“ကျုပ်ဘယ်သူလဲ … ဟုတ်လား?”
ကျုပ်ဘယ်သူလဲ … ဟုတ်လား?
ကျုပ်နာမည်က အော်စကာ …
နေတာကတော့ ဆေးရုံတစ်ရုံမှာ။
ဒီလိုဗျ..ဒီဆေးရုံက လက်လွှတ်ရတော့မဲ့ဆဲဆဲ.. နာမကျန်းရောဂါသည်တွေကို
ကုသပေးတဲ့ ဆေးရုံငယ်လေးပါ။ ဒီလူနာတွေ ဝေဒနာသက်သာအောင် ဆရာဝန်တွေ
သူနာပြုတွေက စောင့်ရှောက်ကြတယ်ဗျာ။ စေတနာ အပြည့်နဲ့နော်။
ဆေးရုံကလူနာတွေ ကြည့်ရတာ အားမရလိုက်တာ.. သက်သာတဲ့လူကို တယ်မရှိလှပါဘူး။
နေဝင်ချိန်ကို စောင့်နေသလိုပါပဲ။
ကျုပ်လား? အင်း..ကျုပ်ကလေ ဒီလိုပါပဲ၊ လူနာတွေ တစ်ယောက်စီ တစ်ယောက်စီ တိုင်း
ဆီကို သွားလည်တာပါပဲ။ သူတို့ကိုလည်း အားပေးရင်း၊ သူတို့ ဝေဒနာတွေကိုလည်း အကဲခတ်ရင်း
လေ့လာရင်းပေါ့ဗျာ။
ပြောရဦးမယ်ဗျ၊ သူနာပြုတွေကလည်း ကျုပ်ဆို ခင်မင်နေကြပါပြီ၊ သူတို့က ကျုပ်ကို
ခင်ကြလို့ ကောင်းကောင်းမွန်မွန်ကျွေးကြပါတယ်။ ကျုပ်နေရထိုင်ရတာ အဆင်ပြေပါတယ်။
ကျုပ်မို့လို့ လူနာမိတ်ဆွေတွေအနားမသွားလိုက်နဲ့ သူတို့အချင်းချင်းပြောနေကြတာ
“အော်စကာတစ်ယောက်တော့ လူနာ Round လှည့်နေပြီဟေ့”… တဲ့လေ။
ဒီလိုနဲ့ ကျုပ် ဒီဆေးရုံမှာ ကြာပြီပေါ့၊ ကျုပ်မိတ်ဆွေ လူနာတွေကို ကျုပ် အနီးကပ်ပြီး
လိုက်အားပေးတာပါ။ သက်သာတဲ့ နေသာသေးတဲ့ လူနာမိတ်ဆွေတွေဆိုရင်
ကျုပ်လက်ကလေးနဲ့ညင်ညင်သာသာ ဖွဖွလေးတို့ပေးပြီး အိပ်ပါစေလေ ဆိုပြီး
ကျုပ် လှည့်ထွက်ခဲ့တာပါပဲ။
ဒီလိုနဲ့ ကျုပ်လေ တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ သူတို့ကိုလိုက်အားပေးနေလိုက်တာ…
ဟူး…ဒီနေ့ ကျုပ်စိတ်မချမ်းသာဘူးဗျာ။ ရင်ထဲ မပျော်တော့ ငိုချင်သလိုလိုဖြစ်နေတယ်။
မနေ့ကမှ ကျုုပ်နဲ့ တွေ့လို့ သူ ကျုပ်ကိုတောင် လက်လှမ်းပေးသေးတာဗျာ။
ေဩာ် … ကိုကင်ဂျုံးလေ… သူက ခင်တတ်တယ်ဗျ၊ ခါတိုင်းကျုပ်မို့ သူ့အနားသွား
လိုက်တာနဲ့ သူ့ရှိတဲ့ ချော့ကလက်တို့၊ ဘစ်စ်ကစ်တို့ ချကျွေးတော့တာ။ ကျုပ်ကအားနာလို့
ခေါင်းရမ်းတာကို မရဘူး ဇွတ်လှမ်းပေးလေ့ ကျွေးလေ့ရှိတဲ့သူ။
