Masada….တောင်





Masada တောင်က ပင်လယ်သေ အနီးမှာ တည်ရှိပါတယ်။ မက်စောက်သော အနီရောင်နံရံကြီးများနဲ့ တည်နေပါတယ်။ ဂျုးလူမျိုးတွေရဲ့ ရှေးအကျဆုံး သမိုင်းနေရာပါ။ ခိုလှုံရာနေရာ၊ ဒဏ္ဍာရီပုံပြင်နေရာ တခု အဖြစ်လည်း ထင်ရှားတဲ့နေရာပါ။ ခရစ်ပထမ ရာစုနှစ်မှာ ဂျေရုစလင်မြို့ဟာ ရောမလက်အောက်ကို ရောက်သွားပါတယ်။ အဲ့သည့်နောက်မှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတစ်ထောင်ခန့်ဟာ Masada တောင်မှာ ရှိနေတဲ့ Herod ဘုရင်ရဲ့ ရဲတိုက်မှာ လာရောက်ခိုလှုံကြပါတယ်။ နောက်ဆုံးမှာတော့ ရောမတပ်ဟာ Masadaတောင်ကို ဝိုင်းရန်တိုက်ခိုက်ကြပါတယ်။ သူတို့ကို ဝိုင်းရံတိုက်ခိုက်နေတဲ့ ရောမစစ်တပ်လက်မှာ ကျွန်အဖြစ် ရောက်ရမည့်အစား သူတို့ဘာသာသူတို့ သတ်သေလိုက်ကျပါတယ်။ ယခုအချိန်ထိ ရှေးဟောင်းပစ္စည်း အကြွင်းအကျန်တွေကို ထိမ်းသိမ်းထားတာမို့ ကမ္ဘာ့လှည့် ခရီးသည်တွေ လာရောက်လေ့လာတဲ့ ထင်ရှားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ ဒဏ္ဍာရီဆန်ဆန် ကျော်ကြားတဲ့ ခံတပ်နေရာတခုပါ။ ရှေးဟောင်း နံရံဆေးရေး ပန်းချီတွေကို သေသေချာချာ ထိန်းသိမ်းထားပါတယ်။ UNESCO ကလည်း Masada ကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် ကြော်ငြာထားပါသေးတယ်။
* ကျွန်မ မရောက်ဘူးလို့ မြင်ကွင်းတွေတော့ မရေးရတော့ဘူး။ လေ့လာရာနေရာတွေက အတက်အဆင်းများပြီး ကျောက်တုံး ခဲလုံးတွေများလို့ လိုက်ခွင့်မရခဲ့တာပါ။
25 comments
pooch
January 23, 2012 at 4:27 pm
မမှီရေ ခြေလျင်တတ်တဲ့ လမ်းကတော့ အတော် ပူမယ်ထင်တယ်နော်။ အပင်တွေဘာတွေလည်း မရှိတော့ ရှေးတုန်းက အဲ့ဒီနေရာမှာ ရေကို အဲ့ဒီလောက်မြင့်တဲ့ အဆောက်အဦးပေါ် ဘယ်လိုနည်းတွေ သုံးပြီး သယ်ကြသလဲလို့တော့ စိတ်ဝင်စားမိတယ်။
hmee
January 23, 2012 at 5:31 pm
