ဒီလိုပါ

thit minFebruary 1, 20125min56548

ခြေလှမ်း

မတ်တတ်ရပ်ခြင်းက

ခြေထောက်နဲ့ပါတ်သက်

လှမ်းထွက်လို့ခရီးပေါက်

ပြီးမြောက်တာတွေဖြစ်သတဲ့။

ခြေထောက်သွားရာလူပါတာ

စိတ်စေစားရာလူပါတာ

အပြန်အလှန်အသိနဲ့သွား

အဲဒီခရီးများပါဘဲ။

စိတ်ရဲ့ဦးတည်

အရပ်ဆီသို့

ရွေ့ညီတန်းတန်း

ခြေထောက်လှမ်းခြင်း

သိမ်းပိုက်ရင်းက

ခရီးခုလတ်

တဝက်ပြတ်မှာ

မတ်တတ်ပြန်ကြည့်

အမှားရှိဖွေရှာ

သင်သွားရာလမ်း

ဆန်းလို့စစ်လေ

ချစ်မိတ်ဆွေ။

(^^)Mg Thit Min

——————————

အစ်မလတ်ပို့စ်ရဲ့ ကော်မန့်မှာ ညီ ရေးထားတာ တွေ့လို့ပြန်ရေးရင်း ရှည်သွားလို့ရယ်၊

ပြီးတော့ (၉၀) မြောက် ပို့စ်အထိ တကန့် ရေးမယ်ဆို တဲ့ ကိုယ့်ရဲ့ တားဂက်အတွက်ရယ်

ကြောင့် ပို့စ်တင်လိုက်ပါတယ် ချစ်ညီလေး အင်ဇာဂီ ရေ။

 

ဟုတ်ပါပြီ ညီလေးရေ

ညီလေး Comment ကို  မဖြေခင်မှာ စာရေးသူ စာဖတ်သူ အကြောင်းလေး ပြောကြည့်ချင်တယ်ဟေ့။

စာရေးသူဘက်ကဆိုရင်……..

စာရေးတယ်ဆိုတာ စေတနာပါရတယ်။ မေတ္တာ ထားရပါတယ်။ကောင်းစေချင်နဲ့စိတ်နဲ့ရေးရတယ်လို့

ကိုယ်တော့ခံယူတယ်။ ဆရာကြီးဦးခင်မောင်တင့်(တက္ကသိုလ်ဘုန်းနိုင်) ကတော့ “စိတ်ကောင်းရှိမှ

စာကောင်းထွက်တယ်” လို့ ဆိုတယ်။

ဒီမှာဆိုရင်တော့ ကော်မန့်တွေမှာ တချို့ စာကောင်းလေးတွေကို တွေ့ရတိုင်း ရေးသူကို ချီးကျူးမိတယ်ဟေ့။

စာဖတ်သူဘက်ကဆိုရင်တော့……..

စာရေးသူပေးချင်တဲ့ မက်ဆေ့ချ်ကိုုမိအောင် ဖတ်ရမယ်ကွ။

ဥပမာ။ ဂျူးရဲ့ မရှိမဖြစ်မိုး မှာ မင်းထင်ကျော်ကိုလာတွေ့တဲ့ ခင်မိုးမြင့်ရဲ့ အခန်းကို ဒီလိုရေးထားတယ်။

(အတိအကျတော့ဟုတ်ချင်မှဟုတ်မယ်၊သဘောထားချင်းအတူတူပါဘဲ)

“နေ့လည် သုံး နာရီဆိုသော အချိန်သည် တစုံတရာကို စ လုပ်ရန် စောလွန်းနေသာအချိန် (သို့)

နောက်ကျသွားသောအချိန်ဖြစ်သည်” လို့ ရေးထားတယ်ကွ။

ကိုယ်အဲဒီ မက်ဆေ့ချ်လေးကို အချိန်ရဲ့တန်ဖိုးလို့ မှတ်ထားမိတယ်။နောက်မကျဘို့ကိုလဲ ဝိရိယလိုတယ်

လို့ထင်မိပြန်တယ်။ နောက် စာအုပ်တွေမှာလဲ အဲဒီသဘော (မြစ်တို့၏မာယာက ကိုမိုးဝေရဲ့အချိန်လေး

စား တန်ဖိုးထားမှု) တွေမှတ်သားမိတယ်။ သူက အချိန်ဆိုတာတန်ဖိုးရှိတယ်လို့ တလုံးမှမရေးသွားပါဘူး။

ချစ်ကြိုက်ကွဲညား အော့ဗီးရပ်စ်တွေ ကိုဘဲ ဇာတ်လမ်းဆင်ထားတာမို့ ဇာတ်လမ်းထက် အဲဒီ ပလော့ လေးတွေ 

ကို ကိုယ်သဘောကျမိတယ်။ သူ့စေတနာကိုမြင်မိတယ်။

အဲဒီလို သဘောမျိုးတွေ ဆရာကြီးမင်းသိင်္ခ ဆို အများကြီးရေးခဲ့တာပေါ့။ ခင်ဗျားတို့စိတ်ကောင်းရှိပါ၊ယောက်ျား

ပီသပါ။ဘဝမှာ လူယုတ်မာများနဲ့ တွေ့နိုင်ပါတယ်။ ဆိုတာတွေ သူမရေးပါဘူး။

ဒါပေမဲ့ ယောက်ကျားပီသသော သူ့ဇာတ်ကောင်တွေ၊ စိတ်ကောင်းရှိရက်၊အများအတွက်အနစ်နာခံရက်နဲ့

လူယုတ်မာတွေရဲ့ မကောင်းကြံပုံတွေ၊ လူယုတ်မာတို့သွားရာလမ်းကို မြန်းရပုံလေးတွေနဲ့

“ကွယ်ဝှက်ဆုံးမစကား” တွေအများကြီးပြောခဲ့ပေးတာပေါ့ကွာ။

အားကျစရာ ၊ရွံရှာဘွယ်ရာ လူ့သဘောတွေကိုပြောပြပေးတဲ့ မက်ဆေ့ချ်များစွာပါတယ်ဆို

တာ လူတိုင်းသိတယ်မဟုတ်လား။

အဲဒီတော့ သူ့ကိုလူတွေ ချစ်ကြတယ် ဆိုတာ ကိုယ်တော့ စာရေးကောင်းလို့ လို့ကိုမထင်ဘူးဟေ့။

သူ့စေတနာ၊မေတ္တာတရားရဲ့ ရောင်ပြန်လို့ ကိုယုံကြည်တယ်ကွာ။

 

ညီလေးပြောတဲ့ အကြောင်းလေးဆီဦးတည်ရရင်..

ခေါင်းစဉ်တခုကို အားလုံးဝိုင်းဆွေးနွေးဖို့ ဆိုတဲ့ ဘောင် ကိုမရောက် မသွားခင် သူ့ရှေ့ကလို့ပြောလို့

ရတဲ့  (ခေါင်းစဉ်များစွာဆွေးနွေးနိုင်တဲ့) အိုးပဲန်းဆီမီနာလုပ်ပေးခဲ့တာတောင် စိတ်ဝင်စားမှုနဲတာ ညီတွေ့မှာပါ။

 

အဲဒါက ဒီလိုကွ။

စာဖတ်သူတွေက ဒီ MG ကိုဝင်လာတာ စိတ်ကျဉ်းကြပ်မှုပြေပျောက်ရေးကို အများစုက လိုချင်နေတာဘဲညီလေး။

သူတို့လိုချင်တဲ့ အဲဒီစိတ်ပျော်ရွှင်မှုမရရင် ဒီဆိုဒ်က ဘာဗဟုသုတပေးပေး စိတ်ပျက်လာမှာဘဲ။

လူတိုင်းကကိုယ်ရေးတဲ့ စာလေးတွေအပေါ် တုံ့ပြန်မှုကိုချက်ခြင်းရနေတဲ့ ဒီဆိုဒ်ကို လာနေတာ အဲဒီ “လောဘ”

အဓိကပေါ့ကွာ။အနဲစုကတော့ တိုးတက်ရေး၊ တစုံတရာဗဟုသုတကိုရှာသူတွေပေါ့ကွာ။

အပျော်မက်သူတွေနဲ့ လောလောဆယ်အဆင်ပြေရင်ပြီးရောဆိုတဲ့ ဘဝတွေကိုနှစ်ပေါင်းများစွာဖြတ်သန်းလာ

ခဲ့ရတဲ့ ဆိုဆိုက်ရတီ ကြီးလေကွာ၊ သူတို့အပြစ်မဟုတ်ပါဘူး၊ စိတ်ညစ်စရာတွေပြီးပြည့်စုံခဲ့ရတဲ့ တို့မြန်မာပြည်

ကြီးရဲ့ ပြုစုယုယမှုကရတဲ့ စိတ်ခံစားမှုတွေပေါ့နော်။

 

ပြောရရင် သုတကိုလူတွေကြိုက်ရင် သုတစာအုပ်တွေအများကြီး ရှာဖတ်မှာပေါ့ကွာ ဒီကိုလာပါ့မလား။

ရသလဲ အတူတူပါဘဲ။

ဒါပေမဲ့ ဒီမှာရနေတာက ကိုယ့်အိမ်သားချင်း၊ရွာသားချင်း ရင်းနှီးစွာ ပြောဆိုခင်မင်ဖတ်လို့ရတာမျိုးမဟုတ်လား။

ငါနဲ့ခင်တယ်သူက၊ သူရေးတာလေ၊ ဒီလိုပြောလို့ရတယ်မဟုတ်လား။

ဒါပေမဲ့ ကိုယ်လိုချင်ရင် ကိုယ်ပေးမှ ရတယ်ဆိုတာကိုတော့ သတိထားရမယ်ပေါ့ကွာ။

ကိုယ်က ဟုတ်တာလုပ်မှ၊ ကိုယ့်လဲဟုတ်တာဖြစ်မှာပေါ့နော်။ကိုယ့်အရုပ်ကိုယ်ရေးတာပါ။

 

အဲဒီတော့ညီရေ့

ခေါင်းစဉ်တခု ဆိုတဲ့ ဘောင်ခတ်လိုက်ရင် စည်းကမ်းဆိုတာနဲ့ “တီဆားတို့” တို့မိတ်ဆွေများအတွက်

ဘယ်လွယ်ပါ့မလဲကွာ။

လွတ်လပ်ချင်နေကြတဲ့ သူတို့စိတ်တွေကိုနားလည်ပေးရမယ်ထင်တယ်။

အဲဒီအတွက်ကတော့ အချိန်ယူရအုန်းမှာဘဲ။ အခုမှပွင့်လင်းမြင်သာလေးနဲနဲပါးပါးရလာတဲ့

တိုင်းပြည်အနေအထားအရ အဆင်သင့်မဖြစ်သေးဘူးကွ။

ပြောရရင်ကွာ ၊ စည်းကမ်းနဲ့ ကျင့်ဝတ်ကိုမကွဲတာဘဲ။

လူလူချင်းမစော်ကားရဘူးဆိုတာ စည်းကမ်း ထုတ်စရာမှ မဟုတ်တာ။ အဲဒါ လူ့ကျင့်ဝတ်ပဲလေ။

ကောင်းပြီ။ ငါ့ညီလေး ကြိုးစားချင်တာကို ကိုယ်မတားပါဘူး။ လုပ်ကြည့်ပေါ့ကွာ။

 

စာအမျိုးအစားကိုပြောကြည့်မယ်နော်။

သုတ၊ရသ ဆိုတဲ့အမျိုးအစားတွေ၊ ကဗျာ၊ဆောင်းပါး ဆိုတဲ့အမျိုးအစားတွေ အကြောင်းမဟုတ်ဘူးကွ။

စာတွေရဲ့ ဖွဲ့စည်းပုံအမျိုးအစားကိုပြောမှာ။ ၅ မျိုးရှိတယ်လို့ထင်တယ်။

 

၁။ ပေါ်ထရေး=ပုံဖော် အရေးအသား 

သတင်းအရေးအသားလဲအဲဒီထဲပါတယ်ပေါ့နော်။

ဘကုန်းခြောက်လုံးအရေးအသားလို့ ပြောရင်ရမယ်ထင်ပ။ ဘယ်သူက၊ဘယ်နေရာ၊ဘယ်အချိန်

မှာဘာနဲ့ဘယ်သူ့ကိုဘယ်လို ဆိုတဲ့ စာမျိုးပေါ့။

သတင်းမဟုတ်တဲ့အခါဆိုရင်တော့ 

လူ့အကြောင်း၊ကိုယ့်အတွေ့အကြုံတွေလဲပါတယ်။ ပုံဖော်တဲ့နေရာမှာ ဘက်ရှိတဲ့ စာမျိုး

ကြည့်သူဖက်၊ပြည့်သူ့ဖက်၊ အစိုးရဖက် မုန်းတဲ့ဘက်၊ချစ်တဲ့ဘက်

စတိဂျော့ဗ်က ဘာပေါ့ကွာ။ဘယ်လိုလူ။သူ့ဘဝ ဘာညာ။

 

