Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ချစ်သော … ခရမ်းပြာ

ခရမ်းပြာ အကြောင်းကြားတော့ ရေနွေးပန်းကန်တောင် လွတ်ကျကွဲသွားတယ်။ ကျွန်တော်။

တီဗွီသတင်းလိုင်းက လွှင့်တာဆိုတော့ ဒီသတင်းက မှန်မှာပဲ။ ခရမ်းပြာ။ ခရမ်းပြာ။

“… ရက်၊ .. လ…၊ ခုနှစ် .. နံနက် (၁၀)နာရီ (၁၂) မိနစ်မှာ ခရမ်းပြာ ကွယ်လွန် …”

“အို …”

“ဟာ …”

“ဘုရားရေ ..”

လက်ဖက်ရည်ဆိုင်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ ကျွန်တော်က လွတ်ကျကွဲသွားတဲ့ ရေနွေးပန်းကန်ကို ဂရုမစိုက်အား။ ခရမ်းပြာရဲ့ သတင်းကို နားထောင်ပြီး ကြက်သေသေသွားတယ်။

အော်..။ ခရမ်းပြာ ..။ ခရမ်းပြာ..။

 

××××

 

ခရမ်းပြာအကြောင်းကို ပြောရရင် သူရဲ့ မျက်လုံး၊ မျက်ခုံးကစရမလား မသိဘူး။ တစ်ချို့က နှုတ်ခမ်းက စချင် စကြမယ်။ တစ်ချို့က သူ့ အသားအရည်က စချင် စကြမယ်။ ဘာကပဲ စစပါ။ ခရမ်းပြာက သိပ်ကို လှလွန်းအားကြီးတဲ့ သူပါ။ သူ့အသံက သိပ်ကို စွဲဆောင်အားကောင်းလွန်းလို့ ယောက်ျားတိုင်း ရူးသွပ်ကြတယ်။ သူမင်းသမီးဖြစ်ကာစက သူ့မကောင်းသတင်းတွေကို လုပ်ကြံဇာတ်ခင်းပြီး နှောက်ယှက်ကြတယ်။ သူ့ကို တခြားမင်းသမီးတွေက သိပ်ကျေနပ်ကြပုံမပေါ်။ ထုတ်လုပ်ရေးသမားတွေက အလုအယက်၊ မင်းသားတွေကလည်း သူနဲ့မှ သရုပ်ဆောင်ချင်ကြတယ်။ မီဒီယာတွေက တစ်မျိုး။ သူ့သတင်းရေးနိုင်မှ ဂျာနယ်နဲ့ တူတယ်ဖြစ်လာတယ်။ ရုပ်ရှင်ရုံတွေက သူပါတဲ့ ဇာတ်ကားတွေချည်း တင်ကြတယ်။ သူ့အနုပညာကြေးက သူများထက် အဆ နှစ်ဆယ်လောက် ဈေးတန်သွားတယ်။ နိုင်ငံခြားအထိ သူ့ကားတွေကို အင်္ဂလိပ်စာတန်းထိုးပြီး ပြရတာ။

သူဌေးတွေကော၊ သူဌေးသားတွေကော၊ မင်းသား၊ အဆိုတော်၊ လူကြမ်းမကျန် သူ့ကို ချစ်ရေးဆိုနေကြတာ အများကြီး။ ခရမ်းပြာဟာ အဲလောက် လှတာ။ ထိုင်း၊ ဂျပန်၊ ကိုးရီးယား၊ ပြင်သစ်၊ အင်္ဂလန်ကမကျန် သူ့ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတဲ့ အထိ။ နောက်ဆုံး ဟောလိဝုဒ်မှာ သူ့ကားတွေ တင်ခွင့်ရလာတော့ ခရမ်းပြာ သတင်းက တော်တော်ကြီး ကြီးသွားပြီ။ ကမာ္ဘ လူစိတ်အဝင်စားဆုံး လူတစ်ရာထဲမှာ နှစ်ဆယ်ငါးဖြစ်လာတယ်။ အော်။ ခရမ်းပြာ ..။

 

××××

 

