သူ ဂိုးရှူးမလို့ လုပ်ပြီးမှ သူဟာ ဘောလုံးပွဲထဲမှာ မဟုတ်တာကို သိလိုက်ရတယ်။ အဖြစ်အပျက်များဟာ စကားလုံးမပါဘဲ သူ့အလိုအတိုင်းသူ ရပ်တည်လို့နေလေရဲ့။ တစ်ခါကပေါ့။ သူပြောခဲ့ဖူးတယ်။ “ရည်ရွယ်ရာကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ သူတွေထဲ ငါမပါဘူး ………..” ပြောရမယ် ဆိုရင်တော့ သူဟာ သူမဟုတ်တဲ့သူ။ တိတိကျကျပြောရရင် သူဟာ သူမဟုတ်တော့တဲ့သူ။ တစ်ချိန်တုန်းက ဆို သူဟာ သူ စစ်စစ် ဖြစ်ခဲ့ဖူးတာပေါ့။     တစ်ခုသော ညစာစားပွဲမှာ ခရင်းတစ်ခုကို သူကိုင်ရင်း မေးခဲ့ဖူးတယ်။ “မင်းတို့ ငါတို့ ဒီခရင်းကို ကိုင်ပြီး စားစရာ တော်တော်များများ စားခဲ့ဖူးတယ် မင်းတို့ ဒီခရင်းမှာ အချောင်း ဘယ်နှစ်ချောင်းပါလဲ သိကြလား” အမှတ်တမဲ့ သူ့မေးခွန်းကြောင့် […]


  အရက်တစ်ပက်လို့ ထပ်မှာနေတဲ့ အောင်ဘတစ်ယောက် နည်းနည်းတော့ မူးနေပြီ။ ဒါပေမယ့် သူက ထပ်သောက်ရမှ အာသာပြေလိမ့်မယ်လို့ သူ့ကိုယ်သူ တွေးထားလေတယ်။ “ဟေ့ .. ဝီနောက်ထပ် တစ်ပက်ဟေ့” သူ့ရှေ့ထံ ရောက်လာတဲ့ ဝီစကီ တစ်ပက်ကိုကြည့်ရင်း သူက ပြုံးခြင်းနဲ့ ရယ်မောဟားတိုက်ခြင်း ပေါင်းစပ်ထားတဲ့ အမူအရာနဲ့ ရယ်မောလိုက်တယ်။ “ဟုတ်တယ် … အရက်ဆိုတာ မူးတယ် .. သောက်ရင် မူးမှာပဲ မဟုတ်လား.. မျိုးကြီးရ” မျိုးကြီးဆိုတာက ဆိုက်ကားသမား။ သူနှင့် အတူ သောက်ဖေါ် သောက်ဖက်။ “သိပ်ဟုတ်တာပေါ့ဗျာ …. အရက်လောက် သစ္စာရှိတာ …. အရက်ပဲ .. သောက်ရင် မူးမယ် .. မသောက်ရင် မမူးဘူး …. အောင်ကြီးရ ….” အောင်ဘ […]


  (၁) ကြယ်တွေစုံပြီလား။ ရယ်ပွဲဖွဲ့ လောကတီးဝိုင်းကြီးဆုံးသွားတော့ အိပ်မက်ကနိုးလာတယ်။ ခွေးတွေ ဟောင်လိုက်တာကိုပဲ ရင်ခုန်မိတဲ့ လူတစ်ယောက်က ညနေခင်းပန်းချီကားတစ်ခုမှာ ခွေခွေလေးအိပ်မယ်ဆိုပဲ။ လက်ဆွဲ နှုတ်ဆက်လိုက်၊ လက်ပြ နှုတ်ဆက်လိုက်နဲ့ နောက်ဆုံးလက်မြောက်အရှုံးပေးခဲ့ရ။ `ကဲပါ၊ မီးခြစ်ခြစ်၊ ငါဆေးလိပ်သောက်မယ် မိန်းကလေး´ မအိပ်ပဲမက်တဲ့ အိပ်မက်မို့ ခင်ဗျားတို့ အလေးမထားကြဘူးမလား။ တဆိတ်လောက် မေးဦးမယ်။ ကြယ်တွေ စုံပြီလား။   လေးထောင့်ဆန်တဲ့ လူတစ်ယောက်ရောက်လာတယ်။ အဝိုင်းဆန်တဲ့ စကားတွေကိုတော့ ခင်ဗျားမပြောသင့်ဘူး။ ညနဲ့မတူတဲ့ ညမို့ မအိပ်မိတာ ကျွန်တော့်အပြစ်လားဗျာ။ ပြောကြစမ်းပါဦး။ အရက်တစ်ခွက်ထဲကို ဒိုက်ပစ်ရေးကူးလိုက်တော့ ခြောက်ကြိုးလုံးပြတ်သွားတယ်။ လေကိုအလေးမထားပဲ ပျံသန်းနေတဲ့ ငှက်လားခင်ဗျားက။ ရေကိုမသောက်တတ်ဘဲ ကူးနေတဲ့ ငါးလားခင်ဗျားက။ ခုနေများ ကြယ်တွေကြွေသွားရင် ဘာကိုမှ မပြောတော့ဘူး။ စုံသွားပြီ။ အားလုံးပေါင်းလိုက်တော့ […]


