အကျွန်တို့ ဘုရားရှင်သော်မှ ကြွေးဆပ်ရ – အပိုင်း (၁)
ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာဟာ ဘုရားအဖြစ်သို့ရောက်လို့ ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘဝက ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်တဲ့။ ဘုရားရဲ့ဘဝနဲ့ ဆက်စပ်ပြီး ကြည့်ရအောင်ဗျာ။ အားလုံးသိတဲ့အတိုင်း မြတ်စွာဘုရားအလောင်းဟာ ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်ပြီးတော့ ဘုရားအဖြစ်သို့ရောက်လာတာ။ နည်းတဲ့ ကုသိုလ်တော်တွေမဟုတ်ပါဘူး။ ကုသိုလ်ကောင်းမှု အင်မတန်များမှ များတယ်။ အဲ့ဒီလောက်များတဲ့ ကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်လို့ ဘုရားဖြစ်လာတောင်မှ ဟောဒီ ခန္ဓာကြီးရှိနေတဲ့အခါမှာ တစ်ကြိမ်တစ်ခါမှားခဲ့တဲ့ အကုသိုလ်ကံဟာ အခွင့်ရရင် ရသလို ဝင်ရောက်ပြီးတော့ နှောက်ယှက်တာလေးတွေ ရှိနေပါသေးတယ်။ သူကဘာဖြစ်လို့ အခွင့်ရနေသလဲဆိုရင် ကံရဲ့ အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီးရှိနေလို့ အခွင့်ရနေတာပါ။ ဒီခန္ဓာကြီးမရှိရင်တော့ သူ့အခွင့်အရေးမရနိုင်တော့ပါဘူး။
မြတ်စွာဘုရားရဲ့ ဘဝကို ကြည့်လိုက်၊ မြတ်စွာဘုရားဟာ လူ့ဘဝကိုရလာပြီးတဲ့အခါမှာ သက်တော် ၈ဝ လူ့လောကမှာနေထိုင်ခဲ့တယ်။ သက်တော် ၈၀၊ ဘုရားဘဝနဲ့ ၄၅နှစ် နေထိုင်ခဲ့တယ်။ တရားကျင့်တဲ့အချိန်က နှစ်ပေါင်း ၆နှစ်။ လောကစည်းစိမ်ခံစားပြီးတော့ မင်းသားဘဝနဲ့နေတာက ၂၉နှစ်။ ရွှေနန်းစည်းစိမ်ခံစားနေတဲ့ (၂၉)နှစ်အတွင်းမှာ အခက်အခဲ တစ်စုံတစ်ရာရှိခဲ့တယ်ဆိုတာ မှတ်တမ်းမှတ်ရတော့ မတွေ့ရပါဘူး။
ဝဋ်ကြွေး ခြောက်နှစ်
တောထွက်ပြီး တရားကျင့်တဲ့ ၆နှစ်မှာ ခက်ခက်ခဲခဲ တရားကျင့်ခဲ့ရတာ ဘာကြောင့်လဲ။ သာမန်အနေအထားမဟုတ်ဘဲ ဘုရားအလောင်းတော်ဟာ “အနုတ္တရ သန္တိဝရပဒ” ခေါ်တဲ့ တကယ့်ကို ထူးမြတ်တဲ့ အငြိမ်းဓါတ်ကို ရှာတယ်။ ဒီလိုရှာတာဟာ မှန်ကန်တဲ့လမ်းကြောင်းနဲ့ မရှာမိဘဲ မှားယွင်းတဲ့ လမ်းကြောင်းလိုက်ပြီး ရှာနေတာဟာ အချိန်တွေ ဖြုန်းပြီးတော့ ၆နှစ်နီးပါးလောက်ဖြစ်သွားတယ်။
မှန်မှန်ကန်ကန်တရားလမ်းကြောင်း ကျင့်ခဲ့မယ်ဆိုရင် ခြောက်နှစ်အထိကျင့်စရာမလိုပါဘူး။ ဒီလောက် အပင်ပန်းခံဖို့လည်း မလိုအပ်ပါဘူး။ မလိုအပ်ပဲနဲ့ မှားယွင်းတဲ့ အကျင့်တွေနဲ့ အချိန်ကုန်ခံပြီး ခန္ဓာကိုယ်ကြီး ပင်ပန်းဆင်းရဲရောက်သွားခဲ့ရတာဟာ လွန်ခဲ့တဲ့ဘဝတစ်ခုမှာ ပြစ်မှားမိခဲ့တဲ့ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရလို့ပါ။
ဘယ်တုန်းက ဝဋ်ကြွေးဖြစ်ခဲ့တာတုန်း?
