မြန်မာနိုင်ငံ၏ အကြွေ ရှားပါးသော ပြသာနာ ….
ကျွန်တော်တို့မြန်မာနိုင်ငံတွင် အကြွေရှားပါးသော ပြသာနာနဲ့တွေ့ကြုံနေရပါသည်။ ကျွန်တော်တို့မြို့မှာဆို ဈေးရောင်းသူနှင့်ဈေးဝယ်သူ ပြသာနာပါပဲ။ ဈေးဝယ်တွေကအမြဲတမ်း အလျှော့ပေးနေရသည်။ ဘယ်ဆိုင်ကိုပဲသွားဝယ်ဝယ် အကြွေမရှိလို့ ပါတွေကြည့်ပဲ။ လ္ဘက်ရည်ဆိုင်က ဆေးလိပ် ကို အကြွေအဖြစ်ပေးသည်။ ဈေးဆိုင်တွေကတော့ ချိုချဉ်၊ ကော်ဖီ နှင့် တခြားမုန့်များကိုပေးသည်။ အကြွေရရင်ကလေးမုန့်ဖိုးပေးမည် တခြားဟာဝယ်မယ်ဆိုပြီးတော့ စိက်မကူးနဲ့ အကြွေဆိုတာမရှိတော့ဘူး။ ပေးရင်လည်းပိုက်ဆံက တိက်နဲ့ဖာထားတာတွေများတယ်။ အစုက်အပြဲတွေ ပဲရသည်။ လိုချင်ရင်ယူ မလိုချင်ရင်တခြားဟာယူ ဒါပဲပြောသည်။ ကိုယ်ကယူပြီးတစ်ခြားဆိုင်မှာသွားဝယ်ရင် မရတော့ဘူး။ ဂျာနယ်ဝယ်ရင်တစ်စောင်ကို ၄၀ဝ ကျပ်၊ ၅၀ဝ တန်ပေးရင် ဂျာနယ်ရယ် ကော်ဖီမစ်ထုပ်ရယ်ပေးသည်။ ဘာပြောနိုင်မလဲ ရတာပဲ ယူသွားရသည်။ သူတို့ကကျ အန်းပြီး ကော်ဖီမစ် လေးထုပ်နဲ့သွားရင် မရဘူးတဲ့။ ကျွန်မတို့က ပေးပြီး ပြန်မယူဘူးတဲ့။ ကဲ .. ဘယ်လိုလုပ်ကြမလဲ ကျွန်တော်တို့ဆီမှာပဲလား ခင်ဗျားတို့တွေဆီမှာကော မဖြစ်ဘူးလား။ အရင်ကအကြွေစေ့လေးတွေတော့ထုက်ပါတယ်။ ထိန်းသိမ်းရတာခက်လို့နောက်မထုက်တော့ဘူး။ နည်းလမ်းလေးရှိရင် ပေးကြပါဦးဗျာ …
18 comments
kai
June 1, 2010 at 9:34 pm
အေးဗျာ..။
ယူအက်စ်မှာ အကြွေတွေမှ မလဲချင်အပိုပဲ..။
ပဲနိအစေ့တစေက..၁ဒေါ်လာရဲ့ အပုံ၁၀ဝ ပုံတပုံဆိုတော့..ဗမာငွေနဲ့ ကျပ်၁ဝ လောက်တန်တာပေါ့။
၁ဝဆင့်တို့။ ကွားတားဆင့်တို့ ရှိသေးတယ်။
အဲဒါတွေ မြန်မာပြည်သွင်းရင် ကိုက်မယ်နဲ့တူတယ်။ အကြွေဆိုတော့ ပျက်ဆီးခက်ပြီး သယ်ရလည်းလွယ်တယ်။
Rain girl
June 2, 2010 at 3:38 am
ဟုတ်တယ် မယူချင်လဲ ပိုက်ပိုက် ဆုံးမှာမို့ သူတို့ပေးတဲ့ကော်ဖီထုတ် ကိုပဲ အောင့်သက်သက်နဲ့ ယူခဲ့ရတယ်ဗျာ။
nyiminsatt
June 3, 2010 at 6:46 pm
🙂 that is how we survive in Myanmar.
darkoosky
June 10, 2010 at 4:37 am
ARR.. we are going to practice barter system soon.. Be understood… we are marching backward.. be awared byar..
