ဗြဟ္မာခေါင်း
ပုံပြင်တွေထဲမှာ ပေါ့နော် ။ ဘယ်ပုံပြင်ထဲမှာလဲ နာမည်တွေ ဘာလဲ တော့ အသာ ခဏမေ့ထားပြီး ရေးချင်ပါတယ် ။ ဒါက အင်ထရိုမို ့ပါ ။
ဟိုးရှေးရှေးတုန်းက နတ်ကြီး တစ်ပါး နဲ ့ဗြဟ္မာကြီး တစ်ပါး လောင်းကစား လုပ်ခဲ့ကြတယ်တဲ့ ။ သူရို ့တွေ လောင်းတဲ့ ကြေး က မနည်းဘူးဗျ ။ နိုင်တဲ့သူ က ရှုံးတဲ့သူ ရဲ ့ခေါင်းကို ဖြတ်ကြေးဆိုဘဲ ။ ဒါနဲ ့ပွဲအပြီးမှာ ဗြဟ္မာကြီး ဟာ ရှုံးသွားပါလေရော ။ သူ က ကတိအတိုင်း သူ ့ခေါင်းကို ဖြတ်ယူဖို ့၊ နတ်ကြီး ကို ပြောပါသတဲ့ ။ နတ်ကြီး က အချင်းချင်းတွေဆိုတော့ မဖြတ်ဘူးပေါ့ ။ ဒါပေမယ့် မာနကြီးပြီး ကတိတည်တဲ့ ဗြဟ္မာကြီးဟာ သူ ့ခေါင်းကို သူ ဖြတ်လိုက်သတဲ့ ။ ( သူရို ့က တန်ခိုးတွေ ပါဝါတွေ ရှိတော့ လုပ်ချင်သလို လုပ်ရတာပေါ့ )
အဲဒီမှာ ဗြဟ္မာခေါင်းပြတ်ကြီးပေါ့ ၊ နတ်ကြီးဟာ အဲဒါကြီး ကို သယ်လာရသတဲ့ ။ မြေကိုလဲ ပစ်လို ့မရ ၊ မြေကိုပစ်ရင် မြေဆီတွေခန်းခြောက်ကုန်မှာ ၊ လူ တိရစ္ဆာန် တွေ ဒုတ်ခ ရောက်ကုန်မှာ တဲ့ ။ ပင်လယ် သမုဒ္ဒရာထဲ ပစ်လိုက်ရင် ရေတွေခန်းခြောက်ကုန်ပြီး ရေနေသတ္တဝါတွေ ဒုက္ခ များကုန်မှာတဲ့ ။ ဒါနဲ ့နတ်ကြီး ဟာ အဲဒီ ဗြဟ္မာခေါင်းကြီး ကို နတ်ပြည်ကို သယ်လာခဲ့ပြီး ၊ နတ်သမီးလေးပါး ကို အလှည့်ကျ ထိန်းသိမ်းထားဖို ့၊ ကိုင်ထားဖို ့တာဝန်ပေးလိုက်သတဲ့ ။ အဲ့မှာ နတ်သမီးလေးတွေ ဟာ စိတ်ညစ်ညစ်နဲ ့တာဝန်ကြီး တစ်ရပ် ကို စောင့်ထိန်းကြရပါရောတဲ့ ဗျာ ။
အဲဒီပုံပြင်ကို အကြောင်းခံပြီး ကျွန်တော် တို ့လူမျိုးတွေကြားထဲမှာ ပြဿနာရှာတတ်တဲ့သူ ၊ ဟိုလူနဲ ့မတည့် ဒီလူနဲ ့မတည့် ပေါင်းသင်းဆက်ဆံရခက်တဲ့သူ ၊ အေးရာအေးကြောင်း မနေတတ်တဲ့သူ မျိုး ကို “ ဗြဟ္မာခေါင်း ” ဆိုပြီး သုံးနှုန်းလေ့ ရှိတာပေါ့ဗျာ ။ အကြောင်းသိ သွားပြီ ဆိုရင် အပေါင်းအသင်းအဖြစ်ကနေ ရှောင်လေ့ရှိတဲ့ လူမျိုးတွေပေါ့ ။
စာဖတ်သူ တွေ ရဲ ့ပတ်ဝန်းကျင်မှာလဲ “ ဗြဟ္မာခေါင်း ” တွေ ရှိကြမှာပါ ။ ကျွန်တော့်မှာလည်း အဲဒီလို ဗြဟ္မာခေါင်း မကြာခဏ ကြုံခဲ့ရာမှာ ၊ ပေါင်းသင်းနေတဲ့ ဘော်ဒါရင်းထဲမှာ ကို အဲဒီ ဗြဟ္မာခေါင်း တစ်ယောက် ပါနေတော့ ၊ တော်တော့် တော်တော် လေး ကို စိတ်ဒုက္ခ ဖြစ်ရပါတယ် ။
