ဒဂုံတက္ကသိုလ် မှ သုံးဆယ်မြို့သို့ … ။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ကျွန်တော် အနားမရခဲ့ပါဘူး။
စနေနေ့မှာ သူငယ်ချင်းတစ်ယောက် ရဲ့ သမီးလေး ဒဂုံတက္ကသိုလ်မှာ ဘွဲ့ယူလို့ အကူအညီတောင်းသဖြင့်
လိုက်ပို့ခဲ့ရပါသည်။ ခေတ်သစ်ဘွဲ့နှင်းသဘင် ယဉ်ကျေးမှုတစ်ခုကို ရွာသူရွာသားတွေလည်း သိထားရအောင် ဓါတ်ပုံလေးတွေ
ရိုက်လာခဲ့ပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းတွေလည်း အလွမ်းပြေပေါ့ဗျာ။
ရန်ကုန်တက္ကသိုလ် ကို ကန့်ကော်တောလို့ ခေါ်ကြတယ်ဗျ။ ဒဂုံတက္ကသိုလ်ကိုတော့ စွယ်တော်ရိပ်လို့ အမည်ပေးသင့်တယ်။
တကယ်ကို စွယ်တော်ပင်တွေ ကြီးပဲ တွေ့ခဲ့ရလို့ပါ။ လှတယ်ထင်လို့ ရိုက်ခဲ့တဲ့ စွယ်တော် ရွက်ကလေးတွေပါ။
ဒါက စနေနေ့မှာ ရောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်ထဲမှာ ရိုက်ခဲ့တာပါ။
တနင်္ဂနွေ နေ့ မနက်စောစောမှာတော့ သုံးဆယ် ဆရာတောကြီး ရှိနေတဲ့ ရန်ကုန်-ပြည်လမ်းနံဘေးက
သုံးဆယ်မြို့လေးဆီ မိသားစုလိုက် ချီတက်ခဲ့ကြပါတယ်။
ဆရာတော်ကြီးကို ဖူးမျှော်ဘူးသူတွေလည်း ရွာထဲမှာ ရှိချင်ရှိမှာပါ။
ဆရာတော်ကြီးက အိပ်ယာပေါ်မှာပဲ ပိုက်တန်းလန်းနဲ့ ပါ။
လာရောက်ဖူးမျှော်သူ မှန်သမျှကို သက်သတ်လွတ်နို့ခေါက်ဆွဲ ကျွေးမွေးဧည့်ခံပါတယ်။
အမြဲတမ်း မျက်လုံးကို မှိတ်နေတော်မူပါတယ်။ လူနှစ်ယောက်ကတွဲပြီး စင်္ကြန်လျှောက်တယ်ဆိုတဲ့
အချိန်မှာလည်း ဆရာတော်ကြီးက ခြေထောက်မထောက်နိုင်ရှာပါဘူး။
တချို့အတွေးလေးတွေကို ဒီနေရာမှာ ကျွန်တော် ပြောပြချင်ပေမယ့် သတ္တိမရှိတာကြောင့် မပြောတာကိုတော့
နားလည်ပေးကြပါ။ ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။
20 comments
Moe Z
January 30, 2012 at 1:42 pm
ဘဘဘလက်ရေ ဒဂုံတက္ကသိုလ် ရေပန်းအဝိုင်းထဲက ပတ္တမြားတုံးကြီးကို ကျောင်းသားတွေကတော့ အမဲသားတုံးကြီးလို့ခေါ်ကြတယ် 😛
စွယ်တော်ရွက်ပုံလေးက colorful ပဲ တော်တော်လှတယ်
အပြင်မှာကြည့်ရင်တော့ အဲလောက်လှမယ်မထင်…
စိန်ပေါက်ပေါက်
January 30, 2012 at 1:58 pm
ဆရာတော်ကြီးရဲ့ ဘာခေါ်မလဲ ဇွဲလား..
မထနိုင်တာကို ရအောင် စင်္ကြလျှောက်နေတာကိုပြောတာပါ.
ပန်းလေးတွေ လှသဗျာ.
ဒဂုံကတော့ စိတ်အလေဆုံးနေရာပါ..ကျနော် ဘွဲ ့မရတာ..
တက္ကသိုလ်ကို ချောင်ထဲပို ့ထားတာကြောင့်လဲ ပါတယ်
သုံးနှစ်တိတိ တက်တယ်
တစ်နှစ်ကို ၅ ရက်လောက်ပဲ ရောက်တယ်
နောက်ဆုံးနှစ် သွားအပ်တဲ့ နေ ့ပဲ ရောက်တယ်..