If you awared of it, you would understand all. Dar Pae Byar..
intro
July 28, 2010 at 12:14 pm
ကျွန်တော်နဲ့ သိတဲ့ ဆိုင်တစ်ဆိုင်ကဆိုရင် အကြွေရှားလို့ အကြွေ ၁၀၀၀ဝ ဖိုးကို ၁၃၀၀ဝ ပေးပြီးလဲ ခဲ့ရတယ်တဲ့… အကြွေမရှိရင် ဘာမှ လုပ်စားလို့မရလို့ပါတဲ့ ခင်ဗျား…
zuzuaung
September 12, 2010 at 3:45 am
ကော်ဖီမစ် အမ်းတယ်ဆိုရင်လည်း သိမ်းထားဗျို ့။နောက်တစ်ခါ ကိုယ်က အကြွေလိုရင် အဲဒီကော်ဖီမစ်ထုတ်နဲ ့ပြန်ပေး 😀
ကျွန်တော်ကတော ့ရင်းနီးတဲ ့ဆိုင်ဆို ကော်ဖီမစ်ယူဘူး။သကြားလုံးလည်း ယူဘူး။ မှတ်ထားဗျို ့ဆိုပြီးတော ့ ထားခဲ ့တယ်။နောက်တစ်ခုဝယ်ရင် ချေလိုက်တယ်။ 😛
babyshan
September 12, 2010 at 4:12 am
အကြွေတွေကို နိုင်ငံတော်အစိုးရကနေ ထပ်ပြီးတော့ ထုတ်ပေးသင့်ပါတယ်။ ဆိုင်ကနေ အမ်းလိုက်တဲ့ အကြွေတွေက ဆိုင်ကိုပြန်ပေးရင်ကျတော့ သိပ်မယူချင်ကြဘူး။ တကယ်ခက်တယ်ဗျာ
laaminnthar
September 12, 2010 at 5:19 am
ငွေအကြွဘယ်လိုပြန်ရိုက်မလဲ
(၅၀)တန်တစ်ရွက်ကို ပြန်ရိုက်ရင် (၅၀)မကတဲ့
ငွေကြေးကုန်ကျမှာဆိုတော့ ဘယ်အရှုံးခံမလဲ
သူတို့က နေပြည်တော် ဖွင့်ပွဲဆိုပြီး
ငွေတစ်အားဖောင်းပွအောင် စီစဉ်ခဲ့ပြီပဲ
နေပြည်တော် မဖွင့်ခင် ငွေ ၂ဝ ရှိရင် လိုင်းကားစီးလို့ရတယ်
kyansitthar101
September 22, 2010 at 10:49 am
၅ဝ ကျပ်တန် တစ်အုပ် လဲ ချင်ရင် ၁၅၀ဝ အလိုက်ပေးရပါတယ်။
၁၀ဝ ကျပ်တန် တစ်အုပ် လဲ ချင်ရင် ၂၅၀ဝ အလိုက်ပေးရပါတယ်။
captainamerica
May 18, 2011 at 5:37 am
ပိုက်ဆံဆိုုတာနိုုင်ငံတစ်နိုင်ငံရဲ့ဂုဏ်သိက်ခါပါ…..အခုများတော့ဖြင့်အေ ကြွ
တွေကိုမြင်ရတာ…………………
paukpauk
May 18, 2011 at 11:25 am
ပိုက်ဆံအကြွေကို အလေးမထားတဲ့သဘောက နိုင်ငံရဲ့ အခြေခံလူတန်းစားတွေကို အလေးမထားတဲ့ သဘောဖြစ်နေသလိုပဲ။
သက်ဆိုင်ရာလူကြီးတွေ တာဝန်ရှိသူတွေ မသိတာလား မသိချင်ယောင်ဆောင်နေတာလားမသိဘူး။
မသိရင် အရည်အချင်းမရှိလို့..
မသိချင်ယောင်ဆောင်တာဆိုရင်တော့ မှန်ကန်စိတ်ထားမရှိလို့ပဲ။
သူတို့ဘာဖြစ်သင့်သလဲ?
meelay
May 18, 2011 at 11:36 am
မီးတို့ဆီမှာ နယ်စပ်ဆိုတော့ နှစ်ရာ ဆိုရင် တရုတ်ငွေ တစ်ကျပ်ခွဲ အမ်းတယ်။ အကြွေတွေက အရမ်းစုတ်ပြဲနေလဲ ယူကြတာပဲ… မယူရင်လဲ ရှိမှ မရှိတာ ….