ဒီနေ့ သူ့ကို ကျုပ်မထားခဲ့နှိုင်ဘူး ဖြစ်နေပါတော့တယ်။ ခါတိုင်းဆို မိတ်ဆွေလူနာတွေ
ဝင်ကြည့်ပြီး၊ အခြေအနေလေ့လာ၊ သူတို့အနံ့အသက် လေ့လာ၊ ကျုပ်နောက်တစ်ခန်းက
ကျုပ်ကို မျှော်နေမဲ့ မိတ်ဆွေဆီသွားလည်။ လုပ်ရိုးလုပ်စဉ်ပါ။
အခုတော့လေ ကိုကင်ဂျုံးကြည့်ရတာ နှုံးခွေနေတာပါပဲ။ ဒါနဲ့ ကျုပ်သူ့အနားကမခွာတော့ဘဲ
သူ့ဘေးလေး ဝင်ထိုင်မိပါတယ်။ သူ့ကိုကြည့်ပြီး သနားနေမိတာဗျာ။
ကျုပ် ဆိုတဲ့ အကောင်က ခံစားတတ်ပါတယ်ဆို။ ရင်တွေ တလှပ်လှပ်ဖြစ်နေတာပဲ။
ဗြုန်းခနဲ အခန်းထဲကို သူနာပြုခေါင်ဆောင် စစ္စတာဒေါ်နွဲ့ ဝင်လာပြီး ကိုကင်ဂျုံး ဘေးမှာထိုင်
နေတဲ့ ကျုပ်ကိုလည်းတွေ့ရော မျက်စိမျက်နှာတွေပျက်ပြီး
“ အော်စကာ!”
ကျုပ်ကို ခပ်တိုးတိုး ခေါ်လိုက်တယ်။ ပြီးချက်ချင်းပဲ အခန်းထဲက ပြေးမတတ် ထွက်သွား
လိုက်တာဗျ။ သူဘာသွားလုပ်တယ် ဆိုတာကျုပ် သိတယ်။
(၁) ဆရာဝန်ကြီးတွေ ပြေးခေါ်မယ်။
(၂) ကိုကင်ဂျုံး ဆွေမျိုး မိသားစု တွေကို အကြောင်းကြားမယ်။
မအံ့ဩပါနဲ့ မိတ်ဆွေ…..
သူတို့သူနာပြုတွေပဲ စေ့စေ့စပ်စပ် မှတ်တမ်းပြုထားတာတဲ့။ ကျုပ်လူနာဘေးသွားထိုင်ပြီး
ဒီလူနာကို မျက်ခြည်မပြတ်စောင့်ကြည့်နေပြီ ဆိုရင် ဒီလူနာဆုံးတော့မှာလို့ ကျုပ်ကခန့်မှန်း
ပေးသလိုပဲတဲ့။ ကိုကင်ဂျုံးမတိုင်မီ ကျုပ်ခန့်မှန်းခဲ့တာ (၂၅) ယောက်ရှိပြီတဲ့ဗျာ။
ကျုပ်ကိုကျုပ်လည်း ဘာမှန်းကိုမသိတော့ပါဘူးဗျို။
တကယ်တော့ ဒီဆေးရုံမှာ သူနာပြုတွေ မွေးထားတဲ့ ခွေးလေးတွေ၊ ငှက်လေးတွေ ရှိပါတယ်
ကျုပ်လို “Oscar the cat” ကြောင်ကြီးအော်စကာ တစ်ယောက်တည်းမှာမှ………………
လူနာတွေ သေမင်းနှင့်စစ်ခင်းနေကြစဉ် မနိုင် နှိုင်တော့ဘူးဆိုတာကို ခန့်မှန်းတတ်တာ
တဲ့လားဗျာ။
သူတို့ မသိလို့ပါ။ ကျုပ် မိတ်ဆွေဆိုလည်းဟုတ်၊ ရန်သူမျိုးနွယ်ဆိုလည်းဟုတ်တဲ့
ထရူဒီဆိုတဲ့ ခွေကောင်ကမှ ကျုပ်ထက်စွမ်းတာကလား။
ဟိုတစ်နေ့ကလေ သူ့သခင်ခြေထောက်က ကင်ဆာ အကြိတ်ရှိတဲ့ နေရာကို ရှုပြတာဗျ၊
