Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှစ်ပေါင်း ၂၆၀ဝ ပြည့် ပွဲတော်ကျင်းပမယ့် ရွှေတိဂုံ။

black chawFebruary 2, 20126min82644

မနေ့က ည ရ နာရီလောက် ရန်ကုန်ကိုအလည်လာတဲ့ နယ်က ဆွေမျိုးတွေလိုက်ပို့ရင်း ရွှေတိဂုံဘုရားကို ရောက်ပါတယ်။
နှစ် ၂၆၀ဝ ပြည့်ပွဲအတွက် စေတီငယ်တွေမှာ လျှပ်စစ်မီးတွေ သွယ်တန်းထားတာ တော်တော်လှနေလို့ ဓါတ်ပုံလေးတွေ ရိုက်လာခဲ့တာပါ။
ရင်ပြင်တော်ပေါ်မှာတွေ့တဲ့ နိုင်ငံခြားသားတွေကိုလည်း အမှတ်တရ ခွင့်တောင်းပြီး ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။
ကလေးလေးတစ်ယောက် မိသားစုနဲ့ ကွဲပြီးအော်ငိုနေတာတွေ့လို့ ကူညီပေးလိုက်ရပါသေးတယ်။
ဒီလောက်ကလေးတွေ ခိုးနေတယ်လို့ သတင်းကြီးနေတဲ့အချိန်မျိုးမှာ ကလေးငယ်လေးတစ်ယောက်ကို ဘုရားပေါ်မှာ
တစ်ယောက်တည်းကျန်ခဲ့လောက်အောင် အာရုံများသော မိဘများကို ဘယ်လိုနားလည်ရမလဲ မသိပါ။
သတင်းပေးချင်တာကတော့ ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးကို (၂၂-၂-၂၀၁၂ မှ ၇-၃-၂၀၁၂) အထိကျင်းပ
တော့မှာဖြစ်ပါတယ်။ အခုရက်ပိုင်း ညဘက် အချိန်အားလေးများရှိလျှင် ရွှေတိဂုံဘုရားကို အရောက်သွားဖူးကြဘို့ ရွာသူရွာသားတွေကို
တိုက်တွန်းပါရစေ။ ဘုရားပေါ်မှာ ပန်းပင်ပေါင်း ငါးသိန်းလေးသောင်း (၅၄၀၀၀၀) နဲ့ ပူဇော်ဖို့ ပြင်ဆင်နေတာ ပန်းတောကြီးထဲရောက်နေသလိုပါပဲ။
ဘုရားရင်ပြင်တော်ပေါ်က အရန်စေတီတွေမှာလည်း မီးတွေပူဇော်ထားလိုက်တာ တစ်ခါမှ မမြင်ခဲ့ရဘူးတဲ့ အဆင်အပြင်တွေနဲ့ ရွှေတိဂုံစေတီတော် ကြီးကို
ဓါတ်ပုံရိုက်ပြီး ကြော်ငြာထိုးလိုက်ပါတယ်။

နှစ် ၂၆၀ဝ ပြည့် ရွှေတိဂုံ စေတီတော်။
ရင်ပြင်တော်ပေါ်က မြင်ကွင်းလေးတစ်ခု။
မီးရောင်စုံ တွေနဲ့ တံခွန်တိုင်။

ရင်ပြင်တော်ပေါ်က နောင်တော်ကြီးစေတီ။
သော့ခတ်ထားတဲ့ တန်ဆောင်းထဲက ရုပ်ပွားတော်တွေ။
မီး လှူ ချင်သူတွေအတွက်ပါ။
စိတ်ရှည်လက်ရှည်ဓါတ်ပုံရိုက်နေသူ ဂျာမန်လူမျိုးတစ်ယောက်။
အပေါ်ကလူနဲ့ အတူပါ ဂျာမန်မ ပါ။
သူလည်း ပုံကောင်းရဘို့ စိတ်ရှည်လက်ရှည်။
US ကလာတာပါတဲ့။ ရိုးဂုဏ်ရှိတဲ့ ရုပ် ဗျ။
သူတို့လည်း US ကလာတာပဲတဲ့။
နာမည်ကြီး ရှင်စောပု ဘုရား။
ရင်ပြင်တော် အလှ။
ရွှေတိဂုံရင်ပြင်ပေါ်က ရုပ်ပွားတော်တွေ။
မိဘတွေနဲ့ လူစုကွဲသွားလို့ ရှိုက်ကြီးတငင် ငိုနေရှာတဲ့ ကလေးငယ်။ (သူ့အဖေနဲ့ ပြန်တွေ့သွားပါတယ်)
မီးရောင်စုံတွေကြားက ရွှေတိဂုံ။
ကင်မရာပေးပြီး ဓါတ်ပုံရိုက်ခိုင်းလို့ ရိုက်ပေးခဲ့ရတဲ့ နိုင်ငံခြားသူတစ်စု။
ပန်းအလှူခံ။

