ဒီထက်တော့ လျော့မရဘူးဗျို့
အချစ်ဦး
နင်နဲ့ငါ
ကမ္ဘာတစ်ရာလောက် ဝေးနေပြီ
နင်ပြောပြောနေတဲ့ ပန်းသီးကို
တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား
ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့
လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ
ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို
ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး
တကယ့်စာခြောက်ရုပ်ကလေးအတိုင်း
လည်လိုက်တာ ….
ရောင်စုံခြယ်တောအုပ်လေးတစ်ခု
တိတ်ဆိတ်နေတာဟာ
နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ
အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင်
နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး
ခြေဖျားကအစ စိတ်အဆုံး
(သိပ်ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ
သွေးရိုးသားရိုးလွမ်းရမှာတောင်
ဂုဏ်ငယ်သလိုပေါ့ ………။ ။
comegyi
မနေ့က ဖတ်မိတဲ့ကဗျာလေးပါ….။ ဖတ်မိသူတွေကတော့ ဘယ်လိုခံစားမိသလဲ မပြောတတ်ဘူး….။ နေဝန်းနီကတော့ အဲဒိကဗျာလေးကို ဒီလိုလေး ခံစားလိုက်မိတယ်…။ ကဗျာရေးတဲ့သူကိုလည်း မသိပါဘူးနော် ..။ ပြိးတော့ နေဝန်းနီဆိုတဲ့ကောင်က ကိုယ့်ဟာကိုသာ ကဗျာရေးတာ သူများရေးတဲ့ ကဗျာ ပထမတစ်ပိုဒ်လောက်ဖတ်ကြည့်ပြီး တော်ရုံတန်းရုံ အရေးလောက်နဲ့ ဆက်ဖတ်မရတတ်…။ တစ်ချို့ကဗျာတွေကျတော့ အတွေးလေးကောင်းချင်ပါရဲ့….။ အသံက တစ်ပြေးတည်းသွားနေတော့ ဖတ်ရတဲ့သူငြီးငွေ့လာပြန်ရော….။ အဲဒိတော့ ကဗျာကို ထိထိမိမိ ရေးကြမယ်ဆိုရင်ဖြင့် ကိုယ်ရေးထားတဲ့ ကဗျာ စာသားကို ကိုယ့် အသံထွက်ပြီးပြန်ဖတ်ကြည့်ပါ….။ ကဗျာဆိုတာ ကဝိ ပစ္စည်းလို့ပြောတာပဲ…။ ဘယ်နားက ကပြီးဘယ်နားမှာဝိရ သလဲ နေဝန်းနီမသိပါဘူး…။ ရင်ခုန်ခံစားမိသလိုရေးလိုက်တာပါပဲ…။ ဘယ်ဟာကို ဘယ်လိုဆော်လိုက်မယ်ဆိုပြီး ရေးခဲ့တာတော့ မရှိကြောင်းပါ…။ ဒါပေမဲ့ ရေးရင်း က ငြိသွား တာကတော့ မတတ်နိုင်ပါလေ………။ ကဲပါ……..စောစောက ကမ်းဂျီးရဲ့ ကဗျာလေးပြန်ကြည့်ရအောင်……..။
နင်နဲ့ငါ
ကမ္ဘာတစ်ရာလောက် ဝေးနေပြီ
ဆိုတော့ကာ……… လူချင်းဝေးကြတာတော့ မဖြစ်နိုင် ….။ စိတ်ချင်း အတွေးအခေါ် အယူအဆချင်းဝေးနေတာပါ…။
နင်ပြောပြောနေတဲ့ ပန်းသီးကို
တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား
အဲ…..လာပါပြီ..။ အဲဒါ သင်္ကေတ ပါ…။ ပန်းသီးတဲ့…။ ဘာလဲ ပန်းသီး…။ ရှည်ရှည်ဝေးဝေး မတွေးလိုက်ပါနဲ့…။ အာဒံနဲ့ ဧဝ ဇာတ်ကြောင်းပြန်ကြည့်လိုက်ပါ….။ ဘုရားသခင်က မစားဖို့ တားမြစ်ထားတဲ့ ပန်းသီး စားလိုက်မိလို့ လူသားတွေ ပွားများလာတယ်ဆိုတာကို ပြောချင်တာပါ…။ နဲနဲ လျော့ပြောရရင် အိမ်ထောင်ရေးပေါ့ဗျာ…။ ချစ်သူနှစ်ဦး ဆွေးနွေးနေပုံရပါတယ်…။ အတူနေကြမယ်ပေါ့ …။ မခွဲနိုင် တော့ဘူးပေါ့…။ ကောင်မလေးက ပန်းသီးအကြောင်းစပြောတယ်နော်..