pooch ရေ သူတို့တွေ ရေကို ဘယ်လို သိုလှောင်ပြီး သုံးတယ်ဆိုတာကို ပညာရှင်တွေ ရှာဖွေ တွေ့ရှိလို့ အံ့မခန်း ဖြစ်ခဲ့ကြသေးတယ်တဲ့။ မိုးရေကို ရအောင် အဆင်ဆင့် စုသွားပုံကလည်း ပညာသား တော်တော်ပါတယ်တဲ့။ အဲ့သည့်အကြောင်းအရာတွေကို ပြထားတဲ့ အတွင်းပိုင်း သမိုင်းဝင်နေရာတွေက ပြင်ဆင်နေလို့ ဝင်ခွင့်မရခဲ့တာနဲ့ ဓါတ်ပုံ မရိုက်ခဲ့ရပါဘူးတဲ့။ ဂျုံကျိတ်တဲ့ စက်လို့ယူဆရတဲ့ ကျောက်တုံးအဝိုင်းတွေကို ပုံစံမပျက် ထိမ်းသိမ်းထားတာတဲ့။ ဂူတွေထဲကို လေဝင်လေထွက် အလင်းရောင်ရအောင် လုပ်ထားပုံတွေလည်း တကယ့်ပညာရှင်တွေပါပဲတဲ့လေ။ တကယ့်ကို ရှေးကျတဲ့ ဒဏ္ဍာရီဆန်တဲ့ အဖြစ်အပျက်နေရာတွေမို့ အံ့ဩစရာ အပြည့်တဲ့။ အမတော့ မရောက်ခဲ့ရလို့ ကိုယ်တိုင်မမြင်ရလို့ စိတ်မကျေနပ်ချင်ဘူး။ 🙂
စိန်ပေါက်ပေါက်
January 23, 2012 at 4:28 pm
တစ်ခေါက်လောက်တော့ သွားလည်ဦးမယ်
သဂျီးဆီက ဒေါ်လ တစ်သိန်းပြည့်အောင် ရေးပြီးရင်ပြောတာပါ
မြန်မာကြက်ငွေ တစ်သိန်းနဲ ့တော့ ?..?.?
ညှင်း..ညှင်း..ဘာမှလုပ်လို ့ရဘူး
အန်တီမှီရေ
ဗဟုသုတရတယ်နော့်
တိုင်းကျူး
နွယ်ပင်
January 23, 2012 at 4:40 pm
ဒီနေရာက အပင်လည်းမရှိဘာမရှိဆိုတော့ တော်တော်ပူမှာပဲနော်
မမှီကျေးဖေူးကြောင့် ဒီလိုနေရာက ပုံတွေနဲ့ အကြောင်းတွေကို လေ့လာခွင့်ရတာပါ .
အခုဒီလောက်ရေးပြနေတာတင် တော်တော်လေး သိခွင့်ရနေပါပြီ ကျေးဇူးပါ မမှီရေ ….
hmee
January 23, 2012 at 5:23 pm
နွယ်ပင်ရေ အပူချိန်က နွေရာသီဆို အဲ့နေရာမှာ ၅ဝကျော်တယ်။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 23, 2012 at 5:10 pm
ပင်လယ်သေမှာ ရေပေါ်မှာ ပေါ်နေတဲ့ကိစ္စ စိတ်ဝင်စားပါတယ်
အဲဒီပုံလေးတွေရှိရင်လည်း ကြည့်ချင်ပါသေးရဲ့
လေးစားစွာဖြင့်
KING
hmee
January 23, 2012 at 5:22 pm
အမောင်ကင်းရေ ပင်လယ်သေ ဆိုတဲ့ပို့စ်မှာ ရေပေါ်မှာ လူပေါလောမျောနေတာလေး တင်ဖူးတယ်လေ။ ကြည့်ရတာ မောင်ကင်းတယောက် အဲ့နေ့က ကျောင်မတက်ဘူး ထင်တယ်။ 🙂
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 23, 2012 at 7:28 pm
အဟီးးးးးးးးး
ကျောင်းလစ်တာ လူသိကုန်ပီဗျ
သားက ကျောင်းသွားရင် အပြင်ပြန်ထွက်ဖို့ပဲ အားသန်တာ …. 😛
ရွှေဘိုသား
January 23, 2012 at 6:10 pm
