ဂေဇက်ဆီမီနာ (၂) တဦးချင်း၏ပြုပြင်ပြောင်းလဲရေးအကောင်းလေးတွေ တွေးလို့ဒီနေ့ဘဲလုပ်ရအောင်။
အားလုံးသိပြီးသားများကိုပြန်လည်ပြောပြခြင်းသာဖြစ်ပါသည်။ ဝိုင်းဝန်းဆွေးနွေးပေးပါလို့မေတ္တာဖြင့်။
တဦးချင်းပြုပြင်ရန်လိုအပ်ချက်များကိုလည်းဖြည့်စွက်ဆွေးနွေးနိုင်ပါကြောင်း နှင့် ပို့စ်တခုသီးသန့်တင်၍ဆွေးနွေးလျှင်
လည်း ပါဝင်ဆွေးနွေးပါမည် ဆိုသည်ကိုပါအသိပေးအပ်ပါသည်ခင်ဗျား။
ကျနော်ကိုယ်တိုင်အပါအဝင် တဦးချင်းကိုဘယ်လိုပြင်မယ်…….. ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပါ့မယ်။
ဒီဆီမီနာဟာဘာလဲဆိုတော့………….
အားလုံးမိမိတို့ရဲ့ အမြင်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တဲ့ အိုးပင်းဆီမီနာပါ။
ကျနော် တယောက်ထဲကဆွေးနွေးတာမျိုးမဟုတ်ဘဲ ဂေဇက်ကြွလာမိတ်သဟာ ဂေဇက်ဝင်မိသားစုများပါ
ပါဝင်ဆွေးနွေးတာမျိုးပါ။
ဒီ ဆီမီနာရဲ့ ရည်ရွယ်ချက်ကတော့……….
၁။ မိမိတို့၏ ငုတ်လျှိုးနေသော ကိုယ်ပိုင်အတွေးအခေါ်များကို ဖော်ပြပေးရန်နှင့်အများနဲ့ညှိနှိုင်းပြီးအတည်
ပြုချက်ရယူရန်။
~~~~~~~ဥပမာ။ ။ကိုပေါက်(မန္တလေး)ရေးသောအတွေးပါးပါးစာများ။
၂။အကြောက်တရားများ၊အားကိုးရာရှာစိတ်ဓာတ်များကြောင့်”ကျ”ဆင်းနေသောကိုယ့်ကိုကိုယ်ယုံကြည်မှုများ
ကိုပြန်လည်ဖော်ထုတ်လာစေရန်။
၃။အူမ မတောင့်ခဲ့၍ သီလ မစောင့်နိုင်ခဲ့သော ဝန်ထမ်းဘဝမှ ဘဝ၏စိတ်ဖိအားများကိုထွက်ပေါက်ရှာရန်အတွက်
ဘီယာဖိုးကေတီဗီဖိုး မာဆတ်ဖိုး စသည်တို့အတွက် လာဘ်စားသောဝန်ထမ်းဘဝသို့ ရောက်နေခြင်းအတွက်
အမှားပြင် အမှန်ရောက် နည်းလမ်းများ ရှာဖွေနိုင်ရန်။
~~~~~~ဥပမာ။ ။ကိုကြောင်လတ်၏ဂေဇက်ဆီမီနာ-1ဆွေးနွေးမှုမှ။
၄။ဟိုလူ့လက်ညှိုးထိုး၊ သည်လူ့လက်ညှိုးထိုးအကျင့်ပါနေသော ဘဝများတွင် မိမိ၏လိုအပ်ချက် ဘာလဲ
ဟူသော ကိုယ့်ကိုကိုပြန်လည်လက်ညှိုးထိုးဝေဖန်တတ်သော အသိတရား ပေါ်ပေါက်စေရန်။
၅။ အလုပ်ရှင်ရှိလျှင်တမျိုး မရှိလျှင်တမျိုးလုပ်တတ်ပြီး၊ ဓာတ်ဆီခိုးရောင်းတတ်သော ကားဒရိုင်ဘာ၊
ဆိုင်ပိုင်ရှင်မသိအောင်ခိုးစားတတ် ခိုးယူတတ်သော စားသောက်ဆိုင်ဝန်ထမ်း၊အစ ရှိသဖြင့် မျက်နှာလွဲ၍
မရသော လက်အောက်ငယ်သား ဘဝဖြင့်အရိပ်နေနေ အခက်ချိုးချိုး တိုးတတ်မှုထက် လက်တွေ့ခိုးစားရေး
ဦးတည်အကျင့်ပျက်နေသော စိတ်ဓာတ်များကိုပြုပြင်နိုင်ရန်။
၆။ဘတ်စ်ကားပေါ်တွင် သက်ကြီးရွယ်အိုများအား နေရာဖယ်ပေးခြင်းမှသည်၊ လိုအပ်နေသူကိုတတ်နိုင်
သလောက် အကူအညီပေးခြင်းဟူသော လူလူချင်းထားရှိအပ်သည့်စေတနာစိတ်၊အကြင်နာစိတ်များ
တိုးတက်ဖြစ်ပေါ်လာအောင်ပြုပြင်နိုင်ရန်။
၇။ မိမိကြောင့်သူတပါးစိတ်အနှောက်အယှက်မဖြစ်အောင်နေထိုင်လုပ်ကိုင်ခြင်းမှသည် သူတပါးကို
လှီးမှ၊ခုတ်မှ၊ ကျော်မှ၊နင်းမှ ခွမှ၊ အကွက်ကျော်မှ၊ဒိုင်ဗင်ထိုးမှ၊ ကလိန်ကကျစ်ကျမှ၊ ဖိုးတွမ်တိမှ စားရသည်
ဟူသော စိတ်ဓာတ်များ ကိုပြုပြင်နိုင်ရန်။
၈။စာရိတ္တနှင့် မိမိ၏ဂုဏ်သိက္ခာကို ပိုက်ဆံနှင့်လဲနေရသော လူ့သိက္ခာ မဲ့ ဘဝများကို ရုန်းထွက်နိုင်ခွင့်၊
ရုန်းထွက်နိုင်ရေး ကာယကံရှင်ရော၊ ဖေးမနိုင်သူများကပါ မည်သို့လုပ်နိုင်မည်များကိုဆွေးနွေးရန်။
၉။ မိမိဘဝတိုးတက်ရေးကိုကောင်းသောနေထိုင်လုပ်ကိုင်မှုဖြင့်နေခြင်းကိုယ်ကျင့်တရားကောင်းအောင်နေထိုင်ခြင်း၊
မိမိပါတ်ဝန်းကျင်ကိုရနိုင်သလောက်ကောင်းအောင်ပြုပြင်ပေးတတ်ခြင်း၊ကိုယ်ကိုကိုယ် လူ့လောကတွင်”အသုံးကျ
တန်ဖိုးရှိသူ” အဖြစ်ပြောင်းလဲနေထိုင်ရန်။
၁၀။ မကောင်းသောပါတ်ဝန်းကျင်နှင့် နေသားကျနေသော ဘဝများကြောင့် ကောင်းသောလုပ်ရပ်တခုခုကို
လုပ်သင့်သည်ကိုသိနေပါလျှက်နဲ့လုပ်ရမှာကိုရှက်နေတတ်သော စိတ်ဓာတ်များကိုပြုပြင်လာစေရန်။
တာဝန်ရှိသောနေရာတွင်မိမိတာဝန်ကျေတတ်စေရန်။
၁၁။ အထက်ကတင်ပြသလို”စတင် ဦးဆောင်” လုပ်ကိုင်ခြင်းကို မဝံ့ရဲသောစိတ်ဓာတ်ငါလုပ်ရင်ဖြစ်ပါ့မလား
ဟူသောမိမိကိုယ်ကိုယုံကြည်မှုကင်းသောစိတ်ဓာတ်များ၊ ကိုယ်ကိုကိုယ်ဘောင်ခတ်ကာ ငါတော့ဒါမျိုး
မလုပ်နိုင်ပါဘူးဟုစွဲမြဲသတ်မှတ်ထားသော “ကိုယ့်စိတ်ကိုယ်ခြံစည်းရိုးခတ်၊ ကိုယ့်အရည်အချင်းကိုပိုင်နက်
သတ်မှတ်”နေသောစိတ်ဓာတ်များပြုပြင်နိုင်ရန်။
၁၂။ မိမိလေးစားသော မိမိချစ်မြတ်နိုးသောသူကပြောလျှင် 100% မှန်သည်ဟု စဉ်းစားတတ်ပြီး၊
မိမိမုန်းသဘောမကျသောမလေးစားသူကပြောရင် 100% လက်မခံနိုင်တော့သော ဘက်လိုက်စိတ်
ဓာတ်များကို ဖယ်ပြီး (အဂတိတရားကိုဖယ်ပြီး)ပကတိအချက်အလက်ပေါ်တွင်စဉ်းစားတတ်သော
စိတ်ဓာတ် အလေ့အကျင့်များ ပြုပြင်ရန်။
~~~~~~~~~~ဥပမာ။ ။သူကြီးဦးခိုင်၏ဆွေးနွေးချက်များ။ကိုကြောင်ကြီး၏ဆွေးနွေးချက်များ။
၁၃။ကောင်းသောစကားများ၊စာများဖတ်ပြီး ဟာဟုတ်တယ်ဟေ့ လုပ်ရမယ်ဟေ့ဟု ကြွတက်
(တောက်လျှောက်တက်ကြွသောစိတ်မဟုတ်)စိတ်များဖြစ်သွားကြပြီး၊ နောက်ပိုင်းဆက်မလုပ်ဖြစ်
မလိုက်နာဖြစ်သောစိတ်များကိုပြုပြင်ရန်။
၁၄။လူတယောက်ထံမှ တခုခုရလျှင် ကိုယ်ကတခုခုပြန်လည်ပေးရမည်ဆိုသော လူလူချင်းတုန့်ပြန်မေတ္တာ
ထားတတ်ရန်။ဆိုလိုသည်မှာ “ယူ” ခြင်းကိုသာမစဉ်းစားဘဲ ငါဘာပြန်ပေးနိုင်မည်လဲဟုစဉ်းစားတတ်သောစိတ်။
ငွေရေးကြေးရေးအတိုင်းအတာအဓိကမဟုတ်ဘဲအမှတ်တရပြုလုပ်ပေးလိုက်နိုင်မှုသာအဓိကဖြစ်ကြောင်းနှင့်
“ရုပ်ဝထ္ထူမှတန်ဖိုးရှိသည်”ဟူသောအယူအဆများမဟုတ်ကြောင်းနားလည်းလာစေပြီး
“လူကိုလူလိုတန်ဖိုးထားသောစိတ်ဓာတ်များ” ပိုရရှိလာစေရန်။
၁၅။ မှန်သော၊ကောင်းသောလုပ်ရပ်များ၊လေ့လာသင့်သည်များ ကို ကိုယ်၏နောက်လိုက်မိသားစုဝင်
အပေါင်းအသင်းများကြားတွင် သိရှိလာစေရန်ကိုယ်ကိုတိုင် “လုပ်ပြ”နိုင်ရန်၊ မိမိကိုယ်ကိုအရည်အချင်း
(မနေ့ကထက်ဒီနေ့ပို)ရှိလာစေရန်။
၁၆။ သိမ်ငယ်စိတ်၊အားငယ်စိတ်များထက် စိန်ခေါ်ပြီးလုပ်သောစိတ်၊လွယ်လွယ်အရှုံးမပေးတတ်သော
စိတ်ဓာတ်များရှိလာစေရန်။ရှိလာအောင်လည်းမိမိကိုယ်ကိုအားပေးတတ်ရန်အချင်းချင်းလည်းအားပေးကူညီကြရန်။
ဆွေးနွေးပေးစေချင်ပါသည်။
ကျနော်တို့တွေ ကောင်းလာတော့ အခြေအနေတွေရဲ့ အောက်မှာ “အဆင့်သင့်”ဖြစ်ရအောင်လားဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားစွာဖြင့်
(^^)မောင်သစ်မင်း
———————————————————————————————–
Additional highlights
Ko Paut……
သူများကို ပြောနိုင်ဘို့အတွက် ကိုယ် ကိုယ်တိုင်က တာလုံအောင် အရင်နေပြဘို့လိုပါမယ်။
ဒါက ကျနော်တို့လူ လူကြီးတွေစောင့်ထိန်းရမယ့် လုပ်ကိုလုပ်ရမယ် သေချာပေါက်လိုက်နာရမယ့်
အမှန်တရားလို့ ယုံကြည်ပါတယ်။
Ko Black Cahw…
ပြောရရင်တော့ ကောင်းရောင်းကောင်းဝယ် တကယ်လုပ်စားချင်တဲ့လူတွေကိုဒုက္ခပေးတဲ့ ဥပဒေ
အသုံးချ ပြည်သူ့ဝန်ထမ်းတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ ထင်ပါတယ်ဗျို့။
TTNU……..
မကောင်းသောပါတ်ဝန်းကျင်ကတော့ မဟုတ်ပါဘူး။ အဆုံးအမ
ကြဲပါးတဲ့ မိဘ ဆွေမျိုး အသိုင်းအဝိုင်း နှင့်နေသားကျနေတဲ့ ကလေးတွေ၊ကောင်းတဲ့
လုပ်ရပ်ကိုလုပ်ရမှာ ရှက်နေတဲ့ စိတ်ဓာတ်ကိုပြုပြင်ဖို့ လိုအပ်ကြောင်းလေးပါ။
Ko Aung…….
နေရာတခုအစိတ်အပိုင်းတခုပဲဖြစ်ဖြစ် ဦးဆောင်တော့မယ်ဆိုရင်တော့ အမြဲဆောင်သင့်တဲ့ကျင့်ဝတ်ပဲပေါ့ဗျာ..
၁ စနစ်……. မှာကတော့ နည်းပညာအတတ်ပညာများ
(မသိရင်သိအောင်လုဎ်၊သိပြီးတတ်ပြီးရင်လဲ တိုးတက်ပြန့်ပွါးအောင်လုဎ်)
၂ အသိ ……. အမှားအမှန် အဆိုးအကောင်း ကိုခွဲခြားတတ်ခြင်း (မှန်ကန်မှု ဖြင့်
ရပ်တည်ရှင်သန်ခြင်း)
၃ သတိ ……လုဎ်နေတဲ့အလုဎ် လျှောက်နေတဲ့လမ်း မှားနေ၊မှန်နေတာကိုသိဖို့ (မှားတာသိရင်ပြင်ဖို့
မှန်နေရင်အမှန်အတိုင်းရေရှည်ဆက်လှမ်းနိုင်ဖို့)
အဲဒါတွေ လေ့လာခဲ့မိပါတယ် ဗျာ
(တက်သစ်စလူငယ် များအား ဝေငှပါ၏)
84 comments
windtalker
December 25, 2011 at 2:54 pm
“၁၄။လူတယောက်ထံမှ တခုခုရလျှင် ကိုယ်ကတခုခုပြန်လည်ပေးရမည်ဆိုသော လူလူချင်းတုန့်ပြန်မေတ္တာ
ထားတတ်ရန်။ဆိုလိုသည်မှာ “ယူ” ခြင်းကိုသာမစဉ်းစားဘဲ ငါဘာပြန်ပေးနိုင်မည်လဲဟုစဉ်းစားတတ်သောစိတ်။
ငွေရေးကြေးရေးအတိုင်းအတာအဓိကမဟုတ်ဘဲအမှတ်တရပြုလုပ်ပေးလိုက်နိုင်မှုသာအဓိကဖြစ်ကြောင်းနှင့်
“ရုပ်ဝထ္ထူမှတန်ဖိုးရှိသည်”ဟူသောအယူအဆများမဟုတ်ကြောင်းနားလည်းလာစေပြီး
“လူကိုလူလိုတန်ဖိုးထားသောစိတ်ဓာတ်များ” ပိုရရှိလာစေရန်။”
နယူတန်ရဲ ့သီအိုရီ ကို လက်ကိုင်မထားပေမယ့်
အတုံ ့အလှည့်ဆိုတာကိုတော့ လေးစားပါတယ် ကိုသစ်ရေ
ကိုယ်နေထိုင်ရှင်သန်ကြီးပြင်းရာ
လောက ပတ်ဝန်းကျင်ဖို ့၊ တတ်နိုင်သမျှတစ်ခုခုပြန်ပေးနိုင်ဖို ့အရေးမှာ
စီးပွားသော်လည်းကောင်း ၊ အချိန်သော်လည်းကောင်း တောင့်တောင့်တင်းတင်း ပိုင်ဆိုင်ထားမှ ဟု မြင်မိပါသဖြင့် ၊ စီးပွားတောင့်တင်းဖို ့အရင်ကြိုးစားနေတယ်ဗျို ့
thit min
December 25, 2011 at 3:06 pm
Reply-1
မြန်မာလူမျိုးတိုင်းအဲဒီလိုစဉ်းစားတတ်တာတော့မဆန်းပါဘူးညီရယ်။
ကိုယ်ဆိုလိုတာကတော့ငွေနဲ့မဟုတ်တဲ့ ပြန်ပေးနိုင်တာတွေအများကြီးရှိပါတယ်။
အဲဒီဟာမျိုးတွေကိုပါ။
အလုပ်မရှိသူကိုအလုပ်ရှာပေးလိုက်တာ။
လုပ်ငန်းမတတ်တဲ့သူငယ်ချင်းကိုတွဲခေါ်သင်ပေးတာ။
အခုမန်းဂေဇက်မှာလို အချင်းချင်းအကြံပေးတာ။
ဓာတ်ပုံပညာ၊ညီလေးရဲ့ ကျောက်ပညာတွေဖလှယ်တာတွေပါတော့ပေါ့ကွာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးခိုင်ရဲ့ ငွေနဲ့ တည်ဆောက်ထားတဲ့ ဒီ”နေရာ”လေးမှာ သူ့ကျေးဇူးကို “လူ့အကျိုးပြုစာ”
လေးတွေနဲ့တုံ့ပြန်ကြတယ်ပေါ့နော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လက်တွေ့လောကမှာလဲ အဲဒီလေးတွေလုပ်တတ်ရင် ကောင်းသောတဦးချင်းဖြစ်လာမယ်လို့ယူဆတာပါ။
ငွေကလဲအင်အားရှိတာတော့မှန်ပေမဲ့အဓိက ကတော့ “စေတနာ”ပါဘဲ။
windtalker
December 25, 2011 at 7:05 pm
အလုပ် မရှိတဲ့လူတွေ အလုပ်ရှာပေးတာတို ့
ကိုယ်တတ်ထားတဲ့ ပညာ ပြန်ပေးဖို ့တို ့အတွက်တော့
မပူနဲ ့အကိုရေ
လာမယ် လာမယ် ဗျို ့
ငပေါက်ဖော်
December 25, 2011 at 4:29 pm
ဆိုရာမှာ..ဘယ်လို ပြုပြင်ရမလဲ အကိုသစ်ရေ..