၂။ကြောင်းကျိုးဆက်စပ် အရေးအသား  (ကော့စ်အဲန် ဧဖက်)

 မျဉ်းဖြောင့်အဆက်အစပ်ပုံစံမျိုးကွ။ဒီအကြောင်းကြောင့် ဒီအကျိုးရတယ်ဆိုတဲ့စာမျိုး။

အဲဒီလူမကောင်းလို့ တိုင်းပြည်ပျက်တယ် ဆိုတာမျိုးပေါ့ကွာ။

 

၃။အပြန်အလှန်မှီခို ဆက်စပ်စာအရေးအသား (အင်တာဒီပဲန်းဒဲန်း)

အားလုံးပါတ်သက်ဆက်နွယ်နေတယ်။ ပါတ်လည်ဆက်စပ်တယ်။

သူ့မှာ သော့ချက်စကားလုံးတွေ (ကီးဝေါ့ဒ်တွေ) ပါတယ်။ အဲဒီ ကီးဝေါ့ဒ်တွေ ရဲ့ ဆက်စပ်စိတ်ကူး

(ကွန်ဆက်ပ်) ကို ဇာတ်အိမ်ဖွဲ့တယ်ဆိုပါတော့။ ဝထ္ထ ူတွေကိုအဲဒီအထဲ ထည့်ရမယ်။

ဇာတ်ကောင်= ကီးဝေါ့ဒ် ပေါ့။ သုတစာကျတော့ ကီးဝေါ့ဒ် ပါဘဲ။

 

၄။ သဘောတရားမှန် ၊လောကသစ္စာ နဲ့ လက်တွေ့ဖြစ်အင် အရေးအသား (သီအိုရီ အဲန် ကေ့စ်စတတ်ဒီ)

နိုင်ငံတကာဆက်ဆံရေးကောင်းမွန်လာတာနဲ့အမျှ ပြည်သူပြည်သားအခွင့်အရေးများပိုမိုရလာနိုင်တယ်ဆိုတဲ့

အချက်ကို တောင်အာဖရိကနိုင်ငံတွေမှာဘယ်လိုဖြစ်တယ်။ ၁၉၈၅ ခုနှစ်အရင်ကတရုတ်ပြည်နဲ့ ဒီနေ့တရုတ်

ပြည်ရဲ့ ပြည်သူပြည်သားအခွင့်အရေး တိုးတက်လာတာမျိုး။

အဲ ရသမှာလဲ ရေးလို့ရတယ်နော်။

မျိုးဆက်သစ်တို့အတွက် မျိုးဆက်ဟောင်းတို့ကအနစ်နာခံရတယ် ဆိုတဲ့ သီအိုရီ ကို “တူးဘိုင်တူး” ဆိုတဲ့

ပုံပြင်လေး ဆရာမောင်စိန်ဝင်းပြောဘူးတယ်။

မိဘမေတ္တာနဲ့ပါတ်သက်တဲ့ မိခင်သည်သားသမီးတွေကိုအသက်ပေးချစ်သည် ဆိုတဲ့ သီအိုရီကို နွားသတ်ရုံ

ပို့မဲ့ နွားသားအမိရဲ့ ကေ့စ်စတတ်ဒီ နဲ့ ပြောပြပြီးပြီ။

 

၅။ နံပါတ်ငါးအမျိုးအစားကတော့ အဲဒီအပေါ်က လေးမျိုးကို ပေါင်းရေးထားတဲ့ အရေးအသား

သူကတော့ အစုံပါမယ်။

 

အဲဒီတော့ကွာ..

ဒီမှာ ဖတ်နေရတာ၊ရေးနေရတာတွေက အပေါ်ဆုံးက နံပါတ် ၁ စာမျိုးတွေအများစုမဟုတ်လား။

ဘက်ရှိတယ်ကွ။ ဒါ့ကြောင့်စာတပုဒ်အပေါ် အယူအဆမတူတာတွေဖြစ်လို့ ရနေတာပေါ့ကွာ။

အဲဒီတော့ အကြံပေးရရင်တော့ ယူနီဗာဆယ်ထရု = လောကသစ္စာ အပေါ် အခြေပြုတဲ့ ခေါင်းစဉ်မျိုးဆို

ရင်တော့ ကောင်းတယ်လို့ထင်တာဘဲကွာ။

ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လုပ်နည်းကိုင်နည်းကတော့ အကြောင်းအရာနဲ့ လက်တွေ့ဖြစ်ရပ်ကိုထင်ဟပ်တာမျိုး

ကောင်းတယ်ပေါ့ကွာ။ မင်းကို ဝင်း^ဝင်း သီအိုရီ ရေးရင် မော့စ် မိုးဒီ အကြောင်းအခြေခံပါလို့ ကိုလင်းဝေပြောတာ

အဲဒါပေါ့။ ကိုယ်လဲပြောဖူးတယ်လေ။ ဝိနည်းတွေချည်းမပြောနဲ့ သုတ္တန်(ဇာတ်လမ်း)လေးတွေနဲ့ တွဲလို့။

 ညီလေးရေ..

ကိုယ်ကတော့ သုတပေးချင်လို့ ရသပေးချင်လို့ သုတ၊ကဗျာ၊ရသ၊တွေရေးခဲ့တာမဟုတ်ပါဘူး။

Awareness အတွက်ရေးခဲ့တာပါ။ သူတပါးကို Awareness ပေးရင်ကိုယ်လဲ Self-awareness

ဖြစ်တာလဲလိုချင်လို့ပါ။

ဥပမာ မိခင်ကိုပိုတန်ဖိုးထားတတ်တဲ့ “အဝဲရားနက ်” =အသိတရား လေးအတွက် “တန်ဖိုး” လိုစာမျိုးတွေပေါ့။

စိတ်တွေပြုပြင်ပြောင်းလဲပြီး ကိုယ်ကိုကိုယ် အရင်ကထက်ပိုယုံကြည် (အမှတ်ပေးလို့ရ) လာရင် လူဆိုတာတိုးတက်

လာတတ်တဲ့ လောကဓမ္မ ရှိတယ်ကွ။ လူဟာကိုယ့်ကိုကိုယ်လိမ်လို့မှမရတာလေ။ ကိုယ့်ကိုကိုယ်တန်ဖိုးထားလို့

တကယ် မရသေးရင် ဘယ်သူကိုမှလဲ သူတန်ဖိုးမထားတတ်ဘူးကွ။ ပြီးတော့ သူ့ဘဝလဲ တန်ဖိုးမဲ့နေတတ်တယ်။

အဲဒီ သဘောတရားလေးတွေကို သိသွားစေချင်တဲ့ ” Awareness “အတွက် ကိုယ် စာရေးပါတယ်။

တတ်နိုင်တဲ့ သူလုပ်လို့ရတာမျိုးမို့ ဒီကနေ့ ” Awareness ” ပို့စ်လေးတွေ တွေ့နေရလို့

ဝမ်းသာရပါတယ်လို့ ပြောကြားရင်း။

ခင်မင်စွာ

—————-

အားလုံးကိုလေးစားလျှက်

မောင်သစ်မင်း (^^)

48 comments

  • စိန်ပေါက်ပေါက်

    February 1, 2012 at 4:31 pm

    Awareness ရစေချင်လို ့ရေးပေမဲ့
    စိန်ပေါက်ပေါက်တော့ Awareness မရခဲ့သေးပါဘူး အူးလေးသစ်ရေ
    ဒါပေသိ
    စာရေးနည်းလေးတော့ အကျဉ်းချုပ် မှတ်သားခွင့်ရသွားပါတယ်..
    ကျနော်က တစ်ချိန်ကျရင် ကျနော့အူးလေး အူးခိုင်လိုပဲ အယ်ဒီတာကြီးလုပ်မှာဂျ
    တိရို ့လား

    • thit min

      February 1, 2012 at 5:56 pm

      လူဆိုတာကိုယ် လို ချင်စိတ်ရှိမှရတာလေ ညီပေါက်ဖော်ရဲ့။သူကြီးတူမတချိန်လုံးအော်နေတော့လဲကွာ။
      မိုးရေတောင် ခံမှရတာမလား။
      ညီလေး က
      (^^)

    • windtalker

      February 1, 2012 at 7:46 pm

      သိပ်သိတာပေါ့
      အခုလဲ
      မန်းတလေးဂေဇက် ရဲ ့မြန်မာနိုင်ငံဆိုင်ရာ အထွေထွေတာဝန်ခံ ဘဲဟာ
      နော………
      ကိုသစ်မင်း ရေ
      ဘရာသာ့ ခံယူချက်အား လေးစားပါ၏
      ကျွန်တော်လဲ တတ်သမျှ မှတ်သမျှ အားထုတ်မိသမျှ ပေးနေတာပါဘဲနော်

      • thit min

        February 1, 2012 at 8:12 pm

        ညီလေးကတော့ အကိုတို့ထက် လိုင်းစုံတာပေါ့ ကိုပေရာ။
        လေးစားပါတယ်။တကယ်ပြောတာပါ။
        တခုပါဘဲ။ ကိုယ့်ညီက ပြောစရာရှိတာပြောပြီးတိုင်း
        ကိုပေါက် လိုက်ပို့လိမ့်မယ်ဆိုတာချည်းဘဲ။
        ဘာသဘောမှန်းမသိဘူး။ ကိုယ်ကနဲနဲ ဝေးတယ်။ဟဲဟဲ။

  • လင်းဝေ

    February 1, 2012 at 5:20 pm

    ဟဲဟဲ… ကိုသစ်ကတော့ အတိအကျဟုတ်ချင်မှ ဟုတ်မယ် လို့ပြောထားပေမယ့် လွဲနေတာက အချိန်ကြီးဆိုတော့ နည်းနည်း ပြင်ခွင့်ပြုပါ။ အသေးအမွှားလေးပါ။

    ဒီလိုမျိုးပါ ( စကားလုံးတော့ အတိအကျဟုတ်ချင်မှ ဟုတ်မယ်၊ အကြောင်းအရာကတော့ ဒီအတိုင်းသေချာတယ်။ ဂျူးရဲ့ဘယ်စာအုပ်မှာလဲတော့မမှတ်မိပေမယ့် စာအုပ်စစချင်းအခန်းမှာ အဲသလိုရေးထားတာကို မှတ်မိတယ်။ အဲဒီစာကြောင်းကိုလည်း သဘောကျလို့ အခုထိ မှတ်မိနေတာပါ။)

    “နေ့လည် သုံးနာရီ ဆိုသော အချိန်သည် တစ်စုံတစ်ခုက စတင်ရန်စောလွန်းနေသေးသလို တစ်စုံတစ်ခုကို စတင်ရန်အတွက်လည်း နောက်ကျနေသော အချိန်ဖြစ်သည်”

    ၃ နာရီကို မှတ်မိနေတယ်။ အဲဒီစာကို ဖတ်ဖြစ်ဖြစ်ချင်း စဉ်းစားမိတာ ဟုတ်တယ်ပေါ့။ အဲဒီတုန်းက ကျောင်းတွေပိတ်ထားတုန်း နေ့လည်ဖက်မှာပဲဖတ်ဖြစ်တာ။ အဲဒီ ၃နာရီလောက်မှာ ဘောလုံးကန်ဖို့လည်းစောနေ လဖက်ရည်ဆိုင်သွားထိုင်ဖို့ကလည်း စကောစက အချိန်။ဒါနဲ့ စိတ်ထဲစွဲသွားတာထင်ပါရဲ့။

