Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကဲ ကောင်းကြသေးရဲ့လား။

Ma MaDecember 22, 20111min62422

လူဆိုတဲ့ ပခုံး၂ခုကြား ခေါင်းပေါက်တဲ့ လူတွေထဲမှာမှ ရုပ်ဆိုးသူ၊ ချောမောလှပသူ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ ပညာတတ်သူ၊ ပညာမဲ့သူဆိုပြီး အရည်အချင်းတွေ အမျိုးမျိုးကွဲပြားနေကြပါတယ်။ ဗုဒ္ဓဘာသာ အလိုအရတော့ ကုသိုလ်ကံ အကျိုးပေးလို့ပဲ ဆိုရပေမယ်ပေ့ါ။
မိဘဆိုတာ ရွေးချယ်လို့ မရဘူးဆိုတော့ ဘဝပေးကုသိုလ်ကြောင့် လောကဓံတွေကို အရွယ်နဲ့မလိုက်အောင် ခံနေကြရတဲ့ ကလေးငယ်တွေကို မြင်ရတွေ့ရတဲ့အခါမှာ လူသားဆန်တဲ့ တာဝန်ကျေပွန်တဲ့ မိဘနှစ်ပါးရဲ့ မေတ္တာရိပ်နဲ့ ကျေးဇူးတရားတွေကြောင့်လူလူသူသူ ဖြစ်လာရတဲ့ ကိုယ့်ဘဝကိုပဲ ကျေနပ်နေရသေးတယ်။
ဒါပေမယ့်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ စိတ်မကျေနပ်စရာလေးတွေကို တတ်နိုင်သလောက် အကျိုးဆောင်ပေးချင်တဲ့စိတ်ကလည်း ဂေဇက်က ရလာတဲ့ အကျင့်စရိုက်တစ်ခုပေ့ါ။
ဒီလိုနဲ့ အလုပ်တူသူငယ်ချင်းတွေထဲက စိတ်တူသူတွေနဲ့ တစ်လ ၃၀၀ဝ စုပြီး အလှူလုပ်ကြဖို့ စိတ်ကူးမိကြတယ်။
အရင်တုန်းကတော့ ဗုဒ္ဓဘာသာပီပီ ဘာသာရေးအလှူကိုမှ အလှူထင်နေတာ၊ ကုသိုလ်ရတယ်လို့ မှတ်ယူနေကြတာ။ ခုနောက်ပိုင်းမှ စာတွေဖတ်ရင်းနဲ့ ရလာတဲ့ အသိစိတ်ဓာတ်တွေကြောင့် အခုစုပေါင်းအလှူကို ပရဟိတလုပ်ငန်းတွေကိုပဲ လှူမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ အားလုံးကလည်း သဘောတူကြပါတယ်။
တခါတော့ အဲဒီစုပေါင်းအလှူကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်းကို ကျောင်းဖွင့်ချိန်အမီ စာရေးကရိယာတွေ သွားလှူဖြစ်ကြတယ်။
အဲဒီကျောင်းမှာ ဆရာတော်က အခမဲ့ပညာသင်ပေးတဲ့အပြင် နယ်တွေက ကလေးတွေကို ဘော်ဒါလို အိပ်စရာ၊ စားစရာလည်းပေးတယ်။ ကျောင်းပိတ်ရက်ကျရင် မိဘတွေက ပြန်ခေါ်သွားလု့ိရတယ်။
ဒါ့အပြင် မိဘမဲ့တွေကိုလည်း ဆရာတော်က မွေးစားပြီး ပညာသင်ပေးသေးတယ်။ ၁ဝတန်းအောင်တဲ့ကလေးတွေတောင်ရှိတယ်။
ကျောင်းနဲ့နီးတဲ့ ရွာထဲက နေ့စာလာသင်၊ ညနေပြန်တဲ့ ကလေးတွေကိုလည်း နံနက်စာ မယူလာနိုင်ရင် ကျောင်းကကျွေးပါတယ်။
အဲဒီလို ကလေးတွေရဲ့ ပညာရေးကို နည်းလမ်းပေါင်းစုံနဲ့ ဖြည့်ဆည်းပေးနေတဲ့ ဆရာတော်နဲ့ စကားပြောဖြစ်တဲ့အခါ လူပဲလာရင် စာသင်လို့ရပြီ။ ဒါတောင် တချို့မိဘတွေက ကလေးတွေကို အလုပ်လုပ်ခိုင်းတာမို့ ကျောင်းမတက်ခိုင်းတာက ရှိသေးတယ်။ ကြိမ်လုုံးနဲ့ ရိုက်ဖို့ပဲကောင်းတယ်လို့ ပြောပြပါတယ်။
