မှတ်မှတ်ရရနေပြည်တော် (၂)
တကယ့်ရုပ်ရှင်တွေက အတိုင်းပါပဲ ကိုယ့်မျက်စီရှေ့တည့်တည့်မှာ ကားကြီး နွယ်ပင်တို့ ဆိုင်ကယ်ကလည်း ကားရှေ့ကို ကွေ့အချတိုက်မိတော့မယ်ဆိုတဲ့စိတ်နဲ့
အဲဒီအချိန်ခဏလေးမှာ ခံစားချက်က တော်တော်ကိုဗြောင်းဆန်သွားပါတယ် ကားကလည်း အလျှင်မြန်ဘရိတ်အုပ် ဆိုင်ကယ်ကလည်း ဘရိတ်ဆွဲဆိုတော့ ကားနဲ့ ဆိုင်ကယ်မတိုက်မိလိုက်ပင်မယ့် အနောက်က နွယ်ပင်နဲ့ တစ်ယောက်သောသူက လှုပ်လှုပ်ရှားရှားဖြစ်တော့ ဆိုင်ကယ်က မထိန်းနိုင်ဘဲလဲသွားပြီး
နွယ်ပင်တစ်ယောက် အောက်က တမံတလင်းနဲ့ မိတ်ဆက်ပါတော့တယ် တကယ်ပါ မျက်လုံးတွေ အကုန်လုံး ဝေဝါးပြီးတော့ ချက်ခြင်းလဲ ထမရဖြစ်နေပြီး လူတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တဆက်ဆက်တုန်နေပါတော့တယ် သူငယ်ချင်းနဲ့ တစ်ယောက်သောသူက လာတွဲလို့ လမ်းဘေးကို
ပါလာပါမယ့် တစ်ကိုယ်လုံး နာကျင်ပြီး မျက်လုံးထဲမှာလည်း ဝေဝေဝါးဝါးနဲ့ အသားတွေကလည်း အေးစက်နေပါတော့တယ် တစ်ယောက်သောသူလည်း
အရမ်းကို စိတ်ပူပြီး နီးစပ်ရာ ဆေးခန်းကို လဲကျခဲ့တဲ့ ဆိုင်ကယ်နဲ့ပဲ သွားဖို့ပြင်ရင်း နွယ်ပင့်ကိုလည်း ဘာမှမဖြစ်ဘူး အားတင်းထားဆိုပြီး အနောက်ကနေ
ဖေးမပြီးပါလာတာပေါ့ ဒါပင်မဲ့ သတိ္တခဲနွယ်ပင်ကတော့ တစ်ကိုယ်လုံးအေးစက်ပြီး ချက်ခြင်းကြီး မူးမေ့လဲကျတော့မလို့ ဖြစ်နေတော့တာပဲ
ဘယ်လိုမှလည်း ကိုယ့်ကိုထိန်းထားလို့ မရတော့ဘဲ ဆေးခန်းမရောက်ခင် လမ်းမှာတင် ဆိုင်ကယ်ကို ခဏရပ်ပေးဖို့ တွင်တွင်ပြောနေမိတော့တယ် ဒါနဲ့ နီးစပ်ရာဆေးခန်းကိုရောက်လို့ နွယ်ပင့်ကိုတွဲတင်လို့ ထိုင်ခုံမှာ ထိုင်ယုံရှိသေးတယ် နွယ်ပင်တစ်ယောက် ထိန်းထားသမျှကို ဆေးခန်းရောက်မှ
လွှတ်ပြီး အန်တော့တာပပါပဲ ဆရာဝန်လည်းရောက်လာပြီး သွေးပေါင်ချိန်တိုင်းတော့ သွေးက 60/70 လောက်ဖြစ်နေလို့ ဓာတ်ဆားတိုက်
အကြောဆေးသွင်းလို့ ခဏအနားယူခိုင်းချိန်မှာတော့ ညာဘက်တစ်ခြမ်းလုံးက ပွန်းပဲ့ရာတွေက စပ်ဖျဉ်းဖျဉ်းနဲ့ဖြစ်လာတော့တာပဲ ဒါနဲ့ အဲဒီအနာတွေကို
ဆေးထည့်လို့ လူလည်း နည်းနည်းထူထူထောင်ထောင်ဖြစ်လာတော့ တည်းခိုတဲ့ အိမ်ကိုပြန်တော့မယ်ဆိုချည်း လုပ်တော့တာပဲ သူငယ်ချင်းကလည်း