ဒါနဲ့ သူ့သခင် က ဆရာဝန်ဆီပြေးပြတော့ မှ ဒီရောဂါပေါ်လာတာတဲ့။
ဒီမောင်ကြောင့် သူ့သခင် အသက်ရှင် သွားရတာဗျိုး ၊ အချိန်မှီ ခွဲစိတ်ကုနှိုင်တယ်ဆိုပဲ။
ဒီခွေးကောင်တွေ ကျုပ်တို့ ကြောင်မျိုးနွယ်တွေထက် အနံ့ခံကောင်းသကိုး။ ကင်ဆာရောဂါ
ဆိုတာကလည်း အနံ့ထွက်တယ်ထင်ပါ့။ ကျုပ် အဘိုး ဘိုးကြောင်ကြီးပြောပုံအရဆိုရင်တော့
“Smelling things is a large part of a dog’s life.” တဲ့ဗျား။
ဟွန်း… ကျုပ်တို့ကြောင်တွေလည်း ငါးကြော်နံ့ဆိုသိပါ့ဗျား။ ပြိုင်ပွဲတောင်ဝင်လိုက်ချင်သေး။
……………………………………………………………………………………………………………
• Reading Book (2) for comprehension စာအုပ်ပါ စာတစ်ပုဒ်ကိုဖတ်၍ ပြုပြင်ခံစားထားပါသည်။ မည်သည့် ကြောင်မျိုးနွယ်ကိုမျှ မရည်ရွယ်ပါ။
…………………………………………………………………………………………………………..
30 comments
inz@ghi
December 23, 2011 at 9:36 pm
တီချာကြီးရေ့…
analyzing data is a large part of a marketer’s life ပါဗျာ…
ဂဏန်းတွေ ဂဏန်းတွေ…
ဖြစ်နိုင်ချေတွေ ..အကျိုးအကြောင်းသက်ရောက်မှုပြ မျဉ်းပြိုင်တွေ…
သည်ကြားမှာ ပျောက်ဆုံးနေတာတခုတော့ရှိရဲ့….
အင်း အဲ့ဒါက .. …ဝှက်ကိန်း တစုံတရာများဖြစ်မလားမသိ…
သာမန်ဝှက်ကိန်းလား မြှောက်ဖော်ကိန်းလား …ကျနော် မသိ..
သို့သော် ..ထိုအရာကို ……………ကျနော် မက်မောပါ၏…သည်လိုနဲ့ …
အော်. . human နဲ့ဆိုင်တဲ့ (အကြောင်းတရားလို့ ဘာသာပြန်ရင် ရမလားမသိ)တဲ့အချက်တွေ..
human factor ကိုတော့ ရွာထဲရောက်မှရှာဖွေတွေ့ရှိသွားကြောင်းပါ…
ခင်တဲ့
(သို့) ရွာကိုချစ်တဲ့..
ဂီ…
TTNU
December 23, 2011 at 9:52 pm
Maung Gi,
You’re the very first person who gives me the comment.
May you be able to find the best of your hidden codes with utmost value
in this new year and more to come!
With best wishes,
TTNU.