အဲဒီလို အဖက်ဖက်က ပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်တဲ့ဆရာတော်ကို တွေ့တဲ့အခါ ကျမလည်း ကြယ်ငါးလေးတစ်ကောင်ကို ပင်လယ်ထဲ ပြန်ပစ်ပေးချင်စိတ်တွေ ပေါ်လာပါတယ်။
ကျမအလုပ်က ကုန်ထမ်းအလုပ်သမားကလေး (မောင်ဇော် ပဲ ဆိုပါစို့) ဟာ မကြာသေးခင်ကမှ မိန်းမသေလို့ ကလေးငယ်လေး ၃ ယောက်နဲ့ ကျန်ရစ်ခဲ့ပါတယ်။ ကလေးအကြီးဆုံးမိန်းကလေးက ၆နှစ်၊ အလတ်မလေးက ၄နှစ်၊ အငယ်ဆုံးယောင်္ကျားလေးကတော့ ၂နှစ်ပေ့ါ။
အရင်က တောရွာမှာ မူလတန်းကျောင်းဆရာလုပ်ခဲ့ဖူးသော်လည်း မိသားစု စားဝတ်နေရေးကြောင့် ကုန်ထမ်းအလုပ်သမားဘဝကို ရွေးချယ်ခဲ့ပါတယ်။
ဆိုလိုချင်တာက ပညာအနည်းငယ် တတ်သည်ပေ့ါ။
လုပ်ငန်းသဘာဝအရ နံနက် ၅နာရီလောက် အလုပ်လာ၊ ညကျတော့ ၇-၈ နာရီလောက်မှ ပြန်ရတယ်။
ကလေးတွေရဲ့ မိခင်ရှိစဉ်က ကိစ္စမရှိသော်လည်း ကလေးတွေချည်းကျန်တဲ့အခါ အစစအရာရာ ပြဿနာတွေချည်းပဲ ဖြစ်နေပါတော့တယ်။
နံနက်အလုပ်မသွားခင်ကတည်းက နံနက်စာရော၊ ညစာအတွက်ပါ ထမင်း ၂ အိုးတည်ထားခဲ့ပြီး ဟင်းကိုတော့ အဆင်ပြေသလို ချက်ထားခဲ့ပါတယ်။
အိမ်နားက မုန့်ဆိုင်ကို မှာထားပြီး နေ့လည်သွားရေစာအတွက် ကလေးတစ်ယောက်ကို မုန့်တစ်ထုပ်နှုံး စီစဉ်ပေးခဲ့ပါတယ်။ သူ့စီစဉ်ပုံကတော့ အကွက်စေ့လို့ အတုယူစရာတောင် ကောင်းနေပါသေးတယ်။
ဒါပေမယ့် အကြီးဆုံးကလေးက အငယ်နှစ်ယောက်ကို တနေကုန်ထိမ်းကျောင်းထားရတဲ့အပြင်၊ စားဖို့သောက်ဖို့လည်း စီစဉ်ပေးရပါသေးတယ်။
ဘဝပေးအသိရှိတဲ့ ကလေးမလေးကလည်း သူတို့ မောင်နှမတွေကို အသီးသီး လိုချင်သူတွေရှိပေမယ့် သမီးတို့ မောင်နှမတွေကို မခွဲပါနဲ့လို့ တောင်းပန်တတ်ပါတယ်။
စာသင်တဲ့အရွယ်ရောက်နေပြီး အမေရှိစဉ်က ကျောင်းတတ်ဖူးတဲ့ အကြီးမလေးဟာ ဉာဏ်ကောင်းပြီး စာလည်းသင်ချင်စိတ်ရှိပါတယ်။
ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အကြီးဆုံးသမီးလေးကို စာသင်ဖို့ထက် အငယ်နှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ပိုအရေးကြီးလေတော့ ပညာတတ်တဲ့ ဖခင်ခမျာလည်း သမီးလေးကို ပညာတတ်စေချင်ပေမယ့် ကျောင်းမထားနိုင်ပါဘူး။
အဲဒီ အကျိုးအကြောင်း အစုံအလင်ကို သိထားတဲ့ ကျမအဖို့ ဆရာတော်ကို တွေ့တဲ့အခါ ဝမ်းသာအားရ ဖြစ်သွားမိတယ်။
ဖြစ်ချင်တော့ ဆရာတော်က မိန်းကလေးရော၊ ယောကျာင်္းလေးရော၊ အသက်အရွယ်မရွေး လက်ခံတာဖြစ်လို့ အလုပ်သမားရဲ့ ကလေး၃ယောက်အတွက် ပိုပြီးအဆင်ပြေသွားပါတယ်။
ဆရာတော်ကို အကျိုးအကြောင်း အစုံအလင် လျှောက်ထားပြီး မောင်ဇော်ကိုလည်း ပြောပြပြီး ကလေးတွေကို ဆရာတော်ဆီပို့ဖို့ စီစဉ်မိပါတယ်။
