Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမိုင်းရက်စွဲများ (၁)

Zaw WonnaDecember 23, 20111min2842
ပါလီမန် ဒီမိုကရေစီခေတ် (၁၉၄၈ – ၁၉၅၈)

၁၉၄၈၊ ဇန္နဝါရီလ ၄ ရက်။   ။ နံနက် ၄ နာရီ ၂ဝ မိနစ် အချိန်တွင် မြန်မာနိုင်ငံအား လွတ်လပ်သော နိုင်ငံအဖြစ် ကမ္ဘာကို ကြေညာခဲ့သည်။ ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးပြီး သမ္မတအဖြစ် ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်အဖြစ် သခင်နုက တာဝန်ယူခဲ့သည်။

၁၉၄၈၊ ဇန္နဝါရီလ ၈ ရက်။   ။ ပထမဆုံး အကြိမ်အဖြစ် တိုင်းပြုပြည်ပြုလွှတ်တော် ပါလီမန် အစည်းအဝေးကို ကျင်းပခဲ့သည်။

၁၉၄၈၊ ဇန္နဝါရီလ ၂ရ ရက်။   ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမျှ စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

၁၉၄၈၊ ဖေဖော်ဝါရီလ ၁ ရက်။   ။ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ဆရာသာထိုနှင့် အဖွဲ့မှ သထုံရဲဌာန အပိုင် အင်းဝိုင်းရွာတွင် ကရင်ပြည်နယ် သီးခြားရရှိရေး တရားဟောပွဲ ကျင်းပခဲ့သည်။

၁၉၄၈၊ ဖေဖော်ဝါရီလ ၃ ရက်။   ။ ကေအင်ဒီအို အဖွဲ့ကြီးမှ ကရင်ပြည်နယ် ဖွဲ့စည်းပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။
၁၉၄၈၊ ဖေဖော်ဝါရီလ ၁၁ ရက်။   ။ ကရင် တမျိုးသားလုံး၏ ဆန္ဒထုတ်ဖော် ပြသမှုကို ကရင်အမျိုးသားထု ရှိရာ အရပ်ဒေသတိုင်း၌ တခမ်းတနား ကျင်းပပြုလုပ် ခဲ့ကြသည်။

၁၉၄၈၊ ဖေဖော်ဝါရီလ ၁ဝ ရက်။     ။ ကေအင်ယူ စောဘဦးကြီး၊ စောသာဒင်နှင့် အဖွဲ့က ဝန်ကြီးချုပ်ရုံးတွင် သခင်နုနှင့် တွေ့ဆုံပြီး ကရင်ပြည်နယ် သီးခြားရရှိရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။

၁၉၄၈၊ ဖေဖော်ဝါရီလ ၁ ရက်။    ။ ဆိုရှယ်လစ်ပါတီမှ ပါတီဝင်များကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတွင် အစည်းအဝေး ကျင်းပခဲ့သည်။ ဖဆပလ အစိုးရ၏ မြေယာပြုပြင်ရေး လုပ်ငန်းများကို ဆန့်ကျင်ကန့်ကွက် ခဲ့ကြသည့် နိုင်ငံလုံးဆိုင်ရာ မြေပိုင်ရှင်ကြီးများ၏ ညီလာခံကို တန်ပြန်ဆန္ဒပြသည့် စည်းဝေးပွဲကြီး ဖြစ်သည်။ မြေပိုင်ရှင် ကိုယ်စားလှယ် သတင်းစာတိုက်များကို လက်စားချေရန် လှုံ့ဆော် နှိုးဆွပေးပြီး ဆိုရှယ်လစ် ပါတီ၊ လယ်သမား အစည်းအရုံးဝင်များက အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက်ကြီး (၃) တိုက်ကို ဝင်ရောက် ဖျက်ဆီးခဲ့ကြသည်။

၁၉၄၈၊ မတ်လ ၁၃ ရက်။   ။ ဗမာပြည် ကွန်မြူနစ်ပါတီက ကြီးမှုးပြီး တောင်သူလယ်သမား သမဂ္ဂ ညီလာခံကို ပျဉ်းမနား၊ လယ်ဝေး၊ ဂျင်လိုကုန်းတွင် ကျင်းပခဲ့ကြသည်။