ဒီလိုဗျာ ၊ အဲဒီကောင် က အစတုန်းကတော့ ဗြဟ္မာခေါင်း မဟုတ်သေးဘူးဗျ ။ သူကြုံတွေ ့ရတဲ့ လူနေမှုပတ်ဝန်းကျင် ရယ် ၊ နိမ့်မြင့်ရှိတတ်တဲ့ လောကဓံ ကို မခန် ့လေးစား နေရာကနေ ဗြဟ္မာခေါင်း ဖြစ်လာတာဘဲ ။
သူ ့နာမည် ကို မောင်မောင် လို ့မှတ်ဗျာ ။
မောင်မောင် ဟာ မရှိမရှား ၊ ပေါ်ပင်စီးပွားရေးလုပ်ကြတဲ့ မိသားစုတစ်စု က တစ်ဦးတည်းသော သားတစ်ယောက်ပေါ့ ။ မိဘများက စားနိုင်သောက်နိုင်ဝတ်နိုင် ဆိုတော့ ၊ မောင်မောင့် ကို လိုလေသေးမရှိထားခဲ့တာပေါ့ဗျာ ။ မောင်မောင် ကျောင်းသားဘဝတစ်လျှောက် ဘွဲ ့ရပြီးသည် အထိ ၊ သူနဲ ့ပေါင်းသမျှ သူငယ်ချင်း အားလုံး ကို သူကချည်း ဒကာခံ ပေါင်းခဲ့တာပေါ့ ။ အဲဒီလို ကျွေးမွေးနိုင်အောင်လည်း သူ ့မိဘ တွေ က ပြည့်ပြည့်စုံစုံ ပေးနိုင်ခဲ့တာ ။ နောက်ကြ ကျောင်းတွေပြီးတော့ ၊ မောင်မောင် လည်း ကျောင်းတုန်းက သူငယ်ချင်းတွေနဲ ့စီးပွားအတူ လုပ်ကြတာပေါ့ ။ အစပိုင်းတုန်းကတော့ အဆင်ပြေချောမွေ ့ခဲ့တာပါဘဲ ။ နောက်ပိုင်းကြတော့ မောင်မောင့် မိဘများဟာ စီးပွားရေး အဆင်မပြေဖြစ်လာတယ် ။ မောင်မောင့် စီးပွားရေးဟာလည်း အဆင်မပြေ ဖြစ်လာပါလေရော ။ အရင်လို ပိုက်ဆံ ကို ကိုယ်သုံးချင်သလို မသုံးနိုင်တော့ဘူးပေါ့ ။ အရင်လို ပိုက်ဆံမသုံးနိုင် ၊ သူငယ်ချင်းများ ကို လည်း မကျွေးနိုင် မတိုက်နိုင် ဖြစ်လာတော့ အလိုလိုနေစိတ်ဓါတ်ကျလာပြီး လောကကြီး ကို အမြင်တိမ်းစောင်းလာပါလေရော ။ အရောင်းအဝယ် ငွေပေးရမယ့် နေရာတွေမှာလည်း ကတိတွေ ပျက်လာပြီး ၊ အယုံအကြည် ပျက်လာပါရော ။ အဲဒီမှာ…စီးပွားအဆင်မပြေတာ ကို စိတ်ညစ် ၊ စိတ်ညစ်တော့ အရက်သောက် ၊ အရက်သောက်ပြီးတော့ ၊ လောကကြီးကို အရွဲ ့တိုက်ချင်တဲ့ စိတ်နဲ ့မောင်မောင် တစ်ယောက် ပတ်ဝန်းကျင် ကို ရန်ရှာပါလေရော ။
ကျွန်တော် တို ့သူငယ်ချင်းများ ဟာ အလုပ်ကိုယ်စီနဲ ့မို ့၊ ကျောင်းသားဘဝတုန်းကလို တစ်ရက်တစ်ခါ မဆုံဖြစ်ကြတော့ပေမယ့် ၊ တစ်ပါတ်တစ်ခါ တော့ ဘီယာဆိုင်မှာ အတူချိန်းထိုင်လေ့ ရှိကြပါတယ် ။ ဘီယာဆိုင် ချိန်းထိုင်ဆိုတဲ့ ဟာကလည်း ၊ ရှေးတုန်းကဆိုရင် မကောင်းတဲ့အပြုအမူမျိုးဖြစ်ခဲ့ပေမယ့် ၊ ယနေ ့ခေတ်မှာတော့ သိုဝှက်ရမယ့် ကိတ်စမျိုး မဟုတ်တော့ပါဘူး ။ ဘီယာဆိုင်မှာ ထိုင်ရင်း ဘီယာအေးအေးလေးတစ်ခွက်စီလောက် သောက်ကြရင်း ၊ အကင်လေး စားရင်း ၊ မတွေ ့ရတဲ့ နေ ့တွေအတွင်း ဘာတွေလုပ်ဖြစ်ကြောင်း ၊ အခုလောလောဆယ် ဖြင့် ဘာစီးပွားရေးက ဟော့နေကြောင်း ၊ တတ်နိုင်ရင် လုပ်ကြည့်ဖို ့တစ်ယောက်နဲ ့တစ်ယောက် အကြံပေးကြရင်း ၊ စကြနောက်ကြရင်း ၊ အလုပ်မှာ ပင်ပန်းလာသမျှ ကို ဘော်ဒါများနဲ ့ပျော်ပါးတဲ့ အချိန်အခါလေးပေါ့ဗျာ ။ အရင်တုန်းက မောင်မောင် အဆင်ပြေချိန်များကတော့ ၊ များသောအားဖြင့် သွားသမျှ အခါတိုင်းကို မောင်မောင် က ပိုက်ဆံဇွတ်ရှင်းခဲ့တာများတယ် ။ အခုနောက်ပိုင်းကြတော့ ၊ ကျွန်တော် တို ့ဘဲ အလှည့်ကျ ရှင်းကြတာပေါ့ ။ မောင်မောင် အဆင်မပြေတဲ့အကြောင်းတွေ ကြားလို ့စိတ်မကောင်းဖြစ်ကြရပြီး ၊ သူ ့ကို ဝိုင်းအားပေးကြပါတယ် ။ အရင်တုန်းက သူ ကျွေးမွေးခဲ့တဲ့ ကျေးဇူးကိုလည်း ဘယ်သူကမှ မမေ့ကြပါဘူး ။ ခက်တာက..ဘသားချော က အရင်လို မဟုတ်တော့ဘဲ ၊ သောက်ပြီးချိန်မှာ သွေးထဆိုးတော့တာပါဘဲ ။ အရင်တုန်းက ပိုက်ဆံ ကို ထင်သလို သုံးခဲ့တာ ဆိုတော့ ၊ မသုံးနိုင်တော့တဲ့ အချိန်မှာ သူငယ်ချင်းတွေ ကျွေးတာ တိုက်တာ စားသောက်ပြီး ၊ ဘယ်သူ ့ဂရုစိုက်ရမှာလဲ ဆိုပြီး ဘေးဝိုင်းတွေ ကို ထ ဗျောက်ဖောက် ရန်ရှာ တော့တာပါဘဲ ။ ရန်မဖြစ်ချင်တဲ့ သည်းခံတတ်တဲ့ လူမျိုးနဲ ့တိုးရင်တော့ ရိုးရိုးတောင်းပန်လို ့ပြီးပေမယ့် ၊ စိတ်ဆတ်တဲ့ လူမျိုး ၊ မင်းဘာလဲ ငါဘာလဲ လူမျိုးနဲ ့တွေ ့ရင်တော့ ၊ ရန်ဖြစ်ကြတော့တာပါဘဲ ။ ခက်တာက… ကိုယ့်လူ က စပြီး ပြက်သနာ ( ဇော်ဂျီဖောင့်အစစ်မရပါသဖြင့် ) ရှာတာဆိုတော့ ၊ ကိုယ်တွေ မှာ ရန်မဖြစ်ချင်ဘဲ ဖြစ်ရတဲ့ အခါမျိုးတွေလည်း မနည်း ။ အဲဒီလို မလုပ်ဖို ့၊ သောက်ပြီးရင် အေးအေးဆေးဆေး နေဖို ့ဝိုင်းပြောကြပေမယ့်လည်း ၊ ဆရာသမား က ခွေးမြီးကောက် ကျည်တောက်စွပ် သလို ပါဘဲ ။ ပြောတုန်းခဏ နားထောင်ပြီး ၊ အချိန်တန်လို ့သောက်ပြီးရင် ထုံးစံအတိုင်း ပြက်သနာ ရှာတော့တာပါဘဲ ။ ကြာတော့ အပေါင်းအသင်းအားလုံးဟာ နဂိုက အေးဆေးနေတတ်တဲ့ အကျင့်ရှိတာ ဆိုတော့ ၊ မောင်မောင့် ကို ရှောင်ကုန်ကြပါတယ် ။ ချီးထုပ် (ခ) ဗြဟ္မာခေါင်း လို ့ဝိုင်းပြီး နာမည်ပေးလိုက်ကြပါတယ် ။ ဘော်ဒါများ ဆုံလို ့သောက်စား စကားပြောကြမယ် ဆိုရင်လည်း ဘယ်သူကမှ မောင်မောင့် ကို မခေါ်ကြတော့ပါဘူး ။ မောင်မောင့် ကို ခေါ်မယ်ဆိုရင် ၊ မောင်မောင် လာမယ် ဆိုရင် ငါမလာဘူး ဆိုတဲ့ အထိ ဖြစ်ကုန်ကြပါတယ် ။ မောင်မောင် က