Zippo
December 23, 2011 at 10:36 pm
တကယ်ကို ဂရုဏာ ရသ မြောက်ပါပေတယ် ၊ ဖတ်ပြီးတော့ တလှပ်လှပ်နဲ့ ခံစားရပါတယ် ။
ကိုပေါက်(မန္တလေး)
December 23, 2011 at 10:54 pm
မာမီ
ခံစားမူ့အပြည့်နဲ့ပါခင်ဗျာ။
pooch
December 23, 2011 at 11:16 pm
တီချယ် အနော်တို့ အတန်းထဲမှာ တုန်းက ပြောဖူးတာလေး မှတ်မိလား free talk အတန်းမှာလေ တီချယ့်ကို စာရေးဖို့ အားလုံးက တညီတညွတ်ထဲ တိုက်တွန်းခဲ့ဖူးတာလေး လေ…….
ဒါကြောင့် တီချယ့်ကိုရွာထဲ ဖိတ်ခဲ့တာ တီချယ့်မှာ ပေးနိုင်တာတွေ အများကြီးရှိလို့ ….
အနော့်တသက် ဘယ်တော့မှ မမေ့မဲ့ သင်ခန်းစာတွေ အများကြီးပေးခဲ့တာရော ….. လူတွေနဲ့ရောပြီး လူတွေနဲ့ လိုက်လျောညီထွေ ပြောဆိုနိုင်သွားတာက တီချယ့်ကြောင့်အများကြီးပါတယ်……
ပြောရင်း အတန်းလေးကို ပြန်လွမ်းလာပြီ … အဲ့ဒီတုန်းကလို လွတ်လပ်ပေါ့ပါးတဲ့ စိတ်ခံစားမှုမျိုး အရာရာကို တက်တက်ကြွကြွနဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေ တဖြည်းဖြည်းလျော့လာသလိုပဲ …..
လူဟောင်းတွေ လာလည်ရင် တွေ့ရင် စကားလေး ပါးပေးပါ … အနော်သတိရနေပါတယ်လို့
hmee
December 24, 2011 at 12:14 am
စာကို စဖတ်ကာစက အော်စကာကို လူထင်နေတာ နောက်ဆုံးမှ ကြောင်မှန်းသိတယ်။ အရေးအသားလေးက ကောင်းလိုက်တာ မျက်လုံးထဲမှာ မြင်လာတယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
December 24, 2011 at 4:07 am
ကျုပ်ဘယ်သူလဲ… ဆိုတော့ လန့်သွားတာပဲ
ဆရာမများ ကျွန်တော့်အကြောင်း ချပြလိုက်လေသလားလို့
ဖတ်ပြီးမှ မဟုတ်ကြောင်းသိလိုက်ရလို့ သက်ပြင်းမောကြီးတစ်ချက်တော့ ခပ်ရှည်ရှည်လေးချလိုက်မိပါတယ် ဆရာမရေ..
ဆရာမဆီက ရေးနည်းတွေ အတုခိုးလိုက်ပါတယ်.. ဆရာမရေးတဲ့လိုင်းနဲ့ ကျွန်တော်ရေးနေတဲ့လိုင်းတူလို့။ အကြောင်းအရာတော့ ဆရာမလောက် ကောင်းကောင်းမရှာတတ်သေးတာ အားငယ်လိုက်တာ။
Khin Latt
December 24, 2011 at 6:34 am
တီချာရေ – ကြောင်ကလေးက ကြင်နာတတ်တဲ့ စိတ်ရှိတော့ အသက်မထွက် ခင် ပိုပြီး ဝေဒနာ ခံစားနေရတဲ့ သူတွေ ရဲ့ မျက်နှာ အရိပ်အကဲ ကိုသိပြီး အနားမှာနေပေး တာထင်ပါရဲ့။
နောက်တနည်း စဉ်းစားကြည့်ရင် အရင်ဘဝ က ဆေးရုံဝန်ထမ်း များဖြစ်ခဲ့လေသလား။
Post လေးအတွက် ကျေးဇူးပါ ရှင့်။
လေးစားစွာဖြင့်
မလတ်
kotun winlatt
December 24, 2011 at 6:52 am
တီတီနုရေ..လာဖတ်သွားပါတယ် ခင်ဗျာ…
ပို့စ်လေးများကို ဆက်လက်စောင့်မျှော်နေပါကြောင်း…
MaMa
December 24, 2011 at 7:26 am
တီချာနုရေ-
ကြောင်လေးတစ်ကောင်ရဲ့ နေရာကနေ ခံစားချက်ကို ဖွင့်ပြပေးတာ
တကယ်ရသမြောက်လို့ ရင်ခုန်လှိုက်မောစွာဖြင့် ဖတ်ရှု့ခံစားရပါတယ်။
super
December 24, 2011 at 9:36 am
အရမ်းကောင်းပါတယ်ဆရာမကြီး၊ နောက်ထပ်ရေးမည့်ပို့စ်များကိုလည်း စောင့်မျှော်နေပါသည်။
နွယ်ပင်
December 24, 2011 at 10:08 am
တီချယ်ကြီးရေးထားတာ ရသမြောက်လွန်းလို့ ကြောင်လေးတစ်ကောင်နေရာက
ခံစားပြီး ရေးထားမှန်းနောက်ဆုံးမှသိလိုက်ရတယ် ………….
