Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အို ဂဇက် ရွာသူရွာသား အပေါင်းတို့ ….

ေမွာ္ဆရာDecember 22, 20111min121156

မန္တလေး ဂေဇက်ဟု အမည်တွင်သော ဤရွာကြီးတွင် မှီတင်းနေထိုင်ကြကုန်သော အို ရွာသူရွာသားအပေါင်းတို့ ..။ဤဂေဇက်ရွာသည် သင်တို့အား ပညာကိုလည်းကောင်း ၊ ဥစ္စာကိုလည်းကောင်း ၊ ဗဟုသုတ ကိုလည်းကောင်း ပေးစွမ်းနှိုင်၏။ မိမိအရိပ်ခိုသော အခက်အလက်နှင့် ပြည့်စုံသော ပညောင်ပင်ကြီးအား အရိပ်နေနေ အခက်ချိုးချိုး မလုပ်ပဲ ကြီးထွားဖွံ့ဖြိုးအောင် ကြံဆောင်သင့်သကဲ့သို့ ဤ ဂေဇက်ဟု အမည်တွင်သော ရွာကြီးအားလဲ ပျက်စီးရာ ပျက်စီးကြောင်း ရှောင်ရှားကြပြီးလျှင် ထာဝစဉ် စည်ပင် ထွန်းကားအောင် ကိုယ်စွမ်းနှိုင်သမျှ ဆောင်ရွက်ရမည်မှာ ကျွန်ုပ်တို့ ရွာသူရွာသားအပေါင်း၏ တာဝန်သာ ဖြစ်ချေ၏။။
ကျွန်တော်တို့ ရွာကြီးမှာ ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းလေးတွေ တွေ့နေရပါတယ်ခင်ဗျာ..။ ဒါကြောင့် ဒါတွေကို ရွာသူရွာသားတွေ (အသစ်/အဟောင်း)များ အနေနဲ့ ရှောင်ရှားဖို့ လိုနေပါတယ်..။

(၁)စကားခြောက်ခွန်း လူ၌ထွန်း (၄)ခွန်းကိုရှောင် (၂) ခွန်းဆောင်လို့ ဆိုစကားရှိပါတယ်။

စကား (၆) ခွန်း

၁။မမှန် ၊ အကျိုးမရှိ၊ ကြားရသူ မနှစ်သက်သော စကား
၂။မမှန် ၊အကျိုးမရှိ ၊ ကြားရသူ နှစ်သက်သော စကား
၃။အမှန် ၊အကျိုးမရှိ ၊ ကြားရသူ မနှစ်သက်သော စကား
၄။အမှန် ၊အကျိုးမရှိ ၊ ကြားရသူ နှစ်သက်သော စကား
၅။အမှန် ၊အကျိုးရှိ ၊ ကြားရသူ မနှစ်သက်သော စကား
၆။အမှန် ၊ အကျိုးရှိ ၊ ကြားရသူ နှစ်သက်သော စကား
ကိုယ်ကိုတိုင် ပိုစ်တစ်ခု၊ ရေးသားတော့မယ်ဆိုလျှင် စဉ်းစားပါ.။ ကိုယ်ရေးသားမဲ့ပိုစ်ဟာ ဘယ်အထဲမှာပါပါသလဲ…။ (၁)ကနေ (၄) အတွင်း ပါတယ်ဆိုရင်တော့ မရေးသားတာ အကောင်းဆုံးပါ..။ အမှန်၊ အကျိုးရှိ ၊ ကြားရသူ နှစ်သက်သော ပိုစ်များသာလျှင် စာဖတ်သူများသာကို အမှန်တကယ် အကျိုးပြုနှိုင်ပါတယ်..။ သို့သော် ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသကဲ့သို့ အမှန် ၊အကျိုးရှိ ၊ ကြားရသူ မနှစ်သက်သော ပိုစ်များကိုလဲ ဂေဇက် ရွာသူရွာသားများအနေနဲ့ အပြုသဘောဆောင်ပြီးလျှင် မည်သူ မည်ကဲ့သို့ ဝေဖန်သည်ဖြစ်စေ ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုရဲတဲ့ သတ္တိနဲ့ ရေးသားကြဖို့ လိုပြန်ပါတယ်..။
(၂) မိမိရေးသားတဲ့ ပိုစ်များဟာ အဂတိတရား လေးပါးနဲ့လဲ လွတ်ကင်းသင့်ပါတယ်..။

အဂတိတရားလေးပါးကို အကျဉ်းအနေနဲ့
ချစ်၊ မုန်း၊ ကြောက်မှု၊ မသိမှု၊ လေးခု အလိုက်မှား။
အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။ လို့ အလွယ်မှတ်နှိုင်ပါတယ်..။
ကိုယ်ချစ်တဲ့သူ ရေးတဲ့ပိုစ်မို့လို့လဲ မထောက်ခံစေချင်ပါ.။ကိုယ်မုန်းတဲ့သူရေးတာမို့လို့လဲ ဘာပြောပြော မကန့်ကွက်စေချင်ပါ..။ကြောက်လို့လဲ ရောရောင် ခေါင်းညိတ်တာမျိုးလဲ မဖြစ်စေချင်ပါ ..။နောက်ဆုံး ကိုယ်သေချာ မသိပဲနဲ့လဲ စမ်းတဝါးဝါး ရေးသားချက်မျိုးလဲ မရေးသင့်ပါ။ အဂတိလေးပါးက လွတ်ကင်းတဲ့ ရေးသားချက်မျိုးသာလျှင် ရေရှည်တည်တံ့မယ့် ပိုစ်မျိုး ဖြစ်ပါသည်။
၃။ရွာသူ ရွာသားအချင်းချင်း ခွဲခြား ဆက်ဆံမှုကို ရှောင်ပါ..။ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမယ့် အရေးအသား မရေးပါနဲ့ ..။

ညီညွတ်မှု ပျက်ပြားရင် အားလုံး ပျက်စီးကြမယ်ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး..။ ရွာထဲမှာ အဓိကတွေ့နေရတာ အဟောင်းတွေက အုပ်စုဖွဲ့ပြီး ဝင်သမျှ အသစ်တွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ အသံ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်..။ ဒါ လုံးဝ မဟုတ်ပါဘူး ..။ ရွာသူရွာသား အဟောင်းတွေဟာလဲ တချိန်တုန်းက အသစ်လေးတွေပါပဲ..။ အသစ်အသစ်သော ရွာသူရွာသားများကို လက်ကမ်းကြိုဆိုနေပါတယ်..။နောင်တစ်ချိန်မှာ ကျွန်တော်တို့ ရွာသူရွာသားအဟောင်းတွေလက်ထဲကနေ ရွာသူရွာသား အသစ်တွေလက်ထဲကို ဟောဒီ့ရွာကြီးကို လက်ဆင့်ကမ်းပေးခဲ့ရမယ့် တာဝန်ရှိနေတယ်ဆိုတာ ရွာသူရွာသားအဟောင်းအားလုံး လက်ခံထားကြပါတယ်..။ဒါပေမယ့် ကျွန်တော်တို့ လက်လွဲပေးတဲ့အချိန်မှာ အခုလိုပဲ စည်ပင် ထွန်းကားနေဖို့အတွက် ရွာသူရွာသား အဟောင်းများဟာ အမုန်းခံ ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်..။ အသစ်တွေအနေနဲ့ ဒီလို ပြောဆိုချက်မျိုးကို အပြုသဘောဆောင်တဲ့ ပြောဆိုချက်များလို့ လက်ခံပြီး ဆက်လက်ရေးသား တင်ပြနှိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်..။ရွာသူား အဟောင်းတွေအနေနဲ့ကလဲ အသစ်သော ရွာသူားများကို ဝေဖန်ပြောဆိုတဲ့အချိန်မှာ လေသံလေး နဲနဲလျှော့ပေးဖို့ ၊ နောက်တစ်ခါ ထပ်မံ ရေးသားချင်လာအောင် ဖိတ်ခေါ်ပေးဖို့ ၊ တကယ်ကို ကောင်းမွန်တဲ့ ပိုစ်ဆိုလျှင် ထိုက်ထိုက်တန်တန် ဝေဖန်ချီးကျူးပေးကြဖို့ကိုလို့ ပြောချင်ပါတယ်..။ရွာသူား အသစ်အဟောင်းများဟာ ဘုတ်နဲ့ကျီးလို အပြန်အလှန် ရိုသေလေးစားလျှင်ဖြင့် ပိုမိုတိုးတက်လာမှာ မလွဲဧကန်ပါ ..။