ရေပန်းဥယျာဉ်ကို ရောက်ခါနီးနေပြီ မကြောက်ပါနဲ့ သွားရအောင် ဒါကဆိုင်ကယ်မှောက်တာ မဟုတ်ပါဘူး ဆိုင်ကယ်လဲတာဆိုပြီး အတင်းပြော
နောက်ထပ်ရောက်လာတဲ့ သူငယ်ချင်းတွေကလည်း လာပါဆိုတာနဲ့ ရေပန်းဥယျာဉ်ကို အနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ သွားကြတာပေါ့ ။ဆိုင်ကယ်လဲတုန်းက
သူငယ်ချင်းရော တစ်ယောက်သောသူကရော နည်းနည်းပါးပါး အနာတရ ဖြစ်ယုံလောက်ကလွဲပြီး ဘာမှ မဖြစ်ကြပင်မယ့် အလည်ကောင်က စီးတဲ့ နွယ်ပင်တစ်ယောက်သာ ခြေထောက်ကကိုင်ပြီး ဆွဲရိုက်လိုက်သလိုမျိုး တမံတင်းပေါ်ကျသွားတာဆိုတော့ ဟိုမှာပဲများပြီး ဓာတ်ပုံရိုက်ရင်တပ်မယ့်
မျက်မှန်လေး (အကြိုက်ဆုံးပါ) လဲတွင်တွင်ကျိုး လူတစ်ကိုယ်လုံးလဲ အနာဗရဗွနဲ့ပေါ့ ။ ရေပန်းဥယျာဉ်ရောက်တော့ ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်းမှာပဲ
နောက်ထပ် ဝေဒနာတစ်မျိုးက တိုးလာပါတယ် အဲတာကတော့ ခါးရိုးမျက်သွားပြီး လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်နေတာပါပဲ ရေပန်းဥယျာဉ်ထဲမှာ
မျက်နှာမသာမယာနဲ့ လမ်းကိုထော့ကျိုးနဲ့ လျှောက်ရင်း ဓာတ်ပုံတွေ လျှောက်ရိုက်လို့ ပြန်ခါနီးလည်းကျရော ဆိုင်ကယ်မစီးရဲတော့တဲ့ ဆိုက်ကိုက ဝင်လာပါတော့တယ်
နေပြည်တော်မှာက TaxI ကလည်းပေါပေါများများမရှိတော့ လာတဲ့ဆိုင်ကယ်နဲ့ပဲ ပြန်ဖို့ သူငယ်ချင်းတွေက ဝိုင်းပြောပြီး ဆိုင်ကယ်ကိုလည်း အရှိန်လျှော့ပြီး နွယ်ပင့်စိတ်ကြိုက် ဖြေးဖြေးမောင်းပေးမယ်ဆိုပြီး ကတိတွေ အထပ်ထပ်ပေးလို့ အိမ်ကိုပြန်လာခဲ့တော့တယ် ညရောက်တော့ ခုနက
လဲထားတဲ့ ဒဏ်တွေကြောင့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်ပြီး ထမင်းတောင် ကောင်းကောင်းမစားနိုင်တော့တဲ့ အထိပါပဲ နောက်နေ့ကျမှ
သွားဖို့စီစဉ်ထားတဲ့ တိုင်းရင်းသားကျေးရွာတို့ ဆာဖာရီတို့ ဆိုတာကိုလည်း မသွားတော့ဘူးလို့ ပြောပြီး အိမ်ထဲပဲ အောင်းနေမိတော့တယ် နေပြည်တော်ကို
မရောက်ဖူးလို့ အလည်သဘောမျိုး ဗြုန်းစားကြီး ထွက်ခဲ့ရတဲ့ ခရီးကလည်း အပျော်ခရီးမဟုတ်တော့ဘဲ အနာခရီးကို ဖြစ်လို့ပေါ့ ။