တော့ သူ ့ကိုယ်သူ လည်း ဘာဖြစ်နေတယ် ဆိုတာ ပြန်သုံးသပ်နိုင်ခြင်းလဲ မရှိတော့ ၊ ကြာတော့ သူ ့ကို ဘယ်သူကမှ လဘက်ရည်ဆိုင်ထိုင်ဖို ့က လွဲလို ့၊ ညပိုင်းတွေ ့ချိန်များမှာ ရှောင်ကြဉ်လာတာ ကို သတိထားမိသွားပါတယ် ။ သူ က တစ်ချိန်က ရွှေထီးဆောင်းခဲ့သူ တစ်ယောက် ဖြစ်ခဲ့တော့လည်း ၊ မင်းတို ့နဲ ့မပေါင်းရလို ့ဘာမှမဖြစ်ဘူး ဆိုတဲ့ မာန နဲ ့၊ ရပ်ကွက်ထဲက အခြေခံလူတန်းစားများ ၊ သူ ့လက်အောက်က ဝန်ထမ်းများနဲ ့ပေါင်းသင်းပြီး သောက်စားမူတူး ရန်ရှာစမြဲ ဆက်လုပ်နေတယ် ။ အဲဒီအခါကြမှ ၊ မောင်မောင့်အပေါင်းအသင်းသစ်များဟာ မောင်မောင့်လို လူစားမျိုးတွေချည်း ဆိုတော့ ၊ ရဲစခန်းရောက်လိုက် ၊ ရပ်ကွက်ရုံးရောက်လိုက် ၊ ဆေးရုံရောက်လိုက် နဲ ့ပို ရှုပ်ကုန်ပါတယ် ။ အခုဆိုရင် ၊ မောင်မောင် တစ်ယောက်နဲ ့လမ်းမှာတွေ ့ရင် ၊ ကျွန်တော် တို ့က သူ ့ကို ပစ်ထားကြောင်း ဝမ်းနည်းသံကြီးနဲ ့စကားနာ ထိုးလေ့ ရှိပါတယ် ။ ခက်တာက ၊ ပြောလို ့လည်းမရ ၊ သူ ရှာသမျှ ပြက်သနာတွေကိုလည်း ကိုယ်တွေက မရှင်းချင် ၊ မရှင်းနိုင် ဆိုတဲ့ အခါကြတော့ ၊ မောင်မောင် ဟာ ပုံပြင်ထဲက ဘယ်သူမှ မကိုင်ထားချင်တဲ့ ဗြဟ္မာခေါင်း လို ၊ အကြောင်းသိများက မပေါင်းချင်တဲ့ မောင်မောင်အဖြစ် ရောက်ရှိသွားပါတော့တယ် ။
ဒါကတော့ ၊ ကျွန်တော်တို ့မြန်မာနိုင်ငံ မှာ လူငယ်ပိုင်း လူလတ်ပိုင်း မှ သည် သက်ကြီးပိုင်းအထိ ဖြစ်လေ့ ဖြစ်ထ ကြုံလေ့ ကြုံထ ရှိတဲ့ အကြောင်းမျိုး ကို ၊ ကျွန်တော် တွေ ့ဖူးတာလေးနဲ ့ယှဉ်ပြီး စာဖွဲ ့ကြည့်တာပါ ။ စာဖတ်သူတို ့ပတ်ဝန်းကျင်မှာကော မောင်မောင့် လို ဗြဟ္မာခေါင်းမျိုးတွေ ဘယ်လောက်ရှိနေမလဲ ။ သူတို ့ကို ဘယ်လို ပေါင်းသင်းကြလဲ ၊ သိချင်စမ်းပါဘိဗျာ ။
******* အားလုံးကို ကျေးဇူးတင်ပါသည် *******
21 comments
ဦးဦးပါလေရာ
January 11, 2012 at 12:11 am
ကျုပ်ဝန်းကျင်မှာလဲ ဗြဟ္မာခေါင်းတွေ ဆိုဒ် အမျိုးမျိုးနဲ့တွေ့ဘူးပါတယ်ဗျာ။
ကျုပ်ကတော့ ဘယ်လိုမှ မပေါင်းသင်းဘူး။
ဗြဟ္မာခေါင်းမှန်းသိတာနဲ့ လွတ်အောင်ရှောင်တာပဲ… 😀
kotun winlatt
January 11, 2012 at 8:01 am
လူမိုက်ဆိုလျှင်ရှောင်သွေလွဲလို့ မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့
မင်္ဂလာတရားနဲ့ အညီပဲ နေလိုက်တယ်..ဆြာပေရေ..