44 comments

  • thit min

    February 2, 2012 at 11:57 am

    သပ္ပယ်လှပါပေရဲ့။ နှစ်ပေါင်းများစွာကြာမြင့်ပေမဲ့ မပျောက်ပျက်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်
    ခဲ့သူများရဲ့ ကျေးဇူးတရားကိုလဲ တန်ဖိုးထားမိပါတယ်။
    ဘဝရဲ့ တဆစ်ချိုးတခုမှာ ရွှေတိဂုံဘုရားကိုနေ့တိုင်းသွားပြီး ပုတီးစိတ်ခဲ့တဲ့အခန်းလေးရယ်၊
    ဘာသာမဲ့ သူငယ်ချင်းတယောက်ကို ကျနော်တို့ဘာသာဝင်ဖြစ်လာစေပြီး ပတ္တမြားမျက်ရှင်
    ဘုရားရှေ့မှာ ရုတ်တရက်တွေ့ရတဲ့ ရဟန်းတပါးဆီမှာ သရဏဂုံတည်စေခဲ့တဲ့အခန်းလေးတွေ
    ရုပ်ရှင်ပြသလိုပြန်မြင်ယောင်လာတယ်။
    ရှင်စောပုဘုရားက ရွှေငှက်ပျောသီး စွန့်တာလဲ ကြုံလို့စားဘူးတယ်ဗျ။
    ကျေးဇူးပါကိုဘလက်ရေ။ ဖူးမြှော်လိုက်ရပါတယ်။
    (ဒီမှာ ဒီနေ့တော့ နှင်းတွေဖွေးနေအောင်ကျလို့ ချမ်းချမ်းစီးစီးတယ်ရှိဗျား)

  • စိန်ပေါက်ပေါက်

    February 2, 2012 at 12:07 pm

    ဘုရားပုံတွေ သပ္ပါယ်လှတယ် အူးချောရေ
    အရမ်း လှတယ်ဗျာ..တစ်ညလောက်သွားဖူးချင်လိုက်တာ..
    နှစ် ၂၆၀ဝ ပြည့်လဲခုမှသိတယ်..
    ရိုက်ထားတာ ရေလည်မိုက်.ရေလည်ခိုက်လို ့..ရေလည်ကြိုက်တယ်ဗျား….
    ဖော်ဒိန်နာတွေတောင် ပါသေးတယ်..
    ဗဲဒီးဂွတ်..

  • zarlay

    February 2, 2012 at 12:33 pm

    ဟုတ်ကဲ့ ပုံတွေကိုကြည့်ပြီး ရွှေတိဂုံဘုရားကို ကိုယ်တိုင်သွားဖူးရသလိုပါပဲ ပုံတွေအတွက် ကျေးဇူးပါ

  • pooch

    February 2, 2012 at 1:53 pm

    ကိုဘလက်ရေ ပုံတွေကိုလည်း တဝကြီး ကြည့်သွား ဖူးသွားပါတယ်။

    ကလေးလေး သနားစရာပါ။ ဘယ်လောက်တောင် စိတ်ထဲ ဝမ်းပန်းတနည်း ခံစားနေရမလဲ မသိပါဘူး။
    မိဘတွေကလည်း တကယ်ပါပဲ။ တော်သေးတာပေါ့ ကိုဘလက်ရယ် ။ ကူညီတတ်သူနဲ့တွေ့လို့သာပေါ့။ မတော်သူတွေနဲ့များတွေ့ရင်ဘယ်နဲ့လုပ်ကြပါ့။

    ကိုဘလက်လည်း ဒီလိုမိဘလက်ဝယ်ရောက်အောင် ကူညီပေးခဲ့တဲ့ ကုသိုလ်အကျိုးတရားက သံသရာ အဆက်ဆက်မှာ ပြန်အကျိုးပေးနေမှာပါ။ (ဒီစာသူကြီး မမြင်ပါစေနဲ့)

  • weiwei

    February 2, 2012 at 2:40 pm

    ဒီနေ့ညပဲ သွားဖူးလိုက်တော့မယ် …. ဓါတ်ပုံတွေမြင်ရတာ သွားချင်စိတ်ပေါက်လာပြီ …. ခုနလေးတင် ဘုရားနားကဖြတ်လာခဲ့သေးတယ် ….