ပြန်မယ့်နေ့ရောက်တော့လည်း ဆိုင်ကယ်မစီးရဲတော့လို့ တုတ်တုတ်ကိုသာစီးဖြစ်ပါတော့တယ် ။နွယ်ပင်တို့ နေပြည်တော်ကို
ပထမဦးဆုံး အပျော်ခရီးဆိုပြီး တစ်ယောက်သူနဲ့ သွားပါတယ် တကယ့်ကို အမှတ်တရကို ဖြစ်လို့ပါပဲ ဒါတောင် ကားပေါ်ရောက်လို့ စီးရမယ့်ထိုင်ခုံမှာ
အသာဝင်ထိုင်လို့ လူက တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနေပါတယ်ဆိုမှာ ခုံက မတ်မတ်ကြီးဖြစ်နေတော့ ခုံကိုဆွဲချတဲ့ မောင်းတံလေးကိုရှာတော့
နွယ်ပင့်ခုံက အနောက်ကို ဆွဲဆန့်လို့ရတဲ့ မောင်းတံလေးကကျိုးနေလို့ တစ်ယောက်သူနဲ့ နေရာချင်းထပ်လဲရပြန်ပါရော …
ကဲ တတယ့်ကို မှတ်မှတ်ရရပါပဲ နေပြည်တော်ရယ် ………………….
22 comments
စိန်ပေါက်ပေါက်
January 23, 2012 at 4:43 pm
ဟမလေး
ဦးထုပ်လေးဘာလေး မဆောင်းကြဘူးလားဟင်
တော်သေးလို ့ အုတ်စက်ပွင့်ပြီး အနိစ္စမရောက်ကြတာ..ကံကောင်းတယ်မှတ်
မှတ်မှတ်ရရပါပဲ..
နွယ်ပင်
January 23, 2012 at 4:50 pm
ဟီး ………… ပြောရင်လည်း ခံရတော့မှာပဲ
ဦးထုပ်လည်း မဆောင်းဘူးရယ်
အခုတော့ ဆောင့်ထားတဲ့ ခေါင်းလဲ ဘုထွက်လို့ အတော်နာသေးတယ်
မှတ်မှတ်ရရကတော့ တကယ့် မှတ်မှတ်ရရပါပဲ ……. 🙁
windtalker
January 24, 2012 at 12:29 pm
အဲဒါလေးတွေ က
နောင်တစ်ချိန်ကြ
တစ်ယောက်သောသူဂျီး ကိုကိုဂ နဲ ့
ပြန်ပြောင်းသတိရစာလေးတွေ ဖြစ်လာမှာပေါ့ဗျာ
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 23, 2012 at 9:45 pm
နေပူဒဏ်ရော ခံနိုင်ကြရဲ့လားဗျ … 🙂
တကယ်တော့ နေပြည်တော်ဆိုတော့
ကိုယ်ပိုင်ကားစီး
ဟိုတယ်မှာတည်း
ငွေအတွက် လှည့်ကြည့်စရာမလိုအောင်
ပိုလျှံနေသူတွေအတွက်တော့
…………………………………………………
😀
ကိုပေါက်(မန္တလေး)
January 23, 2012 at 10:29 pm
နွမယ်မယ်ရေ
မိန်းမတွေလို့ ဗျောက်မဖောက်ဘဲ ယောကျာ်းမီးပန်းလုပ်လိုက်အုံးမယ်။
အဲဒီနေ့က ရောက်ရောက်ခြင်းကားဂိတ်မှာအပြန်လက်မှတ်ဖြတ်ရော။
ရှေ့ခုံပေးပါဆိုတော့ကုန်ပြီတဲ့။
အဲဒါနဲ့စိတ်ပေါက်ပေါက်နဲ့ ရတဲ့နေရာပေးဆိုတော့ ခုံနံပါတ်လေးဆယ်တဲ့။
ဒါနဲ့ဘဲပေးတာယူခဲ့ရတာပေါ့။