၄။ ကိုယ်ပိုင် အမြင်ကို လေးစားပါ..။

ဒါလေးကိုလဲ အထူး ဂရုစိုက်ကြစေချင်ပါတယ်..။ တချို့ ရွာသူားများဟာ အများနဲ့ မတူတဲ့ ကိုယ်ပိုင်အမြင်ရှိတာကို တွေ့ရပါတယ်..။ဒါကို ကျွန်တော်တို့ အနေနဲ့ လက်ခံပေးရမှာ ဖြစ်ပါတယ်..။ ဥပမာ လက်ရှိအစိုးရကို မကြိုက်တဲ့သူ ရှိသလို .. ကြိုက်တဲ့သူရှိနှိုင်တယ်ဆိုတာ လက်ခံပေးပါ..။ အစိုးရ မကောင်းကြောင်း ရေးထားတဲ့ပိုစ်မှာ အစိုးရကို ထောက်ခံတဲ့ အရေးအသား ရေးသားသူကို ဝိုင်းဝန်းတိုက်ခိုက် ဆဲဆိုကြတာ မြင်နေရတယ်..။ ကြိုက်တယ် မကြိုက်တယ်ဆိုတာ သူ့အမြင်ပါ..။သူစိတ်ကြိုက် ရေးသားခွင့်ရှိနေတယ် ဆိုတာ ကျွန်တော်တို့ ဒီမိုကရေစီ နည်းအရ လက်ခံ ရမှာဖြစ်ပါတယ်။ ပြန်လည် ဖြေရှင်း တင်ပြတာဟာ ကောင်းပါတယ်..။ သူ့ရဲ့အမြင်မှားတယ်ဆိုတာထက် ကိုယ့်အမြင်မှန်တယ်ဆိုတာကိုပဲ ဦးတည်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးစေချင်ပါတယ်..။ ပုဂ္ဂလိကဆိုင်ရာ ထင်မြင်ချက်ပေးခြင်း ( မင်းက ဘာကောင် ၊ ညာကောင် ၊ ဘယ်သူ့ အောက်ဆွဲ ၊ ဘယ်လို လူတန်းစား ) ဆိုတာမျိုးတွေ လုံးဝ မပါသင့်ပါ..။ လူတိုင်းဟာ ကိုယ်ပိုင်ညဏ်နဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိပါတယ်..။ ထင်ရှားတဲ့ ဒီမိုကရေစီစကားဟာ တုတ်ကောက်ကို လွှဲခြင်သလောက် လွှဲနှိုင်ပါတယ်၊ ဒါပေမယ့် သူတစ်ပါး နှာခေါင်းကို မထိခိုက်စေရ ဆိုတာပါ..။ ဒါကြောင့် အတိုက်အခံတွေကလဲ တုတ်ကောက်လွဲရင် ကျွန်တော်တို့ နှာခေါင်း မထိအောင် ကြိုက်သလောက်လွှဲပါ ခင်ဗျား..။ တန်ပြန်တိုက်စစ်သမားတွေကလဲ ကိုယ့်နှာခေါင်းထိလို့ တုတ်ကောက်နဲ့ ပြန်ရိုက်တာမျိုး ရှောင်ရှားပေးပါ..။
၅။ သူကြီးကို ကိုယ်ချင်းစာပါ ..
တကယ်တော့ ဝက်ဆိုက်ထဲမှာ သနားစရာ အကောင်းဆုံးဟာ သူကြီးပါ.။သူ့ခင်ဗျာ ပစ်မရတဲ့ နှလုံးပြုးကိုင်ရင်း ကိုယ့်ထမင်းကိုယ်စားပြီး အချောင် အဆဲခံနေရပါတယ်..။ ဝက်ဆိုက်ထဲမှာ စာရေးသူကိုယ်တိုင်ပင် တာဝန်မယူနှိုင်တဲ့ ပိုစ်များ ပါလာလို့ ရှိရင် အဲဒီ့တာဝန်က အလိုလို သူကြီးခေါင်းပေါ် ရောက်လာပါတယ်.။ ဒါကြောင့် တစ်ချို့ကိစ္စတွေမှာ အများစု မျက်နှာကြည့်လိုက်ရတာမျိုး ရှိပါလိမ့်မယ်.။ ဒါကို နားလည်ပေးပါခင်ဗျာ ..။ တချို့ကိစ္စတွေမှာ အနည်းစုဘက်က ဝင်ရှင်းရင်း သူကြီးပါ ခဲနဲ့အပစ်ခံရတာမျိုး တွေ့ဖူးပါလိမ့်မယ်..။ သူ့နေရာကို ကိုယ်ချင်းစာပေးပါ..။
၆။ ဝက်ဆိုက် အဘမ်းမခံရအောင် စောင့်စည်းပေးပါ ..
ဒီဝက်ဆိုက်ဟာ (ကျွန်တော်သိသလောက်) အစိုးရအနေနဲ့ မဘမ်းပါဘူး..။ ဘာကြောင့်လဲဆိုတော့ စည်းလွတ် ဝါးလွတ် အရေးအသားများ နဲပါးပြီး မှန်ကန်တဲ့ သတင်းများကိုသာ တင်ပြတတ်ကြတဲ့ အတွက် ဖြစ်ပါတယ်..။ဒီဝက်ဆိုက်မှာ အဖွဲ့ဝင် (၆၅၀၀)ကျော်ရှိပါတယ်..။တကယ်လို့ အဘမ်းသာခံရမယ်ဆိုရင် ရွာကြီး ဘယ်လောက်တောင် ခြောက်ကတ်သွားမယ်ဆိုတာ တွေးကြည့်ရင် သိနှိုင်ပါတယ်..။ ဒါကြောင့် စည်းလွတ် ဝါးလွတ် အရေးအသားမျိုးကို ရှောင်ပေးပါ..။ တကယ်ကို မှန်ကန်တဲ့ တိကျတဲ့ သတင်းများကိုသာ တင်စေချင်ပါတယ်…။ ဝက်ဆိုက် ကြာရှည်တည်တံ့လေ တိုင်းပြည်အတွက် ကျွန်တော်တို့ များများ ပိုလုပ်နှိုင်လေပါပဲ …။
ရွာထဲမှာ ကျွန်တော်ထက် သက်ကြီး ဝါကြီး ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ် ..။ ဒီပိုစ်ကို ရေးလို့ ရှေ့ကနေ ကျော်သလို ဖြစ်သွားရင် အနူးအညွတ် တောင်းပန်လိုက်ပါတယ်..။ ရေးသင့်တယ် ထင်လို့ ရေးလိုက်ပါတယ် ခင်ဗျား …
လေးစား ခင်မင် ကြိုဆိုစွာဖြင့်
မှော်ဆရာ

56 comments

  • MaMa

    December 22, 2011 at 2:53 pm

    ရပ်ရွာတည်တံ့ခိုင်မြဲရေး အားပေးတဲ့ ပိုစ့်လေးကို အားပေးပါတယ်။

  • koaung

    December 22, 2011 at 3:10 pm

    မှန်သောစကားကိုဆိုသော ထိုလူငယ်အားလေးစားပါ၏

  • nozomi

    December 22, 2011 at 3:11 pm

    ဒီရွာမှာ တကယ်ကို ရှိသင့်တဲ့ ပို့စ် ပါ
    စာရေးသူရဲ့ စေတနာတွေကို အတိုင်းသားမြင်နေရပါတယ်
    စက်ဘီးတစ်စီး ရှေ့ ကို ရွှေ့တာ ရှေ့ဘီး တစ်ခုကြောင့်၊
    နောက်ဘီးတစ်ခုကြောင့်၊ ခြေနင်းပြားကြောင့်၊လက်ကိုင်ကြောင့် ဆိုတာမျိုး မဟုတ်ပဲ အားလုံးကြောင့်ပါ ၊ အားလုံး ကိုယ့်တာဝန် ကိုယ်ကျေကြလို့ ရွာလေး သာယာပြီး ပျော်စရာကောင်းနေတာပါ
    ဟို ရွာလယ်မှာ နေတဲ့ နှုတ်ခမ်းမွှေးကားကားနဲ့ သူကြီးဆိုတဲ့လူရဲ့ အုပ်ချုပ်မှုကောင်းတာလဲ ပါတာပေါ့

  • comegyi

    December 22, 2011 at 3:56 pm

    အရမ်းကောင်းတဲ့ပို့(စ်)လေးပါ ကိုမှော်ရေ့
    လေးစားစွာ ဖတ်ရှုသွားပါ၏။
    ဖတ်ပြီးမှတ်သွားပါ၏။
    မှတ်ပြီး လိုက်နာဖို့ အားထုတ်ပါမည်။

  • pooch

    December 22, 2011 at 4:37 pm

    မှော်ဆရာရဲ့ ပိုစ့်လေးကို ထောက်ခံလိုက်ပါတယ်…..