မကောင်းမှန်းသိရက်နဲ ့..မလုပ်သင့်မှန်းသိလျက်နဲ ့..မှားမှားသွားတယ်ခင်ဗျ
အဲတာ..အကောင်းအဆိုး..ကိုယ့်ကိုယ်ကို တစ်ကယ် လင်းခနဲ မသိသေးလို ့လားခင်ဗျ
သိအောင် ဘလိုလုပ်ရမလဲ…လမ်းညွှန်ပေးပါဦးဗျို ့..
thit min
December 25, 2011 at 4:47 pm
Reply-2
ဟုတ်ပါတယ် ညီငယ်ရယ်။
တကယ်မသိသေးလို ့ မယူဆလို့၊မလုပ်ဖြစ်တာပါ။
ပိုက်ဆံချမ်းသာချင်တယ်လို့ပြောကြပါတယ်။
ဘယ်နေ့မှာဘယ်လောက်ချမ်းသာချင်လဲမေးကြည့်ပါ။ဘယ်သူမှ တိကျတဲ့ကိန်းဂဏန်းတခုအဆင်သင့်ရှိမနေပါဘူးတဲ့။
အံ့ဩစရာမကောင်းဘူးလား။ တကယ်ချမ်းသာချင်တဲ့သူတွေဆိုတာ တိကျသော ရည်မှန်းချက်ပြတ်ပြတ်သားသားကိုရှိတယ်။
တကယ်ဖြစ်သင့်တယ်။လုပ်သင့်တယ်လို့ အသဲနင့်အောင် ယူဆလို့ သိဒ္ဒထ္ထ္ထဟာ နန်းစည်စိမ်ကိုစွန့်ပါတယ်။
တောထဲသွားပြီး တရားကျင့်ပါတယ်။ တို့များရဲ့ အမေစုဟာမိသားစုကိုပစ်ပါတယ်။
ကိုယ့်ကိုကိုယ် ဘယ်နေရာမှာထားချင်လဲ ဆိုတဲ့ မေးခွန်းနဲ့တွဲပြီး၊ ဘာလုပ်သင့်လဲဆိုတဲ့စိတ်ကိုပေါင်းစဉ်းစားရင်
“စ” လုပ်ဖြစ်ပါလိမ့်မယ်။ဆက်လုပ်ဖြစ်အောင် ခဏခဏ “ပျင်း”သောစိတ်ကို “ပြင်း”သောစိတ်ဖြစ်အောင် မီးထိုးရပါမယ်။
ကိုယ့်ဟာကိုကတိတည်ရပါတယ်။ အကိုပြောဘူးတဲ့ သုဥဇူစ=အလွန်အလွန်ရိုးသားခြင်း(မိမိကိုယ်ကိုမလိမ်ညာခြင်း)ပါ။
နိမ့်ကျတဲ့ ဘဝ၊ မအောင်မြင်တဲ့ ဘဝမှာ မနေဘူးကွာဆိုတဲ့ စိတ် ကိုမွေးပါ။
သူများနဲ့ ထက် ကိုယ်ရဲ့ ဒီနေ့နဲ့ မနက်ဖန်တိုးတက်မှုကိုတိုင်းတာပါ။
alinsett
December 25, 2011 at 6:51 pm
ဟုတ်ကဲ ့..ဆရာသစ်မင်းေ၇.. ကျွန်တော်တို ့ အားလုံး ကြိုးစားကြပါ့မယ် ။
အခုလို နှိုးဆော် လို ့ကျေးဇူးပါပဲဗျာ..။
လေးစားစွာ…
အလင်းဆက်
ဦးဦးပါလေရာ
December 25, 2011 at 6:59 pm
၁။ မိမိတို့၏ ငုတ်လျှိုးနေသော ကိုယ်ပိုင်အတွေးအခေါ်များကို ဖော်ပြပေးရန်နှင့်အများနဲ့ညှိနှိုင်းပြီးအတည်
ပြုချက်ရယူရန်။
ဟုတ်ပါတယ်။
သင့်လျှော်တဲ့ အစုအဖွဲ့ အသိုင်းအဝိုင်းလေးတွေစုဖွဲ့ပြီး
သို့မဟုတ်- ရှိပြီးသား သင့်လျှော်တဲ့အသိုင်းအဝိုင်းလေးတွေမှာဝင်ရောက်ပြီး
ကိုယ်တိုင်လဲ ဆွေးနွေး- သူများဆီကလဲ နားထောင်ရင်း
အသီးသီး ပိုရင့်ကျက် ပိုပြည့်ဝလာကြမှာပါ။
စုရင်းနဲ့ပွား ပွားရင်းနဲ့ ပြည့်လာတာမျိုးပေါ့…..
(ဆရာသစ်ရဲ့ ဒီပိုစ့်ကို တချက်ချင်း ဝင်ဆွေးနွေးသွားချင်ပါတယ်။)
MaMa
December 25, 2011 at 7:26 pm
ဆြာသစ်ရေ-
တစ်ချက်ပြီး တစ်ချက် ဖတ်ပြီး မှန်လိုက်တာ ကောင်းလိုက်တာလို့ စိတ်ထဲက ရေရွတ်မိပါတယ်။
တခုပြောပြချင်တာက-
ကျမတို့ရဲ့ လုပ်ငန်းက သဘာဝအရ အရောင်းအဝယ် အခြေအနေကို မျက်ခြေမပြတ် သိနေရမှာပါ။
ဒါပေမယ့် လူတိုင်းရဲ့ စိတ်ဓာတ်က (ကိုယ်အပါအဝင်) ကိုယ်လုပ်တဲ့အလုပ် အရောင်းအဝယ်ကို သူများမသိစေချင်ဘူး။
ကိုယ်လုပ်လိုက်တဲ့ အရောင်းအဝယ်ကို လာမေးရင် မမှန်တာလည်း မပြောချင်ဘူး။ ရှောင်လွဲပြီးလည်း မပြောတတ်ဘူး။
သူများလုပ်တဲ့အလုပ်ကျတော့လည်း သူမသိစေချင်တာကို အတင်းမမေးချင်ဘူး ဆိုတော့ ကိုယ်က အမြဲ သတင်းအချက်အလက် နေရာမှာ နောက်ချည်း ကျနေတော့ ကိုယ့်ကိုကိုယ် ညံ့ဖျင်းတယ်လို့ချည်းပဲ အပြစ်တင်နေမိတော့တယ်။ 🙁
zaw min
December 25, 2011 at 8:20 pm
ဒီနေရာမှာ ဝင်ရောက်ဆွေးနွေးတယ်တင်ပြတယ်လို့မထင်ပါနဲ့ဗျာ…ကျနော်ကမြန်မာပြည်က ဘာဘွဲ့မှ မရတဲ့ကောင်ပါ…ဒါပေမယ့် ကိုဇာဂနာရဲ့ စကားလေး(သို့)ပျက်လုံးလေးတစ်လောက်ယူသုံးချင်ပါတယ်..
ဒါကတော့…နေတိုး မလုပ်ကြပါနဲ့ ပြည်တီဦး ပဲလုပ်ပါတဲ့…အဓိပ္ပါယ်ကတော့ နေတိုး (NATO ….Not Action
Talk Only ) တိုင်း ပြည် တည်ဆောက် ရေးကို ဦးလည်မသုံ ဆောင်ရွက်ကြပါရန်။
တစ်ဦးချင်းစီ အားလုံးပြောင်းလဲဖို့လိုပါတယ်…အဓိက စိတ်ဓါတ်တွေ အောက်တန်းမကျစေဖို့ပါပဲ…
weiwei
December 25, 2011 at 8:36 pm
အချက်တိုင်း အချက်တိုင်းကို မှန်လိုက်တာ မှန်လိုက်တာနဲ့ ဖတ်သွားလိုက်မိပါတယ် ….
ကျွန်မကလဲ ကိုပေါက်ဖော်ပြောသလိုစိတ်မျိုးဖြစ်နေလို့ ကိုသစ်မင်းရဲ့ reply2 အတိုင်း လိုက်နာရမယ့်စာရင်းထဲမှာပါပါတယ် …
ကျွန်မအခြေအနေက ငါပြောသလိုလုပ် .. ငါလုပ်သလိုမလုပ်နဲ့လို့ ပြောရမယ့် ခေါင်းဆောင်တစ်ယောက်ဖြစ်နေသေးလို့ ယနေ့ထိ ဒီရွာထဲမှာ ဝင့်ဝင့်ကြွားကြွားနဲ့ ပညာပေးစာပေများ ရေးရဲတဲ့သတိ္တမရှိသေးဘူး …
ဆွေးနွေးနိုင်ဖို့ ကိုယ်တိုင်အရင်ကျင့်ရအုန်းမှာမို့ ကျွန်မရဲ့ဆွေးနွေးချက်တွေအတွက်တော့ စောင့်ပါအုန်းလို့ …
thit min
December 25, 2011 at 9:18 pm
Reply-3
ကိုအလင်းဆက်ရေ
ကျေးဇူးပါ။
ကျနော်လည်းဘဲ ပြင်စရာရှိတာပြင်ရမှာပါဘဲ၊ကြိုးစားကြရအောင်နော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးဦးပါလေရာရေ
ဆွေးနွေးပေးပါ။
လွန်စွာဝမ်းသာပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မမရေ
ဟုတ်ကဲ့ပါခင်ဗျာ။
မရိုးသားမှုတွေ နဲ့ နပမ်းလုံးနေရတဲ့ သံသရာကို ပြတ်စေချင်လှပါပြီ။
အပြစ်တင်တာထက်ပြုပြင်နိုင်မယ်ဆိုရင်လို့ စဉ်းစားမိပါတယ်ခင်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုဇော်မင်းရေ
ဟုတ်ပါတယ်။
ကျနော်တို့လုပ်လို့ရတာကိုလုပ်မှာပါ။ကိုယ်ဟာကိုယ်လုပ်တာဆိုတော့အချိန်မရွေးရတယ်မဟုတ်လား။
တကိုယ်ရေပြုပြင်ရေးပေါ့ဗျာ၊အပြောမဟုတ် အခုချက်ခြင်းလုပ်နိုင်သောအရာပါခင်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မဝေဝေရေ
ရသလောက်တော့ ရေးပေးပါအုန်းခင်ဗျာ။
အားလုံးရဲ့ ပါဝင်ခြင်းကိုပါလိုချင်တာပါ။
ကျနော် ကလဲတော်လို့တတ်လို့မဟုတ်ပါဘူးခင်ဗျာ။
စေတနာစိတ်နဲ့ပေါ့ခင်ဗျာ။ မဝေဝေလည်းရေးရင်ဖြစ်တယ်လို့ယူဆကြောင်းပါဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေးစားစွာ(^^)
Oo Oo
December 25, 2011 at 9:46 pm
ကိုသစ်ရေ..
ပို၍ကောင်းမွန်သောလူ့အဖွဲ့အစည်းတစ်ခုဖြစ်တည်လာစေရေးအတွက်ရည်သန်တဲ့
ကိုသစ်ရဲ့ စေတနာကိုလေးစားစွာဖြင့်ဝင်ရောက်ဖတ်ရှု့မှတ်သားသွားပါတယ်။
လေးစားလျှက်..
ဦးဦး
ကိုပေါက်(မန္တလေး)
December 25, 2011 at 10:23 pm
ကိုသစ်ရေ
ကျနော်ကတော့ အပြင်လက်တွေ့ဘဝမှာ လူငယ်တွေနဲ့လုံးလားထွေးလားနေရတဲ့ဈေးသည်ပါ။
ကျနော်နဲ့ပါတ်သက်နေတဲ့ကလေးတွေကို တတ်နိုင်သလောက် လူကောင်းလေးတွေဖြစ်အောင်
ကြုးိစားပြီး အသိတရားတွေရိုက်သွင်းပေးနေပါတယ်။
ကလေးတွေကို ခိုးလို့ မရအောင် အပေါက်တွေလိုက်ပိတ်နေမယ့်အစား
မခိုးချင်အောင် လက်တွေ့ကျကျ ပြောပြပေးနေပါတယ်။
သူတို့ကို ပထမဆုံးပေးထားတဲ့ စဉ်းစားစရာကတော့
“တန်ရဲ့လား?” ဆိုတဲ့မေးခွန်း။
အကြံအဖန်တစ်ခုလုပ်လို်က်လို့ရလာမယ့် ရလာဒ်နဲ့ မတော်လို့ မိသွားရင် ကိုယ့်ဘက်က ပြန်ပေးလိုက်ရမယ့်
ရလာဒ် တန်ရဲ့လား……………………..လို့ မကျုးလွန်ခင်စဉ်းစားခိုင်းထားတာပါဘဲ။
တစ်ခုတော့ ရှိပါတယ် ကလေးတွေမခိုးချင်အောင် လူကြီးတွေကလဲ မခိုးဘဲနေနိုင်မှရမယ်ဗျာ။
တစ်ခါက ကျနော်နဲ့လူတစ်ယောက်စကားများဘူးပါတယ်။
အဲဒီလူက လူတစ်ယောက်ကို ချီးမွမ်းပါတယ်။
ဒီလူသိပ်အေးတယ်ပေါ့ ဘယ်သူကိုမှ မဝေဖန်ဘူး ………..လို့ မကြာခဏလာပြောပါတယ်။
ကျနော်လဲ ကြာတော့ အမြင်ကပ်လာပါတယ်။
“သူများကို အဲဒီလူ ဘယ်ဝေဖန်ပါမလဲ့ ။
သူများသွားပြောရင် ဟို က သူလုပ်ထားတာတွေ အသုံးမကျတာတွေပြန်ဖော်လိုက်မှာပေါ့”လို့ပြောမိလို့
ကျနော့်ကို အဆိုးမြင်သမားလို့ နာမယ်တတ်သွားပါတယ်။
ဒီလိုပါဘဲ သူများကို ပြောနိုင်ဘို့အတွက် ကိုယ် ကိုယ်တိုင်က တာလုံအောင် အရင်နေပြဘို့လိုပါမယ်။
ဒါက ကျနော်တို့လူ လူကြီးတွေစောင့်ထိန်းရမယ့် လုပ်ကိုလုပ်ရမယ် သေချာပေါက်လိုက်နာရမယ့်
အမှန်တရားလို့ ယုံကြည်ပါတယ်။
ကိုသစ်ရေ ကျနော့် အမြင်တော့ ချပြ ပြီးပြီ။
အစက ဒါကို ပိုစ်စ်တပုဒ်ဖန်တီးမလို့ ဒါပေမယ့် အခုကိုသစ်ထဲမှာ ဘဲပြောလိုက်ပြီနော်။
blackchaw
December 25, 2011 at 10:51 pm
ကိုသစ်ရေ။
လူတိုင်းကတော့ မကောင်းမှုနဲ့ ဘယ်အသက်မွေးချင်မှာလဲဗျာ။
အဲဒီမှာ ရိုးရိုးသားသား လုပ်စားချင်တဲ့ သူတွေကို လုပ်ခွင့်ကိုင်ခွင့် ရလာအောင်
ကူညီပေးသင့်တယ်ထင်မိတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပဲ ဆိုက်ကားနင်းချင်လို့
လိုင်စင်မရှိတဲ့ ဆိုက်ကားကို စွန့်စားပြီး နင်းနေရာကနေ
ရဲကဆိုက်ကားကို ဖမ်းသွားတော့ ဒုက္ခရောက်ရရှာတဲ့ လူငယ်တွေကို
တွေ့နေရပါတယ်ဗျာ။ အဲဒီလူတွေကို ဥပဒေ အကြောင်းပြပြီး ဖမ်းဆီးအရေးယူမယ့်အစား
တရားဝင် ဆိုက်ကားနင်းခွင့်ရအောင် ကူညီပေးသင့်တယ်လို့ ထင်တယ်ဗျာ။ အဲဒါက ဆိုက်ကားပါ။
လမ်းဘေးဈေးရောင်းတဲ့ ဈေးသည်တွေဘဝကိုလည်းကြည့်ပါ။
စည်ပင်ရဲကဖမ်းရင် ပါသွားတဲ့ ပစ္စည်းပြန်ရဘို့ တရားမဝင်လိုက်ရွေးနေရတော့
မကောင်းမှုနဲ့ အသက်မွေးဖြစ်အောင် တွန်းအားပေးနေရာ ရောက်နေပြန်ရောဗျာ။
ပြန်စဉ်းစား ကြည့်ရင် လမ်းဘေးဈေးရောင်းတာဟာ လမ်းသွားလမ်းလာတွေအတွက်
အနှောက်အယှက်ဖြစ်တာကလွဲရင် သမာအာဇီဝပဲဗျာ။
အဲဒီလိုလူတွေကို ကူညီပေးသင့်တယ် ထင်တယ်ဗျာ။ ဖမ်းဆီးပြီး ဒုက္ခပေးလိုက်တော့
နောက်ဆုံး ခိုးဆိုးတိုက်ခိုက် စားတဲ့လူတွေ ဖြစ်သွားရောပေါ့။
ပြောရရင်တော့ ကောင်းရောင်းကောင်းဝယ် တကယ်လုပ်စားချင်တဲ့လူတွေကို
ဒုက္ခပေးတဲ့ ဥပဒေ အသုံးချ ပြည်သူ့ဝန်ထမ်းတွေကိုလည်း ပျင်းပျင်းထန်ထန် အရေးယူသင့်
တယ်လို့ ထင်ပါတယ်ဗျို့။
စိတ်ကူးထဲ ပေါ်လာတာလေး ဝင်မန့်သွားတာပါ။ မနက်ဖြန် ဆက်ဦးမည်။
comegyi
December 25, 2011 at 11:30 pm
ကိုသစ်ရေ့ ကျွန်တော်ကတော့
ပါဝင်ဆွေးနွေးဖို့ဆိုတာထက်
လိုက်နာနိုင်ဖို့
အရင်ဆုံးကြိုးစားရ
မှာပါဗျ…..
