Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

kaiJanuary 22, 20121min3697

စာအမှတ် – ၁/၂ဝ၁၂ (၈၈)
၈၈ မျိုးဆက်ကျာင်းသားများ
88generation@gmail.com
၂၁ – ဇန်နဝါရီ -၂ဝ၁၂
ရန်ကုန်၊ မြန်မာ။

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။

၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အဝဝကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။

၄။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေး ဝန်းရံသွားမည်။

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များအား ပြန်လည် စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအဝင် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။

၉။ မြန်မာနို်င်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

=

7 comments

  • Wai Phyoe

    January 22, 2012 at 12:16 pm

    နံပါတ် ၈ အချက်ကိုအကြိုက်ဆုံးပါ
    ပာုတ်ပါတယ် ဒီမိုကရေစီ ရပြီဆိုပြီး ခုတလော အတိုက်ခံတွေများလာတာပဲမြင်နေကြားနေရတာ
    စိတ်မကောင်းပါဘူး။ ခုချိန်က ရန်ဖြစ်နေရတော့မယ့်အချိန်လဲမပာုတ်တော့ပါဘူး
    ဘယ်သူမကောင်းဘူး ဘာဖြစ်ခဲ့တယ် ညာဖြစ်ခဲ့တယ်ဆိုပြီး သမိုင်းဆိုးကိုလှန်ပြီး ကျီးကန်းအာနေရတော့မယ့်အချိန်လဲမပာုတ်တော့ပါဘူး၊ ခုလို ဦးသိန်စိန်နဲ့ပါပူးပေါင်းမယ်ဆိုတာ
    အလွန်မြင့်မြတ်တဲ့စိတ်ပါ။

  • blackchaw

    January 22, 2012 at 2:23 pm

    ပို့စ်နဲ့တော့ မဆိုင်ဘူးဗျာ။
    ကိုမင်းကိုနိုင်တို့
    ကိုကိုကြီးတို့လို
    ကျောင်းသားဘဝကတည်းက
    ဘဝရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို
    ထောင်ထဲမှာနေပြီး အနစ်နာခံထားတာလေးတွေအတွက်
    ကျုပ်တို့ ပြည်သူတွေက တစ်ခုခုတော့
    ပြန်လုပ်ပေးသင့်တယ်ဗျာ။
    ငွေနဲ့ တန်ဘိုးဖြတ်လို့ မရတဲ့ အနစ်နာခံမှုတွေအတွက်
    ဘာပြန်လုပ်ပေးကြမလဲ။
    နည်းနည်းလေးစဉ်းစားကြည့်သင့်ပါတယ်။
    စိုးလွင်လွင်သီချင်းလေးတောင်သတိရမိသေးတယ်။
    တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်ဗျာ။

    • kai

      January 22, 2012 at 2:32 pm

      မိန်းမမြန်မြန်ပေးစားလိုက်ဟေ့…
      အင်း… ကျုပ်မလည်း.. ညီမကမရှိ…။ 😆

      • thit min

        January 22, 2012 at 2:42 pm

        သူကြီးရေ အဲဒါဆို တခု ပြောပြမယ်နော်။
        ဒီတခေါက် ကိုပေါ်ဦးထွန်း ပြန်အဖမ်းမခံရခင် လှုပ်ရှားရင်းနဲ့ ကြုံလို့ဖြစ်ပါလိမ့်မယ်။
        သူ့လို စွန့်လွှတ်အနစ်နာခံသူ တဦးနဲ့ လက်ချင်းတွဲပြီး ဓာတ်ပုံရိုက်ထားတာ၊ ကြည့်လို့တယ်ကောင်း။
        စိတ်ဓာတ်တူ၊အာဇာနည် စုံတွဲလို့တောင် အမည်ပေးချင်ပါရဲ့။
        သူတို့ကတော့ လုပ်ဖော်ကိုင်ဖက် မောင်လိုနှစ်မလို ဖြစ်မှာပါ။
        ဘယ်သူလဲ ဆိုတာတော့ မပြောတော့ပါဘူးနော်။
        ဒါမျိုးက စာနဲ့ရေးလို့ကောင်းတာမဟုတ်ဘူး။
        ယူအက်စလာဖြစ်လို့ ကြုံရင်တော့ ပြောပြပါ့မယ်။
        အမယ် ဓာတ်ပုံတွေရှာပြီး ဒါ မဟုတ်လားလို့ မပြ လိုက်ပါနဲ့ ဆရာရယ်။
        ကျနော့တာဝန်ဖြစ်နေပါအုန်းမယ်။ ဟဲဟဲ (^^)