ဟောဒီ့ ဘဒ္ဒကမာ္ဘထဲမှာ တတိယမြောက်ပွင့်တဲ့ ဘုရားဟာ ကဿပမြတ်စွာဘုရား လူတွေရဲ့ အသက်နှစ်သောင်းတမ်းမှာ ပွင့်တော်မူခဲ့ပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားအလောင်းဟာ ဇောတိပါလလို့ ဆိုတဲ့ ဗေဒကျမ်းတတ်ပုဏ္ဏား ဖြစ်ခဲ့ပါတယ်။
အဲ့ဒီခေတ်က ဗေဒကျမ်းတတ်ပုဏ္ဏားဆိုတာ အလွန်မာန်မာနကြီး၊ ပညာမာန်တက်တယ်။ ပညာမာန်တင်မကဘူး အိန္ဒိယနိုင်ငံမှာ ဇာတ်ခွဲခြားထားတာလေးမျိုးရှိတယ်။ ဘုရားအလောင်းဟာ ဇာတ်မြင့်မျိုးရိုးကလည်း ဆင်းသက်လာပြန်တယ်။ ဒါကြောင့် အဆင့်အတန်းခွဲခြားတဲ့ ဇာတ်ခွဲခြားတဲ့ မာန်မာနတွေပါ တက်ခဲ့တယ်။
ဘုရားအလောင်းဆိုတာ အင်မတန်မှ စိတ်ကောင်းရှိပြီး ဘဝမှာ ဆည်းပူးအားထုတ်ခဲ့တဲ့ ပါရမီးနဲ့ အသိဉာဏ်ရှိတဲ့ သူပါ။ ဘယ်လောက်ပဲ ပါရမီတွေဖြည့်ဖြည့် ပတ်ဝန်းကျင်ရဲ့ လှည့်စားမှုကြောင့် ဇာတိမာန်၊ ပညာမာန်တွေတက်တယ်။ ပညာမာန်မာနတွေတက်ပြီး ကဿပမြတ်စွာဘုရားကို လူမထင် သူမထင် သဘောမျိုးနဲ့ သူက ပြောခဲ့တယ်။
ဘယ်လိုပြောလဲဆိုရင် ဘုရားတစ်ဆူဖြစ်ဖို့ ဗောဓိဆိုတဲ့ အသိဉာဏ်ဟာ အင်မတန်မှရဖို့ ခဲယဉ်းတယ်။ သူတို့ ဗေဒကျမ်းဂန်ထဲမှာလည်း ဒီလိုခဲယဉ်းတဲ့ အသိဉာဏ်ကို ဒီလို ကတုံးတုံးထားတဲ့ ကိုယ်တော်က ရနိုင်ပါ့မလားလို့ ပြောခဲ့တယ်။ ကဿပဘုရားကို အထင်သေးပြီးပြောခဲ့တာ။
ကုတော နုဗောဓိ မုဏ္ဍဿ……. တဲ့။။
ဘုရားအလောင်းဆိုပေမယ့် ဘုရားကို မကြည်ညိုခဲ့ဘူးဆိုတာ သတိထားမိဖို့လိုတယ်။
ကဿပဘုရားပွင့်ပြီးရင် ပွင့်မယ့် ဘုရားအလောင်းဟာ ဘုရားကို မကြည်ညိုဘူး။ ဒါကြောင့် ကိုယ်ကိုယ်ကို သိပ်ပြီး အထင်ကြီးတယ်။ ဒီဘဝမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဖြစ်နေပေမယ့် နောင်ဘဝမှာ တခြားလူမျိုး တခြားဘာသာတွေကြားမှာ လူဖြစ်မယ်ဆိုရင်လည်း တခြားဘာသာဘက်ရောက်သွားမှာပဲ။ ဒါကြောင့် ကိုယ်ကိုယ် ယခုဘဝထဲက အသိဉာဏ် ဘာဝနာ သမထ ဉာဏ်ခိုင်မာအောင် လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ သင်ခန်းစာအနေနဲ့ ဘုရားအလောင်းတောင်မှပဲ ဘုရားရှင်ကို ကြည်ညိုနိုင်စွမ်းမရှိပါဘူး။