။ အာဒံနဲ့ ဧဝမှာလည်း ဧဝက စားချင်တာ…။ အဲ ဆက်လာပါပြီ…။ တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား တဲ့….။ စဉ်းစားစရာကောင်းခန်းလေးနော်…။ ကောင်မလေးက ကောင်လေးကို ပန်းသီးကျွေးတယ်ဆိုတော့….။ ကောင်လေးက နဲနဲ လေး အာသာပြေ စားရတာကို ဝဟန်မတူပါဘူး..။ အဲဒိတော့ ဆက်ပြောလိုက်တာက
ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့
လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ
အဟဲ…။ မိုက်ကွာ….။ ကောင်မလေးက ဒီလောက်ပဲစားဦး နောက်နေ့ ဖို့ချန်ထားဦးလို့ ပြောလိုက်ပုံရပါတယ်..။ ကောင်လေးကို အရိပ်အယောင်ပြပြီး ငြင်းဆန်လိုက်ပုံရပါတယ်…။ အဲဒိမှာ ဆိတ်ငြိမ်ရာတောအုပ် ဒါက တစ်ဖြတ်ထား ကွမ်းကျင်တယ်…။ ကောင်မလေးက ငြိင်းဆိုရာ မှာ ကျွမ်းကျင် လိမ္မာပုံရပါတယ်…။ ကိုကိုရယ် ဘာရယ်ညာရယ် ချော့ပြီး နေဝန်းနီတို့ မင်းသားလေးမောင်ကမ်းကြီးကို ငြင်းဆိုနေတာ အဲပြီးတော့ ဆူညံတဲ့ တောအုပ် ကိုရောက်မှ လှောင်ရယ်လိုက်ပုံရပါတယ်…။ အဲဒိတော့ သူတို့ သွားဆွေးနွေးနေတဲ့ နေရာက ဆိတ်ငြိမ်ရာ တောအုပ် ….။ တစ်ကယ်တောအုပ်ဖြစ်ချင်မှလည်းဖြစ်မယ်…။ တိတ်ဆိတ်တဲ့ နေရာမှာ တွေ့ကြ ပြော ကြ စကားစမြည်…။ ဘာတွေ ပြောတာလဲ ပန်းသီးအကြောင်း…။ အတူတူနေရအောင်လို့ ပြောမယ်…။ ကောင်လေးက …။ အဲဒိမှာ ကောင်မလေးက ပန်းသီး အမြည်းကျွေးမယ်…။ တစ်ကယ် အဝကျွေးတာမဟုတ်ဘူး…။ အရှောင်အတိမ်းကျွမ်းကျင်စွာနဲ့ ရှောင်ထွက်လာမယ်…။ ဒီနေရာက လူရှင်းလွန်းတယ်… ဟိုဘက်နားသွားရအောင်ဘာညာတဲ့ ပြန်ခေါ်ထုတ်လာမယ်…။ အဲဒိမှာ မောင်ကမ်းဂျီးက
ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို
ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး
ကမ်းနဖူးလေးဆီကို ခေါ်သွားချင်တာတဲ့………။ ကြောက်စရာကြီးနော်…။ အချစ်ကျမ်းကျေတဲ့ သူများ သိပြီးသားပါ…။ အဲဒိကမ်းနဖူးမှာ ဘာရှိတယ်.. ဘယ်လိုခံစားရတယ်ဆိုတာ……..။ အဟီး….။ ဟိုကောင်မလေးက သဘောမပေါက်ပဲ နေမလား…။ ပေါက်တာပေါ့…။ ဒါပေမဲ့ ဟင့်အင်း ကြောက်တယ် ဆိုပြီး အကြောက်အကန်းငြင်းဆိုပြီး လူရှင်းတဲ့ နေရာကနေ ကောင်လေးကို ပြန်ခေါ်ထုတ်လာတာ…။
တကယ့်စာခြောက်ရုပ်ကလေးအတိုင်း
လည်လိုက်တာ …. တဲ့…။ အဲဒိနေရာမှာ စာချောက်ရုပ်တွေက လည်သလား မလည်သလားတော့ မသိ…။ တစ်ခြား ပစ္စည်း တစ်ခုခုနဲ့ နှိုင်းယှဉ်ပေးရင် ပိုကောင်းမလားလို့…။
ရောင်စုံခြယ်တောအုပ်လေးတစ်ခု
တိတ်ဆိတ်နေတာဟာ
နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ
အံမယ် အံမယ် လာလာချည်သေးရဲ့…။ တိတ်ဆိတ်တဲ့ နေရာကို ခေါ်သွားတာ ဖွက်ထားတဲ့ အိပ်မက်လေးပါတဲ့…။ ဖွက်ထားတယ်ဆိုတော့ သူက တွေ့အောင်ရှာခိုင်းမလို့ ပေါ့လေ…။ ဘယ်ရမလဲ ဟိုက လည်တာကို…။ ဘယ်ရှာပါ့မလဲ…။
အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင်
နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး
အင်း ပါးကလေးပြန်မလေးလိုက်ပါဘူးလို့ ပြောတာလေတော့ ပြန်ပေးလိုက်ရတဲ့ ပေါ့…။ တင့်တင့်ထွန်းသီချင်းဆိုပြသွားလေသလားတော့ မသိဘူး…။ ကြားဖူးလား “နမ်းမှာလား” ဆိုတဲ့ သီချင်းလေ…။ ပါးလေးဖြေးဖြေးနမ်းပါ ကိုကိုရေ…။ ဒီထက်အဆင့်တက်မလာနဲ့ ဟိုးးး ဆိုတာလေ…….။
ခြေဖျားကအစ စိတ်အဆုံး
(သိပ်ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ
သွေးရိုးသားရိုးလွမ်းရမှာတောင်
ဂုဏ်ငယ်သလိုပေါ့ ………။ ။
အဲ အဲဒါကတော့ မောင်ကမ်းဂျီးရဲ့ ဆင်ခြေ ဆင်လက်လေးပါပဲ…။ အားလုံး သိပ္ပံ ပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဒီလောက်လေးတောင်မှ မလိုက်လျောနိုင်ဘူးလာပေါ့…။ ဒါဆိုရင်တော့ သူပြောချင်တာ တွေ ခြုံငုံလောက်မိပြီထင်ပါရဲ့…။ ကဗျာလေးက သည်းထိတ်ရင်ဖို လေးပါ…။ ဒါပေမဲ့ သူကြီးက နဲနဲ လျော့ ကြပါဆိုလို့ ဒီထက်ပိုပြောရရင် မကောင်းလို့ ကဗျာလေး အကြောင်း ရိုးတိုးရိပ်တိတ် ခံစားပြလိုက်တာပါ…။ ဒီထက်တော့ လျော့လို့မရတော့ဘူးဗျို့…။ ဒီတော့ ကိုယ်တိုင်ပဲ ဆက်လက် ခံစားကြည့်ကြပါတော့လို့……..။
နေဝန်းနီ
16 comments
koyinmaung
December 19, 2011 at 7:39 pm
အောင်မငေး…..ကိုနေဝင်းနီကြီးရေ
အကောင်လိုက်ကြီးပြတာတောင်
အနော်တို့က ရေးတေးတေးဖြစ်နေတုန်း
နုံကိုနုံလွန်းပါတယ်လေ……
windtalker
December 19, 2011 at 8:24 pm
ကျုပ် က တော့
အရှိကို အရှိအတိုင်း
ဖွင့်ပြချင်တယ်ဗျို ့
စကားလုံးတွေ ကို
ပြောပါတယ်
ကိုပေါက်(မန္တလေး)
December 19, 2011 at 9:15 pm
ဒီမယ်ကိုနေ လျှော့ချင်ရင် အသာတကြည်လျှော့
မလျှော့ရင် မဝယ်ဘူးဗျာ။
Gipsy
December 19, 2011 at 11:56 pm
ရောင်းသူ တစ်ဆယ် .. ဝယ်သူ ငါးကျပ် …ဒါဗြဲ….။
တညင်သား
December 20, 2011 at 1:05 am
ကဗျာတွေဖတ်တော့လဲ ဘာမှန်းမသိ..ရေးတဲ့ဆရာတွေ ရှင်းပြပါဆိုတော့လဲ မော်ဒန်ကဗျာ ဘာညာ ဆိုတော့ သိပ်မမေးတော့ဘူး..ကိုလဲခံစားတက်သလိုခံစားလိုက်တယ်…………..အခုဒီကဗျာတော့ ကိုနေ ရှင်းပြမှပဲ………:(
aye.kk
December 20, 2011 at 9:11 am
အတွေးနက်နက်..
ထဲတည့်ဝင်နှောင့်..
ဖြောင့်ဖြောင့်စင်းစင်း..
ထင်းထင်းမြင်အောင်..
ဘောင်ကွပ်နားသပ်..
လျှော့တတ်ကြိုးကို..
ဖြေဆိုကိုနေမြင်တတ်သည်..။
Moe Z
December 20, 2011 at 9:38 am
ဪ ဒီလိုလား 😀 😀
ဖတ်တော့ဖတ်လိုက်တယ် နားမလည်ဘူး
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 20, 2011 at 3:31 pm
မှတ်ချက် ။ ။ အောက်ပါအကြောင်းရာကို တပ်တွင်းအချုပ်ကျ ကြောင်ကြီး 😀
လေသံဖြင့်ဖတ်ပါ။
……………………………….
……………………………….