TTNU
December 26, 2011 at 12:26 am
၁၀။ မကောင်းသောပါတ်ဝန်းကျင်နှင့် နေသားကျနေသော ဘဝများကြောင့်
ကောင်းသောလုပ်ရပ်တခုခုကိုလုပ်သင့်သည်ကိုသိနေပါလျှက်နဲ့လုပ်ရမှာကို
ရှက်နေတတ်သော စိတ်ဓာတ်များကိုပြုပြင်လာစေရန်။
တာဝန်ရှိသောနေရာတွင်မိမိတာဝန်ကျေတတ်စေရန်။
ကိုသစ်ရေ…
တီချာ ပြောပြချင်တာလေးတစ်ခုပါ။
ဟိုလေ.. မကောင်းသောပါတ်ဝန်းကျင်ကတော့ မဟုတ်ပါဘူး။ 🙂
အဆုံးအမ ကြဲပါးတဲ့ မိဘ ဆွေမျိုး အသိုင်းအဝိုင်း နှင့်နေသားကျနေတဲ့ ကလေးတွေ၊
ကောင်းတဲ့ လုပ်ရပ်ကိုလုပ်ရမှာ ရှက်နေတဲ့ စိတ်ဓာတ်ကိုပြုပြင်ဖို့ လိုအပ်ကြောင်းလေးပါ။
ဟိုတစ်နေ့ဆီက မိတ်ဆွေတစ်ယောက်အိမ်တက်ပွဲကိုရောက်တော့ ဘုန်းကြီးဆွမ်းကပ်
နေတုန်း ရောက်သွားပါတယ်။ ကိုယ်တွေလည်းဝင်ထိုင် ကန်တော့ကြ၊ ဆွမ်းဘုန်းပေးပြီးတဲ့
ဘုန်းတော်ကြီးကို စကားစမြည်တင်လျှောက်ကြပေါ့။ ဒါနဲ့ အိမ်ရှင့်သမီးရဲ ့ သူငယ်ချင်းမလေးတွေ
ရောက်လာကြတော့ လာကြ ထိုင်ကြဆိုပြီးနေရာဖယ်ပေးတော့
” တော်ပြီ ကြီးကြီး ” ဆိုပြီးအိမ်နောက်ထဲဝင်သွားကြရော။
ဘုန်းကြီးတွေ ပြန်ကြွသွားကြတဲ့အခါ ကိုသစ်ပြောသလိုပဲ (တာဝန်ရှိသောနေရာတွင်
မိမိတာဝန်ကျေတတ်စေရန်) ဆိုတဲ့ စိတ်နဲ့ (တာဝန်မရှိဘဲနဲ့) တီချာ မနေနှိုင်
မထိုင်နှိုင် ဝင် မေးမိပါတယ်။
“သမီးတို့ က ဘုန်းဘုန်းတွေ ဘာကြောင့် ဦးမချကြတာလဲ” (သူတို့ဗုဒ္ဓဘာသာမှန်းသိ၍)
“သမီးတို့က ဘုန်းကြီးတွေနဲ့ စကားမပြောတတ်ဘူး” တဲ့။
ဆရာမပီပီ ကိုယ့်စိတ်ထဲမှာတော့ တယ်ဘဝင်မကျချင်ဘူးပေါ့ ကိုသစ်ရယ်။ သူတို့ မိဘတွေ
အဆုံးအမကြဲပါးတာ ၊ ကောင်းတဲ့လုပ်ရပ်တခုခုကို လုပ်သင့်သည်ကိုသိနေပါလျက်နဲ့
လုပ်ရမှာကို ရှက်နေတတ်တဲ့ (လုပ်နေမကျလို့ မလုပ်ချင်တဲ့) စိတ်ဓာတ်များကိုပြုပြင်ပေးဖို့
ကြိုးစားကြည့်ချင်သားပေါ့။
ကိုသစ်ပြောသလိုလေ သူတို့လေးတွေ သဘောထားမှန်မှ အပြုအမူမှန်မယ်၊ ပြီးတော့ကွဲလွဲချက်
တွေကိုညှိနှိုင်း လုပ်ဆောင်နိုင်မယ်။(ABC)
တီချာတို့ လူကြီးတွေဘက်ကလည်း ထောက်ပြပြောဆိုနိုင်ခွင့်၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု
ကိုသစ်ပြောပြတဲ့ (ART) ဆိုတာကို
လူကြီးမှာပဲဖြစ်ဖြစ် လူငယ်မှာပဲဖြစ်ဖြစ်ရှိရမဲ့အရာတွေပါ။
ဒါမှ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်အောင်မြင်မှာပါ။
အိမ်တက်အလှူကနေ တီချာ မအီစလည်ကြီးပြန်လာခဲ့တယ်။ ကိုသစ်ရေ.. သူတို့ ဘုန်းကြီးမကန်
တော့လို့ ဖြစ်တဲ့စိတ်ထက် “သမီးတို့က ဘုန်းကြီးတွေနဲ့ စကားမပြောတတ်ဘူး” ဆိုတဲ့ Utterance
ကို အစာမကြေခဲ့တာပါကွယ်။
ဒါပေမဲ့ …တီချာကတော့ လမ်းကြုံတိုင်း ဝင်ပြင်နေဖြစ်ဦးမယ်ထင်ပါရဲ ့ကွယ်။
koaung
December 26, 2011 at 5:12 am
ငယ်စဉ်တုံးက ပညာသင်ကြားခဲ့စဉ်အခါ ဆရာများ ကျောင်းခန်းမှာကျောင်းသားတွေကို ဆုံးမစဉ်ကကျောင်းသားတွေလိုက်နာရမဲ့ကျင့်ဝတ်များအနေနဲ့ စု၊တု၊ပြု ကျောင်းသင်ခန်းစာပို့ချချက်များပေါ့ဗျာ (တကယ်လဲဆရာ့စကားအတိုင်းလိုက်နာကျင့်သုံးခဲ့ပါတယ်) တ ကယ်လဲဘဝတလျှောက်လုံး လေ့လာကျင့်သုံးခဲ့ရတယ်
အခုဒီအချိန်ဒီအရွယ်ရောက်လာတော့ စနစ်၊အသိ၊သတိ ဆိုတာလေးပါတိုးလာခဲ့ပါတယ် အသက်နဲ့အမျှ လေ့လာခဲ့သမျှ ကျင့်သုံးခဲ့သမျှပေါ့
ဗျာ နေရာတခုအစိတ်အပိုင်းတခုပဲဖြစ်ဖြစ် ဦးဆောင်တော့မယ်ဆိုရင်တော့ အမြဲဆောင်သင့်တဲ့ကျင့်ဝတ်ပဲပေါ့ဗျာ
၁ စနစ် မှာကတော့ နည်းပညာအတတ်ပညာများ (မသိရင်သိအောင်လုဎ်၊သိပြီးတတ်ပြီးရင်လဲ တိုးတက်ပြန့်ပွါးအောင်လုဎ်)
၂ အသိ အမှားအမှန် အဆိုးအကောင်း ကိုခွဲခြားတတ်ခြင်း (မှန်ကန်မှု ဖြင့် ရပ်တည်ရှင်သန်ခြင်း)
၃ သတိ လုဎ်နေတဲ့အလုဎ် လျှောက်နေတဲ့လမ်း မှားနေ၊မှန်နေတာကိုသိဖို့ (မှားတာသိရင်ပြင်ဖို့ မှန်နေရင်အမှန်အတိုင်းရေရှည်ဆက်လှမ်းနိုင်ဖို့)
အဲဒါတွေ လေ့လာခဲ့မိပါတယ် ဗျာ (တက်သစ်စလူငယ် များအား ဝေငှပါ၏)
ဆရာသစ်မင်းရေ ဆက်ပါဗျိုး လေးစားလျှက်
thit min
December 26, 2011 at 9:06 am
Reply-4
ဦးဦးရေ
ကျေးဇူးပါဗျာ။
ဆွေးနွေးပေးပါအုန်းလို့။
~~~~~~~~~~~(^^)~~~~~~~~~~
ကိုပေါက်ရေ
မှန်ပါတယ်။
နမူနာပြနေပြီးပြောမှ ကိုယ့်စကားအောင်မှာပေါ့။
ဒါပေမဲ့ ချွင်းချက်ကလေးတခုတော့ရှိမယ်ထင်တယ်နော်။
ကောင်းသောစကားဆိုတာ ဘယ်သူပြောပြောမှန်နေမှာမို့ လက်ခံသူဘက်ကခံယူမှူကပိုပြီး
အဓိကကျမယ်လို့လဲ တွေးမိပါတယ်။
ကျနော်တို့ ကြုံဘူးကြတယ်ဗျာ။
ဟိုအရက်သမားကြီးပြောသွားတာမှန်လိုက်တာဆိုတာမျိုးပေါ့နော်။
မိုးကတော့ရွာမှာဘဲ ရေခံတတ်မှရမှာပါဘဲ။
အသိတရားရှိလာအောင်လုပ်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။
ကိုပေါက်ပြောတဲ့ “တန်ရဲ့လား” ဆိုတာမျိုးပေါ့ဗျာ။ သိပ်ကောင်းပါတယ်။
ကျေးဇူးပါခင်ဗျာ။
~~~~~~~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~~~
ကိုဘလက်ရေ
၁။လမ်းဘေးဈေးသည်တွေကိုလည်း လမ်းသွားလမ်းလာတွေကိုအနှောင့်အယှက်မဖြစ်အောင် နေရာ
စနစ်တကျလုပ်ပေးဖို့လိုပါတယ်။
၂။တိကျတဲ့ စည်းကမ်းတွေထုတ်ပြီး၊ မလိုက်နာရင်အရေးယူတာမျိုးလဲလိုပါတယ်။
၃။လာဘ်စားပြီးလုပ်ချင်ရာလုပ်နေတဲ့ဝန်ထမ်း၊မတရားတဲ့ဝန်ထမ်းတွေဆိုရင်လည်းတိုင်ကြားအရေးယူဖို့လို
ပါတယ်။
——————————————————————————
“ဖမ်းဆီးပြီး ဒုက္ခပေးလိုက်တော့နောက်ဆုံး ခိုးဆိုးတိုက်ခိုက် စားတဲ့လူတွေ ဖြစ်သွားရောပေါ့။”
——————————————————————————-
၄။ တရားသဖြင့်ရှာဖွေစားသောက်ပါရက်နဲ့ သက်ဆိုင်ရာရဲ့အရေးယူမှုကြောင့် မတရားတာလုပ်စားရမယ်ဆို
တဲ့ ဘဝကိုတော့ မရောက်အောင်ထိန်းရမှာကတော့ ကာယကံရှင်ကိုယ်တိုင်ပါဘဲ။
ဒီလိုတွေပြောလိုက်လို့ တမျိုးမထင်ပါနဲ့နော်။
ကျနော်ကိုယ်တိုင်ကိုဘဝကိုအခက်အခဲများစွာကျော်ဖြတ်လာခဲ့ရသူပါဘဲဗျာ။
ခံနိုင်ရည်မရှိတော့တဲ့အဆုံးထိရောက်အောင် သွားခဲ့ဘူးပါတယ်။ ဘာဘဲဖြစ်ဖြစ်ကျော်လွှားရမှာကတော့
“စိတ်ခွန်အား” ပါဘဲ။
~~~~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~
ကိုကမ်းကြီးရေ
ကိုကမ်းကြီးရဲ့အတွေ့အကြုံတွေအရ ရေးနိုင်တာလေးတွေရှိမှာပါ။
အားပေးကူညီရေးပေးပါအုန်းနော်။
~~~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~~~
တီတီနုရေ
မှန်ပါတယ်ခင်ဗျာ။လုပ်ရမဲ့တာဝန်ရှိပါတယ်။
သူတို့လေးတွေ အခုလတ်တလော မလိုက်နာ(သေး)ရင်တောင် တီတီနုပြောလိုက်တဲ့ စကားလေးတွေကို
တချိန်ချိန်မှာတော့ “Awareness” ဖြစ်မှာ သေချာပါတယ်။
အလဟဿဖြစ်မှာမဟုတ်ပါဘူး။ ကျနော်တို့ ” Wild animals” တွေကို လိမ်မာအောင်သင်နိုင်ခဲ့တဲ့လူသားတွေဘဲဗျာ။
လူ့အသိနဲ့နေသူလူစစ်စစ်တွေက ပိုပြီးနားလည်လွယ်ပါလိမ့်မယ်။
အချိန်တော့ယူရမယ်ပေါ့ခင်ဗျာ။
~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~
ကိုအောင်ရေ
အရမ်းကိုကောင်းပါတယ်။
ကျနော့ရဲ့ မူရင်းပို့စ်ထဲမှာ ဖြည့်လိုက်ပါတယ်။
ကျေးဇူးပါ။အားပေးပါအုန်းနော်။
~~~~~~~~~~~~~~~~(^^)~~~~~~~~~~~~~~~~~~~
htoosan
December 26, 2011 at 1:23 pm
ဆြာသစ်ရေ.. တကယ့် ဆီမီနာ ဆိုရင်တော့ ဒုက္ခောဘဲ .. ဘာပြောရမှန်းမသိလို့ ။ ဂေဇက် ဆီမီနာဆိုတော့ ရေးလိုက် ပြန်ဖတ်ပြီး မကြိုက်လို့ ပြန် ဖျက်လိုက် ၊ ပြန်ထွက်သွားလိုက်နဲ့ ။ တော်သေးတယ်။ 😀 😀
အကြမ်းဖျင်း ပြောရရင်တော့ ဘာလုပ်လုပ် မလုပ်ခင်မှာ
“မည်သူမပြု မိမိမှု့”
ဆိုတာလေး အမြဲတန်းသတိတယ ရှိနေစေချင်ကြတယ် ။
နီကီတာ
December 26, 2011 at 1:44 pm
၆။ဘတ်စ်ကားပေါ်တွင် သက်ကြီးရွယ်အိုများအား နေရာဖယ်ပေးခြင်းမှသည်၊ လိုအပ်နေသူကိုတတ်နိုင်
သလောက် အကူအညီပေးခြင်းဟူသော လူလူချင်းထားရှိအပ်သည့်စေတနာစိတ်၊အကြင်နာစိတ်များ
တိုးတက်ဖြစ်ပေါ်လာအောင်ပြုပြင်နိုင်ရန်။
>>>>
အခုတစ်လော ဘတ်စ်ကားတွေပေါ်မှာတွေ့နေရတာတော့
အများစုုသော ယောကျာ်းသားများက ထိုင်နေ၍
အနည်းစုသာ နေရာရသော အမျိုးသမီးများက သက်ကြီးရွယ်အိုတွေ အတွက် နေရာပေးနေကြတာကိုပဲ..။
ဒီဆီမီနာကနေ
ဒီလိုကောင်းသော စိတ်ဓာတ်တွေကို MG ရွားသူားတွေက လိုက်နာကျင့်သုံး
အဲဒီကမှ သူတို့ရဲ့ မိသားစု
အဲဒီကမှ သူတို့ရဲ့ ပတ်ဝန်းကျင်
ဒီလိုနဲ့ လူသားမျိုးနွယ်တစ်စုလုံး ပြုပြင်ပြောင်းလဲနိုင်ပါစေလို့
စိတ်အရင်းခံနဲ့ဆုတောင်ပေးပါတယ်….။
blackchaw
December 26, 2011 at 1:56 pm
ကိုသစ်ရေ။
မနေ့က မင်္ဂလာဆောင်တစ်ခုသွား ရပါတယ်။
ဘေးမှာ အာဘောင်အာရင်း တော်တော် သန်တဲ့ ပဲကုန်သည် တစ်ယောက်က
တစ်ဝိုင်းလုံးကို ဦးဆောင်ပါတယ်။
သူပြောတာလေးက စဉ်းစားစရာပါ။
သူ့ ပွဲရုံမှာ တဲ့။ ပဲကောက်တဲ့ ကောင်မလေးတစ်ယောက်က တစ်နေကုန်
ထိုင်ရွေးမှ တစ်ထောင့်ငါးရာလောက် ရပါတယ်တဲ့။
အဲဒီမှာ ညမိုးချုပ်လို့ အိမ်ပြန်ရောက်မှ ဆန်နို့ဆီဗူး လေးလုံးလောက်ပြေးဝယ်။
အဲဒီဆန်လေးလုံးကလည်း မူရင်းပေါက်ဈေးထက် အမြတ်တော်တော်တင်ပြီး ဝယ်ရတာပါတဲ့။
နောက် စားအုန်းဆီ တစ်ဆယ်သားကို ပလတ်စတစ်အိတ်လေးနဲ့ ထုတ်ရောင်းတာလေးကို ဝယ်။
အဲဒီစားအုန်းဆီကလည်း တစ်ပိသာလုံးဝယ်ရင် ဈေးသက်သာပြီး တစ်ဆယ်သားချင်း ဝယ်ရင်
ဈေးကြီးပေးရပြန်တယ်တဲ့။ အဲဒီတော့ စားတဲ့ ဆန်နဲ့ ဆီ မှာတင် သူတို့ လုပ်ခလေးထဲက
အမြတ်စားခြင်းခံရတာက ၂ဝ ရာခိုင်နှုန်းလောက်ရှိပါတယ်တဲ့။
ဆိုလိုတာက ရတဲ့ တစ်နေ့လုပ်ခ ၁၅၀ဝ မှာ ၂ဝ ရာနှုန်းလောက်က လက်လီရောင်းတဲ့ ဆိုင်တွေကို
အမြတ်ပေးလိုက်ရတော့ ၁၂၀ဝ ပဲ တန်ဘိုးရှိတော့တာ လို့ ပြောတာပါ။
အဲဒီလူက စကားလုံးကြီးကြီးတွေနဲ့ ဆက်ပြောပြန်ပါတယ်။
ဘလက်ကလည်း လေဘယ်လေးကို ချပေးထားတဲ့ ငါးမုန့်ကြော်လေး တမြုံ့မြုံ့ ဝါးရင်း
နားမထောင်လည်း ကြားနေရတော့ နားထောင်နေရတယ်ဗျာ။
ဆင်းရဲမှု ပပျောက်ရေး လုပ်ချင်ရင်တဲ့။
ဆင်းရဲသားတွေဆီက အမြတ်ကြီးစား ဂုတ်သွေးစုတ်နေတဲ့
ဆိုင်ရှင်တွေကိုလည်း ထိန်းချုပ်ဘို့ လိုပါတယ်တဲ့။
ဒါ မင်္ဂလာဆောင် သွားရင်း ဘလက်ကြားခဲ့တာလေးပါ။
သူပြောတာလည်း ဟုတ်တော့ဟုတ်တယ်ဗျ။
တစ်နေ့လုံးလုပ်မှ ရတဲ့ လုပ်ခ လေးထဲကနေ ၂ဝ ရာခိုင်နှုန်းလောက်ကို