ဆရာတော့်ကျောင်းကို ရောက်ရောက်ချင်းနေ့ကတော့ ကလေးတွေက အဖေနဲ့ခွဲပြီးနေရမှာမို့ မျက်နှာလေးတွေ ငယ်နေကြပါတယ်။ အငယ်ဆုံးကောင်လေးဆိုရင် သူတို့ကို ထားခဲ့မှာသိနေတော့ သူ့အဖေဆီက မခွာလို့ အခြားကလေးတွေနဲ့အတူ မုန့်ကျွေးနေတုန်း သူ့အလစ်မှာ အဖေကို ပြန်ခိုင်းရပါတယ်။
နောက်တစ်ခေါက် ကျောင်းကို ရောက်သွားတော့မှ အငယ်လေးက အင်မတန်စိတ်ကြီးကြောင်း၊ အဖေပြန်သွားမှန်းသိတော့ ငိုတာချော့မရပဲ၊ ကြာတော့မှ မောပြီး အိပ်ပျော်သွားတယ်လို့ သိရပါတယ်။
အကြီးမလေးကတော့ သူတတ်ချင်တဲ့ကျောင်းကို တက်ရလို့ ပျော်နေပါတယ်။ သူ့ဘဝပေးအသိအရ သူ့တို့ကို အလုပ်လုပ်ခိုင်းဖို့ ထားခဲ့တာလို့ပဲ ထင်ထားတော့ သမီးကို ဘာမှလည်း မခိုင်းဘူးလို့ ပြောရှာပါတယ်။
နောက်ပိုင်းကျောင်းကို ရောက်သွားတဲ့အခါ လွတ်လပ်ပျော်ရွှင်နေတဲ့ ကလေးတွေရဲ့ ပုံရိပ်ကို ကြည့်ပြီး ဆရာတော်ကိုလည်း ကျေးဇူးတင်နေမိတာပေ့ါ။
အရင်ကဆိုရင် အလုပ်မသွားခင် နံနက် ၃ နာရီလောက်ထပြီး သားသမီးတွေ စားဖို့ချက်ရ၊ အလုပ်ကပြန်တော့လည်း မိုးချုပ်လို့ အိမ်ပြန်ရောက်မှ ကလေးတွေအတွက် လိုအပ်တာလေးတွေ စီစဉ်ရနဲ့မို့ အလုပ်ထဲမှာ စိတ်မစိုက်နိုင်ပဲ ငူငူငေါင်ငေါင် ဖြစ်နေတတ်တဲ့ မောင်ဇော်လည်း ရွှင်ရွှင်လန်းလန်း ပြည့်ြုပည့်ဖြိုးဖြိုးဖြစ်လာတော့ ကိုယ့်လုပ်ရပ်ကို ဝမ်းသာရပါတယ်။
ဆရာတော်ကျောင်းက ကလေးတွေကို စားဝတ်နေရေး အစစ တာဝန်ယူလေတော့ မောင်ဇော့်မှာ သားသမီးအတွက် ဗာဟီရ ကိစ္စတွေလည်း မပူရ။ လုပ်ခရငွေကလည်း တစ်ကိုယ်စာဆိုတော့ ပိုပိုလျှံလျှံလေး ဖြစ်လာတာပေ့ါ။
အဲဒီမှာတင် ပြဿနာက စတော့တာပါပဲ။
ငွေလေး ရွှင်လာတဲ့ မောင်ဇော်မှာ စိတ်ညစ်ညူးစရာကလည်း မရှိလေတော့ အလုပ်ချိန်ပြီးရင် သွားလာလည်ပတ်ရင်းနဲ့ ရောဂါဟောင်းက ပေါ်လာပါတယ်။
အရင်ကဆို လုပ်ခရငွေနဲ့ မိသားစုစားဝတ်နေရေးကို ဖြည့်ဆည်းရလေတော့ ငွေပိုငွေလျှံမရှိ။
အပျော်အပါး အသောက်အစားဆိုတာကို ခေါင်းထဲ မထည့်နိုင်ရာကနေ အချိန်ရော ငွေပါ ပိုလာတဲ့အခါ အရင်က မေ့ထားခဲ့တဲ့ အပျော်အပါး အသောက်အစားတွေကို လုပ်နိုင်လာပါတယ်။
အရင်က အလုပ်ပျက်ရင် စားရေးသောက်ရေး အဆင်မပြေမှာမို့ သားသမီးကိစ္စတွေ များတဲ့ ကြားထဲက အလုပ်မှန်အောင်ဆင်းပါတယ်။
ခုတော့ အသောက်အစားများသွားတဲ့အခါ နောက်တစ်နေ့ အလုပ်မဆင်းဖြစ်တော့ပါဘူး။
မောင်ဇော် ခြေလှမ်းတွေ ပျက်လာတာကို သတိထားမိလာတဲ့အခါ အကြိမ်ကြိမ်ခေါ်ယူ သတိပေးရပါတယ်။