Moe Z
December 24, 2011 at 10:19 am
တီချာရဲ့အရေးအသားကြောင့် အော်စကာရဲ့နေရာကနေခံစားကြည့်မိတယ်
သမီးကဘာသာပြန်မကောင်းလို့ တီချာ့ကိုအားကျတယ် …
TTNU
December 24, 2011 at 11:01 am
Zippo၊ ကိုပေါက်၊ မှီ၊ ကိုထွန်း..ဝင်းလတ်၊
မမ၊ ဆူပါ၊ နွယ်ပင်၊ မိုးစက်။ တို့ရေ…..
ကျေးဇူးတင်ပါတယ်။ တီချာအနေနဲ့ရော၊ Oscar နေရာကရော ခံစားပြီး ပြောချင်ပါတယ်။
Thank you very much, indeed. ပါနော်။
Pooch ရေ…
“လူတွေနဲ့ရောပြီး လူတွေနဲ့ လိုက်လျောညီထွေ ပြောဆိုနိုင်သွားတာက တီချယ့်ကြောင့်အများကြီးပါတယ်”…
Really? I myself cannot glide in community,my dear. 😛
မောင်ရှုံးရေ…
“ဆရာမများ ကျွန်တော့်အကြောင်း ချပြလိုက်လေသလားလို့” ❓
တီချာလည်း သားအကြောင်းပြည့်ပြည့်စုံစုံ မသိရပါလားကွယ်။ 🙄
မလတ်ရေ…
တီချာပေးတဲ့အမည်လေးမြတ်နိုးတယ်ဆိုလို့ ကျေနပ်နေတယ်။
“Oscar has worked miracles.” လို့ ဆိုရမယ်ထင်ပါရဲ ့ မလတ်ရယ်။
pooch
December 24, 2011 at 1:18 pm
တီချယ်ကလည်း အနော်ပြောတာက စီနီယာ ဂျူနီယာများကြားမှာ debate လုပ်တဲ့အခါ ဘယ်လို ချက်နဲ့ လက်နဲ့ နိုင်အောင် ပြောတတ်သွားတာကို ပြောတာပါ ဟီး…. စကားလေး လှအောင် ရေးထားတာ ကို သိရဲ့သားနဲ့ …….
အော် တီချယ့်ကို ခရစ္စမတ်လက်ဆောင်ပေးဖို့မေ့နေတယ် …..