သူတို့ကို ဝိုင်းရံတိုက်ခိုက်နေတဲ့ ရောမစစ်တပ်လက်မှာ ကျွန်အဖြစ် ရောက်ရမည့်အစား သူတို့ဘာသာသူတို့ သတ်သေလိုက်ကျပါတယ်။
အလွန်ကိုအတုယူစရာကောင်းတဲ့ စိတ်ဓာတ်
windtalker
January 23, 2012 at 8:32 pm
အဲ့လိုနေရာမျိုးတော့ တစ်ယောက်ထဲ မသွားပါရစေနဲ ့လို ့ ၊ ဆန္ဒပြုမိပါတယ် အန်တီမှီရေ
Anzartone
January 23, 2012 at 8:33 pm
အမမှီရေ …
ပုံတွေအတွက် ကျေးဇူးပါဗျို့ … ။
ဒါနဲ့ UNESCO က အသိအမှတ်ပြုထားတဲ့ စာက ဂျူးဘာသာနဲ့ ရေးထားတာလား မသိဘူး။
hmee
January 23, 2012 at 9:23 pm
Anzartone ရေ ဂျုးစာ မဟုတ်ပါဘူး အာရပ်စာတွေပါ။ အင်္ဂလိပ်လိုရေးတာနဲ့ ဂျုးလိုရေးတာကို တင်ဖို့ ဓါတ်ပုံတွေ များနေလို့။ 🙂
hmee
January 24, 2012 at 4:22 pm
Anzartone ရေ ဂျုးစာနဲ့ ရေးထားတာကို ထပ်တင်ပေးထားပါတယ်။
Foreign Resident
January 23, 2012 at 8:51 pm
ရှိရှိသမျှ အမျိုးသား၊ အမျိုးသမီး နဲ့ ကလေး အားလုံးဟာ
ရောမစစ်တပ်လက်မှာ ကျွန်အဖြစ် ရောက်ရမည့်အစား
သူတို့ဘာသာသူတို့ အားလုံး သတ်သေလိုက်ကျပါတယ်။
အဲလို သတ်သေခဲ့ ရတာကို အမှတ်ရစေဖို့
အစ္စရေး စစ်သားတိုင်းဟာ စစ်သင်တန်းဆင်းပွဲမှာ
အဲဒီ Masada တောင်ပေါ် တက်ရောက်ပြီး
” Masada နောက်တစ်ကြိမ် မကျစေရပါဘူး ” လို့
သစ္စာဆိုရပါတယ် ။
” Masada shall not fall again “
hmee
January 23, 2012 at 9:21 pm
အဘဖောပြောမှ သိတယ် တကယ်မသိဘူး။ ကျွန်မလည်း ကိုယ်တိုင်လိုက်သွားရတာ မဟုတ်တော့ သိပ်စပ်စုခွင့် မရဘူး။ အသွားချင်ဆုံးနေရာထဲမှာ မာဆားဒါးနဲ့ ဟိုလိုကော့ မူဇီယမ်ကို ရောက်ခွင့်မကြုံခဲ့တာတော့ စိတ်မကျေနပ်ဆုံးပဲ။ 🙂
hmee
January 24, 2012 at 4:14 pm
အဘဖော ပြောတာကို မနေ့က အိမ်ကြီးရှင်ကို မေးကြည့်လိုက်တော့ (သူက ကိုယ်တိုင် သွားလည်ခဲ့သူ) စစ်သင်တန်း ဆင်းကာစ စစ်သား စစ်သမီး အသစ်လေးတွေ အားလုံး မာဇားဒါးတောင်ကို သွားရပါတယ်တဲ့။ မနက်ခင်းထွက်စ နေမင်းကို ကြည့်ပြီး “မားဇားဒါး နောက်တကြိမ် မကျဆုံးစေရ” လို့ သစ္စာဆိုကြပါတယ်တဲ့။
kai
January 24, 2012 at 4:21 pm