ကဲ ခုတော့ ကောင်းကြသေးရဲ့လား။

နောက်မိန်းမ ယူသွားပြီတဲ့လေ။

(အီတုံးရဲ့ ကျောင်းတက်တဲ့အရွယ် ဈေးရောင်းမယ် ပိုစ့်ကို ဖတ်မိပြီး ရေးသားပါသည်။)

22 comments

  • Khin Latt

    December 22, 2011 at 8:01 pm

    မမရေ – ရေးတတ်တာမှ ရုပ်ရှင်ကြည့်ရသလိုဘဲ။
    မောင်ဇော် ကြည့်ရတာ ဆရာတော့် ကျောင်း က သူခလေးတွေ ကို တသက်လုံး စောင့်ရှောက် သွားမယ်လို့ ထင်သွားတယ်ထင်တယ်။
    တစ်ခါတစ်ခါ တော့ လဲ လူဆိုတာ အခက်အခဲ ရှိမှ ပိုကြိုးစားတတ်သလား လို့ တွေးမိတယ်။။
    ကျွန်မ တို့လဲ ဒီလို ဘဲ။ နောက်က အတွန်း မရှိရင် ဘဝ ကို ပေါ့ပေါ့ ထင်ပြီး ရပ်ရပ်သွားမိသလားဘဲ။

  • ငပေါက်ဖော်

    December 22, 2011 at 8:14 pm

    ဝန်မရှိတော့လဲ..ပေါ့ထွက်သွားလိုက်တာ.မိုးပေါ်တောင် ထောင်ထွက်သွားသကိုး..
    အင်းလေ..
    ကျွေးနိုင်ရင် ယူပေါ့..
    ဒါပေသိ.နောက်မွေးလာမဲ့ခလေးတွေကိုတော့..ဘုန်းကြီးကျောင်း ထပ်မပို ့မိပါစေနဲ ့..ပေါ့.
    နော်.နော်..
    🙄

  • windtalker

    December 22, 2011 at 8:21 pm

    မောင်ဇော် သည် ထပ်ယူသော မိန်းမ နှင့် တစ်လဘဲ ပေါင်းလိုက်ရပြီး ၊ ယခုအခါ ရန်ကုန်မြို ့တွင် ငမျောက်ကျော် နာမည် ဖြင့် ဘလော့ဂါ တစ်ဦး ဖြစ်နေကြောင်း နောက်ဆုံးရသတင်းများအရ သိရှိရသည် ။

