Related Articles Contributor, ColumnistDrama, Essays..EducationMyanmar Gazette Learning English through Activism (9) – Prof; Myo Kyaw Myint Contributor, ColumnistCreative WritingMyanmar Gazette Learning English through Activism – Prof; Myo Kyaw Myint Contributor, ColumnistCriticOpinion - Op-ed “Drill baby drill” “close our borders,” Creative WritingFood, Drink & Recipesကော်ပြန့်စိမ်း… hmeeJanuary 23, 20123min52927 ကျွန်မသုံးတဲ့ ကော်ပြန့်ဖတ် တံဆိပ်။ ဂေါ်ဖီနှင့် မုန်လာဥနီ လှီးထားတာ။ မကြော်ရသေးတဲ့ပုံ။ ကော်ပြန့်အဆာ။ အဆင့်(၁) အဆင့်(၂) အဆင့် (၃) အဆင့် (၄) အဖျားမှာ ကော်သုတ်ပြီး လိပ်လိုက်ရင် ကော်ပြန့်ရပြီ။ လိပ်ပြီး နောက်ဆုံးအဆင့် ကော်ပြန့်။ ထမင်းပေါင်းအိုး အပေါ်အံလေးမှာ အခုလို ပေါင်းတယ်။ ကော်ပြန့်စိမ်းလေး စားသွားပါဦးနော့်။ ကိုသစ်မင်းက တခါက မေးဖူးတယ် ကော်ပြန့်စိမ်း လုပ်တတ်ပါသလားလို့ပါ။ ကိုသစ်မင်း မေးပြီး သိပ်မကြာဘူး လုပ်စားဖြစ်လို့ ကော်ပြန့်စိမ်း လုပ်နည်း အဆင့်ဆင့်ကို ဓါတ်ပုံ ရိုက်ထားတာပါ။ တင်မယ်စဉ်းစားပေမဲ့ အခုမှပဲ တင်ဖြစ်ပါတော့တယ်။ ပထမဆုံး ဂေါ်ဖီကို သေးသေးလေးတွေ လှီးပါတယ်။ မုန်လာဥနီကိုလည်း သေးသေးလေးတွေ လှီးထားပါတယ်။ ကြက်ဥတလုံးကို ဖေါက်ပြီး ပန်းကန်ထဲထည့် ဆားနည်းနည်းထည့်ကာ သေသေချာချာ ခေါက်ထားပါ။ ဒယ်အိုးထဲကို ဆီ နည်းနည်းထည့် ဆီပူလာရင် ကြက်ဥခေါက်ထားတာကို အပြားလိုက်ရအောင် ကြော်ပါ။ ကြက်ဥကြော်ကျက်ရင် ဆယ်ထား။ တလက်စတည်း အိုးထဲကို ဆီနည်းနည်း ထပ်ထည့် လှီးထားတဲ့ ဂေါ်ဖီ၊ မုန်လာဥနီထည့်၊ ဆား၊ သကြား၊ တရုပ်မဆလာ နည်းနည်း၊ ခရုဆီထည့် ကြော်ပါ။ အရမ်းပျော့အောင် ကြော်စရာမလိုပါ။ အဆာပလာတွေ ကျက်ရင် ပန်းကန်တခုထဲ ဆယ်ထည့်လိုက်ပါ။ ကြက်ဥကြော်ကို ပါးပါးလှီးပြီး ဂေါ်ဖီကြော်ထဲထည့်မွှေပါ။ တချို့ကတော့ ဂျုံကြာဇံကို ရေနွေးဖျောပြီး ထည့်တတ်ပါတယ်။ ကျွန်မကတော့ မကြိုက်လို့ မထည့်ပါဘူး။ အဆာအတွက် ရပြီဆို ကော်ပြန့် စလိပ်ပါ့မယ်။ ကော်ပြန့်ဖတ်က ရယ်ဒီမိတ် ဝယ်ထားတာပါ။ ကော်အတွက်တော့ ဂျုံ နည်းနည်းကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ထားပါတယ်။ ပထမဆုံး ကော်ပြန်ကဖက်ခင်း ဖက်အစွန်းမှာ အဆာနည်းနည်း ထည့်ပါ။ အရမ်းများရင် လိပ်လို့မကောင်းပါဘူး။ ကော်ပြန့်ကို လိပ်ပြီးရင် အဖျားကို ကော်သုတ်လိုက်ရင် ရပါပြီ။ တချို့ကတော့ ဒီအဆင့်မှာ စားလို့ ရပြီမို့ စားကြပေမဲ့ ကျွန်မကတော့ ရေနွေးငွေ့နဲ့ ၅မိနစ်လောက် ပေါင်းပြီးမှ စားပါတယ်။ ပေါင်းလိုက်တော့ ပိုပြီး အိလို့ ကြိုက်တာပါ။ ရွာသူ၊ ရွာသား အားလုံးကို နှုတ်ဆက်ပါတယ်။ ဒီပို့စ်က အစ္စရေးမှာ နောက်ဆုံးတင်တဲ့ပို့စ်ပါ။ ၂၆ရက် ကြာသပတေးနေ့မှာ ရန်ကုန်ကို ပြန်ပါပြီ။ ရန်ကုန်ရောက်ရင်တော့ လာလည်ပါဦးမယ်။ သို့ပေမဲ့ ရန်ကုန် အင်တာနက်နဲ့ သိပ်မရင်းနှီးတော့ ပို့စ် တော်တော်နဲ့ တင်နိုင်ဦးမှာ မဟုတ်လောက်ပါဘူး။ လူမမြင်ဖူးပေမဲ့ စာရေးရင် ခင်မင်ခဲ့သူတွေကို အမြဲသတိရနေမှာပါ။ ကျေးဇူးအထူးတင်လျှက်။ ( မှီ) Post Views: 529 မွီ အမွတ္ တရ
