, 2011 at 7:26 pm
ကိုပေါက်
ခင်ဗျားကော
အဲဒီ့နေရာတွေ သွားတုန်းက
မဒမ်ပေါက် နဲ ့အတူ
“မှတ်မိပါတယ် မဒမ်ပေါက် ရယ်
သတိရပါတယ် မဒမ်ပေါက် ရယ် ” လို ့
ရေးခဲ့သေးတယ် မို ့လား….
mihninlay
December 19, 2011 at 8:07 pm
နံပါတ်၄ ရဲ ့အဓိပ္ပါယ်ကတော့
**ငါနင့်ကိုထာဝရချစ်နေအုံးမယ်**တဲ့
အတော်ကောင်းတဲ့စာသားလေးပေါ့ 🙂
ကိုပေါက်(မန္တလေး)
December 19, 2011 at 9:12 pm
မရေးရပါမောင်ပေရယ်
ကြက်တက်စူးလို့သေပါမယ့်
ဘယ်ဘက်က စူးစူး
ညာဘက်က စူးစူး
inz@ghi
December 20, 2011 at 8:54 am
အို …
သစ်ပင်ပဲဖြစ်ဖြစ် …. သမိုင်းဝင်တဲ့ ဘာကြီးပဲဖြစ်ဖြစ်…
ရှေးဟောင်းပစ္စည်းဘဲ ဖြစ်ဖြစ် ….
အများပိုင် ပစ္စည်းတွေမှာ ….
အဲ့လိုရေးတာ အားလုံးကို မီးဒုတ်ကွ ာ…
ကြာဒယ်..
လက်ယားနေရင် ကိုယ့်အိမ်မှာ ကိုယ်ရေးကြ …
သူများ မြင်စေချင်ရင် ..blog ပေါ်တက်ရေး ….
မဟာဖေ့စဘုတ် တော်ကြီးမှာရေး …
ဂရက်ဖတီ ဆြာသမားများလည်း ..ကိုယ့်အိမ်မှာကိုယ်
မှုတ်ကြ ….ဘယ့်နှယ့် မထော်မနန်း ……
လေးပေါက် ဖွ လို့ ဝင်ပွ ကြည့်တာ …ဟီဟိ ….
နီကီတာ
December 20, 2011 at 12:54 pm
ရင်ဖွင့်ထားတာတွေကတော့ ဟုတ်ပါပြီ
အဲလိုတွေ ရေးထားတာ အလှပျက်လိုက်တာ
မျက်စိရှုပ်တယ်
စုံ စုံ
December 20, 2011 at 4:27 pm
မှတ်မှတ်ရရ မြေနီကုန်းက moon bakery ဆိုင်ဖွင့်တုန်းက
ဆိုင်စဖွင့်တဲ့နေတဲ့ထဲက အချိန်တော်တော်ကြာ ပုံမှန်ထိုင်လာတာ
အစကတော့ ဆိုင်ကသပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေး
နောက်ပိုင်းကျတော့ လက်ဆော့တဲ့သူတွေများလာတာ စားပွဲတွေကိုနေရာလွတ်ကိုမရှိတော့ဘူး
မြင်ရတာတကယ်အရုပ်ဆိုးတယ် တကယ်ကဒါမျိုးမဖြစ်သင့်တော့ဘူး
လူတွေကိုယ်ပိုင်ပစ္စည်းမဟုတ်လို့ဘဲ စည်းကမ်းကိုနားမလည်တာလား
လုပ်ချင်လို့ကိုလုပ်နေတာဘဲလားဆိုတာ တခုခုဘဲ
ကိုပေါက်(မန္တလေး)
December 20, 2011 at 6:04 pm
သူကြီးစာအရပြောရရင် ကြယ်ငါးတွေ တစ်ကောင်ခြင်းတက်လာပြန်ပြီနော်
ကိုပေါက်(မန္တလေး)
December 20, 2011 at 6:07 pm
ဒီနေ့တောင် ရွှေကြက်ယက်ရောက်တော့ ထပ်ရိုက်လာသေးတယ်။
အကောင်းဆုံးက အခုလိုပေါက်ကရတွေတွေ့ရာမြင်ရာမရေးအောင်
ရေးစရာနေရာလေး နံရံမှာ သီးသန့်ပေးထားရင် ရေးချင်သူတွေရေးလို့ရပြီပေါ့နော်။
ဒါဆို စိတ်ထဲရှိတာလဲရေးလို့ရ ညစ်လဲမညစ်ပတ်
ဖတ်ချင်သူများလဲအားရပါးရဖတ်လိုက်ရုံပါဘဲ။
thit min
December 20, 2011 at 6:47 pm
သေခြာတာ တခုတော့ ရှိတယ်။
ကျနော်တို့ ကိုပေါက်က အသဲနုတယ်။
~~~~~~~~~~~~~~~~~
ကဲ …………ဖြည်းဖြည်းမန့်ကြနော်။ (^^)
ကိုပေါက်(မန္တလေး)
December 20, 2011 at 8:51 pm
ခံစားတတ်တာပါ ကိုသစ်ရ
အသဲကတော့ မနုပါဘူး။
လိုအပ်ရင်မာပါတယ်။
KING
December 20, 2011 at 9:22 pm
ကျွန်တော်လည်း ရေးဖူးတယ် ပထမဆုံး ရေးဖူးတာပေါ့ ပြီးတော့ ပထမဆုံး ကိုယ့်ဖာသာ လည်ဖူးတာလေ
ဘယ်နားမှာလည်းဆိုတော့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)မှာ
ကယားပြည်နယ်ပြကွက် တောင်ကွဲစေတီမှာပေါ့
ရေးတဲ့နေရာက တော်တော်ချောင်ကြတယ် လေးပေါက်ရိုက်တဲ့အထဲ ပါမှာစိုးလို့ ကြိုရှောင်ထားတာ
တော်တော်ခဲရာခဲဆစ်ကိုရေးလိုက်တာ … လူတိုင်းလည်းမမြင်နိုင်ဘူး အဆောက်အဦးလည်းမထိခိုက်ဘူး ကိုယ့်အတွက်လည်း အမှတ်တရဖြစ်အောင် ဆိုပြီး ဝှက်ရေးထားတာ … 😀
ကိုပေါက်(မန္တလေး)
December 20, 2011 at 10:21 pm
ရတယ် မောင်ကင်းမင်းဖွက်တာကို ရအောင်ရှာပြီးတင်ပေးမယ်နော်။