  • ဦးဦးပါလေရာ

    December 22, 2011 at 8:48 pm

    မောင်ဇော်က စာမတတ်တာ ပညာမတတ်တာမဟုတ်ဘူး။
    ကျောင်းဆရာတောင်လုပ်ခဲ့သေးတာနော်။

    သူ့မှာလိုတာက စိတ်ဓါတ်-
    ကိုယ့်မိသားစုအပေါ် တာဝန်ကျေဘို့ တာဝန်ယူဘို့ စိတ်ဓါတ်၊
    (အချိန်လဲပို ငွေလဲပိုလာတဲ့)အခွင့်အရေးကို အရယူအသုံးချပြီး ဘဝကိုမြှင့်တင်နိုင်အောင်ကြိုးစားဘို့ စိတ်ဓါတ်၊
    အပျော်အပါးစတာတွေကို ထိန်းချုပ် ကိုယ့်စည်းကိုယ်တားပြီး သားသမီးတွေရဲ့ရှေ့ရေးအတွက် ပြင်ဆင်ဘို့စိတ်ဓါတ်..။

    ကျုပ်တို့နိုင်ငံသားတွေမှာ ပညာလဲသင်ပေးဘို့လိုပါတယ်။ အတွေးအခေါ်တွေလဲ မြှင့်တင်ပေးဘို့လိုပါတယ်။ ရဲရင့်ကြံ့ခိုင်တဲ့ စိတ်ဓါတ်ကောင်းမျိုးတွေလဲ ပျိုးထောင်ပေးဘို့လိုပါတယ်။

    ပြောမယ့်သာပြောရတယ် – ကိုယ်ကြိုက်တာကိုယ်လုပ်ပြီး ကိုယ့်အတွက်ပဲကြည့်တဲ့ အကျင့်နဲ့အတွေးအခေါ်က လူငယ်တွေထဲ တော်တော်လွှမ်းမိုးနေပါပြီ။ 🙁

  • nature

    December 22, 2011 at 9:16 pm

    အဲဒီဘုန်းကြီးကျောင်းကို ကန်ထရိုက်ဆွဲထားလိုက်။

  • koaung

    December 23, 2011 at 3:08 am

    သူလဲလေလောကီသားပေမို့

  • thit min

    December 23, 2011 at 8:07 am

    မှန်ကန်တဲ့အတွေးအခေါ်အဆင့်အထိ ရောက်စေတဲ့ “အသိပညာ” မရလိုက်လို့ပါ။
    ပညာ ဆိုတာ “သင်ညာ” ပေါ်မှာမှ ကိုယ့်ရဲ့ အပေါင်း အယ်ဖာ တခုခုကို လေ့ကျင့်မယူရင် ဘာမှမတတ်တဲ့
    သူနဲ့ အတူတူပါဘဲ။ကောင်းသော အပေါင်း ပေါ့နော်။
    စဉ်းစားချင့်ချိန်နိုင်စွမ်းကသာ “ပညာ”မလို့ အတန်းတွေဘယ်လောက် ဘွဲ့တွေဘယ်လောက်ရရနဲ့ တိုင်းတာလို့
    မရ စကောင်းပါဘူး။ဝေဖန်ပိုင်းခြားနိုင်စွမ်းကအဓိကပါ။
    အမှားအမှန်ကို ဆင်ခြင်တုံတရားရှိအောင် ပညာသင်ရတာဖြစ်လို့ အဲဒီအချက်တွေမရှိသေးရင် ပညာတတ်လို့
    မခေါ်နိုင်ပါဘူး။
    လှပတဲ့ ဇာတ်လမ်းလေးနဲ့ ကောင်းမွန်သော သင်ခန်းစာကိုပေးတဲ့စာလေးအတွက် ကျေးဇူးပါမမရေ…….