နွယ်ပင်January 23, 2012 at 4:55 pm ကော်ပြန်စိမ်းကို တစ်ခါမှ မလုပ်စားဖူးဘူး ကြိုက်တာကတော့ အရမ်းပဲ အခုမမှီပြောတဲ့ နည်းနဲ့ အလုပ်ပိတ်ရက်မှာ လုပ်စားလိုက်ဦးမယ် ကျေးကျေးပါ မမှီရေ ………… Log in to Reply
hmeeJanuary 23, 2012 at 5:11 pm နွယ်ပင်ရေ အမလည်း အရမ်းကြိုက်လို့ ခဏခဏကို လုပ်စားတယ်။ အိမ်ကြီးရှင်က ကော်ပြန့်စိမ်း လုံးဝမကြိုက် သူက ကြော်စားမှ ကြိုက်တယ်။ အဲ့တော့ ဘယ်ရမလဲ ကော်ပြန့်စိမ်းကို ဆီထဲမှာ ပြန်ကြော်ပေးလိုက်တယ်။ 🙂 Log in to Reply
စိန်ပေါက်ပေါက်January 23, 2012 at 5:03 pm အားပေးတွားပါတယ်ဂျ မပြန်ခင်လေး အမုန်းတင်ထားစေချင်တာ ဟီး.ဟီး.. ရန်ကုန်ပြန်ရောက်ရင်တော့ ခန္တီပါရမီရှင် ဖြစ်မှာကျိန်းသေတယ်.. ဘာမှ အားမငယ်နဲ ့ဂျ 😆 Log in to Reply
hmeeJanuary 23, 2012 at 5:14 pm ကိုပေါက်ဖော်ရေ ဒီမှာ အရမ်းပြန်တာတောင် တခါတလေ ဓါတ်ပုံတင်လို့ ချက်ချင်း မတက်ပဲ နည်းနည်းကြာနေရင် စိတ်က မရှည်ချင်ဘူး။ 🙂 ရန်ကုန်ရောက်ရင်တော့ ကိုပေါက်ဖော် ပြောသလို ခန္တီပါရမီရှင်ပဲ ဖြစ်မလား စိတ်ကုန်လို့ ဝင်ကြည့်မနေတော့ဘူးဟာ ဖြစ်မလား မပြောတတ်ဘူး။ 🙂 Log in to Reply
blackchawJanuary 23, 2012 at 5:15 pm ဗိုက်ဆာနေတဲ့အချိန် ဒီပို့စ်ဝင်ဖတ်မိတာ ပိုဆာလာပြီဗျာ။ Log in to Reply
hmeeJanuary 23, 2012 at 5:35 pm ကျွေးလို့ရရင် တကယ်ကျွေးချင်ပါတယ် ကိုဘလက်ရေ။ 🙂 အခုတော့ မျက်စိလေးနဲ့ပဲ စားသွားပါဦးနော့။ Log in to Reply
poochJanuary 23, 2012 at 5:25 pm မမှီရေ မှန်တာကို ဝန်ခံရရင် ကျမက ဟင်းချက်မကျွမ်းကျင်သလောက် အစားကောင်းကတော့ မက်ပါတယ်။ ရွာထဲမှာ သူများတကာတွေ ချက်ကြပြုတ်ကျ ပုံတွေနဲ့ တင်ကြဆိုတော့ ကျမလည်း အားကျပြီး ကိုယ်လွယ်မယ်ထင်တာလေးတွေ စပြီး လုပ်စားကြည့်ပါတယ်။ ဟီး ကျမလက်ရာကိုတော့ ဘယ်လိုအရသာလည်း ဆိုတာ မပြောပြတော့ပါဘူး။ ပြောရရင်ရွာထဲ ရောက်လာမှ ကျမ ချက်ချင် ပြုတ်ချင်စိတ်ပေါက်လာတာပါ။ ကျမရဲ့ အဓိက အားနည်းချက် ခေါ်မလား ဆိုက်ကို ခေါ်မလားပဲ ။ သားစိမ်းငါးစိမ်းများကို ကိုယ်တိုင်ဆေးကြောပြီး ချက်ရင် အဲ့ဒီဟင်းကို လုံးဝစားချင်စိတ်မရှိတော့တာပါ။ အနံကလည်း ခေါင်းကိုက်ပြီး ကိုင်ရတာလည်း အတော်ကို စိတ်ညစ်တာပါ။ တခါလည်း မဟုတ်နှစ်ခါလည်း မဟုတ် ခေါက်တိုင်းပါ။ နောက်ပိုင်းမှာ ဆေးကြော နယ်ထားပြီးသားကိုပဲ ဝိုင်းကူချက်ပေးပါတယ်။ ကိုယ်တိုင် မနယ်တော့ပါဘူး။ အမေကတော့ ညည်းနောက်တော့ တွေ့မှာ အခုနေလို့ရတုန်းနေထားလို့ ဩဘာပေးပါတယ်။ နေလို့ရလို့ နေရင်းနဲ့ အကျင့်ပါသွားတာပါ။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ကျမလည်း မမှီတို့ မဝေတို့ မမတို့ စသဖြင့် အားကျလို့ ကိုယ်တိုင် တို့ထိတို့ထိ လုပ်နေပါပြီ။ ဖြည်းဖြည်းချင်းတော့ ကျင့်ယူရင် ရမယ် ထင်ပါတယ်။ စားတတ်ရင် လုပ်တတ်ရမှာပေါ့လို့ အဲ့ဒီစိတ်ကို မွေးပြီးလုပ်နေတာပါ။ Log in to Reply