  • KING

    December 22, 2011 at 5:17 pm

    ထောက်ခံပါတယ် ထောက်ခံပါတယ် (တိုက်ပုံမဝတ်၊ ခေါင်းပေါင်းမဆောင်းဘဲ .. စာကြွင်း။ သူများစကား အငှားသုံးပါ၏) 😀
    ပြောတဲ့သူတွေ၊ တိုက်တွန်းကြတဲ့သူတွေကြည့်ပြီး အာတောင်ခြောက်လာတယ် အဲ ဟုတ်ပါဘူး လက်တောင်ညောင်းလာတယ် .. ဒီတော့ ထောက်ခံပါတယ် ဆိုတဲ့ အဆိုကလွဲပြီး ကျန်တာ ဆက်ရှင်းမပြတော့ဘူး .. (အမှန်က ပြောစမရှိလို့) … 😛

    • inz@ghi

      December 22, 2011 at 5:21 pm

      ၂ခါရှိဘီ …လေးလေးကင်း …..
      ၃ခါပြည့်ရင် ခေါ်ဖီ ရိုက်ထ် အရ ..သဂျီးဆီက တဆင့် …..ထိုက်သင့်တဲ့
      ပွိုင့် ကို ထရန်စဖာ …လုပ် ပေးရမယ် ဒါဗျဲ ….

      ဟီဟိ…

      • KING

        December 22, 2011 at 5:25 pm

        ဒါဆို ပြင်လိုက်မယ် ချိတ်ထမိန် မဝတ်ဘဲ ထောက်ခံသွားတယ်လို့ … 😛 😀 🙂

  • မှော်ဆရာ

    December 22, 2011 at 5:38 pm

    ဝင်ဖတ်ပြီး ကွန်မန်းပေးသွားတဲ့ သူတွေကို ကျေးဇူးတင်ပါတယ် ..
    ဒါပေမယ့် တကယ်က အသစ်တွေကို ဝင်ဖတ်စေချင်တာ ..
    အသစ်တစ်ယောက်မှ မလာသေးဘူးထင်တယ် ..

  • windtalker

    December 22, 2011 at 7:36 pm

    အသစ်လေးတွေ အတွက် မှော်ဂျီးရဲ ့စေတနာ
    သေချာ ဖတ်ကြပါ အသစ်လေးတို ့

    • အသစ်ဂလေး

      December 22, 2011 at 7:49 pm

      ဟုတ်ကဲ့ပါ အကို..
      ညီငယ် အသစ်ကလေး သေချာဖတ်သွားပါတယ်..

      ဦးမှော်ကြီးက ဂေဇက်ရွာကြီးကို ချစ်လွန်းလို ့.သံယောဇဉ်ရှိလွန်းလို ့..တိုးတက်စေချင်လွန်းလို ့.
      အနော်တို ့လို..ညီငယ်..ကိုရီး..ဦးရီး.ဘရီး..နှမရီးတို ့ကို အမှာစတော်.ပါးတဲ့ ပို ့စ်လေးလို ့လဲ မြင်မိပါတယ်..

      လိုတာရှိလဲ.ခုလိုပဲ..သတိပေး..သတင်းပေး..ရှိတာအကုန်ပေး.နိုင်ပါကြေင်း..
      စိတ်ဆိုးပါဘူးလို ့ပြောသွားပါကြောင်းခင်ည

      • မှော်ဆရာ

        December 22, 2011 at 8:21 pm

        ဘယ်လို ရုပ်ဖျက်ဖျက် အဟောင်းဆိုတာ သိတယ်ဟေ့ …
        ဂီဂီပြောသလို ဗရန်းက ရှိပြီးသား ..
        (ရှေးတုန်းက ဘိုးတော် ဘွားတော်တွေကို တောင်းပန်ပြီးသားပါနော…)

  • ဦးဦးပါလေရာ

    December 22, 2011 at 7:43 pm

    ကောင်းပါတယ် မှော်ဆရာ
    အပြည့်အဝထောက်ခံပါတယ်။
    ၆။ ဝက်ဆိုက် အဘမ်းမခံရအောင် စောင့်စည်းပေးပါ -ဆိုတာနဲ့ပါတ်သက်ပြီးပြောရရင်
    အခုတော့ အဲဒါမျိုးဖြစ်နိုင်ခြေ နည်းသွားပါပြီ။ ဒါပေမယ့်လဲ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
    ဆိုက်ကိုပိတ်တာ အစိုးရ ကမဟုတ်ပါဘူး။ ဆိုင်ရာ URL က တာဝန်ရှိသူတွေကပါ။ ဒါကြောင့် – ပိတ်လိုက်တာ မမှားဘူး ဆိုတဲ့အတွေးမျိုး မဝင်သွားစေတာ အကောင်းဆုံးပါပဲ။

  • aye.kk

    December 22, 2011 at 8:12 pm

    မှော်ဆရာအမြင်လေးကလေးစားစရာပါ..
    အမည်နာမလေးအတိုင်းအရေးသားကစွမ်းပါတယ်..။

  • captainamerica

    December 22, 2011 at 8:15 pm

    အဟောင်းဆိုတာလဲတစ်ခါတုန်းကအသစ်ပါဘဲ 😀

  • mandalarthu

    December 22, 2011 at 8:16 pm

    မှော်ဆရာေ၇
    ဒီလို အပြု သဘောဆောင်တဲ ့ပို ့စ်လေး ကို ဖတ်ရလို ့ ဝမ်းသာမိပါတယ်။
    ကျွန်မ အမြင် ပြောရရင်
    အချက်(၁)ကိုတော ့လူတိုင်းလိုက်နာနိုင်မယ် မထင်ဘူး။
    အချက်(၂)နဲ ့(၃) ကတော ့လက်ရှိရွာထဲမှာ ဖြစ်နေတာပါ။
    အချက်(၄)၊(၅) နဲ ့(၆)ကိုတော ့ထောက်ခံပါတယ်။
    ဂေဇက်ရွာကြီး အစည်တည်တံ ့ခိုင်မြဲဖို ့ရွာကို ချစ်တဲ ့ ရွာသူ ရွာသားတိုင်းမှာ အပြည် ့အဝတာဝန်ရှိတယ်လို ့
    ခံစားမိပါတယ်။