  • ဆူး

    February 2, 2012 at 4:19 pm

    သွားမယ် ညနေ သွားမယ်..
    ဘုရားခြေရင်းမှာလည်း ပန်းပေါင်း ၈၄၀ဝ အလှူခံနေတာတွေ့တယ်။ မနက် လမ်းလျှောက်ရင် ဆိုင်းဘုတ်တွေ့တယ်။ အလှူခံတော့ မဖွင့်သေးဘူး။ ပန်းတွေ ချ ထားတာတော့ တော်တော် လှနေပြီ။

  • blackchaw

    February 2, 2012 at 4:44 pm

    ကိုသစ်ရေ။
    ရွှေတိဂုံကို ဓါတ်ပုံရိုက်ဖို့ လုံးဝ မရည်ရွယ်ထားဘူးဗျာ။
    ဒါပေမယ့် ဘုရားပေါ်ရောက်တယ်ဆိုရင်ပဲ တကယ်ကို မြင်ကွင်းတွေက
    ထူးခြားလွန်းနေလို့ ရိုက်လာခဲ့တာပါ။
    အဲဒီ နှင်းတွေ ဖွေးနေအောင်ကျနေတာလေး ကြုံချင်ပါသေးတယ်ဗျာ။
    ရန်ကုန်ကို နှင်းက လုံးဝ လှည့်မကြည့်တော့ပါဘူး။

    ပေါက်ပေါက် ရေလည်ခိုက်ရေလည်ကြိုက်တယ်ဆိုလို့
    ရေလည်ကျေနပ်တယ်ကွာ။ ရေလည်ပဲ… ။

    zarlay ရေ။ ကျေးဇူးပါဗျာ။

  • aye.kk

    February 2, 2012 at 4:47 pm

    ကိုဘလက်ချော,..ကျေးဇူးအရမ်းတင်မိပါသည်။
    ရွှေတိဂုံဘုရားကသပ္ပယ်လိုက်တာ၊ဓါတ်ပုံထဲကနေကြည်ညိုစွာဖူးမျှော်လိုက်ပါတယ်။

  • blackchaw

    February 2, 2012 at 4:50 pm

    pooch ရေ။
    ကျေးဇူးပါ။ အဲဒီကလေးလေးက မျက်နှာလေးကိုက သနားစရာလေးဗျ။
    သူ့ဖအေပြောတာ သူတို့ မွန်ပြည်နယ်က ဘုရားလာဖူးကြတာတဲ့ဗျာ။
    မွန်ပုဆိုး လေးနဲ့ဗျ။

    weiwei
    အန်တီဝေ။ သွားဖြစ်အောင်သွားပါ။ ဘုရားရင်ပြင်တော်ပေါ်မှာ
    တော်တော်ထူးထူးခြားခြား ပြင်ဆင်ထားတာ တွေ့ရပါလိမ့်မယ်။

    ဆူး။
    အန်တီဆူးရေ။
    ပန်းတွေက အလှူခံနေပြီဗျ။ ပန်းအလှူခံ ဗနိုင်းပုံလေး ထပ်ဖြည့်ထည့်ပေးလိုက်ပါမယ်။
    ပန်းအပင်ပေါင်း ၅သိန်း၄ သောင်း တဲ့ ဗျာ။

  • MaMa

    February 2, 2012 at 5:01 pm

    ကိုချောရေ- ရွှေတိဂုံဘုရား ပွဲတော်ရှိတယ်ဆိုတာ ဖြတ်သွားရင်းနဲ့ တွေ့နေပေမယ့် စိတ်မဝင်စားမိဘူး။ အခုပုံတွေတွေ့တော့မှပဲ ဘုရားမရောက်တာကြာပြီ သွားဦးမှဆိုတဲ့ စိတ်ကူးပေါ်လာတယ်။
    ရွှေတိဂုံဘုရားကိုပဲ အရင် ဦးဖက်လည်း ရိုက်တင်ဖူးတယ်။
    ကိုပေါက်လည်း ဗျူးအမျိုးမျိုးနဲ့ တင်ဖူးတယ်။
    အိုင်ဒီယာလေးတစ်ခုရလာတာက-
    Variation on the tune လိုမျိုး ရွာထဲမှာ ရွှေတိဂုံပုံတွေချည်းပဲ တစ်ယောက်တစ်မျိုးရိုက်ထားတာတွေ စုပေါင်းတင်လိုက်ရင် သမိုင်းဝင် အမှတ်တရလေးများ ဖြစ်လေမလား……
    (အဲဒါဆို ကိုယ်လည်း အချိန်မီ သွားရိုက်ထားဦးမှ) 🙂

  • blackchaw

    February 2, 2012 at 5:14 pm

    aye.kk
    ကျေးဇူးပါဗျာ။

    MaMa
    စိတ်ကူးလေး ကောင်းတယ်ဗျ။
    တစ်ယောက်ကို ဗားရှင်းတစ်မျိုးနဲ့
    ရွှေတိဂုံ ပုံတွေ ကြည့်ရမှာပေါ့။

