ကျွန်ုပ်နှင့် တစ်သက်စာအလွဲများ (၅)
“When I was younger” ကျွန်ုပ်ရမ်းကားစဉ်အချိန်….
(၁၀)တန်းအောင်ပြီးနောက်…
ရန်ကုန်ကို စရောက်တဲ့အချိန်… မင်္ဂလာဒုံဘက် အဒေါ်တစ်ယောက်အိမ်မှာ ခိုနားတုန်းကပေါ့…
ကျွန်တော်က မနက်ပိုင်း (၇)နာရီဆိုရင် မြို့ထဲလမ်း(၅၀)နားမှာရှိတဲ့ ကွန်ပျူတာသင်တန်းတစ်ခုမှာ သင်တန်း တွေတက်ခဲ့တယ်…
မင်္ဂလာဒုံကနေပြီးတော့ မြို့ထဲကို (၇)နာရီအမီရောက်ဖို့ မနက် (၅)နာရီလောက်ထပြီး ပြင်ရဆင်ရနဲ့ မနက်ပိုင်း စောစောကားစောင့်ရတာလဲ အချိန်ပေးရတာပေါ့…
ကျွန်တော်က Bus လမ်းကြောင်းကို သေချာမကျွမ်းကျင်တာလဲပါတာပေါ့ဗျာ…
ရောက်မယ့် နံပါတ်ကိုမှတ်ထား… အဲဒီကားစောင့်စီးကိုး…သိပ်မှမသွားတတ်တာ…အဲဒီတုန်းက တောသား
အထူးသဖြင့် မနက်စာကို သင်တန်းအောက်က လက်ဘက်ရည်ဆိုင်မှာပဲ အဆင်ပြေသလိုပြီးနေကြပေါ့…
တစ်နေ့တော့…
မနက် (၅)နာရီလောက်အိပ်ယာလူးလဲထပြီး ရေချိုး၊ မျက်နှာသစ် အဝတ်အစားလဲပြီးတော့
လမ်းထိပ်ကိုထွက်တယ်… (၅၁) Bus ကိုစောင့်စီးခဲ့တယ်…
ကားကြီးက အချောင်ကြီးဆိုပေမယ့် ထိုင်ခုံအားလုံးတော့ ပြည့်နေတယ်ပေါ့ဗျာ…
ကျွန်တော်က MP3 လေးနားကြပ်တပ်ပြီးတော့ အေးရာအေးကြောင်းကားစီးလာခဲ့တယ်…
ကားက တစ်နာရီလောက်စီးရမှာမဟုတ်လားဗျ…ဗိုက်ထဲက ပိုးမျိုးထောင်သောင်းကတော့ သူတို့ဝမ်းရေးအတွက်တောင်းဆိုနေကြပြီလေ…
ကားချောင်တယ်ဆိုတာ…Bus စီးနေကျသူတွေအတွက်တော့ သုခတစ်ပါးမဟုတ်ပါလော….
အဲဒီလိုနဲ့ (၈)မိုင်လမ်းဆုံအရောက်…
ကောင်မလေးတစ်ယောက်ကားပေါ်တက်လာခဲ့တယ်…
ကောင်မလေးက အရပ်က (၅)ပေမရှိတရှိ…သေချာတိုင်းကြည့်ရင် ပြည့်မယ်မထင်…
ထမိန်စကပ်ခပ်ကြပ်ကြပ်လေးဝတ်ထားတယ်။ စီးထားတဲ့ဖိနပ်ကလဲ ဒေါက်တိုတိုလေးနဲ့…
လက်ထဲမှာလဲ မုန့်ဟင်းခါးတွေကို (၆)ဆင့်ဂျိုင့်နဲ့ အပြည့်…မွှေးလို့ဗျ…တင်တင်အေးဆိုင်က ဝယ်ခဲ့ထင်ပါ့…
သူ့မုန့်ဟင်းခါးနံ့ကလဲဗျာ…မနက်စောစော ဘာမှမစားလာရသေးတဲ့ ရုံးကန်လှုပ်ရှားသူတွေကို တကယ်သောကရောက်စေတယ်..