hmeeJanuary 23, 2012 at 5:38 pm pooch ရေ အမလည်း အရင်က အပြင်အလုပ်ပဲ လုပ်နေလို့ သိပ်မချက်တတ်ဘူး။ 🙂 အခုလို တိုင်းပြည် အပြင်ရောက်လာတော့ ကိုယ်တိုင်မလုပ်တတ်ရင် မစားရတော့ ကြိုးစားပြီး စမ်းသပ်ရင်းကနေ တတ်သွားတာ။ မတတ်ရင် ငတ်မှာလေ။ 😀 Log in to Reply
weiweiJanuary 23, 2012 at 6:40 pm pooch ရေ .. အားမငယ်ပါနဲ့ … ကျွန်မလဲ အသား ငါး ကို လက်နဲ့မကိုင်နိုင်တဲ့ ဆိုက်ကို ရောဂါရှိပါတယ် … အဲဒါကြောင့်လဲ အသားငါးကို အတုံးလိုက် အတစ်လိုက်ချက်တဲ့ဟင်းလျှာမျိုး သိပ်မချက်ပါဘူး .. ချက်ဖြစ်ရင်လဲ သူငယ်ချင်း ဒါမှမဟုတ် မေမေက အသားငါးကို ဆားဆနွင်းနယ်ပြီးသည်အထိ အဆင်သင့်လုပ်ပေးပါတယ် … မှီရေ … ကော်ပြန့်စိမ်းကို ကြိုက်ပါတယ် .. ဒါပေမယ့် ကော်ပြန့်အဖတ်ကို လတ်လတ်ဆတ်ဆတ် တရုတ်တန်းမှာ ဝယ်လုပ်ရတာကိုမှ ကြိုက်လို့ ခဏခဏ လုပ်မစားဖြစ်ဘူး … ကျွန်မလုပ်ရင်တော့ အသီးအရွက်အရောင်စုံကို ကလေးကစားသလို ပါးပါးလေးတွေလှီးလေ့ရှိပါတယ် … လှတာကိုကြိုက်လို့လေ … 😛 သူငယ်ချင်းတစ်ယောက်ကတောင်ပြောတယ် … နင်က အစားအစာကို မျက်စိနဲ့စားမှာလား ပါးစပ်နဲ့ စားမှာလားတဲ့ … 😛 Log in to Reply
ရွှေဘိုသားJanuary 23, 2012 at 6:05 pm မမမှီလုပ်တော့လည်း စားချင်စဖွယ်လေးနော် ကျနော်တွေ့ဖူးသမျှတော့ စားချင်စရာမကောင်းလို့ စားတောင်မစားဖူးဘူး Log in to Reply
windtalkerJanuary 23, 2012 at 7:42 pm ကော်ပြန် ့စိမ်းဆိုလို ့ အစိမ်းရောင် ကော်ပြန် ့ကို တွေ ့ရမယ်မှတ်နေတာ စားကြည့်တော့ အားရှိသဗျား Log in to Reply
padonmarJanuary 23, 2012 at 8:54 pm ကျွန်မတို့အိမ်မှာတော့ မုန်လာဥနီစိန်ခလုပ်တိုက်၊ ဂေါ်ဖီနဲ့ ဗိုလ်စားပဲပါးပါးလှီး၊ပဲပြားကို သေးသေးနုပ်နုပ်လေးတွေလှီးထည့်တယ်။ လှီးတာတွေ သေးမှနုပ်မှ ပိုစားကောင်းတယ်။ သက်သတ်လွတ်မစားချင်ရင် ဝက်သားနုပ်နုပ်စင်းတာထည့်တယ်၊ ကော်ပြန့်ရွက်ကတော့ တရုတ်တန်းကပဲ ဝယ်တယ်၊ ကော်ပြန့်ရွက်မှာ ငရုပ်ဆီလေးနည်းနည်းသုတ်ပြီးမှ အဆာပလာတွေထည့် လိပ်ပြီးရင် မှီ့လိုကော်မသုတ်ပဲ ငရုပ်ဆီလေးနဲ့ပဲ ကပ်လိုက်တယ်။ ကျောင်းနေတုံးကတော့ ကျောင်းပိတ်ရက် ထမင်းလွတ်လုပ်စားဖြစ်တာပေါ့၊ ခုတော့ လှီးရချွတ်ရမှာ ပျင်းသွားလို့ သူများလုပ်တာပဲစားတော့တယ်။ 😀 Log in to Reply
ဦးဦးပါလေရာJanuary 24, 2012 at 12:09 am ကော်ပြန့်စိမ်းသာဆိုတယ် အကုန်လုံးအကျက်တွေချည်းပဲနော်။ မန္တလေးနေတုန်း တရုတ်အိမ်တခုမှာလုပ်စားတာတော့- ကော်ပြန့်ရွက်ပေါ်မှာ ဆလတ်ရွက် ရေခါပြီးသား တပိုင်းလောက်ဖြန့်ခင်းတယ်။ ငရုတ်ဆီအချဉ်ကြိုက်ရင် အဲဒီဆလတ်ရွက်ကို အချဉ်ရေနဲ့သုတ်လိုက်တယ် ပြီးတော့မှ သီးနှံစုံ အဆာတွေထည့် အသားကြိုက်ရင် စင်းကောလုပ်ကြော်ထားတဲ့ အသားထည့် ပဲပြားလှီးပြီးသားလေးတွေလဲထည့်ပြီး လိပ်စားတယ်။ တကျောင်း တဂါထာဆိုသလိုပေါ့……..။ Log in to Reply
hmeeJanuary 24, 2012 at 4:26 pm ဟုတ်ပါတယ် လေးပါလေရာရေ ကျွန်မလည်း တခါတလေ ဝက်သား စဉ်းကောလေး ထည့်တတ်ပါတယ်။ မရှိတဲ့အခါ ရှိရာနဲ့ ဖြစ်အောင် ကြံဖန်ပြီး လုပ်စားပါတယ်။ 🙂 Log in to Reply