အခွန်ကောက်သလို အကောက်ခံထားရတော့ ဒီလူဆင်းရဲ ဘယ်လိုလုပ်
ဆင်းရဲတွင်းထဲက တက်နိုင်တော့မှာလဲဗျာ။
နားဦးမယ် ကိုသစ်ရေ။ ဆိုင်လား မဆိုင်လား မသိ။
ကြားလာတာလေး ပြန်ဆွေးနွေး ကြည့်တာပါ။
nature
December 28, 2011 at 10:25 pm
ဈေးကွက်သဘောတရားကို အာဏာနဲ့ ထိမ်းချုပ်ဖို့မသင့်ဘူးလို့ယူဆပါတယ်။ လက်လီဈေးနဲ့လက်ကားဈေးဆိုတာကတော့ကွာတတ်ပါတယ်။ တကယ်ထိမ်းချင်တယ်ဆိုရင်အဲဒီလုပ်ငန်းရှင်ဟာ ဆန်ကို အိတ်လိုက်လက်ကားဈေးနဲ့ဝယ်ပြီး ညနေအလုပ်သိမ်းချိန်ကြရင် အလုပ်သမားတွေကို အမြတ်မယူပဲ ပြန်ရောင်းပေးတဲ့နည်းနဲ့ဖြေရှင်းရင် အာဏာသုံးရာမရောက်ဘူး။ အလုပ်သမားတွေလည်းဈေးသက်သက်သာသာနဲ့ရမယ်။
etone
December 26, 2011 at 4:52 pm
၁၅။ မှန်သော၊ကောင်းသောလုပ်ရပ်များ၊လေ့လာသင့်သည်များ ကို ကိုယ်၏နောက်လိုက်မိသားစုဝင်
အပေါင်းအသင်းများကြားတွင် သိရှိလာစေရန်ကိုယ်ကိုတိုင် “လုပ်ပြ”နိုင်ရန်၊ မိမိကိုယ်ကိုအရည်အချင်း
(မနေ့ကထက်ဒီနေ့ပို)ရှိလာစေရန်။ ဆိုတာကတော့ … လွယ်မယောင်ယောင်နဲ့ ခက်ပါတယ် ကိုသစ်မင်းရေ … ။ လူတွေက ငွေများငွေနိုင်ဆိုသလိုပါပဲ .. ကမာ္ဘကြီးလုံးတာကို .. ပြားနေပါတယ် … အတင်းငြင်းလျှင်တောင်မှ … ငွေရှင် ကြေးရှင် .. အာဏာရှင်တွေဘက်က ဝင်ဖောပြီး ကမာ္ဘကြီးပြားပေးကြတယ် … ။ ဒီတော့ … ကိုယ့်လုပ်ရပ် ဆုံးဖြတ်ချက်က မှန်နေသည့်တိုင်အောင် … နောက်လိုက် မိသားစုဝင် .. .အပေါင်းသင်းတွေက …. မိမိအရည်ချင်းကို အသိမှတ်ပြုပါ့မလားဆိုတဲ့အတွေးမျိုး ကန့်လန့်တွေးဖူးတယ် … ။
အမှန်တရားကို လူတွေသိဖို့ … ကြိုးစားရတာ ခက်ခဲပေမယ့်… အမှားတစ်ခုကို နမူနာပြဖို့လည်း … ရ ိုးရှင်းလွယ်ကူလွန်းလှတယ် …. ။ မိမိရဲ့အရည်ချင်းဆိုတာကို သူများ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုနဲ့ ဆုံးဖြတ်မယ့်အစား … မိမိကိုယ်မိမိဆန်းစစ်ပြီး ပိုင်းခြား သုံးသပ်မယ်ဆို အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ် … ။
tt lay
December 26, 2011 at 5:09 pm
အလုပ်တွေမှားပြီး အမှားတွေမလုပ်ဖို့၊ အမှားတွေရှိရင် အမှန်တွေရင်မှာမွေး၊ အတိတ်က အရိပ်ကို ဖယ်ရှားပြီး အဟုတ်အမှန်ပိုင်ဆိုင်တဲ့ ပစ္စုပ္ပုန်ကို အားမလျော့တဲ့စိတ်နဲ့ ကြိုးစားပြီး မလာသေးတဲ့ အနာဂတ်ကို ဒီကနေ့ကစလို့ လျှောက်လှမ်းနိုင်တဲ့စိတ်မျိုး ကောင်းမွန်မှန်ကန်တဲ့စိတ်မျိုး မွေးမြူနိုင်ကြရင် အကောင်းဆုံးပဲပေါ့နော် ကိုသစ်မင်းရေ။
manawphyulay
December 26, 2011 at 7:06 pm
လူတိုင်းမှာ ကိုယ်ပိုင်အသိနဲ့ လိုက်နာနိုင်ရင် အတိုင်းထက်အလွန်ပါပဲ။ ခုက ကားပေါ်မှာ သက်ကြီးရွယ်အိုမပြောနဲ့ သံဃာဦးစားပေးပါ ခုံမှာ အခန့်သား ထိုင်နေကြတဲ့ အမျိုးသားတွေတစ်ပုံကြီးကို ဘယ်လိုလုပ်မလဲ။ ကိုယ်က မတ်တတ်ရပ်နေတဲ့သူက ထပေးလိုက်သွားပြောရလည်းအခက် သူမထိုင်ရလို့ဆိုတဲ့မျက်လုံးနဲ့ကြည့်နေမှာလည်း မြင်ယောင်သေးတယ်။ သူများကို ပြုပြင်ပါဆိုတာထက် မနောကတော့ ကိုယ်တိုင်ပဲ အမြဲပြုပြင်နေမိတယ်။ ဒါပေမယ့် တစ်ယောက်ကောင်းလို့ တစ်ရွာလုံးမကောင်းဘူးဆိုတာ သိပေမယ့် တစ်ရွာလုံးသာ ကောင်းလာကြမယ်ဆိုရင် တစ်နိုင်လုံးလည်း ပြောစရာမရှိဘူးလို့မြင်မိပါတယ်။ အများအားဖြင့်က ကိုယ့်မျက်ချေးထက် သူများမျက်ချေးပဲ မြင်နေကြတာ ခပ်များများရယ်ဆိုတော့လည်း နောက်ပြီး မျက်စိတစ်ဆုံးမကြည့်ပဲ မျက်တောင်တစ်ဆုံးပဲ ကြည့်ကျတယ်။ ကိုယ့်ကတော့ ကိုယ်စေတနာ အကျိုးပေးတယ်လို့ပဲ ခံယူထားတယ်။ သူများ ကိုယ့်ပေါ်ကောင်းသည်ပဲဖြစ်စေ မကောင်းသည်ပဲဖြစ်စေ ကိုယ်ကတော့ ကောင်းအောင်နေမယ်ဆိုတဲ့အတွေးပဲ အမြဲရှိပြီး စိတ်ထဲမှာ ဘယ်အရာပဲဖြစ်ဖြစ် အမြင်မတော်တွေ ကူညီတတ်သလို ပြောစရာရှိပြောတော့ လူမုန်းလည်း များတယ်လေ။ နှစ်သစ်မှာလည်း ဒီတိုင်းပဲ မပြောင်းလဲနေသွားမယ်လို့ စိတ်ကူးအတွေးရှိပါတယ်။
etone
December 28, 2011 at 11:38 am
အစ်မ မနောရေ … ကျွန်မလည်း အဲ့ဒီအတွေးမျိုး အရင်ကတွေးဖူးတယ် .. ယောကျာ်းကြီးတန်မဲ့ .. ထိုင်ခုံနေရာ လုထိုင်ရသလားလို့ပေါ့… နောက်ပိုင်း နှစ်ဖက် မျှတွေးတတ်ဖို့ ကြိုးစားတော့မှ … မတူတဲ့ ထောင့်က အတွေးမျိုး ပေါ်လာခဲ့တာပါပဲ … ..
သူတို့လည်း လွန်ဆန်လို့မရတဲ့ သဘာဝ အရ ..ယောကျာ်းဖြစ်ရပေမယ့် … လူသား ၊ အသွေးနဲ့ အသားနဲ့မို့ .. ညောင်းညာ စိတ်ညစ်တတ်ကြမှာပါပဲ … ဒါ့ကြောင့် လူကြပ်နေတဲ့ ကားမျိုးဆို … ချွေးနံ့တစီစီကြား ဒယိမ်းဒယိုင်မရပ်ချင်တာ … သဘာဝပါပဲ … ယောကျာ်းဖြစ်လို့ အနစ်နာခံရမယ် .. မိန်းမမို့ အားနွဲ့လို့ ထပေးရမယ်ဆိုတာ … ဟိုးခေတ်မှာ ကျန်ခဲ့ပါပြီး … သံဃာတော်ကြွလာလျှင်တော့ … လူတွေကြားရောနှောမစီးသင့်လို့ .. နေရာထပေးရတာမျိုးက တမျိုးပေါ့လေ … ။
ဒီခေတ်မှာ ယောကျာ်း ၊ မိန်းမ တန်းစား ခွဲမနေသင့်တော့ပါဘူး … ။ ဘတ်စ်ကားလိုမျိုးက ဦးရာလူစနစ်ပါပဲ … ကိုုယ့်ရှေ့ကလူထသွားလို့ ကိုယ်ဝင်ထိုင်တာ ဘယ်သူမဆို လုပ်ခွင့်ရှိပါတယ် … ။ ဒါကို … လေးငါးယောက်ကျော်က မိန်းမက မိန်းမဖြစ်လို့ အားနွဲ ့တယ်ဆိုတဲ့ ဂေါက်တောက်တောက်အတွေးနဲ့ ….. အတင်းဝင်လုထိုင်တာမျိုးကမှ အရုပ်ဆိုးအကျဉ်းတန်စရာကောင်းတာပါ … ။
မိန်းကလေးတွေ ကိုယ်ဝန်ဆောင်နိုင်တာကလွဲလျှင် ယောကျာ်းလေးတွေနဲ့ သိပ်မကွာဘူး … ဒါကို ပျော့ညံ့ညံ့မိန်းမတွေ ရှိနေသေးလို့ …. မိန်းမတွေ အားနွဲ့တယ် .. ပျော့ညံ့တယ် .. အပင်ပန်းမခံနိုင်ဘူး … ဆိုတဲ့ အသံတွေ ထွက်နေသေးတာပဲ …. ။
ရဲရင့်ပွင့်လင်း ရိုးဝသားထက်မြက်တဲ့ မိန်းမအဖြစ် မိမိကိုယ်ကို ပြောင်းလဲနိုင်ကြပါစေလို့ … ဆန္ဒပြုရင်း …………………….. ။ ။ 🙂
thit min
December 28, 2011 at 11:49 am
Reply-5
သိပ်ကောင်းတာဘဲ။
ဒီလိုနိုင်ငံမျိုးမှာတောင်အဲဒီလိုမတွေးတဲ့သူတွေအများကြီး။
မိန်းမတွေဖက်ကကြည့်တော့ မိန်းမတွေကို လုပ်ခလျှော့ပေးကြတယ်လို့ ကွန်ပလိန်းတွေတက်ဘူး
တယ်ပေါ့နော်။ ကဘာ့အဆင့် ဂျဲန်ဒါ ကေ့စ်တွေမှာ။
ဒီမှာကတော့ ဟေ့ ယောက်ကျားတွေ နစ်နာတာ။
မိန်းမ တွေနဲ့ လုပ်ခ တူတူပေးထားပြီး ခင်ဗျားက ယောက်ကျားမလို့ပင်ပန်းတဲ့နေရာမှာနေပါ၊
ပိုလုပ်ပါတဲ့။ ရတော့အတူတူဘဲ။
သွေးနဲ့ကိုယ်သားနဲ့ကိုယ် ယောက်ကျားလဲ ပင်ပန်းတာပေါ့ဆိုတာ ဟုတ်လိုက်လေဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲဒီလိုမိန်းကလေးတွေဖက်ကနားလည်ပေးပြီးတော့
အဲ နောက်တခုကတော့ မိန်းကလေးတွေလဲ ညောင်းညာရှာမှာဘဲ၊ ထိုင်ချင်ရှာမှာဘဲဆိုတဲ့ စိတ်ဓာတ်မျိုး
ယောက်ကျားတွေဖက်ကပြန်ထားပေးပြီးကိုယ့်နှမလေးကိုယ်စောင့်ရှောက်သလိုပေါ့နော
တတ်နိုင်ရင် ဖယ်ပေးလိုက်တာမျိုး လုပ်ပေးမယ်ဆိုရင်တော့
(^^)
etone
December 28, 2011 at 12:42 pm
ကိုသစ်မင်းရေ … ကျွန်မကတော့ မိန်းမမို့လို့ …အခွင့်ကောင်းယူရမှာထက် … ဖြစ်သင့်ဖြစ်ထိုက်လို့ ရတဲ့အခွင့်ရေးကိုပဲ ပိုတန်ဖိုးထားမိပါတော့တယ် … ။
Oo Oo
December 26, 2011 at 11:41 pm
ကိုသစ်ရေ..
ဦးဦးကတတ်သိနားလည်လို့တော့မဟုတ်ပါဘူး..ကိုသစ်ရဲ့မွန်မြတ်တဲ့စိတ်ဓါတ်ကိုလေးစားတဲ့အနေနဲ့
တတ်နိုင်သလောက် သဲတစ်ပွင့်အနေနဲ့ ပါဝင်အားဖြည့်ပေးလိုခြင်းသက်သက်မို့ အားနည်းချက်တွေတွေ့မိခဲ့ရင်
ထောက်ပြပေးကြပါရန် ကြိုတင်ပန်ကြားပါရစေ..
၁၅။ မှန်သော၊ကောင်းသောလုပ်ရပ်များ၊လေ့လာသင့်သည်များ ကို ကိုယ်၏နောက်လိုက်မိသားစုဝင်
အပေါင်းအသင်းများကြားတွင် သိရှိလာစေရန်ကိုယ်ကိုတိုင် “လုပ်ပြ”နိုင်ရန်၊ မိမိကိုယ်ကိုအရည်အချင်း
(မနေ့ကထက်ဒီနေ့ပို)ရှိလာစေရန်။
( ပို့စ်အသစ်တင်ဖို့အချိန်မရလို့..အမှတ်စဉ်(၁၅)အောက်မှာပဲဝင်ရောက်ဆွေးနွေးလိုက်ပါတယ်)
ကျွန်တော်မြန်မာပြည်မှာမကြာခနတွေ့မြင်နေရတာလေးတစ်ခုနဲ့ပတ်သက်ပြီး..စိတ်ထဲခိုးလုခုလုဖြစ်နေတာလေး
ရှိပါတယ်..ဥပမာ..စားသောက်ဆိုင်တွေမှာပေါ့ဗျာ..အစားအသောက်တွေမှာတယ်..တစ်ဝက်လောက်သာစား/သောက်ပြီး
ထားသွားတတ်ကြတယ်..တွေ့ဖူးတာအများစုကလူငယ်တွေပါ..သူတို့ကြည့်ရတာစတိုင်(လ်)တစ်ခုလိုကျင့်သုံးနေသလားထင်ရတယ်..ကုန်အောင်စားရင်ဘေးလူအမြင်မှာငတ်ကြီးကျတယ်လို့အထင်ခံရမှာများကြောက်နေကြသ
လားမပြောတတ်ပါဘူး..(ဟုတ်ခဲ့ရင်တော့..ဒါဟာတလွဲဆံပင်ကောင်းနေကြတာပဲ)..ဒီလိုပြုမှုခြင်းဟာအငတ်ဘေးသင့်တဲ့လူသားများနဲ့ စားချင်ပေမယ့် စားဖို့မတတ်နိုင်တဲ့လူသားများကိုစော်ကားရာရောက်/ပြစ်မှုကျုးလွန်ရာရောက်တယ်ဆိုတာ
မသိလေရောသလားလို့တွေးမိတယ်ဗျာ။
ကျွန်တော်ပြည်ပနိုင်ငံတခုကိုစရောက်တော့ မြန်မာပြည်မှာတုန်းကတက္ကသိုလ်မှာမေဂျာတူတက်ခဲတဲ့သူငယ်ချင်းနဲ့တွေ့ပြီး
နေ့လည်စာကိုစားသောက်ဆိုင်တစ်ခုမှာသွားစားဖြစ်ကြတယ်..ကျွန်တော်ကနဂိုထဲကကိုယ်စားနိုင်သလောက်ပဲမှာတတ်
တဲ့အကျင့်ရှိတယ်..သူငယ်ချင်းကတော့ကျွန်တော့်ကိုစားစေချင်လို့ပဲလားမသိ..သူစားဖူးတဲ့ထဲက ဟိုဟာလေးလဲကောင်းတယ်
ဒီဟာလေးလဲမဆိုးဘူးဆိုပြီးမှာရင်းနဲ့များသွားတယ်..ကျွန်တော်ကကုန်ပါ့မလားဟတ်ကောင်ရ..ငါအဲ့လောက်မစားနိုင်ဘူးနော်
လို့ပြောတော့သူကစားရင်ကုန်တယ်ဆိုပြီးဇွတ်မှာတာ..တစ်ထွာလောက်ပဲရှိတဲ့ဝမ်းဗိုက် နှစ်ယောက်မှ၂ ထွာရယ်လေ
ဘယ်ကုန်ပါ့မလဲ..အဲဒီမှာစတာပဲဗျ..ဆိုင်ရှင်ကဘယ်ထဲကကြည့်နေတယ်မသိဘူး..မစားနိုင်တော့မှန်းသိတော့..စားပွဲဝိုင်းနား
လာပြီးမျက်နှာချိုချိုလေးနဲ့လာပြောတယ်ဗျာ..နောက်ဆိုရင်စားနိုင်သလောက်ပဲမှာသင့်ပါတယ်တဲ့..မကုန်ပဲကျန်တာတွေက
အလွန်နှမျောစရာကောင်းကြောင်းနဲ့အာဖရိကဘက်ကဆာလောင်ငတ်မွတ်နေသောလူသားများကိုအားနာသင့်ကြောင်း
ပြောပြီးနှုတ်ဆက်ပါတယ်..အဲ့ဒီနေ့ကစပြီးကျွန်တော်လည်းကြုံတိုင်းလေ့လာကြည့်နေတာ..တကယ်ပဲသူတို့ဆီမှာအဲ့လိုဖြုန်းတီး
တာတော်တော်ကိုရှားတာပဲ..တကယ်လည်းအစားအသောက်ကိုဖြုန်းတီးတာဟာရှက်စရာအလွန်ကောင်းတယ်ဆိုတာ
မြန်မာပြည်ကစားသောက်ဆိုင်တွေမှာငွေကြေးတတ်နိုင်လို့များများမှာပြီးကုန်အောင်မစားတတ်တဲ့လူငယ်တွေကိုသိစေချင်ပါဘိဗျာ..