kalinkJanuary 17, 20133min1909
ပန်းချီ ဝသုန်ရဲ့ လက်ရာမြောက် စာပေမွန်လေးပါ။ စာချစ်သူပေါင်း စာကောင်းပေမွန်လေး ခံစားရအောင် ဝေမျှပါသည်။ ခြေထောက်များ ဝသုန် ပန်းချီပြပွဲ ခန်းမ၏ နောက်ဘက်တစ်နေရာမှာ ရုံးစုထိုင်နေကြသော ကျွန်တော်တို့ ပန်းချီဆရာတစ်သိုက်မှာ အပြင်ဘက်မှ ခြေထောက်များ ရွေ့လျား သွားလာနေကြပုံကိုသာ တွေ့မြင်နေရလေ၏။ ပန်းချီကား များကိုကား ဘုတ်ပြားများပေါ်သို့ ချိတ်ဆွဲပြီး ဝင်လာသူ ပွဲကြည့် ပရိသတ်တို့ဘက်သို့ မျက်နှာမူထား၍ ဖြစ်လေသည်။ * ပန်းချီကားတစ်ချပ် ဖြစ်တည်လာဖို့ ရင်နှင့် ရင်းဖွဲ့လျှင် အချိန် အတော်ကြာတတ်လေသည်။ ကျွန်တော် ပန်းချီကျောင်းတက်စဉ်က ဆရာကြီး ဦးမြတ်ကျော်၏ ပန်းချီကားတစ်ချပ် အကြောင်းကို တွေးနေမိပါသည်။ ပန်းချီကျောင်းတက်ရန် အင်တာဗျူး ဖြေစဉ်ကတည်းက ထိုပန်းချီကားကို ရေးလက်စဖြင့် ဆရာကြီး ရုံးခန်းထဲမှာ မြင်ရသည်။ မြတ်စွာဘုရား ဒုုက္ကရစရိယာ ကျင့်တော်မူခန်း ပန်းချီကား […]


  “သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါလေ……..”   ——————————————————————————   ရင်ဘတ်မှာ တစ်ဆစ်ဆစ်နဲ့ ကျွန်မကို နာကျဉ်စေခဲ့တာက ဟောဒီလမ်းထဲကို တစ်လှမ်းချင်းလျှောက်လာတဲ့ အမျိုးသား တစ်ယောက်ကြောင့်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့ဘူး။ အိပ်မက်အစဉ်ဟာ မဆုံးသော မက်ခြင်းနဲ့ တစ်ရေးနိုးတိုင်း ကျွန်မ သူ့ကို “မောင်” လို့ ခေါ်မိနေတုန်းပါ။   မောင်ရယ် …. အလွမ်းဆိုတာ တကယ်တော့ …. မလိုအပ်တဲ့ နာရီလက်တံက တစ်ချက်ချက် အသံလိုပါပဲ စက္ကန့်တိုင်းမှာ ဘာကို ကျွန်မသတိပေးနေရဦးမလဲ … ဒါမဖြစ်သင့်ပါဘူး….။   ——————————————————————————   “ဟင့်အင်း … ဟင့်အင်း … ကျွန်မ ကျွန်မ စိတ်ညစ်တာပဲ သိတယ် မောင်ရယ် […]