    • မှော်ဆရာ

      December 22, 2011 at 8:51 pm

      မန္တလာသူရေ (၂) နဲ့ (၃) က တကယ်ကို ရွာထဲမှာ ဖြစ်နေတာ ဆိုရင်တော့ အဲဒီ့အကျင့်ကို ပျောက်အောင် အဟောင်းရော အသစ်ရော ကြိုးစားရမှာပါ ..။
      နောက်တစ်ခုက အထင်အမြင်လွဲနေကြတာလဲ ဖြစ်နှိုင်ပါတယ် ..။အဟောင်းတွေအချင်းချင်း ကြတော့ တစ်ယောက်နဲ့တစ်ယောက်သိပြီးသားဆိုတော့ အားပေးမှုပိုများတတ်တာကတော့ သဘာဝပါ..။ ဒါကို အသစ်တွေကို အားမပေးဖူးလို့တော့ မထင်စေလိုပါ ..။ အားမလျှော့ပဲ ကြိုးစားလျှင်ဖြင့် ကိုယ်ရေးသားတဲ့ပိုစ်ဟာ လူတိုင်း လေးလေးစားစားနဲ့ ကြည့်ရှုရတဲ့ ပိုစ်တစ်ခု ဖြစ်လာပြီး ကိုယ်ကလဲ တန်းမှီ စာရေးသားသူ ဖြစ်လာပါလိမ့်မယ်…။ တချို့နေရာလေးတွေမှာတော့ အဂတိလေးတွေ ရှိနေတာတော့ ကျွန်တော်လက်ခံပါတယ် …။ အဂတိမလိုက်တဲ့သူဆိုရင် သူကြီးနဲ့ ကိုသစ်မင်းက စံပြလို့ ထင်ပါတယ်..။
      နံပါတ်(၁)ကို လူတိုင်းမလိုက်နာနှိုင်တာ ဟုတ်လောက်မှာပါ ..။ ဒါပေမယ့် မသိလို့ ရေးတာထက်စာရင် သိထားတယ် ပိုကောင်းမယ်ထင်လို့ ထည့်ရေးလိုက်ပါတယ် …။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 22, 2011 at 8:19 pm

    တော်တော် ကောင်းတယ်ဗျာ
    မကောင်းတာက လူတန်းစားခွဲခြားထားတာလေး
    ရွာသူ ရွာသား ဆိုတော့
    ဒီရွာထဲ လိင်တူချ သူတွေကို လူလို့ မထင်တာလား ?

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 22, 2011 at 8:20 pm

      လိင်တူချ သူအစား
      လိင်တူ ချစ်သူ ဟု ပြင်ဆင် ဖတ်ရှု့ ပါရန်

      • မှော်ဆရာ

        December 22, 2011 at 8:38 pm

        သက်သက်မဲ့ မှားလိုက်တာလားဟင် …

      • KING

        December 22, 2011 at 8:53 pm

        ဦးဘဇင်းနော် ဦးဘဇင်း
        လေဒီဂါဂါ ထောက်ခံတယ်ဆိုပြီး
        စွတ်စွတ် ကြော်ငြာ ဝင်သလားမမေးနဲ့
        😛

        • windtalker

          December 22, 2011 at 9:05 pm

          လိင်တူ ချသူ အဲလေ..ယောင်လို ့ လိင်တူချစ်သူ တွေ ကို လူလို ့ထင်ပါတယ်ခင်ဗျာ
          သူတို ့က တစ်ကယ့် အနုပညာရှင်တွေပါ
          ပြွေများမှုတ်ရင် တယ်ကောင်း
          ဂီတာ ဆိုလည်း လာထားဘဲ
          စွယ်စုံရတွေ ဘာနော

  • nature

    December 22, 2011 at 8:21 pm

    MG ဆိုက်ရဲ့အားသာချက်ကတော့စိတ်ထဲရှိတာတွေကိုရေးနိုင်ပြီး ရေးတာတွေကို ဆင်ဆာမရှိပဲ တိုက်ရိုက်တင်နိုင်တာပဲ။ ဒါဟာစိတ်ကို ပျော်ရွှင်မှုရစေတဲ့ ဆွဲဆောင်မှုတခုလို့မြင်ပါတယ်။ ဒီမိုကရေစီကို အော်နေကြတဲ့ တချို့ဆိုက်တွေတောင် ကွန်မန့်ကို edit လုပ်ပြီးမှတင်ပေးကြတာများတယ်။

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 22, 2011 at 8:29 pm

      ဟာ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
      ခင်ဗျားကို ကျုပ် သိပ်လေးစားမိသွားပြီ
      ဒီတစ်ဆိုဒ်လုံး ဒီဇဂါးမျိုးပြောတာ ခင်ဗျားတစ်ကောင်ထဲ ဟုတ်ပါဘူးယောင်လို့ 😀
      ခင်ဗျားတစ်ယောက်တည်း ရှိတယ်
      ဝေဖန် မခံနိုင်တဲ့ သတ္တဝါတွေကို ဘာပြောဘို့ရှိလဲ
      ကျုပ် ကို ဝေဖန်ကြည့်ဇမ်းဗျာ
      သဂျီးကို ဆဲကြည့်ဇမ်း
      တေဂျင်းဂျိုး ဒဂျီး
      ကာလနာ မြွေဗွေးကိုက် ဒဂျီး 😀 😀 😀

      • ငပေါက်ဖော်

        December 22, 2011 at 8:37 pm

        ကြောင်စရာ့ထိပ်ခေါင်..ဥကြောင်နဲ ့..ဖိုက်မလား ပြော..
        😕

      • မှော်ဆရာ

        December 22, 2011 at 9:05 pm

        ဦးပဇင်း နဲ့ ဥကြောင်ကို ကျွန်တော်မျိုး ဝေဖန် တိုက်ခိုက်ရန် မဝံ့ကြောင်းပါ ဖရား …
        အမိုက်အမဲလေးပါ ဗွေမယူပါနဲ့ ဖရား

  • km

    December 22, 2011 at 8:33 pm

    အချက်အမှတ် ၄ ကိုအကြိ ုက်ဆုံးပါ။

  • blackchaw

    December 22, 2011 at 8:39 pm

    မှော်ဆရာရေ။
    ရွာထဲမှာ အသစ်ကလေးရောက်နေပြီနော်။
    ဘယ်သူလဲလို့ မမေးနဲ့
    တားတားပဲ။ ဟားဟား။

  • Khin Latt

    December 22, 2011 at 8:40 pm

    စာဖတ်တဲ့အချိန် အခုမှ ရလို့ ပါရှင့်။ (တကယ်တော့ စာရေးရမဲ့ အချိန်တော့ မဟုတ်ပါဘူး။)
    စိတ်မရှိပါနဲ့။ အသစ်ထဲ မှာ တစ်ယောက်အပါအဝင် ဖြစ် တဲ့ ကျွန်မ လာပါပြီ။ jk 😉

    ထူးအိမ်သင် ရဲ့ “မှော်ဆရာ အိမ်မက်” ကို သတိရပါတယ်။
    မှော်ဆရာ ဆိုတာ ကျွန်မ ရဲ့ ပထမဆုံး Post မှာ အားပေးခဲ့သူ ဖြစ်ပါတယ်။
    (မြန်ပြည်သား နဲ့ မမ လဲပါတယ်)
    အဲဒီအတွက် တကဲ့ ကို အားရှိခဲ့ပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ 🙂

    မှော်ဆရာ အခု Post မှာ တင်ပြတာတွေ အားလုံးဟာ fair enough ပါဘဲ။
    မလိုက်နာ နိုင်စရာ မရှိပါဘူး။
    ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပြီး လိုက်နာပါ့မယ်။
    ဒါပေမဲ့ တစ်ခါတစ်ခါ စိတ်ရိုင်းတွေ ဝင်လာလို့ တွန်းအားဖြစ်ပြီး ရေးဖြစ်ခဲ့တာ တွေ ဖြစ်ခဲ့ ရင် ဒီရွာက ညီအစ်ကို မောင်နှမ အားလုံး ကျွန်မ ရဲ့ မှားယွင်းချက်ကို ထောက်ပြကြပါ။
    ကျွန်မ အဲဒီ အတွက် စိတ်ရှိမှာ မဟုတ်ပါဘူး။

    နဂို အပျင်းဓာတ်ခံ ရှိသူမို့ စာရိုက်ရတာ ပျင်းတာနဲ့ စာဖတ်သူ ဘဲဖြစ်ခဲ့တာ များပါတယ်။
    Internet ထဲမှာ Mandalay Gazette က ကျွန်မရဲ့ အဓိက စာကြည့်တိုက် ပါ။
    ကြီးငယ် မရွေး ပညာ ဗဟုသုတ ကတော့ အမြဲ ရှာနေရမှာ မဟုတ်လား။
    အခုတော့ ရွာထဲမှာ ခင်မင်စရာ လေးစားစရာ မိတ်ဆွေ တွေရနေပြီမို့ တစ်ခြား အကြောင်းအရာ လေးတွေကို စိတ်ကူးမိရင်လဲ ရေးနိုင်ဖို့ ကြိုးစားပါ့မယ်။ 😉

    ခင်မင်စွာဖြင့်
    မလတ်

    • မှော်ဆရာ

      December 22, 2011 at 8:54 pm

      ဂေဇက်ရွာကြီးကိုယ်စား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ခင်ဗျား …

  • nigimi77

    December 22, 2011 at 9:03 pm

    “…ထင်ရှားတဲ့ ဒီမိုကရေစီစကားဟာ တုတ်ကောက်ကို လွှဲခြင်သလောက် လွှဲနှိုင်ပါတယ် ။

    ဒါပေမယ့် သူတစ်ပါး နှာခေါင်းကို မထိခိုက်စေရ ဆိုတာပါ….”