တက်းးးးးးးးးးးးးးးးးးးး ထိုးးးးးးးးးးးးးးးးးးးးးးးးးးးးး
တက်လည်းတက် ထိုးလည်းထိုး
တက်ထိုး..တက်ထိုး…တက်ထိုး
( သတိ။ ။ တက်ထိုးရာကနေ တောက်တဲ့မဖြစ်စေနဲ့ )
lu nyo chaw
December 20, 2011 at 3:58 pm
ဂလိုကျလည်း ဟုတ်သဟ ကူူးပြီဗျို့
thit min
December 20, 2011 at 6:23 pm
ကောင်းတယ်ဗျာ။.။ရှင်းလင်းချက်လေးနဲ့ ရေးတာဆိုတော့ ပြည့်စုံသွားတာပေါ့ဗျာ။
ကဗျာဆိုတာ မစားဘူးသေးတဲ့ စားစရာကောင်း တခု ဗျ။
စားတတ်တဲ့သူက စားနည်းပြ ပေးရင် ပိုစားလို့ကောင်းတာအမှန်။
manawphyulay
December 20, 2011 at 6:37 pm
အင်း ခုမှပဲ ကဗျာရဲ့ ရာဇဝင်ကို ထိထိမိမိ ပိုပြီး မြင်ယောင်ခံစားမိတော့တယ်။ စာနဲ့ပေနဲ့ဝေးနေတော့လည်း နည်းနည်းတော့ မနောတို့က ပိန်းတယ်လေ….
kotun winlatt
December 20, 2011 at 6:40 pm
ဟုတ်ပါပီ ..အစ်ကိုရေ…
ဟုတ်ပါပီ…ဈေးးမဆစ်တော့ပါဘူးးးနော်….။
comegyi
December 20, 2011 at 7:25 pm
ဟမ်မာလေး …….ကိုနေကြီးရယ်
ကိုနေကြီး အနက်ဖွင့်ဆိုလိုက်မှပဲ ….
သားကဗျာလည်း ညှိစော်လုံးလုံးကို နံရောခင်ဗျ …
သို့သော်လည်း ကိုနေကြီးအမြင်ကိုနေကြီးဖွင့်တာ ဂွတ်ပါတယ်
သား ခေါင်းစဉ်ကိုယ်က အချစ်ဦးလေးပါနော် ကိုကိုနေ……
နောက်တစ်ပုဒ်လောက် အနက်လင်းပေးပါဦးဂျာ….
……………
မထွေးလေးဆိုတဲ့ …(မပဋာရူးခန်းဗုံထောက်လေး……)
“အရှေ့ဆို တောင်ပေါ်ထိပ်က၊ လိပ်ခွပ်လို့ သမင်သေ
ခြေမိုးမျှော်လို့နေ…….
သိကြားမင်းက မနေနိုင်၊ တုတ်ကို ကိုင်လို့လေးနဲ့ပစ်
ပေါင်မှန်လို့ မျက်စိကျိုး၊ သွားဟောက်တောက်ကန်း…..”.
………
naywoonni
December 25, 2011 at 8:05 pm
ညှီစော်မနံသေားပါဘူ့
လျော့ပြောထားတယ်လေ………
ဒီထက်တော့လျော့လို့မရဘူး…။
ဒါဗျဲ
ကို comegyi ရေ…………. ဆရာမောင်သာနိုး ရဲ့ ထင်းရူးပင်ရိပ်ကို ရှာဖတ်ပါ…။ ဝါသနာရှင်ချင်း လက်တို့တာနော် ဆရာလုပ်တာမဟုတ်ပါဘူး…။ အဲဒိစာအုပ်က မော်ဒန်ကဗျာကို ဝါသနာပါသူတိုင်းအတွက် သမ္မာကျမ်းစာလောက်ကို အရေးကြီးပါတယ်…။ (မြန်မာမော်ဒန်ကဗျာကိုပြောတာပါ)
comegyi
December 25, 2011 at 11:06 pm
ထင်းရှူးပင်ရိပ်က ဖတ်ခဲ့တာကြာပေါ့ဗျာ…..
ငပေါက်ဖော်
December 25, 2011 at 8:55 pm
ဟိုက်..
သူရို ့..မော်ဒန်အချင်းချင်းတော့ ဟုတ်နေတာပဲ..
မော်ဒန်ကမ်းကြီးကရေး..မော်ဒန်နေက အနက်ပြန်..နိပ်သဗျာ..
ကျုပ်လဲ မော်ဒန်နေ ရှင်းပြမှပဲ ပေါက်တော့တယ်ဗျို ့..
ဟာရေ…ဟာရေး..တိုင်းကျူးမော်ဒန်နေရေ….
ဘီအီးရှယ် တိုက်မယ်..တိယား..တိယား…