အဲ့ဒီမှာ ကဿပမြတ်စွာဘုရားကို ပြုစုနေတဲ့ အင်မတန်မှရင်းနှီးတဲ့ ဃဋိကာရ ဆိုတဲ့ အိုးထိန်းသည်ကြီး ရှိတယ်။ ဂေါတမမြတ်စွာဘုရားအလောင်း တောထွက်တဲ့အခါမှာ သူကပဲ ဗြဟ္မာကြီးအဖြစ်နဲ့ ကြာသင်္ကန်းလာကပ်တယ်။ ကဿပဘုရားရှင်လက်ထပ်ကတော့ မျက်စိနှစ်ကွင်းအလင်းမရတဲ့ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေတဲ့ အိုးထိန်းသည်ကြီး ဥပါသကာကြီးပေါ့ဗျာ။
ဇောတိပါလ ဆိုတဲ့ ပုဏ္ဏားနဲ့ သူက အင်မတန်မှ ခင်မင်ရင်းနှီးတယ်။ ရင်းနှီးတော့ ပုဏ္ဏားကို ဘုရားကျောင်းခေါ်တာ ဇောတိပါလပုဏ္ဏားက မလိုက်ဘူး။ မလိုက်တဲ့အပြင်
“ဒီဦးပြည်းကတုံးတွေဆီ သွားလို့ ဘာအကျိုးရှိမှာတုန်း” ဆိုတဲ့ စကားမျိုးပြောတယ်။
နောက်ဆုံးကျ အိုးထိန်းသည်ကြီးက ခွန်အားဗလနဲ့ အတင်းအကြပ်လိုက်မှာလား မလိုက်ဘူးလားဆိုပြီး ဆံပင်ကိုင်ဆွဲလိုက်တော့မှ သူလက်လျှော့လိုက်ပြီး “သိပ်အရေးကြီးတဲ့ ကိစ္စမို့ ငါ့ကိုခေါ်တာပဲ” တွေးပြီးတော့ “ကဲ… ဆံပင်ကိုတော့ မဆွဲနဲ့ လိုက်ခဲ့မယ်” ဆိုပြီးလိုက်သွားတယ်။
ဘုရားဆီရောက်တော့ တရားဟောတယ်။ ဘုရားတရားလည်း နာလိုက်ရော “ဒါမှ တရားစစ် တရားမှန်ပဲ” ဆိုတာ ချက်ချင်းသိသွားပြီး တရားပွဲထတာနဲ့တစ်ပြိုင်နက် ဘုရားဆီမှာ ခွင့်တောင်းပြီး သင်္ကန်း ဝတ်လိုက်တာ အိမ်မပြန်တော့ဘူး။
ဘုရားအလောင်းတွေက ပြတ်သားတယ်။
ဘုရားအလောင်းတွေဟာ ဆုံးဖြတ်ချက်အင်မတန် ပြင်းထန်တယ်။ သာမာန်လူတွေဟာ ဒီလိုဆုံးဖြတ်ချက်ချပြီးတော့ ကြိုက်တော့ကြိုက်တယ် မလုပ်နိုင်ကြသေးဘူး။ ဘုရားအလောင်းကျတော့ အယူဝါဒတစ်ခုကို ယူပြီဆိုရင်လည်း လမ်းဆုံးအောင်လိုက်တယ်။ စွန့်ပြီဆိုရင်လည်း ချက်ချင်းစွန့်တယ်။ သူတို့က အချိန်မဆွဲဘူး။ ပြတ်သားတယ်၊ ရဲရင့်တယ်။ ကျွန်တော်တို့တွေသာ ပြတ်သား ရဲရင့်မှုမရှိလို့ သံသရာထဲမှာ အချိန်ဆွဲနေကြရတာပေါ့ဗျာ။