၁၉၄၈၊ မတ်လ ၁၅ ရက်။   ။ ဆိုရှယ်လစ်ပါတီဝင်များက ရန်ကုန်မြို့၊ ဗန္ဓုလပန်းခြံတွင် မြေပိုင်ရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ထပ်မံကျင်းပပြုလုပ်ခဲ့ကာ ဝန်ကြီးချုပ် သခင်နု မိန့်ခွန်းပြောကြားခဲ့သည်။

၁၉၄၈၊ မတ်လ ၂၄ ရက်။   ။ ဖဆပလ အလုပ်အမှုဆောင် အချို့က ကွန်မြူနစ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြံပေး၍ ကချင်ပြည်နယ် ဥက္ကဌ ဆမားဒူးဝါး ဆင်ဝါးနောင်ကို အစိုးရ ကိုယ်စားလှယ် အဖြစ် စေလွှတ်သော်လည်း ကွန်မြူနစ်ပါတီ ဌာနချုပ် ပိတ်ထားသဖြင့် တွေ့ဆုံခွင့် မရခဲ့ပေ။ ထို့ကြောင့် မတ်လ ၂၈ ရက်နေ့ကို နောက်ဆုံးထား၍ တွေ့ဆုံရန် သတ်မှတ်ခဲ့ကြသည်။

၁၉၄၈၊ မတ်လ ၂၈ ရက်။   ။ နံနက်ပိုင်းတွင် ကွန်မြူနစ်ပါတီ ဌာနချုပ်ရုံးကို ဝိုင်းပြီး ဖမ်းဆီးခဲ့သော်လည်း ခေါင်းဆောင်များမှာ ရှောင်တိမ်း လွတ်မြောက်သွားခဲ့ကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင် တော်လှန်ရေးကြီး စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

၁၉၄၈၊ ဧပြီလ ၂ ရက်။   ။ ပဲခူးတိုင်း၊ ပေါက်ကုန်းကြီး ကျေးရွာတွင် အစိုးရ လက်အောက်ခံ တပ်မတော်နှင့်
ဗကပ လက်နက်ကိုင်တပ်တို့၏ ပထမဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၁၉၄၈၊ ဧပြီလ ၈ ရက်။   ။ နိုင်ငံတော် အစိုးရက “သေဒါဏ်ပေးနိုင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ဥပဒေ”ကို ပြဌာန်းခဲ့သည်။

၁၉၄၈၊ ဧပြီလ ၁ဝ ရက်။   ။ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ဝင်ခွင့် လျှောက်ထားချက်ကို ကုလသမဂ္ဂ
လုံခြုံရေးကောင်စီက တညီတညွတ်တည်း သဘောတူ လက်ခံခဲ့ကြသည်။

၁၉၄၈၊ ဧပြီလ ၁၉ ရက်။   ။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ (၅၈) နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် တရားဝင်
ဖြစ်လာခဲ့သည်။

၁၉၄၈၊ ဇွန်လ ၂၂ ရက်။   ။ ကရင်၊ ဗမာ ချစ်ကြည်ရေး တရားဟောရန် ဝန်ကြီးချုပ် သခင်နု၊ ဆမားဒူးဝါး

ဆင်ဝါးနောင်၊ ဦးဝမ်းသူမောင် တို့နှင့်အူ စောဘဦးကြီး၊ စောသာဒင်၊ မန်းဂျိမ်းထွန်းအောင်တို့ မြစ်ဝကျွန်းပေါ်သို့ ခရီးထွက်ခဲ့ကြသည်။

၁၉၄၈၊ ဇွန်လ ၃ဝ ရက်။   ။ နိုင်ငံတော် အစိုးရ၏ နှစ်လအတွင်း အလင်းဝင်သည့် သူပုန်များကို
လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့သည်။

၁၉၄၈၊ ဇူလိုင်လ ၂၂ ရက်။   ။ ဗိုလ်နေဝင်း ဥက္ကဌအဖြစ် လက်ဝဲညီညွတ်ရေး ကောင်စီ
ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်။ ရဲဘော်ဖြူအချို့ တောခိုခဲ့ကြသည်။

၁၉၄၈၊ ဇူလိုင်လ ၂၉ ရက်။   ။ နံနက် ၅ နာရီတွင် ပြည်ထဲရေးဌာနက ပြည်သူ့ရဲဘော် ဌာနချုပ်ကို ဝိုင်းကာ
ခေါင်းဆောင်များကို ဖမ်းဆီးခဲ့သဖြင့် ရဲဘော်ဖြူ အများစု လက်နက်ကိုင် တောခိုခဲ့ကြသည်။