သွားရတာ..ရေလည်ဝေးတယ်ဗျာ..
ကျနော် အပင်ပန်းမခံနိုင်ဘူး..
ဒါကြောင့် ဘယ်မိန်းမမှလဲ မကြိုက်ဘူး
ဒါကြောင့်
ကျနော်..
လူပြိုဂျီးဖစ်မှာပါဂျာ..လူပြိုဂျီးဖစ်မှာပါ
😥
thit min
January 30, 2012 at 2:23 pm
ကိုဘလက်ရေ
ကျောင်းလောကနဲ့ အဆက်မပြတ်တဲ့ခင်ဗျားပါဘဲဗျာ။
ခင်ဗျား လဲ ဓာတ်ပုံအက်ဆေးဆန်လာသလိုပဲနော့။(ကိုယ်ပိုင်အမြင်ပါ)
အပေါ်ဆုံးပုံရဲ့ မိသားစုမှာ ရိုက်ပေးသူက ကိုရင်လေး။
ဓာတ်ပုံအရိုက်ခံမိသားစုရဲ့ ပုံစံလေးတွေကလဲ ရိုးရိုးသားသားပုံလေးတွေ။
စဉ်းစားရင် စဉ်းစားသလောက် အတွေးနယ်ချဲ့နိုင်တဲ့ပုံလေးပါဘဲ။
ပြီးတော့ စွယ်တော်ရွက်တွေကလဲ အာရ်စီ ဘေးက သက်တော်ရှည်စွယ်တော်ပင် ကြီးကို
သတိရစေတယ်ဗျ။သူ့ခမြာ သူများရီးစားစကား ပြောတဲ့အထဲကန့်လန့် ကန့်လန့်နဲ့ပေါ့ဗျာ။
ဘွဲ့နှင်းသဘင်နေ့ရက်တွေကိုလည်း ပြန်သတိရသွားတယ်ဗျို့။
အဲဒါကတခု။
နောက်တခုကတော့ သုံးဆယ်။
ဆရာတော်ကြီးက ကျန်းမာရေးတော်တော်ချို့တဲ့သွားပြီဘဲနော်။
ဖူးမြင်လိုက်ရလို့ကျေးဇူးပါ။
ကျနော့မှာ သုံးဆယ်နဲ့ပါတ်သက်တဲ့အကြောင်းအရာတွေ အများကြီးဗျ။
ကြုံမှပြောပြပါအုန်းမယ်။ ဒါးလွတ်ကိုင် လူမိုက်တွေအကြောင်း။ အသားရော်၊အသားနော်ဘက်က
အပြင်းပြေလူသတ်တဲ့လူတွေ၊ အရက်တလုံးပေးတာနဲ့ အငှါးသတ်ပေးတဲ့ လူတွေပေါ့ဗျာ။
စီးပွါးရေးကောင်းပြီး စည်ကားတဲ့မြို့ငယ်လေးပါဘဲဗျာ။
ခင်ဗျားကလဲ အပေါင်းအသင်းကများ၊ကူလဲကူညီတတ်ပါတယ်။
~~~~~~~~~~~~
ခင်ဗျား ဓာတ်ပုံတင်တာနဲ့ အောက်က ကလေးက ကြော်ငြာဝင်တာနဲ့ ဘာမှလဲဆိုင်ဘူး။ 🙂
TTNU
January 30, 2012 at 2:35 pm
ကိုသစ်
တို့(၃၀)မထိနဲ့။ 😛
ဆရာစံစခဲ့တဲ့ တော်လှန်ရေးတို့
ဒေါ်သနုမွေးရပ်မြေတို့
ဥက္ကံ သုံးဆယ် ကျုပ်ပြန်ဦးမယ်
အပျိုတွေပေါတဲ့ လှိုုင်ဘောလယ်တို့
သုံးဆယ်မုန့်ဟင်းခါးတို့
ဘာတို့ ညာတို့…..လား။
thit min
January 30, 2012 at 3:36 pm
ဆောရီးပါတီချယ်ရေ။ ပြောချင်တာတွေက ကောင်းတာတွေလဲပါပေမဲ့
စိတ်ထဲအရင်ရောက်လာတာကို လွှတ်လိုက်မိလို့ပါ။
လူမိုက်တွေထဲမှာ ကောင်းသောလူမိုက်တွေ (အမှန်တရားအတွက် မိုက်တဲ့သူတွေ)