    • thit min

      February 1, 2012 at 5:29 pm

      Ok,ကိုလင်းဝေ ရေ ကျေးဇူးပါဘဲ။ အသက်လေးကရလာတော့ နုစဉ်တုန်းကအကြောင်းလေးတွေမေ့တယ်ဗျ။ဟဲဟဲ။
      ပြင်လိုက်မယ်နော်။
      ———-
      ဒါနဲ့ နေအုန်းဗျ။ ခင်ဗျားလုပ်တာနဲ့ ကျနော် အလုပ်လုပ်ရင်း ကြံ့ဗဟုံး ရေးတဲ့ ဆရာကိုစဉ်းစားနေတာ။
      မောင်တီထွင် =(ဦး) သစ်ထွဏ်း၊ ဦးကပ်စေး=(ဦး)အောင်ရှိန်၊ ငတက်ပြား= (ဦး)မောင်လွင်၊
      နေကျောက်ခဲ=ပန်းချီ(ဦး)ကိုကိုဝင်း သမိန်ပေါသွပ်=(ဦးဝဏ်ဏ)၊ ဘဲဥ = (ဦး)ကိုမောင်မောင်၊
      ပြာလောင်= (ဦး)တင်အောင်နီ၊စံရွှေမြင့်= ကာတွန်း(ဦး) မြင့်သိန်း
      နန်းဦး=နန်းဦး၊ အဲဒါတွေတော့မှတ်မိတယ်။ဘာကျန်သေးလဲ ဆက်ပြော။
      ————————————————————
      —————————————————————–
      Naw
      Submitted on 2012/02/02 at 12:37 pm | In reply to kai.
      သမန်းကျားကိုမြင့် (Mining)၊ ထွန်းထွန်းနိုင် (Mech)၊ ခို်င်တင် (Archi ??)၊ စတီဒီယို အဆိုတော် တင်အောင်မိုး ((Civil)၊ န္ဓမ်ဂျာသိုင်း၊ နေဇင်လတ် (ယခု သမတ အကြံပေး)၊ ကာတွန်းအောင်မြင့် (ကြံ့ဗဟုန်း)၊ (ဆရာ) ဦးခင်မောင်ဖုဏ်းကို၊ (ဦး) မြင့်ဖေ၊ အော်ပီကျယ်၊ ဗေဒင်ဆရာ စံဇာဏီဘို၊
      မှတ်ချက်။ အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့မရခဲ့ကြပါ။ အာအို်တီ ကျောင်းသားများအဖြစ် ကျောင်းတက်ခဲ့ဘူးသူများဖြစ်ပါတယ်။
      (thanks a lot Mr.Naw)

      • MaMa

        February 1, 2012 at 7:00 pm

        တော်တော်ဉာဏ်ကောင်းတဲ့ ဆရာသစ်ပဲ။ ဒါတွေကျွန်တော်တို့ ငယ်ငယ်တုန်းက မလွတ်တန်း ဖတ်ခဲ့တဲ့ လစဉ်ထွက်ကာတွန်းတွေပါ။

        • thit min

          February 1, 2012 at 7:42 pm

          မမရေ ကြုံလို့ ဆက်ပြောရရင် အခုဒီမှာ ကာတွန်း သော်က ရဲ့
          အရိုင်းစာအုပ်တောင် ယူလာတာ။
          လူ့သဘော မနော ကိုရေးတာ (ဦး)သော်က က အထိရောက်ဆုံးဗျ။
          (ဦး)သော်ကရဲ့ အမေ ဆိုတဲ့ကာတွန်းဖတ်ဖူးတယ်မဟုတ်လား။
          လူတွေရဲ့ အကြင်နာတရားကင်းမဲ့စွာ အကောင်လေးတွေကို
          သတ်ဖြတ်တာ ကို ပီပြင်အောင် ရေးနိုင်တယ်လေ။ ရုပ်ရှင်တောင်
          ရိုက်တယ်မဟုတ်လား။
          (ဦး) မိုက်မိုက်(ပြည်)၊ (ဦး) အောင်အောင် ရွှေဂေါင်းပြောင်၊
          စိုင်းဗေဒါ တို့လဲ ရုပ်ရှင်ဖြစ်တယ်နော်။
          (ဦး)သော်က ကို တော့ အကြိုက်ဆုံး။
          ကျနော့အဖွားက နင့်ဇာတ်လိုက်ကလဲ အင်းကျီမရှိဘူးဆိုပြီး
          သဘောမကျဘူးဗျ။ 🙂

        • MaMa

          February 1, 2012 at 7:59 pm

          ငယ်ငယ်က (ဦး)သော်ကရဲ့ အရိုင်းကာတွန်းတွေ အများကြီးဖတ်ဖူးတယ်။ အမေလည်း ပါတာပေ့ါ။ အဲဒီတုန်းက ဆရာပြောချင်တာကို လေးလေးနက်နက် မသိခဲ့ဘူး။
          တိုက်ရေယာဉ် ၁၀၃ ဖတ်ပြီးမှပဲ ရေရေလည်လည် သဘောပေါက်သွားတာ။

  • blackchaw

    February 1, 2012 at 5:50 pm

    ကိုသစ်နဲ့ ကိုလင်းဝေရေ။
    ကျွန်တော့်မှာ အဆင်သင့်ရှိနေလို့ အမှတ်တရလေးပြန်ဖတ်ရအောင် ရေးပေးလိုက်ပါတယ်။
    ဂျူးရဲ့ မရှိမဖြစ်မိုး စာအုပ်ရဲ့ အဖွင့်အစဆုံး အပိုဒ်လေးပါ။
    ဂျူးကို သိတ်ကြိုက်ခဲ့တဲ့ အချိန်လေးတစ်ခု ရှိခဲ့ဘူးတာကြောင့် သိမ်းထားမိတာပါ။
    ဖတ်ကြည့်ပါ ကိုသစ်ရေ။

    သောကြာနေ့ နေ့ခင်း ၃ နာရီသည် ခါတိုင်းနေ့ခင်း ၃ နာရီများကဲ့သို့ အဓိပ္ပာယ်ကင်းမဲ့လျက်
    ရှိသည်။ ၃ နာရီ အချိန်များတွင် သူ ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်ထဲမှ စာကြောင်းတစ်ခုကို အမြဲလိုလို သတိရ
    လေ့ရှိ၏။ စာရေးဆရာ နာမည်လည်း မမှတ်မိ၊ ဝတ္ထုနာမည်လည်း မမှတ်မိ။ သူ မှတ်မိသည်က ဝတ္ထုထဲမှ
    အဓိက ဇာတ်ဆောင်၏ နာမည်သာဖြစ်သည်။ Monsieur Antoine Roquentin ဆိုသော ခပ်ကြောင်ကြောင်
    လူတစ်ယောက်ပဲ။
    “နေ့လယ် ၃ နာရီ ။ ၃ နာရီ ဆိုသော အချိန်သည် သင့်အတွက် တစ်စုံတစ်ခု ပြုလုပ်ရန် နောက်ကျလွန်း
    သွားချိန် (သို့မဟုတ်) စောလွန်းသေးချိန် ဖြစ်သည်” တဲ့။
    ယခင်က ထိုစာကြောင်းကို သတိရလျှင် စိတ်ထဲကပြုံးမိသော်လည်း ယခုတော့ သူ သဘောတူသွားပြီ။
    တကယ်ကိုပင် နေ့ခင်း ၃ နာရီသည် တစ်စုံတစ်ခု ပြုလုပ်ရန် နောက်ကျလွန်းနေပြီ။ သို့မဟုတ်လည်း
    စောလွန်းနေသည်။ နည်းနည်းမှ တက်ကြွဖွယ်ရာ မရှိသော အချိန်တစ်ခု ဖြစ်သည်။ အထူးသဖြင့် အခုလို
    ရာသီဥတုမျိုးမှာပေါ့။

    • thit min

      February 1, 2012 at 5:54 pm

      ဟဲဟဲ
      ဂျူးစာတပုဒ်ကို အားလုံးဖော်ထုတ်တဲ့ လမ်းပေါ်ရောက်သွားပြန်ပြီဗျို့။ ကောင်းတယ်ဗျ။
      ကျနော် ဒီနေ့ ပို့စ်က ကဗျာပါရေးထားပေးတာ၊ ဘယ်သူမဆိုဝင်မန့်လို့ရအောင်ပါ။
      ကိုဘလက်ရေ ကာတွန်းလေးတွေ ဖြည့်စွက်အုန်းဗျ။ ကြံ့ဗဟုံး ရေးတဲ့ ဆရာကို ကိုလင်းဝေနဲ့ကျနော် မေ့နေလို့။

  • nozomi

    February 1, 2012 at 6:12 pm

    ကိုသစ် ကျွန်တော်ကတော့ ရေးချင်စိတ် ပေါ်လာလို့ ရေးလိုက်မိတာတွေပဲ ၊ ကိုသစ်လို အတိအကျ မသိဘူး ဗျို့ ၊ မှတ်သားရင်းနဲ့ ကျေးဇူးပါလို့ ပြောချင်ပါတယ်

    လူတစ်ယောက် ရဲ့ စာ၊စကား၊လုပ်ရပ်တွေက မှန်လား မှားလား စေတနာပါရဲ့လား ဆိုတာ အချိန်က စကားပြောသွားမှာပါ

    တချို့ ကိစ္စတွေမှာ ဝင်မပြောဖြစ်ပေမဲ့ ကိုသစ်နေရာမှာ ငါ ဆိုရင် ရော ဆိုတာမျိုး တွေးမိတယ် ဗျ ၊ ဘယ်လို တုံ့ပြန်သင့်တယ် ဆိုတာ တွေးမိပေမဲ့ အဲဒီလို လုပ်နိုင်ဘို့ ဆိုတာက မလွယ်ဘူးရယ်
    ကိုသစ် ရေ ကိုယ်တိုင်အတွက် ကျွန်တော်တို့ ချစ်တဲ့ ရွာလေးအတွက် ရှေ့သို့ မမှိတ်မသုံ ဆက်လျှောက်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်နော

    ကိုချောကြီးက စေတနာ ကောင်း အပင်ပန်းခံနိုင်ယုံတင် မဟုတ်ဘူး ၊ အနုပညာနဲ့ ပတ်သက်လို့ လဲ တကယ်ပြည့်တဲ့သူပဲ ၊ ကိုချောကြီး တဖက်က အဟောင်းတွေ ပြန်တူးပေးရင်း တဖက်ကလဲ ကိုချော ရင်ထဲက အနုပညာတွေ ကြည့်ခွင့်ရချင်ပါသေးတယ်

    • thit min

      February 1, 2012 at 6:23 pm

      ကိုနိုးဇိုးမိရေ
      ကျေးဇူးပါ။ကျနော့မှာ တခြားဘာဖီလင်မှသီးသီးသန့်သန့်မရှိပါဘူး။ တကယ်ကို
      မအားလို့ပါ။ ကျနော့အလုပ်တွေက လူရော စိတ်ပါ လုပ်ရတဲ့အလုပ်မျိုးတွေဆိုတော့
      အိမ်ရောက်လဲ လုပ်နေရတာပါဘဲဗျာ။
      အေးအေးဆေးဆေးရှိရင်တော့ ရေးပါ့မယ်။ ရေးလဲရေးအုန်းမှာပါ။
      အမှန်ကိုဝန်ခံရရင် ကျနော်ဂေဇက်ကို အဝင်များပြီး ကိုယ်ရေးကိုယ်တာအလုပ်တချို့မလုပ်
      နိုင်တာတွေရှိခဲ့ပေမဲ့ စိတ်မပျက်ခဲ့ပါဘူးဗျာ။
      စေတနာကိုနားမလည်တာ စော်ကားတာလောက်တော့ ခဏခဏကြုံရတတ်ပါတယ်။
      ပြီးတော့လဲဗျာ လာပြီးတိုက်ခိုက်စော်ကားတဲ့ နစ်ခ်တွေကလဲ အသစ်တွေ ဗျ။ အခုလဲကျရော အဲဒီ နစ်ခ်တွေ
      မတွေ့ရတော့တာလုံးဝပါဘဲ။ ကျနော့အတွက် စပယ်ရှယ်ကိုပြောင်းရရှာတာပေါ့ဗျာ။သူများကိုတိုက်ခိုက်ဖို့
      ကိုယ် အရင် ဝင်လိုက်ထွက်လိုက်အကောင့်ပြောင်းလိုက်နဲ့ ကိုယ်ကအရင်အလုပ်ရှုပ်ရရှာတယ်။
      “လူသိပြီးသားနစ်ခ်ကိုဖုံးကွယ်ပြီး”ပြောနေပေမဲ့ “လေ”က ဘယ်သူမှန်းကိုသိပါတယ်။
      မနာလိုစိတ်ရှိတာပေါ့ဗျာ။ လူမြင်မခံဝံ့တာတော့သနားစရာပါဘဲ။
      ကျနော်ကတော့အဲဒီ စိတ်မျိုးတွေပြင်ပါလို့ပြောချင်တာပါဘဲ။
      ကျနော့အတွက်ကတော့ ဘာမှမဖြစ်ပါဘူး။ဖြစ်လို့ပြောနေတာမဟုတ်ဘူး။
      မကောင်းတဲ့အကျင့်ရှိတဲ့ လူတွေ ဂေဇက်မှာရှိကြောင်းလေးပါ။

      စာသင်ခန်းဝင်ရတဲ့ လူ ဆိုတာ သူများတွေထက်ပို ခံရတာဗျ၊ဟဲဟဲ။
      နောက်တခုပြောချင်တာကတော့ ဂေဇတ်ကိုတိုးတက်စေချင်သူတွေက ဒီမှာအများကြီးရှိနေ
      ပြီလေဗျာ။ အားကောင်းမောင်းသန်တွေ ဗျနော်။ ကျနော်ကတော့ တကယ်အားရှိပါတယ်။
      လေးစားလျှက်

  • နှာကိုယ်တော် မောင်မောင်ဇာ

    February 1, 2012 at 7:18 pm

    လေးလေးစားစား ဖတ်သွားပါတယ် ကိုသစ်ရေ….