၁၉၄၈၊ ဇူလိုင်လ ၂၅ ရက်။   ။ ကေအင်ယူ အဖွဲ့ကြီးက လက်နက်ကိုင် ပဋိပက္ခ ပိုမိုကျယ်ပြန့်
မလာစေရေးအတွက် မေတ္တာရပ်ခံ ပန်ကြားချက်တစောင် ထုတ်ပြန်ခဲ့သည်။

၁၉၄၈၊ ဩဂုတ်လ ၁ ရက်။   ။ ဗိုလ်နေဝင်းသည် တပ်မတော် စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိ အဖြစ် တာဝန်ယူခဲ့သည်။

၁၉၄၈၊ ဩဂုတ်လ ၃ ရက်။   ။ ကေအင်ဒီအိုများက သထုံခရိုင်ကို သိမ်းပိုက်ခဲ့ကြသည်။

၁၉၄၈၊ ဩဂုတ်လ ရ ရက်။   ။ ကေအင်ဒီအိုနှင့် ကရင်စစ်ရဲများက မအူပင် ငွေတိုက်၊ အိမ်မဲ ငွေတိုက်တို့ကို
ဖောက်ပြီး ငွေများယူဆောင်ကာ တောခိုခဲ့ကြသည်။

၁၉၄၈၊ ဩဂုတ်လ ၈ ရက်။   ။ သရက်မြို့မှ ဗမာ့လက်နက်ကိုင် တပ်ရင်းနှင့် မင်္ဂလာဒုံမှ တပ်ရင်း (၃) တခြမ်းတို့ တောခိုခဲ့ကြသည်။

၁၉၄၈၊ ဩဂုတ်လ ၁ဝ ရက်။   ။ ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန် ကြေညာခဲ့သည်။

၁၉၄၈၊ ဩဂုတ်လ ၁၄ ရက်။   ။ ကရင်စစ်ရဲများက တွံတေးမြို့ကို သိမ်းပိုက်ခဲ့ကြသည်။

၁၉၄၈၊ ဩဂုတ်လ ၂ဝ ရက်။   ။ ကေအင်ဒီအိုများက မော်ချီးမိုင်းကို သိမ်းပိုက်ခဲ့ပြီး သထုံခရိုင် တစ်ခုလုံး
ကေအင်ဒီအိုလက်အောက် ကျရောက်ခဲ့ရသည်။

၁၉၄၈၊ ဩဂုတ်လ ၂၄ ရက်။   ။ ယာယီ နိုင်ငံခြားရေး ဝန်ကြီး စပ်ခွန်ချို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့
သွားရောက်ခဲ့ပြီး ထိုင်း၊ မြန်မာ သံတမန် ဆက်ဆံရေး စတင်ခဲ့သည်။

၁၉၄၈၊ ဩဂုတ်လ ၃ဝ ရက်။   ။ ပန်းလုံနှင့် လွယ်လင်ရှိ ပြည်ထောင်စု စစ်တပ်မှ ကရင်စစ်ရဲများ
တောခိုခဲ့ကြသည်။

၁၉၄၈၊ စက်တင်ဘာလ ၁ ရက်။   ။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ယူအေအက်ဖ် တပ်မင်းကြီး ဦးတင်ထွဋ်
ရန်ကုန်မြို့၊ စပတ်လမ်းတွင် ကားဗုံးခွဲ လုပ်ကြံခြင်း ခံရပြီး နောက်တရက်တွင် သေဆုံးခဲ့သည်။

၁၉၄၈၊ စက်တင်ဘာလ ၁ရ ရက်။   ။ ပုသိမ်မြို့တွင် ကေအင်ဒီအို အရေးပေါ်ညီလာခံကို ကျင်းပကာ
သီးခြားကရင်ပြည်နယ် ရရှိရေးကို လေးလေးနက်နက် တောင်းဆိုခဲ့ပြီး လက်နက်ကိုင် သောင်းကျန်းမှုကို
ရှုံ့ချကြောင်းနှင့် လူမျိုးရေး အဓိကရုဏ်းများကို ဆန့်ကျင်ကြောင်း တရားဝင် ထုတ်ဖော် တင်ပြခဲ့ကြသည်။

၁၉၄၈၊ စက်တင်ဘာလ ၂၉ ရက်။   ။ မော်လမြိုင်ခရိုင်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

၁၉၄၈၊ အောက်တိုဘာလ ၁ဝ ရက်။   ။ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ မူကြမ်းကို ပါလီမန်က
အတည်ပြုခဲ့သည်။