“ဗောဓိဆိုတာ အလွန်ပဲခဲယဉ်းတာ၊ ဒီလို ဦးပြည်ကတုံးတွေ အနေနဲ့ ဘယ်လိုလုပ်ပြီး ဗောဓိဉာဏ်ရနိုင်မှာတုန်း” ဆိုတဲ့ ဒီအပြောကဲ့ရဲ့စကားကြောင့် လမ်းလွဲပြီး ခြောက်နှစ်ပတ်လုံး ဒုက္ခစရိယာကျင့်ပြီးတော့ ပေးဆပ်လိုက်ရပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဖြစ်စဉ်တော်တွေကို သင်ခန်းစာယူပြီး ကျွန်တော်တို့အနေနဲ့လည်း ဘုရားရှင်နဲ့တကွ ရဟန်း၊ ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်တွေကို မိမိရဲ့ ဉာဏ်တစ်ထွာတစ်မိုက်လေးနဲ့ မဝေဖန်ဖို့၊ မကဲ့ရဲ့ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘုရားရှင်ဟာလည်း အမြတ်နိဗ္ဗာန်ကို တက်လှမ်းသွားခဲ့ပါပြီ။ ဘုရားရှင် တရားတော်တွေကို ဟိုဟာဖြစ်တယ်၊ ဒီလိုဖြစ်တယ် ဝေဖန်ကဲ့ရဲ့နေရင် ကိုယ့်မှာသာ အကုသိုလ်ကြွေးတွေ အဖတ်တင်နေပါလိမ့်မယ်။ ပြောလိုက်ရေးလိုက်တာက အချိန်ခဏလေးပါ။ အဲ့ဒီ အကုသိုလ်ကြွေးတွေကို ပြန်ဆပ်ရရင် အများကြီး စတေးပေးဆပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ ရွာသူားတွေအနေနဲ့လည်း ဘုရားရှင်နှင့် ဓမ္မကို ဝေဖန် ကဲ့ရဲ့မှုတွေ မရေးသားပဲနဲ့ ယုံယုံကြည်ကြည် ဝိပဿနာပွားများကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသောတရားတော်အား ကိုးကားရေးသားပူဇော်ပါသည်ခင်ဗျာ)
အဝိဇ္ဇာနွံထဲက ကြယ်တစ်ပွင့်
ကိုရင်စည်သူ
20 comments
ကိုရင်စည်သူ
January 13, 2012 at 12:56 pm
အကျွန်တို့ ဘုရားရှင်သော်မှ ကြွေးဆပ်ရ ဆိုတဲ့ ပို့စ်လေးကို
အပိုင်းလိုက်ဆီ ခွဲရေးတင်ပေးသွားပါ့မယ်…
ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရွာထဲမှာ ဗုဒ္ဓဘာသာများပါတယ်
သုံးလောကထွတ်ထား မြတ်စွာဘုရားတောင် လုပ်ခဲ့သမျှကို ဝဋ်ကြွေး
ပြန်ဆပ်သွားရပါတယ်။ ကျနော်တို့ ရွာသူားတွေလည်း အကြွေးတွေထပ်မတင်အောင်
ကျနော်ကိုယ်တိုင်လည်း ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်သဒ္ဓါတရားနှင့် ကိုယ့်ကိုယ်ကို
သတိပေးတဲ့အနေနဲ့ သင်ခန်းစာသဘောမျိုးနဲ့ အခန်းဆက်ရေးသွားပါ့မယ်ခင်ဗျာ..
