ကိုယ့်အတွေး သူ့အမြင်
“ကျနော့်ရဲ့ သတင်းထောက်သက်တမ်း နှစ် ၂ဝ အတွင်းမှာ နိုင်ငံတော်တော်များများကို သွားပြီး သတင်းရေးသားခဲ့ဖူးပါတယ်။ မြန်မာ က အခုထက်ထိ ကျနော့်အသဲစွဲ ဖြစ်နေဆဲပါပဲ။ ရန်ကုန်ကိုလည်း ကျနော် ချစ်တယ် ။ ဘယ်နေရာမှာမှ ဒီလိုမြို့မျိုးမ ရှိနိုင်ဘူးလေဗျာ။ လာမဲ့ နှစ်တွေ အတွင်းမှာ ရန်ကုန်ကို ရှေးမူမပျက် ပြန်လည်ဆန်းသစ်ပြီး ပြုပြင်လိမ့်မယ်လို့လည်း အရမ်းမျှော်လင့်မိတယ်။ တကယ်လို့သာ ကိုယ်ပိုင်ဟန် မရှိဘဲ အချိုးမကျတဲ့ အဆောက်အအုံ သစ်တွေ အများကြီးဖြစ်လာမယ် ဆိုရင် သေချာတယ် ။ အဲ့ဒီအရာတွေက ရန်ကုန်ရဲ့ ရှေးဆန်တဲ့ အလှအပတွေကို ဝမ်းနည်းစရာကောင်းအောင် ဖျက်ဆီးပစ်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ”
တိုင်းမ်မဂ္ဂဇင်း ပင်တိုင်ဆောင်းပါးရှင် အင်ဒရူးမာရှယ် ကို ဟီလာရီ မြန်မာပြည်ခရီးစဉ် ရက်များ အတွင်းမှာ ဆဲဗင်းဒေး ဂျာနယ်က တွေ့ဆုံ မေးမြန်းထားတာလေးကို ဖတ်ပြီး တဝက်တပျက်လောက်မှာ အတွေးတွေက တခုသော ဒီဇင်ဘာရဲ့ ညနေခင်းတခုကိုရောက်သွားပါတယ်။ ဒီလို ခပ်ဆင်ဆင် စကားမျိုး ကျမကြားခဲ့ဖူးသည်။ ခရီးတခုက ပုံတွေကို ကူးဖို့ ဓာတ်ပုံဆိုင်တခုကို ရောက်သွားစဉ်အခါက ဖြစ်သည်။ စောင့်ယူမလား ဆိုတော့ ” ဟုတ်ကဲ့” လို့ ပြောပြီး ခုံလွတ်တခုမှာ ဝင်ထိုင်လိုက်သည်။
သူတို့ ပြထားတဲ့ ပုံတွေကို လျှောက် ငေးနေတုန်းမှာ ဆိုင်ထဲကို ” ဟဲလို……. ဂွတ်အီးဗနင်း” ဆိုတဲ့ အသံနဲ့ အတူ အနည်းငယ်ဝပြီး ထောင်ထောင်မောင်းမောင်းနဲ့ သက်ကြီးပိုင်းအရွယ် ကော့ကေးရှဲန်းလူမျိုုး တယောက် လက်ထဲမှာ ကင်မရာတလုံး ကိုင်ပြီး ဝင်လာပါတယ်။ ကောင်တာက စာရေးမလေးကို သူကူးချင်တဲ့ ပုံတွေ အကြောင်းပြောသည်။ စီဒီထဲ တချို့ တလေ ဘန်းချင်တဲ့အကြောင်းပြောသည်။ ခဏကြာတော့ သူလည်း စောင့်ရအုန်းမယ် ထင်ပါတယ်။
ဘေးက ခုံလွတ်တခုမှာ ဝင်ထိုင်သည်။ ပြုံးပြပြီး မင်းလည်း ပုံစောင့်နေတာလားလို့ မေးသည်။ ဟုတ်ကဲ့ဆိုတော့ ။ သူက သူ့ကင်မရာထဲက ပုံတွေကို ပြပြီး မေးချင်တယ် ရလား ဆိုတော့ ရပါတယ်ပေါ့။ သူက မြန်မာပြည်အနှံ့ ခရီးတော်တော်များများ ထွက်ခဲ့ပုံရသည်။ သူ့ ပုံတွေထဲမှာ တောဓလေ့ ရိုးရာ ပုံတွေ ၊ ရှမ်းပြည်ဘက် က ဝါဂွမ်းကို ရှားရှားပါးပါး ယက်နေတဲ့ပုံတွေကို တောင်တွေ့ရသည်။ နောက်ဝေလီဝေလင်း ကြီးမှာ မဟာဂန္ဓာရုံကျောင်းတိုက် ကသံဃာတော်တွေ အရုဏ်ဆွမ်းဘုန်းဖို့ တန်းစီကြွလာတဲ့ ပုံတွေတောင်ပါသည်။ မှန်တာပြောရရင် ကိုယ်တောင် သူပြမှ မြင်ဖူးတာတွေတောင်ပါသည်။ သူ့အမျိုးသမီးက အခု ဟိုတယ်မှာ နားနေတယ်လို့လည်း ပြောသည်။