၁၉၄၈၊ ဒီဇင်ဘာလ ၄ ရက်။   ။ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက ပြည်ထောင်စု တစ်ခုလုံး ရင်မအေးဖွယ်ရာ ဆိုးရွားသော အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

၁၉၄၈၊ စက်တင်ဘာလ ၅ ရက်။   ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကြီးမှုးသည့် ငြိမ်းချမ်းသာယာရေးအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းများ ထောက်ခံပွဲ ကျင်းပပြီး ပိုမိုပြင်းထန်လာမည့် ပြည်တွင်း စစ်မီးကို တားဆီးရန် ကြိုးစားခဲ့ကြသည်။

၁၉၄၉၊ ဇန္နဝါရီလ ၁၆ ရက်။   ။ ဗမာ့တပ်မတော်မှ ကရင်အမျိုးသား ဗိုလ်စောဂျက် ခေါင်းဆောင်ပြီး
ရေတပ်သင်္ဘောနှစ်စီး ပုန်ကန်ကာ ကေအင်ဒီအို ၂၀၀ဝ ခန့်က ပုသိမ်မြို့ကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။

၁၉၄၉၊ ဇန္နဝါရီလ ၂ရ ရက်။   ။ တောင်ငူတွင် စခန်းချထားသည့် အမှတ် ၁၊ ကရင် သေနတ်ကိုင်တပ်ရင်း
တစ်ရင်းလုံး ပုန်ကန်ပြီး တောင်ငူမြို့ကို သိမ်းပိုက်ခဲ့ကြသည်။

၁၉၄၉၊ ဇန္နဝါရီလ ၃ဝ ရက်။   ။ အင်းစိန်တဝိုက်ရှိ သမိုင်း၊ ခဝဲခြံ၊ စော်ဘွားကြီးကုန်း စသည့် ဆင်ခြေဖုံး
ရပ်ကွက်များတွင် တိုက်ပွဲငယ်များ စတင်ဖြစ်ပွားခဲ့သည်။

၁၉၄၉၊ ဖေဖေါ်ဝါရီလ ၁ ရက်။   ။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ဦးစီးချုပ်စစ်သေနာပတိ အဖြစ်မှ
အနားပေးပြီး ဗိုလ်ချုပ်နေဝင်းကို စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေး ခန့်အပ်ခဲ့သည်။

၁၉၄၉၊ ဖေဖေါ်ဝါရီလ ၂ ရက်။   ။ ကေအင်ဒီအို အဖွဲ့ကြီးအား တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။ ရန်ကုန်မြို့၊ အလုံရှိ ကရင်ရပ်ကွက် ပြဿနာ ပေါ်ပေါက်ကာ ကရင်ရပ်ကွက် မီးရှို့ခံခဲ့ရသည်။ ကေအင်ဒီအိုများက အင်းစိန်ကို သိမ်းပိုက်ခဲ့သည်။

၁၉၄၉၊ ဖေဖေါ်ဝါရီလ ၅ ရက်။   ။ ပြည်မြို့ရှိ ကရင်သေနတ်ကိုင်တပ်ရင်းက လက်နက်သိမ်းမခံပဲ အစိုးရကို
ပုန်ကန်ပြီး ပြည်မြို့ကို ယာယီ သိမ်းပိုက်ခဲ့ကြသည်။

၁၉၄၉၊ ဖေဖေါ်ဝါရီလ ရ ရက်။   ။ အစိုးရဝန်ထမ်းများ၏ လစာအား ၁၅ % ဖြတ်တောက်မှုကို

ဆန့်ကျင်ကန့်ကွက်သည့် အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။

၁၉၄၉၊ ဖေဖေါ်ဝါရီလ ၁၆ ရက်။   ။ မီးရထားသမဂ္ဂ သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။

၁၉၄၉၊ ဧပြီလ ၁ ရက်။   ။ ဝန်ကြီးချုပ် သခင်နု၊ ဒုဝန်ကြီးချုပ် ဗိုလ်နေဝင်းနှင့် အစိုးရအဖွဲ့သစ်
ပေါ်ပေါက်ခဲ့သည်။

၁၉၅၀၊ မေလ ၂၅ ရက်။   ။ တရုပ်ဖြူတပ်များက နယ်စပ်မြို့ဖြစ်သည့် ကြူကုတ်ကို ဝင်ရောက်
တိုက်ခိုက်ခဲ့သည်။