  • MaMa

    December 23, 2011 at 9:43 am

    @မလတ်
    ကွန်မန့်နဲ့ အားပေးတာကိုရော၊ ချီးကျူးတာကိုပါ ကျေးဇူးတင်ပါတယ်။
    ရွာထဲမှာ ဆရာသစ်တို့နဲ့ လက်ရည်တူ ဆွေးနွေးနိုင်တဲ့လူပေါ်လာလို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
    ကျမပြောချင်တာကလည်း လူတွေဟာ တွန်းအားရှိမှ ကြိုးစားချင်ပြီး များသောအားဖြင့် ရေစုန်လိုက်ချင်ကြတာပါ။ (ဘဝကို လွယ်လွယ်ပေ့ါပေ့ါ ပဲ ဖြတ်သန်းချင်ကြတာ)
    @ပေါက်ဖော်
    ဝန်မရှိလို့ ပေါ့ထွက်သွားတာ ဖမ်းလို့တောင် မမိတော့ဘူး။ 😀
    @windtalker
    စုံထောက်ကြီး ဦးလံဘားကလည်း အမှုဆိုတာနဲ့ ချက်ခြင်းကို လိုက်တော့တာပဲ။
    @ဦးဦးပါလေရာ
    အတွေးအခေါ် အသိစိတ်ဓာတ်တွေကို ဘဲဥအစရှာမရသလို ဘယ်ကဘယ်လိုစပြီး ပြုပြင်ရမယ် မသိတော့ပါဘူး။
    အဲဒီကလေး ၃ ယောက်လုံး ကျောင်းတက်ရ၊ ပညာသင်ရတဲ့ အကျိုးတစ်ခု ရရှိလို့ပဲ တော်ပေသေးတော့တယ်။
    @nature
    နေချားနဲ့ ပေါက်ဖော်နဲ့ စိတ်ကူးးချင်းတူနေပြီ။ ဘုန်းကြီးကျောင်းထပ်မံတိုးချဲ့ဖို့ လုပ်ရတော့မယ် ထင်တယ်။
    @koaung
    ဟုတ်ပါတယ် ကိုအောင်ရေ သူလဲလေလောကီသားပေမို့လို့ပဲ ပြောရတော့မှာပေ့ါ။
    @thit min
    ဆရာသစ်ရေ- ကြယ်ငါးလေးကို ပင်လယ်ထဲ ပြန်ပစ်ပေးလိုက်တာ အပျော်လွန်သွားလို့ ဘာဆက်လုပ်သင့်သလဲ အကြံပေးပါဦး။
    (ပေါက်ဖော်နဲ့ နေချားတို့ ပြောသလိုပဲ လုပ်ရတော့မယ် ထင်တယ်။) 🙁

  • ကြောင်ကြီး

    December 23, 2011 at 11:26 am

    အန်တီမမကြောင့် မောင်ဇော်ရဲ့ အယင်က တည်ငြိမ်နေတဲ့ဘဝလေး ပျက်ဆီးသွားရပြီလို့ ပြောရတော့မှာပဲ။ 😀

  • Moe Z

    December 23, 2011 at 12:23 pm

    အဲဒီလိုလူတွေအများကြီးရှိသေးတယ် မမရေ
    ကလေးတစ်ယောက်ရင်ဖွင့်ထားတာကို ပြန်ရေးပေးမလို့
    စဉ်းစားတိုင်းစိတ်မကောင်းဖြစ်ရလို့ မရေးနိုင်သေးဘူးဖြစ်နေတယ်
    မိဘကို ရွေးချယ်ခွင့်မှမရှိဘဲနော် 🙁

  • inz@ghi

    December 23, 2011 at 12:31 pm

    အဲ့သဟာကြောင့် ရွာ့ ပညာရှိ ဇိမ်ဖုံးဂျီးပေါက်စ ..က မန့်တာပေါ့ကွယ့်(မိန့်တာမဟုတ်ပါ..)
    ကိုယ့်မိဘ မချမ်းသာဒါ ကိုယ် ၆၃မကျမလို့မဟုတ်…
    ကိုယ့်ယောက္ခမ မချမ်းသာဒါ ကိုယ် ၆၃မကျလို့ဆိုဒါ …..

    ခုတိဘီမလား ….
    ဟီဟိ …

    ဟိတ်. ….တပ်မ၇ရကြီး …နာ့မြင်း ပြန်ပေး …..

    ဒက်ဂလောက်…ဒက်ဂလောက်…

  • manawphyulay

    December 23, 2011 at 1:16 pm

    ဪ မောင်ဇော် မောင်ဇော် ဆုံးမခါမှ ပိုဆိုးနေပါရောလား….

  • MaMa

    December 23, 2011 at 2:18 pm

    @ကြောင်ကြီး
    အပြစ်တင်ရင်လည်း ခံရတော့မှာပဲ။ ကိုယ့်လုပ်ရပ်ကို ကိုယ်ကိုယ်တိုင်တောင် မှန်ရဲ့လားလို့ ဇဝေဇဝါဖြစ်သွားတယ်။
    @မိုးစက်
    အရေးအသားကောင်းတဲ့ မိုးစက်ရေးလာမှာကိုလည်း စောင့်ဖတ်နေမယ်နော်။
    @inz@ghi
    ဇိမ်ဖုံးဂျီးပေါက်စ မိန့်တော်မူတာလည်း မှန်ကန်တာမို့ ကြိုးစားပါလို့သာ တိုက်တွန်းချင်ပါတယ်။ (ကိုယ်စွမ်းကိုယ်စကို ပြောတာနော်) 🙂
    @မနော
    ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးပေးလိုက်တာ မိုးပေါ်ပျံတက်သွားလေရဲ့။

  • tt lay

    December 23, 2011 at 2:35 pm

    မမရေ ……………… သူလဲလေ လောကီသားပေမို့၊ ဒီ ဝဋ်ဆင်းရဲက ရုံးမထွက်နိုင်သေးတာနဲ့ တူတယ်နော်…….