MaMa
May 18, 2011 at 4:38 pm
အကြွေရှားလို့ ကြားခံပစ္စည်း တစ်ခုခုကို အသုံးပြုကြရတဲ့အထဲမှာ ကိုယ့်ပတ်ဝန်းကျင်မှာ အသုံးလည်းများ၊ အသုံးလည်းတည့်တဲ့ ပစ္စည်းတစ်ခုခုကို သုံးကြတယ်။ အဲဒီထဲမှာ ကြားဖူးလိုက်တဲ့ ဟာသလေးတစ်ခုကို ဖောက်သည်ချချင်ပါတယ်။ လူငယ်ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ မင်္ဂလာမဆောင်ခင် ရုံးတက်လက်မှတ်ထိုးဖို့ တရားရုံးကို သွားကြတယ်။ ရုံးရောက်တော့ လူငယ်ကောင်လေးက လက်ထပ်စာချုပ်ဝယ်ဖို့ ထွက်သွားတယ်။ တော်တော်နဲ့ ပြန်မလာတော့ ကောင်မလေးက စိတ်ကောက်တော့တာပေ့ါ။ အကြာကြီးနေတော့မှာ မောကြီးပန်းကြီးနဲ့ ပြန်ရောက်လာတယ်။ သူ့ပြောလိုက်တာကတော့ အကြွေတွေကလည်း ရှားလိုက်တာ။ လက်ထပ်စာချုပ်ဝယ်တာ အကြွေမအန်းနိုင်လို့ အဆင်ပြေတဲ့ဆိုင် လိုက်ရှာတာ နောက်ဆုံးတော့ အကြွေအစား ကွာရှင်းစာချုပ် ယူလာရတယ် တဲ့လေ။
မမလေး
May 18, 2011 at 5:16 pm
၅ဝ ကျပ်တန် တစ်အုပ် လဲ ချင်ရင် ၁၅၀ဝ အလိုက်ပေးရပါတယ်။
၁၀ဝ ကျပ်တန် တစ်အုပ် လဲ ချင်ရင် ၂၅၀ဝ အလိုက်ပေးရပါတယ်။ ကဘယ်မှာလဲရတာလဲ … အစိုးရဘဏ်မှာဆို ဒဲ့ဒဲ့ချင်းလဲရတာဆို … ၁၀ဝ တန်ဆို ၁၀ဝ တန်ပဲလဲလို့ရတယ်တဲ့ …
nature
May 18, 2011 at 5:21 pm
ငယ်ငယ်တုန်းက အကြွေစေ့လေးတွေလွမ်းစရာကောင်းတယ်၊ ခေါင်းပန်းလှန်လို့ကောင်းတယ်။ ကျနော်ကတော့အကြွေအမ်းရင် ဘောပင်အမ်းတာကိုသဘောကျတယ်၊ ခဏခဏပျောက်တတ်လို့။
paukpauk
May 19, 2011 at 1:44 am
ငွေတစ်ရာ one kiss ဆိုရင်ကော?
nagargyi
May 19, 2011 at 3:55 am
ရန်ကုန်မှာ အကြွေတွေ တတ်နိုင်သလောက် သက်ဆိုင်ရာက လဲပေးနေတာ တွေ့ရပါတယ်။ ဈေးတွေကိုလည်း လာလဲပေးတာ တွေ့ရတယ်။ ဒါပေမယ့် လူတွေက အကြွေအသစ်ရရင် လှူလို့ရတယ်ဆိုပြီး သိမ်းလိုက်တော့ ပြန်မထွက် တော့ဘူး။ တစ်ချို့ အကြွေလဲစားတဲ့ သူတွေကလဲ ရသမျှလဲပြီး အမြတ်တင် ရောင်းတာလဲ တွေ့ရတယ်။
etone
May 19, 2011 at 5:50 am
အကြွေမရှိလျှင် အထူးကားစီးတဲ့အခါ အမြဲခံရတာပါပဲ … လက်ထဲရှိနေလျှင်လည်း ကိုယ်ဆင်းမဲ့ မှတ်တိုင်က ဝေးသေးလို့ … ကောင်မလေး လှတပတလေးတွေကို အရင် အမ်းတယ်…ကိုယ်လည်းဆင်းမယ်လုပ်ရော…လက်ထဲအမ်းစရာမရှိဘူး … ။