၁၉၅၁၊ ဇွန်လ ။   ။ ပထမဆုံး ပါလီမန် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

၁၉၅၃၊ မတ်လ ၁ ရက်။   ။ ကေအမ်တီ တရုပ်ဖြူ ကျူးကျော်မှု ပြသနာကို ကုလသမဂ္ဂထံ တင်ပြရန် ဖဆပလ အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့သည်။

၁၉၅၃၊ ဇွန်လ ၂၃ ရက်။   ။ မြန်မာနိုင်ငံမှ တရုပ်ဖြူတပ်များ ထွက်ခွာရေးအတွက် သဘောတူညီချက် မူကြမ်း ရရှိပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့သည်။

၁၉၅၄၊ ဇနဝါရီလ ၃ ရက်။   ။ ဗြိတိသျှ စစ်မစ်ရှင်အဖွဲ့ တရားဝင် ရုပ်သိမ်းခဲ့သည်။

၁၉၅၄၊ ဒီဇင်ဘာလ ၁၂ ရက်။   ။ ဝန်ကြီးချုပ်ဦးနု ချစ်ကြည်ရေး ခရီးအဖြစ် တရုပ်နိုင်ငံ ပီကင်းမြို့သို့
သွားရောက်ကာ တရုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် မော်စီတုန်း၊ ချူတေး၊ လျူချောက်ချီ၊ ချူအင်လိုင်းတို့နှင့် တွေ့ဆုံကာ  ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူ (၅) ချက်ကို အတည်ပြုခဲ့ကြသည်။

၁၉၅၅၊ စက်တင်ဘာလ ၂၈။   ။ စစ်ဦးစီးချုပ်ကို ကာကွယ်ရေးဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်ကို ဒုတိယ
ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ လေတပ်ဦးစီးချုပ်ကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် ပြောင်းလဲ
သတ်မှတ်ခဲ့သည်။

၁၉၅၅၊ အောက်တိုဘာလ ၁ ရက်။   ။ ပြည်ထဲရေးဝန်ကြီးဌာနက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို
ထုတ်ပြန်ပြီး ၁၉၅၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ (၆) လတာ ကာလအတွင်း လက်နက်ကိုင်
ပုန်ကန်ဆန့်ကျင်နေသူများ အလင်းဝင်ရောက်ရန် အတွက် ကြေညာခဲ့သည်။

၁၉၅၅၊ နိုဝင်ဘာလ ၁၈။   ။ ပြည်တွင်းစစ် ဖြစ်ပေါ်နေ၍ ပြည်သူတရပ်လုံး ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည့်
အခြေအနေမှ ကယ်တင်ရန်ဆိုသည့် ကြွေးကြော်ချက်ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး
တပ်ပေါင်းစု (ပမညတ) ကို ဖွဲ့စည်းခဲ့ကြသည်။

၁၉၅၅၊ ဒီဇင်ဘာလ ၅ ရက်။   ။ (၃၅) နှစ်မြောက် အမျိုးသားနေ့တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက
ငြိမ်းချမ်းရေးအဆို တင်သွင်းပြီး အစိုးရနှင့် လက်နက်ကိုင် တော်လှန်နေသူများ တွေ့ဆုံဆွေးနွေးရန်
တောင်းဆိုခဲ့သည်။

၁၉၅၆၊ ဧပြီလ ၂ရ ရက်။   ။ ဒုတိယအကြိမ်မြောက် ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို
တပြည်လုံးတွင် ကျင်းပခဲ့ရာ ဖဆပလအဖွဲ့က အနိုင်ရရှိခဲ့သည်။

၁၉၅၇၊ မတ်လ ၁ ရက်။   ။ ဦးနုက ဝန်ကြီးချုပ်ရာထူးကို ပြန်လည် ရယူခဲ့သည်။

၁၉၅၇၊ ဧပြီလ ရ ရက်။   ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ ကြီးမှုး၍ ကန်တော်မင်ပန်းခြံတွင် ငြိမ်းချမ်းရေး

ဆန္ဒပြပွဲကြီးကို ကျင်းပခဲ့ကြသည်။

၁၉၅၈၊ ဇန္နဝါရီ ၂၉ ရက်။   ။ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ ဖဆပလအဖွဲ့ကြီး၏ ပထမဆုံးအကြိမ်
ပြည်လုံးကျွတ် ညီလာခံကို ကမ္ဘာအေးကုန်းမြေတွင် ဦးနုက ဦးစီးပြီး ကျင်းပခဲ့သည်။