    ကျနော် သုတ္တန်ခေါင်းပါးမှု ရောဂါများ ရနေပြီလား မသိ….
    ဒါကြောင့် သည်ရက်ပိုင်းဖတ်လိုက် ပြန်ချလိုက် ပြောင်းဖတ်လိုက် …ပြန်ချထားလိုက်…
    ရှာလိုက် ဖွေလိုက် …..စိတ်ကျေနပ်မှု ကို မရပါဘူးအစ်ကိုရယ်….
    :D်

    အလုပ်ကနည်းနည်း တိုင်ပတ်တဲ့ရာသီခည ….
    ပိုဆိုးတာက ကျနော်တို့ရပ်ဝန်းမယ်…ရှစ်ဖ်ထ် တွေ ချိန်းတွေ အလုပ်များတဲ့ ကာလဆိုတော့…..
    ခု ဒီဟာ ခု ဟိုဟာ သိပ်လုပ်ကြတာရယ်…….။

    ဒါ့ခ်ဆိုဒ်အော့ဖ့် မားကတ်တင်း တွေ တခါတခါ လုပ်ရ …..
    သိပ် ရင်ထဲမကောင်း …..ဘီတူဘီ ထဲ နေရတာလည်း ဆိုးတော့ဆိုးသား ..
    အိုင်ဘီအမ် ရယ် အနုမြူ အပျော့ ရယ် ပန်းသီးရယ် အဝိုင်းကြီး(အော်ရီကယ်ရယ်)
    ပြောင်းကြီး(ဂူဂဲလ်) ရယ် အတော်ဆိုးတာကလားဗျာ ……

    သူတို့ ဟိုလိုပြော သည်လိုပြော …
    လူကြီးတွေ အဟုတ်ထင် ဟိုလူကြီး ဟိုလိုပြော သည်လူကြီး သည်လိုပြော …
    အံမယ် ..တခါတခါ တယောက်ကိုတယောက် ဗျင်းဖို့များတောင် ရှာဖွေခိုင်းတတ်သေး …..

    ပီး ဂျာပန်ထုံးဇံအတိုင်း သူတို့ ဟာသူတို့ အီဇာဂါယာ ကနေ လည်ပင်းဖတ် …လေးဘက်ထောက်ပြန်
    ကြတော့လည်း သမီးယောက်ဖတွေလို…… ကိုယ့်မှာသာ ဒဏ်ရာဒဏ်ချက်က မသေး …။

    သည်ကြားထဲ ရွာထဲလာရင်…
    ဟိုဟာလေး လေ့လာမိ ဟိုဟာလေး ရေးချင်…
    သည်ဟာလေး ဖတ်မိ သည်ဟာလေး ရှဲချင် …. စိတ်နောက်ကိုယ် မပါတာ အတော်လေး
    ကျလိကျလိနေသားဗျာ …..။

    ရေးချင်ပါတယ်အစ်ကိုရေ……။ ကိုယ့်ကိုကိုယ် ဘောင်ခတ်ပြီး ရေးချင်တယ်ဆိုတာကတော့
    ပျင်းတတ်လွန်း အထနှေးတတ်လွန်း မြန်မြန်လက်စသတ်ချင်လွန်းတတ်တဲ့ ကျနော့်ကိုယ်ကျနော်
    မူလီကျစ်ကြည့်ချင်လို့ပါဗျာ…..။ ဘောစကား ငှားပြောရရင် ကျနော် ခြေမတက် ..အဲ့လေ လက်မတက်ဘူးခည..
    တခါတခါတော့လည်း ကျနော်ဟာ သိပ်ပျင်းစရာကောင်းတဲ့ကောင် ဒါမှမဟုတ် ..စိတ်ဝင်စားစဖွယ်ကောင်းသလို
    ရှိပေမယ့် မြန်မြန်ငြီးငွေ့သွားစေမယ့် အရာ လိုမျိုး ဖြစ်နေသလား ဆိုက်ကိုဝင်တယ်ဗျာ ..(ကတောက် …
    ထားခဲ့ခံရတာချည်းပဲ……)

    post-PC era မှာ တခုခုလေးတော့ ရေးဖြစ်ချင်သေး …
    တခါတခါ …ဟာနေတာလေးတွေလည်း …သ လိုက်ချင်သေး …
    ကိုယ့်တုန်းက ဒုက္ခခံခဲ့ရတာလေးတွေလည်း ….အော် ဂလိုလား ဖြစ်ရလေအောင်…
    ပြောပြချင်သေး….အချစ် အကြောင်းလေးတွေလည်း တခါတခါ အန်ချပစ်ချင်သေး….
    ဒါ့ပုံလှလှ ရိုက်မိတဲ့အခါလည်း ပြချင် ကြွားချင်သေး…..

    ခနခနအပြောင်းအလဲများလွန်းတဲ့ ကျနော့် အလုပ်ရယ် …ဖီလင်လာရာ အကုန် ကမူးရူးထိုး
    တစောက်ကမ်း လုပ်ဖြစ်ဖြစ်သွားတဲ့ ကျနော့် အကျင့်ရယ် ကြောင့် လိုင်းအစုံရေးနေမိတယ်အစ်ကိုရယ်…

    အစ်ကိုပြောတဲ့ သုတ္တန်အတွက် စာဖတ်ဦးမယ်ဗျာ ….
    ကဗျာ လေး သိပ်လှတယ် အစ်ကိုရေ…..
    ဆြာမဂျူး ပရိတ်သတ်တွေ ရွာထဲမှာလည်း များသကိုးဗျာ….

    နန်းဒိုမကုန်မချင်း …
    ဂျာပန်ညှင်းညှင်းခံထိနေလို့
    ဦးနှောက်ပျက်နေရှာတဲ့ …
    ဖားသက်ပြင်း….
    (ဆင်ခြေဆင်ခြေ…ဟီး…)

    • thit min

      February 1, 2012 at 7:58 pm

      ကိုယ်လို လုပ်ပါလား။
      ကိုယ်ဆို ရီဆာ့ချ်ပေပါတွေ စိတ်ကူးပေါက်သလိုရေးတာဘဲ။
      ဟိုး ဂေဇက်မဝင်ခင်ကဆို နေ့တိုင်းကိုရေးတာ။ သူငယ်ချင်းချင်းစကားပြောတဲ့အကြောင်းထဲက
      ထူးခြားတာပါရင်ကို ကောက်ရေးတော့တာ။
      ရေးလိုက်ရတော့ ပေါ့သွားတယ်။ ဘယ်မှမပို့ဖြစ်သေးပေမဲ့ အားတဲ့အခါအဲဒီဟာတွေပြန်ကြည့်
      ပြီး တူရင်ပေါင်း။ ထပ်ဖြည့်စရာရှိဖြည့်။ စထရာချာ လုပ် ကြိုက်ပြီဆို ထုတ်။အဲဒီလိုလုပ်တာ။
      အရင် ပီစီ ၈ဝ ဂစ် မှာ တဝက်ကျော်ကအဲဒီ အမှိုက်တွေချည်းဘဲ။
      နောက်တော့ ရွှေဖြစ်အောင်လုပ်ယူမယ်ပေါ့ကွာ။
      အဲဒီတော့ ကိုယ်ပြောလိုတာက ညီ စိတ်ကူးပေါ်ရင်ချရေးကွ။ဘယ်သူ့ပြပြမပြပြ
      အရေးမကြီးသလိုစာဆိုတဲ့သဘောက ရေးပါများတော့ ရေးတတ်လာတာဘဲလေ။
      မင်း တော်တော် စိတ်ကူးတွေများပြီး ယောက်ယက်ခပ်နေတယ်ဆိုတာ သိသာတယ်ကွ။
      အဲဒီလို ဖြစ်လာပြီ ဆိုရင် “အတွေး ဒစ်ကလင်းအပ်ပ်”လုပ်ဖို့လိုပြီ။ ချရေးပလိုက်။
      အချစ်ဘဲဖြစ်၊ စိတ်ထဲရှိတာ ရေးချထားလိုက်။
      သင့်တော်တယ်လို့ထင်တဲ့အရွယ်ရောက်အောင်မွေးယူပြီး စင်ပေါ်တင်လိုက်ပေါ့။ ရိုးရိုးလေး။
      (ညီပြောမှဘဲ၊ ကိုယ်တော့ရှင်းနဲန်းကိုင် ကိုပါတ်ပြေးနေခဲ့တာ၊ နိဂျိကိုင်တွေသွားရလိုက်ရစိတ်ပျက်လွန်းလို့
      ဂျပန်မူလီဆိုတာ အရက်သောက်တာဆိုင် ၂ဆိုင် ၃ဆိုင် ဆက်တိုက်ပြောင်းသောက်လို့ ခေါ်တယ်လို့
      မှတ်တယ်၊တကယ်)

  • ကိုသစ်ကဗျာလေးကို ခံစားသွားပါတယ် ….
    ကဗျာ ကိုခံစားရင် စိတ်ထဲမှာရှိတာလေးကိုလဲ ဒီမှာပဲ ဖွင့်အံပါရစေဗျာ ….
    ချစ်ခင်စွာဖြင့်
    မင်းကောင်
    ………………………………………………….
    မနေမနား
    အစဉ်သွားလဲ
    ပန်းတိုင်ရောက်ဖို့
    ခက်ခဲလှပြီ
    မျှော်လင့်ပန်းတိုင်
    ရှိပါသော်လည်း
    ကြမ်းတမ်းဘဝလမ်း
    ထိုခရီးလမ်းမှာ
    ကံကိုအပြစ်မဆို
    ကိုယ့်ကိုကိုယ်ပင် အပြင်တင်မိ
    စနစ်ကိုမကြိုက်
    လူကမလိုက်၍
    ကျရာနေရာ
    ထောင့်တစ်ခုမှာပဲ
    ဟိုပြောင်းဒီပြောင်း
    စနစ်ပြောင်းကို
    စောင့်မျှော်မိသည်
    ငါ၏ခရီး
    နီးတော့မည်လား ……….. ( ! _ ! )

  • thit min

    February 1, 2012 at 8:05 pm

    ကံကိုတော့အပြစ်မတင်ပေမဲ့
    စနစ်ကို တော့အပြစ်တင်တယ်လို့ နားလည်ရမလား ကိုကင်းရေ။
    ————(မနီနီဝင်းရွှေ ဆိုခဲ့တဲ့သီချင်းလေးကို ဒီလိုဆိုမယ်)
    စနစ်ကိုယုံ ပုံပါငဲ့အလုံး
    သူတို့ပြောသမျှ
    သူတို့ဆိုသမျှ ကြား(ဖတ်)ရသူမှာ
    ဂွမ်းဆီထိပမာ ရွှန်းပီတိဖြာ
    တို့ဘဝတွေမှာ ချာချာလည်
    ယုံမှတ်လို့ တယ်လီဖုံး လျှောက်ပါတယ် (^^)

    • ကိုသစ်ရေ
      စနစ်ကို မကောင်းဘူးလို့လည်း တစ်ထစ်ချ မပြောချင်ပါဘူးဗျာ
      စနစ်ကောင်းပေမယ့် လူမကောင်းရင်ရော ….
      လူကောင်းပြီး စနစ်မကောင်းရင်ရော ….
      စနစ်တစ်ခုခုတိုင်းမှာ ကောင်းတာရှိသလို မကောင်းတဲ့အားနည်းချက်လည်းရှိကြပါသတဲ့
      လူတိုင်းကတော့ ကောင်းအောင်လုပ်နေကြပါတယ်
      ဒါပေမယ့် လုပ်ပုံလုပ်နည်း နည်းနည်းလွဲတာနဲ့ဗျာ
      ခလုတ်တိုက်တယ် … ဖားပြုပ်ကိုက်တယ် … တရုတ်ရိုက်တယ် ဖြစ်ကုန်တော့
      တော်သေးပီ
      ချစ်ခင်စွာဖြင့်
      မင်းကောင်