Khin LattJanuary 24, 2012 at 4:06 am နောက်တစ်ခါ ကော်ပြန့် လုပ်စားရင် မှီရဲ့ နည်းအတိုင်း ပေါင်းကြည့်လိုက်ဦးမယ်။ သင်းခရုပါဘဲ။ မြန်မာပြည်ပြန်ရောက် ရင်လဲ ဒီလို အစားအစာလုပ်နည်းတွေ ရော တစ်ခြားဗဟုသုတ ရစရာ အတွေ့အကြုံ လေးတွေကိုရော ဆက်ပြီး မျှပါဦးမှီ ရေ။ မျှော်နေပါ့မယ်။ မှီ နဲ့ သားလေး ရန်ကုန်ကို ချောမောစွာ ပြန်ရောက်ပြီး မိသားတစ်စု စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ။ ချစ်ခင်စွာဖြင့် မလတ် Log in to Reply
hmeeJanuary 24, 2012 at 4:28 pm မလတ်ရေ ကျေးဇူးပါပဲနော်။ ရွာသူား တွေရဲ့ မေတ္တာကြောင့် ခရီးလမ်း ချောမွေ့မှာပါ။ Log in to Reply
ဆူးJanuary 24, 2012 at 11:21 am အမ တော်တော် စိတ်ရှည်ရှည်နဲ့ လုပ်ပြထားတာပဲ.. ကော်ပြန့် လိပ်တာကို သေသေချာချာ တဆင့်ချင်း လုပ်တတ်အောင် ရိုက်ပြတာ တယောက်တည်း စားစရာ ကိုင်လိုက် ကင်မရာ ကိုင်လိုက် လုပ်ရတာ တကယ်မလွယ်ဘူး။ စိတ်ရှည်မှုနဲ့ စေတနာကတော့ အံမခန်းပါပဲ။ ကော်ပြန့် လိပ်ရောင်းတဲ့ လူတွေကတော့ ဘတ်ဘတ် ဆို လိပ်ပြီးသားပဲ.. သူတို့ လက်မြန်နှုန်းကို လိုက်ကြည့်ဖို့ မလွယ်အောင် မြန်မြန် လုပ်သွားကြတာ… Log in to Reply
ဆူးJanuary 24, 2012 at 11:25 am သားသားနဲ့ မေမေ နောက်ပြီး ဗိုက်ထဲက သမီးငယ်လေးပါ ကျန်းကျန်းမာမာနဲ့ အဆင်ပြေချောမွေ့စွာ ရန်ကုန်ကို ပြန်ရောက်ပါစေ။ Log in to Reply
hmeeJanuary 24, 2012 at 4:31 pm ဆူးရေ အဲ့နေ့က ရွာလည်တယ်လေ။ တဆင့်ခြင်း ဓါတ်ပုံရိုက်ချင်တော့ စိတ်ကို ရှည်ရှည်ထားရတယ်။ ခေါက်ထားတုန်း ကော်ပြန့်ဖတ် ပြန်ပြီး လန်လာမစိုးလို့ ကမန်းကတန်း ကင်မရာကိုင်လိုက် ရိုက်လိုက်ပေါ့.။ အားလုံးလည်း ပြီးရော ကင်မရာမှာ ဆီတွေ ပေပွလို့။ 🙂 ဆူး ဆုတောင်းသလို ပြည့်ပါစေ။ ခရီးရှည်လို့ နဲနဲတော့ လန့်တယ်။ 🙂 Log in to Reply
SandyJanuary 24, 2012 at 1:13 pm ပိုကောင်းမဲ့နည်းလမ်းပြောရရင်တော့ အချဉ်ကအဓိကကျပါတယ်။ ကော်မူန့်ကိုမီးပူပူနဲ့သကြားပါရောထည့်ပြီးအရည်ကျိုုလို့ရတဲ့အချဉ်ရည်ကကော်ပြန့်စိမ်းနဲ့အရမ်းလိုက်ဖက်ပါတယ်။ကြက်သွန်မြိတ်လေးနဲ့ပါတွဲစားလိုက်မယ်ဆိုအရမ်းကိုပြီးပြည့်စုံသွားမှာပါ။ Log in to Reply
etoneJanuary 24, 2012 at 1:31 pm မမှီရေ … အရင်ကတော့ အားလျှင် အိမ်မှာ လုပ်စားဖြစ်တယ် .. အခုနောက်ပိုင်း လုပ်စားပြီး ပြန်ဆေးကြောရတာ ပျင်းတာရယ် ၊ ဟုတ်တိပက်တိ မစားဖြစ်တာရယ်တွေကြောင့် လွယ်လွယ်ပဲ ဝယ်စားလိုက်တယ် … ။ ကော်ပြန့် အကြော်ထက် အစိမ်းကို ပိုကြိုက်တယ် .. ဒါပေမယ့် မမှီရေ ..ကော်ပြန့်မလိပ်ခင်… ဝယ်လာတဲ့ ကော်ပြန့်အဖတ်တွေက တစ်ခုနဲ့ တစ်ခု ကပ်နေတဲ့ အချိန် ခွာမရလျှင် အားကြီး ဒေါကီးတာပဲ … ။ 🙁 Log in to Reply