သူသရုပ်ဆောင်တာက အပိုအလိုမရှိဘူး။ သူ့ကို သနားစရာ ဇာတ်ကွက်မှာ မထားဖို့ တရားဝင် အမိန့်ထုတ်ပြန်ထားရတယ်။ သနားစရာ သရုပ်ကို ဆောင်ရင် ပရိသတ်တွေ သနားလွန်းလို့ နှလုံးရောဂါသည်တွေ သေကြတာ ဆယ်ယောက်ကျော်ကျော်ရှိတယ်။ မနာလိုသူတွေက တရားစွဲကြတယ် ခရမ်းပြာကို။ နောက်ဆုံး ဆင်းရဲသားဇာတ်၊ အနှိမ်ခံဇာတ်၊ စတဲ့ ဇာတ်လမ်းတွေမှာ ခရမ်းပြာကို သရုပ်ဆောင်ခွင့် ပိတ်လိုက်ရတယ်။

သူ့ဇာတ်လမ်းထဲမှာ ဆင်ဆာအမှတ်မပြခင် အနည်းငယ် သနားစရာပြကွက်ပါသဖြင့် နှလုံးရောဂါသည်များ၊ ဝမ်းနည်းလွယ်သူများ မကြည့်ရလို့ စာတန်းထိုးလာရတယ်။ ခရမ်းပြာဟာ အဲလောက်ထိ သရုပ်ဆောင်ကောင်းတာ။

 

××××

 

သရုပ်ဆောင်တင်လားဆိုတော့ မဟုတ်သေးပြန်ဘူး။ ခရမ်းပြာက အသံလည်း ကောင်းတယ်။ ဇာတ်ဝင်သီချင်းတိုင်းကို သူကိုယ်တိုင်ဆိုတယ်။ သူ့အသံဟာ ဘယ်သူနဲ့မှ မတူဘူး။ စွဲဆောင်အားအရမ်း ကောင်းတယ်။ သူ့ကို သီချင်းခွေ ထုတ်ဖို့ ပရိသတ်ကတောင်းဆိုတော့ သူက သဘောတူပြီး သီချင်းတစ်ခွေ ထုတ်တယ်။ ဂီတလိုင်းကိုပါ သူက လွှမ်းမိုးလာတယ်။ သူ့အသံက ကြည်လင် ပြတ်သားပြီး အစွဲအငင် အပြစ်ပြောစရာကို မရှိအောင် ကောင်းတယ်။

မြို့တိုင်းက လက်ဖက်ရည်ဆိုင်တိုင်းမှာ သူ့သီချင်းသံတွေချည်းပဲ။ တေးရေးဆရာတွေက ခရမ်းပြာကိုပဲ သီချင်းကောင်းတွေ ပေးလာကြတယ်။ တခြားအဆိုတော်တွေက သူမဆိုချင်တဲ့ သီချင်းတွေပဲ ဆိုကြရတော့တယ်။ သူ့ကို မနာလိုကြတော့ဘူး။

ခရမ်းပြာက အင်္ဂလိပ်သီချင်းတွေချည်း ဆိုပြီး နယူရော့က တေးစီးရီးထုတ်လုပ်ရေးတစ်ခုမှာ ထုတ်ဝေဖြန့်ချီတဲ့ အထိ အောင်မြင်လာတယ်။ သူ့ကို ဂရမ်မီ ရဖို့ သေချာတဲ့အထိ သတင်းသဲ့သဲ့ ထွက်လာတယ်။ လူတိုင်းကလည်း ရစေချင်သလို အချို့ကလည်း အပျက်သဘောနဲ့ ခရမ်းပြာကို မကောင်းဘူးပဲ လုပ်ကြတုန်း။

 

××××

 

ခရမ်းပြာက သီချင်းဆိုကောင်းရုံလား ဆိုတော့ မဟုတ်ပြန်ဘူး။ သူ့ကိုယ်ရေးရာဇဝင်ကို ပြန်လေ့လာရင် သူဟာ ဟားဗက်စ်တက္ကသိုလ်က ဥပဒေဘွဲ့ယူလာတဲ့သူ။ (တက္ကသိုလ်မှာကတည်းက နိုင်ငံတကာကျောင်းသားတွေထဲမှာ ကွင်း(queen) ဖြစ်ခဲ့တယ်လို့ သတင်းလည်း ထွက်လာခဲ့သေးတယ်။) ခရမ်းပြာက ဥပဒေဘွဲကို အမှတ်ကောင်းကောင်းနဲ့ ထူးချွန်စွာ အောင်လာခဲ့တာ။ ပြီးတော့ ဘာသာစကားလည်း လေးငါးမျိုးတတ်တယ်လို့ သိထားကြတယ်။ သူ့သီချင်းတွေမှာ ထူးခြားစွာ လက်တင်ဘာသာစကားနဲ့ ဆိုထားတာတွေ ရှိတယ်။ ကိုရီးယားစကားနဲ့ ဆိုထားတဲ့ သီချင်းဆို ကိုရီးယားမှာ သိပ်ကို အောင်မြင်ကျော်ကြားခဲ့တယ်။