ခုပေးလိုက်မယ်နော်……… အာဘွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 😛
etone
December 24, 2011 at 11:50 am
တီချယ်ကြီး ကြောင်တကောင်နေရာက ခံစားပြီးရေးထားတာ အရမ်းကို ရသမြောက်လွန်းပါတယ် … ။ ကြောင်က လူနာနားမှာ ထိုင်လျှင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာကတော့ အယူပါပဲ .. ။ နောက်ပြီး ကြောင်က လူနာအခေါင်းကိုကျော်လျှင် လူနာထထိုင်တယ်ဆိုလား .. ဘာလား .. ဒါလည်း မဖြစ်နိုင်တဲ့ဟာပါပဲ … ။ လူတွေအရမ်းအယူသီးတယ်နော် တီချယ်ကြီး … ။
ဒီနေ့အတွက် ရသမြောက်တဲ့စာလေးဖတ်ရတာ ကျေးဇူးပါနော် ။
TTNU
December 24, 2011 at 12:14 pm
မအိတုန်လေးရေ…
ဟုတ်တယ်နော်၊ လူတွေပြောကြတာ ကြောင်က လူသေခါနီးဆိုရင်
လစ်ရောတဲ့။ ခွေးကမှ အသေခံတာတဲ့။
ကြောင်အနက်ဆိုရင်လည်း မှော်အရစွမ်းပေမဲ့ နိမိတ်အရ မကောင်းဘူးတဲ့။
တို့လူတွေကလည်း အယူသည်းဖို့ဆိုရင် သိပ်မတိုက်တွန်းရဘူးလေ။
ဟိုးတုန်းက လူကြီးတွေ ပြောတာကြားဖူးတယ်မဟုတ်လား။
စလောင်းနှစ်ချပ်တီးရင် ကျားကိုက်သတဲ့။
ထမင်းအိုးတည်ရင်းသီချင်းဆိုရင် မုဆိုးဖိုနဲ့ ရသတဲ့။
အိမ်တံစက်မြိတ်အတွင်း လက်သည်းခြေသည်းကိုက်ရင် ရန်ဖြစ်တတ်သတဲ့။
တစ်ခုမှ အခြေအမြစ်မရှိတဲ့ အကျပ်ကိုင်မှုတွေပါ။
တီချာတော့လက်မခံခဲ့ဘူး။
Aww..by the way, Oscar ကလည်း ကျေးဇူးပါ မအိတုန်တဲ့။
etone
December 26, 2011 at 4:26 pm
ဟုတ်တယ် တီချယ်ကြီးရေ.. ရှေးလူကြီးတွေ အယူသီးပုံများကတော့ … ဘယ်နေ့ ဘာမလုပ်ရတာလည်း ပါတယ် … ။ တီချယ်ကြီးလည်း လူကြီးဆိုပေမယ့် …. ခေတ်နဲ့အညီ အတွေးခေါ်ရှိတာ … အံ့ဩဝမ်းသာမိပါတယ် …. ။
ကျွန်မတို့အိမ်မှာ လက်သည်းခြေသည်း ညဘက်မညှပ်ရဘူးတဲ့ .. ကိုယ်က အိမ်ပြန်ချိန် ညဆယ်နာရီကျော်မှ ဆိုတော့ .. ဒီအချိန်မညှပ်လျှင် ဘယ်အချိန်ညှပ်မလဲနော်.. ဒါနဲ့ .. ဆေးခန်းမှာပဲ ထိုင်ညှပ်တယ် .. ပြီးလျှင်လည်း … တံမြတ်စည်းလှည်းပစ်လိုက်တာပဲ .. အိမ်မှာလို ဆူမယ့်လူမရှိဘူး … နောက်ပြီးရှိသေးတယ် … မိန်းမတွေ .. ဘယ်ဟာ ဖြစ်လျှင် ဘာမလျှော်ရဘူးဆိုပဲ … ။ အောင်မလေး သေတတ်တယ်လို့တောင် ခြောက်သေးတယ်နော် … ။ ကျွန်မလည်း မယုံလို့ ခေါင်းလျှော်ကြည့်တာ ….. မသေ ၊ မရူးတဲ့ အပြင် ဘာမှမဖြစ်ပါဘူး.. လက်တွေ့… လက်တွေ့ .. ဟီး ။ 😀
ကြောင်တွေ ၊ခွေးတွေဆိုတာ .. လူတွေလို အသိဉာဏ်မရှိပါဘူး.. ဒါကို လူတွေက ဘာလို့များ .. သူတို့ သေရေး ရှင်ရေးကို ကြောင်တွေ ၊ခွေးတွေက ကြိုသိနေတယ်လို့ ပြောပါလိမ့် … ဒါက မတရားဘူးနော် .. ။
ငပေါက်ဖော်
December 24, 2011 at 12:08 pm
တီချယ်ရေ.