အကြောင်းသတိရသွားတာလဲပါတာပေါ့နော်။
သာမန်စာရေးလေး ဘဝကနေ သူဋ္ဌေးကြီးဖြစ်သွားတယ် ဆိုတာတွေလဲ သုံးဆယ်နဲ့ ပါတ်သက်တဲ့
အကြောင်းလေးတွေပေါ့ခင်ဗျာ။
ဆရာစံနယ်မြေဆိုပြီး နဂါးကိုဂဠုန်စီးထားတဲ့ ပုံကိုပြန်သတိရလိုက်လို့
နဲနဲ တောင် လန့်သွားတယ် (တီချယ်)ကို။ဟဲဟဲ 🙂
TTNU
January 30, 2012 at 2:29 pm
ကိုချောရေ…
တစ်ခါမှမရောက်ဖူးသေးတဲ့ ဒဂုံတက္ကသိုလ်ပုံတွေ ကြည့်ရလို့ ကျေးဇူးနော်။
သုံးဆယ်ဆရာတော်ကြီးအကြောင်း လျှပ်တစ်ပြက်မှာဖတ်ဖူးလိုက်ပါတယ်။
တကယ်တော့ တီချာက အဝေးရောက် သုံးဆယ်သူပါ။ ပြီးတော့ ကိုချောလိုပါပဲ။
(တချို့အတွေးလေးတွေကို ဒီနေရာမှာ ကျွန်တော် ပြောပြချင်ပေမယ့်
သတ္တိမရှိတာကြောင့် မပြောတာကိုတော့နားလည်ပေးကြပါ။)
ကိုယ့်ကိုယ်ကိုနားလည်ပေးနေရတယ်။
blackchaw
January 30, 2012 at 2:53 pm
Moe Z – စွယ်တော်ရွက်ပုံလေးတွေက အပြင်မှာ ပိုလှပါတယ်။
ဘွဲ့နှင်းသဘင်ကြီး ဘေးပတ်ချာလည် တစ်ခုလုံး စွယ်တော်တွေ အများကြီးပဲဗျ။
သူကြီးဆာဗာကို အားနာလို့ အမွှာပူး ပို့စ်တစ်ခု မွေးထုတ်လိုက်တာပါ။
ကောင်းတယ်လို့ထင်ထားတဲ့ စွယ်တော်ပုံလေးတွေ ကျန်သေးတယ်။
အရင်ဆုံးပေးတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
စိန်ပေါက်ပေါက် – ပေါက်ဖေါ်ဆိုတဲ့ နာမည်လေးပဲ ခေါ်လို့ကောင်းပါတယ် လူပျိုကြီးရယ်။
ကိုသစ်မင်း – ဟုတ်တယ်ဗျ။ အက်ဆေးတစ်ပုဒ်လို ခံစားလို့ရစေချင်တာ။ သုံးဆယ်ဆရာတော်ကြီးကို အနီးကပ် ဖူးခွင့်ရခဲ့ပါတယ်။ ဘယ်လိုခံစားရလဲလို့ မေးရင် စိတ်မကောင်းဖြစ်မိခဲ့ပါတယ်လို့ပဲ ပြောပါရစေဗျာ။
TTNU – အစဉ်အလာကြီးတဲ့ သုံးဆယ်မြို့သူ ဖြစ်တယ်ဆိုလို့ ဂုဏ်ယူပါတယ် တီချာကြီးရေ။
windtalker
January 30, 2012 at 3:21 pm
လေးစားပါဒယ် အကိုကြီး
ညီလေး ကို ကွန်မင့် ပေးခွင့်ပြုပါ ။
စိတ်အနှောင့်အယှက်ဖြစ်ရင် အက်ဒစ်မှာပြင်ပါခင်ဗျား။
လောလောဆယ် မန် ့ပါရစေ ။
………………..
ဒဂုံမှ သုံးဆယ်
ကြုံရ ဖုန်းဝယ်
အကုန်လှ ပြုံးတယ်
ခြုံဝ ငုံးငယ်
အုံကြွ ပုန်းမယ်
………………..