သူဟာ ဘာသာတရားကို လည်း နက်နက်ရှိုင်းရှိုင်းကိုးကွယ်သူ ဖြစ်ပြန်တယ်။ သူကိုးကွယ်တာက ဗုဒ္ဓဘာသာ။ မနက်တိုင်း ဘုရားဝတ်ပြုတာ၊ ဘုရားတည်တာ၊ နိုင်ငံတကာမှာ သူဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဘုန်းကြီးကျောင်းတွေ အများကြီး။ ဗုဒ္ဓဘာသာ သာသနာကို ပြန့်ပွားရေးအတွက် သူဟာ ရပ်တည်ခဲ့သူ။ ဒါကြောင့်မို့ သူ့ကို သက်ကြီးပိုင်း လူလတ်ပိုင်းကပါ သိပ်ကြိုက်၊ သိပ်ချစ်ကြတယ်။

 

××××

 

ခရမ်းပြာအကြောင်းပြောကြေးဆို အများကြီးပါ။ သူဟာ တော်လွန်းလို့ လူကော ဟုတ်ရဲ့လားလို့ ထင်စရာပါ။ သူဟာ ပန်းချီလည်း စွဲတတ်တာ၊ ရေကူးချံပီယံဖြစ်ဖူးတာ၊ ကြက်တောင်ရိုက်တာ ဝါသနာပါတာ၊ တိုက်ဂါးဝုဒ်နဲ့ အတူတူ ဂေါက်ရိုက်ဖူးတာ၊ စကားပြောကောင်းတာ၊ အစုံပဲ။

နောက်ပိုင်းမှာတော့ ခရမ်းပြာနာမည်နဲ့ နိုင်ငံတော်တော်များများမှာ စားသောက်ဆိုင်တွေ ဖွင့်လာတယ်။ ခရမ်းပြာရဲ့ အထုပ္ပတ္တိကို ဘာသာစကားများစွာနဲ့ ဘာသာပြန်ပြီး စာအုပ်တွေ ထုတ်လာကြတယ်။ သူ့အကြောင်း ရေးကြတဲ့ ဘလော့ခ်များ၊ ဝက်ဘ်ဆိုက်များကလည်း များစွာ။ တချို့ဆို သူ့နာမည်ကို လိုဂိုဒီဇိုင်းဆွဲပြီး အင်္ကျ ီတွေမှာ စတေကာ ရိုက်ပြီး ဝတ်ကြတယ်။ ပိုဆိုးတာက တက်တူးပါ ထိုးကြတဲ့ အထိ ရူးသွပ်ကြတယ်။

 

××××

 

နောက်ပိုင်းမှာတော့ ခရမ်းပြာ ထပ်လုပ်ခဲ့တာတွေက အနည်းငယ် ပုံစံပြောင်းလဲလာတယ်။ သူဇာတ်ကားတွေဟာ နည်းနည်းစီ ကျဲလာတယ်။ သူ့သီချင်းခွေတွေလည်း အဲလိုပဲ။ ခရမ်းပြာဟာ လူမှုကူညီရေးဖောင်ဒေးရှင်းတွေကို ဦးစီးပြီး လုပ်လာတယ်။ သူပိုင်တာတွေထဲက တော်တော်များများကိုလည်း လှူဒန်းတယ်လို့ ကြားရတယ်။

ဘုရားတည်တယ်။ ရေမရှိတဲ့ ဒေသတွေ ရေရရေးလုပ်တယ်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေအတွက် ချေးငွေ ထုတ်ချေးတယ်။ သူ့ဘဝမှာ သူတွေးခဲ့တာတွေကို အတွေးအက်ဆေးတွေ ရေးပြီး စာအုပ်တွေ ထုတ်တယ်။ ရသမျှ အမြတ်ကို ဖောင်ဒေးရှင်းတွေ ဆက်လက် ရှင်သန်ဖို့ လုပ်လာတယ်။ ဂီတပွဲတော်တွေကိုလုပ်တယ်။ အမြတ်ကို လှူတယ်။