(လူတစ်ယောက်တစ်နပ်စာမှာထမင်းတစ်စေ့ပဲဖြုန်းတီးဦးတော့..မြန်မာပြည်လူဦးရေနဲ့ပြန်တွက်ရင်
ထမင်းတစ်နပ်စာမှာထမင်းစေ့ပေါင်းသန်း၆ဝလောက်အလဟသဖြစ်သွားရင်တိုင်းပြည်အတွက်အလွန်နှမျောစရာပါ)
Khin Latt
December 27, 2011 at 7:24 am
Thu Gyi – It said “duplicate comment detected” after 2 time submitting but there is no my proper comment here. HELP ME … PLEASE 🙂
{{မခင်လတ်ရဲ့ ကော်မန့်က စပန်ထဲ ရောက်နေတာ ကျနော်ယူထဲ့လိုက်ပါတယ် (^^) }}
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂။အကြောက်တရားများ၊အားကိုးရာရှာစိတ်ဓာတ်များကြောင့်”ကျ”ဆင်းနေသောကိုယ့်ကိုကိုယ်ယုံကြည်မှု
များကိုပြန်လည်ဖော်ထုတ်လာစေရန်။
ကျွန်မ ဒီအချက်ကို ဆွေးနွေးချင်ပါတယ်။
မိမိကိုယ် မိမိ ယုံကြည်မှု တည်ဆောက်မှု မှာ
(က) ကိုယ့်ကို ချစ်ခင်တဲ့၊ အားပေးနိုင်စွမ်းရှိတဲ့ လူများ နဲ့ စကားများများ ပြောသင့်ပါတယ်။
ဥပမာ – ကိုယ့်မှာအဲဒီလို ပြင်ပ မိတ်ဆွေ မရှိခဲ့ရင် ဂေဇက်ထဲမှာ လာဆွေးနွေးလို့ ရပါတယ် မဟုတ်လား။ မြန်မာပြည်ထဲမှာ စာပေဟောပြောပွဲတွေ များများလုပ်ပေးနိုင်ရင် တော့ Internet မသုံးနိုင်တဲ့ လူတွေအတွက် အတော်လေး အကျိုးရှိပါမယ်။
(ခ) ဘယ်သူမှ Perfect မဖြစ်ပါဘူးလို့ တွေးထားပါ။
ဒါဟာ လောကကြီးမှာ တကဲ့ အမှန်တရားပါဘဲ။ ဘုရား၊ ရဟန္တာ တွေ ကလွဲလို့ ကျန်လူ တွေ မှာတော့ ချို့ယွင်းချက် ဆိုတာ အနည်းနဲ့ အများ လူတိုင်းမှာ ရှိပါတယ်။
ဒါပေမဲ့ ကိုယ် ဘယ်နေရာမျိုးမှာ ချို့ယွင်းချက် ရှိတာလဲလို့ သိအောင်ကြိုးစားပြီး ဖြစ်နိုင်သ၍ ကြိုးစားပြင်ရပါမယ်။
(ဂ) ကိုယ့်ကောင်းကွက်ကို ရှာပါ။
လူတိုင်းမှာ တစ်ကွက်ကောင်း တော့ အနည်းဆုံးရှိပါတယ်။ ကိုယ်ဘာလုပ်ရတာကို နှစ်သက် တယ်ဆိုတာ သိအောင် ကြိုးစားပြီး ပိုပြီး ထူးချွန်အောင်လုပ်ပါ။
– ဒီမှာပြဿနာ က ကျွန်မတို့နိုင်ငံကလူငယ် တွေဟာ ပညာရေးမှာ ကိုယ်စိတ်ဝင်စား တဲ့ ဘာသာကို လေ့လာ ရမှာထက် ပေါ်ပြူလာ ဖြစ်တဲ့၊ အလုပ်ရလွယ်တဲ့၊ ဝင်ငွေကောင်း မဲ့ ဘာသာရပ် တွေကို လိုက်ကြလေ့ ရှိပါတယ်။ ပညာရေး စနစ် နဲ့ အနာဂါတ် အလုပ်အကိုင် အခွင့်အလမ်း က မှမရေရာတော့ သူတို့ ကို အပြစ်မပြောသာ ပါဘူး။ အဲဒီအတွက်ကို တော့ နိုင်ငံတော် က စနစ်ကို သေချာအောင် ပြုပြင်ရမှာပါ။ ဒါကတော့ ပိုတတ်ကျွမ်းသူများ ပိုဆွေးနွေး နိုင်ပါမယ်။
(ဃ) ကိုယ့်အစွမ်းအစ ကို ကောင်းတဲ့ အမြင်နဲ့ အမြဲကြည့်နေပါ။
ကိုယ့်အစွမ်းအစ ကို ကိုယ်ယုံမှ တစ်ခြားသူများ ကလဲ ကိုယ့်ကို ယုံကြည် မှာပါ။
– ကိုယ့်ကိုကိုယ် တိုးတက်အောင် ကြိုးစားနေတဲ့ လူမှသာ ကိုယ့်အစွမ်းအစ ကို သိမှာပါ။ ဒီအတွက် ကတော့ သင့်တင့် တဲ့ ပညာတစ်ခု ကို ကျွမ်းကျင်ပိုင်နိုင်စွာ ရအောင် အရင် ကြိုးစားရပါမယ်။ ဒါဟာ ဒီဂရီ၊ ဘွဲ့ ကြီးကြီး တွေ ကို မဆိုလိုပါဘူး။ အဲဒါတွေ မရှိလဲ ဘဝ မှာအောင်မြင်နေသူတွေ အများကြီးပါ။
(င) သူတစ်ပါးကို ကူညီပါ။
သူများကို ကူညီရင်း ဖြစ်လာတဲ့ Positive စိတ် ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို တိုးပွါးစေပါတယ်။
– ဒီအတွက်ကတော့ ဖြစ်နိုင်သ၍ မိမိ အားလပ်ချိန်လေးတွေမှာ Volunteer အလုပ်မျိုးတွေ ရှာလုပ်နိုင်ပါတယ်။
(စ) အရေးအကြီးဆုံး အချက် ကတော့
“၁၃။ကောင်းသောစကားများ၊စာများဖတ်ပြီး ဟာဟုတ်တယ်ဟေ့ လုပ်ရမယ်ဟေ့ဟု ကြွတက် (တောက်လျှောက်တက်ကြွသောစိတ်မဟုတ်)စိတ်များဖြစ်သွားကြပြီး၊ နောက်ပိုင်းဆက်မလုပ်ဖြစ် မလိုက်နာဖြစ်သောစိတ်များကိုပြုပြင်ရန်။”
– ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်သာ ကျင့်ကြံ နိုင်ပါတယ်။ လက်တွေ့ တကယ်လုပ်ရင် ဖြစ်ပေမဲ့ အလွယ် နဲ့တော့ မဖြစ်ဘူးဆိုတာ သိထားရပါမယ်။ နဲနဲစမ်းလုပ်ကြည့်လိုက်၊ မဖြစ်လိုက်၊ လက်လျော့လိုက် ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည် လို့ကို မရဘဲ ဖြစ်နေပါမယ်။ လေသာများပြီး လက်တွေ့ မရှိသလို ဖြစ်ရင် အများ ကလဲ အယုံအကြည် ကင်းမဲ့နိုင်ပါတယ်။
PS- ကျွန်မ လဲ ဒီမှာ ဝင်ဝင် comment ပေးလိုက်၊ ကိုယ့်ကိုယ်ကို ပြန်ဝေဖန် သုံးသပ်လိုက် နဲ့ စိတ်ဓာတ် က တက်လိုက်၊ ကျလိုက် ဖြစ်ကာ ကြိုးစားဆဲပါဘဲ။
ဒီလို Reminder ရနေတဲ့ အတွက် ဂေဇက်ကိုရော၊ Seminar တွေကို ဦးဆောင်ပေးနေတဲ့ ဆရာသစ် ကိုပါ တကယ် ကျေးဇူးတင်ပါတယ်။
မှီငြမ်း – http://www.wikihow.com/Build-Self-Confidence
thit min
December 28, 2011 at 9:22 pm
Special reply-6
ကျနော်တခု ထပ်ဖြည့်ချင်ပါတယ်။
~~~~~~~~~~~~~~~~~~~~
(*)ကိုယ့်ဂရပ် ကိုယ်ဆွဲပါ။
~~~~~~~~~~~~~~~~~~~~
ဆိုလိုတာက သူများနဲ့နှိုင်းပြီး စိတ်အားမငယ်ဘဲ ကိုယ်ရဲ့တိုးတတ်မှုကို ယုံယုံကြည်ကြည်နဲ့
စိတ်ကူးဂရပ်လေးဆွဲကြည့်ပါ။
တိုးတက်မှုကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ၂မျိုးရှိပါတယ်။
ရုပ်ပိုင်းဆိုင်ရာကတော့ တရားမျှတသော ရရှိမှုဖြစ်ရပါမယ်.။
စိတ်ပိုင်းဆိုင်ရာကတော့ အများကြီးပါ။
အဓိကအချက်တွေကတော့
ကိုယ်ကျင့်တရား၊
အမှန်ကိုချစ်မြတ်နိုးမှု (ဗိုလ်ချုပ်ပြောခဲ့တဲ့စကားတွေ၊ဆရာမောင်စိန်ဝင်းပြန်ပြောပြပါတယ်)
အနစ်နာခံစိတ်
ကိုယ်မြင့်တဲ့နေရာမှာရှိရင် နိမ့်ကျတဲ့သူကို နှိမ်ချခြင်းမရှိတတ်တဲ့စိတ်
အမှားတွေ့ရင် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပြောပြတတ်တဲ့စိတ်
ငါဗိုလ်မလုပ်ရရင် အကုန်လုံးကိုပြဿနာရှာတတ်တဲ့ ညစ်တွန်းတွန်းတဲ့စိတ်
ကိုယ့်ထက်သာမနာလိုစိတ်
လူကိုလူလိုတန်ဖိုးမထားတတ်တဲ့စိတ်
ငါ့လောက် “တန်ခိုး” မကြီးတန်ရာ ဆိုတဲ့ အတ္တမာနစိတ်
ငါဟာအများအကျိုးဆောင်နေတဲ့လူကွ ဆိုတဲ့ ဒိဌိမာနစိတ်(ဆရာဦးရွှေအောင်၏ ကုသိုလ်နှင့်အကုသိုလ်မှ)
—————————–
အဲဒီလိုစိတ်မျိုးတွေ ငါဘယ်လောက်နဲသွားပြီလဲလို့ စိတ်ဂရပ်လေး ဆွဲကြည့်ပေါ့။
ကျနော် အရင်ကဆို ဒုစရိုက် ၁ဝ ပါး အပြားလေးဆယ် ကို စာရင်းလုပ်ပြီး အမှတ်ပေးကြည့်ဘူးတယ်။
ကိုယ်စိတ်နှလုံးတွေကို ထိန်းချုပ်စောင့်ကြည့်လိုက်တာ ကိုယ့်ကိုကိုယ်လဲ တော်တော်လန့်သွားတယ်။
ပါတ်ဝန်းကျင်ကလူတွေကိုလဲ တော်တော်ကို ကြောက်သွားတယ်။
များလိုက်တဲ့ အတ္တတွေ၊ မာနတွေ၊ လုပ်လိုက်မယ်ဟဲ့၊ချလိုက်မယ်ဟဲ့၊ ငါ့ကိုဘာမှတ်လဲဆိုတဲ့လူတွေကို
ရွံလာတယ်။
အပေါ်စီးက ဆရာလုပ်တတ်တဲ့ လေနဲ့လူတွေနဲ့ပါတ်သက်ရမဲ့အစား “ချီး”ကိုကြည့်ချင်တယ်။
အဲဒီလောက်ကျနော် ရွံသွားတယ်။
နောက်တော့ အဲဒီဟာလဲ မာနတမျိုးပါလားလို့မြင်လာတယ်။
ခုတော့ ခွင့်လွှတ်နိုင်အောင်နေတော့တယ်။ မပါတ်သက်ဘူးပေါ့။ဥပက္ခာပေါ့နော်။
အဲဒီအလေ့အကျင့်လုပ်တယ်။ မေတ္တာနဲ့မတန် ၊ဂရုဏာနဲ့မတန်၊မုဒိတာ တွေနဲ့မတန်လို့ ဥပက္ခာအဆင့်ဆို
တာ ရှိပါလားလို့ မြင်လာတယ်။ ကိုယ်သူ့လိုမဖြစ်အောင် နေရမယ် ဆိုတဲ့ သင်ခန်းစာရတယ်။
အဲဒီလိုနဲ့ စိတ်ကူးဂရပ်လေး တဆင့်တက်တယ်။ ဥပမာပြောပြတာပါ။
Khin Latt
January 2, 2012 at 5:57 am
အတော်မှတ်သား လိုက်နာသင့် တဲ့ အချက်ပါဘဲ ဆရာသစ်ရေ။
ကျေးဇူးပါနော်။
ဒီရက် ဆရာသစ် အသံတိတ်နေသလားလို့။ နေကောင်းပါရဲ့လားရှင့်။
နှစ်သစ်မှာရွှင်လန်း ချမ်းမြေ့ပါစေ။ 🙂
thit min
January 2, 2012 at 6:52 am
ဟုတ်ကဲ့ နေကောင်းပါတယ်ခင်ဗျာ။
အလုပ်အရမ်းများနေတာနဲ့ မရောက်ဖြစ်တာပါ။
မခင်လတ်လည်း လိုရာပြည့်ဝ လိုတရသော ၂၀၁၂ နှစ်သစ်ဖြစ်ပါစေခင်ဗျ။
ကျနော့အတွက်ဆုတောင်းပေးလို့လဲ ကျေးဇူးပါနော်..