  • fatty

    February 2, 2012 at 5:16 pm

    ကိုဘလက်သတိပေးလိုက်မှဘဲ ပွဲတော်ရှိတာ သတိမေ့နေတာပြန်သတိရလာတယ်။
    အော်လူ့ပြည် အမှုတွေပွေနေတာနဲ့ ဘုရားတရားတောင်တခါတလေသတိမေ့ နေတာပါကလား ။
    ဘလက်ကျေးဇူးပါ။

  • blackchaw

    February 2, 2012 at 5:22 pm

    ကိုဖက်တီးရေ။
    သွားရင် ညဘက်မှ သွားပါ။
    မမပြောသလို ဓါတ်ပုံလေးတွေလည်း ရိုက်လာပြီး တင်ပေးပါဦး။
    တစ်ယောက်ဗားရှင်းတစ်မျိုးနဲ့ ရွှေတိဂုံကို ဖူးရတာပေါ့။
    စောင့်နေမယ်ဗျာ။

  • nozomi

    February 2, 2012 at 5:32 pm

    ကျေးဇူးပါ ဘဘဘလက် ခင်ဗျာ
    မရောက်တာလဲ ကြာလှမို့ ဒီတပတ်သွားဖြစ်အောင် သွားလိုက်ပါဦးမယ်
    အခုလို တင်ပေးရတဲ့ အကျိုးကြောင့် ဘဘဘလက် အခုတွဲနေတဲ့ ( ဟိုအပတ်က လှည်းတန်းမှာ ဆုံခဲ့တဲ့ ) အမျိုးသမီးလေး နဲ့ အဆင်ပြေပါစေ လို့ ဆုတောင်းပေးပါတယ်

  • blackchaw

    February 2, 2012 at 5:38 pm

    လေးဖြူ နဲ့ အငဲ ပြောသလိုပဲ ပြန်ပြောရတော့မှာပဲ ။ ကိုရင်နို ရေ။
    အေးပေါ့အေးပေါ့အေးပေါ့အေးပေါ့။
    အမျိုးအရင်းကြီးတွေက စိတ်မချရဘူးဆိုတာလေ။
    အသာလုပ်ပါ၊ အသာလုပ်ကြပါ။
    အမျိုးအရင်းကြီး ကိုရင်နိုဇိုမိရယ်။

    • ဟုတ်တယ်ဗျ။ဘုရားမှာ ရွာသူားတွေစုံစုံလင်လင်ပေါ့။ကိုဘလက်ချောရေ ကျေးဇူးပါ ခုလိုမျက်မြင်ကိုယ်တွေ ့
      မြင်ခွင့်တွေ ့ခွင့်ပေးလို ့ပါ။အရမ်းကို သပ္ပာယ်ပါတယ်ဗျာ။ဘာလိုလိုနဲ ့(၂၆၀၀)ပြည့်ခဲ့ပြီဘဲနော်။ရှေးကကောင်းမှု
      တွေပေါ့နော်။
      ကိုဘလက်ချောရေ အမျိုးအရင်းတွေ သစ္စာဖောက်တယ်ပေါ့။ဟီးး စတာပါနော်။

  • nature

    February 2, 2012 at 6:26 pm

    ဘုရားသွားဖူးရင်တော့ ဘုရားပေါ်မှာ ရွာသားတွေနဲ့တွေ့ရတော့မှာပဲ။ 🙂
    သတင်းပေးတာ ကျေးဇူးပါ ကိုချောရေ။

  • မီးရောင်စုံတွေကြားက ရွှေတိဂုံ
    ကိုဘလက်ရဲ့ လက်ရာမြောက် ဓာတ်ပုံ
    ကြည်ညိုဖွယ်ရာ အစုံစုံ
    ဖူးမြော်လိုက်သည် ကျေးဇူးဂုဏ် …. ။

    ကိုဘလက်ရေ …
    ကြည်ညို သပ္ပါယ်ဖွယ်ရာ ရွှေတိဂုံ စေတီတော် ပုံတွေကို ကျွန်တော်လည်း ဖူးမြော်သွားပါတယ် ခင်ဗျ။
    ကျေးကျေးပါ ………..

  • blackchaw

    February 2, 2012 at 9:53 pm

    မောင်သန်းထွဋ်ဦး။
    ကို nature ။
    ကို အံစာတုံး ။
    တို့ ကွန်းမန့်လေးတွေ ချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ။

  • surmi

    February 2, 2012 at 10:39 pm

    ကိုဘလက်ရေ–ဒီပွဲရှိတာသိပေမဲ.၊ဒီလိုပြင်ဆင်ထားမှန်းမသိဘူး
    ကျေးဇူးပဲ –ပွဲတော်အမှီတော.ပြန်ရောက်မယ်ထင်တာပဲ။

  • inz@ghi

    February 2, 2012 at 11:06 pm

    အားပေးသွားပါတယ် ကို ဘလက်ရေ ….

