မန်ယူကစားသမားသစ် အပြောင်းအရွေ့ ပြီးမြောက်

မန်ယူအသင်းက ရာသီသစ်အတွက် ပြင်ဆင်မှု တရပ်အဖြစ် ခေါ်ယူခဲ့သည့် မက္ကဆီကိုအသင်းမှ လူငယ်တိုက်စစ်မှူး ဂျားဗီးယား ဟာနန်ဒက်စ် (Javier Hernandez) သည် အင်္ဂလန်နိုင်ငံတွင် အလုပ်ပါမစ် ရရှိခဲ့ပြီဖြစ်သဖြင့် အသင်းပြောင်းရွေ့မှု ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၂ရ ရက်နေ့တွင် အလုပ်ပါမစ်ရရှိခဲ့သဖြင့် အသင်းသို့ လာရောက် ကစားပေး နိုင်တော့မည်ဖြစ်ပြီး ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မန်ယူအသင်းသားအဖြစ်သို့ တရားဝင် ရောက်ရှိမည်ဖြစ်သည်။ ယင်းမှာ မက္ကဆီကို ကစားသမားတဦးကို မန်ယူအသင်းက ပထမဦးဆုံး ခေါ်ယူခြင်း ဖြစ်သည်။
ခေါင်းတိုက်စွမ်းရည်၊ ပြေးအား၊ နေရာယူမှု၊ ဘောလုံးအထိမ်းအသိမ်းနှင့် ကန်ချက်များ တိကျသေချာသည့် အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် မန်ယူက စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြောင်းရွေ့ကြေးကို တရားဝင်ထုတ်ဖော် ပြောကြားခြင်း မရှိချေ။
သို့သော် ပြောင်းရွေ့ကြေး၏ တစိတ်တပိုင်း သဘောတူညီမှုအဖြစ် ငယ်နာမည် Chicharito (ပဲစေ့ငယ်) ခေါ် ဟာနက်ဒက်စ်၏ မိခင်ကလပ် Chivas အသင်း၏ ပရိသတ် ၄၅၀၀ဝ ဆန့် ကွင်းသစ် ဖွင့်ပွဲကို မန်ယူအသင်းက ချစ်ကြည်ရေးပွဲစဉ်တပွဲကို လာမည့် ဇူလိုင်လ ၃ဝ ရက်နေ့တွင် ကစားပေးရမည် ဖြစ်သည်။
၁၉၈၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည့် ဟာနန်ဒက်စ်သည် မက္ကဆီကိုလက်ရွေးစင် အသင်းကြီးအတွက် နိုင်ငံတကာပွဲ ၆ ပွဲ ကစားရာ နောက်ဆုံး ၅ ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပြီး စုစုပေါင်း ရ ဂိုးသွင်းယူထားသည်။
javier harnandez. သည် မက္ကဆီကို အသင်းတွင် ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ပြီး ၂၀၁ဝ တောင်အာဖရိက ကမ္ဘာ့ဖလားတွင် စောင့်ကြည့်ရမည့် လူငယ်ကြယ်ပွင့်များထဲတွင် တဦးအပါအဝင် ဖြစ်သည်။
4 comments
cum min
June 29, 2012 at 11:26 am
ချီးထုတ်…
မန်ယူဆို..ရန်သူပဲ..
etone
June 29, 2012 at 11:34 am
ပြောလည်း မမှတ်မရှိပါလား … ။ ဘယ်တုန်းကဟာတွေကို ပြန်ပြန်လိုက်မန်းနေတာလဲ …
ရက်စွဲလေး ဘာလေးလည်းကြည့်ဦး … ။
အန်တီတယောက်နဲ့ အိုင်ပီတူနေတာတွေ့တယ် … ။ ဘာသဘောနဲ့ လိုက်လုပ်နေလဲတော့ နားမလည်ပါ ။
Azzurri
June 29, 2012 at 11:41 am
ကျနော်လည်း တွေ့တယ် ..အန်တီ ၁ယောက်မဟုတ်
၂ယောက်… အဲ … အိုင်ပီနဲ့ ထိန်းလို့ တော့ ရမှာမဟုတ်…
ရွှေပြည်ကြီးမှာက အိုင်ပီက နည်းနည်းလေးရယ်… တူတာတွေရှိတယ်.
(အိုင်ပီတွေအကြောင်း ကိုဖက်တီးကတ် ရေးပြပေးရင်ကောင်းမှာပဲ…)
သည်လိုဗျ… တခါက အနောက်ဘက်ကမ်းခြေ မြို့ တစ်မြို့ ဆူလို့
သဂျီး အိုင်ပီ ဘန်း လိုက်တာ ..မဆီမဆိုင် မြန်အောင်က ဆြာလေးတစ်ယောက်
(ဆရာလေးတစ်ပါးမဟုတ်ပါ) ဝင်မရဘူး ဖြစ်သွားလို့ …
စနိုက်ပါနဲ့ ဆော်ပါဆို ဗုံးကျဲချတယ် လို့တောင် ရေးဖူးသေးရဲ့…
အနိစ္စ..

water-melon
June 29, 2012 at 11:37 am
ဘာ
တောက်တောင်မ
တေချင်းဆိုးမ
မန်ယူကိုလာမထိနဲ့
ပွတ်လိုက်လို့တောက်မွှေးတွေ ကပ်ကျန်လိမ့်မယ်