နှာကိုယ်တော် မောင်မောင်ဇာ
January 30, 2012 at 3:27 pm
အဲ့ဒီစွယ်တော်ရွက်တွေပေါ့ဗျာ ….(ပြောတော့ပါဘူးလေ…)
အဟဲ …အထင်ခံရလည်း မနည်းဆိုပြီး ရေးချလိုက်တာ …
မပြောတော့ဘူး ဆို ပြောစရာမှ မရှိတာ ….ဟီးဟီး…
ဒဂုံ တက္ကသိုလ် ကျနော် မရောက်ဖူးဘူးဗျို့ ……
မမြင်ဖူးတဲ့မြင်ကွင်းတွေအတွက် ကျေးဇူးပါလို့ ….
ခင်တဲ့.
amatmin
January 30, 2012 at 3:41 pm
ကိုဘလက်ရေ..
သုံးဆယ်ကိုမရောက်ဖူးဘူး..
ဆရာတော်ကို မဖူးဘူးသေး ဘူး..
စွယ်တော်ရွက်ပုံ လှလှမမြင်ဖူးဘူး..
တင်ပေးလို့ ကြည့်ရတဲ့အတွက် ကျေးကျေးအထူးပါ..
ဒါနဲ့ ဆရာတော်ကြီး စင်္ကြန်လျှောက်တာကိုမြင်ရတာ စိတ်မသက်သာဘူး.. 🙁
blackchaw
January 30, 2012 at 7:16 pm
windtalkr – ကွန်းမန့်ပေးတာပဲ ကိုပေရယ်။
ခွင့်တောင်းနေရသေးတယ်။ ကဗျာကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
ဂီဂီ – မောင်မောင်ဇာ ဆိုတာကြီးရဲ့ ရှေ့က ဘွဲ့ကြီးက ခေါ်ရတာ မနိပ်လှဘူး။
အဲဒီ စွယ်တော်ရွက်တွေက (မှန်သောစကားကို ဆိုတာပါ ယုံချင်ယုံ မယုံချင်နေပါ)
ဂီဂီ တစ်ခါက ရိုက်ခဲ့ဘူးတဲ့ သစ်ရွက်ကြွေပုံလေးတွေကို အားကျပြီး ပုံပေါင်း ၅ဝ လောက်ထဲက
ရလာတဲ့ ပုံလေး နှစ်ပုံပါ။ ပုံလေးနဲ့ ပတ်သက်ပြီး နည်းနည်း ဝေဖန်ပေးစေချင်တယ်။
အားမနာပါနဲ့။ တကယ်ကို အဲဒီလိုပုံလေးတစ်ပုံလောက်ရချင်နေတာ ပါဗျာ။
http://myanmargazette.net/84320/travel/photography-pictures-galleries-wallpapers-photo-tips အဲဒီပို့စ်ထဲက ရွက်ကြွေတောဆိုတဲ့ ပုံလေးကို မျက်စိထဲမြင်ပြီး ရိုက်ထားတာပါ။ အခုပြန်ကြည့်တော့ တူလည်းမတူပါဘူး။
amatmin – စိတ်မသက်မသာ ဖြစ်ရတာ အတူတူပါပဲ အမတ်မင်းလေးရေ။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 30, 2012 at 8:24 pm
အပျိုဖက်မယ့် ကိုဘလက်
စွယ်တော်ရွက်ပုံတွေ
အရမ်းကို ကဗျာဆန်ဆန်နဲ့ လှတယ်ဗျို့
ဒဂုံတက္ကသိုလ်ကကျောင်းသားမဟုတ်တော့ အဲဒီကျောင်းကို မရောက်ဖူးဘူး
အခုမှပဲ မြင်ဖူးတော့တယ် ….