ဘုရားရောက်တော့ လက်ဖက်ရည်သောက်နေတုန်း လေးပေါက်တို့လိုဘဲဧည့်သည်ကောင်မလေးနှစ်ယောက်က
ညနေပြန်ချင်တယ်ပြောနေကြတော့ ကားလက်မှတ်ကို ဖုန်းနဲ့လှမ်းဖြတ်တာ။
လက်မှတ် မရှိတော့ ဘူးလို့ ပြန်ပြောသံကြားရတာပေါ့။
သူတို့ဖြတ်တဲ့ဂိတ်က လေးပေါက် စီးမဲ့ကားဂိတ်နဲ့အတူတူ။
အဲလိုဖြစ်တော့ သူတို့နဲ့ပါလာတဲ့ ကယ်ရီဆရာက မပူပါနဲ့ စီစဉ်ပေးမယ်လို့ ပြောတာကိုကြားလိုက်ရပါတယ်။
အဲဒီမှာလေးပေါက်က ကြွယ်တာပေါ့ ဆိုင်ကယ် ကယ်ရီကောင်လေးကို ။
လူဆိုတာ ဝီရိယရှိရတယ်တို့ ကြိုတင်စီမံရတယ်တို့ပေါ့။
ဒါနဲ့ဘုရားပေါ်ရောက်တော့လဲပြန်တွေ့။
ဆင်ဖြူနားသွားတော့လဲတွေ့ပေါ့။
အဲဒီကနေရေပန်းဥယျာဉ်ရောက်တော့လဲပြန်တွေ့တော့ပြုံးပြတာပေါ့။
လေးပေါက်လဲ အဲဒီကပြန်တော့ ချိန်းထားတဲ့အလုပ်ကိစ္စဆီ ပြန်သွားပြီးအလုပ်ဆက်လုပ်။
ဖြစ်ချင်တော့ကားထွက်ခါနီးငါးမိနစ်လောက်မှာ ကားပေါ်လဲရောက်ရော လမ်းမှာလေးလေးနဲ့တွေ့တဲ့ကောင်မလေးနှစ်ယောက်ပြန်တွေ့ပါရော၊
ခုံနံပါတ် က ရှေ့တန်းနားက ခုံမှာ။
သူတို့ကလေးလေးကို မှတ်မိနေတော့ လေးလေးလဲ ဒီကားဘဲလားလို့နုတ်ဆက်ပါတယ်။
စိတ်တိုချက်ကတော့ ငါ့ကျတော့ ရှေ့နားမရဘူးဆို နောက်တန်းပေးလိုက်တာကိုပါ။
ဒါပေမယ့် ကားလဲထွက်လို့ အတော်ကြာရော လေးလေးကို နောက်ပို့လိုက်တဲ့လက်မှတ်ရောင်းသူကို အရမ်းအရမ်းကို ကျေးဇူးတင်သွားပါတယ်။
လေးလေးရတဲ့ ခုံနံပါတ် လေးဆယ် ဘေးက 39မာ လူမလာသလို လေးလေးနဲ့ အတန်းလိုက်ရှိနေတဲ့ခုံမှာလဲ လူမပါ။
အဲတော့ ခရီးစဉ်အစ အဆုံး လေးလေးတစ်ယောက်ထဲ ခုံလေးခုံပေါ်မှာ ဇိမ်နဲ့အိပ်လိုက်ရပါတယ်။
ကြုံတုန်းပြောရအုံးမယ်။
ဘာရမလဲငါကွ ကိုလဲပြောလိုက် လေးလေးက မှာလိုက်တယ်လို့ ။
မိန်းမစကားမပယ်ယှားနဲ့လို့။
လက်တွေ့ပြောပြမယ်နော်။
ခရီးသွားခါနီး မဒမ်ပေါက်က အိတ်ထဲမှာစောင်ထဲ့ပြီး ပေးလိုက်တယ်။
လေးလေးက လေးလို့ မသယ်ဘူးဆို ပြန်ထုတ်တော့ဇွတ်ပြန်ထည့်ပေးလိုက်တယ်။
အသွားမှာတုံးက မနက်ဆိုတော့ မလိုဘူးလေ။
စိတ်တိုတာပေါ့ အပိုတွေ အလေးခံသယ်ရတယ်ပေါ့။
ဟော အပြန်ကျတော့ မဒမ်ပေါက်ထဲ့ပေးတဲ့စောင်လေးခြုံအိပ်ပြန်ရတာဗျာ။
စောင်သာ မပါလို့ကတော့ လုံးဝအိပ်မရမှာမဟုတ်ဘူး။.