အခုလာကူးတဲ့ ပုံတွေက ဒီက ဒေသခံတယောက်ကို သူရိုက်ထားတာလေး အမှတ်တရ လက်ဆောင် ပေးချင်လို့ပါ လို့ ပြောသည်။ နောက် သူက အဲ့ဒီပုံတွေထဲက သူသိချင်တာတွေကို မေးသည်။ ဂိုက်မပါပဲ သူ့တို့ဟာသူတို့ ဒီနေ့ သွားခဲ့တဲ့ နေရာတွေထဲက ရိုက်ခဲ့တာတွေကို မေးခြင်းပါ။ မြို့ အနှံ့ကို စက်ဘီးစီးပြီး ပတ်လေသလား မပြောတတ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် သနပ်ခါး ပါးကွက်ကြားနဲ့ လမ်းဖြတ်ကူးနေတဲ့ပုံ ၊ ကလေးတယောက် ကျောင်းစိမ်းလေးနဲ့ ပုံ ၊ အကြော်သည်ပုံ ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်ပုံ၊ ကလေးတွေ ကြက်တောင်ရိုက်နေတဲ့ပုံတွေတောင် ပါသည်။ လမ်းလျှောက်လာရင်းနဲ့တောင် လမ်းမှာ ရိုက်ခဲ့ပုံရသည်။
ဒီပုံတွေ ကြည့်ပြီး အတော်ပျော်နေပုံရသည်။ ဘာတွေ သိချင်တာလဲ ဆိုတော့ သိမ် တခု ရဲ့ ပုံ။ ရှေးဟန်နည်းနည်း ကျန်နေသည် ။ ဘယ်မှာများ သွားရိုက်ခဲ့သည်မသိ။ ( ခုဆိုရင်တော့ အသစ်ဖြစ်နေလောက်ပါပြီ။ )ကျမလည်း မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားကို ကြိုးစားပြီး ပြောရသည်။ နားလည်မလည်တော့ မသိ ။ ခေါင်းကလည်း တညိတ်ညိတ်နဲ့။ ကိုယ့်ဘာသာကိုယ်လည်း ဘာတွေ ပြောခဲ့မိမှန်း မမှတ်မိတော့ပါ။
ပိုဆိုးတာက ဓာတ်ပုံဆိုင် အနောက် ထဲက လူတယောက်ထွက်လာပြီး သူ့လက်ထဲက ကင်မရာ ကြီးကို မေးတော့သည်။ ကျမကို ဂို်က်မှတ်နေသလား မသိ ကျမကို ကြည့်ပြီး မေးနေခြင်းပါ။ ဒီလိုနဲ့ စကားဝိုင်းလေးက အရှိန်ရသွားသည်။ သူ့ ကင်မရာ က သူ့သူငယ်ချင်းသူ့ကို ပြန်ရောင်းပေးတာဖြစ်ပြီး ဈေးလျှော့ ရထားပါတယ်တဲ့။ ဒါတောင် ဈေးက မသေးလှပါ။ တခုချင်းတောင် အသေးစိတ်ရှင်းသွားသေးသည်။ ကျမကတော့ ကင်မရာအကြောင်းဘာမှ မသိ နားမလည်ပါ။
နောက်ဟိုလူထသွားတော့ ကျမလည်း ပုံတွေ ကြည့်ပြီး သွားလည်ခဲ့တဲ့နေရာတွေကို ဘယ်လို သဘောရလဲ စိတ်ကျေနပ်မှုှရှိရဲ့လား ဆိုတော့ သူက ပြုံးပြီး ပြောသည်။ ဒုတိယအကြိမ်မြောက်ပါတဲ့ ။ တော်တော် လည်း နှံ့ခဲ့ပါတယ်တဲ့။ တော်တော်လေး သာယာပြီး ရာသီဥတုကလည်း ကြည်လင်ပါတယ်တဲ့။ ဒါပေမဲ့ ရထားကို ဗဟုသုတ တခုအနေနဲ့ စီးခဲ့ပြီး နောက် ဘယ်တော့မှ မစီးရဲအောင်ပါတဲ့။ ဘယ်ခရီးစဉ်ကို ဘယ်လိုများ စီးခဲ့လေသည်တော့မသိ။