    ကုသိုလ်ယူခဲ့တာတွေ ပြန်လည်မျှဝေတာတွေ ….
    အင်း သည်၂ချက်က သိပ်မထူးဆန်းတာ ဆိုရင်တောင်……(ထူးတာပြောမယ်ဗျာ ….)

    ၁၊ နို င်ငံခြားသားတွေ ကို ရိုက်ပေး ရိုက်ယူနိုင်ခဲ့တာ ….
    ၂၊ကလေးငယ် လေး ကို ကူညီပေးခဲ့တာ …

    အဲ့သည့်အတွက် ဘရာဗိုပါဗျာ …အဟုတ်ပြောတာပါ….

    အစ်ကိုကသာ လျိုတာပါဗျာ …
    အစ်ကို အရည်အချင်း နဲ့ မေတ္တာကို အစ်ကို ရိုက်တဲ့ ဓါတ်ပုံအတွက်
    ပိုစ့်ပေးပေးနေတဲ့ အနောက်တိုင်းသားတွေရဲ့ အပြုံးကနေ ဖတ်လို့ ရတယ်ဗျ……

    ကလေးလေး ကိစ္စကတော့ အစ်ကို စာဖွဲ့ရေးမယ်ဆို ရေးလို့ရပါတယ်ဗျာ…
    ကိုယ်ကူညီခဲ့တာအပေါ် ဂုဏ်ဖော်သလိုဖြစ်မှာစိုးလို့ …မရေးဘဲ …ထားထားတယ်
    ဆိုတာ မြင်မိသလိုရှိပေမယ့် …. ဆိုင်းဘုတ် အချိတ်မခံချင်တဲ့ untitled the best
    ဆိုတဲ့ စိတ်ထားမျိုးမြင်သေးတယ်ဗျို့ …..

    လေးစားစွာ အားပေးရင်း
    ဂုဏ်ယူဝမ်းမြောက်စွာ သာဓုခေါ်သွားတဲ့ ….
    Inz@ghi

  • padonmar

    February 3, 2012 at 1:27 am

    ကိုဘလက်ရေ
    ရွေတိဂုံပုံ ယူသွားတယ်နော်၊
    ဂီဂီရေးတဲ့ ကွန်မန့် အတိုင်းလို့ပြောချင်ပါတယ်။
    ကျွန်မလည်း အမှတ်တရ ဓာတ်ပုံ သွားရိုက်ထားမယ်လို့(ဒီလိုတော့ ကောင်းမှာမဟုတ်တာသေချာပါတယ်)
    စိတ်ကူးပါတယ်။
    ပန်းပင်လည်း သွားလှူမယ်နော်။
    ဘာလို့များ ငါးသိန်းလေးသောင်း လို့ ရည်ရွယ်ပါလိမ့်လို့လည်းသိချင်ပါတယ်။
    ၈၄၀၀ဝ ဆိုရင်တော့သိတယ်လေ။

  • ကြောင်ကြီး

    February 3, 2012 at 11:48 am

    သဂျီးငြိမ်လှချီလား။ ဒီအတိုင်းဆို ငရဲမရောက်နိုင်ဘူး။။။ 🙁

  • blackchaw

    February 3, 2012 at 12:20 pm

    ကို surmi က ဘယ်မှာရောက်နေတာလဲ ခင်ဗျာ။
    ကွန်းမန့်လေးအတွက်ကျေးဇူးပါ။

    ဂီဂီ ရေ။
    ပြောတတ်လိုက်တာနော် ပြောတတ်လိုက်တာ ဆိုတဲ့ သီချင်းတောင်
    သတိရသွားပါတယ်။
    အားရှိစေတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးဗျာ။

    အစ်မ ပဒုမ္မာ။
    အမှတ်တရ ဓါတ်ပုံ သွားရိုက်ဘို့ ကျွန်တော် တိုက်တွန်းပါတယ်။
    အမှတ်တရပေါ့အစ်မရေ။ ဒီနေ့တောင် မဝေ ရိုက်လာခဲ့ပြီလေ။
    ဓါတ်ပုံရိုက်လာခဲ့ရင်လည်း ပြန်တင်ပေးဦးနော်။

    ကြောင်ကြီး။
    ဟုတ်တယ်ဗျ။ သူကြီး ပျောက်နေတယ်။

  • amatmin

    February 3, 2012 at 12:36 pm

    မီးရောင်စုံတွေကြားထဲက လူပေါင်းစုံ ဆိုတာလေးကို စိတ်ထဲစွဲ မျက်လုံးထဲမြင်နေကြဆိုတော့..
    ရွှေတိဂုံစေတီကို မီးရောင်စုံတွေကြားမှာ ဖူးတွေ့ရတာ အဆန်းတမျိုးပဲ..
    ငြီမ်းအေးခြင်းလေးများ အနည်းငယ်လျော့နေသလားလို့ (အမြင်ကြောင့်.အထင်)
    ကိုဘလက်ရေ.ဖူးရတာကျေးဇူးဗျ..