    ……………………………………

    ကျွန်တော့ကို တိုက်ရိုက် ပြောလိုက်သလားလို ့ထင်ရအောင် ထိရောက်တဲ့ စကားစု ပါ။

    ဆင်ခြေ ဆင်လက် တော့ မပေးတော့ဘူး ။

    တတ်နိုင်သမျှ နှာခေါင်းကို လွတ်အောင် လွှဲဖို ့ ကြိုးစားပါမယ် ။
    …………………………………….

    ၅။အမှန် ၊အကျိုးရှိ ၊ ကြားရသူ မနှစ်သက်သော စကား

    အမှန်ကိုပဲပြောဖို ့ ကြိုးစားတယ် ။ အကျိုးရှိ မရှိကတော့ စာဖတ်သူ အပေါ်မှာ မူတည်တယ် ။

    ကိုမှော် ပြောသလို အဂတိ ၄ ပါးက မလွတ်ကင်းရင် ဘယ်လောက်ပဲ အကျိုးရှိတဲ့ စာတွေဖြစ်ဖြစ်

    လက်သီးပုန်း အနီရောင်တွေ တွေ ့ရမယ် ။ သို ့သော်…..ဒါတွေကို ခံစားနေရင် မူရင်း ရည်ရွယ်ချက်

    ပျောက်သွားမယ် ။ အကြားချိုဖို ့ အမြင်ချိုဖို ့ ထက် အမှန်တရားကို ပြောရဲရမယ် ။

    ပြောတ်ိုင်းလည်း မမှန်ဘူး ။ မှန်တဲ့ အကြောင်းအရာဖြစ်ဖို ့ ကိုယ်တိုင်က အဂတိ ၄ ပါးက

    လွတ်ကင်းရမယ် ။
    ………………………………………………..

    “…အဟောင်းတွေက အုပ်စုဖွဲ့ပြီး ဝင်သမျှ အသစ်တွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ အသံ

    ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်..။…”
    ……..
    ဂိုဏ်းဂဏ ၊ တူရာတူရာ ၊ ဒီလို လူတွေ များနေတယ် ။

    ပုဂ္ဂိုလ် အရ ချီးမြှောက်မှုဟာ အများ အတွက် ပေးချင်တဲ့ ရည်ရွယ်ရင်းကို လွင့်ပျောက်စေတယ် ။

    ကျေနပ်သာယာသွားရင် လမ်းလွဲတယ် ။ Team Work ဆိုတာ နားထောင်ကောင်းတယ် ။

    ကမ္ဘာပေါ်က မည်သည့် Team Work မဆို ပြီးပြည့်စုံတဲ့ ညီညွတ်မှုဆိုတာ မရှိဘူး ။

    ဒါက တစ်ပိုင်း ။

    အသစ်ဝင်လာတဲ့လူကို သကာရည် ကျွေးပြီး နောက်မှ အသေသတ်မလား ။

    ဒါမှ မဟုတ် စဝင်လာ ကတည်းက အသေသတ်တာတောင် အသက်ပြင်းစွာနဲ ့

    တိုးဝင်လာသူတွေကို လက်ခံမလား ဆိုတာက အုပ်ချုပ်သူ အပါအဝင်

    အဂတိ ၄ ပါးက လွတ်ကင်းတဲ့ စာဖတ်သူ အပေါ်မှာ မူတည်တယ် ။

    …………………………..

    သဂျီးကိုငဲ့ဖို ့ထက် ငါကွ ဆိုတာကို အရင် ကြွေးကြော်ကြတဲ့ လူ ့သဘာဝကြောင့်

    သဂျီး အနေနဲ ့ ဒီထက် ၂ ဆ တိုးပြီး ဆာဗာကြေး ရှာဖို ့ တိုက်တွန်းချင်တယ် ။

    ကျွန်တော့် ခေတ်မှာ ပြင်ဖို ့ အာမ မခံနိုင်ပေမဲ့ ကျွန်တော့် သားသမီး ခေတ်မှာတော့

    သဂျီး သားက ပုခုံး မပွန်းလောက်ပါဘူး ။

    …………………………………

    ဘန်းတာ မဘန်းတာက ဘန်းခွင့်ရှိသူတွေ အပိုင်း ။

    လုပ်သင့် လုပ်ထိုက်တာကို လုပ်ရမှာက ဒီနိုင်ငံကို ချစ်တဲ့ သူတွေ အပိုင်း ။

    ဘန်းမှာ ကြောက်လို ့ လူကြီးလာတုန်း ကော်ဇောနီ ခင်းပြရမယ် ဆိုရင်

    သဂျီး ကိုယ့်ကိုယ်ကို ဟာရာကိရိ လုပ်တာကြာပြီ ။
    ………………………….

    • nigimi77

      December 22, 2011 at 11:41 pm

      ပြောရင်းဆိုရင်း လက်သီးပုန်း အနီရောင်ကို တွေ ့ရပြီ ။

      ဝမ်းမြောက်စွာ ကြိုဆိုပါတယ် ။

      နိဂိမိ ကို မဖတ် ပါနဲ ့ ။

      စာကို ဖတ်ပါ ။

      နိဂိမိ ကို ဖတ်ရင်တော့ ကြိုက်သလောက် နီပါ ။

  • မှော်ဆရာ
    အတော်ကိုပညာပါတဲ့ပို့စ်လေး။
    ဒီလိုရေးသင့်တာကြာပေါ့။
    ကောင်းလှောင့်တေး………………..ကောင်းလှောင့်တေး………………ကောင်းလှောင့်တေး

  • kai

    December 23, 2011 at 5:47 am

    အပေါ်ကမန့်ထားသူအားလုံးကို.. အစိမ်းတကဒ်စီပေးလိုက်ပါတယ်..။
    ပြီးတော့.. အောက်ကစာကို.. ဖတ်သူတွေသိသာစေရန်.. ရည်ရွယ်ပြီး.. ကုဒ်လုပ်ပါတယ်..။