နောက်သူက ပြောသည်။ ပျော်စရာ ခရီးစဉ်တခုပါတဲ့။ ခရီးစဉ်အတွင်း သူ့ နဲ့ ပါတဲ့ မိတ်ဆွေများက မွေးနေ့ကိတ်ကို ဘယ်အချိန်မှာ စီစဉ်မှန်းမသိပဲ သူ့ကို အံ့အားသင့်စရာ မွေးနေ့ ပါတီလေး ကျင်းပပေးခဲ့ တာကလည်း မှတ်မှတ်ရရပါတဲ့။ နောက်တခုကတော့ ရှမ်းပြည်ဘက်က ဒေသတွေကို သူသဘောကျတယ်တဲ့။ ဒီကလူတွေကလည်း အမြဲပြုံးနေတာပဲတဲ့။
ဒါနဲ့ ကျမလည်း မန္တလေးကိုရော ဘယ်လို သဘောရသလဲဆိုတော့ သူမကြိုက်ဖူးလို့ပြောပါတယ်။
ဘာကြောင့်လဲ ။ ဘာဖြစ်လို့လဲ ။ ဒါဆို ဘယ်မြို့ကို သဘောကျတာလဲလို့မေးတော့ သူက ပြုံးပါတယ်။ ကျမ စိတ်ထဲ နည်းနည်း လေး ကသိကအောက်ဖြစ်သွားတာကိုလဲ ရိပ်မိပုံရပါတယ်။ သူက ရှင်းပြပါတယ်။ ကျုံး က ဆည်တခု နဲ့ တူ နေတယ်လို့ပြောပါတယ်။ မြင်မြင်သမျှ အဆောက်အဦးများကလည်း ခုခေတ် ပုံတွေနဲ့ ကွန်ကရစ်တိုက်တွေ ဆောက်ထားတော့ ဆွဲဆောင်မှု မရှိဘူးတဲ့။ သို့သော် မန္တလေးတောင်ပေါ်က နေဝင်ချိန်နဲ့ နန်းတွင်း နဲ့ အနီးအနား ရှုခင်းများကတော့ အတော်လှပါတယ်တဲ့။
သူ့အမျိုးသမီးကတော့ မန္တလေးကို သဘောကျတယ်တဲ့။ ကျုံးတပတ်ပြည့်အောင် စက်ဘီးစီးကြတယ်တဲ့။ ဒါနဲ့ ကျမလည်း မန္တလေးက မီးခဏခဏလောင်တော့ အဆောက်အဦးများက တဖြည်းဖြည်း ပုံစံပြောင်းပြီး အသစ်တွေပဲဖြစ်ကုန်တာပါလို့ ပြောလိုက်ပါတယ်။ သူကတော့ ရန်ကုန်မြို့ကို အနှစ်သက်ဆုံးပါတဲ့။ ရန်ကုန် မြို့က ရှေးဆန်ပြီး ဆွဲဆောင်မှုရှိတယ် တဲ့။ နောက်အပင်ကြီးတွေ များတယ်တဲ့။ မန္တလေးလည်း နှစ်သက်စရာကောင်းပါတယ်တဲ့ ။ ဒါပေမဲ့ ရန်ကုန်မြို့ရဲ့ နဂိုဟန်ဖြစ်တဲ့ ရှေးဆန်တဲ့အလှကတော့ သူ့ကို ပိုဆွဲဆောင်နိုင်ပါတယ်တဲ့။
အဲတော့မှ ကျမလည်း ကျေနပ်သွားပါတယ်။
အနောက်ဖက်တိုင်းပြည်များထဲမှာ ဆိုရင်ရောလို့မေးတော့ ပဲရစ်မြို့က သူ့ကို ဆွဲဆောင်နိုင်ပါတယ်တဲ့။ အလွန်တရာမှ ရှေးကျတဲ့ အဆောက်အအုံများနဲ့ မြို့အလှကို ဖော်ကျူးထားတာပါတဲ့။
သူတို့လို ကမာ္ဘလှည့်ခရီးသွားများဆိုတာကလည်း သူတို့ ဆီမှာ မမြင်နိုင် မတွေ့နိုင်တဲ့ ဟန်တွေ သဏ္ဍန်တွေ သဘာဝအလှတွေကို တနယ်တကျေးမှာ လာပြီး အချိန်ကုန်ခံ ငွေကုန်ခံပြီး လှည်လည်ကြည့်ရှုနေကြတာဆိုတော့ သူတို့ မှာလည်း ကိုယ့်အမြင်နဲ့ ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်ပါ။
အဲ့ဒီနောက်မှာ ကျမလည်း ပုံတွေ ရလို့ ပြန်ဖို့လုပ်တော့ သူက နာမည်မေးပြီး ခုလို တွေ့ဆုံရ စကားပြောရတဲ့ အတွက် ဝမ်းသာပါတယ်ဆိုတဲ့အကြောင်းပြောပြီး လက်ဆွဲ နှုတ်ဆက်ပါတယ်။ ဒီဇင်ဘာညနေခင်းတခု ဖြစ်လို့ ကျမက အနွေးထည်ကို ခပ်ထူထူဝတ်ထားတာတောင် လက်တွေကတော့ အေးစက်နေခဲ့ပါတယ်။ နောက် ကျမလက်များက အမြဲတမ်းလည်း အေးစက်နေတတ်ပါတယ်။ သူကတော့ လက်တိုအကျီ င်္လေးနဲ့ မချမ်းတဲ့ အတိုင်းပါပဲ။