စွယ်တော်ရွက်မြင်တိုင်း အချစ်ဦးပေးတဲ့ စာနဲ့သစ်ရွက်ကလေးကို သတိရမိရဲ့ (ဤစာအား အမျိုးသမီးများမမြင်ရ) … 😛
Thel Nu Aye
January 30, 2012 at 8:42 pm
အောင်မယ်လေး။ ဘွဲ့နှင်းသဘင်မြင်ရင်အလိုလိုချွေးထွက်လာတယ်။ ကျွန်မတို့တုန်းက RC 2 ကနေ ပထမဆုံးအသုတ်မဲဇာ ( ဒဂုံ )ပို့ခံရတာလေ။ ဘာမှမပြီးသေးဘူး။ ရွှံဗွက်တွေ ထဲရုန်းရင်းကန် ရင်းနောက်ဆုံးနှစ်ပြီးရတာ။ ပြီးလဲပြီးရောပထမဆုံးအသုတ်ဘွဲ့ပေးတာ။ မှတ်မှတ်ရရ ဧပြီလ ၂ ရက်နေ့။ ဘွဲ့နှင်းသဘင်ထဲမှာ aircon မတပ်ရသေးဘူး။ စဉ်းစားကြည့်ကြပါ။ ဘွဲ့ဝတ်စုံအထူကြီးတွေနဲ့ aircon မရှိ၊ သစ်ပင်မရှိနဲ့ ဧပြီအပူရှိန်ကိုအံတုရင်းဓါတ်ပုံတောင်မရိုက်နိုင်ခဲ့ပါဘူး။ ချွေးထုပ်ခန်းတောင်သူ့လောက်ချွေး ထွက်မယ် မထင်ပါဘူး။
kai
January 31, 2012 at 4:49 am
ကန့်ကွက်ပါတယ်…
စွယ်တော်ရိပ်.. စွယ်တော်ပင်တွေလွှမ်းနေတဲ့… တက္ကသိုလ်ကြီးတခု ရှိနေသေးလို့ပါ…။
၈၈ အရေးတော်ပုံရဲ့.. ပထမတက္ကသိုလ်ကြီးပါနော…။ 🙄
Khin Latt
January 31, 2012 at 6:59 am
ကိုဘလက် ရေ –
ရေပန်းကြီး လဲ ကြည့်သွားတယ်။ ချစ်စရာ ကောင်မလေး တွေ ကိုလဲ ကြည့်သွားတယ်။ အဝါရောင် ခေါင်းပေါင်း အဝါရောင် ပုဆိုး နဲ့ ရွှေအဆင်း ကဲ့သို့လင်းနေသူ ကိုလဲ အားပေးသွားတယ်။
ဆရာတော်ကြီး ကိုဖူးခွင့်ရလို့ လဲ အထူးကျေးဇူးတင်ပါတယ်။
သုံးဆယ် မုန့်ဟင်းခါး စားဘူးတယ်။
ဒဂုံတက္ကသိုလ် ဆိုတာ ကြားဘဲကြားဘူးတာ၊ အခုမှ ရောက်ဘူး သွားပါ၏။
သတင်းဓာတ်ပုံ တွေ တင်ပေးလို့ မမြင်ဘူး၊မတွေ့ဘူး တာတွေ မြင်တွေ့ သွားရလို့ သင်းကရုပါ။ 😀
အဲဒါ နေ့ချင်းပြန်ခရီးလား?
တစ်ခြား စွယ်တော်ရိပ် ကို မမ နဲ့ ဝေဝေ သိမှာပေါ့။ ဘယ်မေ့ကြလိမ့်မလဲ။ 😉
blackchaw
January 31, 2012 at 8:29 am
King – ကျေးဇူးပါ ကင်းရေ။
Thel Nu Aye – အော် ဒဂုံတက္ကသိုလ် ကျောင်းသူ စစ်စစ်ကြီးပဲဗျ။ အခုတော့ ဘွက်တွေ ရွှံ့တွေ
မရှိတော့ပါဘူး။ နည်းနည်းဝေးတာ တစ်ခုပါပဲ။
kai – စက်မှု တက္ကသိုလ်ကြီးကို စွယ်တော်ရိပ်လို့ ခေါ်ခဲ့တာ ကျွန်တော် တကယ်မသိဘူး သူကြီးရေ။
ပြောပြပေးတာ ကျေးဇူးပါ။ အခွင့်အရေးရရင် စက်မှုတက္ကသိုလ်ထဲက စွယ်တော်ရွက်တွေကို
ဓါတ်ပုံရိုက်ပါဦးမယ်။
Khin Latt – နေ့ချင်းပြန်ပါ အစ်မလတ်ရေ။ ရန်ကုန်ကနေ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ ပြီးရင် သုံးဆယ်ကို