    ၄။ ကိုယ်ပိုင် အမြင်ကို လေးစားပါ..။

    ဒါလေးကိုလဲ အထူး ဂရုစိုက်ကြစေချင်ပါတယ်..။ တချို့ ရွာသူားများဟာ အများနဲ့ မတူတဲ့ ကိုယ်ပိုင်အမြင်ရှိတာကို တွေ့ရပါတယ်..။ဒါကို ကျွန်တော်တို့ အနေနဲ့ လက်ခံပေးရမှာ ဖြစ်ပါတယ်..။ ဥပမာ လက်ရှိအစိုးရကို မကြိုက်တဲ့သူ ရှိသလို .. ကြိုက်တဲ့သူရှိနှိုင်တယ်ဆိုတာ လက်ခံပေးပါ..။ အစိုးရ မကောင်းကြောင်း ရေးထားတဲ့ပိုစ်မှာ အစိုးရကို ထောက်ခံတဲ့ အရေးအသား ရေးသားသူကို ဝိုင်းဝန်းတိုက်ခိုက် ဆဲဆိုကြတာ မြင်နေရတယ်..။ ကြိုက်တယ် မကြိုက်တယ်ဆိုတာ သူ့အမြင်ပါ..။သူစိတ်ကြိုက် ရေးသားခွင့်ရှိနေတယ် ဆိုတာ ကျွန်တော်တို့ ဒီမိုကရေစီ နည်းအရ လက်ခံ ရမှာဖြစ်ပါတယ်။ ပြန်လည် ဖြေရှင်း တင်ပြတာဟာ ကောင်းပါတယ်..။ သူ့ရဲ့အမြင်မှားတယ်ဆိုတာထက် ကိုယ့်အမြင်မှန်တယ်ဆိုတာကိုပဲ ဦးတည်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးစေချင်ပါတယ်..။ ပုဂ္ဂလိကဆိုင်ရာ ထင်မြင်ချက်ပေးခြင်း ( မင်းက ဘာကောင် ၊ ညာကောင် ၊ ဘယ်သူ့ အောက်ဆွဲ ၊ ဘယ်လို လူတန်းစား ) ဆိုတာမျိုးတွေ လုံးဝ မပါသင့်ပါ..။ လူတိုင်းဟာ ကိုယ်ပိုင်ညဏ်နဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိပါတယ်..။ ထင်ရှားတဲ့ ဒီမိုကရေစီစကားဟာ တုတ်ကောက်ကို လွှဲခြင်သလောက် လွှဲနှိုင်ပါတယ်၊ ဒါပေမယ့် သူတစ်ပါး နှာခေါင်းကို မထိခိုက်စေရ ဆိုတာပါ..။ ဒါကြောင့် အတိုက်အခံတွေကလဲ တုတ်ကောက်လွဲရင် ကျွန်တော်တို့ နှာခေါင်း မထိအောင် ကြိုက်သလောက်လွှဲပါ ခင်ဗျား..။ တန်ပြန်တိုက်စစ်သမားတွေကလဲ ကိုယ့်နှာခေါင်းထိလို့ တုတ်ကောက်နဲ့ ပြန်ရိုက်တာမျိုး ရှောင်ရှားပေးပါ..။

  • True Answer

    December 23, 2011 at 8:08 am

    အားလုံးဖတ်သင့်တဲ့ ကောင်းလင့်တေးလေးပါ။

    တကယ်လို့ တုတ်ကောင်နဲ့ နှာခေါင်းကို လိုက်ရိုက်ဖို့ကြိုးစားနေတဲ့သူ ကို တွေ့နေခဲ့ရင်ကော ဘယ်လို လုပ်ရမလဲခင်ဗျာ။

    • မှော်ဆရာ

      December 23, 2011 at 9:47 am

      MG ရွာသူား အများစုဟာ ကိုယ်ပိုင်စဉ်းစားညဏ်ရှိကြပါတယ် ..။ ဘယ်သူမှားသလဲ
      ဘယ်သူမှန်သလဲ ဆိုတာ ဝေဖန် ပိုင်းခြားနှိုင်ကြပါတယ်…။
      အပေါ်ကိုမော့ပြီး တံတွေးနဲ့ထွေးတဲ့ သူရဲ့ တံတွေးဟာ ဘယ်သူအပေါ် ပြန်ကျမယ် ထင်ပါသလဲ ..
      တစ်ခုတော့ ရှိပါတယ် .. တခြားသူက တံတွေးနဲ့ အထွေးမခံရအောင်တော့ ကိုယ်က အမြင့်ပေါ်ရောက်နေဖို့ (မှန်ကန်ဖို့)တော့ လိုပါတယ် ..။
      ကိုယ်က မှန်ကန်နေရဲ့သားနဲ့ မမှီမကန်း တံတွေးနဲ့လိုက်ထွေးဖို့ ကြိုးစားနေတဲ့သူတွေကိုတော့ သနားစရာ ဖားသတ္တဝါလေးတွေပဲလို့ ယူဆပြီး အုန်းသီး ငှက်ပျောသီး ထားပေးလိုက်ပါ ..။

      • inz@ghi

        December 23, 2011 at 9:51 am

        ဘယ်က ဖား က ပါလာတာတုန်း ….
        နီ နာ့ဝို သမ ဒါလား မှော်ဆြာ …
        🙁

  • True Answer

    December 23, 2011 at 8:09 am

    တုတ်ကောက် နဲ့ လိုက်ရိုက်နေသူ ဟု ပြောင်းဖတ်ပါ။

    • Oo Oo

      December 23, 2011 at 8:50 am

      True Answer ရေ..
      တကယ်လို့ တုတ်ကောက်နဲ့ နှာခေါင်းကို လိုက်ရိုက်ဖို့ကြိုးစားနေတဲ့သူ ကို တွေ့နေခဲ့ရင် ..
      ၁ ။ နှာခေါင်းထိအောင်အရိုက်ခံလိုက်ပါ
      ၂ ၊။ နှာခေါင်းတန်ဖိုးကိုသေချာတွက်ချက်ပါ
      ၃ ။ နှာခေါင်းအတွက်ဆေးကုသစရိတ်ကုန်ကျငွေကိုတွက်ချက်ပါ
      ၄ ။ နှာခေါင်း ထိခိုက်ခြင်းကြောင့် အခြားနစ်နာမှုများကိုရောပေါင်းပြီး
      သဂျီးရဲ့ ဒီမိုကရေစီတရားရုံးမှာ..ဒီမိုကရေစီနည်းလမ်းနဲ့အညီ တရားစွဲဆိုပြီးလျှော်ကြေးတောင်းပါ
      သဂျီးဖြေရှင်းပေးလိမ့်မယ်
      (နောက်တာနော်…ဂယ်သွားမလုပ်နဲ့..ဒီမိုကရေစီကအခုမှ လုပ်တုန်းရှိသေးတာ..ဟီးး)

  • thit min

    December 23, 2011 at 8:12 am

    လွန်စွာကောင်းသော စကားများကိုပြောဆိုပေသော အသင်မှော်ဆရာ။
    သင်ပြောလိုသောအကြောင်းအရာများသည် မှန်ပါ၏။သင်နှင့်တကွ အကျွန်နှုပ်တို့၏ အနှစ်သာရရှိလှသော
    ဤနေရာတွင်တွေ့ဆုံရခြင်းကိုအချည်းနှီးမဖြစ်ရအောင် ဝိုင်းဝန်းထိမ်းသိန်းပါမည်ဟုကတိကဝတ်ပြုပါသည်။
    ကောင်းသော တွေ့ဆုံခြင်းအဓွန့်ရှည်ပါစေသား။

  • Moe Z

    December 23, 2011 at 8:46 am

    အသစ်ကလေး သေသေချာချာဖတ်မှတ်သွားပါတယ် 😛

  • zay

    December 23, 2011 at 9:02 am

    မှတ်သားလောက်ပါတယ် မှော်ဆရာရေ မှော်အတတ်တင်မက မှန်ကန်သောအသိ မှန်ကန်သောအမြင် နှင့် ရွာသားများစည်းလုံးရေးကို ဖော်ဆောင်သော မှော်ဆရာ လေးစားပါတယ်

  • Gipsy

    December 23, 2011 at 9:02 am

    မသစ်တသစ်လေး အနော်ဂ လဲ ထောက်ခံအားပေးပါကြောင်း ပေါကြားလိုပါတယ်ခင်ည..။

  • kotun winlatt

    December 23, 2011 at 9:22 am

    မှတ်သား ထောက်ခံသွားပါကြောင်းခင်ဗျာ…

  • နွယ်ပင်

    December 23, 2011 at 9:28 am

    မှော်ဆရာရဲ့ အဆိုကို ထောက်ခံပါကြောင်းးးးးးးးးးးးးးးးးးးး 🙂

  • super

    December 23, 2011 at 10:09 am

    ကျနော် အသစ် super ကိုမှော်ဆရာ၏ အချက် (၆) ကိုသေချာဖတ်ရှု့မှတ်သားသွားပါသည်။ ဂဇက်ရွာကြီးရေရှည်တည်တံ့ရန်အတွက် အခုလို ရေးသားပေးခြင်းအား ကိုမှော်ဆရာ့ကို ကျေးဇူးတင်ပါသည်။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 23, 2011 at 10:34 am