သူပြောတဲ့ နောက်ဆုံး စကားလေး တခွန်းက ” အိုး…. လက်အေးတဲ့သူများဟာလေ နှလုံးသားတော့ သူတကာထက်ပိုပြီးနွေးထွေးလေ့ရှိတယ်လို့ သူတို့ဆီမှာ ယူဆလေ့ရှိတယ်” ဆိုပြီးပြောပါတယ်။ ဟုတ်တာမဟုတ်တာ အပထား တခဏတော့ စိတ် ကျေနပ်မိတာအမှန်ပါ။
သိပ်မကြာခင်ကပဲ ဝီးကလီးအလဲဗင်း ဂျာနယ်မှာ “နပိုလီယံ၊ မိုနာလီဇာ ၊ အီဖယ်လ် ပြီးတော့ ….” ဆိုတဲ့ဆောင်းပါးကို ဖတ်လိုက်ရတဲ့ အခါမှာလည်း ပဲရစ်မြို့အလှကို တခုတ်တရ အံ့ဩဘနန်း ဖွင့်ဆိုထားခဲ့ပါတယ်။ သွားခဲ့ဖူးတဲ့သူတိုင်းက တခမ်းတနား ဖွဲ့ဆိုရတဲ့ ပဲရစ်မြို့ရဲ့ ရှေးဆန်တဲ့ အလှက တကယ့်ကိုပဲ ဂန ္တဝင်မြောက်နေပါလိမ့်မယ်။ ဒါကြောင့်မို့လည်း ဒီနေ့အထိ ကမာ္ဘလှည့် ခရီးသည်ပေါင်း မြောက်မြားစွာကို ဆွဲဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ မြို့ကရှေးဆန်သလောက် လမ်းပန်းဆက်သွယ်ရေးစနစ်က ကောင်းလိုက်တာမှတဲ့။ အားကျလိုက်တာနော်။
ခုရက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် ကြည့်မိလိုက်တဲ့ “ပဲရစ်မြို့ ရဲ့ သန်းခေါင်ယံ” ( Midnight in Paris ) ဆိုတဲ့ ဇာတ်ကားလေးမှာဆိုရင် ပဲရစ်မြို့ကို မိုးရွာထဲမှာ တောင် ပိုလှတယ်လို့ တင်စားထားပြီး ရွှေကမာ္ဘလုံးဆုတွေ ဝင်ယူသွားပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဇာတ်ကောင် စာရေးဆရာ က ပဲရစ်မြို့ရဲ့ ညသန်းခေါင်မှာ လျှောက်သွားရင်းနဲ့ ဟဲမင်းဝေးနဲ့ ပီကာဆို စတဲ့ ကမာ္ဘကျော် အနုပညာရှင်များနဲ့တောင် တွေ့ပြီး ဟဲမင်းဝေးရဲ့ စာတွေကို ဝေဖန်ပေးတဲ့ သူ့ရဲ့ အယ်ဒီတာနဲ့တောင်တွေ့ခဲ့ပါတယ်။ ဆန်းသစ်တဲ့ စိတ်ကူးနဲ့ အနုပညာမြောက်တဲ့ ဖန်တီးမှု တခုဖြစ်လေတော့ အဲ့ဒီကားကြည့်ရင်းနဲ့ ဆု ရသင့်တယ်လို့တောင် တွေးမိပါတယ်။ အိုဝင်ဝီလ်ဆင် ဆုရတာလည်း တန်တယ်လို့ ထင်ပါတယ်။
ပြောချင်တာက ဒီလိုပါ။ နောက်ဆုံး ထီးနန်းစိုက်ရာ နန်းမြို့တော် တခုအနေနဲ့ ကျမတို့ မန ္တလေး မြို့ကတော့ မီးသင့် ဘာသင့် အကြောင်းအမျိုးမျိုးကြောင့် ရှေးဆန်တဲ့ ရှေး ဟန်လေးတွေ ကို စွန့်လွှတ်လိုက်ရပြီး ပုံစံသစ် ကွန်ကရစ်တိုက်တွေ ဖြစ်နေပါပြီ။ အရင်တုန်းက မန ္တလေးဆိုတာ ရှာလို့တောင် မတွေ့တော့ဘူးလို့ ရှေ့မှီနောက်မှီ လူကြီးများ က ပြောကြပါတယ်။ ကျမတို့လည်း ကွန်ကရစ်တိုက်များ ကြားမှာ အသားကျနေပါပြီ။ ဒါနဲ့ အားမရ ကျန်ရှိနေသေးတဲ့ ကျုံးအနောက်ဖက် က တံတား တစင်းကိုလည်း အကြောင်းမဲ့ ဖျက်ချခဲ့ပါတယ်။ ဘာကြောင့်ဆိုတာ ဒီနေ့ထိလည်း တွေးလို့ မရခဲ့ပါဘူး။