hmeeJanuary 24, 2012 at 4:37 pm တုံရေ ကိုယ့်ဘာသာမှ မလုပ်စားရင် ငတ်မှာလေ။ အဲ့တော့ လုပ်စားဖြစ်တယ် ပန်းကန်တွေတော့ စိတ်ပါမှ ထဆေးတော့တယ်။ ဆူမည့်သူ ဘယ်သူမှ မရှိဘူးလေ။ 🙂 ကြွားလိုက်ဦးမယ် အမရောက်ပါပြီ ဆိုကတည်းက ဘိန်းမုန့်လုပ်တာ တခါမှ အဆင်မပြေဘူး။ မုန့်သား မပေါက်ဘူး ပျစ်ပိန်းပိန်းကြီးပဲ ဖြစ်နေတာ။ မနေ့က ထပ်ပြီး စမ်းသပ်တာ အောင်မြင်သွားပါကြောင်း။ 🙂 ၁၀၁ကြိမ်မြောက် ဘိန်းမုန့် အောင်ပွဲလုပ်တဲ့ အနေနဲ့ အိမ်ကြီးရှင် အလုပ်က လူတွေ စားဖို့ ထည့်ပေးလိုက်တယ်။ ကိုယ်လည်း မစားပါပဲနဲ့ ဘိန်းမုန့် ဖြစ်သွားလို့ ဝမ်းသာလိုက်တာ။ 😀 Log in to Reply
etoneJanuary 26, 2012 at 11:16 am ဟီး .. … မမှီတို့များ ကုသိုလ်ထူးလိုက်တာ .. ပွစိပွစိလိုက်ပြောမယ့်လူမဟုတ်ပဲ အနေအေးတဲ့ အိမ်ကြီးရှင်မျိုးရလို့ 😀 Log in to Reply
ရွာစားကျော်January 24, 2012 at 1:36 pm ရန်ကုန်မှာ ကျောင်းတတ်တုန်းက မြို့ထဲရောက်ရင် ဗိုလ်ချုပ်အောင်ဆန်းလမ်း ရွှေခေါင်းလောင်း မှာဝင်ပီး ကော်ပြန့်စိမ်း စားတာကို ပြန်သတိရ သွားတယ်ဗျာ.. နူးညံ့ပီး အရမ်းစားကောင်းပါတယ် အရမ်းကြိုက်ပေမယ့် ကိုယ်တိုင်တော့ လုပ်မစားဖြစ်ဘူး ကျေးဇူးပါ မမီ Log in to Reply
manawphyulayJanuary 24, 2012 at 4:39 pm ကော်ပြန့်ဖတ်ကျတော့ အထုပ်လိုက်ဝယ်လိုရတာလား။ လိုအပ်သလောက်ပဲ ဝယ်ရင်ကော ရလားရှင့်။ ကျန်တာတွေတော့ သေသေချာချာ မှတ်ပြီး လုပ်ကြည့်ပါဦးမယ်နော်။ ပုံစံလေးက တော်တော်စားကောင်းမယ့်ပုံပဲ။ ဆိုင်မှာတော့ တစ်ခါတလေ ဝယ်စားဖြစ်တယ်။ သိပ်မကြိုက်လို့လားမသိဘူး။ စားပြီးရင် ဗိုက်အောင့်လို့ သိပ်တော့ ဝယ်မစားဖြစ်ဘူးရှင့်။ သေချာ အသေးစိတ်လေး စိတ်ရှည်စွာ တင်ပြပေးထားတာ ကျေးဇူးပါနော်။ Log in to Reply
hmeeJanuary 24, 2012 at 4:49 pm မနောရေ ဒီမှာတော့ ဓါတ်ပုံထဲက အထုတ်လို အထုတ်လေးတွေ ဝယ်သုံးရတယ်။ တခုနဲ့ တခုကြား ဆီစိမ် စက္ကူပါတော့ ခွာရတာလည်း လွယ်တယ်လေ။ ကိုယ်လိုသလောက် ယူစား ကျန်တာကို ရေခဲခန်းထဲထည့်ထားပြီး နောက်စားချင်မှ ထပ်လုပ်စားပေါ့။ Log in to Reply
ကြောင်ကြီးJanuary 26, 2012 at 10:33 am ကော်ပြန့်စိမ်းမှာ အချဉ်ရေကောင်းဖို့ အဓိကဗျ။ အဲဒီအချဉ်ရေကလည်း ရယ်ဒီမိတ်ဆို မကောင်းဘူး။ အိမ်လုပ် ကော်ရည်ပါထည့်ထားတဲ့ ဟာမျိုးမှ ကောင်းတာ။။။ ရန်ကုန်တရုတ်တန်း ဆိုင်တွေမှာ လုပ်တဲ့အချဉ်ရေမျိုးသိရင် ပြောဂျပါအုံး။ ချိုချဉ်လေးလေ။။ အန်တီမှီရေ ဂွတ်ဘိုင်ပါဗျာ။ ကျနော်ရန်ကုန်ရောက်ရင် အိမ်လာလည်ပါ့မယ်။။။ အန်တီမှီ၏ ခဲအိုမောင်လေးကြောင်ကြီး။။။။ Log in to Reply
27 comments
နွယ်ပင်
January 23, 2012 at 4:55 pm
ကော်ပြန်စိမ်းကို တစ်ခါမှ မလုပ်စားဖူးဘူး ကြိုက်တာကတော့ အရမ်းပဲ
အခုမမှီပြောတဲ့ နည်းနဲ့ အလုပ်ပိတ်ရက်မှာ လုပ်စားလိုက်ဦးမယ်
ကျေးကျေးပါ မမှီရေ …………
hmee
January 23, 2012 at 5:11 pm
နွယ်ပင်ရေ အမလည်း အရမ်းကြိုက်လို့ ခဏခဏကို လုပ်စားတယ်။ အိမ်ကြီးရှင်က ကော်ပြန့်စိမ်း လုံးဝမကြိုက် သူက ကြော်စားမှ ကြိုက်တယ်။ အဲ့တော့ ဘယ်ရမလဲ ကော်ပြန့်စိမ်းကို ဆီထဲမှာ ပြန်ကြော်ပေးလိုက်တယ်။ 🙂
စိန်ပေါက်ပေါက်
January 23, 2012 at 5:03 pm
အားပေးတွားပါတယ်ဂျ
မပြန်ခင်လေး အမုန်းတင်ထားစေချင်တာ ဟီး.ဟီး..
ရန်ကုန်ပြန်ရောက်ရင်တော့ ခန္တီပါရမီရှင် ဖြစ်မှာကျိန်းသေတယ်..