မနေ ့က ညက ကွဲကြောင်ပြဲကြောင်နဲ ့ဝင်ဖတ်တာ..
နာမည်တွေက အမေဒီကန်လိုလို ..ကိုဒီးယားလိုလို.ဟောင်ကောင်လိုလို..မြန်မာလိုလိုနဲ ့ဖစ်နေလို ့
ဝင်မပွါးခဲ့ရဘူးခင်ည
ခုတော့သိဘီ..အဲတာကြောင်ဖြစ်သည် အဲအဲ..
အော်စကာရေ..နာ့ဆီ မလာနဲ ့ဦးဟ..
😆
TTNU
December 24, 2011 at 12:24 pm
ကိုပေါက်ဖော်ရေ…
Oscar လေးရှင့်ဆီရောက်လာရင် လက်ထဲကပစ္စည်းလေးနဲ့
မပေါက်လိုက်နဲ့နော်။
နာမည်တွေကတော့ ဂလိုဘယ်လိုက်ဇေးရှင်းထာတာပါ။ 😉
ကြောင်ကြီး
December 24, 2011 at 12:34 pm
အော်စကာကြောင်
အောင်စကာကျော်
ပြောင်ကာချော်
မောင်လာပျော်
နောင်မှာတော်
ဆောင်ပါနော်….။
blackchaw
December 24, 2011 at 2:23 pm
တီချယ်ကြီးရေ။
ပို့စ် ရေးနေရင်း ခတ်သုတ်သုတ် ဝင်ဖတ်သွားပါတယ်။
ကွန်းမန့်ပေးချင်လို့ ဝင်ပေးသွားတာပါ။
သေသေချာချာ မဖတ်ရသေးတာ ခွင့်လွှတ်ပါခင်ဗျာ။
windtalker
December 24, 2011 at 7:52 pm
ကြောင်တွေဆိုလို ့
တီချယ့် ကို ကွန်မင့်နဲ ့ပြောရဦးမယ်
ကြောင်တွေ လည်း ဇါတ်ပျက်ကုန်ကြဘီ ဗျ
အရင်တုန်းက လူတွေ ့ရင် ၊ ခေါင်းလေးနဲ ့ဝှေ ့ပြီး နားရွက်နောက်ကနေ အဆီနဲ ့မာကင်းပေး ရာကနေ
အခု လူတွေ ့ရင် ခွေးတွေ ဓါတ်တိုင်ကို သေးနဲ ့ပန်းသလို လိုက်လုပ်ကုန်ကြဘီ ဗျ
ကြောင်သေးနံ ့ကို စိတ်ပျက်နေသူ = မစ်စတာပေ
TTNU
December 24, 2011 at 8:37 pm
မောင်ဝင်းထောလခါရေ…
မောင်ရင့်ကိုတွေ့ရင် သေးနဲ့မပန်းဖို့ Oscar ကိုမှာထားမယ်နော်။
တီချာလည်းကြောင်သေးနံ့ မုန်းတယ်။ ဒီကောင်တွေ အိမ်ထဲဝင်လာရင်
သေးတော့ မပေါက်ဘူး။ ဟင်းအိုးတို့ ။ ဈေးခြင်းတို့ ဆွဲတတ်တာ။
ပိုဆိုးတာက လိုက်ရိုက်ရင် မပြေးဘူးဗျ။ သမင်လည်ပြန် မဟုတ်တဲ့
ကြောင်လည်ပြန်နဲ့ ကြည့်နေတာဗျ။
Khin Latt
December 25, 2011 at 6:30 am
တီချယ်ကြီးရေ – နှစ်သစ်မှာ တစ်ခြားသူတွေကို ဆုတောင်းပေးရင်း အကြင်နာတရားရှိတဲ့ အော်စကာလေး အတွက်ပါ သတိရလို့ ဆုတောင်းလိုက်ပါတယ်။
နောင်ဘဝ ကျရင် တန်ဖိုးရှိတဲ့၊ အခုဘဝမှာလိုဘဲ ကြင်နာတတ်တဲ့၊ အသိမှန်တဲ့၊ လူစစ်တဲ့၊ လူဖြစ်ပါစေလို့။