၁၉၅၈၊ မတ်လ ၂၈ ရက်။  ။ ပြည်တွင်းစစ် (၁၀) နှစ်မြောက် အဖြစ် ပြည်တွင်းစစ် ရပ်စဲရေး၊
ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ကန်တော်မင်ပန်းခြံတွင် ကျင်းပခဲ့ကြသည်။

၁၉၅၈၊  မေလ ၆ ရက်။   ။ ဦးနုနှင့် သခင်တင် အုပ်စုက သန့်ရှင်းဖဆပလ အဖြစ်၎င်း၊ ဦးဗဆွေနှင့်
ဦးကျော်ငြိမ်းက တည်မြဲဖဆပလ အဖြစ်၎င်း ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲခဲ့သည်။

၁၉၅၈၊ မေလ ၁ဝ ရက်။   ။ ပမညတ အဖွဲ့ကြီးက သန့်ရှင်းဖဆပလကို ထောက်ခံကြောင်း ကြေညာချက်
ထုတ်ပြန်ခဲ့သည်။

၁၉၅၈၊ ဇွန်လ ၉ ရက်။   ။ တည်မြဲဖဆပလ၏ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို ပါလီမန်တွင်
မဲခွဲဆုံးဖြတ်ရာ သန့်ရှင်းအဖွဲ့က (၈) မဲ အသာဖြင့် အနိုင်ရရှိခဲ့သည်။

၁၉၅၈၊ ဇူလိုင်လ ၂၃ ရက်။   ။ မွန်ပြည်သူ့တပ်ဦးက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး
ဥပဒေဘောင်အတွင်း ဝင်ရောက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၁၉၅၈၊ ဩဂုတ်လ ၁၅ ရက်။   ။ ပြည်သူ့ရဲဘော်ပါတီက လက်နက်စွန့်ကြောင်း ကြေညာပြီး တရားဝင်ပါတီအဖြစ် ရပ်တည်ခဲ့သည်။

၁၉၅၈၊ စက်တင်ဘာလ ၂၂ ရက်။   ။ တပ်မတော်က လက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို
တားဆီးကာကွယ်ရန် အကြောင်းပြချက်ဖြင့် လှုပ်ရှားမှုများ စတင်ခဲ့သည်။

၁၉၅၈၊ ဇူလိုင်လ ၂၃ ရက်။   ။ စစ်တပ်က အင်းစိန်မြို့နယ်ရှိ သန့်ရှင်းဖဆပလ ရုံးအချို့ကို လက်နက်နှင့်ဝိုင်းပြီး သိမ်းပိုက်ခဲ့သည်။

၁၉၅၈၊ စက်တင်ဘာလ ၂၅ ရက်။   ။ စစ်တပ်က ရန်ကုန်တဝိုက်ကို သိမ်းပိုက်ပြီး ကင်းပုန်းများချခြင်း၊
လေဆိပ်ကို သိမ်းပြီး အမြောက်များ ဆင်ခြင်း၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ တောင်တွင်း၊ ကျိုက်လတ်၊
ဘိုကလေး စသည့် မြို့များကို သိမ်းပိုက်ခြင်း၊ စုံထောက်ရုံးနှင့် ကြိုးမဲ့ကြေးနန်းရုံးများကို သိမ်းပိုက်ခြင်းတို့
ပြုလုပ်ခဲ့သည်။

ဝင်းတင့်ထွန်း ရေးသားသည့် “အမှောင်ကြားက ဗမာပြည်” အနီးခေတ် ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအကျဉ်း (၁၉၄၈ – ၂၀၀၀) မှ ကောက်နှုက်ချက်များ ဖြစ်ပါသည်။

2 comments

  • ငပေါက်ဖော်

    December 23, 2011 at 7:37 pm

    တန်ဘိုးရှိတဲ့.ကောက်နှုတ်ချက်တွေ
    လိုအပ်ရင်..ဘုတ်အုပ်တွေ..လျှောက်လှန်နေစရာမလိုတော့ဘူး..
    ဂွတ်ထ.ကူးထားမှ..သာဓု.အာဝု

  • koyinmaung

    December 23, 2011 at 8:37 pm

    ကျေးဇူးဘဲ Zaw Wonna ရေ
    မှတ်စုလေးတခုပါဘဲ……..

Leave a Reply