ကျနော်က ကျမ်းတတ်ပုဂ္ဂိုလ်ကြီးမဟုတ်တဲ့အတွက်ကြောင့် ရေးသားတာ
အမှားအယွင်းပါရင်လည်း ခွင့်လွှတ်ပေးကြပါနော့…
ခန္ဓာရှိနေသရွေ့ ကံတွေက ဆက်တိုက်ဖြစ်နေတယ်။
လုပ်စားကိုင်စားရတဲ့အလုပ်ကလည်း အသက်ကို စပေါ်တင်ထားရတာဆိုတော့
အသေမဦးခင်တော့ ဉာဏ်ဦးအောင်ကြိုးစားနေပါတယ်။
အဝိဇ္ဇာနွံထဲက ကြယ်တစ်ပွင့်
ကိုရင်စည်သူ
Anzartone
January 13, 2012 at 1:12 pm
” ဘုရားအလောင်းကျတော့ အယူဝါဒတစ်ခုကို ယူပြီဆိုရင်လည်း လမ်းဆုံးအောင်လိုက်တယ်။ စွန့်ပြီဆိုရင်လည်း ချက်ချင်းစွန့်တယ်။ သူတို့က အချိန်မဆွဲဘူး။ ပြတ်သားတယ်၊ ရဲရင့်တယ်။ ကျွန်တော်တို့တွေသာ ပြတ်သား ရဲရင့်မှုမရှိလို့ သံသရာထဲမှာ အချိန်ဆွဲနေကြရတာပေါ့ဗျာ။ … ”
အမှန်ပေါ့ ကိုရင်စည်သူ ရာ … ကျုပ်တို့တွေ ရဲရင့်မှု မရှိလို့ သံသရာ ရှည်နေကြရတာပဲ …
ဒါနဲ့ ပတ်သက်ပြီး စာလေးတစ်ခုတောင် သွား သတိရမိသေး … ဘာတဲ့ …
” …
စိပ်ပုတီးနဲ့ ရိပ်ကြီးခိုတော့မယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့ ထွက်လာတဲ့သူတစ်ယောက် တောစပ်လည်း ရောက်ရော သူ့မိန်းမ သတိရတာနဲ့ အခုလို ဟဲလိုက်တယ် ဆိုပဲ …
” မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်ကွယ့် … မင်း … လိုက်ခဲ့ဦး …”
…”
inz@ghi
January 13, 2012 at 1:12 pm
အားပေးဖတ်ရှု သာဓုခေါ်သွားပါတယ်ကိုရင်ရေ ….
ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ရဲ့ တရားတွေလည်း နာတယ်ကိုး….
ကိုရင်ဟာ လူတော်လူကောင်းဆိုတာ ပိုမိုပီပြင်စွာ ထုဆစ်နိုင်ခဲ့တဲ့ ပို့စ်လို့ မှတ်ပါတယ်ခင်ဗျား…
ကိုရင့်ကိုလေးစားနေတဲ့
ဂီ
ငပေါက်ဖော်
January 13, 2012 at 1:33 pm
မောင်ကြီးက အဖော်မရှိရင် သရဲကြောက်သကွဲ ့..ကင်းစောင့်လှည့်ဦး..
နောက်ဒါ..ညှင်းညှင်း
အနုပ်လို ဉာဏ်တစ်ထွာတစ်မိုက်နဲ ့ မြင်မိုတောင်လောက်ဉာဏ်ရှိတဲ့လူတွေကို မစော်ကားမိအောင် သတိစောင်ပါ့မယ်တိုရင်
တိုရင်လဲ သတိစောင်ပါ..
တိုရင် တောထွက်ရင် တိုရင့်စီးစိမ်တွေ သများကို အပ်ခဲ့ပါ
ရောင်းစား..ပေါင်စားပြီး..မသောက်ပါဘူး..မစားပါဘူး..