သရော်နေသယောင်ပေါ့…
သူက ကားပေါ်လဲရောက်ရော…
အတက်အဆင်းပေါက်ရဲ့ ညာဘက်မှာနေရာယူလိုက်တယ်…အထက်ကလက်ကိုင်ကွင်းကို ဆွဲကိုင် ခြေဖြားလေးကိုထောက်ပြီး ကြျွကြွရွရွလေးထောက်ပြီး ကြွကြွရွရွလေး မတ်တပ်ရပ်လိုက်တယ်…
ကျွန်တော်က ဒရိုင်ဘာအနောက်ဘက် အတက်အဆင်းအပေါက်ရဲ့ ဘယ်ဘက်အခြမ်း…
သူနဲ့ ကျွန်တော် အတက်အဆင်းအပေါက်ခြားလို့ နဲနဲလှမ်းတယ်ဆိုရမှာပေါ့…
ကန္ဒရီ၊ ကန္ဒရာလိုဆိုရင် နှစ်(၇၀၀)ငိုရမယ့်အဖြစ်မျိုးပေါ့…(ဘာမှတော့မဆိုင်ဘူး)
(၈)မိုင်ကနေ ကားပြန်စထွက်တော့ လှည်းတန်းအရောက် ခရီးသည်လုဖို့ ကားကလဲ အရှိန်မြှင့်မောင်းပြီလေ…
ကားလိုင်းတွေကလဲ ပိုများလာတော့ ဝမ်းရေးရော၊ ဝါသနာပါယှဉ်ပြီး…ပြိုင်ကြတော့တာပေါ့…
အဲဒီမှာ ကလေးနှမ ပြသနာစလို့ ဒယိမ်းဒယိုင်နဲ့ ကားပေါ်မှာ ကြိုးနဲ့ တန်းလန်းကြီးဆွဲထားသလို
ထမိန်စကပ် ကလဲကြပ်ရှာ ထင်ပါ့…ဖိနပ်ကလဲ ဒေါက်နဲ့ ခြေဖြားလေးထောက်ပြီး…
(၆)ဆင့်ဂျိုင့်ကြီးကိုင်လို့
ဟော…ဘယ်ဘက်ကို လည်သွားလိုက်၊ ဟော…ညာဘက်ကို လည်သွားလိုက်…
သူဖြစ်နေတဲ့ပုံကို လူတော်တော်များများ မြင်ကြပေမယ့် ဂရုမစိုက်ကြဘူး… ငိုက်သူလိုက်၊ ငေးသူငေး၊ တွေးသူတွေးပေါ့…
ကျွန်တော့မှာ ရယ်လဲရယ်ချင်…သနားလဲသနားလို့…အနားတိုးသွားပြီး..ဂျိုင့်ပေးထားဖို့ပြောပါတယ်….
သူက သူ့မုန့်ဟင်းခါးတွေပဲ နှမြောလို့လား…သူ့ကြောင်တယ်ထင်လို့လား မသိဘူး…
“ရတယ်” တဲ့…ခပ်ပြတ်ပြတ်လေး ပြန်ပြောတယ်…ကျွန်တော့်မျက်နှာက ပြုံးစိစိဖြစ်နေတာလဲပါတာပေါ့နော်…
အဲလိုနဲ့ လှည်းတန်းလဲရောက်ရော…လူတွေမြန်မြန်တင်ပြီး
ကြာတတ်တဲ့လှည်းတန်းပွိုင့်ကိုမီဖို့ ဒရိုင်ဘာက Speed ကိုတင်အချိန်ကိုက်အဖြတ်၊ ခြုံကြားက ယာဉ်ထိန်း ကလဲခလုပ်ကိုအနှိပ်…
အစိမ်းနဲ့ အနီကြားမှာ… “ကျွိ” ဆိုတဲ့ဘရိတ်အုပ်သံနဲ့အတူ အနှီ..မုန့်ဟင်းခါး (၆)ဆင့်ဂျိုင့်နှင့် ကလေးမခင်ဗျာ…
လိမ့်ကာ..လိမ့်ကာ..လိမ့်ကာဖြင့်…ခြေလွတ်လက်လွတ်…
မုန့်ဟင်းခါးဂျိုင့်ပူပူကြီးကလဲ…ဗွမ်းဂလုံဂလွမ်နဲ့ ကျွန်တော့် ခြေထောက်ပေါ်အကျ…
ကားတစ်စီးလုံးလဲ မုန့်ဟင်းခါးနံ့ မွှေးသထက်မွှေးလာ…
ခရီးသွား မုန့်ဟင်းခါးများလဲ (၈)မိုင်ကနေ လှည်းတန်းမှာပင် ဂိတ်ဆုံးသွားပါတယ်…
ဟန်အပြည့်နဲ့ မူပိုတဲ့ကောင်မလေးတော့ တမဟုတ်ချင်း ချိနဲ့နဲ့ငိုယိုတဲ့ကလေးမဖြစ်သွားပြီး…
ကျွန်တော်လဲ သင်တန်းမရောက်ပဲ ဆေးခန်းကိုရောက်သွားပါတော့တယ်…
(၆)ဆင့်ဂျိုင့်နှင့် အရပ်ပုပုကောင်မလေးများ မုန့်ဟင်းခါးဝယ်လာတိုင်း..ကြောင်ဝတုတ်ကို သတိရကြသည်…
ကြောင်ဝတုတ်
၂၀၁၂ခုနှစ်၊ ဒုတိယလပိုင်း
ရန်ကုန်။
9 comments
နှာကိုယ်တော် မောင်မောင်ဇာ
February 1, 2012 at 1:43 pm
ဖြစ်ရမယ် ကိုဝတုတ်ရယ်… ခင်ဗျားမလဲကြုံလိုက်ပီဆိုရင်ဖြင့်..