ခင်မင်လေးစားစွာ
မောင်သစ်မင်း
ကြောင်ကြီး
December 27, 2011 at 12:16 pm
အခြေအနေကတော့ ကြက်ဥ ကြက်မ ဘယ်ကစလဲ အမေးလိုပဲ၊ ဒီကြားထဲ ဝင်ခုတ်မယ့် ကြောင်လည်းအဆင်သင့်။ အောင်မြင်ခါနီး ကြက်တခြံလုံး မျိုးပြုတ်စေမဲ့ ကြက်ငှက်တုပ်ကွေးရောဂါဆန်းလည်း ရှိတယ်။ အကောင်းဖက်ကပြောရင်တော့ ဘယ်ကစစ ကြက်များပေါက်ဖွားလာဖို့ အခြေအနေတော့ မြင်နေရပြီ။ အဲဒါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ခွင့်နဲ့ နိုင်ငံတကာ အကူအညီများ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာ ရလာတဲ့ နိုင်ငံတကာ အကူအညီများနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး စတာတွေကို လေးလေးနက်နက် ပျိုးထောင်သွားဖို့ပါ။ စီးပွားရေး ကုန်သွယ်ရေးဆိုတာ လုပ်သူများ အမြတ်အစွန်းရလို့ အတက်မြန် အကျမြန်တယ်၊ တိုးတက် ဆုတ်ယုတ်မှု သိသာတယ်။ နည်းလမ်း အခြေအနေတခု ဖန်တီးပေးလိုက်ရုံနဲ့ ဖြစ်အောင်လုပ်မယ့်သူတွေ နိုင်ငံတိုင်းမှာရှိတယ်။ ထွေထွေထူးထူး လိုက်တိုက်တွန်း ပညာပေးနေစရာ မလိုဘူး။ တာဝန်ရှိသူအပိုင်းက လိုအပ်သလောက် ထိန်းကျောင်းပေးနေရင် လုံလောက်ပြီ။
အများပြည်သူနဲ့ဆိုင်တဲ့ ကဏ္ဍများကြတော့ တိုင်းတာရ ခက်တယ်။ မအောင်မြင်ရင် လွှဲချလို့လွယ်တယ်။ ဘယ်သူ့မှာတာဝန်ရှိသလဲ တိတိကျကျ သတ်မှတ်ဖို့ခက်တယ်။ ပုဂ္ဂလိကစီးပွားရေးနဲ့ အများပြည်သူကဏ္ဍ ဟန်ချက်ညီညီ မတိုးတက်ရင် ဆြာသစ်ပြောတဲ့ အချက်များ အောင်မြင်ဖို့ မလွယ်ဘူး။ ချမ်းသာလာလည်း လူမှုရေး မညီမျှမှုများ၊ အကျင့်စာရိတ္တ ဖောက်ပြန်မှုမျာ ရှိနေအုံးမယ်။ သူတို့ကို တားဆီးနိုင်တာ အသိညဏ် ပညာဦးဆောင်တဲ့ လူမှုအသိုင်းအဝန်းပဲ ရှိတယ်။ ဒါကြောင့်မို့ မကြာခင် ရလာတော့မယ်ဆိုတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး အထောက်အပံ့များကို အသုံးချတတ်ကြပါလို့ ဆော်ဩပါတယ်။။။။။။
unclegyi1974
December 27, 2011 at 8:08 pm
၃။အူမ မတောင့်ခဲ့၍ သီလ မစောင့်နိုင်ခဲ့သော ဝန်ထမ်းဘဝမှ ဘဝ၏စိတ်ဖိအားများကိုထွက်ပေါက်ရှာရန်အတွက်
ဘီယာဖိုးကေတီဗီဖိုး မာဆတ်ဖိုး စသည်တို့အတွက် လာဘ်စားသောဝန်ထမ်းဘဝသို့ ရောက်နေခြင်းအတွက်
အမှားပြင် အမှန်ရောက် နည်းလမ်းများ ရှာဖွေနိုင်ရန်။
ကိုသစ်ရေ ခရီးသွားနေလို့ဒီနေ့မှပြန်ရောက်တာ
ကိုသစ်ပြောတဲ့ ၃ နံပါတ်အချက်ကိုနဲနဲဆွေးနွေးချင်ပါတယ်
အူမမတောင့်လို့သီလမစောင့်နိုင်တာကိုလက်ခံပါတယ်
စိတ်ထွက်ပေါက်ရှာပြီးဘီယာဆိုင်ရောက် ကေတီဗီရောက်မာဆတ်ရောက်ဆိုဒါကိုတော့
လက်မခံပါဖူးဗျာ
အူမတောင့်ရုံရှာစားလို့အလွန်ပိုမှဒီလိုနေရာတွေကိုရောက်နိုင်တာပါ
ဒီလိုလူမျိုးတွေရဲ့အဆင့်ကအူမတောင့်တာကိုစကားထဲထည့်ပြောတော့ဖူးထင်ပါတယ်
သူတို့လိုလူမျုးိတွေကိုအမှားြ့ပင်အမှန်ရောက်ဖို့ကတနည်းထဲရှိတယ်မှတ်ပါတယ်
အမှန်ကဝန်ထမ်းတွေရဲ့ဘဝလဘ်မစားဖို့အဓိကကသူတို့ရဲ့လစာလို့မြင်ပါတယ်ဗျာ
လစာကောင်းတဲ့ဝန်ထမ်းတွေနိုင်ငံခြားတွေမှာလဘ်စားနေတာကောလို့မပြောပါနဲ့
တော်နဲတဲ့အနဲစုလို့မြင်ပါတယ်
ဆိုတော့ကာကျွန်တော်တို့ငယ်စဉ်မှတ်ပုံတင်လုပ်တုန်းက ၁၉၇ဝ ဝန်းကျင်ခန့်
ကျွန်တော်မှတ်မိနေတယ် စာရေးကသူ့အလုပ်သူလုပ်သွားတာပါပဲဘာမှမတောင်ပါဖူး
မှတ်မှတ်ရရဒူးယားလေး ၁ ဗူးပေးတာသူ့ခဗျာလူမြင်မှာစိုးလို့စာရွက်ကလေးနဲ့အုပ်ထား
တာ အခုခေတ်နဲ့ဆိုသနားစရာတောင်ကောင်းပါတယ်
ဘာဖြစ်လို့မတောင်းတာလဲအဲဒီအချိန်ကအောက်တန်းစာရေးရဲ့လစာနဲ့သူ့ဘဝရပ်နိုင်တာ
အဓိကလို့ထင်ပါတယ်အလုပ်ပြုတ်သွားရင်ဆိုတဲ့စိတ်သူ့စိတ်ထဲရှိရမယ်
အခုခေတ်ကငါစားလို့အလုပ်ပြုတ်သွားလည်းဒီလစာဘယ်သွားရှာရှာကွမ်းယာရောင်းစားလည်း
ရတယ်ဆိုတဲ့စိတ်ကအဓိကလို့မြင်ပါတယ်
နောက်အရေးအကြီးဆုံးကကိုယ်ကျင့်သီလပျောက်နေတာပါ
နေရာတကာလူတိုင်းကလုပ်စားနေတဲ့အချိန်ဘယ်သူ့ဘယ်သူမှရှက်စရာလို့မမြင်ကြပါဖုူး
ဟိုတုန်းကလဘ်စားလို့အလုပ်ပြုတ်ရင်ကိုလူတောသိပ်မတိုးတော့ဖူး
ကိုယ်တိုင်ကရှိန်နေတာ အခုခေတ်ကလဘ်စားလို့ပြုတ်လည်းခပ်တည်တည်ပဲ
ဘယ်သူမှဘာမှမပြောဟဲဟဲဟဲ
ဆိုတော့ကာအဓိကကစိတ်ဓာတ်တွေပြောင်းအောင်အရင်လုပ်ရမယ်
ဘယ်လိုလုပ်ကြမလဲ
လစာတွေစားလောက်အောင်ပေးနိုင်ရမယ်ဘယ်လိုပေးမလဲ
thit min
December 27, 2011 at 8:18 pm
Reply-7
unclegyi1974ရေ
နေကောင်းရဲ့လားဗျို့။
ကျနော် ခရစ်စမတ်ဆုတောင်းလေးပေးထားပါတယ်နော်။”ဆုမွန်ကောင်း”ပို့စ်မှာ။
~~~~~~~~~~~~~~~~~~~~~~~~~
unclegyi1974ရေ
ဒီအခု ပို့စ်ရဲ ့ရည်ရွယ်ချက်က အပေါ်ပိုင်းအပါအဝင် တခြားသော “အကြောင်းရင်းတွေထက်”
မိမိကိုယ်ကို ပြုပြင်ရေးကိုစဉ်းစားတာပါခင်ဗျ။
အူမ မတောင့်လို့ သီလမစောင့်တာကနေ ကျော်တက်သွားသော လာဘ်စားမှုတွေဖြစ် နေပါပြီ။
အဲဒါတွေကို ဘယ်လို “ကိုယ်ဟာကို”ပြုပြင်မလဲ ဆိုတဲ့ အဖြေကိုရှာဘို့ ဖြစ်ပါတယ်။
မဖြစ်နိုင်ဘူးဆိုတဲ့ ဆင်ခြေမပေးကြေး၊ တဦးချင်းပြုပြင်ရေးပါခင်ဗျ။
အဖြေရှာပေးပါအုန်း။
~~~~~~လေးစားစွာဖြင့်(^^)
unclegyi1974
December 27, 2011 at 9:14 pm
တဦးချင်းပြုပြင်ရေးဆိုလို့
ဆယ်ကျော်သက်ကလေးများကတော့ရချင်ရမယ်
အလုပ်ခွင်ရောက်နေတဲ့လူကြီးများကတော့တယ်မမြင်ပါဖူးဗျာ
အကောင်းဆုံးကမူကြိုအဆင့်ကတည်းကိုကစိတ်ဓာတ်ခွန်အားများပေးနိုင်မှဖြစ်နိုု်င်မယ်လို့
ထင်ကြောင်းပါဗျာ
thit min
December 27, 2011 at 9:32 pm
Reply-8
ကလေးဘဝကတည်းကပြင်မှရတာဆိုတဲ့အမြင်ကို အားလုံးဘာလို့ တွေးနေတာလည်းဆိုတာ
အံ့ဩစရာပါဘဲဗျာ။ ပြင်ချင်စိတ်ပါ။ “စိတ်” ရှိရင်လုပ်လို့ရပါတယ်ဗျာ။
ကျနော် မောင်သစ်မင်းဟာ အသက် ၂ဝ ကျော်မှာသင့်တင့်သော ရာထူးလေးနဲ့ ဖနောင့်သံဆူးခဲ့ဘူးပါတယ်။
လူဆိုတာ ပြုပြင်နိုင်သော တွန်းအားတခုရှိလာရင်ပြုပြင်ပါတယ်။ “အသိတရား” လို့ပြောချင်လည်းပြောပါ။
ကျနော်ကတော့ “လက်တွေ့ပါ”၊ကိုယ်တွေ့ပါ။ စိတ်ကူးနဲ့ပြောနေသောစကားများမဟုတ်ပါဟု လေးစားစွာ
ပြန်ကြားပါသည်။
အကယ်၍မပြင်နိုင်ဘူးဆိုသော စကားကိုတော့ ကျနော်လုံးဝလက်မခံနိုင်ပါ။ မပြင်နိုင်”သေး”ဘူးတော့ဖြစ်ကောင်း
ဖြစ်နိုင်ပါသည်ခင်ဗျား။
လေးစားစွာဖြင့် (^^)မောင်သစ်မင်း
unclegyi1974
December 27, 2011 at 9:43 pm
ကိုသစ်ရေတဦးချင်း အများစုမဟုတ်
ဆိုရင် တဦးတယောက်ကဖြစ်နိုင်ပါတယ်ဖြစ်လည်းဖြစ်ပါတယ်လက်လည်းခံပါတယ်
အရိုးစွဲနေတဲ့အများစုကြီးအားလုံးကလည်းလက်ခံပြီးပျော်ပျော်ကြီးကျင့်ကြံနေထိုင်နေကြတာ
ကိုပြောင်းဖို့ကအတော်မလွယ်ဖူးနော်
thit min
December 27, 2011 at 9:48 pm
Reply-9
ဟုတ်ကဲ့ ခင်ဗျာ။
မှန်ပါတယ်။ ကျနော် အဲဒီ တယောက်ကိုဘဲ ရည်ရွယ်ပါတယ်။
သူကမှတဆင့်ပေါ့ခင်ဗျာ။
ခေတ်အဆက်ဆက်ပျက်စီးမှုကြီးဘဲခင်ဗျာ။အကုန်လုံးတခါတည်းမဖြစ်နိုင်ဘူးဆိုတာသိပ်မှန်ပါတယ်
ခင်ဗျာ။
လူဆိုးတွေ၊လူမိုက်တွေ အသက်ကြီးမှ ပြုပြင်ပြောင်းလဲသွားတဲ့အကြောင်းတွေကြားဘူးမှာပါခင်ဗျာ။
ဆိုးလွန်းလို့ ဘုန်းကြီးဝတ်ပေးလိုက်တာကို ဘုန်းကြီးဝတ်ကြီးနဲ့ ဒမြတိုက်တဲ့ ဦးဇင်းမျောက်ကြီးဆိုသူ
ဟာ နောက်ပိုင်းမှာအကျွတ်တရားရ ပြုပြင်လို့လူကောင်းကြီးဖြစ်သွားတဲ့အကြောင်းကျနော်ကြုံရင်”ရသ”
စာအနေနဲ့ရေးပါမယ်။သူ့ကို ကြည့်ပြီးအဲဒီ ရွာတရွာကလူတော်တော်များများ ကောင်းသွားတာတွေ့ဘူးပါတယ်ဗျ။
မြင်သာထင်သာရှိမှ မဟုတ်ပါဘူး၊သေးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မကောင်းတာဟာမကောင်းတာမလို့
ကိုယ်ဟာကို ပြင်နိုင်ရင် အကောင်းဖြစ်မှာပါဘဲ။
နောက်ပိုင်းနိုင်ငံက ကောင်းလာ”ခဲ့”မယ်ဆိုရင် ကျနော်တို့အဆင်သင့်မဖြစ်မှာစိုးရိမ်နေတာပါ။
ဥပဒေနဲ့ ထိန်းရတဲ့အနေအထားမျိုးဆိုတွေလဲ ရောက်လာနိုင်တယ်ပေါ့နော်။
ကိုယ်ကအရင်ပြင်ထားဖို့ လို သောအချိန်လို ထင်လို့ပါ။
ဆွေးနွေးပေးတာ ကျေးဇူးပါခင်ဗျာ။
small cat
December 28, 2011 at 7:11 am
“အူမတောင့်ရုံရှာစားလို့အလွန်ပိုမှဒီလိုနေရာတွေကိုရောက်နိုင်တာပါ”
ဟုတ်ပါတယ်၊ ကာတွေ မာတွေရောက်ဖို့ရှာတဲ့အဆင့်ဟာအထက်အရာရှိအဆင့်တွေပါ၊ အောက်ခြေအဆင့်တွေမဟုတ်ပါဘူး။
အချို့ ခွင်ကောင်းတဲ့ (လုပ်ပိုင်ခွင့်)များတဲ့ ဌာနရဲ့ အောက်ခြေအဆင့်အနည်းငယ်ကတော့ ချွင်ချက်ပေါ့။
ကျနော် ဆီမီနာ (၁) မှာဆွေးနွေးခဲ့ တာက အများစုဖြစ်တဲ့ အောက်ခြေ အဆင့်တွေကိုယ်စားဆွေးနွေးတာပါ၊ ကျနော်တစ်ဦးထဲအတွက်မဟုတ်ပါဘူး။ အောက်ခြေ အဆင့်တွေ တစ်ဦးချင်းပြုပြင်ကြဖို့ဆိုတာလည်း အခြေခံလိုအပ်ချက်တွေ က စပြုပြင်ပြောင်းလည်းဖို့လိုမယ်ထင်ပါတယ်။
ဥပမာ——-နေ့လယ်က ဂျာနယ်တစ်ခုဖတ်လိုက်ရတယ်၊ ၁၈ နှစ်အောက်ကလေးတွေကို၊ အလုပ်မတရားခိုင်းရင် တိုင်ကြားနိုင်တယ်ဆိုတာလေးပါ။ လဘက်ရည်ဆိုင်တွေမှာ ၁၃ နှစ်ကလေးတွေ အလုပ်လုပ်နေတယ်၊ ဆိုင်ရှင်ကိုမကျေနပ်လို့ လူမှုရေးအဖွဲအစည်းသွားတိုင်တယ်ထား၊ ဆိုင်ရှင် က အသက်ပြည့်တဲ့သူ၊ရှာ ခိုင်းလိုက်ရုံပဲ၊ ဒါပေမဲ့ ဟိုကလေးနဲ့ သူ့ ရဲ့နောက်ကမိသားစုရပ်တည်ရေး အခြေခံလိုအပ်ချက်ကိုဘယ်သူတာဝန်ယူမှာလဲ၊တိုင်တဲ့ သူတာဝန်ယူမလား၊ ခုနက အဖွဲ့အစည်းကောတာဝန်ယူမလား၊ ယူမယ်ဆိုရင် ကော ဘယ်နှစ်ယောက်လောက်တာဝန်ယူနိုင်မလဲ။
ဒါက လာဘ်စားမှုနဲ့ မဆိုင်ပါဘူး၊ အခြေခံလိုအပ်ချက်တွေ ကိုအရင်ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာလေး၊ ဥပမာပေးဆွေးနွေးခြင်းပါ။ဒီအချက်ကိုကြည့်ခြင်းအားဖြင့် တဘက်တည်းက ဥမ်ဖွ ဆိုပြီး ချက်ခြင်းပြောင်း လိုက်လို့ မလွယ်ပါဘူး။ တဖြည်းဖြည်းခြင်း အဘက်ဘက်က တဆင့်ခြင်းပြောင်းလဲသွားရမယ်လို့ ယူဆမိပါတယ်။ ဒါက အများအတွက်ဆွေးနွေးတာပါ၊ တစ်ဦးခြင်းအတွက်ဆွေးနွေးပါမယ်။
ဝန်ထမ်းတွေ တစ်ဦးခြင်းလာဘ်မစားဖို့ဆိုရင် အချောင်စိတ်ဓါတ်ကို အရင် ပြင်ရပါမယ်။ သူများလည်းစားနေတာပဲ၊ ငါလည်းစားမယ်၊ ဒီလိုမှ မစားရင် ငါလူရာမဝင်ဘူးဆိုတဲ့စိတ်တွေကိုဖျောက်ရပါမယ်။ လူငယ်တွေ အလုပ်မဝင်ခင်ကတည်းက ဘယ်ဌာန ခွင်ကောင်းသလဲ ဆိုတဲ့ စိတ်ဓါတ်တွေဖျောက်ရပါမယ်။(အဲဒီမှာ ပြောရဦးမယ် မိဘတွေပါဖျောက်ရမှာပါ။ သားလေးတစ်ယောက်ဆယ်တန်းအောင်လို့အမှတ်မီရင် ဗိုလ်လောင်းပါအောင် အတင်းလိုက်လုံးပမ်းနေကြတာ၊စစ်တပ်ကိုသာမုန်းတယ်လို့ပြောတာ၊ ကိုယ့်ကလေးကို စစ်ဖက်အရာရှိအတင်းဖြစ်စေချင်နေကြတာ ဘာသဘောလဲ၊သားသမီးကိုု ကောင်းစေချင်တဲ့ မိဘရဲ့ မေတ္တာလို့ပြောရရင်လည်းအခက်၊နောင် စစ်ဗိုလ်တွေ မကောင်းစားတဲ့ အချိန်ကျရင် ဘယ်လိုနေမယ်မသိ)။ ငါသူများအပြောမခံဘူး တတ်နိုင်သမျှ ငါ့ ကိုယ်တိုင်ရပ်တည်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်လေးမွေးရမယ်။ကိုယ်ပိုင်အလုပ်ကလေးတစ်ခုလုပ်နိုင်အောင်ကြိုးစားရမယ်၊ တဖက်မှာ လာဘ်စားနေတာနဲ့မကင်းနိုင်ပေမဲ့ ကိုယ်ပိုင်ရပ်တည်လိုတဲ့စိတ်ကိုရင်ထဲ ကိမ်းအောင်းထားရမယ်။ ကွမ်းယာဆိုင်၊ဆေးလိပ်ဆိုင်လေးဖြစ်ဖြစ် မိန်းမကိုရောင်းခိုင်းရမယ်၊ ဒါထက်အခြေခံကောင်းရင် ဈေးဆိုင်လေး တည်ထားရမယ်။(ပြောသာ ပြောရတယ်၊ အောက်ခြေ ဝန်ထမ်းမိန်းမတွေ ဈေးရောင်းရင်းနဲ့ကိုနလန်မထူတာတွေအများကြီး၊မြန်မာနိုင်ငံရဲ့ အောက်ခြေ ဝန်ထမ်းတွေ ရုံးကန်နေရတဲ့ဘဝတွေကို အဖွဲ့ဖွဲ့ပြီးလက်တွေ့ သုတေသနလုပ်ဖို့ကောင်းတယ်။) ဒီလိုလုပ်ရင်လာဘ်စားချင်တဲ့စိတ်ဓါတ်လျော့သွားမယ်။ တချို့ကတော့ပြောကြမယ်၊ ခင်ဗျားဘာတွေပြောပြော ၊ဘာတွေလုပ်လုပ် နေနေ ဘယ်လောက်ကင်းနိုင်လို့လဲ လို့။ပြောကြပါစေ၊ ကိုယ်ပိုင်ရပ်တည်ချင်တဲ့စိတ်ဓါတ်ရှိရင် အခုချိန်မှာ အပြောခံနေရပေမဲ့ တချိန်ကျရင် ကိုယ့်ခောတ်ရောက်လာမှာပေါ့၊အခုတော့ အများကြားမှာ အပယ်ခံဘဝနဲ့နေလိုက်ဦးပေါ့။
super
December 28, 2011 at 9:07 am