ကုသိုလ်လုပ်မှာပါ.စိတ်ချပါ.ဘယ်တော့ထွက်မှာလဲ.ဝဋ်ကျွေးတွေမြန်မြန်ပေးဆပ်လိုက်ပါတော့လား
True Answer
January 13, 2012 at 1:57 pm
သဂျီးမင်း နှင့်တကွ အားလုံးပဲဖတ်သင့်တဲ့ ပို့စ်လေးပါ။
သာဓုခေါ် အားပေးလျှက်
kai
January 13, 2012 at 3:45 pm
ကျုပ်က.. တင်တဲ့ပို့စ်အားလုံးလိုလိုဖတ်ပါတယ်ကွယ်…။
ဗုဒ္ဓဘုရားရှင်မှာ ကံကြမ္မာဝဋ်ကြွေးတွေကျန်ပြီး..အဲဒါတွေ ဆပ်နေရတယ်ပြောတာကို… “ပုံပြင်လို့”မှတ်ပါတယ်ကွယ်…။ 😆
MaMa
January 13, 2012 at 10:37 pm
အင်းးးးးး သဂျီးကတော့ လုပ်ပြီ။
ကံ ကံ၏အကျိုး ဆိုတာကြောင့် ဗုဒ္ဒ္စဘုရားရှင်ဟာလည်း ပါရမီနုစဉ် သံသရာမှာ ကျင်လည်စဉ် ပြုခဲ့တဲ့ ကံတွေရဲ့အကျိုးကို “ဝဋ်မှာ အမြဲ၊ ငရဲမှာ အပ” ဆိုသလို နိဗ္ဗာန်ကို ဝင်စံတော်မမူမီ ဝဋ်ကျွေးတွေကို ကုန်အောင် ပြေအောင် ဆပ်သွားရတယ်လို့ ကြားဖူးပါတယ်။
သေသေချာချာ တိတိကျကျ စာပေနဲ့တော့ မပြောတတ်ပါ။
သိသူများ ဝိုင်းကူကြပါဦး။
ကြောင်ကြီး
January 14, 2012 at 9:21 am
ဝိုင်းဆဲဂျကွာ…။
မိုက်ကယ်ဂျော်နီချီးဘတ်
January 14, 2012 at 9:25 am
ဒီနှစ်ထဲမှာ ဆဲတာတွေကို သေခြာကြီးကြပ်မှာဖြစ်တဲ့အတွက်
ဆပလိုင်းဂျက်သတိထားကြပါခင်ဗျ 😀 😀 😀
ငပေါက်ဖော်
January 14, 2012 at 11:17 am
ဒီနှစ်ထဲ ဘသူ ့ဘသူမှ ဆဲခွင့်မပြုတော့ပါဘူး
ဆဲချင်ရင် ကီးဘုတ်နဲ ့မဆဲပဲ ပါးစပ်နဲ ့အော်ဆဲပါ
ထောင်ခြောက်ဆင် ဆဲခိုင်းတဲ့ပိုစ့်တွေကိုလဲ သတိထားကြပါ
ပုံ၊
သဂျိုင်ခီး
😆
True Answer
January 14, 2012 at 12:12 pm
တောက် ….. ဒီနှစ်ထဲ ဆဲတာ တွေ ခွင့်မပြုလို့ပေါ့ကွာ။ ဒီပို့စ်တင်တာ တစ်နှစ်နောက်ကျသွားတယ်။ ဟွန်း း(( း)
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 14, 2012 at 12:48 pm
နောက်နှစ်မှ ထပ်လာဖတ်မယ်
ဒါဗျဲ …. 😛
ကိုရင်စည်သူ
January 14, 2012 at 1:48 pm
မယုံလို့ ပုံပြင်မှတ်နေတဲ့ သဂျီးကို
ပြောပြတော့ဝူး…။ ။
သများတို့ကို ရွှေဝက်ဝံက လူကြုံပေးလိုက်တဲ့ ပိစိပေါက်စလေးတွေ
သများတို့ ၆ယောက်မျှော်နေရတာ လည်ပင်းတွေရှည်နေပါပီချင့်…
သများတို့ကို လည်ပင်းရှည်အောင်လုပ်တဲ့ သဂျီးမင်း
နောက်ဘဝကျရင် အဝှာကြီးရှည်ပီး သများတို့ကို အကြွေးဆပ်ရမယ်ချင့်… 😎
amatmin
January 13, 2012 at 2:47 pm
လူသာမန်ချင်းအတွေးအခေါ်မှာတောင်.အမှန်စကားကို အမှားလို့ပြောတာ..
လူအချင်းချင်းကဲ့ရဲ့တာတောင်.အတော်ဆိုးပါးနေတာဆိုတော့
ဘုရားရှင်နဲ့ပက်သက်လာရင်ပိုပြီးချိန်ဆပြောဆိုသင့်ကြောင်းကို.