များများသာရေး ကိုယ့်ဆြာ ရေ့ …
များများရေးပီး လုံးချင်း၁အုပ်စာ စုမိစောင်းမိ ပီဆိုရင်ဖြင့် …
ကိုယ့်ဆြာ ငိုအား-ရယ်အား-ဟာသများ ထုတ်ရောင်းရင် ထိပ်တန်းစာရင်းဝင်မှာနော….။
ခင်တဲ့
ဖားကတ္တင်း
water-melon
February 1, 2012 at 2:41 pm
သူ့မုန့်ဟင်းခါးတွေပဲ နှမြောလို့လား…သူ့ကြောင်တယ်မထင်ဘူးဗျ
ကိုကြောင်ဖက်တီးက အလစ်သမားရုပ်ပေါက်နေလို့ဖြစ်မယ် 😀
အမှတ်တရပေါ့ဗျာ၊ ဒါနဲ့အဲဒီကောင်မလေးက လန်းလား
မုန့်ဟင်းခါးဆိုမှ ဗိုက်ဆာလာပြီ
စာဥရေ ဒို့မွေးစားသား ပေါက်ဖော်လေးကို မော်ကျွန်းက မုန့်ဟင်းခါးအစုံတစ်ပွဲဝယ်ခိုင်းလိုက်ပါကွယ်
စိန်ပေါက်ပေါက်
February 1, 2012 at 3:19 pm
မနက်ကလေးတင် ၈မိုင်မှာ မုန် ့ဟင်းခါးကြိတ်ပြီး ပြန်လာတာ
နေ ့ခင်း ရုတ်တရက် ဗိုက်နာလို ့…စာဖတ်နေရင်း ထ.ပြေးရသေးတယ်.. 😀
လောလောဆယ် မုန် ့ဟင်းခါး စိတ်နာနေတယ်..
နောက်နေ ့မနက်မှ ဆက်ပြော…
အဲတာ ခလေးမ ပဲများလို ့ဖြစ်တာဗျ
သများလဲ နောက်ခါ ပဲများတော့ဘူး..ဖိတ်ကုန်ရင် စုတ်ခ
FattyCat
February 1, 2012 at 3:20 pm
အဲဒီစာအုပ်ထုတ်ပြီးရောင်းရင်
ဖားဂီဇာတင်းက မာကက်တင်းလုပ်ပေးနော်…
သယ်ရင်းကိုပဲ အားကိုးတော့မယ်
ကိုမဲလုံး (မယ်လွန်ကို ဗမာငပိသံနှင့်ထွက်သည်)ရေ…
ကျွန်တော်က အလစ်သမားရုပ်ပေါက်နေတာပေါ့…
သူ့အချစ်တွေကို ကျွန်တော် အလစ်သုတ်သွားမှာစိုးလို့နေမှာပါ…
ဘာတဲ့…ကဗျာဘွဲ့မှူးသီချင်းထဲကလို့…
မုန့်ဟင်းခါးသွားစားတော့မယ်…တာ့တာ
Thel Nu Aye
February 1, 2012 at 3:30 pm
ကိုဖက်ကလဲဗိုက်ဆာနေတာပဲအချိန်ကိုက်ပါးစပ်လေးဟထားလိုက်ပြီးရော။ အခုတော့ခြေထောက်ထိုးခံရတယ်လို့။ ကြံကြံဖန်ဖန်ဟယ်။
etone
February 1, 2012 at 3:55 pm
အဟီး ..မြင်ဖူးတယ် … ။ ဒေါက်ဖိနပ်ကလည်း စီးထားသေးတယ် … လူကလည်း တန်းကို မမှီလျှင် နာရီ ချိန်သီးလို ဟိုဘက်ကပ်လိုက် ဒီဘက်ကပ်လိုက်နဲ့ အတော်ရယ်ရတယ် … ကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါတယ် … ။ချော်တော့ မလဲဘူး .. ယိုင်သွားကတည်းက လက်နှစ်ဘက်ကို လိပ်ယက်သလိုလုပ်ပြီး ဘေးကလူကို ဖမ်းဆွဲထားလိုက်တာ .. ကိုယ်နဲ့ သိသိ ၊ မသိသိ ပြီးမှ .. ဆောရီး ..ဟီးဟီး လုပ်လိုက်တယ်