    အသစ်အဟောင်းကိစ္စလေး နည်းနည်းလေးပြောခွင့်ပြုပါခင်ဗျား
    တော်တော်လေး ခံစားနေကြရတယ် ထင်လို့ပါ ဓာတ်….ဘဲ
    သဘောအရ အလျှင် မန်ဘာဖြစ်တော့ လူဟောင်တွေပေါ့ဗျာနော
    ဒီဆိုဒ်ရဲ့ သဘောလေးက ကျုပ်အမြင်ပြောရရင် ဘုန်းကြီးဝါတွက်တဲ့နေရာမှ မဟုတ်တာ
    လူဟောင်းဖြစ်လို့ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာက စစ်တပ်ထဲမှာလေဗျာ
    ဒီပေါ်ရစီတွေက ဘယ့်နှယ့်ကြောင့် ဒီဆိုဒ်ထဲ ရောက်လာရတာတုန်း
    ဘယ်သူဘဲဖြစ်ဖြစ် အသစ်အဟောင်းထက်
    ( သက်ဆိုင်သူရဲ့ စာတွေ စကားတွေက အနှစ်သာရတွေဘဲ )
    ဥပမာ ကျုပ်က အဟောင်းလားအသစ်လား ( ကျုပ် အရှေ့ဘဒ္ဒ န္တ တွေ ဒပုံဂျီး )
    ကျုပ်နောက်မှ ရောက်တဲ့ လက်ရှိ အသစ်ဆိုသူတွေ ရေးထားတာမျိုး ကျုပ်လည်းမရေးတတ်ဘူး
    မတွေးခေါ်နိုင်ဘူး ခပ်ရှင်းရှင်းပြောရရင်တော့ သူတို့လောက် မသိဘူးပေါ့ဗျာ
    မရှိတာထက် မသိတာခက် ဆိုတာလေးတွေးကြည့်ပါဦး
    ကိုယ့်အတွေးခေါ် အရေးသား ဘာလို့ဘာမှန်း မသိဘဲနဲ့
    သူများကို ဘာညာကွိကွ လိုက်ပြောနေတာက မဟုတ်သေးပါဘူး
    တစ်ခါတစ်လေကြတော့လည်း ခပ်တည်တည်နဲ့ ဟောက်စားလုပ်ပေါ့ဗျ
    ကိုယ် မရေးတတ်တာကို ပြောရမှာ ရှက်ရင်
    ကျုပ်က စာရေးတာ ပျင်းတယ်ဘာညာပေါ့ ( သိတယ် မလား ကျုပ်လုပ်နေကြတွေ )
    ကိုယ်ရေးမတတ်တော့ သူများရေးတာဖတ်ပေါ့ဗျာ ဟုတ်ဘူးလား
    ဒါ့ကြောင့် အထူးပြာလိုတာက ကျေးဇူးပြုပြီး အသစ်အဟောင်းဆိုတဲ့ အတွေးခေါ်တွေ မပြောကြပါနဲ့
    ပြောခြင်ရင်လည်းပြောပါ
    ဒီလိုပြောလိုက်တိုင်း ကိုယ်စောက်သုံးမကျဘူး ပြောတာနဲ့ အတူတူဘဲဆိုတာလေး
    သတိထားဘို့ပါ

  • manawphyulay

    December 23, 2011 at 11:41 am

    ဟုတ်ကဲ့ ပြောတဲ့အတိုင်း လိုက်နာပါမယ်။ ရှောင်ကျဉ်ပါမယ်။ ပြောမှားဆိုမှားရှိခဲ့ရင်လည်း နှစ်ဟောင်းကနေ နှစ်သစ်ထိ ခွင့်လွှတ်ပေးပါရန်….

  • Novy

    December 23, 2011 at 11:43 am

    အသစ်စက်စက်လေးပါ
    ရွာကိုချစ်လို့ဝင်လာတာပါ
    အကျိုးမပြုနိုင်ရင်တောင်
    ပျက်စီးအောင်ဘယ်တော့မှ မလုပ်ပါ
    မိတ်ဆွေရင်းသာ အဓိကပါ
    ကျန်တာတွေက သာမညပါ

    ps
    မှော်ဆရာက ဘာလို့ အသစ်ကလေးတွေကို ဖတ်စေချင်ပါလိမ့်

    • မှော်ဆရာ

      December 23, 2011 at 2:30 pm

      အဟောင်းတွေက အသစ်တွေကို ဖိတယ်ဆိုတဲ့ အသံတွေ တော်တော် ဆူဆူထွက်နေလို့ဗျို့ ..
      အသစ်တွေကို အဟောင်းတွေက ကြိုဆိုပါတယ်ဆိုတာ ပြောပြချင်တာ ..
      နောက်တစ်ခုက အသစ်တွေရေးတဲ့ပိုစ်မှာ အပြောခံရတယ်ဆိုတာ ဂတိလေးပါးက မလွတ်လို့ဖြစ်ဖြစ် … သူများနှာခေါင်းကို တုတ်နဲ့ထိုးသလို ဖြစ်ဖြစ် ဖြစ်နေလို့ ဆိုတာ သိစေချင်လို့ ။။ ဒါပေမယ့် တကယ်မှန်ကန်ရင် အကျိုးရှိရင် ဘယ်သူဘာပြောပြော ရေးရဲရမယ်ဆိုတာ သိစေချင်လို့ …။
      နောက်တစ်ခု အဟောင်းတွေကလဲ အသစ်တွေကို ဝေဖန်ရင် နဲနဲလောက် အသံလေးလျှော့ပါလို့
      နောက် မရေးရဲမှာ စိုးလို့ပါဗျာ ..

  • နီကီတာ

    December 23, 2011 at 12:06 pm

    ဦးဦးမှော်ဆရာ
    (ရွာသူားအပေါင်းတို့)

    ဒီဆိုဒ်လေးကို တစ်ယောက်သောသူက လင့်ပေးတော့
    စစချင်းမန်ဘာမဝင်သေးဘူး
    စာဖတ်သူ အဆင့်နဲ့ပဲ ဖတ်ကြည့်တယ်
    အဲဒီအခါမှာ ရေးတဲ့ပို့စ်တွေကို အရမ်းသဘောကျလာတယ်
    ဒီဆိုဒ်က နည်းပညာတစ်ခုထဲကိုလည်း မရည်ညွှန်းဘူး
    နိုင်ငံရေးတစ်ခုထဲကိုလည်း မဦးတည်ဘူး
    စီးပွားရေးလမ်းကြောင်းပေါ်လျှောက်နေတာလည်း မဟုတ်ဘူး
    ဆိုတာကို သိခဲ့ရတယ်
    ရေးသားတဲ့သူတွေကလည်း အရည်ချင်းရှိတဲ့သူတွေများတယ်
    (နီကီတာတော့ မပါ ပါ… 😀 )
    စာအရေးအသားတွေလည်းကောင်းတယ်
    ဒီလိုနဲ့ မန်ဘာဝင်ဖြစ်တယ်
    ကွန်မန့်ပေးဖြစ်တယ်
    နောက်မတောက်တခေါက်ပညာလေးနဲ့ ပို့စ်လေးတွေစရေးဖြစ်တယ်
    တဖြည်းဖြည်း ဒီရွာလေးနဲ့ ရင်းနှီးလာတယ်
    အဲဒီမှာ တဖြည်းဖြည်းပိုသိလာတာက ရွာသူားတွေရဲ့
    စွမ်းရည် ပဲ
    ရသဆိုလည်း တကယ်ရသမြောက်အောင်ရေးနိုင်ကြတယ်
    ပညာခန်းတွေလည်း အဖုံဖုံပဲနော်
    ဓာတ်ပုံပညာတွေ လေ့လာခွင့်ရတယ်
    ကဗျာကောင်းကောင်းတွေ ခံစားခွင့်ရတယ်
    ဘဝအတွေ့အကြုံတွေလည်း ဖတ်ပြီး သိရှိနိုင်တယ်
    အခုဆို latest news တွေက အစ သိနိုင်နေပြီ…..။
    အမျိုးမျိုးသော ပို့စ်တွေ
    ဟာသဆန်သော ကွန်မန့်တွေ
    အချင်းချင်း ရင်းနှီးချစ်ခင်စွာ နောက်ပြောင်မှုတွေ
    အခုနောက်ပိုင်းဆို ဒီရွာထဲကို မဝင်ရမနေနိုင်အောက် စွဲလာတယ်

    ဒါပေမယ့် တစ်ခု စိတ်မကောင်းတာက
    အခုနောက်ပိုင်း ရွာကို စော်ကားနေတဲ့ ပို့စ်တွေပဲ
    …..
    သူတို့တွေလည်း ဒီပို့စ်လေးကို ဖတ်ပြီး ဆင်ခြင်ပေးကြရင် ကောင်းမှာပဲလို့
    အရပ်စကားနဲ့ပြောရရင်…
    “ရွာနာတယ်.”