  • ba gyi

    February 3, 2012 at 1:18 pm

    အလိုလေး ဆရာဘလက်ရဲ့ သပ္ပါယ်လိုက်တာဗျား၊ကောင်းလိုက်တဲ့ ရိုက်ချက်၊ အယူအဆတွေ၊ပရောဖက်ရှင်
    နယ်ကြီးတစ်ယောက် ပါလား။ကျေးဇူးပါဗျို့အားပါးတယဖူးရလို့။
    အော် သာသနာသက်တမ်း (၂၆၀၀)တင်းတင်းပြည့်ပါပေါ့လားကွယ်ရို့၊
    သာသနာတစ်ဝက်ကျော် မင်းကောင်းတစ်ဆက်ပေါ် မယ်တဲ့၊ ကြားဘူးတာပြော ဒါဘာ… ပြော ဒါဘာ..။

  • etone

    February 3, 2012 at 4:01 pm

    ဘုရားပေါ်အခေါက်ခေါက် အခါခါရောက်ဖူးပါတယ် … ဒီလို ဆင်ယင်ထုံးဖွဲ့ မှုမျိုးတစ်ခါမှ မတွေ့ဖူးဘူး .. သပ္ပါယ်လိုက်တာ အရမ်းပါပဲ … ။ ဘုရားသွားလျှင် မနက်ပိုင်းပဲ သွားဖြစ်တာကြောင့်လည်း ပါတာပေါ့လေ ။

  • kai

    February 3, 2012 at 4:53 pm

    မြန်မာပြည်ကို ..ကမ္ဘာခရီးသွားသူတွေ..ဒီနှစ်ထဲအရမ်းစိတ်ဝင်စားလာကြတယ်..
    ဒီလိုအချိန်မှာ.. ဒီလိုလုပ်နိုင်တာ… ကောင်းတာပေါ့…။

    နိုင်ငံခြားသားတွေ..ရွှေတိဂုံပေါ်တက်ရင်.. အထူးကြေး.. ဒေါ်လာပိုကောက်ပြီး.. အပေါ်မှာ.. … နှစ်၂၆၀ဝ အမှတ်တရတွေပါ..အတင်းထိုးရောင်းလိုက်…

    ဒီနှစ်ထဲ.. ရွှေတိဂုံစေတီကနေ.. ဒေါ်လာ ၂၆သန်းရှာနိုင်အောင် ရည်မှန်းချက်ထားလုပ်ကြပေါ့..
    ဒါက..ဘိုးဘွားတွေပေးခဲ့တဲ့.. အမွေတခုပဲလေ…
    ငွေကြေးလှည့်ပါတ်သုံးစွဲတတ်သူတွေလက်ထဲရောက်ပြီး.. သုံးတတ်ရင်..ဆင်းရဲတဲ့.. မြန်မာမိသားစု၁သန်းလောက်ကို.. ဘဝမြှင့်တင်ပေးနိုင်မယ်..။ 😆

    လောလောဆယ်တော့.. ကုသိုလ်ယူတဲ့အနေနဲ့..
    နိုင်ငံခြားသားတွေပြနိုင်အောင်.. စတစ်ခ်လိုက်လိုက်ပြီဗျို့…။

    • မိုက်ကယ်ဂျော်နီငပွ

      February 4, 2012 at 8:59 am

      ဟာ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
      ဒီသဂျီးကတော့ မဟုတ်သေးပါဘူး
      သေရင်တော့ တိရိစ္ဆာန်ရုံထဲက ဝင်ကြေးပြစားခံရတဲ့
      ရှားပါးသတ္တဝါဖြစ်တော့မှာဘဲ
      မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားက လူဝတ်ကြောင်မှာတင်
      ရွှေနန်းတော်ကြီးကိုစွန့်ခဲ့ပြီး
      သဗ္ဗညု မြတ်စွားဘုရားဖြစ်တော်မူတဲ့အခါမှာလည်း ဥစ္စာပစ္စည်းကိုမသုံးစွဲဘို့နဲ့
      တပည့်သာဝကတွေကို ရွှေငွေဥစ္စာတွေအလှူမခံဘို့
      ကိုယ်တော်တိုင် ဆုံးမခဲ့တဲ့ဥစ္စာ
      ခုတော့ စေတီကြီးပြပြီး ဝင်ငွေရှာမယ်ဆိုတော့
      မဖြစ်တုံချေဘူး လစ်မှ
      သူ့ကိုမိုးကြိုးပြစ်ရင် ကျုပ်ကိုပွတ်နိုင်တယ်