  • weiwei

    February 1, 2012 at 8:31 pm

    ဂေဇက်ကတော့ တကယ့်ကို စွဲအားကောင်းပါတယ် …. ကျွန်မကိုယ်ပိုင်အချိန်အားလုံးနီးပါး အခန်းအောင်းပြီး ဂေဇက်ထဲမှာ အချိန်ကုန်လာတာ ၁၅ လ တောင်ရှိနေပြီ … မဖတ်ရမနေနိုင် မရေးရမနေနိုင်ဖြစ်လာတာကြာတော့ အလုပ်ဘက်မှာ အားနဲလာတယ် … အလုပ်အကြောင်းကို မတွေးချင်ပဲ ဂေဇက်အကြောင်းကိုပဲ တွေးနေမိတော့တယ် … ၂၀၁၂ မှာတော့ ဘယ်လိုမှမဖြစ်တော့လို့ ဂေဇက်ဘက်ကို နဲနဲလျော့ရတော့မယ် … ဒါပေမယ့် ရေးချင်စိတ်ပေါ်လာရင်တော့ ရေးနေအုန်းမှာပါ …

    • thit min

      February 1, 2012 at 8:41 pm

      ရေးချင်စိတ် ပေါက် ရင် ရေးအုန်းမှာဆိုလို့ သတိရသွားတယ် မဝေဝေရေ့။
      တချို့ ဆိုဒ်တွေမှာ ကာရာအိုကေ ဆိုလို့ရတယ်နော်။ သူကြီးကိုတွဲခိုင်းလိုက်ပါလား။
      ကျနော်လဲ အရင်ကအဲဒီ ဆိုတဲ့ဆိုဒ်ကို သွားဖူးတယ်။
      ပျော်စရာကောင်းတယ်ဗျ။ရန်လဲမဖြစ်ကြပါဘူး။
      ဂေဇက်ရွာထဲမှာ ဆိုချင်စိတ်ပေါက်သူတွေ ရှိနေတာလဲ သိနေတယ်လေ။
      ဆိုချင်တဲ့လူလဲ “ဆို”လို့ရတာပေါ့နော့။
      သူကြီး –သီချင်းဆိုပါဗျို့တွေဘာတွေလဲ အော်လို့ရတယ်ဗျာ။
      (^^)

      • kai

        February 2, 2012 at 10:45 am

        http://mandalaytube.com/
        မှာလုပ်တော့ထားတယ်…
        ဘယ်သူမှဝင်မတင်သေးဘူး…

        ဆိုတော့..
        ကိုယ်တိုင်တင်..ကိုယ်တိုင်ဆိုမှနဲ့တူတယ်နော…။ 🙂

        • thit min

          February 2, 2012 at 11:45 am

          ဦးခိုင်ရေ
          သီချင်းဆိုဖို့ ဝင်နည်းလေး ဖိုရမ်မှာဘဲဖြစ်ဖြစ်ပြောပြပေးထားပါလား။
          ဝင်ဖို့ သတ်သတ် ရယ်ဂျစ်စတာ ထပ်လုပ်ရမယ်ထင်တယ်နော်။
          ရှင်းပြပေးအုန်းနော့။
          စိတ်ပင်ပန်းအပန်းဖြေ နေရာလေးတခုရသွားရင် အားလုံးပျော်သွားကြမှာဘဲ။
          ကျနော့အတွေ့အကြုံအရ မိုက်တွေနဲ့ ရန်ဖြစ် တာတော့ ခုထိရှိတဲ့ ဆိုဒ်တွေမှာမရှိခဲ့ဘူးဗျ။
          ဆိုတာတော့ နေ့ရောညရော ဆိုနေကြတာ။ လူကြီးတွေရော လူငယ်တွေရော။

    • Khin Latt

      February 1, 2012 at 9:06 pm

      သွေးထွက်အောင် မှန်လိုက်လေ ဝေဝေ ရယ်။
      အလယ် မှာ ရှိအောင် မနဲ ကြိုးစားနေရတုန်း။ 😉

  • Khin Latt

    February 1, 2012 at 9:03 pm

    ကဗျာလေးက ကောင်းလိုက်တာ။
    ~~~ စိတ်စေစားရာလူပါတာ ~~~
    ဒါနဲ့များ .. အိုင်းစတိုင်း ရဲ့ အလင်းထက် မြန်သော အရာမရှိ သီအိုရီ ပေါ်လိုက်သေးရဲ့။
    ပြန်ခံငြင်းမဲ့ ရူပဗေဒ ပညာရှင် ဘယ်နှစ်ယောက်များ ဒီရွာထဲရှိလဲမသိ။ 😆

    ကိုသစ် – ကိုယ့်ညီ နဲ့ သူကြီးတူ ကို မေ့နေလား။
    ကာတွန်း ပိုးဇာ – လူပျိုကြီး မောင်မောင်ဇာ (လေးဇာ) နဲ့ လေးမွန်-ထွေးမွန် အမွှာညီအစ်မ
    ကာတွန်း မြေဇာ – စိန်မျောက်မျောက် (အခု တော့ စိန်ပေါက်ပေါက် တဲ့)
    ကြံ့ဗဟုန်း က ကာတွန်း ဦးအောင်ရှိန် ဘဲလား မသိဘူး။ ထင်တာ။

    ဂျူးလား –
    “အခုတော့ သိပြီလေ” တဲ့ ဆရာမရဲ့ ပထမဆုံး ရုပ်ရှင်မဂ္ဂဇင်း ထဲက ဝတ္တုတို။ သူ့စာ ထဲ က စာတွေ ကို မှတ်မှတ်ရရ ကို မှတ်မိတာ။

    ကိုသစ် ရေ အားရင်အားသလို ရှိတာတွေ၊ သိတာတွေ မျှပါဦး။
    ကျွန်မတော့ အားလုံး မျှော်နေပါတယ်။ 🙂

    ခင်တဲ့
    အစ်မလတ်

    • Khin Latt

      February 1, 2012 at 9:04 pm

      Woww… Edit လုပ်လို့ ရတယ် ဆိုပါလား။ That’s nice!!! 🙂

      • Khin Latt

        February 1, 2012 at 9:14 pm

        Another Woww… ပိုကောင်းတာက comment တွေကို ဒီအတိုင်း အားလုံးစု ပြီး ဝင်ဖတ်လို့ရတာဘဲ။
        WELL DONE Admin Team !!!!!
        Thanks. 🙂

    • thit min

      February 1, 2012 at 9:39 pm

      အစ်မလတ်ရေ ကျေးဇူးပါ။
      စာရေးချင်ပေမဲ့ မရေးအား(စိတ်မအား)တဲ့ အခါတွေမှာ ကဗျာတွေကတော့ “စိတ်” နဲ့ရေးဖြစ်တယ်။
      အနဲဆုံးတော့ ကိုယ်ဟာကိုရွတ်ပြီး စိတ်ပျော်မိတာပါဘဲ။ဝါသနာပေါ့ အစ်မလတ်ရယ်။
      တခါတလေရွာထဲမှာဘဲဖြစ်ဖြစ် သူများကိုဘဲဖြစ်ဖြစ် ပြောလို့မရတဲ့ကဗျာတွေလဲပါ တယ်ပေါ့ဗျာ။
      “ဆွမ်းခံကိုရင်
      ဆိုက်ကားမြင်တုန်း
      ပြုံးပြုံး လှမ်းခေါ်၊
      ဟဲ့ ဗယာကြော်” ဆိုတာ ကာရန်တော့ကိုက်ပါရဲ့။ ကဗျာမှမဟုတ်တာ။ 🙂
      ————————-
      ပိုးဇာတို့ မြေဇာ တို့ ကြိုက်ဘူး အစ်မလတ်ရ။
      မင်းသိုက် နောက်ပိုင်း မိုးကြိုး၊ ပြီးတော့ မောင်မောင်မြင့်သိန်း (အခု (ဦး)ကုသိုလ်) ဖတ်တယ်။
      ဆရာကြီးဦးဘကြည်ရဲ့ ဇာတ်တော်ကြီး ဆယ်ဘွဲ့ ကာတွန်း ကိုဖတ်ပြီး နောက် အိမ်မှာရှိတဲ့
      ဆရာတော်မင်းပူး ဦးဩဘာသရဲ့ ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေကိုဖတ်ရတာ
      ဖတ်တာကစာ… မျက်စေ့ထဲ အရုပ်ကိုမြင်ရတော့တာ။
      —-မဟော်သဓာသည် သဲပြင်တွင်မူလကတည်းက မြှုပ်ထားသော သန်လျှက်ကို ဖော်ယူပြီး
      အမြင့်သို့ခုန်လိုက်ပြီးလျှင် စူလနီဗြဟ္မဒတ်မင်းအား သန်လျှက်ဖြင့် ရွယ်၍
      “ဟယ် မင်းကြီး ဤ ၁၀၁ ပါးသော တိုင်းနိုင်ငံတို့သည် အဘယ်သူ၏တိုင်းနိုင်ငံ တို့ ဖြစ်သနည်း”
      ဟု မေးလေသော် ” အရှင် မဟော်သဓာ အမတ်၏တိုင်းနိုင်ငံတို့ ဖြစ်ပါသည်”လို့
      ပြောတော့ မဟောသဓာက သန်လျှက်ကိုအသာချ၍ “အကျွန်နှုပ်၏အစွမ်းကို သိအောင်သာ
      ပြခြင်းဖြစ်ပါသည်၊ သူတပါးတို့အားနှိပ်စက်ပြီးမှရရှိသော စည်းစိမ်ချမ်းသာကို
      သူတော်ကောင်းတို့ မချီးကျူးရာဖြစ်၍၊ အကျွန်နှုပ်အလိုမရှိပါ”
      ဟု ပြောဆိုဖြေကြားနေတာတွေကို အရုပ်ကလေးတွေ
      တခါတခါဆို တကဲ့လူတွေလို “ကွင်းကနဲ ရှင်းကနဲ” မြင်လာတော့တာပါဘဲ။
      ကျနော့အယူအဆက လှေကားထစ် ကာတွန်းလေးများ၏ အစွမ်းက ကျနော့ကို
      စာကောင်းပေမွန်တွေကိုဖတ်ချင်စိတ်တိုးပွါးခဲ့တယ်လို့ကျနော်ထင်မိပါတယ်။
      ———————-
      ခင်မင်စွာ
      မောင်သစ်မင်း

      P.S (ကော်မန့်တွေစုပြီး ဖတ်လို့ရတာက အရင်ကတည်းကပါအစ်မရေ။)

  • pooch

    February 1, 2012 at 11:29 pm

    ကိုသစ်မင်းရေ ကျမတော့ စိတ်ထဲရှိတာပဲ ချရေးလိုက်တာ။ ဘာရယ်ညာရယ်လည်း မသိပါဘူး။ ဒီလိုပဲ ရင်ဘတ်ရှင်းထုတ်လိုက်တာပါ။ ခုလိုလေး ဖတ်လိုက်ရတော့ ပိုနားလည်သွားတာပေါ့။

    ဟုတ်ပါတယ် ကိုသစ်မင်းပြောသလိုပဲ ရွာထဲ လာလည်တာ အပြင်က အပူတွေ စိတ်ဖိစီးမှုတွေ လျှော့ချင်လို့ ဒါမှမဟုတ် တခါတခါ ကိုယ်ရင်ထဲရှိတာတွေ ရှင်းထုတ် ။ အပြန်အလှန်နားထောင်ပေး။ တယောက်တမျိုး ဆွေးနွေးကြ။ ဗျောက်ဖောက်ကျနဲ့ ။ စိတ်၏ဖြေရာပါ။

    အဲ့ကျတော့ တခါတခါ ကိုယ့်ရဲ့ စိတ်အခြေအနေကိုလိုက်ပြီး ပြောချင်တဲ့ အခါလေးများဆိုဝင်ဆွေးနွေး။ ပြောချင်စိတ်မရှိလောက်အောင် စိတ်တွေနွမ်းနေရင်လည်း ပေါ့ပေ့ါပါးပါးလေးပဲ ဖတ်သွားလိုက်တယ်။

    ဂျူးကတော့ ကျမလည်း အသဲစွဲ ။ အကုန်တော့ မဖတ်ဖူးပေမဲ့။ ဖတ်မိသမျှကြိုက်တယ်။ အမှတ်တရကို ဖတ်တုန်းကဆို မျက်ရည်တောက်တောက်ကျတယ်။ ကျမမျက်ရည်လွယ်တာလဲ ပါမှာပေါ့။