ကျန်နေသေးတဲ့ ရန်ကုန်မြို့ကြီးကိုတော့ ရှေးဟန်မပျက် ရှေးဆန်နေတဲ့ သူ့ပုံစံလေးအတိုင်း ထိန်းသိမ်းစေချင်တာပါပဲ။ ကိုယ့်ထက်ရှေးကျတဲ့ တိုင်းပြည်များတောင် ထိန်းသိမ်းနိုင်သေးတာ လေ။
လမ်းပန်းဆက်သွယ်ရေးစနစ်တွေကိုလည်း ဒီထက်ပိုပြီးတိုးတက်ကောင်းမွန်စေချင်သည်။ မြို့ကြီးကိုလည်း သန့်ရှင်းသာယာစေချင်သည်။ ဒေသတွင်းတိုင်းပြည်များရဲ့ အောက်ဆုံးရောက်နေတဲ့ အနေအထားကနေ ထိပ်ဆုံးကို ရောက်ချင်မိသည်။ အော်……..ဖြစ်ချင်တာတွေကလည်း များလိုက်တာနော်။
ဒီအကြောင်းလေး ရေးချင်နေတာ ကြာပါပြီ စာရေးပျင်းနေလို့ မရေးဖြစ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုကင်းက ပဲရစ်ပုံလေးတွေ တင်တော့ သူ့ပုံလေးတွေကနေ ( motivate) ရပြီး ရေးဖြစ်သွားသည်။ ကိုကင်းရေ ကျေးဇူးတင်ပါတယ်။
25 comments
ဦးဦးပါလေရာ
December 25, 2011 at 10:27 am
မျောက်လိုလူတွေရဲ့လက်ထဲမှာ
မြန်မာ သမိုင်းနဲ့ ယဉ်ကျေးမှု့တို့ရဲ့ဗဟိုချက်
မန္တလေးမြို့က
မျောက် အဆော့ခံရသလို ပျက်သွားတာ။
ပုဂံလဲ ထိုနည်းလည်းကောင်း
အခု ရန်ကုန် အလှည့်….။
(ပြောရင်းဆိုရင်း ဒေါခီးလာပြီ။ whowho နဲ့ ကိုသစ်မင်းပိုစ့်လေးတွေ ပြန်ဖတ်ဦးမှ)
pooch
December 25, 2011 at 7:20 pm
ဦးဦးပါလေရာရေ ကျမလည်း ကျန်တာလေးတွေ မြင်ပါစေတော့လို့ ဆုတောင်းမိတာပါပဲ..
blackchaw
December 25, 2011 at 11:04 am
pooch ရေ။
ကျွန်တော် ဟာသလေးတစ်ခု ဖတ်ခဲ့ကြားခဲ့ဘူးပါတယ်။
အားလုံးလည်း ကြားဘူးမယ်ထင်ပါတယ်။
တောနယ်က ကျောင်းတစ်ကျောင်းကို မြို့နယ်ပညာရေးမှူး လာစစ်တော့
ကျောင်းက ကျောင်းသားလေးတွေကို ဗဟုသုတ နည်းနည်း မေးပါတယ်တဲ့။
“မန္တလေး မြို့ ရိုးကြီးကို ဘယ်သူ ဖျက်သလဲ” လို့ မေးတာကို ကျောင်းသားလေး
တစ်ယောက်က ကျွန်တော် မဖျက်ပါဘူးခင်ဗျာလို့ ဖြေခဲ့တယ်တဲ့။
အဲဒီဟာသလေး သွားသတိရမိတာပါ။
နောင်တစ်ချိန် မန္တလေးမြို့ကြီးကို ဘယ်သူဖျက်သလဲ လို့မေးရင်
ဖြေရမယ့် အဖြေတစ်ခုတော့ သမိုင်း စာအုပ်ထဲမှာ ရှိလာလိမ့်မယ်ထင်တယ်ဗျာ။
မန္တလေးသားတော့ မဟုတ်ပါဘူး။
မန္တလေး ကို ချစ်တဲ့
ဘလက်။
pooch
December 25, 2011 at 7:22 pm
မန္တလေးကို ချစ်တဲ့ ကိုဘလက်ရေ နောက်တခါ မန ္တလေး လာရင် မန ္တလေးက မိတ်ဆွေများကို အသေအချာ ဝင်နှုတ်ဆက်သွားပါလို့ …….
ကိုပေါက်(မန္တလေး)
December 25, 2011 at 1:20 pm
ဒါကြောင့် တစ်ချိန်မှာ မှတ်တမ်းအဖြစ်ကျန်ရစ်အောင် ကျနော်လိုက်ပြီး နေရာတကာမှာလက်ဆော့နေပါတယ်.