မတ်တပ်ရပ်ရတာချင်း အတူတူ ကောင်မလေးကို ဂျိုင့်ကိုင်ပေးမယ်ပြောတာ .. ဟိုကငမ်းတယ်ထင်ရှာမပေ့ါ … အဟီး .. အဟီး ..ငမ်းတာ အပြစ်လား … 😛
Moe Z
February 2, 2012 at 10:15 am
မမအိတုံရေ မိုးစက်ကိုစောင်းပြောနေသလိုပဲ
တန်းကိုမှီပေမယ့် ဘတ်စ်ကားပေါ်မှာဆိုရင် ယိမ်းထိုးနေတာကတော့အမှန်ပဲ
ကိုယ်လွန်တာတော့မဖြစ်နိုင်ဘူး ဒရိုင်ဘာတွေ ကားမောင်းတာ မဟုတ်တာ 😀
ကိုကြောင်ဝတုတ်ရေ မျက်စိထဲမြင်ယောင်ပြီး ရယ်သွားပါတယ်
ဒါနဲ့ “ဂျိုင့်” အစား “ချိုင့်” လို့သုံးသလားလို့
မမလာရင်တော့ အတည်ပြုပေးမှာပါ 😛
nature
February 1, 2012 at 7:29 pm
ခလေးမနှယ် စေတနာကိုမှတန်ဖိုးမထား ဖြစ်တာတောင်နဲသေးတယ်။ 🙂
ခလေးမကလည်း အလကားတော့ ငြင်းမယ်မထင်ဘူးဗျ။ Fatty Cat ရဲ့ အင်္ဂ ါရုပ်ကိုကြည့်ပြီး ငါ့များ ငမ်းပြီး လာကူညီတာလား ၊ ဒီခန္ဓာကိုယ် ဝဝကြီးက ဗိုက်ဆာဆာနဲ့ ငါ့မုန့်ဟင်းခါးတွေပဲယူပြေးမလား ဆိုပြီး စဉ်းစားနေသလားမှ မသိတာ။ 🙂
ba gyi
February 2, 2012 at 10:09 am
အံမယ်လေး၊ ဆရာကြောင်ဖက် ကတော်သေး၊ ကျနော့ သူငယ်ချင်းကောင်မကလေးခဗျာ၊ နယ်မှတက်လာ များမကြာ၊ သူငယ်ချင်းတွေ ဝိုင်းဘေးတီးကြလို့ ၊ဘတ်စ်ကားစီးတိုင်း တွယ်ချိတ်လက်သန်းလောက်ဆောင် သတဲ့၊တစ်နေ့ ဘတ်စ်ကားစီးတုန်း ဗြုန်း ဆို သူဘေးငတိတစ်ကောင်လာရပ်သတဲ့၊ခဏကြာတော့ လူကကြပ် လာ၊ကားကလုမောင်းနဲ့ ဟိုယိမ်း၊ သည်ယိမ်း၊ လို့ပေါင်မှာနွေးကနဲဖြစ်သွားတော့၊ ဘာရမလည်း၊ ငါသိထားပြီး သားဆိုစိတ်ထဲကြုံးဝါး၊ တွယ် ချိတ် နဲ့ တစ်အားမှန်းပြီး ထိုးဆွဲပစ်လိုက်တာ။
သူမခြေထောက် ပူကနဲနေပြီး၊ငတိလည်း ဟာ ကနဲ မျက်လုံးပြူးပြီးအကြည့်၊ တစ်ကားလုံး မုန့်ဟင်းခါး နံ့ရတော့မှ၊ ငတိကိုင်ထားတဲ့ပါဆယ် မုန့်ဟင်းခါးဟင်းရည်ထုပ်ကိုလုပ်ကြံမိလေခြင်းလို့သိရကာ၊သူ့ထမီမှာ လည်း မုန့်ဟင်းရေတွေပေကုန်သဟာမို့၊ရှေ့မှတ်တိုင်ဆင်း၊အဆောင်ပြန်ထမီလည်းလိုက်ရ၊ရုံးနောက်ကျပြီး မှင်နီထိသတဲ့ဗျား။သတိလွန်ကဲ ထိုအလွဲ နမူနာဟုမှတ်။