  • ဆူး

    December 23, 2011 at 2:36 pm

    ဝန်ပိတဲ့ ဘဝက ရုန်းထွက်နိုင်တော့ ဝန်ပိုတွေ ထပ်ဆွဲချင်တယ် ထင်ပါရဲ့..
    ကလေးတွေနဲ့ အနေဝေးတော့ သူလည်း တခုခုကို တွယ်ကပ်ချင်တဲ့ စိတ်ကို အာသာဖြေတဲ့ အနေနဲ့ မိန်းမ ယူလိုက်တာ ဖြစ်မယ်။
    ကလေးတွေကို အချိန်ပိုင်းနဲ့ ပြန်ပြန်ခိုင်းရင် သံယောဇဉ်တွေ ပြန်ချီ မိပြီး ငြိမ်ချင် ငြိမ်မလား..
    သို့တည်း မဟုတ်.. အလကား သင်ပေး ကျွှေးနေတဲ့ ဘုန်းကြီးကျောင်းကို ပိုက်ဆံ ပေးရတာမျိုး ဆိုရင်.. ရှာရင် ဖွေရင်းနဲ့ ငြိမ်မယ် ထင်တယ်။

    အမှန်ကတော့ စိတ်ရဲ့ သဘောက တွေ့ကရာ လျှောက်တွယ်တတ်တဲ့ သဘောရှိတော့.. ကလေးတွေနဲ့ ဝေးသွားတဲ့ အခါ တွယ်စရာ ရှာရင်း တွေ့သွားတာ ဖြစ်မယ်။

  • etone

    December 23, 2011 at 3:46 pm

    အန်တီမမရေ … အခုလို စာသင်ချင်တဲ့ကလေးတွေကို ကူညီပေးနေတဲ့ ဘုန်းကြီးကျောင်းမျိုး ရှိတာသိရတော့ ဝမ်းသာမိပါတယ် ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ကူညီပေးနိုင်ခဲ့တဲ့ အန်တီလုပ်ရပ်ကိုလည်း ကျေနပ်အားကျမိပါတယ် ။ သွားလှူလို့ရမယ့် လိပ်စာလေးရှိလျှင်လည်း သိချင်ပါတယ် ။

    အန်တီမမရေ .. လူတွေက မရှိတာထက် ၊ မသိတာပိုခက်တယ် ။ တခြားလူမျိုးတွေတော့မသိဘူး ကျွန်မတို့လူမျိုးတွေ ဘဝသိပ်မနာတတ်ကြသလိုပဲနော် … ခက်ခက်ခဲခဲအချိန်မှတော့ ကြိုးစားရုန်းကန်ပေမယ့် ပိုက်ဆံလေးနည်းနည်း ပိုလျှံတဲ့အချိန် … တသက်လုံး ငတ်လာတာကို အတိုးချကဲတော့တာပဲ … ။ ကလေးတွေအတွက်တော့ နေရာမှန်ရောက်သွားတာပေါ့ … ။ 🙂

  • မမရေလုပ်ရပ်ကတော့ မှန်ပါတယ်၊
    ခံယူသူဘက်က မှားတာပါ။
    စိတ်ဓါတ်မကျပါနဲ့။
    ဆက်လုပ်ပါ။
    ကောင်းသောသူတွေနဲ့သေချာပေါက်တွေ့လာမှာပါ။

  • yaungchikha

    December 23, 2011 at 7:34 pm

    ကျောင်းဆရာလုပ်ခဲ့ပေမယ့် အသိစိတ်ကို ထိန်းချုပ်နိုင်စွမ်းအားနည်းတာပေါ့……………
    မမလို စိတ်စေတနာကောင်းထားတဲ့လူမျိုးနဲ့တွေ့လို့သာ ကလေးတွေ ကံကောင်းသွားတာပေါ့၊ မဟုတ်ရင် ကလေးလေးတွေဘဝမတွေးရဲစရာပါ၊