  • thit min

    February 2, 2012 at 12:02 am

    ဟုတ်ပါတယ် မပူးချ်ရေ..
    အဲဒီလိုဘဲ ရေးကြတာပါ။ ကျနော်က “စာဖတ်ရတဲ့သူ” အဖြစ်အလုပ်လုပ်ရတာများတယ်ဆိုတော့
    အမြန်ဆုံး စာဖတ်နည်းကိုရှာထားရလို့ ပါ။
    စာတွေတဲ့ စထရတ်ချာကိုသိရင် စာဖတ်ရတာ အရမ်းမြန်တယ်။ ယူရတာလဲ လွယ်တယ်။
    “ဝင်ပြီး ကိုယ့် အိုင်ဒီယာနဲ့စဉ်းစားရတာလည်းလွယ်လို့ပါ။”
    ဘာစာတွေဘယ်လိုဘဲရေးထားထား၊ပုဂံခေတ်က ကျောက်စာဘဲဖြစ်ဖြစ် Keywords= ကီးဝေါ့ဒ်
    ကတော့ပါကိုပါ ပါတယ်။
    အဲဒီ ကီးဝေါ့ဒ်တွေ နဲ့ စာရေးသူရဲ့ကွန်ဆက်=Concept ချိတ်ထားတာကို ဖမ်းမိရင် စာတအုပ်လုံးကို
    ကိုယ်လိုသလိုသုံးလို့ရသွားပါတော့တယ်။
    အဲဒီလို လေ့လာရင်းနဲ့ စာတွေကို အရိုးတခြား အသားတခြား နွှင်ကြည့်တတ်လာတာပါဘဲ။
    သုတေသနစာတမ်းတွေကြတော့ အဲဒီလို ကွန်ဆက်မမိလို့ကိုမရတာမလို့ ပိုပြီး စိတ်ပင်
    ပန်းရပါတယ်။ စိတ်ပါမှ ရေးမယ်ဆိုတာမျိုးလဲလုပ်လို့မရပါဘူး။
    ဆရာကြီးမင်းသိင်္ခ ရေးတာဖတ်ဖူးပါလိမ့်မယ်။ သူကဒီလိုဆိုပါတယ်။
    “ကျွန်နှုပ်သည် စိတ်ညစ်ညူးနေ၏၊ သို့သော် ကျွန်နှုပ်၏ဇာတ်ကောင်သည် စာထဲတွင် ပျော်ရွှင်မြူးထူးနေ၏၊
    ကျွန်နှုပ်သည်ငိုချင်နေမိ၏၊ကျွန်နှုပ်၏ဇာတ်ကောင်သည်ကား ရယ်မောပျော်ရွှင်နေ၏” တဲ့။
    အဲဒီတော့ စနစ်ကလေးတခုလုပ်ထားရင် ရေးဖို့စိတ်မပါလည်းရေးလို့ရသွားပါတယ်။
    နောက်ပိုင်းကျတော့ ဘယ်လိုပြီဖြစ်တယ်မသိပါဘူးဗျာ။
    အကြောင်းအရာအသေး အဖွဲလေးတွေ့လဲ စာဖြစ်အောင်ရေးချင်နေပါပြီ။
    ရေးချင်စိတ်ကအမြဲကိုရှိနေတော့တာပါဘဲဗျာ။ လူကမလိုက်နိုင်တော့တာပါ။အခုလိုမျိုးပေါ။့
    အချိန်မပေးနိုင်တော့တာ။
    ————–လေးစားစွာဖြင့်

  • Moe Z

    February 2, 2012 at 8:39 am

    ကိုသစ်ရေ တားဂတ်က ၉ဝ ထိပဲဆိုတော့ စိတ်ထဲမကောင်းဘူးဖြစ်သွားတယ်
    တကယ်တန်ဖိုးရှိတဲ့စာတွေကို မဖတ်ရတော့ဘူးဆိုရင်လေ
    ကိုသစ်ရဲ့ပို့စ်တွေတိုင်းကို ဖတ်ဖြစ်အောင်ဖတ်ပြီး ရှိပြီးသားအလှဖျက်သလိုဖြစ်မှာစိုးတာကြောင့် မမန့်ဖြစ်ပေမယ့် ပါဆယ်ပါဆွဲသွားပါတယ် 🙂
    မအားတဲ့ကြားက စိတ်ကူးပေါက်သလိုရေးဖြစ်မယ့် awareness တွေကို
    စောင့်ဖတ်အားပေးနေပါတယ်နော်

    ဂျူးက အမျိုးသမီးစာရေးဆရာတွေထဲမှာ လေးစားရတဲ့သူတစ်ယောက်ပါ
    Language တွေကို လေ့လာရင်း တစ်ခါတစ်လေမှာ ကိုယ်တိုင်က ဂျူးရဲ့ဇာတ်လိုက်ဖြစ်သွားသေးတယ် 🙂

    • thit min

      February 2, 2012 at 9:05 am

      မမိုးဇက်ရေ
      ခင်မင်လေးစားစွာပြောပါရစေ။
      ကျနော်လဲ ရေးချင်ပါတယ်။ အသက်မွေးဝမ်းကြောင်းမှုနဲ့ ဘဝရဲ့ ဆစ်ချိုးအပြောင်းအလဲတွေက
      ဝါသနာကို ကန့်သတ်ရလေ့ရှိတယ်ဆိုတာ သိမှာပါနော်။
      ကျနော်ကိုယ့်ကိုကိုယ်ထိန်းနိုင်အောင်နေခဲ့ရတဲ့အကျင့်အရ တခုခုကို အလွန်အကျွံမဖြစ်အောင်
      ရယ်၊လုပ်ချင်တဲ့စိတ်ကလေးလဲပြည့်ဝအောင်ရယ် ချိန်ပြီးလုပ်လေ့ရှိပါတယ်။
      နဲနဲလေးမှ အတိမ်းအစောင်းမခံနိုင်တဲ့ ကျနော့ဘဝရဲ့ ပင်မ ရည်မှန်းချက်အတွက် အဲဒီလိုလုပ်ထား
      ရပါတယ်။ စိတ်ထဲရှိတိုင်း ရှောက်လုပ်ပြီး ပင်မနေရာမှာလစ်ဟင်းမှုမရှိအောင်လို့ပေါ့ဗျာ။
      အချိန်ကာလ ၆ လလို့သတ်မှတ်ကြည့်ပြီး လမ်းတဆုံးရောက်အောင် ကျနော် လျှောက်ခဲ့ပြီးပါပြီ။
      ၉ဝ ပြည့် ပို့စ်တင်ပြီး ကျနော် တကန့် နားမယ် လို့ ဆိုလိုခြင်းပါ။
      နောက်ထပ်ကာလတခုမှာ ကျနော်ပြန်လာမယ်လို့ လေးလေးနက်နက်ကြီး ကတိပေးပါတယ်။
      အောင်လံ တလူလူလွှင့်ပြီး ချီတက်နေမဲ့ ဂေဇက်အဖွဲ့သားတွေကိုလည်း အမြဲမေတ္တာပို့သနေမှာပါ။
      မကြာခဏဆိုသလို အချိန်အားရင် အားသလို ကော်မန့်လေးတွေ ရေးမှာပါ။ ပို့စ်တိုင်း၊ကော်မန့်
      တိုင်းကိုမဖတ်နိုင်၊ ပြန်မရေးနိုင်တာတော့ခုမှမဟုတ်ပါဘူး။ ကြာပါပြီ။
      ခု နောက်ပိုင်းအချိန်က ပိုလို့ လူအားရင် စိတ်မအား၊ စိတ်အားရင် လူမအား၊ဆိုသလိုဖြစ်နေလို့
      ဟာမိုနီ ပြန်ထိန်းပြီး အချိန်တခု ထုတ်ယူဖို့ စဉ်းစားနေပါတယ်။
      ကြိုးစားပြီး ပြန်လာမှာပါဗျာ။
      မှတ်သားစရာကောင်းတဲ့ စာတွေကို ရေးနိုင်တဲ့ မမိုးဇက်တို့ရှိနေသမျှ ဂေဇက်ကတော့ တောက်ပြောင်
      နေအုန်းမယ်ဆိုတာ လုံးဝ ယုံကြည်လျှက်ပါ။
      လေးစားခင်မင်မှူဖြင့်
      မောင်သစ်မင်း

  • amatmin

    February 2, 2012 at 10:29 am

    မင်္ဂလာပါ ဆရာသစ်ရေ..
    အကို့ခြေလှမ်းကို.မနေ့တည်းက ဖတ်မိလိုက်ပါတယ် နားမယ်ဆိုတာကို သိပ်မရှင်းမိခဲ့ဘူး.
    အပေါ်မှာ မန့်ထားတာတွေ့မှ သဘောပေါက်ရတယ်.နားထောင်ဖို့အတွက်အချိန်တခုပြန်စောင့်ရမှာပေါ့နော်
    အမှန်ပြောရရင် အကို့ရေးတဲ့နောက်ပိုင်းပို့စ်တွေက ကျနော့အဖို့ ဝင်ဆွေးနွေးဖို့ဆိုတာထက်
    ကိုယ်တိုင်Awareness ဖြစ်အောင်လုပ်နေရတာများပါတယ်(သိလာရသလိုလက်တွေ့လဲလုပ်ဖြစ်ကြောင်းပါ)
    ကျနော့အဖို့ဂေဇက်က စိတ်ပျော်ရွှင်မှုရတာအပြင်.လူပီသဖို့အတွေးအပြုအမူ မျှတသန့်ရှင်းဖို့ကို
    လိုအပ်တာကိုလည်းလက်တွေ့ကျကျသိခဲ့ပြီး.စာတွေကတဆင့်ကိုယ်စီစိတ်တွေကိုလည်းဖတ်လို့ရခဲ့ပါတယ်..
    ရွာသူားအများစုလည်း ဒီလိုပဲဖြစ်ကြမှာပါ..ကျနော့ အနေနဲ့တော့ကောင်းတဲ့စိတ်တွေဘက်ကို
    ပြုပြင်ပြောင်းလဲစေလိုတဲဆရာသစ့်ပို့စ်တွေကိုဆက်နားထောင်ဖို့မျှော်လင့်ထားပါမယ်..
    ့မကြာမကြာခြေလှမ်းမှားတတ်တဲ့ ကျနော်အဖို့အကို့ကဗျာက ကွက်တိဗျ..
    (ဒါနဲ့ ဘယ်သွားသွား.လိုက်လာလို့ စိတ်မဆိုးပါနဲ့ဗျာ)

    ချစ်ခင်လေးစားမှုဖြင့်

    • thit min

      February 2, 2012 at 11:46 am

      ညီလေးအမတ်မင်းရေ
      ကိုယ့်ညီအရင်းလေးတယောက်လို ခင်မင်ရတဲ့ ညီလေးဆီက စကားလုံးလေးအတွက်
      ကျေးဇူးပါဘဲကွာ။ အကိုရံဖန်ရံခါ ရှိနေမှာပါ။ လူဆိုတာ ကောင်းတဲ့အသိစိတ်ဓာတ် လူတိုင်း
      မှာ နဂိုထဲက ရှိပြီးသားပါ။ အကိုက သင်ပြပြောပြပေးတဲ့အဆင့်မဟုတ်ပါဘူး ညီရယ်။
      လှန့်နှိုးပေးတဲ့သူတော့ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
      အပေါ်မှာပြောခဲ့သလို သူများကိုပြောရင်း ကိုယ့်ဟာကိုယ်လဲသတိပြန်ပေးမိတာလေးကို
      လိုချင်နေတာမျိုးပါဘဲ။
      (အကြောင်းရှိရင် ပီအမ်ပို့ထားလိုက်မယ်နော်၊ ဖိုရမ်က ပီအမ်မှာဝင်ဖတ်ကြည့်ပေးအုန်း)

      ခင်မင်စွာ…
      အကိုသစ်မင်း

  • ကြောင်ကြီး

    February 2, 2012 at 11:07 am

    ဆန်းအစစ်
    နှမ်းတပျစ်
    မနမ်းဖြစ်
    လွမ်းရစ်
    မန်းအပြစ်…။
    ပြန်ဆုံဂျမယ် ဆြာသစ်ရေ။ ဂေဇက်အကျိုးပြု အတည်အတံ့ ပို့စ်များအတွက် သတိတရ အမြဲ ရှိနေပါမယ်။ ကံမကုန်.. ပြန်ဆုံရင်.. ရန်ကုန်မှာ..လျှံကုန်အောင် ခြံခုန်မယ် ..ဆံကုန်မှညောင်း ..