ဘာမှ အားမငယ်နဲ ့ဂျ
😆
hmee
January 23, 2012 at 5:14 pm
ကိုပေါက်ဖော်ရေ ဒီမှာ အရမ်းပြန်တာတောင် တခါတလေ ဓါတ်ပုံတင်လို့ ချက်ချင်း မတက်ပဲ နည်းနည်းကြာနေရင် စိတ်က မရှည်ချင်ဘူး။ 🙂 ရန်ကုန်ရောက်ရင်တော့ ကိုပေါက်ဖော် ပြောသလို ခန္တီပါရမီရှင်ပဲ ဖြစ်မလား စိတ်ကုန်လို့ ဝင်ကြည့်မနေတော့ဘူးဟာ ဖြစ်မလား မပြောတတ်ဘူး။ 🙂
blackchaw
January 23, 2012 at 5:15 pm
ဗိုက်ဆာနေတဲ့အချိန် ဒီပို့စ်ဝင်ဖတ်မိတာ
ပိုဆာလာပြီဗျာ။
hmee
January 23, 2012 at 5:35 pm
ကျွေးလို့ရရင် တကယ်ကျွေးချင်ပါတယ် ကိုဘလက်ရေ။ 🙂 အခုတော့ မျက်စိလေးနဲ့ပဲ စားသွားပါဦးနော့။
pooch
January 23, 2012 at 5:25 pm
မမှီရေ မှန်တာကို ဝန်ခံရရင် ကျမက ဟင်းချက်မကျွမ်းကျင်သလောက် အစားကောင်းကတော့ မက်ပါတယ်။
ရွာထဲမှာ သူများတကာတွေ ချက်ကြပြုတ်ကျ ပုံတွေနဲ့ တင်ကြဆိုတော့ ကျမလည်း အားကျပြီး ကိုယ်လွယ်မယ်ထင်တာလေးတွေ စပြီး လုပ်စားကြည့်ပါတယ်။ ဟီး ကျမလက်ရာကိုတော့ ဘယ်လိုအရသာလည်း ဆိုတာ မပြောပြတော့ပါဘူး။
ပြောရရင်ရွာထဲ ရောက်လာမှ ကျမ ချက်ချင် ပြုတ်ချင်စိတ်ပေါက်လာတာပါ။ ကျမရဲ့ အဓိက အားနည်းချက် ခေါ်မလား ဆိုက်ကို ခေါ်မလားပဲ ။ သားစိမ်းငါးစိမ်းများကို ကိုယ်တိုင်ဆေးကြောပြီး ချက်ရင် အဲ့ဒီဟင်းကို လုံးဝစားချင်စိတ်မရှိတော့တာပါ။ အနံကလည်း ခေါင်းကိုက်ပြီး ကိုင်ရတာလည်း အတော်ကို စိတ်ညစ်တာပါ။ တခါလည်း မဟုတ်နှစ်ခါလည်း မဟုတ် ခေါက်တိုင်းပါ။ နောက်ပိုင်းမှာ ဆေးကြော နယ်ထားပြီးသားကိုပဲ ဝိုင်းကူချက်ပေးပါတယ်။ ကိုယ်တိုင် မနယ်တော့ပါဘူး။ အမေကတော့ ညည်းနောက်တော့ တွေ့မှာ အခုနေလို့ရတုန်းနေထားလို့ ဩဘာပေးပါတယ်။ နေလို့ရလို့ နေရင်းနဲ့ အကျင့်ပါသွားတာပါ။
ဒါပေမဲ့ ခုနောက်ပိုင်းမှာ ကျမလည်း မမှီတို့ မဝေတို့ မမတို့ စသဖြင့် အားကျလို့ ကိုယ်တိုင် တို့ထိတို့ထိ လုပ်နေပါပြီ။ ဖြည်းဖြည်းချင်းတော့ ကျင့်ယူရင် ရမယ် ထင်ပါတယ်။ စားတတ်ရင် လုပ်တတ်ရမှာပေါ့လို့ အဲ့ဒီစိတ်ကို မွေးပြီးလုပ်နေတာပါ။
hmee
January 23, 2012 at 5:38 pm
pooch ရေ အမလည်း အရင်က အပြင်အလုပ်ပဲ လုပ်နေလို့ သိပ်မချက်တတ်ဘူး။ 🙂 အခုလို တိုင်းပြည် အပြင်ရောက်လာတော့ ကိုယ်တိုင်မလုပ်တတ်ရင် မစားရတော့ ကြိုးစားပြီး စမ်းသပ်ရင်းကနေ တတ်သွားတာ။ မတတ်ရင် ငတ်မှာလေ။ 😀
weiwei
January 23, 2012 at 6:40 pm
pooch ရေ ..
အားမငယ်ပါနဲ့ … ကျွန်မလဲ အသား ငါး ကို လက်နဲ့မကိုင်နိုင်တဲ့ ဆိုက်ကို ရောဂါရှိပါတယ် …
အဲဒါကြောင့်လဲ အသားငါးကို အတုံးလိုက် အတစ်လိုက်ချက်တဲ့ဟင်းလျှာမျိုး သိပ်မချက်ပါဘူး .. ချက်ဖြစ်ရင်လဲ သူငယ်ချင်း ဒါမှမဟုတ် မေမေက အသားငါးကို ဆားဆနွင်းနယ်ပြီးသည်အထိ အဆင်သင့်လုပ်ပေးပါတယ် …
မှီရေ …
ကော်ပြန့်စိမ်းကို ကြိုက်ပါတယ် .. ဒါပေမယ့် ကော်ပြန့်အဖတ်ကို လတ်လတ်ဆတ်ဆတ် တရုတ်တန်းမှာ ဝယ်လုပ်ရတာကိုမှ ကြိုက်လို့ ခဏခဏ လုပ်မစားဖြစ်ဘူး …
ကျွန်မလုပ်ရင်တော့ အသီးအရွက်အရောင်စုံကို ကလေးကစားသလို ပါးပါးလေးတွေလှီးလေ့ရှိပါတယ် … လှတာကိုကြိုက်လို့လေ … 😛 သူငယ်ချင်းတစ်ယောက်ကတောင်ပြောတယ် … နင်က အစားအစာကို မျက်စိနဲ့စားမှာလား ပါးစပ်နဲ့ စားမှာလားတဲ့ … 😛
ရွှေဘိုသား
January 23, 2012 at 6:05 pm
မမမှီလုပ်တော့လည်း စားချင်စဖွယ်လေးနော် ကျနော်တွေ့ဖူးသမျှတော့ စားချင်စရာမကောင်းလို့ စားတောင်မစားဖူးဘူး
windtalker
