လယ်တီဆရာတော် ရှင်ဉာဏဓဇ (မြန်မာသက္ကရာဇ် ၁၂၀၈-၁၂၈၅) ရေးစပ်သတိပေးထားတဲ့ အဖိုးတန်လက်ရာ ဒွေးချိုးကဗျာလေးပါ
တစ်နေ့ကွယ်၊
သေနယ်သို့တစ်ခါကူး၊
မေ့လျော့ကာ၊ သေဘူးမထင်ပါနဲ့
နေကွယ်တာအချိန်များရင်ဖြင့်
သေနယ်ရွာ၊ တစ်ကြိမ်သွားရမယ်
တားမရဘူး။
တစ်နေ့ကွယ်၊
သေနယ်သို့တစ်ခါကူး၊
မေ့လျော့ကာ၊ သေဘူးမထင်ပါနဲ့
နေကွယ်တာအချိန်များရင်ဖြင့်
သေနယ်ရွာ၊ တစ်ကြိမ်သွားရမယ်
တားမရဘူး။
4 comments
kyansitthar101
October 13, 2010 at 10:42 am
သေ တယ်ဆိုတာ သဘာဝ ဘဲ လူတိုင်းကြုံရမှာ ဘဲ ဘယ်အချိန် မှာ ကြုံရမလဲ ဆိုတာတော့ မသိဘူး
သေတယ်ဆိုတာ ပြောရတာ လွယ်ပါတယ် တကယ်ကြုံလာရင်တော့ ဘယ်လိုနေမလဲ မသိဘူး
တစ်နေ့ကွယ်၊
သေနယ်သို့တစ်ခါကူး၊
မေ့လျော့ကာ၊ သေဘူးမထင်ပါနဲ့
နေကွယ်တာအချိန်များရင်ဖြင့်
သေနယ်ရွာ၊ တစ်ကြိမ်သွားရမယ်
တားမရဘူး။
တကယ် အဓိပါယ်ရှိတဲ့ ကဗျာ လေးပါ
Bl@dE
October 13, 2010 at 11:54 am
သိပ်ကောင်းပါတယ်…မေ့လျော့နေမှာဆိုးလို. ဆရာတော်ကစပ်ခဲ့တာထင်တယ်…သတိပေးချင်လို.လဲပါမယ်ထင်တယ်…
နောက်ထပ်ရှိသေးရင်တင်ပါအုံးဗျာ….
ကျွန်တော်ဖတ်ချင်လိုချင်လို.ပါဗျာ…
ကျွန်တော့်မှာရှိရင်လဲတင်လိုက်မယ်
ဆူး
October 13, 2010 at 11:59 am
မိုးကုတ် ယောဂီတွေ ရွတ်တဲ့ စကားတောင် ကြားမိလာတယ်.. ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်။
april
October 13, 2010 at 2:32 pm
ရှေးပညာရှိတွေ ပြောတဲ့ စကားတွေက အရမ်းတန်ဖိုးရှိ ပါတယ်။လူရယ်လို့ ဖြစ်လာရင် တစ်နေ့သေမှာပဲ စောတာနဲ့ နောက်ကျတာပဲ ကွာမယ်။
မသေခင်မှာ ကိုယ့်နောက်ပါမဲ့ ဝိပတ်သနာကို ကြိုစားအားထုတ်ဖို့က အရေးအကြီးဆုံးပဲ လို့ထင်တယ်။