လက်ဆော့ရမယ့်စာရင်းကိုလည်း ရင်ထဲမှာပြုစုထားပြီးမှလက်ဆော့တာပါ။
pooch
December 25, 2011 at 7:24 pm
လေးပေါက်ရေ သေသေချာချာလေးသာ သိမ်းထားပါလို့ တိုက်တွန်းချင်တာပါပဲ ……
weiwei
December 25, 2011 at 1:42 pm
ကျွန်မနဲ့ရင်းနှီးတဲ့ တရုတ်မိတ်ဆွေတွေကလဲ ရန်ကုန်မြို့ကိုအကြိုက်ဆုံးလို့ပြောကြပါတယ် … သူတို့လာလည်တုန်းက မီးပျက်တာနဲ့ခဏခဏတိုးလို့ … မီးသာပုံမှန်လာမယ်ဆိုရင် ရန်ကုန်က အရမ်းနေလို့ကောင်းမှာပဲတဲ့ …
ကျွန်မကတော့ ရန်ကုန်ကို ရှေးဆန်တယ်လို့လဲ မခံစားရဘူး … လှတယ်လို့လည်း မခံစားရဘူး …
လေထုညစ်ညမ်းပြီး အလွန်ဆူညံတဲ့မြို့တစ်မြို့လိုသာ မြင်မိတယ် … ပိတ်ရက်ရောက်တာနဲ့ ရန်ကုန်မြို့ပြင်ထွက်ပြီး အသက်ရှူနေရပါတယ် …
pooch
December 25, 2011 at 7:33 pm
မဝေရေ ခုပြောတဲ့နိုင်ငံခြားသားတင် မဟုတ်ဖူး တခရီးထဲ အတူသွားဖူးတဲ့ နိုင်ငံခြားသား နှစ်ယောက်လည်း ဒီလို စကားကို ပြောသွားခဲ့တာပါ…
မှန်တာပြောရရင် ကျမလည်း ရန်ကုန်ကို မကြိုက်ဖူး … ကားသံ တွေ ဆူညံသံတွေ နဲ့ အသက်ရှုကျပ်လို့ပါ… မန ္တလေးကတော့ အဲ့ဒီလောက် အသက်ရှုမကျပ်ပဲနဲ့ လွတ်လွတ်လပ်လပ် နေထိုင်ရလို့ ပိုနှစ်သက်ပါတယ်…….
ပြောချင်တာက နိုင်ငံခြားသား သူတို့ရဲ့ အမြင်ကို ပြောပြချင်တာပါ…….
ကျမတို့ မမြင်မိတဲ့ မခံစားတတ်တဲ့ အမြင်မျိုး သူတို့ဆီမှာ ရှိနေတတ်တာကိုပါ……
နောက် သူတို့ ပြောသွားတဲ့ နိုင်ငံရေး အမြင်တခုကိုလည်း အခါအခွင့် ကြုံရင်ပြောပြချင်ပါသေးတယ် ……
ကျမသူတို့ အမြင်ကိုဘာလို့ လက်ခံမိလည်း ဆိုတော့ သူတို့ ပြောသွားတဲ့ စကားတခွန်းက ခုချိန်မှာ ဒက်ထိမှန်နေလို့ပါ……သူတို့လို ရှေ့ကို ကြိုပြီး စဉ်းစားတတ်တဲ့ အသိမျိုး ကိုယ်တွေ ဘာလို့များ မရှိခဲ့တာလည်း ဆိုတဲ့ အတွေးကို ခဏခဏတွေးမိပါတယ်….
windtalker
December 25, 2011 at 2:08 pm
နှလုံးသားလှတဲ့ မယ်ပုလေးရေ
နှလုံးသားလှတဲ့ မယ်ပုလေးရေ လို ့သာ
စိုင်းထီးဆိုင် သီချင်း ကို ဆိုဖြစ်ခဲ့တယ် ဗျို ့
pooch
December 25, 2011 at 7:38 pm
ပေပေါ်ရေ လက်အေးလို့ ဆိုပြီး လူသေလက်ကြီးကျနေတာပဲ ဆိုပြီး ညီမတွေ သူငယ်ချင်းတွေက ပြောတတ်လွန်းလို့ မှတ်မှတ်ရရ အကောင်းဘက်က တွေးပြီး ပြောပေးသွားတဲ့ ဖောရိန်နာကြီးကို ဘာရယ် မဟုတ် သတိရသွားလို့ပါအေ………
TTNU
December 25, 2011 at 2:55 pm
Pooch ရေ…
ရန်ကုန်ကို ရှေးဆန်တယ်လို့ ဒီပုဂ္ဂိုလ် ထင်ကြေးပေးနေပေမဲ့
Yangonians တွေကတော့ တီချာတို့ မန ္တလေးကို
” မန ္တလေး နှေးမနေပါနဲ့” လို့ ပြောကြသကွဲ့။
တီချာလည်း ဝေဝေ့လိုပဲခံစားမိတယ်၊ ရန်ကုန်ကြီးမှာ ရှေးဆန်တဲ့ appearance ဘာမှ
မတွေ့မိပါဘူး။ (သမိုင်းဝင်လို့သတ်မှတ်လို့ရတဲ့ အဆောက်အဦး အချို ့ရှိတာကလွဲရင်ပေါ့လေ)။
မပုချ်တွေ့တဲ့ ဖော့ရင်းနာကြီးကို မတ္တရာဘက်၊ ပုသိမ်ကြီးဘက် တစ်ချက်လောက် သွားခိုင်း
ရမယ်။ 😛
pooch
December 25, 2011 at 7:44 pm
အဲ့ဒါပဲလေ တီချယ် အနော်တို့တွေ အမြင်နဲ့ သူတို့တွေ အမြင်ကွာတယ်ဆိုတာကို အနော်က ပြောချင်တာ ……တီချယ်ရဲ့ အမြင်လည်း အနော်နဲ့ အတူတူပဲ 😛
ကိုယ်မမြင်တာကို သူများက မြင်တတ်တာကို ပြောချင်တာ …ပေးလိုရင်းက အဲ့ဒါလေး ….