    • etone

      February 4, 2012 at 10:06 am

      ဒေါ်လာပိုကောက်ဖို့မပြောနဲ့ဦး .. အရင်ဆုံး ဖြတ်စား လတ်စား အမြတ်တင်ထားတာလေးတွေ လျှော့လိုက်လျှင်တောင် ပိုက်ဆံအတော်ပိုထွက်လာမယ် …
      နိုင်ငံခြားသား တစ်ယောက်ကို ငါးဒေါ်လာတဲ့ … ဒေါ်လာတစ်ရာတန်ထုတ်ပေးတော့ .. အမ်းစရာမရှိဘူး မြန်မာငွေပဲ ပေးပါတဲ့ … မြန်မာငွေဆိုဘယ်လောက်လဲ မေးတော့ … 7500ကျပ်ပါတဲ့ … ။

      တစ်ဒေါ်လာ ရှစ်ရာဆယ့်လေး ဆယ့်ငါးကျပ်နှုန်းဖြစ်နေတာကို … တစ်ဒေါ်လာ တစ်ထောင့်ငါးရာနှုန်းနဲ့ ကောက်နေတယ် … ။ အဲ့ဒီပိုက်ဆံတွေ ဘယ်သူ့အိတ်ထဲ ရောက်သလဲ စဉ်းစား စရာပဲ 🙄

  • blackchaw

    February 3, 2012 at 10:59 pm

    အမတ်မင်းရေ။
    ငြိမ်းအေးခြင်းလေးများ အနည်းငယ်လျော့နေသလား ဆိုတော့
    ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ညီလေးရေ။

    ဘကြီးရေ။
    ကြားဘူးတာ ပြောရင်း တကယ်ဖြစ်နေပြီလေဗျာ။

    etone ။
    ဒီတစ်ခါ ညပိုင်းသွားဗျာ။

    သူကြီးရေ။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ။

  • manawphyulay

    February 4, 2012 at 12:44 pm

    တကယ့်ကို စိတ်ကူးကောင်း အိုင်ဒီယာကောင်းပါပဲ။ မနောရိုက်ရင် အဲလိုပုံကောင်းထွက်မှာမဟုတ်ဘူး။ ဆရာတွေကျတော့လည်း ရိုက်တတ်တာနဲ့ တကယ့်ကို သပ္ပာယ်စွာ ဖူးမြော်ရတယ်။ အများကြီး ရိုက်လာပါလား ဖူးရတာ မဝဘူးဖြစ်နေတယ်။ အေးလည်း အေးချမ်းတယ်နော်။

  • TTNU

    February 4, 2012 at 9:17 pm

    ကိုချောရေ…
    ပုံတွေကူးသွားပြီနော်။ ရွှေတိဂုံဘုရားပုံ အကြီးကြီး ကတအား သပ္ပာယ်တာပဲနော်။
    တီချာတို့ ဒီပုံတွေဖူးရလို့ စိတ်ထဲမှာ ကြည်နူးခံစားရသလို ကိုချောလည်း ခန္ဓာဉာဏ်စဉ်
    ထင်လင်းစွာမြင်ပြီး ကြီးစွာသောအထောက်အပံ့ဖြစ်ပါစေသတည်း။

  • ကိုချောရေ
    အင်မတန်မှသေသပ်သောရိုက်ချက်များကိုတွေ့လိုက်ရပါတယ်ဗျာ။
    ကျနော်တို့ရိုက်တာထက်တောင်လှနေပါသေးတယ်။

  • Diamond Key

    February 5, 2012 at 10:49 am

    ကိုချောရေ၊ ဆရာပုံတွေက ကျွန်တော်တို့လို ဓါတ်ပုံရိုက်နေသူတွေကတောင် အောင်မလေး… ကောင်းလှချည်လား ပြောယူတဲ့ ပုံလေးတွေဗျ။
    ကင်မရာ အသေးနဲ့တောင် ဒီလိုပုံတွေ ရိုက်နိုင်ရင် ကင်မရာကြီးသာ ကိုင်လိုက်လို့ကတော့ …… 😀
    ပညာလှျိုထားတာတွေ ထုတ်ပြပါအုံးဗျို့ :mrgreen:
    ရန်ကုန်မှာ နှစ်ယောက်ဆုံပြီး အတူရိုက်ချင်ပါသေးတယ်ဗျာ…. လာခဲ့ အုံးမယ်ဗျာ…. ရန်ကုန်မြို့ကြီးကိုတဲ့…ယောင်လည်လည် ရောက်လာအုံးမယ် 😛