  • MaMa

    December 24, 2011 at 7:21 am

    @tt lay
    သူလဲလေ လောကီသားပေမို့ ဆိုသလို သူ့ဘက်က တွက်ရင်တော့လည်း ဟုတ်နေပြန်ရော။
    @ဆူး
    (စိတ်ရဲ့ သဘောက တွေ့ကရာ လျှောက်တွယ်တတ်တဲ့ သဘောရှိတော့.. )
    အဲဒါကြောင့်လည်း လူဆိုတာ သံသရာထဲမှာ တဝဲလည်လည် နဲ့ ရုန်း မထွက်နိုင်ကြတာဖြစ်မယ်။
    @etone
    အဲဒါ လှိုင်သာယာ အလယ်ရွာက အောင်ဇေယျာမင်း ဘုန်းတော်ကြီသင် ပညာရေးကျောင်းပါ။ ရွှေပြည်သာတံတားကဆင်းရင် ငွေပင်လယ်စက်မှုဇုံဘက်သွားတဲ့လမ်းကို ဝင်လိုက်တယ်ဆိုတာနဲ့ ဘယ်ဘက်အခြမ်းမှာ တွေ့ရမှာပါ။ ဟုတ်တယ် အီတုံးရေ ကျမတို့လူမျိုးတွေ ဘဝမနာတတ်ကြဘူး။
    @ကိုပေါက်
    သူ့အတွက် ရလာတဲ့ အခွင့်အရေး (အချိန်နဲ့ ငွေ) ကို အသုံးချပြီး ပိုကောင်းတဲ့ လူနေမှုဘဝကို ရအောင် မကြိုးစားတာကို စိတ်တိုမိတာ ကိုပေါက်ရေ။
    @yaungchikha
    ကလေးတွေအတွက်ကတော့ ဆရာတော်ရဲ့ စောင့်ရှောက်မှုအောက်မှ စားဝတ်နေရေးသာမက ပညာရေးပါ ရတော့ ဘဝလုံခြုံရေးရတယ်လို့ ပြောရမယ်။

  • char too lan

    December 24, 2011 at 10:30 am

    ကောင်းကြသေးရဲ့လာဆိုတော့ မကောင်းပါဘူး မမလေးရေ….
    လူတွေကအမြဲ အသိမကပ်ဘူး ကိုယ့်အခြေအနေ
    ကိုယ်မေ့မေ့ပြစ်လိုက်တာဆိုးတယ်ဗျာ………..

  • နွယ်ပင်

    December 24, 2011 at 10:39 am

    အန်တီမမရေ .. မောင်ဇော်က မရှိတာထက် ၊ မသိတာကပိုခက်တယ်လိုဖြစ်နေပြီ ….
    ကျောင်းဆရာတာ လုပ်ခဲ့ပင်မယ့် အသိတရားက နည်းတယ်လို့ပဲပြောရတော့မှာပဲ …
    ကလေးတွေရဲ့ ဘဝရှေ့ရေးကို မတွေးပေးဘူးပဲ ….ဒါပေမယ့် ဆရာတော်ရဲ့ စောင့်ရှောက်မှုအောက်မှ ရှိနေတော့ ကလေးတွေအတွက်တော့ ဘဝလုံခြုံသွားတာပေါ့နော် ……………

  • TTNU

    December 24, 2011 at 11:11 am

    မမရေ…
    တီချာတို့ မြန်မာစကားပုံတစ်ခုရှိတယ်မဟုတ်လား။
    ကိုယ်မချိ အမိသော်လည်းသားတော်ခဲ…တဲ့။
    ကမ္ဘာမီးလောင် သားကောင်ချနင်း…တဲ့။

    တီချာ လက်မခံနှိုင်ဆုံး စကားပုံတွေပေါ့။
    မိဘ ဆိုတဲ့ အနှစ်သာရကိုက သားသမီးအတွက်ဘဝကို
    စွန့်လွှတ်အနစ်နာခံနှိုင်သူတွေ ဖြစ်ရမှာ။
    သူများက အနစ်နာခံနှိုင်၊ အနစ်နာခံပေးပါရက်နဲ့
    ကိုယ်လွတ်ရုန်းသွားသူကိုတော့ မိဘ လို့ မသတ်မှတ်ချင်ဘူးကွယ်။

Leave a Reply