အဲတော့ ငါကွ ကိုလဲပြောလိုက် မိန်းမစကားနားထောင်လို့ ………..
လေးပေါက်ကမှာလိုက်တယ်လို့ သေချာပြောလိုက်နော်။
ဟုတ်တယ်ဟုတ်…………………..
(ရေးမယ်ဆိုရင်ပိုစ်တပုဒ်ဖြစ်တယ်နော်။
ဒါပေမယ့်သုံးဆယ်တန်လောက်ကို ပေးသလောက်နှင့်လဲသွားပါကြောင်း)
Khin Latt
January 24, 2012 at 4:35 am
ကိုပေါက်က်က်က်က်က်က်က်က်က်က်က် –
မိန်းမများဟာ အမြင်ပိုကျယ်၊ ပလန် ပိုလုပ်တတ်ကြောင်း သိပြီးသား ဖြစ်ပါသည်။
မဒမ်ပေါက် ဟာလည်း ခေသူမဟုတ်ကြောင်း ကိုပေါက် ကိုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။
သို့သော် – ဒီလောက်နဲ့တော့ မကျေသေးပါ ရှင့်။
ဒါထက်ပိုပြီး ချဲ့ရေးပါဦး။ 😛
pooch
January 24, 2012 at 4:33 pm
အရီးလတ်ရေ မဒမ်ပေါက်ဟာ အင်မတန်မှကို အေးဆေးပြီး စကားပြောရင်လည်း အေးအေးလေးနဲ့ သိမ်မွေ့ပါတယ် ။ မျက်နှာပေါက်ကလည်း ရှေးတုန်းက မင်းသမီးကြီးများနဲ့ တူပြီး ပြင်ပြင်ဆင်ဆင်လေး နေတတ်တာပါ။ လေးပေါက် မဒမ်ပေါက်ကို ဘယ်လိုများ ရအောင်ယူထားသလဲတော့ မသိပါဘူး။ လေးပေါက်ရဲ့ အစွမ်းကလည်း သေးမဲ့ပုံ မပေါ်ဘူး
နွယ်ပင်ရေ မသေကောင်းမပျောက်ကောင်းပါလားနော် ကျမတော့ ဆိုင်ကယ်စီးရင် ဦးထုပ်အမြဲဆောင်းတယ် ကြောက်တတ်လို့
padonmar
January 24, 2012 at 1:31 am
ဒါလောက်ပဲဖြစ်တာတော်ပါသေးရဲ့။
နောက်ဆို ဆိုင်ကယ်စီးရင် ဦးထုပ်လည်းဆောင်းပါနော်၊
ဦးထုပ်ဆိုတာ ဆောင်းသူအတွက်ပါ၊
ကားမှာပါတဲ့ ခါးပတ်ဟာလည်း စီးသူအတွက်ပါ။
မော်တော်ပီကယ် ကောင်းဖို့မဟုတ်ပါဘူး။
Khin Latt
January 24, 2012 at 3:49 am
တစ်ပင်ထဲ ရင်ထဲက နွယ်ရယ် – ကံကောင်းလို့ပါလား။
နောက်ဆိုရင် ဆင်ခြင်ကွဲ့ ခလေးရဲ့။
သူငယ်ချင်း အားပေးတာကို သဘောအကျသား ….