January 23, 2012 at 7:42 pm
ကော်ပြန် ့စိမ်းဆိုလို ့
အစိမ်းရောင် ကော်ပြန် ့ကို တွေ ့ရမယ်မှတ်နေတာ
စားကြည့်တော့ အားရှိသဗျား
padonmar
January 23, 2012 at 8:54 pm
ကျွန်မတို့အိမ်မှာတော့ မုန်လာဥနီစိန်ခလုပ်တိုက်၊ ဂေါ်ဖီနဲ့ ဗိုလ်စားပဲပါးပါးလှီး၊ပဲပြားကို သေးသေးနုပ်နုပ်လေးတွေလှီးထည့်တယ်။
လှီးတာတွေ သေးမှနုပ်မှ ပိုစားကောင်းတယ်။
သက်သတ်လွတ်မစားချင်ရင် ဝက်သားနုပ်နုပ်စင်းတာထည့်တယ်၊
ကော်ပြန့်ရွက်ကတော့ တရုတ်တန်းကပဲ ဝယ်တယ်၊
ကော်ပြန့်ရွက်မှာ ငရုပ်ဆီလေးနည်းနည်းသုတ်ပြီးမှ အဆာပလာတွေထည့် လိပ်ပြီးရင် မှီ့လိုကော်မသုတ်ပဲ ငရုပ်ဆီလေးနဲ့ပဲ ကပ်လိုက်တယ်။
ကျောင်းနေတုံးကတော့ ကျောင်းပိတ်ရက် ထမင်းလွတ်လုပ်စားဖြစ်တာပေါ့၊
ခုတော့ လှီးရချွတ်ရမှာ ပျင်းသွားလို့ သူများလုပ်တာပဲစားတော့တယ်။ 😀
ဦးဦးပါလေရာ
January 24, 2012 at 12:09 am
ကော်ပြန့်စိမ်းသာဆိုတယ်
အကုန်လုံးအကျက်တွေချည်းပဲနော်။
မန္တလေးနေတုန်း တရုတ်အိမ်တခုမှာလုပ်စားတာတော့-
ကော်ပြန့်ရွက်ပေါ်မှာ ဆလတ်ရွက် ရေခါပြီးသား တပိုင်းလောက်ဖြန့်ခင်းတယ်။
ငရုတ်ဆီအချဉ်ကြိုက်ရင် အဲဒီဆလတ်ရွက်ကို အချဉ်ရေနဲ့သုတ်လိုက်တယ်
ပြီးတော့မှ သီးနှံစုံ အဆာတွေထည့်
အသားကြိုက်ရင် စင်းကောလုပ်ကြော်ထားတဲ့ အသားထည့်
ပဲပြားလှီးပြီးသားလေးတွေလဲထည့်ပြီး လိပ်စားတယ်။
တကျောင်း တဂါထာဆိုသလိုပေါ့……..။
hmee
January 24, 2012 at 4:26 pm
ဟုတ်ပါတယ် လေးပါလေရာရေ ကျွန်မလည်း တခါတလေ ဝက်သား စဉ်းကောလေး ထည့်တတ်ပါတယ်။ မရှိတဲ့အခါ ရှိရာနဲ့ ဖြစ်အောင် ကြံဖန်ပြီး လုပ်စားပါတယ်။ 🙂
Khin Latt
January 24, 2012 at 4:06 am
နောက်တစ်ခါ ကော်ပြန့် လုပ်စားရင် မှီရဲ့ နည်းအတိုင်း ပေါင်းကြည့်လိုက်ဦးမယ်။
သင်းခရုပါဘဲ။
မြန်မာပြည်ပြန်ရောက် ရင်လဲ ဒီလို အစားအစာလုပ်နည်းတွေ ရော တစ်ခြားဗဟုသုတ ရစရာ အတွေ့အကြုံ လေးတွေကိုရော ဆက်ပြီး မျှပါဦးမှီ ရေ။
မျှော်နေပါ့မယ်။
မှီ နဲ့ သားလေး ရန်ကုန်ကို ချောမောစွာ ပြန်ရောက်ပြီး မိသားတစ်စု စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ။
ချစ်ခင်စွာဖြင့်
မလတ်
hmee
January 24, 2012 at 4:28 pm
မလတ်ရေ ကျေးဇူးပါပဲနော်။ ရွာသူား တွေရဲ့ မေတ္တာကြောင့် ခရီးလမ်း ချောမွေ့မှာပါ။
ဆူး
January 24, 2012 at 11:21 am
အမ တော်တော် စိတ်ရှည်ရှည်နဲ့ လုပ်ပြထားတာပဲ..
ကော်ပြန့် လိပ်တာကို သေသေချာချာ တဆင့်ချင်း လုပ်တတ်အောင် ရိုက်ပြတာ တယောက်တည်း စားစရာ ကိုင်လိုက် ကင်မရာ ကိုင်လိုက် လုပ်ရတာ တကယ်မလွယ်ဘူး။
စိတ်ရှည်မှုနဲ့ စေတနာကတော့ အံမခန်းပါပဲ။
ကော်ပြန့် လိပ်ရောင်းတဲ့ လူတွေကတော့ ဘတ်ဘတ် ဆို လိပ်ပြီးသားပဲ.. သူတို့ လက်မြန်နှုန်းကို လိုက်ကြည့်ဖို့ မလွယ်အောင် မြန်မြန် လုပ်သွားကြတာ…
ဆူး
January 24, 2012 at 11:25 am
သားသားနဲ့ မေမေ နောက်ပြီး ဗိုက်ထဲက သမီးငယ်လေးပါ ကျန်းကျန်းမာမာနဲ့ အဆင်ပြေချောမွေ့စွာ ရန်ကုန်ကို ပြန်ရောက်ပါစေ။
hmee
January 24, 2012 at 4:31 pm
ဆူးရေ အဲ့နေ့က ရွာလည်တယ်လေ။ တဆင့်ခြင်း ဓါတ်ပုံရိုက်ချင်တော့ စိတ်ကို ရှည်ရှည်ထားရတယ်။ ခေါက်ထားတုန်း ကော်ပြန့်ဖတ် ပြန်ပြီး လန်လာမစိုးလို့ ကမန်းကတန်း ကင်မရာကိုင်လိုက် ရိုက်လိုက်ပေါ့.။ အားလုံးလည်း ပြီးရော ကင်မရာမှာ ဆီတွေ ပေပွလို့။ 🙂
ဆူး ဆုတောင်းသလို ပြည့်ပါစေ။ ခရီးရှည်လို့ နဲနဲတော့ လန့်တယ်။ 🙂