ကိုရင်ပို့စ်ဖတ်မှတ်ပြီး အသိတိုးရပါကြောင်း..
ဉာဏ်ပွင့်စေတဲ့ စာတွေအတွက်..
သံသရာ(သံသယကြောင့်)အကြွေးမပါစေဖို့.နည်းပေးတဲ့အတွက်
လေးစားရင်း..အားပေးပါတယ်
ကိုရင်မိုးတိမ် စည်သူကြယ်..
manawphyulay
January 13, 2012 at 4:45 pm
နေ့ကို ရက်စား၊ ရက်အား လမျို
လကို နှစ်စွဲ၊ အမြဲပျက်ပျို
ခနာဆွေးမြေ့၊ တရွေ့ရွေ့အို
သေရခြင်း၊ မကင်း
ငါ၏ကိုယ်
ဂျက်ကီချီးပေ
January 14, 2012 at 12:26 pm
ခင်ဗျားကြီးတို့တော့ ငရဲတွေဗဲရီးဟဲဗီးကြီးတော့မှာဘဲ
ဟိုဘုရင်ကြီးခြေထောက်ခွဲခံရတာငရဲကြီးတာ
တန်ခိုးကြီးတဲ့ ရဟန္တာကြီးတောင် အထုအထောင်းခံရတာ
ဝဋ်လိုက်တာ ဝဋ်လိုက်တာ
မကြောက်ကြဘူးလား
ဆဲတဲ့လူတွေ ပါးစပ်ပျဲလိမ့်မယ် မကြောက်ဘူးလား ?
မှော်ဆရာသိန်း
January 14, 2012 at 2:49 pm
ဒီအရေးအသားတော့ ခိုက်တယ် ..
အဝိဇ္ဇာနွံထဲက ကြယ်တစ်ပွင့်
ကိုရင်စည်သူ
နွံထဲမှာ ကြာပဲရှိမယ် ကစည်ရဲ့
နွံထဲက ကြာဆိုတာ ပိုမကောင်းဘူးလား ❓
ကိုရင်စည်သူ
January 14, 2012 at 7:38 pm
ကိုမှော်ရေ.. နွံထဲက ကြာဖြစ်ဖို့ကတော့
ကြိုးစားတုန်း၊ ကြိုးစားဆဲ၊ ကြိုးစားလျက်ပါဗျာ..
လောလောဆယ်တော့ အဝိဇ္ဇာဖုံးလွှမ်းနေတဲ့
ကိုယ်ကိုယ်ကို စိတ်နာနေမိဒယ်… 😎
comegyi
January 14, 2012 at 5:33 pm
ကစည်ရေ့…..
နင့် ပို့(စ်)ကို ဖတ်ဖြစ်မှပဲ
ကိုယ့်ကိုယ်ကိုယ် လွှတ်ထားတာကို
ပြန်ထိ်န်းမှ ဖြစ်တော့မယ် ကျေးကျေးနော်
………..
ဒါနဲ့ ဟိုနေ့က ကိုပေ့ပစ္စည်းကို ဒလီဗာရီလုပ်ကြပြီး
ကိုလင်းဝေ၊ လေးဖက်တို့နဲ့
တွေ့ကြတဲ့နေ့က ဝမ်းမြောက်ခြင်းအထိမ်းအမှတ်
ဆိုပြီးတော့ …….
အဲဒီနေ့က အေးဆေးပဲလား
ကျုပ်တော့ ဘာမှ သိတော့ဝူးနော်……
ကိုရင်စည်သူ
January 14, 2012 at 7:36 pm
အေးဆေးပဲ ကိုကမ်းကြီး… အားလုံးအေးဆေးပဲ…
လွတ်မြောက်တဲ့ အထိမ်းအမှတ်နေ့ကတော့
ကျနော်မှာ အဲ့ညက ဗီလန်ကြီးဖြစ်ခဲ့တယ်ဗျို့…
ကိုယ့်လူရေ.. ပြန်ထိန်း.. ပြန်ထိန်းဟ
ကိုယ်လည်း မနည်းပြန်ထိန်းနေရတယ်…
ကိုရင်ကို နိုင်တာလည်း ဘာသာရေးပဲရှိတယ်.. 😳