သူတို့တွေ.. သတ်သေလိုက်တာမှာတင်ရပ်ထားရင်.. အသက်တွေသေခဲ့ရတာ.. အဓိပ္ပါယ်မဲ့နေပေမဲ့.. အခုလို..နောင်လာနောက်သားတွေ.. စစ်သားတွေ.. သစ္စာဆိုရတဲ့အထိ… သမိုင်းကျန်ရစ်ခဲ့တာမို့.. သူတို့သေရကျိုးနပ်ခဲ့တယ်..။ မသေဘူးလို့တောင် ပြောလို့ရမယ်…။
သမိုင်းအဓိပ္ပါယ်လည်း တကယ်ရှိသွားတယ်လို့.. မြင်မိပါတယ်..။
ဒီအသိလေးရတဲ့အတွက်.. ကျေးဇူးတင်ပါတယ်နော…။
zaw min
January 23, 2012 at 9:55 pm
မမှီရေ…ဗဟုသုတလည်းရ စိတ်ဓါတ်လည်းမြှင့်တင်ပေးနိုင်တဲ့ပိုစ့်လေးပါပဲ…ကျေးဇူးပါ…မြန်မာပြည်ပြန်ရောက်ရင်လည်း စာတွေဆက်ရေးပါအုံးနော်…
ကိုပေါက်(မန္တလေး)
January 23, 2012 at 9:59 pm
ရောက်ရန်ခက်သော
ရောက်နိုင်ခဲသော
စာထဲမှာသာရောက်ဘူးသောနေရာလေးများကိုမြင်ရတာ
ကျေးကျေးပါ မမှီ။
Ka Yin Lay
January 23, 2012 at 10:05 pm
ပူပြင်းခြောက်သွေ့တဲ့ မြင်ကွင်းပဲဗျို့ ၊ ရှုခင်းတွေလဲ အံ့မခန်းပါပဲ ၊
မမှီ တင်ပေးလို့ကြည့်ခွင့်ရတာမို့ ကျေးဇူးတင် ဆက်လက်အားပေးနေပါ့မယ်ဗျ ။
ဟိုးအရင် လက်ရာပေမဲ့ ပညာရှင်တွေ တည်ဆောက်ထားတယ်ဆိုလို့ ထူးခြားသလို
ခံစားနေမိပါတယ် ။
padonmar
January 23, 2012 at 11:37 pm
ဒို့ ဆီမှာဆိုရင်တော့ စစ်သင်တန်းဆင်းပွဲမှာ သပြေတန်းခံတပ်တို့ မင်းလှခံတပ်တို့ သွားပြီးသစ္စာဆိုရမလားပဲ။
ဆူး
January 24, 2012 at 11:30 am
ကနာ္တရကို အလှဆင်တဲ့ လူမျိုးတွေပဲ.. ဘာမှ မရှိတဲ့ ကျောက်တုံးတွေ သဲတွေနဲ့ ရအောင် ဆောက်ထားကြတာ.. အံဩဖို့ ကောင်းတယ်။ အမ ပြောတဲ့ ရေသိုလှောင်နည်းကိုတော့ စိတ်ဝင်စားတယ်။ နောက်မှ အမ သိသလောက် ရေးပေးပါလား။
hmee
January 24, 2012 at 4:16 pm
discovery မှာ တခါတလေ လာတယ်တဲ့ ဆူးရဲ့ အမတော့ တခါမှ မကြည့်ဖူးဘူး။
eipu
January 24, 2012 at 3:30 pm
မမှီရေ
မရောက်ဘူးတဲ့နေရာတခုကို သိလိုက်ရလို့…………. ကျေးဇူးပါ။
etone
January 24, 2012 at 4:32 pm
မမှီရေ … နေရောင်ပြင်းပြင်း အရိပ်မရှိပေမယ့် .. ခန့်ခန့် ထည်ထည်ဖြစ်အောင်တော့ ဆောက်နိုင်ကြတယ်နော် … ။ သူတို့စိတ်ဓါတ်တွေကရော …မြေစိုင်မြေသားတွေလို မာကျောနေမလားပဲ …. 🙄