~~ “ဒါကဆိုင်ကယ်မှောက်တာ မဟုတ်ပါဘူး ဆိုင်ကယ်လဲတာ” ~~ တဲ့။
“လဲ” နဲ့ ” မှောက်” ဆိုတာ မတူကြောင်း သတိထားလိုက်မိပါ၏။
“မှောက်ရက်လဲ” ဆိုတာကိုတော့ ဘယ်လိုခွဲကြပါ့။
မာမား နဲ့ အဖွဲ့ရေ ကယ်ပါဦး။ 😉
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 24, 2012 at 9:38 am
မှောက်ရက်လဲ ဆိုတာက
မှောက်ရက် လဲ တာ ဖြစ်ပြီး
ပက်လက်လဲတာ မဟုတ်ကြောင်း
ဝင်ရွှီးသွားပါတရ်
ပုံ
သတ်ပုံကျမ်းအဖွဲ့ ကြမ်းတိုက်သူ
ရွှီးကင်းးးးးးးးး 😛
နွယ်ပင်
January 24, 2012 at 10:13 am
ဟုတ် အရီးလတ်ရေ နောက်ဆို ဆင်ခြင်ယုံတင် ဟုတ်တော့ဘူး
ဆိုင်ကယ်ဆို မစီးတော့ဘူး ကြောက်နေပြီ
သူငယ်ချင်းက “ဒါကဆိုင်ကယ်မှောက်တာ မဟုတ်ပါဘူး ဆိုင်ကယ်လဲတာ”
ဆိုတာ တကယ်အားပေးတာလေ .. သူတို့ဆီမှာ ဆိုင်ကယ်မှောက်ရင် အဲ့လောက်နဲ့မပြီးဘဲ
အနည်းဆုံးဆေးရုံမှာ (3/4) ချက်လောက် ချုပ်ရတယ်တဲ့လေ .
hmee
January 24, 2012 at 4:04 am
မမှီလည်း ဆိုင်ကယ်မှောက်ဖူးတယ်။ ဆိုင်ကယ်စီးသင်ခါစ တတ်တော့ တတ်နေပြီ။ အကွေ့မှာ ပတ်မကွေ့ပဲ စက်ဘီးလို ကပ်ကွေ့တော့ ချောက်ထဲကျတော့မလို့။ ချုံတွေခံနေလို့ မသေတာ။ အဲ့ ကတည်းက ဆိုင်ကယ်ဆို စီးလို့မရတော့ဘူး။ ဆိုင်ကယ်ပေါ်ရောက်တာနဲ့ ဒူးတွေ တဆတ်ဆတ်တုန်ပြီး ဆိုင်ကယ်ပေါ်ကလည်း အောက်ဆင်းမရ မောင်းလို့လဲမရနဲ့ အမြဲပဲ တွဲယူရတယ်။ စိတ္တဇလို ဖြစ်သွားတာ။ ဆိုင်ကယ်ဆို ကြောက်ကြောက်ပဲ။ 🙁
Khin Latt
January 24, 2012 at 4:36 am
ဘုရား ဘုရား မှီရယ်။ ကံကောင်းလို့။ ချောက်နက်ကြီးလား။
နွယ်ပင်
January 24, 2012 at 10:07 am
နွယ်ပင်လည်း အခုဆို ဆိုင်ကယ်စီးရမှာကို တော်တော်ကြောက်နေပြီ မမှီရေ .
အရင်က ဆိုင်ကယ်စီးတုန်း လဲတာ အိတ်ဇောပိုက်ကပ်တာမျိုး ကြုံဖူးပင်မယ့်
အခုလို ကားနဲ့တော့ မျက်နှာချင်းဆိုင် မကြုံဖူးဘူး တော်တော်လေးလဲ လန့်သွားတယ် …..
ဖားသက်ပြင်း
January 24, 2012 at 10:10 am
မနွယ်ပင် တယောက်…
တစ်ယောက်သောသူ ဟူသော စကားလုံးကို
မှတ်မှတ်ရရ နေပြည်တော် တွင် (၅) ကြိမ် မှတ်မှတ်ရရ နေပြည်တော် (၂) တွင် (၆)ကြိမ် စုစုပေါင်း (၁၁) ကြိမ်
တိတိ သုံးစွဲပြီး အားပါးတရ ..ကြွားလုံးထုတ် ထားကြောင်း…စစ်တမ်းတခုမှ ပြောပါသည်..။
ခင်တဲ့
ဖားသက်ပြင်း..