    • thit min

      February 2, 2012 at 11:44 am

      ကိုကြောင်ရေ
      အပြင်မှာမသိပေမဲ့ ပညာရှင်ဆန်စွာ ဆွေးနွေးပေးနိုင်တဲ့ ကိုယ့်ကြောင့်ရဲ့ ကူညီမှုနဲ့ကျနော့စာတွေ
      ပိုလို့ လူဖတ်လာရတာပါဗျာ။ ကျနော်နဲ့ကိုကြောင့်ကြားမှာရှိတဲ့ လေးစားခင်မင်မှုတွေဟာ အပြင်မှာ
      တဦးနဲ့တဦး တွေ့ဆုံရမဲ့ အဆင့်မှာ အသေအချာကိုရှိတာပါ။
      ကျနော်လဲ ဆုံတွေ့ချင်ပါတယ်။ ဟိုသွားဒီသွားအချိန်အားရတဲ့အခါ ပီအမ်ပို့ထားပေးပါ့မယ်။
      ကိုကြောင်နဲ့ ပြောဆိုဆွေးနွေးရတာတွေကိုတော့ တကယ်အားရခဲ့တာမို့အပြင်မှာ ဆုံတွေ့ပြီး
      ” —ဆက်ဆွဲရအောင် ကိုကြောင်ရေ့—-”

      ခင်မင်လေးစားစွာဖြင့်
      မောင်သစ်မင်း

  • ba gyi

    February 2, 2012 at 11:49 am

    လေးစားရသော ကိုသစ်ကြီးရေ၊ တစ်ပုဒ်ဆို ဆိုသလောက်ပါပဲ။ မရပ်လိုက်ပါနှင့်ဦးခင်ဗျာ၊စာဖတ်သူတွေအပေါ် နှင့် ဂဇက်ကြီး ၏အရည်အသွေးကိုပိုမိုမြင့်မားစေချင်တဲ့
    စေတနာလမ်းပြကြယ်ကြီးအဖြစ်ကျနော်အရမ်းလေးစားရပါသည်။
    ကိုသစ်ကြီးဖြစ်စေချင်သောAwareness ဖြစ်တဲ့စာတွေ ရေးနိုင်ဘို့၊ရေးသူတွေမှာ အလွန် – -ဗဟုသုတပြည့်စုံခြင်း။
    -ဗဟုသုတကို အသိတရားဖြစ်စေရန်စေတနာဦးတည်ချက် ထားရခြင်း။
    -တင်ပြပုံကောင်းရန်နှင့် ဖတ်သူအလွယ်တစ်ကူလက်ခံနိုင်ရန် ရှင်လင်းသောအရေးအသား များရေးနိုင်ရန် အား ထုတ်ရခြင်း။
    -စာဖတ်သူထပ်ဆင့်တွေးပြီး၊ Awareness ဖြစ်နိုင်ရန် ဟင့်စ် ပေးနိုင်ရခြင်း။ ၊စသည့် စေတနာများလေ့ ကျင့်ကြဘို့လိုအပ်ပါသည်ဟု ကျနော်နားလည်နိုင်သလောက်ဝင်ဆွေးနွေးကြည့်ပါရစေ၊ သည်အချက်တွေ ကို၊ကိုသစ်ကြီး မှ အဓိကဦးဆောင်လေ့ကျင့်၊ခေါ်ယူနေသလို ၊လိုက်ပါလာကြသူတွေလည်းရှိနေပါပြီ။ သည်အတွက် ရွာသားများကိုယ်စား အထူးကျေးဇူးတင်ပါသည်။
    အခြေခံအားဖြင့် ၊သတင်းဖြစ်စေ၊မကျေနပ်ချက်တစ်ကယ့်ဖြစ်ရပ်များဖြစ်စေ၊ ရေးသားသတင်းအသိပေးကြ
    ရင်းမှ နောက်ဆုံးမှာ ပြုင်စရာအကြံပြုချက်ကလေးတွေ အပြုသဘောလေ့ကျင့်ရေးကြရင် ၊ကိုသစ်ပြောတဲ့
    အခြေခံကိုရောက်နိုင်ကြမှာပါခင်ဗျား။လေးစားစွာဖြင့်။

    • thit min

      February 2, 2012 at 12:08 pm

      ဟုတ်ကဲ့ပါ ကိုဘကြီးရေ
      ကျနော်လေးစားခင်မင်ရသူတယောက်ဖြစ်တဲ့ ကိုဘကြီးဆိုတာကလဲ
      အတွေ့အကြုံစိတ်ဓာတ်မြင့်မားသူ တယောက်ဖြစ်တယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်။
      ဆုံလဲဆုံချင်၊စကားတွေလဲပြောကြည့်ချင်ပါတယ်။
      ကျနော်ကြိုးစားပြီး အချိန်လုပ်ယူ ကြည့်နေပါတယ်။
      ပို့စ်တခုတင်ဖို့ စာရေးတာသက်သက် လေးနာရီကျော်ကြာတတ်ပါတယ်။အနဲဆုံးပါ။
      ကော်မန့်ပြန်ရေး ဘာညာနဲ့ အချိန်ကတော်တော်လိုပါတယ်။ အထူးသဖြင့်တော့ အခုနောက်ပိုင်း
      ကျနော် အခြားသူတွေ ပို့စ်တွေကို လိုက်မဖတ်နိုင်တော့တာပါ။မိတ်ဆွေအပေါင်းအသင်း
      တွေအပေါ် တာဝန်ပျက်ကွက်သလိုလဲ ခံစားမိလာပါတယ်။အမှန်ကအချိန်ကြောင့်ပါ။
      အဲဒီဟာလေးတွေကို တတ်နိုင်သမျှ ဖြည့်စွမ်းနိုင်အောင် အမြန်ဆုံး ကျနော်ကြိုးစားပါ့မယ်လို့ ပြောပါရစေ။

      ခင်မင်လေးစားလျှက်
      မောင်သစ်မင်း

  • ba gyi

    February 2, 2012 at 12:42 pm

    ဟုတ်ပါတယ်ကိုသစ်ရေ၊အချိန်ယူပြီး၊ပို့စ်တင်ပြီဆိုကတည်းက၊ ဖတ်စေချင်၊သိစေချင်တဲ့စေတနာတွေအခြေခံရှိကြပြီးသားဖြစ်ပါတယ်၊ အပြုသဘော၊အပျက်သဘောဆိုတာကို စာဖတ်သူတွေပိုင်းခြားလက်ခံတတ်ဘို့တော့အရေးကြီးပါတယ်၊
    စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူးဖြစ်စေတယ်ဆိုတာ လက်ခတ်မလွဲပေမည့်၊ ချွင်းချက်အရ ဖတ်ပြီး ပယ်ရမည့် စာများလည်းရှိတတ်ပါတယ်၊ကိုသစ်ပြောသလို၊အဲလိုခြေလှမ်းမျိုးမလှမ်းမိအောင်ကျနော်တို့ကို အသိ၊သတိပေးတဲ့ ကိုသစ်ကြီးကိုကျေးဇူးတင်ပါတယ်။ထပ်ပြီးမေတ္တာရပ်ပါတယ်ဗျာ ကိုသစ်ရေ မနားပါနဲ့ လို့။
    ကျနော်တို့ရွာထဲမှ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ ၊တစ်ချိန်မှာ မလွဲမသွေ၊ဆုံဖြစ်ကြမှာပါခင်ဗျား။

  • ဆရာသစ်ရေ …
    ကျွန်တော်လည်း ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး မင်းသိင်္ခ တို့ရဲ့ စာတွေကို ဖတ်ခဲ့ဖူးပေမယ့် ဆရာကြီးတွေရဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် ဆင်သွားပုံတွေ၊ စာကို မထောက်အောင် ရေးထားတာတွေကိုသာ အဓိက ထားပြီး ဖတ်ဖြစ်ခဲ့ပါတယ်။
    အခု ဆရာသစ် ပြောမှပဲ ဆရာကြီးတွေရဲ့ ‘ကွယ်ဝှက်ဆုံးမစကား’ တွေကို သတိထားမိတော့တယ်ဗျာ။
    စာအမျိုးအစားတွေကို သိခွင့်ရလိုက်လို့လည်း ကျေးဇူးပါပဲ ဆရာသစ်ရေ ……. ။

    • thit min

      February 2, 2012 at 10:32 pm

      ကျေးဇူးပါ ကိုအံဇာတုံးရေ
      ကျနော်က စာရေးသူတွေရဲ့ “လေ” ကိုဖတ်လေ့ရှိသူပါ။
      အဲဒီလို လေးတွေမြင်ကြည့် ကြည့်ကြည့်လိုက်တော့ စာရေးသူနဲ့ကိုယ်နဲ့တိုက်ရိုက်
      ဆက်သွယ်မှုကိုစိတ်ကတဆင့်ရသွားပါတယ်။

      ဆရာ ကြပ်ကလေး က ဟာသ စာတွေရေးပေမဲ့ လေးလေးနက်နက် တွေးရတဲ့
      ဟာသတွေပါတတ်လို့ သက်လုံ ဆိုပြီး စေ့ထားသောတံခါးများ ဆိုတဲ့ စာအုပ်ကိုရေးတော့
      ကျနော် သူ့ကို ခန့်မှန်းကြည့်နိုင်တယ်ဗျ။

      ကိုယ့်မူရင်း ပုံစံကိုပြောင်းလို့မှမရတာ၊ ဘယ်လိုဘဲ နာမည်တွေပြောင်းလဲ ရေးပါစေ
      သိနိုင်တာကတော့ အဲဒီ “လေ”ကို မိထားလို့ပါဘဲ။

      ဆရာမောင်သာရ က”လွှတ်” ဆိုတာ သုံးလေ့ရှိပြီး
      သူငယ်ချင်းကိုပြောသလိုရေးတတ်တယ်၊ ဆိုတာမျိုးပေါ့။
      တချို့က “—ကွယ်” လို့ သုံးတတ်တယ်၊ “–နော်” လို့သုံးတဲ့သူလဲရှိမယ်ပေါ့ဗျာ
      ပြီးတော့ သူ့လေသံကသူများထက်ထူးခြားတယ်ဗျာ။
      အဲဒါဆို ဘယ်သူ ဆိုတာမျိုး တန်းသိနေတယ်။

      စာဖတ်များလို့လဲဖြစ်ကောင်းဖြစ်နိုင်မယ် ထင်ပါရဲ့ခင်ဗျာ။
      အဲဒီလို တွေးမိတာလေးတွေ နောက် လအနဲငယ်လောက် ကျနော်အားတော့မှ
      ပြန်ရေးကြည့်ပါအုန်းမယ်။ စိတ်ဝင်စားစရာလေးတွေ ရှိတယ်ဗျ။

      ခင်မင်စွာဖြင့်

  • surmi

    February 3, 2012 at 12:59 am

    ကိုသစ်ရေ –ဝင်ဖတ်နေတာတော.ကြာပြီ။ကွန်မန်းမရေးဖြစ်တာက တော.ကိုယ်.ကြောင်.
    ပေါ.သွားမှာစိုးလို.ပါ။ကိုသစ်ရဲ.စာတွေမလွတ်ပါဘူး။ဒီနေ.တော.သဘောထားတိုက်ဆိုင်တာလဲပါတယ်
    ပြီးတော.သဘောကျလို.ပါ။ကျွန်တော်ကနဂိုတည်းကရေးချင်စိတ်ပေါက်ရင်ရေးထားတတ်တယ်။
    ရေးတာဖတ်တာကိုနှစ်သက်လို.ပါ ။အခုတော.ဒီရွာထဲမှာပျော်နေတာပါပဲ ၊
    အသံတိတ်အားပေးနေပါတယ်။