amatmin
January 11, 2012 at 9:39 am
ကိုရင်ပေရေ…
အပူစုနေတဲ့ ဗြဟ္မာခေါင်း တခေါင်းတော့ တွေ့ဖူးပါရဲ့
လူရာသွင်းပြီးဆက်ဆံကြည့်တော့ ကိုယ့်ကိုတောင်အပူလာပြန်ဟပ်လို့
ပစ်ထားလိုက်တော့ နောက်ဆုံးသူ့အပူနဲ့သူ အရှိန်ကုန်ရပ်သွားပါလေရော..
အဲဒီတော့ဖြစ်သင့်တာက ဗြဟ္မာခေါင်းကိုတွေ့ရင် ပစ်ထားလိုက် လောင်စာကုန်ရင်ရပ်သွားလိမ့်မယ်ဗျ.. 🙂
အဲဒီလူစားတွေက လူရဲ့ပင်ကိုယ်အသိစိတ်အားနည်းသွားတဲ့လူစားမျိုးတွေပေါ့..
အသိစိတ်အားနဲတော့ စည်းကမ်းလိုက်နာမှုလျော့ရဲတယ်.တဆက်တည်း
အသိစိတ်နဲ့စောင့်ထိန်းရမယ့် သူတပါးကို စိတ်အနှောင့်အယုက်မဖြစ်စေမဲ့လူမှုရေးကျင့်ဝတ်တွေကိုလည်းချိုးဖောက်..
ပြောသင့်မပြောသင့် မချိန်ဆနိုင်တော့ဘူး.ငါ့လှေ ငါ့ထိုးပဲခူး စစ်ကိုင်းရောက်ချင်ရာရောက်ဆိုတဲ့သမားကြီးတွေပေါ့.
အဲဒီအသိစိတ်ကဝယ်လို့မရ ငှားပေးလို့မရ ဘေးကပြောပြပေးလည်းမရတတ်ဘူး.ကိုယ်တိုင်သိမှရမှာဗျ.
နောက်ဆုံးပညာတတ်သည် ငွေကြေးချမ်းသာသည်ဖြစ်စေ.
လူ့အသိုင်းအဝန်းရဲ့အပယ်ခံအဖြစ်ကိုရောက်မှန်းမသိရောက်သွားရော.
ဝိုင်းပယ်ကြတာမဟုတ်ဘူးနော်..သူတို့ဘာသာရွေးချယ်လိုက်တဲ့လမ်းဗျ..
ဒီတော့သူတို့ကိုလွှတ်ပေးထားလိုက်ပြီး ကိုယ့်လမ်းကိုကိုယ့်ဘာသာဆက်လျှောက်တာအကောင်းဆုံးပဲ..
blackchaw
January 11, 2012 at 11:13 am
အဲဒီလို ဗြဟ္မာခေါင်း သူငယ်ချင်း တစ်ယောက်အကြောင်းပြောပြမယ်ဗျာ။
သူက နေတာ ပါရမီမှာ၊ သူ့ယောက္ခမအိမ်က ပုလဲ မှာ။
အရက်မူးလာရင် ရစ်ပုံရစ်နည်းတွေက တစ်ခါမူး ဇာတ်ညွှန်းတစ်ပုဒ်နဲ့ဗျ။
ဆိုင်မှာ စားသောက်ပြီးလို့ ပိုက်ဆံရှင်းမယ်ဆိုရင် လူမိုက်လိုလို ဘာလိုလိုနဲ့ စားပွဲထိုးကို
ဒီစားပွဲကြီးပါ ရိုက်ချိုးပစ်မှာ ဒီစားပွဲကြီးအတွက်ပါ ထည့်တွက်လို့ ရစ်တတ်တဲ့လူ။
အဲဒါတစ်ခါတော့ လှည်းတန်းက ဆိုင်တစ်ဆိုင်မှာ အရက်သောက်ပြီး
ည ၁၁ နာရီလောက်ကြီး သူ့အိမ်လိုက်ပို့ပါ ဆိုတော့
ပါရမီ အုတ်ကျင်းမှာထင်လို့ လိုက်ပို့တယ်ဗျ။
မဟုတ်ဘူးဗျာ။ အုတ်ကျင်းအိမ်ရောက်တော့
ကိုယ်တော်က လုံးဝ မဆင်းပဲ သူ့ယောက္ခမအိမ်ကို ပို့ရမယ်ဆိုပြီး
ရစ်နေလို့ ပုလဲ ကိုလိုက်ပို့ရတယ်ဗျာ။
မပြီးသေးဘူးဗျ။
ပုလဲ က သူ့ယောက္ခမအိမ်ရှေ့လည်းရောက်ရော
သူမေ့နေလို့ပါတဲ့ သူ့ယောက္ခမတွေ ခရီးထွက်သွားတယ်တဲ့
အဲဒါနဲ့ အုတ်ကျင်းပြန်ခေါ်လာပေးရတယ်ဗျာ။
အဲဒီထဲက အဲဒီလူနဲ့ အရက်မသောက်ရဲတော့တာ ဒီနေ့အထိပဲဗျာ။
အဲဒါကို ဗြဟ္မာခေါင်းလိုလူလို့ ခေါ်လို့ရမလားဗျ။
ငပေါက်ဖော်
January 11, 2012 at 11:51 am
အဲသလိုခေါင်းတွေက အးဆေး.အငြိမ်နေချင်တဲ့လူတွေရှိရင် ပိုဆိုးတယ်..