နွယ်ပင်
January 24, 2012 at 10:22 am
ဂီဂီတို့ကတော့ တကယ့်စစ်တမ်းကြီးကို လုပ်ထားတော့တာပဲ
ကိုယ်တိုင်ရေးတဲ့ နွယ်ပင်တောင် ဘယ်နှစ်ကြီမ်ပါမှန်း မသိဘူး
တော်လိုက်တဲ့ ဂီဂီ ဒါကြောင့်လဲ ရွာထဲနာမည်ကြီးနေတာပေါ့ 😛
char too lan
January 24, 2012 at 10:40 am
ကျနော်ကတော့ အဲ့နှစ်ယောက်ကိုတွေ ့တွေ ့နေရတာ ချစ်စရာကောင်းတော့ ဒီလိုဖြစ်တယ်လို့ ဖတ်ရတာတောင် တွမ်ခရုဖ် နဲ့ ကင်မရွန်းဒိုင်းယပ်ဇ် ရဲ့ အက်ရှင် လိုပဲမြင်ယောင်မိတယ် ဟဲဟဲ 😉
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 24, 2012 at 10:49 am
positive thinking ပဲ
ချာချာ က ဘယ်ချောင်ကနေ ထွက်လာတာတုံး
ပျောက်နေတာကြာပေါ့
သတိရလိုက်တာ ရုပ်ပြောင်ပုံလေးကို …… 😛
char too lan
January 27, 2012 at 1:50 pm
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ မှောင်တော်ကင်း…
သတိရရင် သီချင်းကျူးလိုက်လေ ဒီလိုလေး
သတိရလိုက်တာ ချာအုရာ…………….
etone
January 24, 2012 at 1:37 pm
အစ်မနွယ်ပင်ရေ .. ကံကောင်းလို့သာပဲ … ။ ဘယ်လောက်များ ကြောက်လန့်နေမလဲ ကိုယ်ချင်းစာမိပါတယ် … ။ ညီမ မအူပင်မှာ ခဏနေရတုန်းက .. စက်ဘီးစီးသင်တာ.. ဘရိတ်ဆိုတာကို ဖမ်းရကောင်းမှန်းမသိပဲ … ကုန်းဆင်းကို ဒီတိုင်းဆင်းသွားတယ် .. အောက်က ကားကြီးလာတော့ဘွားခနဲမိတ်ဆက်တာပေါ့ .. ကံကောင်းလို့ မသေဘူးပဲ … ။ အဲ့ဒီအချိန် … ငါမစီးခဲ့ရင်ကောင်းသားဆိုပြီး … undo ပြန်လုပ်ချင်တဲ့ စိတ်နဲ့ ကြောက်စိတ်ရောထွေးနေတယ် … ။ အခုတော့ သေရာပါ အမာရွတ်ကျန်ပြီ … ။
နေပြည်တော်မှာ ဆိုက်ကယ်တွေ နဲ့ ကားတွေ ငြိတာ ခဏခဏလို့ကြားဖူးတယ် .. လမ်းတွေကလည်းကောင်းတော့ အရမ်းမောင်းကြတာပေါ့ .. တကယ်ဆို … လျှပ်တပြတ် အမြန်နှန်းရှောင်တခင်စစ်ဆေးတဲ့ အဖွဲ့လေး ယာဉ်စည်းကမ်းထိန်းသိမ်းရေးက လုပ်သင့်တယ် … ။ ဒါမှ မလိုလားပဲ .. ထိခိုက်ဒဏ်ရာဖြစ်မှု မတော်တဆမှုတွေကနေ … ကာကွယ်နိုင်မှာ .. ။ 🙂
ကိုပေါက်(မန္တလေး)
January 24, 2012 at 9:58 pm
နွမယ်မယ် ညည်းမန်းလေးကို လာခဲ့။
ဆိုင်ကယ်ကြောက်စိ်တ်ပျောက်သွားအောင်လုပ်ပေးမယ်။
လုလင်တော့င်မန်းလေးရောက်တာ ငါ့ဆိုင်ကယ်နောက်ကနေ မန်းလေးတောင် အောင်ပင်လယ်
ရန်ကင်းတောင် အစုံလျှောက်သွားတာ အေးဆေး………………………………………
လာဖြစ်အောင်လာခဲ့………………………….
နွယ်ပင်
January 25, 2012 at 9:28 am
တကယ်နော် လေးပေါက် လာခဲ့မယ်
ဆိုင်ကယ်ကြောက်စိတ်တော့ ပျောက်အောင် တော်တော်လုပ်ယူရမယ်ထင်တယ် ….