  • blackchaw

    December 23, 2011 at 12:09 pm

    အဲဒါ ခင်ဗျားတို့က လူရာသွားသွင်းနေကြတာကိုးဗျ။
    သူ့ဟာသူ ပြောချင်ရာပြောပေါ့။
    မောတော့ တိတ်သွားလိမ့်မယ်။
    သူနဲ့ သွားဖက်ဖြစ်နေစရာမလိုပါဘူးဗျာ။

  • ကြောင်ကြီး

    December 23, 2011 at 12:20 pm

    (၁)စကားခြောက်ခွန်း လူ၌ထွန်း (၄)ခွန်းကိုရှောင် (၂) ခွန်းဆောင်လို့ ဆိုစကားရှိပါတယ်။
    မှော်ဆရာရယ်… ပါးစပ်ဆိုတာ ပြောဖို့၊ စားဖို့၊ နောက်ပြီး…. မဟုတ်လား။ စိတ်ထဲရှိတာ ပြောချင်လို့ သဂျီးရွာမှာ လာနေတာလေ။ သိပ်မလွန်ကျူးဖို့ပဲ လိုပါတယ်။ စည်းဘောင်သိပ်များရင် မန်းဂေဇက်ရဲ့ အများတကာထက် ထူးခြားတဲ့ လွပ်လပ်စွာရေးသားနိုင်ခြင်း ဂုဏ်ပုဒ်လေးပျောက်သွားပါမယ်။
    ဒီတော့ ရှောင်ရှောင်.. မရှောင်ရှောင်… အမောင်ကြောင်…. ငါးကြော်သုံးကောင်…. နေ့စဉ်ဆောင်….ရပါမယ်ကွယ်…။
    ~~~~~~~~~~~~~~~~~~
    (၂) မိမိရေးသားတဲ့ ပိုစ်များဟာ အဂတိတရား လေးပါးနဲ့လဲ လွတ်ကင်းသင့်ပါတယ်..။
    လူလကွယ်၊ လူ လူ။ အဂတိတရားတွေကင်းသွားရင် ရေးတဲ့စာတွေလည်း ရှင်းသွားမှာစိုးရတယ်။ စာဆိုတာရှုပ်မှ ရသပိုစုံသကွဲ့….။ သက်သက်လွတ် အသီးအရွက်ကြော် ပဲဟင်းနဲ့ ဘီယာ၊ ကိုဘေးနွားကင်၊ ရေဘဝဲအရှင်လတ်လတ်၊ ဂဏန်းအရှင်ပြုတ်ဟင်းလျာ နှစ်မျိုးမှာ ဘယ်ဒင်းကို အမောင်ရွေးမှာလည်းကွယ်။။။။
    ~~~~~~~~~~~~~~~~~~
    ၃။ရွာသူ ရွာသားအချင်းချင်း ခွဲခြား ဆက်ဆံမှုကို ရှောင်ပါ..။ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမယ့် အရေးအသား မရေးပါနဲ့ ..။
    စည်းလုံးတယ်ဆိုတာ ကြောက်လို့ကွဲ့။ အကျိုးသင့် အကြောင်းသင့် ပြောရင် လက်ခံရမှာပေါ့ကွယ်။ စည်းလုံးသူများထက် လွတ်လပ်သူများ ဖြစ်ဖို့ပို အရေးမကြီးပါတယ်။ ဥပမာ အေဘေးတရုတ်ကြီးလို့ ဘလိုင်းကြီးဆဲရင် လွန်တာပေါ့၊ ဒါပေမဲ့ မြန်မာပြည်က အဖိုးတန်သယံဇာတတွေကို ဂုတ်ခွစီး အမြတ်ထုတ် ချယ်လှယ်နေတဲ့ သွေးစုပ်ဖုတ်ကောင် အေဘေးတရုတ်ကြီးလို့ ဆဲရင် မှန်ပါတယ်။ ဒီလိုပဲ တရုတ်မတွေကို ယူမယ်လို့ပြောရင်လည်း ချစ်ကြည်ရေးထက် ပိုတဲ့ ဆွေမျိုးပေါက်ဖော် ဆံဆက်ရေးဖြစ်လို့ စည်းလုံးညီညွတ်ရေးသေချာပေါက် ဖြစ်ပါတယ်။
    ~~~~~~~~~~~~~~~~~~
    ၄။ ကိုယ်ပိုင် အမြင်ကို လေးစားပါ..။
    အစိုးရကို ထောက်ခံခွင့်ရှိသလို သူတို့ကိုထောက်ခံသူများကိုလည်း ဝေဖန်ခွင့်ရှိပါတယ်ကွယ်။ ပြည်တွင်းမှာဆို ဒေါ်စုကိုတောင်ကြေးစားလောက်နီးနီး ဒင်းတို့ ရေးခဲ့ပြောခဲ့တာပဲ။ အေဘေး နောက်ဆွဲ ဆင့်-ီးခွေးမျှော် စစ်ခွေးတွေ၊ စစ်အုစုပ်ဝင်တွေ၊ စစ်အုစုပ်လိုသူတွေ။။။။။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ၅။ သူကြီးကို ကိုယ်ချင်းစာပါ ..
    မသနားဘူးကွယ်…။ မနေတတ် မထိုင်တတ် ဘဂျီးနွား ကျောင်းချင်တာကိုး ခံပေါ့။။။ သူများ ခဲနဲ့ပစ်လို့ ထိတာ ဝမ်းမနည်းဘူး။ နောက်တခါဆို လှံနဲ့ပစ်မယ်။။။။။
    ~~~~~~~~~~~~~~~~~~~~~~~~
    ၆။ ဝက်ဆိုက် အဘမ်းမခံရအောင် စောင့်စည်းပေးပါ ..
    ဘမ်းပါ့မလားကွယ်။ သူတို့ကိုယ်တိုင် ထောင်ပေးထားတဲ့ဆိုက်ပဲဟာ။ သဂျီးကို ဘာမှတ်သလဲ၊ အဘတက်ခြုပ်ကျီးရဲ့ တူမရဲ့ သူငယ်ချင်းယောက်ဖရဲ့ ခမည်းခမက်နဲ့ ညီတော်သူရဲ့ နှစ်ဝမ်းကွဲဦးလေး ယောက္ခမအိမ်နားက ရက်ကွက်လူဂျီးရဲ့ သားမက်ရဲ့ ဆရာ့သမီးအငယ်ဆုံးရဲ့ မောင်အိမ်ရှေ့ကလူ။။။။။

    • မှော်ဆရာ

      December 23, 2011 at 2:37 pm

      အော် သူကြီးနဲ့ အဘ တော်တော် ဆွေမျိုးနီးတာကိုး …

  • ssa

    December 23, 2011 at 12:40 pm

    သားလည်းအသစ်လေးပါ..
    အများကြီးထောက်ခံပါတယ်..အဲ..
    ပြီးတော့်..Windtalker..ဘောပွဲ..ခန့်မှန်းချက်လေးကို စောင့်နေပါတယ်လို့…

  • pu ma

    February 22, 2012 at 10:58 pm

    အသစ်ကလေးခုမှဖတ်လိုက်ရတာပါ
    သေချာမှတ်သားသွားပါတယ်

Leave a Reply