ဖြစ်မှာပါနော် တီချယ်ကြီး။
thit min
December 25, 2011 at 8:43 pm
ဒီခွေးကောင်တွေ ကျုပ်တို့ ကြောင်မျိုးနွယ်တွေထက် အနံ့ခံကောင်းသကိုး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပေါ့သေးသေးထင်နေတဲ့ ကေ့စ်တခုကို အသေအခြာ လေ့လာသင့်တယ်လို့ တွေးမိသွားပါတယ်တီချယ်တီတီနုရေ။
TTNU
December 25, 2011 at 11:28 pm
မလတ်ရေ…
၂၀၁၂ကြီးလာတော့မယ်နော်။ နှစ်သစ်တစ်ခုကိုရောက်တော့မယ်ဆိုရင်ခါတိုင်း
ပျော်ပေမဲ့ ဒီနှစ် ကလေးတွေနဲ့ အတူလိုက်ရူးပြီး ကမ ္ဘာကြီးဘာညာတွေ နဲ့
လိုက်ကြောင်မိနေတယ်ကွယ်။
စိတ်ကောင်းလေးထားဖို့ တီချာတို့ နေ့တိုင်း စိတ်ရေချိုးကြရမယ်နော်။
ပေါ့သေးသေးထင်နေတဲ့ ကေ့စ်တခုကို အသေအခြာ လေ့လာသင့်တယ်လို့
တွေးမိသွားပါတယ် ဆိုတဲ့ ကိုသစ်ရေ…
ဟုတ်တယ်နော်၊ တစ်ခါတစ်လေ မထင်တာလေးတွေ အရာထင်တတ်သတဲ့၊
ဆိုတော့ တီချာတို့ ကိုသစ်ပြောတဲ့ (အေဘီစီ..အနုပညာ နည်းတွေ အခြေခံပြီး)
သုံးသပ်ကြရမှာပေါ့နော။
နီကီတာ
December 26, 2011 at 10:27 am
အိုး…….
ပထမ လူတစ်ယောက်မှတ်နေတာ
အော်စကာဆိုတာ ကြောင်တစ်ကောင်ကိုး
အရမ်းကောင်းတဲ ့ရသ တစ်ခုပါပဲ… 😀
Arkar11
December 26, 2011 at 2:21 pm
ဒီ story က Rhode Island က nursing home မှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ပါ…
Oscar ရဲ့ပုံကို ကြည့်ချင်ရင် ဒီလင့်ထဲမှာ ကြည့်နိုင်ပါတယ်..
http://www.telegraph.co.uk/news/newstopics/howaboutthat/7129952/Cat-predicts-50-deaths-in-RI-nursing-home.html
ကိုရင်စည်သူ
December 26, 2011 at 2:32 pm
တီချယ်ကြီးရေးမှ ကျနော်အိမ်ကကြောင်တွေဆို
ညဘက် မိတ်လိုက်တာ… ညောင်း..ညောင်.. ဝေါင်ဝေါင်နဲ့
အိပ်ရေးပျက်လို့… နောက်ရက်ကျတော့..
အမေက တိ/ဆရာဝန်ခေါ်ပြီး ဂွေးသင်းပေးလိုက်တော့မှ
သကောင့်သားကြောင်တွေ ခြေငြိမ်သွားတော့တယ်… 😆
ကြောင်မတွေတော့ ဘယ်လို အသံတိတ်အောင်
ထိန်းချုပ်ရမလဲ ကြံနေတုန်းပဲ…
ကြောင်မတွေ သောင်းကျန်းနေတယ်… အော်စကားရေ…. 😳