သူတို ့ထက် ဇရိုက်ကျတတ်တဲ့လူရှိမှ ကုပ်နေတာ
ကျနော့်ဘော်ဒါ..တွေ ့မရှောင် မေပေါင်လိုလူမျိုးနဲ ့သာတိုးကြည့်….
အတိတ်မေ့ပြီး နာ့နာမည်ဘာလဲ ဖြစ်သွားမယ်….
အိုက်လူက ရေလည်ဇရိုက်ကျတာ..
😆
ကြောင်ကြီး
January 11, 2012 at 12:45 pm
နင်တို့ဖာသာ အနေမတတ်တာနဲ့ လူ့ပြည်နဲ့ဝေးရာ ဟိုးအမြင့်ဆုံးဘဝဂ်မှာသွားရှောင်နေတဲ့ ဗြဟ္မာတွေနာမည်ပျက်ရတယ်။ ကောင်းဂျသေးရဲ့လား အရပ်ဂဒို့….
မှတ်ချက်။။ ဗြဟ္မာကြီးတဦးမှ အိမ်မက်ပေးပြောခိုင်းခြင်းဖြစ်သည်။။
nozomi
January 11, 2012 at 1:49 pm
ကျွန်တော်တို့ ရွာထဲမှာတော့ ဗြဟ္မာခေါင်းလို လူမျိုး မရှိလောက်ပါဘူးနော် ?
pooch
January 11, 2012 at 2:07 pm
အင်းဒီလို ဗြဟ္မာခေါင်းဆိုရင်တော့ သူရော ကိုယ်ရော အဆင်ပြေအောင် သူ့ အပူတွေကိုယ့်ကို အဟပ်အောင် ဝေးနေလိုက်တာ ကောင်းပါတယ်..
သို့သော် သာမာန်အချိန်မှာ ဆိုရင်တော့ သူ့ကို အခေါ်အပြောလုပ်ပြီး နှုတ်ဆက်လိုက်ပေါ့… သူလည်း ဘဝတဆစ်ချိုးမှာ လောကဓံကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အနာတရဖြစ်သွားတာ ဆိုတော့ အရင်က သူငယ်ချင်း ဖြစ်ခဲ့ဖူးတာလေးကို ထောက်ထားပြီး … ကူညီနိုင်တာလေးများရှိရင် ကူညီလိုက်ပေါ့….
သို့သော် ဘယ်လိုမှ ကယ်မရတော့ဘူးဆိုရင် တော့ ဥပက္ခာပြုပြီး နေလိုက်တာ ကောင်းပါတယ်.