Sandy
January 24, 2012 at 1:13 pm
ပိုကောင်းမဲ့နည်းလမ်းပြောရရင်တော့ အချဉ်ကအဓိကကျပါတယ်။
ကော်မူန့်ကိုမီးပူပူနဲ့သကြားပါရောထည့်ပြီးအရည်ကျိုုလို့ရတဲ့အချဉ်ရည်ကကော်ပြန့်စိမ်းနဲ့အရမ်းလိုက်ဖက်ပါတယ်။ကြက်သွန်မြိတ်လေးနဲ့ပါတွဲစားလိုက်မယ်ဆိုအရမ်းကိုပြီးပြည့်စုံသွားမှာပါ။
etone
January 24, 2012 at 1:31 pm
မမှီရေ … အရင်ကတော့ အားလျှင် အိမ်မှာ လုပ်စားဖြစ်တယ် .. အခုနောက်ပိုင်း လုပ်စားပြီး ပြန်ဆေးကြောရတာ ပျင်းတာရယ် ၊ ဟုတ်တိပက်တိ မစားဖြစ်တာရယ်တွေကြောင့် လွယ်လွယ်ပဲ ဝယ်စားလိုက်တယ် … ။
ကော်ပြန့် အကြော်ထက် အစိမ်းကို ပိုကြိုက်တယ် .. ဒါပေမယ့် မမှီရေ ..ကော်ပြန့်မလိပ်ခင်… ဝယ်လာတဲ့ ကော်ပြန့်အဖတ်တွေက တစ်ခုနဲ့ တစ်ခု ကပ်နေတဲ့ အချိန် ခွာမရလျှင် အားကြီး ဒေါကီးတာပဲ … ။ 🙁
hmee
January 24, 2012 at 4:37 pm
တုံရေ ကိုယ့်ဘာသာမှ မလုပ်စားရင် ငတ်မှာလေ။ အဲ့တော့ လုပ်စားဖြစ်တယ် ပန်းကန်တွေတော့ စိတ်ပါမှ ထဆေးတော့တယ်။ ဆူမည့်သူ ဘယ်သူမှ မရှိဘူးလေ။ 🙂 ကြွားလိုက်ဦးမယ် အမရောက်ပါပြီ ဆိုကတည်းက ဘိန်းမုန့်လုပ်တာ တခါမှ အဆင်မပြေဘူး။ မုန့်သား မပေါက်ဘူး ပျစ်ပိန်းပိန်းကြီးပဲ ဖြစ်နေတာ။ မနေ့က ထပ်ပြီး စမ်းသပ်တာ အောင်မြင်သွားပါကြောင်း။ 🙂 ၁၀၁ကြိမ်မြောက် ဘိန်းမုန့် အောင်ပွဲလုပ်တဲ့ အနေနဲ့ အိမ်ကြီးရှင် အလုပ်က လူတွေ စားဖို့ ထည့်ပေးလိုက်တယ်။ ကိုယ်လည်း မစားပါပဲနဲ့ ဘိန်းမုန့် ဖြစ်သွားလို့ ဝမ်းသာလိုက်တာ။ 😀
etone
January 26, 2012 at 11:16 am
ဟီး .. … မမှီတို့များ ကုသိုလ်ထူးလိုက်တာ .. ပွစိပွစိလိုက်ပြောမယ့်လူမဟုတ်ပဲ အနေအေးတဲ့ အိမ်ကြီးရှင်မျိုးရလို့ 😀
ရွာစားကျော်
January 24, 2012 at 1:36 pm
ရန်ကုန်မှာ ကျောင်းတတ်တုန်းက မြို့ထဲရောက်ရင်
ဗိုလ်ချုပ်အောင်ဆန်းလမ်း ရွှေခေါင်းလောင်း မှာဝင်ပီး ကော်ပြန့်စိမ်း စားတာကို
ပြန်သတိရ သွားတယ်ဗျာ.. နူးညံ့ပီး အရမ်းစားကောင်းပါတယ်
အရမ်းကြိုက်ပေမယ့် ကိုယ်တိုင်တော့ လုပ်မစားဖြစ်ဘူး
ကျေးဇူးပါ မမီ
manawphyulay
January 24, 2012 at 4:39 pm
ကော်ပြန့်ဖတ်ကျတော့ အထုပ်လိုက်ဝယ်လိုရတာလား။ လိုအပ်သလောက်ပဲ ဝယ်ရင်ကော ရလားရှင့်။ ကျန်တာတွေတော့ သေသေချာချာ မှတ်ပြီး လုပ်ကြည့်ပါဦးမယ်နော်။ ပုံစံလေးက တော်တော်စားကောင်းမယ့်ပုံပဲ။ ဆိုင်မှာတော့ တစ်ခါတလေ ဝယ်စားဖြစ်တယ်။ သိပ်မကြိုက်လို့လားမသိဘူး။ စားပြီးရင် ဗိုက်အောင့်လို့ သိပ်တော့ ဝယ်မစားဖြစ်ဘူးရှင့်။ သေချာ အသေးစိတ်လေး စိတ်ရှည်စွာ တင်ပြပေးထားတာ ကျေးဇူးပါနော်။
hmee
January 24, 2012 at 4:49 pm
မနောရေ ဒီမှာတော့ ဓါတ်ပုံထဲက အထုတ်လို အထုတ်လေးတွေ ဝယ်သုံးရတယ်။ တခုနဲ့ တခုကြား ဆီစိမ် စက္ကူပါတော့ ခွာရတာလည်း လွယ်တယ်လေ။ ကိုယ်လိုသလောက် ယူစား ကျန်တာကို ရေခဲခန်းထဲထည့်ထားပြီး နောက်စားချင်မှ ထပ်လုပ်စားပေါ့။
ကြောင်ကြီး
January 26, 2012 at 10:33 am
ကော်ပြန့်စိမ်းမှာ အချဉ်ရေကောင်းဖို့ အဓိကဗျ။ အဲဒီအချဉ်ရေကလည်း ရယ်ဒီမိတ်ဆို မကောင်းဘူး။ အိမ်လုပ် ကော်ရည်ပါထည့်ထားတဲ့ ဟာမျိုးမှ ကောင်းတာ။။။ ရန်ကုန်တရုတ်တန်း ဆိုင်တွေမှာ လုပ်တဲ့အချဉ်ရေမျိုးသိရင် ပြောဂျပါအုံး။ ချိုချဉ်လေးလေ။။
အန်တီမှီရေ ဂွတ်ဘိုင်ပါဗျာ။ ကျနော်ရန်ကုန်ရောက်ရင် အိမ်လာလည်ပါ့မယ်။။။
အန်တီမှီ၏ ခဲအိုမောင်လေးကြောင်ကြီး။။။။