  • MaMa

    February 5, 2012 at 11:00 am

    ကိုချောရေ- ဒီနေ့မနက်ပဲ ရွှေတိဂုံကို သွားရိုက်ခဲ့ပြီးပြီ။
    ညဖက်သွားရိုက်လိုက်ဦးမယ်။
    ကိုပေါက်ကို အားကျပြီး အမြင်ထောင့် စောင်းစောင်းတော့ရိုက်တာပဲ၊
    ရွဲ့ရွဲ့ဖြစ်သွားတာတော့ မတတ်နိုင်ဘူး။ 😆

  • ကိုရင်စည်သူ

    February 5, 2012 at 9:19 pm

    ကိုဘလက်ကို ကျနော်ကြိုက်နှစ်သက်မိတဲ့ နှစ်ချက်ရှိတယ်…
    ရွာကို တံခါးစောင့်ပေးနေလို့လဲမဟုတ်ဘူး
    စာရေးကောင်းလို့လည်းမဟုတ်ဘူး…။
    ဓါတ်ပုံရိုက်တော်လို့လည်းမဟုတ်ဘူး…
    ကိုဘလက်ရဲ့ သဘာဝကို သဘာဝကို ခံစားတတ်တဲ့ အနုပညာရယ်..
    ရွာထဲက ရွာသူားတွေကို သံယောဇဉ် ကြီးတဲ့ အကောင်းမြင် စိတ်ဓါတ်ကိုပဲဗျို့…
    ကိုဘလက်ရေ… ၂၂ ရက်မတိုင်မှီ ရွှေတိဂုံဘုရားသွားရောက်ဖူးမြော်ပါ့မယ်..
    ကျနော်ကတော့ အမြဲ ခြေတော်ရာဘုရားဘက်မှာ ပုတီးစိပ်တတ်ပါတယ်ဗျာ..
    သာဓုပါနော်..

  • ကိုရင်စည်သူရေ
    ကျနော်လာတုန်းကလွဲသွားတာ စိတ်မကောင်းပါ။
    မမရေ
    စောင်းစောင်းလေးဖြစ်ဆို ကျနော်က မျက်စေ့နဲနဲ့လေးစွေတယ်လေဒါကြောင့်။

  • chitlay

    February 6, 2012 at 10:27 am

    အလွန် သပ္ပာယ်လှသော ရွှေတိဂုံစေတီတော်ပုံများကို ဖူးမြင်ခွင့်ရသောကြောင့် ကိုဘလက်ကို ကျေးဇူးအထူးပင်တင်မိပါကြောင်း ….

  • blackchaw

    February 6, 2012 at 10:35 am

    chitlay , ကိုရင်စည်သူ , ကိုပေါက် , ကိုသော့ , မနောဖြူလေး , တီချာကြီး
    အားလုံး ကွန်းမန့်လေးတွေအတွက် ကျေးဇူးပါဗျာ။

  • Pearl May

    February 6, 2012 at 10:50 am

    ဓါတ်ပုံတွေကြည့်ပြီး အရမ်းသွားချင်နေပြီ။ အိမ်က လူကြီး ကလေး အကုန်ခေါ်ပြီးသွားမယ်။ ဓါတ်ပုံတွေကအရမ်း သပ္ပာယ်တာပဲ။ ရွှေတိဂုံကို ခဏခဏရောက်တယ်။ ရောက်တိုင်းလည်းဓါတ်ပုံတွေရိုက်ဖြစ်တယ်။ ဒီလိုဓါတ်ပုံကောင်းကောင်း တစ်ခါမှ မရဘူး။ :(။ မွန်ပြည်နယ်က ကလေးလေး မိဘတွေနဲ့ပြန်တွေ့သွားလို့တော်ပါသေးရဲ့။

  • Novy

    February 6, 2012 at 11:19 am

    ကိုမည်းချောရေ.
    ဓါတ်ပုံတွေကို ကြည့်ပြီးအရမ်းကို ကြည်နူး မိပါတယ်
    မနိုလဲ နီးရက်နဲ့ ဝေးနေပါတယ်
    မနက်ဖြန် လပြည့်နေ့ဆိုတော့ ဘုရားသွားဖူးဖြစ်အောင်ကို သွားလိုက်ပါအုံးမယ်
    ဓါတ်ပုံတွေလဲရိုက်ခဲ့ပါအုံးမယ်
    အခုလို ဘုရားဖူးဖြစ်အောင် လူအများကို နှိုးဆော်နိုင်တဲ့ ဓါတ်ပုံ အစွမ်းရှင်
    ကိုမည်းချော တစ်ရောက်လည်း ကုသိုလ်တွေအများကြီးရသွားပါပြီလို့

  • black chaw

    August 11, 2014 at 9:20 pm

    ၂ နှစ်ကျော်ကျော် လောက် ကြာခဲ့ပြီးမှ
    ညီလေးဂီ ရဲ့ ကွန်းမန့်ကို ဘီစီပေးလိုက်ပါတယ်ဗျာ။
    ဟင့်..လူဆိုး…။

Leave a Reply