  • htoosan

    January 22, 2012 at 3:22 pm

    စိတ်အေးရတဲ့ ကြေညာချက် ပါ။ ကြိုဆိုပါသည်။

  • zaw min

    January 22, 2012 at 4:02 pm

    ၈၈ ကျောင်းသားတွေရဲ့ တာဝန်တစ်ခုတည်းမဟုတ်ပါဘူး၊မြန်မာနိုင်ငံသားအားလုံးအတွက် တာဝန်ရှိတဲ့ ထုတ်ပြန်ချက်ပါပဲ အားလုံးက မိမိတို့တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကြဖို့လိုပါတယ်…
    ကိုမင်းကိုနိုင်ထောင်ကထွက်လာပြီးပြီးချင်းပြောခဲ့တာက နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းရဲ့တာဝန်ပါပဲ…

  • maungmoenyo

    January 23, 2012 at 3:07 am

    လက်ရှိ (တကယ်တော့ ရာစုတစ်ခုနဲ့ချီပြီးနောက်ကျနေပါပြီ) မြန်မာနိုင်ငံပြည်သူတရပ်လုံးအတွက် အရေးတကြီးလိုနေတဲ့ကိစ္စ က လူတိုင်း “ဗိုက်ဝ”ရေးပါဘဲ။ ဒီဗိုက်ဝရေးဆိုတာက လူနေမှုဘဝလုံခြုံပြီး မိသားစုတိုင်းပျော်ရွှင်ချမ်းမြေ့တဲ့ ခေတ်တည်ထောင်နိုင်ရေးပါဘဲ။
    ခေတ်အဆက်ဆက် နိုင်ငံအတွက်နည်းမျိုးစုံဒုက္ခသုက္ခမျိုးစုံခံစားကြခဲ့ရသူတွေ ဒုနဲ့ဒေးရှိပါတယ်။ ဒီမှာလူတန်းစားသုံးမျိုးတွေ့ရပါတယ်။
    (၁) အဖိနှိပ်ခံရသူတွေက ပြည်သူတရပ်လုံး
    (၂) ဒီလိုဖိနှိပ်တာကို အဖိနှိပ်ခံရမှန်းသိပြီး တွန်းလှန်တော်လှန်တဲ့ ကျောင်းသားအပါအဝင် သံဃာ/ပြည်သူအချို့၊တတ်သိပညာရှင်တွေအပါအဝင်။ (ထောင်ကျခံ၊ တကျွန်းပို့ခံ၊ နှိပ်စက်ညှင်းပမ်းခံ၊ လကိလွန်ခြေလွန်ဖြစ်ပြီး အသက်စွန့်ခံရ၊ နယ်စပ်ရောက်ကြပြီးဒုက္ခမျိုးစုံတွေ၊ တခြားနိုင်ငံခိုလှုံခွင့်ရပြန်တော့လည်း ဘဝပြန်ထူထောင်ရေးမှာ ကမောက်ကမဖြစ်ကြရသူတွေအားလုံး)
    (၃) နိုင်ငံထူထောင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အသိပညာရှင် အတတ်ပညာရှင်များ။
    ဒီဖိုခနောင့်ဆိုင်(၃)ဦးသုံးဖလှယ်က သဟဇာတမျှမျှ နဲ့ နားလည်စွာပူးပေါင်းလုပ်ကြဘို့လိုပါတယ်။
    အရေးကြီးဆုံးကတော့ နိုင်ငံထူထောင်ရေးမှာ တကယ်လုပ်နိုင်တာက တတ်သိပညာရှင်တွေပါဘဲ။ သိပ်ဝေးဝေးသုတေသနပြုစရာမလိုပါဘူး။ တိုးတက်ထွန်းကားရုံမက တည်ငြိမ်နေတဲ့နိုင်ငံတွေ ရဲ့ ခေါင်းဆောင်တွေဟာဘယ်လိုလူမျိုးတွေလဲဆိုတာ ကိုကြည့်ကြပါ။
    နိုင်ငံထူထောင်ရေးမှာ ပထမဆုံးမလွဲမသွေကြုံရမဲ့ကိစ္စကတော့ ဘယ်လိုလူမျိုးတွေက နိုင်ငံထူထောင်ရေးမှာ နေရာယူသင့်လဲဆိုတာ ပါဘဲ။
    အဖြေကို အစွန့်လွှတ်အနစ်နာခံအားလုံးနဲ့ တတ်သိပညာရှင် (၂) တန်းစားက ကောင်းကောင်းကြီးသိပြီးသားပါ။ ကိုယ်ပါဝင်ရမဲ့ကဏ္ဍ နဲ့ ကိုယ်နောက်ဆုတ်ပေးပြီးနေရာပေးရမဲ့ ကဏ္ဍကိုနားလည်ကြ ဘို့ သိပ်အရေးကြီးသလို နားလည်ကြဘို့လိုပါတယ်။

Leave a Reply