အဲ့လို အမြင်တွေ ကွာလို့လည်း အနော်တို့က အမြဲနောက်ကောက်ကျနေတာ …….
ဘာကြောင့် အမြင်တွေကွာပြီး သူတို့ မြင်သလို ကိုယ်မမြင်နိုင်သလဲဆိုတော့ မျက်စိပိတ်နားပိတ်နေခဲ့ရတာ ကြာလို့များလားလို့
ဒီအမြင်လေးက အကင်းပဲ ဘာမှ ပြောပလောက်သေးတာ မဟုတ်ဖူး…
comegyi
December 25, 2011 at 4:41 pm
ရန်ကုန်မြို့ကြီးက
ထွက်ပြေးချင်နေပါတယ်ခင်ဗျာ
မတတ်သာလို့ …..
ကုပ်ကတ်နေနေရတယ် …..
pooch
December 25, 2011 at 7:47 pm
နည်းနည်းလောက် တော့ အားတင်းထားလိုက်ပါအုန်း ကိုကမ်းကြီးရယ် ….
နောက်ဆို နေပျော်လာမှာပါ…..
MaMa
December 25, 2011 at 7:10 pm
အကြောင်းအရာ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ရေးတတ်တဲ့ pooch ရေ-
ရေးလိုက်တဲ့စာတွေကို ဖတ်ရတိုင်း မလိုင်အပြည့်နဲ့ ကော်ဖီတခွက်သောက်လိုက်ရသလိုပဲ။
pooch
December 25, 2011 at 7:52 pm
မမရေ ခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …ရေးရတာလည်း အားရှိသွားပါတယ်..
မှန်တာပြောရရင် ကျမစာရေးပျင်းပါတယ်… အလွန်စိတ်ပါမှသာ ရေးဖြစ်တာပါ…..
အတွေးကောင်းအရေးကောင်း ရွာက မိတ်ဆွေများကိုလည်း အားကျပါတယ်………
ငပေါက်ဖော်
December 25, 2011 at 7:19 pm
ရန်ဂုန်မှာ ရှေးကျလက်ရာတွေရှိတာ..
ဖော်ဒိန်နာနဲ ့.ဒေါ်ပုပြောမှ သိတော့တယ်ဗျာ.
ကျနော်တို ့က ငယ်သေးတော့ ဘာမှနားလည်တာ ဟုတ်ဘူးရယ်..
pooch
December 25, 2011 at 7:57 pm
ပေါက်ဖော်ရယ် ငါလည်း သူများပြောမှ သတိထားမိတာပါအေ…..
ကိုယ်တိုင်လည်း ဘာမှ သိပ်မသိပါဘူး…….အတူတူနဲ့ အနူနူပါပဲအေ….
ကြောင်ကြီး
December 27, 2011 at 1:16 pm
လက်အေးတဲ့သူတွေ နှလုံးသွားနွေးပေမဲ့ နှလုံးသားနွေးတဲ့သူတွေက သွေးအေးအေးနဲ့ ရက်စက်တတ်ကတဲ့။။။။။ ကယ်ဂျပါအုံးဗျို့.. ရွာထဲမှာ သွေးအေးအေးနဲ့ လူသတ်သမား ရောက်နေပါဒယ်။ ကြောင်ကြီးကိုအခု သူအိမ်မှာ ဖမ်းချုပ်ထားလို့ လာမကယ်ဂျပါနဲ့။ ကြောင်ထိုက်နဲ့ကြောင်ကံသာ ရှိပါစေတော့။။။။။ 😳
pooch
December 28, 2011 at 12:27 am
ကြောင်ဆာတေးလုပ်စားလိုက်ရ မကောင်းရှိတော့မယ် … 👿
nigimi77
December 28, 2011 at 12:47 am
Pooch ရေ ။
အမှန်အတိုင်းပြောရရင် ရန်ကုန်သားစစ်စစ်မို ့ ရန်ကုန်ကို ပိုပြီး အလေးပေးချင်ပေမဲ့
မန်းလေးမြို ့ကတော့ ကျွန်တော့ရဲ ့ မွန်းကျပ်မှုတွေကို အစွန်းဆုံး အထိ ဖြေဖျောက်ပေး
နိုင်ခဲ့တယ် ။ ကျွန်တော် မြန်မာပြည်ရဲ ့ နေရာ အတော်များများ ခရီးသွားခဲ့ဖူးပါတယ်။