ရောက်ပါပြီ။ ကားမောင်းချိန် ၂ နာရီ ခွဲလောက်ပဲ ရှိပါတယ်။ မိုင် ၈ဝ ပတ်ဝန်းကျင်လို့
ထင်ပါတယ်။ သေချာ မကြည့်လိုက်မိလို့ပါ။
ba gyi
January 31, 2012 at 10:07 am
မာစတာ ဘလက်ကြီးရေ၊ပညာရှာတက္ကသိုလ် ကြီး မှာ ပညာတတ်လို့ ကင်ပွန်းတပ်လို့ရတဲ့
ပညာတ် မြင်ကွင်းမှသည်- သက်တာ်ရှည်၊ဝေဒနာခံစားနေရသောဆရာတော်ကြီး၏၊မလျှော့သောဇွဲဖြင့်လုံးလ
ပြုရှာဖွေသော ပရမတ်သဘောကိုနှိုင်းယှဉ်လို့သံဝေဂရမိပါတယ်ဗျာ။
တစ်ခါ ၊ငယ်ရွယ်သူတွေရဲ့ဝန့်ကြွားဂုဏ်ယူမှတ်တမ်းတင်နေတဲ့ဟန်တွေရဲ့ပုံရိပ်တွေအကြားမှာ၊စိမ်းရာမှဝါ၊
ဝါရာမှရော်ပြီးကြွေုုလုလု စွယ်တော်ရွက်ကလေးတွေကလည်း သင်္ခါရသဘောနှင့် ဆက်နွယ်ထင် ဟပ်နိုင်ပါသ ဗျား၊သည်ဓါတ်ပုံ အစုအဝေးကလေးကို – သင်္ခါရ မြင်ကွင်း လို့ ကျနော် တပ်ပါသဗျား။
blackchaw
January 31, 2012 at 10:22 am
ဘကြီးရေ။
သင်္ခါရ မြင်ကွင်း တဲ့လား။
ဘာပဲပြောပြော ကျွန်တော် ကျေနပ်ပါတယ်ဗျာ။
ကျေးဇူးလည်းတင်ပါတယ်။
လင်းဝေ
January 31, 2012 at 12:41 pm
ရှင်းရှင်းပြောပါလား ဘာတွေးမိတယ်ဆိုတာ။ ကြောက်မနေပါနဲ့။
အဲဒီ သုံးဆယ် လူမိုက်တွေအကြောင်း ကြားဖူးတယ်ဗျ။ ဦးဘောဂ တို့ဘာတို့။
သိသလောက် သုံးဆယ်မြို့ပြင် က မဟာဂန္ဓာရုံကျောင်းကတော့ ဝိနည်း စည်းကမ်း တကယ်မှန်တယ်ဗျို့။
aungnng87
January 31, 2012 at 1:05 pm
ဒဂုံတက္ကသိုလ်ကိုတော့မရောက်ဖူးဘူး။ ဒါကြောင့်ဒဂုံတက္ကသိုလ်ရဲ့ပုံတွေကိုကြည့်ရှုခံစားသွားပါတယ်။ သုံးဆယ်ကိုတော့ရောက်ဖူးပါတယ်။ ၂၀၁ဝ တုန်းက ရန်ကုန်အပြန် တစ်လအတွင်းကိုဘဲ၃ခေါက်လောက်ရောက်ခဲ့ပါတယ်။ ကိုယ်ကလည်း ပထမတခေါက်သွားတုန်းကဆုတောင်းလိုက်တာကိုး။ နောက်ထပ် ထပ်လာပြီးဆရာတော်ကြီးကိုဖူးပါရစေဆိုပြီးတော့…။အဲဒီတုန်းကဆိုရင်ဆရာတော်ကြီးကအခုလိုတောင်လူတွဲ
နဲ့လမ်းမေလျှောက်နိုင်ပါဘူး။ ကုတင်ပေါ်မှာဘဲလျှောင်းနေတာပါ။ လူတွေကအလုအယက်တန်းစီပြီး ဖူးရတာပါ။ ပြီးတော့သတ်သတ်လွတ်ကျွေးတဲ့ထမင်းစားဆောင်ကို အလုအယက်တန်းစီရတာပါ။ မစားချင်ရင်လည်းရပါတယ်။ ဒါပေမဲ့ကိုယ်တွေကတော့ ဒီလောက်တောင်လာပြီးမှ ရအောင်တိုးစားမယ်ဆိုပြီး
ကြိုးစားပမ်းစားကိုတိုးရတာပါ။ အစ်မဆိုရင် မူးလဲသွားမလိုတောင်ဖြစ်ခဲ့ပါတယ်။ ကျေးဇူးဘဲဘလက်ရေ…ဆရာတော်သက်ရှိထင်ရှားရှိနေသေးကြောင်းသိရလို့။ ဆရာတော်ကြီးကျန်းမာပါစေလို့ဆုတောင်းပါတယ်။