kaung kin pyar
January 11, 2012 at 2:10 pm
ကို windtalker ရဲ့ ဒုက္ခကို စာနာပါတယ်။ လူမှုပတ်ဝန်းကျင်မှာတော့ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြမှာပါ။ ပင်စင်နာဆိုတဲ့ စကားကို ကြားဖူးအားလုံးကြားဖူးကြမယ် ထင်ပါတယ်။ တချို့လူတွေဟာ သူတို့ အလုပ်ကအနားယူသွားချိန်၊ အာဏာမရှိတော့တဲ့ အချိန်မှာ ဘာလုပ်ရမှန်းလဲ မသိ၊ အနီးအနားကလူတွေက သူ့ကို လူရာမသွင်းတော့ဘူးလို့ ခံစားရ၊ အရင်က ဖြစ်စေညွှန်တိုင်းဖြစ်ခဲ့တာတွေက ပျောက်သွားတော့ စိတ်ဓာတ်တွေကျပြီး အလိုမကျတိုင်း တွေ့သမျှလူတွေ သူ့ကိုကြောက်အောင်၊ လူရှိန်အောင် လုပ်တဲ့သဘောမျိုးပါ။ တခါတလေ ဘက်စ်ကားတွေပေါ်မှာလဲ တွေ့တတ်ပါတယ်။
ကိုမောင်မောင်လဲ ဒီသဘောပါပဲ။ သူက အရက်သောက်လို့ သွေးဆိုးတာမဟုတ်ပါဘူး။ အရင်ကသောက်ပေမယ့် အဆင်ပြေခဲ့သားပဲလေ။ အခုဖြစ်တာက အရက်ကြောင့်မဟုတ်ပါဘူး။ စိတ်ကြောင့်ပါ။ အရင်သူအကုန်အကျခံခဲ့ပေမယ့် ခု သူမတတ်နိုင်တော့ သူငယ်ချင်းတွေရှင်းတာမြင်ရတဲ့အခါ ဝမ်းနည်းစိတ်ထိခိုက်ပြီး မာန်တင်းတဲ့ပုံစံမျိုးနဲ့ ဘေးပတ်ဝန်းကျင်ကို ပြက်သနာရှာချင်တာ။
အတတ်နိုင်ဆုံးတော့ သူ့ကိုနားလည်လက်ခံလာအောင် အချိန်ပေးပြီး ဖျောင်းဖျကြည့်ပါဦး။ သူဒီလိုလုပ်နေတာ သူ့အတွက် အကျိုးမရှိဘူးဆိုတာမျိုး၊ ဒါမှမဟုတ်လဲ သူ့အလုပ်တွေ ပြန်အဆင်ပြေလာအောင် အတတ်နိုင်ဆုံး အကြံညာဏ်ပေးကြည့်တာမျိုးတို့ပေါ့။ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ကိုယ့်သူငယ်ချင်း ပျက်စီးသွားဖို့ လွယ်လွယ်နဲ့ လက်မလွှတ်လိုက်ပါနဲ့။
etone
January 11, 2012 at 4:16 pm
ဗြဟ္မာခေါင်း ဗြဟ္မာခေါင်း ဗြဟ္မာခေါင်း တဲ့ …
ကိုပေပြောတဲ့ပြဟ္မာခေါင်းကြီး .. ပြုတ်ကျမှာစိုးလို့ သယ်ထားရတာ ပင်ပန်းလွန်းပါတယ် …. ။ လက်ကျိုးမတတ်ကိုင်ထားရမယ့် အတူတူ … ခပ်ဝေးဝေးသာလွှင့်ပစ်လိုက်လျှင်ရော … ။
bluerose
January 11, 2012 at 4:22 pm
windtalker ရဲ့သူငယ်ချင်းကိုလေသူငယ်ချင်းကောင်းတယောက်အနေနဲ့
သူဖြစ်နေတာတွေကိုနားလည်ခံစားပေးပြီးတော့သူ့ကိုရင်ဖွင့်ခိုင်း
ပြီးရင်လုပ်နေတာတွေကမှားနေတယ်မဖြစ်သင့်ဘူးဆိုတာကို
နားလည်အောင်သေချာရှင်းပြခုလိုလုပ်နေလို့လည်းအရင်လိုမကောင်းလာဘူး
ဆိုးကျိုးတွေပဲဖြစ်လာဖို့ပဲရှိတယ်ဆိုတာသေချာရှင်းပြသင့်တယ်
သူငယ်ချင်းကောင်းဆိုတာလမ်းမှန်ရောက်အောင်ဆွဲတင်သင့်တယ်
ဗြဟ္မာခေါင်းဆိုပြီးပြစ်ထားတာကနည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ထင်တယ်
ကိုယ်ကအရင်ကြိုးစားကြည့်ပြီးလုံးဝမဖြစ်နိုင်တော့မှပြစ်ထားလိုက်ရတာကပိုမှန်မယ်ထင်တယ်
ဘလူးကတော့မပြစ်ထားနိုင်လို့အဲလိုသူငယ်ချင်းကိုချော့ပေါင်းနေပါသေးတယ်
ဒါပေမယ့်ဘယ်လိုပြင်ပြင်မရလို့အဆက်အသွယ်ဖြတ်လိုက်ပြီ 😛
ငပေါက်ဖော်
January 11, 2012 at 6:39 pm
ညမလေးက ဘလူးမျိုးနွယ်ဝင်လား..