ဒါပေမဲ့ မန်းလေးမြို ့ရဲ ့ အရသာကို ခံစားချင်လွန်းလို ့ ဆေးကျောင်းရှေ ့ —> ကျုံးရှေ ့
ကျုံးရှေ ့ —-> ဆေးကျောင်းရှေ ့ နေ ့ခင်းကြောင်တောင် ချွေးတစ်လုံးလုံးနဲ ့လမ်းလျှောက်
အရသာခံခဲ့ပါတယ် ။ မန်းလေးသားကြီး ကိုပေါက် နဲ ့လည်း ဖင် အင်္ဂတေ စွဲလောက်အောင်
စကားပြောဖြစ်ခဲ့ပါသဗျား ။
အိုင်ယာလန် ထီပေါက်လို ့ ဘယ်မှာ နေမလဲ မေးရင် ကျွန်တော်တော့ မန်းလေးမှာပဲ နေပြီး
ကိုပေ တိုက်တဲ့ အရက်ကို ညတိုင်းသောက်ပြီး နေ ့ဖက်ဆို ကိုပေါက် နဲ ့ စကားပြောပြီးတဲ့ အခါ
ညနေခင်းလေးကို Pooch နဲ ့ အတူ စကားစမည် ပြောရင်း ကျုံးနဘေးမှာ လမ်းလျှောက်လိုက်ရ
ရင်ဖြင့် နတ်ပြည်ဆိုတာကို ၁ဝ အလိုက်ပေးပြီး ပြန်အမ်းလိုက်ချင်ပါတယ် ။
🙂 🙂
တညင်သား
December 28, 2011 at 1:11 am
ကျွန်တော်တို့ မောင်နှမတတွေ အဖေ့ ကို ပြောဘူးတယ် ရန်ကုန်မှာ တိုက်ခန်းလေဝယ်ပြီး သွားနေရအောင်လို့ဆိုတော့ ..မင်းတို့က ငါ့ကို မသေခင် ဂှုသွင်းမလို့လားတဲ့……:( မန်းဒလေးတော့ မနေဘူးလို့မသိဘူး….
လက်အေးတယ် ဆိုတော့ ချမ်းရင်သူများထက် ပိုချမ်းပြီး ပူအိုက်ရင်လဲ သူများထက် ပိုနေလိမ့်မယ်ထင်ပါတယ်….
amatmin
December 28, 2011 at 10:36 am
မပုချ်ရေ..
စာရေး ဆရာတွေ မန်းလေး ကိုညွှန်းကြ လွန်းလို့ စရောက်ရောက်ချင်း အခေါက်မှာ စိတ်ဝင်တစားနဲ့
အဟောင်းနေရာတွေ လျှောက်ကြည့်တော့ အသစ်တွေနဲ့ စပ်ထားတာ တွေ့ရတော့ စိတ်မကောင်းလည်းဖြစ်ရတယ်.
ပြီးတော့ ကျွန်တော်တည်းတာက ဗလီပတ်လည် ရှိတဲ့ အနား မှာဆိုတော့
အဲဒီ ဗလီကြီးတွေ ကိုထိန်းသိမ်းထားနိုင်တာတွေ့တော့ချီးကျူးမိသလို..
ကိုယ်တွေ အမွေအနှစ်က ဘာကြောင့်ရေရှည်မခံတာလဲ စဉ်းစားမရခဲ့ဘူးဗျာ..
မြန်မာပြည်အနှံ့ ကနောက်ထပ် ကျန်တာလေးတွေ ကိုမပျောက်ပျက်ဖို့အတွက်တော့..
ဝန်ကြီးများရုံးကို စောင့်ရှောက်ခဲ့သလိုပဲ အားလုံးတာဝန်သိကြတာပေါ့ နော..
ဒါနဲ့ မန်းလေး ကလူတွေ အိမ်ရှေ့က မြောင်းလေးမှာ ရေသုံးကြတာလေးတော့ သဘောကျသဗျာ.. 🙂
char too lan
December 28, 2011 at 12:50 pm
လာတော့မှာ မိုးပျံဂုံးတံတားတွေ လေ…
i like a bridges ~ ~
nay kind of bridges at all ~~~~ 😛
Arkar11
December 28, 2011 at 12:52 pm
ရန်ကုန်သားဖြစ်ပေမဲ့ကျွန်တော်လည်းမန်းလေးကိုကြိုက်တယ်….အဲဒီရောက်ရင် စိတ်ထဲအရမ်းကြည်နူးတယ်…မန်းလေးတောင် ဆည်တော်ကြီး ဆည်တော်လေး ဦးပိန်
ကန်တော်ကြီး သုံးထပ်ရေတခွန် နန်းတော် ကျုံးကြီး မြစ်ဆိပ် ထိုးမုန့် အကုန်ကြိုက်တယ်….
မန်းလေးသူလည်းကြိုက်တယ်…. 🙂