ကိုသစ်မင်းဆွေးနွေးသလိုပါပဲ၊ အဓိကက တစ်ဦးချင်းရဲ့ စိတ်ဓါတ်တွေအရင်ပြုပြင်နိုင်ရမှာပါ၊ ကိုယ်ရည်သွေးပြောတယ်လို့တော့ မထင်ကြပါနဲ့လို့ တောင်းဆိုချင်ပါတယ်၊ စိတ်ဓါတ်အရေးကြီးတယ်ဆိုတာလေးကို ဆွေးနွေးချင်လို့ပါ၊ ဘာလို့ကျနော်ပြောလဲဆိုရင် ကျနော်ဖြတ်သန်းခဲ့တဲ့ စိတ်ဓါတ်နဲ့ ဘဝအတွေ့အကြုံလေးကို နဲနဲပြောပြချင်ပါတယ်၊ ကျနော် ၁ဝ နှစ်အရွယ်ကစပြီး ကုန်စိမ်းရောင်းပြီး ကျောင်းစာရိတ်ရှာရပါတယ်၊ ကျနော်သူများ ဆီကဘယ်တော့မှ အချောင်လိုချင်တဲ့စိတ်ကို မမွေးခဲ့ပါဘူး၊ ကိုယ့်လုပ်အားနဲ့တန်တာကိုပဲ ယူခဲ့ပါတယ်၊ အဲ့လိုပဲ ကျနော်နဲရွယ်တူ သူငယ်ချင်းတစ်ယောက်က သူ့အိမ်ကလည်း မပြေလည်ပါဘူး၊ ကျနော်နဲ့ကျောင်းအတူတူနေပါတယ် သူက ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ ပိုက်ဆံခိုးတယ်၊ ကျနော်ကြားတဲ့အခါ သူ့ကို ဆုံးမပါတယ်၊ ဒါပေမယ့် ကျနော့်စကားကို သူနားမထောင်ပါဘူး၊ ကျနော်သူ့ကို ပြုပြင်လို့မရခဲ့ပါဘူး၊ သူဘာဖြစ်သွားလဲဆိုရင် ခိုးမှု့နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ကျခဲ့လို့ အခုဆိုရင် ထောင်ထဲမှာ သေပြီလို့ ကြားရပါတယ်၊ ကျနော်တို့ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ မင်္ဂလာတရားတော်သင်ကြားရပါတယ်၊ အဲ့လိုပဲ ငါးပါးသီလကို မနက်တိုင်း ကျောင်းမှာဆိုရပါတယ်၊ ဆရာက စာမသင်ခင်မှာ မနက်ကျောင်းရောက်တာနဲ့ ဩကာသ ကစလို့ ငါးပါးသီလထိဆိုရပါတယ်၊ မေတ္တာပို့ရွတ်ပြီးမှ ဆရာက စာစသင်ပါတယ်၊ အဲ့ဒါ ကျနော်တို့ မနက်တိုင်းလုပ်ရတဲ့အလုပ်ပါ၊ ဆရာနေဝင်းမြင့် စင်္ကာပူဟောပြောပွဲမှာ ပြောခဲ့သလို ဆရာတွေက စာကိုရော စိတ်ကိုပါသင်ပေးရပါတယ်ဆိုတဲ့စကားလေးက မှန်ပါတယ်၊ ကျနော့်ကို မူလတန်းကျောင်းက သင်ပေးလိုက်တဲ့ အသိလေးပါ၊ ကျနော်တို့ သူများတွေကို တတ်နိုင်သမျှ ကိုယ်နဲ့ နီးစပ်ရာကို ပြုပြင်လို့ ရချင်မှရမယ်၊ ရချင်လည်းရနိုင်မယ်၊ ဒါပေမယ့် ကိုယ်ကိုတိုင်ရဲ့ စိတ်ကို အရင်ဆုံးပြုပြင်ရမှာပါ၊ ဘယ်ဟာမှ အလကားအချောင်ရတယ်ဆိုတာမရှိပါဘူး၊ သူနဲ့တန်ပြန်တဲ့ အရာကိုတော့ ပေးစပ်ရစမြဲပါ၊ အစိုးရဝန်ထမ်းတွေ လာဒ်စားတယ်၊ ဒါပေမယ့် ဂုဏ်သိက္ခာမရှိတဲ့သူအဖြစ် အများသူငါရဲ့ ပြောဆိုချင်းကို ခံရပါတယ်၊ သူတို့ကို သိတဲ့လူတွေက သူတို့ ရှေ့တော့ မလွန်ဆန်နိုင်လို့ ရီပြချင်ရီပြမယ်၊ ဆရာ၊ ဆရာလို့ ခေါ်မယ်၊ ဒါပေမယ့် နောက်ကွယ်မှာ ဆဲခံရတဲ့ တန်ပြန်မှု့ကိုတော့ သူတို့ရနေမှာပါ၊ ကျနော်တို့ တစ်ဦးချင်းစီမှာ သူများပစ္စည်း အချောင်လိုချင်တဲ့စိတ်၊ ကိုယ်ချင်းစာတရားမထားပဲ ငါလုပ်တာမှ ဟုတ်တယ်ဆိုတဲ့စိတ်၊ ငါပြောတာအမှန်ဆိုတဲ့ မျက်မှန်စိမ်းတွေမတတ်ကြပဲ၊ အလုပ်ရှင်နဲ့ အလုပ်သမားမှာ အလုပ်ရှင်ကလဲ ငါက ငွေပေးပြီးခိုင်းရတယ်ဆိုတဲ့စိတ်၊ အလုပ်သမားကလည်း ငါက ဒီလောက်ပဲရလို့ ဒီလောက်ပဲလုပ်ပေးမယ်ဆိုတဲ့ စိတ်မျိုးမထားပဲ နှစ်ဦးနှစ်ဘက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်မှီ ဆိုတဲ့ စိတ်လေးတွေနဲ့ ဖြည့်တွေးနားလည်ပြီး ကိုယ်ရောက်နေတဲ့ နေရာမှာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်တဲ့ စိတ်ဓါတ်တွေကို တစ်ဦးချင်းပြင်ဆင်ဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ် ဆိုတာလေးနဲ့ ဆွေးနွေးပွဲကို တက်သွားပါသည်။ ကျနော့်စိတ်ထဲရှိတာလေးကို ချပြရေးခဲ့သည့်အတွက် ဆွေးနွေးပွဲ အကြောင်းအရာနဲ့ လွဲချော်ခဲ့သည်ရှိသော် နားလည်ပေးပါလို့ ရွာသူားများကို တောင်းဆိုပါသည်။
thit min
December 28, 2011 at 12:13 pm
Reply-10
ကိုစူပါရေ
ကျနော်ခင်ဗျားစာလေးကိုဖတ်ပြီး ကျနော်ကြိုးစားရကျိုးနပ်တယ်လို့ဝမ်းသာမိပါတယ်။
အခုလို တန်ဖိုးရှိတဲ့စိတ်ဓာတ်တခု ဆိုတာ မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတာ ခင်ဗျား
ပြောပြလိုက်တာပါဘဲ။
ဓမ္မပဒ မှာတော့
စန္နကူးပန်းတို့၏အမွှေးရနံ့တို့သည်လည်းကောင်း၊
ကြံတို့၏ အချိုဓာတ်သည်လည်းကောင်း အမြောက်လက်နက်တို့၏ရှေ့တွင်ရှိသော်လည်းမွှေးရနံ့
မပျောက်၊ အချိုဓာတ်မခမ်းသကဲ့သို့
လောကဓံရှစ်ပါးနှင့်ကြုံလာရသော်လည်း သူတော်ကောင်းတရားတို့ကိုမစွန့်လွှတ်ရာ။
ဆိုတာ ခင်ဗျားလိုလူမျိုးကိုပြောတာဖြစ်မှာပါ။
ခင်ဗျားမြန်မာပြည်မှာရှိနေတယ်ဆိုရင် ကျနော့ကို ပီအမ်နဲ့ အဲဒရက်စ်လေးပို့ပေးပါလားဗျာ။
ကျနော်လာရင်တွေ့ချင်လို့ပါ။
ခင်မင်မှူဖြင့်
(^^)
ကိုပေါက်(မန္တလေး)
December 28, 2011 at 1:07 pm
ကိုသစ်ရေ ဒီသဘောတရားဆောင်တဲ့အတွေးပါးပါးတွေ ကျနော်စာစရေးစာမှာ အပုဒ်ရေ တော်တော်များများရေးဘူးပါတယ်။
thit min
December 28, 2011 at 1:49 pm
Reply-11
ဟုတ်တာပေါ့ ကိုပေါက်ရေ။
ကျနော် ကိုမှော်ပို့စ်မှာရေးထားပါတယ်။
လက်တွေ့ပြည်သူ့ အကျိုးပြုစာ ဆိုရင် ကိုပေါက်ရဲ့အတွေးပါးပါးလေးတွေကို ကျနော် နံပါတ်တစ်ရွေးချယ်တယ်လို့။
ကျနော် လဲ စာဖတ်ပရိတ်သတ်အနေနဲ့ ရွေးခွင့်ရှိတာမလို့ရွေးကြည့်မိပါတယ်။
ကိုပေါက်ဆိုလို့နောက်တခုမှတ်မှတ်ရရဆိုရင် ရွှေဘို ဓာတ်ပုံတွေပါဘဲ။
ကျနော်ရဲ့အဖိုးအဖွားများဖက်က တိုင်းရင်းသားသွေးနဲနဲစီရောတဲ့ မြန်မာတစ်ယောက်အနေနဲ့
ရွှေဘိုကိုကျနော်ချစ်တယ်။မန်းဒလေးကိုကျနော်ချစ်တယ်။
ကိုပေါက်ရဲ့စာတွေ ပုံတွေမှာ တိုင်းပြည်ချစ်စိတ်တွေကျနော် တွေ့နေရပါတယ်။
ကျနော်တို့ ဆုံကြအုန်းမှာပါ။
ခင်မင်စွာ(^^)
kaung kin pyar
December 31, 2011 at 11:08 am
ဂေဇက်ရွာထဲ ခုမှလာတဲ့ ရွာသူအသစ်ပါ။ ရွာသူရွာသားတချို့ကိုတော့ အရင်ကတည်းက သိပြီးသားပါ။ ဒါပေမယ့် ရွာစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို သေချာမသိသေးတာမို့ အမှားပါရင် နားလည်ပေးကြပါ။ ကူညီကြပါဦးနော်…..။
kai
December 31, 2011 at 4:52 pm
နောက်လာမဲ့ သတင်းစာရဲ့ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ.. ယူအက်စ်အစိုးရရဲ့.. ရာထူးကြိး မြန်မာ-အမေရိကန်တယောက်နဲ့ အင်တာဗျုးထားပါတယ်..။
အဲဒါ…အာရှ-ပစိဖိတ် စီးပွားရေးနဲ့ လုံခြုံရေးအပိုင်းမှာ သင်ကြားရေးပါမောက္ခတယောက်လည်း ဖြစ်တာမို့.. ဆြာသစ်စိတ်ဝင်စားမယ် ထင်တာပါပဲ..။
အဲဒါလေး…။ 🙂
ကြောင်ကြီး
December 31, 2011 at 8:52 pm
ကျနော်လည်း ယူအက်စ်အစိုးရ ရာထူးကြီးပိုင်းထဲကပါ။ အင်္ဂါဂြိုလ်နဲ့ ဆက်ဆံရေးအပိုင်း တာဝန်ရှိပေါင်မုန့်ခ ဖြစ်ပါတယ်။ ဟိုဖက်က အဆက်အသွယ် မလုပ်လို့ ခက်နေဒယ်…။ စိတ်မဝင်စားရင် ဆိတ်ဝင်စားအောင် ခြံတံခါး ဟထားလိုက်ပါ။ 🙄
thit min
January 2, 2012 at 10:40 pm
သူကြီးရေ
ဟုတ်ကဲ့ခင်ဗျ၊
စိတ်ဝင်စားပါတယ်။
ဂေဇက်မှာတင်ပေးရင်တော့ ကောင်းကောင်းဆွေးနွေးလို့ရတာပေါ့ဗျာ။
စောင့်မျှော်နေပါ့မယ်။
လေးစားစွာ
မောင်သစ်မင်း
thit min
January 2, 2012 at 12:05 am
အားလုံးသော ကော်မန့်ပေးသူများအား ကိုယ်စိတ်နှစ်ပါးရွှင်လန်းစွာ ဖြတ်သန်းနိုင်သော
၂၀၁၂ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
ကော်မန့်မပေးသော်လည်း ဝင်ရောက်ဖတ်သွားသူများသည်လည်း ကိုယ်စိတ်နှစ်ပါးရွှင်လန်းစွာ
ဖြတ်သန်းနိုင်သော၂၀၁၂ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
ဖတ်လည်းမဖတ် စိတ်လည်းမဝင်စားသော သူများလည်းကိုယ်စိတ်နှစ်ပါးရွှင်လန်းစွာ
ဖြတ်သန်းနိုင်သော၂၀၁၂ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
ကျနော် ပို့စ်ကို စတစ်ကီအကြာကြီးတင်ပေးထားလို့ အားလုံးကိုလည်းအားနာရပါတယ်။
အားလုံးပါဝင်စေချင်တဲ့ စေတနာနဲ့ ဆရာခိုင်ရဲ့လုပ်ရပ်ကိုလည်းကျေးဇူးပါခင်ဗျာ။
အားလုံးက အမျိုးမျိုးသော စိတ်ကူးအတွေ့အကြုံများနှင့်ပြောပြပေခဲ့ကြတာ
လွန်စွာကျေးဇူးတင်ရပါတယ်။
ဦးဦးပါလေရာကတော့ ကိုယ်တိုင်တောင် ဆီမီနာ နောက်ဆက်တွဲလုပ်တာမလို့
ဝမ်းသာရပါတယ်။
ဘယ်သူဘဲဖြစ်ဖြစ် ဦးဆောင်ဆွေးနွေးပြီး အဖြေရှာနိုင်တာမျိုးပါနော်။
လုပ်လဲလုပ်ကြပါလို့လေးနက်စွာထပ်မံတိုက်တွန်းပါရစေ။
ဘယ်အကြောင်းအရာမျိုးဘဲဖြစ်ဖြစ် ကောင်းသောဦးတည်ချက်ရှိရင်လုပ်လို့ရပါတယ်။
——————————————————
၂၀၁၂ ဟာ ကျနော့အတွက် တဆစ်ချိုးတွေ များလှတဲ့နှစ်ပါ။
သူ့ဟာသူဖြစ်လာတာတော့မဟုတ်ပါဘူး။
လိုအပ်တာတွေ ကျနော် စီစဉ်ပြီး လုပ်စရာတွေ အားသွန်ခွန်စိုက်လုပ်မယ်ဆို
တာ တော်တော် ခပ်စောစောထဲက ရည်ရွယ်ချက်ပါ။
ဂေဇက် အရိပ်မှာခိုရင်း ကျနော် ပြောမှားဆိုမှား ရှိခဲ့ရင်အားလုံးကို တောင်းပန်ပါတယ်။
ဘယ်သူမဆို ဘာဘဲကျနော်အပေါ်မှားခဲ့ပါစေ ကျနော်ကလည်းခွင့်လွှတ်ပါတယ်ခင်ဗျာ။
ကျနော် ဂေဇက် စင်မြင့်ကို လက်ခုပ်တီးအားပေးတဲ့ နေရာမှာဘဲ အနေများပါရစေလို့
လည်း တောင်းပန်လိုပါတယ်။
ကျနော့ကိုချစ်ခင်သူတွေ များတဲ့ ဒီနေရာလေး ကိုကျနော်လည်း သိပ်ချစ်ပါတယ်။
အခြေအနေအရ ကျနော့မှာ အချိန်ရှားနေတာက အဓိကမို့ပါ။
ကြုံရင်ကြုံသလိုတော့ ရေးနိုင်တာလေးတွေရေးဖြစ်အောင်ကြိုးစားပါ့မယ်။
ခုတလော ကော်မန့်တွေလည်းမပေးနိုင်တာ၊ မဖတ်နိုင်တာတွေကိုတော့
အားလုံးကိုအားနာစွာတောင်းပန်ပါတယ်။
——————————-
အားလုံးသော ဂေဇက်အဖွဲ့ဝင်မိတ်ဆွေများအားထာဝရ ချစ်ခင်လေးစားလျှက်
မောင်သစ်မင်း
Khin Latt
January 2, 2012 at 6:06 am
ဆရာသစ် ရေ – ဆရာသစ် ရေးတဲ့ Post တိုင်းမှာ ကျွန်မတို့ အတွက် ဆက်လုပ် ရမဲ့ လေ့ကျင့်ခန်းတွေ ပါနေတာမို့ တစ်ပုဒ် ဆို ဆိုသလောက် အကျိုးရှိမှာပါ။
ဆရာသစ် ဒါထက်ပိုမို အောင်မြင်တိုးတက်ပါစေ၊ ၂၀၁၂ မှာရည်ရွယ်ထားသမျှ အားလုံး ပြည့်ဝပါစေ လို့ ဆုမွန်တောင်းပါတယ်။
လေးစားချစ်ခင်စွာဖြင့်
padonmar
January 2, 2012 at 1:19 am
ကိုသစ်ရေ
ကျွန်မမအားလို့ ကိုသစ်စာတွေကို အချိန်ရမှ သေချာဖတ်မယ့် စာရင်းTo do note တို့ထားပါတယ်။
ကိုသစ်ရေးတဲ့ထဲက ၁၃ ကတော့ ကိုယ့်အတွက် ကွက်တိပြောထားသလိုဘဲ။
၁၃။ကောင်းသောစကားများ၊စာများဖတ်ပြီး ဟာဟုတ်တယ်ဟေ့ လုပ်ရမယ်ဟေ့ဟု ကြွတက်
(တောက်လျှောက်တက်ကြွသောစိတ်မဟုတ်)စိတ်များဖြစ်သွားကြပြီး၊ နောက်ပိုင်းဆက်မလုပ်ဖြစ်
မလိုက်နာဖြစ်သောစိတ်များကိုပြုပြင်ရန်။
ဒီအကျင့်ပြင်ဘို့ ဒီနေ့ဘဲ ဓမ္မဗျူဟာက ရလာတဲ့ ကုသိုလ်မှတ်တမ်း ပြက္ခဒိန်လေးနဲ့ ကိုယ့်ကိုကိုယ်ပြုပြင်မယ်လို့ စိတ်ဖြစ်ပါတယ်။
ဒီ ကုသိုလ်မှတ်တမ်း ပြက္ခဒိန်လေး သဘောက နေ့စဉ် ပြုသင့်တဲ့ ဒါနသီလ ဘာဝနာကို ပြုဖြစ်ရင် အဲဒီရက်စွဲမှာ မင်ပြာလေးနဲ့ ခြစ်၊မပြုဖြစ်ရင် မင်နီနဲ့ ခြစ်။
ကိုယ့်မှတ်တမ်းပြန်ကြည့်ရင်းနဲ့ ကိုယ့်ကိုကိုယ် သတိပေးတဲ့ သဘောပါ။
ကုသိုလ်ရေးသာမက အခြားကောင်းကျိုးဖြစ်စေမယ့် ကိစ္စတွေလည်း မှတ်နိုင်ပါတယ်၊
ဥပမာ exercise လုပ်တာ၊စာဖတ်တာတွေပေါ့။
ကြိုးစားကြည့်ပါမယ်၊တစ်လကုန် တစ်နှစ်ကုန်ရင် မင်ပြာလေးတွေ များများတွေ့ အောင်ကြိုးစားရင်း
ကိုသစ်ရဲ့ အမှတ် ၁၃ ကို ဒီနေ့ဘဲ စပါမယ်လို့ အကြောင်းကြားပါတယ်။
thit min
January 2, 2012 at 7:03 am
ဒေါက်တာလဲ long time no see ဘဲနော်။
Happy Newyear! ပါ။
ကုသိုလ်မှတ်တမ်းပြုစုပြီး ဘဝကူးခါနီးမှာအဲဒီမှတ်တမ်းကိုဖတ်ခိုင်းနားထောင်ရင်း
သုဂတိလားသွားတဲ့ ဒုဋ္ဌဂါမဏိမင်းကို ကျနော်လဲအားကျလို့ မဒုမ္မာရဲ့
“ဓမ္မဗျူဟာက ရလာတဲ့ ကုသိုလ်မှတ်တမ်း ပြက္ခဒိန်လေးနဲ့ ကိုယ့်ကိုကိုယ်ပြုပြင်မယ်လို့ စိတ်ဖြစ်ပါတယ်။”
ဆိုတာလေးကိုဝမ်းမြောက်စွာထောက်ခံပါတယ်ခင်ဗျ။
လေးလေးစားစားခင်ခင်မင်မင်ကျေးဇူးတင်လျှက်
မောင်သစ်မင်း
lusoegyikoko
January 2, 2012 at 3:50 pm
ပြောကြတာတော့အများကြီးပေါ့နော်။ ကျွန်တော်ကတော့ တစ်ခုထဲ ပြောချင်ပါတယ်။ မြန်မာပြည်ဟာBUDDHA ဘာ သာကိုးကွယ်ပြီးတော့် ဟင်းမွှေတဲ့ယောက်မလိုဖြစ်နေပါတယ်။
ဘာသာတရားရဲ့ အနှစ်သာရ က်ို လိုက်နာကျင့်သုံ းရင် တော်တော်များးများ အဆင်ပြေနိင်ပါတယ်။
မြန်မာလူမျိူးတွေBUDDHA ဘာသာကို အမှန်တကယ်ကျင့်သုံးနိုင်ပါစေ
thit min
January 4, 2012 at 7:20 am
ဘာသာရေးနဲ့ထိန်းတာအကောင်းဆုံး ဆိုတာမှန်ပေမဲ့ သံသရာမှာအကျိုးရှိမယ်ဆိုတဲ့
အင်ဆဲန်းတစ် ကြောင့် လူတော်တော်များများကလုပ်လေ့မကြပါဘူး။
အဲဒီလိုပြောလို့ ကျနော်ကိုဘာသာရေးအားနဲသူလို့မထင်ပါနဲ့။မိရိုးဖလာအဆင့်ရဲ့အပေါ်မှာ
ထက်ကျနော်ယုံကြည်သူပါ။
ပြီးတော့ လူမှုဖွံ့ဖြိုးမှုဆိုတာ “လူတိုင်း” နဲ့ ဆိုင်လေတော့ လူတိုင်းလုပ်လို့ရတာမျိုးကိုဘဲညွန်း
ရ၊ ပြောပေးရတာပါ။ မဟုတ်ရင် ဟာကွာ ဒို့ဘာသာကလုပ်လို့မရတာဆိုပြီး ဖြစ်သွားမှာပါ။
ဘယ်ဘာသာကိုဘဲ ကိုးကွယ် ကိုးကွယ် ထားရှိအပ်တဲ့ အခြေခံသဘောတရားကိုဘဲပြောပြ
ဆွေးနွေးပြီး လူသားမျိုးနွယ်စုတရပ်လုံးကို ပါဝင်လို့ရဘို့က အားလုံးရဲ့ စည်းလုံးညီညွတ်မှု
ကိုလည်း ရတာပေါ့ခင်ဗျာ။
ဒါ့ကြောင့်ကျနော် ဘာသာရေးနဲ့ “ဘောင်မခတ်” ထားတာပါ။
thit min
January 4, 2012 at 7:35 am
Specila Highlight…………………………..