ခရမ်းပြာရဲ့ လုပ်ရပ်တွေဟာ ရင်သပ်ရှုမောဖွယ်တွေချည်း ဖြစ်ရတယ်။ ဟာခနဲ၊ ဟာခနဲပဲ။ သူဘာလုပ်နေတယ်ဆိုတာ သတင်းတွေကလည်း အမြဲမပြတ်ပြတယ်။ လူတွေကလည်း ဒါကို အမြဲတမ်း စောင့်ကြည့်ကြတယ်။

 

××××

 

နောက်ပိုင်းမှာတော့ ခရမ်းပြာဟာ နိုင်ငံခြားမှာ တော်တော်ကြာကြာသွားနေပြန်တယ်။ အဲဒီတစ်ခေါက်က တော်တော်ကြီး ကြာသွားတယ်။ ပြည်တွင်းက ပြည်သူတွေက သိပ်မကျေနပ်ကြတော့ဘူး။ နည်းနည်း တင်းရာက များများတင်းလာတယ်။ ခရမ်းပြာ ပြန်မလာသေးဘူး။ သူ့သတင်းမရတော့ ဂျာနယ်တွေ ရောင်းအားကျလာတယ်။ သတင်းလိုင်းတွေ ကြော်ငြာမရတော့ဘူး။

ခရမ်းပြာဘယ်ရောက်နေလဲ။

ခရမ်းပြာ ဘာလုပ်နေလဲ။

ခရမ်းပြာဟာ ပဟေဠိဆန်လာတယ်။

အဲဒီနောက်မှာ ခရမ်းပြာ အိမ်ထောင်ပြုသွားကြောင်း သတင်းတိတိကျကျ ထွက်လာခဲ့တယ်။ သူအိမ်ထောင်ပြုတာက နိုင်ငံခြားသားနဲ့။

ဘာ .. ။ ဘယ်လို …။ တောက်…။ မကျေနပ်ချက်တွေ ပေါ်လာတယ်။

 

××××

 

သတင်းမီဒီယာတွေဟာ ခရမ်းပြာ သတင်းမရတော့ ခရမ်းပြာရဲ့ ပရိသတ်ဘက်ကို ဦးတည်လာတယ်။ ပရိသတ်ရဲ့ မကျေနပ်ချက်တွေက သတင်းဖြစ်လာတယ်။

“သူဒီလို မလုပ်သင့်ဘူး။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုရတယ်လို့ဗျာ”

“လုံးဝမကျေနပ်ဘူး။ သူ့လို role model တစ်ယောက်က ဒီလိုမလုပ်သင့်ဘူး”

“ကြားကြားချင်းက တကယ်မဟုတ်ပါစေနဲ့ ဆုတောင်းတာ။ ဟုတ်နေတော့ တစ်ညလုံး အိပ်လို့တောင်မရဘူး”

အဲလိုကနေ မကျေနပ်ချက်တွေက ဆဲဆိုသံတွေအထိ ဖြစ်လာတယ်။ မကျေနပ်လို့ ပြော၊ ပြောထားတာကို ပြန်ဖတ်ပြီး ပိုမကျေနပ်၊ တစ်ခါ ထပ်ပြောကြ၊ ဆဲကြ ဆိုကြ။

သတင်းမီဒီယာတွေ တစ်ခါ အလုပ်ဖြစ်လာတယ်။ ခရမ်းပြာ ပြန်လာရင် ခဲနဲ့ ဝိုင်းပေါက်မယ်၊ ဝိုင်းဆဲမယ်အထိ ဖြစ်လာတယ်။ ခရမ်းပြာလည်း ပြန်မလာရဲဘူးလားတော့ မသိဘူး။

 

××××

 

လက်ဖက်ရည်သောက်နေတုန်း ခရမ်းပြာ ကွယ်လွန်တဲ့ သတင်းကို ကြားလိုက်ရတော့ လူတွေအားလုံး ကြက်သီးမွေးညှင်းထရတဲ့ အထိ ဖြစ်ကုန်တယ်။

“အို .. ခရမ်းပြာရယ် .. ငယ်ငယ်လေးနဲ့ ဖြစ်မှ ဖြစ်ရလေ”