ဘလူးပဲ ဖြစ်ဖြစ်..သရဲပဲ ဖြစ်ဖြစ်..ပြဿနာမရှိပါဘူးကွယ်..
ဒါပေသိ…ဝင်းတော်ကာ ဆိုတဲ့လူကြီးကို ရှောင်ကွဲ ့
အဲလူကြီးက မယ်ချောက်ဖုံတောင် အလွတ်ပေးတာမဟုတ်ဘူး
“ဘီလူးကြီး”ogre
January 11, 2012 at 7:30 pm
ဟယ်ဘီလူး တဲ့
ငပေါက်ဖော် တို့အမျိုးနော်
နာနဲ့တိတယ်..ညှင်းညှင်း.. 🙂 🙂
ငပေါက်ဖော်
January 11, 2012 at 7:38 pm
တားတားနဲ ့ အရင်တိတာ..တားတားနဲ ့အရင်တိတာ
😛
nature
January 11, 2012 at 5:11 pm
ကိုယ်လည်းဗြဟ္မာမင်းအုတ်ခေါင်းလိုနေကြည့်လိုက် ။ ဘယ်သူတွေလာပေါင်းလဲ။ ဘယ်လိုပေါင်းလဲဆိုတာကိုယ်တွေ့သိလာလိမ့်မယ်။ 🙂
naywoonni
January 11, 2012 at 7:44 pm
သနားပါတယ် မောင်ပေ ရဲ့ အဲဒိလိုပစ်မထားပါနဲ့…။ တစ်ကယ်တော့ လောကဓံရဲ့ အလှည့်အပြောင်းဒဏ်မခံနိုင်တဲ့ စိတ်ဓါတ်အင်အားနဲပါးသူတွေ ပေပဲ….။ သူပြဿနာမရှာနိုင်အောင် လူတွေနဲ့ ဝေးတဲ့ နေရာမျိုးမှာပဲ ဆုံကြဖို့ သင့်ပေရဲ့…။ ဥပမာ မိသားစုနဲတဲ့ အိမ်မှာ ဆုံတွေ့ပြီး သောက်ကြစားကြတာတို့….။ သူ့ရဲ့ ဘဝအဟောင်းက အောင်မြင်မှုတွေ လွမ်းမောသွားအောင်ပြောပြီး အားပေးတာတို့….။ လုပ်ပေးသင့်တာပေါ့………..။
windtalker
January 11, 2012 at 7:49 pm
ဟုတ်တယ်ဗျ
အဲဒါ အချက်ဘဲ
အဲဒီလို လူတွေ ကို
လူတောသူတော တိုးအောင်
ပြန်ဆွဲခေါ်ကြရမှာ ကလားဗျ
ငပေါက်ဖော်
January 11, 2012 at 7:51 pm
ကုလာ မဟုတ်ပါဘူး..
ကရင်ပါ..
မှတ်ပုံတင်ကြည့်ပြီးပြီ..လာမရွှီးနဲ ့
windtalker
January 11, 2012 at 8:14 pm
မွှားတယ်ဟ
အမှန်က တရိန်ဂျပုတ် ၊ တရိန်ဂျပုတ် တဲ့
မှတ်ထွား
ဟဲဟဲ
yaungchikha
January 11, 2012 at 8:20 pm
ကိုတော်ကာသူငယ်ချင်းက စိတ်ထဲမှာ သိမ်ငယ်စိတ်ဝင်ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် မနေနိုင်တော့တာနေမှာပါ၊ ပြစ်တော့မထားပါနဲ့ဗျာ၊ လက်တွဲခေါ်ပြီး အကြံညဏ်လေးပေးကြည့်ပါဦး၊ မရတော့မှ လက်လျော့လိုက်ပေါ့နော်……….
MaMa
January 11, 2012 at 9:33 pm
အဲဒါ စိတ်ကျရောဂါရဲ့သွင်ပြင်လက္ခဏာလို့ ပြောရမယ် ထင်တယ် နော်။
ရေရှည်မှာ လူတစ်ယောက်ရဲ့ ဒါဏ်ကို သည်းခံနိုင်ဖို့ဆိုတာ မလွယ်ဘူး။
စိတ်ရင်းနဲ့ (ပြောမနာ ဆိုမနာ) ပြောပြနိုင်တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကပဲ သူ့ကို သူ့ရဲ့ အခြေအနေကို အမှန်အတိုင်းသိအောင်၊ ပြုပြင်ပြောင်းလဲလာအောင် ပြောပြပေးရမယ်။ ဒါဟာသူ့အပေါ် အကောင်းဆုံး ပေးဆပ်တာပဲ။