kai says:
မြန်မာပြည်ရဲ့ ပြဿနာတော်တော်များများက..နိုင်ငံရေး စံနစ်ကြောင့်ဖြစ်နေတာမဟုတ်ဖူးလို့.. သုံးသပ်မိတယ်..။
စိတ်ဓါတ်ရေးရာနဲ့.. ရှေးစွန်းစွဲအယူတွေ.. အရင်လျှော့နည်းပပျောက်အောင် လုပ်ရမယ်လို့ ထင်ပါတယ်..။
ကွန်ဆာဗေးတစ်တွေ..မင်းလုပ်ကြီးစိုးနေတဲ့တိုင်းပြည်ဟာ.. မတိုးတက်ပါဘူး..။ တိုးတက်လို့ကို မရပါဘူး..။
လူလူချင်းတန်းတူညီမျှမှုကလည်း အကြီးအကျယ်ဆိုးဆိုးဝါးဝါးကို ဖေါက်ဖျက်ခံနေရတာပါ..။
လူလူချင်းတန်းတူညီမျှမှုကိုလည်း.. လူတွေက သိတောင်မသိတော့နိုင်လောက်အောင်.. ရိုက်သွင်းခံထားရတယ်ပဲ.. မြင်မိပါတယ်..။
——————————————————————————–
သူကြီးရေ ကျနော်လည်းအဲဒီ ဟာ ကိုပြောလိုတာပါ.။အစိုးရမပြောင်းမှာမကြောက်ပါဘူးလို့။
ဟိုလူလက်ညိုးထိုး၊ဒီလူ့အပြစ်တင်တတ်တဲ့ အကျင့်စွဲနေတဲ့ ကျနော်တို့လူမျိုးရဲ့ ကိုယ်တိုင်ကြိုးစား
အားထုတ်မှု အားနည်းမှု .. ငါချမ်းသာရင်ပြီးရောဆိုတဲ့ ငို့ဘ သမားတွေရောပေါ့ ထောက်ပြချင်တာပါ။
ကွန်ဆာဗေးတစ်သဘောက အင်နားရှားကိုဆက်စေတာပေါ့။
နောက်တချက်ကတော့………………………..
သာယာနား တတ် တဲ့ ကျနော်တို့ “နိုင်ငံမှာမွေးကျနော်တို့နိုင်ငံရဲ့ရေသောက်ပြီး၊ပျက်စီးချိန်ကြတော့
ငါနဲ့မဆိုင် မင်းတို့ပြည်တွင်းကလူတွေလုပ်”ဆိုတဲ့ လူမျိုးတွေကိုလည်း ကျေးဇူးတရား၊အရိပ်ခိုဘူး
တာကိုမမေ့စေချင်ပါ။ ကြယ်ငါးတကောင်လောက်ပါဘဲ။
inz@ghi
January 5, 2012 at 7:39 pm
သဂျီး ကို သည်အချက် အထောက်ခံဆုံးပဲ ကိုသစ်ရေ…..(ကျန်တာတွေထဲမှာ ကြည့်မရတာလေးတွေ ရှိသေး ..ခိခိ..)
သို့သော် သည်အချက်ကို ရွာသူားတွေကိုသော်လည်းကောင်း သဂျီးကိုသော်လည်းကောင်း..
ဘယ်ဆိုပြန်လည်ဆွေးနွေးပြောဆိုရမယ်ဆိုတာ ..ကျနော့်မှာ စကားလုံးချို့တဲ့ခဲ့လို့
ပုဆိုးခြုံထဲက လက်မထောင်ထားရတာပါ. ..(ဟီး …သမ စရာရှိတော့ ကတ်ကတ်လန်…)
ကိုသစ်ရဲ့ သည်စာစုကိုတော့ ၏သည်မရွေး ..အလွတ်မကျက်သည့်တိုင်အောင် ….စွဲမြဲနေအောင်
အထပ်ထပ် ဖတ်ရှုမှတ်သား ထားပါကြောင်း…
ခင်တဲ့ …
ဆင်မီနာ လစ်တဲ့ ….
ကြောက်ကပ် နေတဲ့
ဂီ
Anzartone
January 4, 2012 at 11:02 am
” ၁၆။ သိမ်ငယ်စိတ်၊အားငယ်စိတ်များထက် စိန်ခေါ်ပြီးလုပ်သောစိတ်၊လွယ်လွယ်အရှုံးမပေးတတ်သော
စိတ်ဓာတ်များရှိလာစေရန်။ … ”
ဒီလို စိတ်ဓာတ်မျိုးရှိလာအောင် ဘယ်လို ပျိုးထောင်ရမလဲဆိုတာကို သိချင်ပါတယ် ခင်ဗျာ။
thit min
January 5, 2012 at 5:08 pm
Reply-12
ကိုယ်လုပ်တတ်တာလေးတွေ ကို အောင်မြင်ပြီးဆုံးအောင်လုပ်ရပါတယ်။
ဥပမာ အနေနဲ့ ပြောရရင် ဖတ်သင့်တဲ့ စာ ၁ဝ အုပ်ကို ၁ လအတွင်း ပြီးအောင် ဖတ်မယ်။
အဲဒီထဲက မှတ်စု ထုတ်မယ်။ ကီးဝေါ့ဒ်တွေနဲ့ သူ့ရဲ့ ကြောင်းကျိုးဆက်စပ်တွေကို ရှာပြီး
ဖလိုးချပ်လေး တခုစီ ဖန်တီးထားမယ်။ ပြီးတော့ အားလုံးကိုမှတ်မိသွားအောင် တယောက်ယောက်ကို
ပြန်ပြော ပြ၊ ပြန်ရေးပြမယ်(ဂေဇက်မှာဘဲဖြစ်ဖြစ်ပေါ့နော်)။
အဲဒီဟာကို ဇွဲနဲ့အောင်မြင်အောင်လုပ်နိုင်ပြီဆိုရင် ကိုယ့်ကိုကိုယ်ကတိတည်တာ(သို့)
တာဝန်ကိုသတိရှိနေတာ။ရည်မှန်းချက်အတိုင်းပြီးမြောက်စေတာ၊စာဖတ်နိုင်စွမ်း၊မှတ်နိုင်စွမ်းရှိတာ တွေရလာမယ်။
လူတိုင်းနီးပါးလုပ်နိုင်တာမျိုးပေါ့နော်။
နောက်တော့ ကိုယ်မလုပ်တတ်သေးတာကိုစိန်ခေါ်မှုသေးသေးလေး ပုံစံနဲ့စလုပ်ရပါမယ်။
ဒါပေမဲ့ သတိထားရမှာက လုပ်မယ်ဆိုရင်အောင်မြင်သည်အထိလုပ်ရမှာဖြစ်လေတော့ စ ကတည်းက
လုပ်သင့်မှလုပ်ဖို့ပါ။
အဲဒီလိုနဲ့ ကိုယ့်စွမ်းရည်ကို ဘောင်ချဲ့ရပါတယ်။
ဘယ်လောက်ထိချဲ့နိုင်လဲဆိုတာကတော့ အတိုင်းအတာမဲ့ပါဘဲ။
လိုအပ်ချက်က ဇွဲ ပါ။
ဆေးလိပ်ကိုဖြတ်တဲ့အကောင်းဆုံးနည်းလမ်းက ဆေးလိပ်လုံးဝမသောက်ခြင်းပါ။
အဲဒီတော့ မလုပ်နိုင်ဘူးဆိုတဲ့ စကားကိုရော၊အတွေးကိုရော မပြောဘို့မတွေးဘို့လိုပါတယ်။
လုပ်ရမဲ့ဟာကိုလုပ်ပါ၊ မရတဲ့အဆုံးထိသွားပါ၊ မရဘူးတော့ဘူးဆိုတဲ့ စကားက မလုပ်နိုင်ဘူးဆိုတဲ့စကားထက်
များစွာ အဓိပ္ပါယ်ရှိပါတယ်။
မဟာဇနက္ကလို ဘာမှန်းမသိဘဲပင်လယ်ကြီးကိုလက်ပစ်ကူးရတာမျိုး ဘဝမှာများစွာရှိပါတယ်။
အဲဒီ “ဇွဲ” နဲ့ ပေါ့။
Anzartone
January 7, 2012 at 4:22 pm
ကျေးဇူးပါပဲ ဆရာသစ်ရေ …
ကျွန်တော့်ရဲ့ ချို့တဲ့နေတဲ့ စိတ်ဓာတ်ကို ပြုပြင်ဖို့အကြောင်း နည်းလမ်းကောင်းတွေ ရခဲ့ပြီလို့ပဲ ဆိုလိုက်ချင်ပါတယ် ခင်ဗျာ။
Swal Taw Ywet
January 10, 2012 at 8:13 am
Yes. I saw one point of view based on the Education system. As oversea workers, we found very big Gap in technology and communication skills. Need to change the Education system to get readiness .
How to create / train ” DARE TO FACE ” mindset? It need very urgently for our people whom lack of knowledges and long time under the military boots.
thit min
January 10, 2012 at 9:36 am
Reply (14) to ———————->
Dear Swal Taw Ywet,
I absolutely agree that the efficient education system plays a vital role in promoting of human resources in a country.
Let me try to answer to your question “How to create / train ” DARE TO FACE ” mindset?”
According to my experience and in my humble opinion,
I haven’t yet seen the educational system that carrying perfect curriculum.
However, I admit that they are better than our country.
In case of Myanmar, we can classify the (responsibility)duty into two parts here.
The first thing is government and students are second.
Government has to
.. transform the more efficient curriculum,
.. offer better payroll for teachers,
.. choose and appoint the qualified teachers,
.. research and reconstruct (if any needs) the situation,
.. allocate the enough budget for each year.
Students have to
.. study more than schooling,
.. clearly decide whether taking the advanced course or not (that is, from High school to University),
.. take consideration about vocational education (Although this is informal issues in Myanmar, we
can study)
——————————
Thanks and respects for your participation,
TM
Swal Taw Ywet
January 10, 2012 at 8:08 pm
Thank you for your quick response, SaYar Thit.( please let me call you like that .)
Yes, we have very bad experience in changing of curriculum in Technical field.
To change the mind set, we should start from basic Education.
To change the skills for industrial sector, we must start from the Technical schools such as GTI, GTC and GTU.
Please let me share our experiences at GTI as a post.
With respect,
Swal Taw Ywet.
padonmar
January 5, 2012 at 8:46 pm
ဆရာသစ်ရဲ့ ဒီ post လေးကို မှော်ဆရာဂရုမှာတွေ့လိုက်ရပါတယ်။
အစိမ်းရင့်ရင့်ဆိုသူလေးက တင်ထားတာပါ။ကြိုက်လို့ share လိုက်တာနေမှာပေါ့။
http://groups.google.com/group/mrsorcerer/browse_thread/thread/ffd897e997ad0040
ကိုသစ်သိအောင် အကြောင်းကြားတာပါ။
ကိုသစ်စာတွေက များများပျံ့နှံ့လေ ကောင်းလေလို့မြင်ပါတယ်။
By the way
ဆရာသစ်ရေ ကျွန်မရဲ့ ကုသိုလ်မှတ်တမ်းက record of good deeds သက်သက် မဟုတ်ဘူးရှင့်၊
regularity record လို့ ပြောရမယ်ထင်ပါတယ်။ကိုယ့်ကိုကိုယ် remind to do and analyse လုပ်တဲ့သဘောပါ။
ွွှှဒါကြောင့် ကိုသစ်ရဲ့ ၁၃ (ကျွန်မရဲ့ မကောင်းကျင့်တွေထဲကတစ်ခု)ကိုဒီနည်းနဲ့ပြုပြင်ကြည့်မယ်လို့ ပြောတာပါ၊
thit min
January 5, 2012 at 9:10 pm
မပဒုမ္မာရေ
ဟုတ်တယ်နော်။
ကျနော်လည်း ခုမှတွေ့တယ်ဗျာ။ ကျေးဇူးပါဘဲနော်။
ပထမတော့ ရွာထဲက ကိုမှော်လို့ထင်လိုက်တာ၊ ကိုမှော်ကကျနော်ကို ခွင့်တောင်းပြီးသားပါ။
သူ့ ဝက်ဆိုဒ်မှာ ကျနော့စာတွေတင်ပါရစေလို့၊ ကျနော်ကလဲ ခွင့်ပြုပြီးသားပေါ့နော်။
ခုဟာက ဦးဦးမှော်ဆရာဆိုဒ်ဘဲဗျ။ ကိုမှော်(ရွာထဲက) ဆိုဒ်မှမဟုတ်တာ။
အင်းလေ ဘာဘဲဖြစ်ဖြစ်ပါ
သူသဘောကျလို့ သူယူတင်တာဆိုတော့ အားလုံးဖတ်ရအောင်ဖြန့်ဝေပေးလို့ကျနော်
ကျေးဇူးတင်ပါတယ်။
———————————————————
မှတ်တမ်းထက်ပိုသော သတိပေး နှိုးဆော်စာ လေးဆိုပါတော့ ………ပိုကောင်းသွားပြီဗျာ။
လုပ်ရအုန်းမယ်၊ ကျနော်လည်း၊ မကောင်းတဲ့ ပါတ်ဝန်းကျင်ကြောင့် ယိုင်မသွားအောင်ထိန်း
ရအုန်းမယ်။ လူဆိုတာ အမြဲ မှန်ဘို့ခက်ပေမဲ့ အမှားနည်းအောင်တော့ နေလို့ ရ ကို ရ ရ မှာပါဗျာ။
ကောင်းသော စိတ်ကူးလေးအတွက် ကျေးဇူးပါခင်ဗျ။
လေးစားစွာ
မောင်သစ်မင်း(^^)