    • thit min

      February 3, 2012 at 9:09 pm

      ပညာရှင်တယောက်အနေနဲ့ ကိုစာမိ ကို ကျနော်သတိထားမိနေတာကြာပါပြီ။
      တော်တော် တတ်သိနားလည်တဲ့အပြင် စိတ်နှလုံးကောင်းသူတယောက်ဖြစ်ကြောင်း
      “စေတနာပါသော လမ်းပြ ပို့စ်များ” အရ သိရလို့ ကျနော်လေးစားရသူတယောက်ပါ။
      ဟုတ်တယ်ဗျာ။
      စာရေးစရာအကြောင်းအရာကတော့ ခဏခဏပေါ်လာတတ်တယ်။
      သင်ဃန်း တစုံရဲ့ အစနဲ့အဆုံး ဘုရားအဆုံးအမဆိုပြီးတရားနာဘူးတာကို
      ပါတ်ဝင်းကျင်ထိန်းသိမ်းရေးဘာသာရပ်နဲ့ ရေးထားတာရှိတယ်ဗျ။ကိုယ့်ဟာကိုတော့
      သဘောကျ နေတာမျိုးပေါ့ဗျာ။ ကိုစာမိရဲ့ စာတွေဖတ်ပြီးတော့လဲ မြန်မာ့ရွှေဆိုင်စီးပွါးရေးအကြောင်း
      ရေးထားတဲ့ စာတမ်း တစောင်ကိုသွားသတိရမိတယ်ဗျ။ လွန်ခဲ့တဲ့ ၁ဝနှစ်ကပါ။
      ကျနော် ရေးချင်စိတ်ပေါက်လာရင် ကိုစာမိနဲ့ ပြောဆိုဆွေးနွေးရမှာဘဲ။အားကိုးမယ်နော့။
      မရေးနိုင်ရင်တောင် ကျနော်ဂျစ်စ်လေးတွေ တို့ထားတတ်တာလဲ ရှိတယ်ခင်ဗျ။
      အတိုကောက်လေးတွေပေါ့ဗျာ။
      စိတ်ကူးရုံကတော့ အခိုးအငွေ့ပါဘဲ၊ ရေးဖြစ်တော့ အကောင်အထည်ဖြစ်တာလို့ပြောရမှာပါဘဲ။
      ခင်မင်လေးစားလျှက်(^^)
      ———————-

      • surmi

        February 4, 2012 at 12:13 am

        ပညာရှင်တော.မဟုတ်ပါဘူးအစ်ကိုရေ–နှစ်၂ဝကျော်အတွင်းမြန်မာပြည်အရပ်ရပ်မှာ
        ရေကြည်ရာမြက်နုရာသွားလာလုပ်ကိုင်ရင်းခလုပ်တိုက်ခဲ.တာလေးတွေပြန်ရေးနေတာပါ
        ဘာဘဲဖြစ်ဖြစ်အစ်ကိုလိုအပ်တာရှိရင်တတ်နိုင်သလောက်ပါဝင်ပေးပါ.မယ်။

  • padonmar

    February 3, 2012 at 3:15 am

    ဆရာသစ်ရေ
    ကာတွန်းတွေအကြောင်းဖတ်ရတော့ ဦးဗကလေးရဲ့ ရွှင်ပြုံးဂျာနယ်ကို အမှတ်ရမိပါတယ်။
    အခုအသက်ကြီးမှ သင်္ဂဇာဆရာတော်ရဲ့ပုံပြင်များစာအုပ်ဖတ်မိတော့ ဆရာကြီးက ကလေးတွေ မြန်မာစာ အညွန့်အဖူးတွေ နားလည်အောင် ပုံလေးတွေနဲ့ ရေးပေးတာနားလည်မိပါတယ်။
    တေဇရုပ်စုံတွေရော မီလိုက်သေးလား။
    ဦးဘကြည်ရဲ့ သရုပ်ဖော်ပုံတွေ သိပ်ကောင်းပါတယ်။
    ကျွန်မ ချစ်ချစ်ပါရှင့် ဆိုတဲ့ လစဉ်ကဏ္ဍလေးကလည်းကောင်းတာပါပဲ။
    နောက်ပြီး ရွှေစွန်ညိုဆိုတဲ့ ရုပ်ပြလည်း လစဉ်ဝယ်ဖတ်ခဲ့ရသေးတယ်။
    စွန့်စားခန်းနဲ့ စူံထောက်ဇာတ်လမ်းတွေထဲမှာ ပေါ်ဆန်းမွှေးနဲ့ သိဂီင်္ရွှေစင် ဆိုတာရှိသေးတယ်။
    ကြံ့ဗဟုံးနဲ့ဆို ခေတ်ပြိုင်လို့ပြောရမယ်ထင်တယ်။
    ကျွန်မတို့ အဖေက စာအုပ်ဝယ်တာ ကြည်ဖြူတော့ နယ်ကအိမ်မှာ စာအုပ်ဘီဒိုထဲ သိမ်းထားခဲ့တဲ့ ကာတွန်းတွေ တစ်ထပ်ကြီးပဲ၊ဆွေးတောင်ဆွေးပလား bookworm တွေ ကိုက်လို့ကုန်ပြီလား ကိုသစ်ပြောမှ ပြန်ပြေးကြည့်ချင်လာပြီ၊
    ကိုပေါက်ကို ရင်ကိုမှန်သောကာတွန်းများရေးခိုင်းထားတာ မေ့နေတယ်ထင်ပါရဲ့။
    ကိုသစ်ကိုပဲရေးခိုင်းချင်လာပြီ၊

    နောက်တစ်ခု လေးလေးနက်နက်ပြောချင်တာတော့ ၉ဝ မြောက်ပြီးရင် ရပ်တော့မယ်လို့ပြောတာ ကိုသစ်စာကို ကျွန်မတို့ စောင့်ဖတ်အားပေးနေတယ်ဆိုတာ မယုံလို့ပဲလို့ ရန်တွေ့ချင်တယ်။
    (တကယ်လည်း စိတ်ထဲ မကောင်းဘူး)
    ကျွန်မလည်း မအားတဲ့ အခါ ရွာထဲခဏ အလည်လာလိုက် မြင်တာလေးတွေ ဖတ်သွားမန့်သွားလိုက်နေသွားခဲ့တာပါပဲ။
    နည်းနည်းလေး အားရင်တော့ လူကြိုက်ကြိုက် မကြိုက်ကြိုက် post လေးတစ်ခု တင်ဖို့ကြိုးစားမိတာပေါ့။
    တင်ပြီးရင် မန့်လာတဲ့သူတွေကို ပြန်ဆွေးနွေးပေးတာလည်း ကိုသစ်ကိုအားကျလို့ လိုက်လုပ်ကြည့်တော့ အသစ်တစ်ခုရေးရ သလောက်ကို အချိန်ပေးရမှန်း ကိုယ်ချင်းစာပါတယ်။
    ကျွန်မတို့ discipline သမားတွေဟာ ကိုယ်ချတဲ့ စည်းကမ်းထဲမှာ ဘယ်သူလိုက်လိုက် မလိုက်လိုက် ကိုယ့်ဖာသာ ဘောင်ခတ်နေမိတာဆိုတော့ တခါတလေလည်း ဘောင်လေး နည်းနည်း ချဲ့ပြီး နေကြည့်ရအောင်။
    comment တွေကို စုပြီး နာမည်တွေ မတပ်တော့ပဲ စိတ်ထဲပေါ်တာလေးတွေပဲ ပြန် ဆွေးနွေးရအောင်။
    သဘောတူတာတွေ၊ကျေးကျေးတွေလျှော့ပေါ့နော။ မတူတာ ထူးခြားတာပဲ ပြန်ဆွေးနွေးမယ်လေ။
    မလတ်ရေးသလို သဂျီးဆာဗာကိုလည်း ငဲ့ညှာတာပေါ့။
    ပြန်ဧည့်မခံတာကိုလည်း အပြစ်မမြင် အားမလျှော့ပဲ မြင်တာတွေ မန့်ပေးကြဖို့ ဖတ်သူတွေကိုလည်း ပြောချင်ပါတယ်။
    သူများ post တွေ မဖတ်နိုင် မမန့်နိုင်တာ ပျက်ကွက်တယ် သဘောမထားပါနဲ့၊
    ကောင်းတာလေးတွေ ကိုဘလက်နဲ့ ဂီဂီက လက်တို့လိမ့်မပေါ့။
    ကျွန်မနဲ့ မမ ဆိုလည်း ကောင်းတာလေးတွေ လက်တို့နေကျ။
    အဲသလိုဆိုရင် ရွာနဲ့ အလှမ်းမကွာလောက်တော့ဘူးလို့ ဆရာလုပ်ချင်ပါတယ်။

    လေးစားစွာဖြင့်
    ပဒုမ္မာ

    • Khin Latt

      February 3, 2012 at 3:33 am

      အစ်မ ပဒုမ္မာရေ – ကောင်းတဲ့ မှတ်ချက်လေးမို့ ဝင်ဖတ်ရုံတင်မက ကောင်းကြောင်းတော့ ဝင်ပြောသွားချင်ပါတယ်။
      သူကြီး အပြောအရ ပြဿနာက Server Space မဟုတ်ဘူး ဆိုတာကြောင့် လဲပါပါတယ်။ 😀

      ချစ်ခင်စွာဖြင့်
      မလတ်

    • Khin Latt

      February 3, 2012 at 3:34 am

      အစ်မ ပဒုမ္မာရေ – ကောင်းတဲ့ မှတ်ချက်လေးမို့ ဝင်ဖတ်ရုံတင်မက ကောင်းကြောင်းတော့ ဝင်ပြောသွားချင်ပါတယ်။
      သူကြီး အပြောအရ ပြဿနာက Server Space မဟုတ်ဘူး ဆိုတာကြောင့် လဲပါပါတယ်။ 😀
      ချစ်ခင်စွာဖြင့်
      မလတ်

    • thit min

      February 3, 2012 at 9:10 pm

      အစ်မပဒုမ္မာရေ
      ကျနော် အစ်မ စာကိုဖတ်ရင်း ကိုယ့်ခေါင်းကိုပြန်စမ်းမိပါရဲ့ ဗျာ။
      အနားမှာများရှိရင် ခေါင်းခေါက်ခံရမယ်လို့ ထင်မိလို့ပါ။
      မောင်နှစ်မလို မျိုး ကိုယ့်မောင်လေးတယောက်ကို ပြောသလို ပြောနေလိုက်တာ ဝမ်းသာကြည်နူး
      မိပါတယ်ခင်ဗျာ၊ တကယ်ပါဘဲ။
      ကျနော်အပြီး ထွက်သွားမှာမဟုတ်ပါဘူးအစ်မရယ်။ တကန့်၊ ကန့်မယ်လို့ပြောတာပါ။
      ချိန်ခွင်လျှာပြန်ညှိရမယ်လို့ ဆိုလိုပါတယ်။ အလုပ်တွေနဲ့ တခြားကိုယ်ရေးကိုယ်တာတွေနဲ့
      တခြားမှာရေးနေရတဲ့စာတွေနဲ့ ဂေဇက်ကို မျှအောင်ပြန်ချိန်ဘို့ လို အပ်လာလို့ပါ။
      ပြီးရင် ပြန်လာရေးမှာပါဗျာ။ (ကြောက်ပါတယ်၊ မလာဘဲမနေဝံ့ပါဘူးနော်) 🙂
      ——————
      ကာတွန်းတွေအကြောင်းထက် ကျနော်ငယ်ငယ်က သူများနဲ့ မတူဘဲ ဆော့တာတွေ ရေးချင်တယ်။
      ဥပမာ ဗျာ။ ဘာမီတွန်၊ဒိုင်ယာဇီပန်၊ဖီနို၊ ဘီလီယမ်ဖိုက်၊ဘီလီယမ်တဲန်း တွေကိုအမှုန့်ကြိတ်ပြီး ဆန်ကွဲနဲ့
      ရောပြီး စာကလေး တွေကိုကြွေး၊ မူးပြီးမပျံနိုင်တော့ဘူးပေါ့နော်။
      ဝဋ်လည်တာတွေပါရေးရမယ်ထင်ပါ့ နော်။ ဟဲဟဲ။
      ——————–
      ကျေးဇူးပါခင်ဗျာ။
      ခင်မင်လေးစားလျှက်
      မောင်သစ်မင်း

  • ba gyi

    February 4, 2012 at 1:16 pm

    အစ်မခင်လတ်က ကာတွန်းအကြောင်းပြောတော့
    ကျနော်ငယ်ငယ်က ဖတ်ရတဲ့ ဆရာမောင်ဝဏ္ဏ ဇတ်ကောင်
    သမိန်ပေါသွပ်ကြီးသွားသတိယတယ်
    သမိန်ပေါသွပ်ကို ဟေ့ကောင်ကျွန်စုပ်တဲ့သရက်စေ့လို့ပြောလို့
    ပေါသွပ်ကပြန်ပြောတာ— ၊ အေးကွ ကျွန်စုပ်တဲ့သရက်စေ့က အစေ့ကျန်သေးတယ်
    မင်းတို့လို သခင် စုပ်တဲ့သကြားလုံးက အရည်ပျော်ပြီး ဘာမှတောင်မကျန်တော့ဘူးဆိုတာလေးပါ။
    သဘာဝရဲ့ sattire ကလေးပေါ့ဗျာ။ခေတ်နဲ့ထင်ဟပ်လိုက်ပုံများ။

Leave a Reply