ခရမ်းပြာကို ဝိုင်းသနားကြပြန်တယ်။ အရင်က မကျေနပ်တာတွေ မရှိတော့ဘူး။ သူသေတယ်လည်း ကြားရော မြို့တိုင်းက မဖွင့်တာ ကြာပြီဖြစ်တဲ့ သူ့သီချင်းသံတွေ ပြန်ဖွင့်လာတယ်။

သတင်းအဆုံးမှာ လက်ဖက်ရည်ဆိုင်က သူတစ်ခါက ဆိုခဲ့ဖူးတဲ့ အလွမ်းတွေ ထမ်းထားသော သီချင်းကို ပြန်ဖွင့်လိုက်တာ လူတွေ အကုန် မျက်ရည်စို့သူ စို့၊ ငိုချင်းချသူ ချ ဖြစ်ကုန်တယ်။ စားပွဲထိုးတွေကော၊ ဆိုင်ရှင်ပါမကျန် တီဗွီ သတင်းရှေ့မှာ ငြိမ်ဝပ်လို့။ သူ့ဓါတ်ပုံလေးတွေကို သတင်းက ပြန်ပြလို့။ နောက်ဆုံး သူမသေခင်မှာ ရေးခဲ့တာလေးကို သတင်းက ထုတ်ပြအပြီးမှာတော့ အားလုံး မငိုဘဲ မနေနိုင်တော့ဘူး။

“I love my country…… I will be back ….. forgive me …” တဲ့။

ကျွန်တော်လည်း ပိုက်ဆံရှင်းပြီး အပြင်ထွက်လာတော့ ဂျာနယ်ရောင်းသူတစ်ယောက်က အော်ဟစ်ရောင်းနေသံကို သဲ့သဲ့လေး ကြားလိုက်တယ်။

“ခရမ်းပြာ .. ပြည်သူ့အချစ်တော် .. အနုပညာရှင် ကွယ်လွန် …. သတင်းအတိအကျကို ဂျာနယ်မှာ ပါလာပြီ”

အော် .. ခရမ်းပြာ … ခရမ်းပြာ …။ မင်းဟာ သေပြီးသွားတဲ့ အထိ ငါတို့အားလုံးကို လှုပ်ခတ်နိုင်လွန်းပါလားနော် ….။

 

ရင်နင့်အောင်

5 comments

  • zarlay

    February 3, 2012 at 2:45 pm

    ချစ်သော…..ခရမ်းပြာဆိုတာ ရုပ်ရှင်ကားလား ကြားဖူးသလိုပဲ

    • ရင် နင့် အောင်

      February 3, 2012 at 2:49 pm

      သင်္ကေတ ဇာတ်ကောင်ပါ။ အပြင်မှာ တကယ်မရှိသလို ပုဂ္ဂလိက သဘောနဲ့ မတွေးပါနဲ့။ တိတိကျကျ အဖြေသိချင်ရင်တော့ ဒီမှာ ပြောလို့ မဖြစ်ဘူး 🙂 ။ ကျန်တဲ့ စာဖတ်သူတွေ အတွက်ပါ။ ကျေးဇူးပါ။

  • စိန်ပေါက်ပေါက်

    February 3, 2012 at 2:49 pm

    ဪ..
    ချစ်သောခရမ်းပြာ..
    ဘာပြုလို ့သေသွားတာလဲဟင် 🙄
    လူတွေကလဲ သေမှသနားတတ်ကြတာကလား..
    အဲအချက်လေးတော့ ပေါ်လွင်ပါပေ့..
    လူဒွေ.လူဒွေ..

  • kai

    February 3, 2012 at 5:08 pm

    စကားမစပ်ပါ…
    အေးချမ်းမေ..မြန်မာပြည်ကိုသွားမယ်တဲ့..။
    စိုးသူရော….

    ..
    အေးချမ်းမေက… အမေရိကန်တယောက်နဲ့..ယူထားတာပါ…။ 🙂

  • windtalker

    February 3, 2012 at 8:53 pm

    ဟုတ်ပြီ ၊ သဂျိုင်ခီး ကွန်မင့်အရ ဆိုရင်
    သည်ပို ့စ်ပိုင်ရှင် ဟာ အေးချမ်းမေ ကို အခြေခံပြီး ၊ ခရမ်းပြာကို ထုဆစ်ခံစားထားတာ ထင်ပါရဲ ့

Leave a Reply