  (၁) အဲဒီနေ့က စွန်လေး ကျွန်တော်ဆီ ရောက်လာခဲ့သည်။ အဲဒီနေ့က ကောင်းကင်မှာ တိမ်တွေ မရှိခဲ့ဘူး။ နွေဦးရဲ့ ခပ်ပြင်းပြင်းလေတစ်ချို့ကို ခံစားနေချိန်မှာပဲ စွန်လေးက ကျွန်တော့်ဆီရောက်လာခဲ့တာပါ။ “မင်းက ဘယ်သူလဲ၊ ဘယ်ကလဲ” “ကျွန်တော်က စွန်လေးလေ၊ လေတံခွန်လေးဆိုလည်းဟုတ်တယ်၊  ဟိုး … မိုးပေါ်က လာတာပေါ့” စွန်လေးက ကောင်းကင်ရဲ့ တစ်နေရာကို လက်ညိုးထိုးပြပြီး ကျွန်တော့်မေးခွန်းကို ဖြေပါသည်။ “မိုးပေါ်က      ဟုတ်လား” စွန်လေးက ခေါင်းညိမ့်ပြတော့ ကျွန်တော်က မေးခွန်းထုတ်ပါသည်။ “နေပါဦး၊ မင်းက မိုးပေါ်ကလာတာဆိုတော့ ပျံတတ်လို့လား မင်းမှာ အတောင်ပံမှ မပါဘဲ” စွန်လေးက ဘာမှပြန်မပြောဘဲ ပြုံးတုံးတုံးလုပ်နေပါသည်။ သို့သော် သူ့အပြုံးက အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်၏ အပြုံးမျိုး။ “အစ်ကိုကကော ပျံတတ်လား” “ဟင်အင်း” […]


မိုးဇက် … “အလင်းတန်းတစ်ခု ကျွန်တော်အရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာတော့ လှန့်တော့သွားတာပေါ့ဗျာ… ဒါပေမယ့် စပ်စုချင်တဲ့ စိတ်နဲ့ အဲဒီအလင်းတန်းကြီးထဲ ဝင်ကြည့်မိလိုက်တယ် ….” xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ညနေမိုး …. “မနေ့ညက အိပ်မက်မက်နေတယ်လို့ ကျွန်မ အိပ်မက်မက်ခဲ့တယ်ရှင့် … ရှင်တို့သိလား … အိပ်မက်က ထူးဆန်းလိုက်တာ … အိပ်မက်ရဲ့ အိပ်မက်ထဲမှာ ကျွန်မအနားကို … အလင်းတန်းကြီး ကျလာတာလေ … ကျွန်မဖြင့် လန့်လိုက်တာ.. နောက်ကို ဆုတ်လိုက်မိတာပေါ့ … မကြာပါဘူး …. အဲဒီအလင်းတန်းထဲက ကောင်လေးတစ်ယောက်ထွက်လာတယ် … သူက …” xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx မိုးဇက်… ကျွန်တော် သူမဆီကို တစ်လှမ်းချင်းလျှောက်သွားလိုက်တယ်။ သူမဆိုတာ အရမ်းလှတဲ့ မြောက်ကျွန်းသူလေးပေါ့။ သူမက အပင်တစ်ပင်ဆီက […]


၁။ ထိုနေ့မနက်က ကျွန်တော် ပါးစပ်ပျောက်သွားတယ်။ “ဟာ … ငါပါးစပ် ဘယ်ရောက်သွားလဲ .. နေဦး ဘယ်သူခိုးသွားတာလဲ … နေပါဦးဟ ဟုတ်ကော ဟုတ်ရဲ့လား .. အိပ်ရင်းနဲ့အိပ်ယာထဲများ ထွက်ကျသွားခဲ့တာလား …” အဲလိုနဲ့ ကျွန်တော် အိပ်ယာထဲ၊ အိပ်ခန်းထဲ၊ ဘီဒိုထဲ …၊ တစ်အိမ်လုံးအနှံ့ လိုက်ရှာရပါတယ်။ မတွေ့ဘူးဗျ။ ပြဿနာတော့ အကြီးအကျယ်တတ်ပြီ။ ဟုတ်တယ်လေဗျာ။ ပါးစပ်မရှိလို့ ဘယ်ဖြစ်မလဲ။ ကိုယ်တတ်ကြောင်း ပြောရတာလည်း ဒီပါးစပ်၊ ကိုယ်မှန်ကြောင်း ပြောရတာလဲ ဒီပါးစပ်၊ ကိုယ် မလုပ်တတ်ကြောင်း ရှင်းရတာလည်း ဒီပါးစပ်၊ ကိုယ် မှားကြောင်းဝန်ခံရမှာလဲ ဒီပါးစပ်။ နောက်ဆုံး။ ကိုယ်မှားလည်း မှန်တယ်လို့ လိမ်ရမှာလဲ ဒီပါးစပ်။ ကဲ ။ ဘယ်လောက်တန်ဖိုးရှိတဲ့ ပါးစပ်လဲ။ […]


(နိဒါန်း)   ဇာတ်လမ်းရဲ့ အဓိက ပြဿနာက အဲဒီညက သောက်တာတော်တော်များတော့ မူးသွားပြီး အရက်ဆိုင်မှာ သူ့မျက်မှန်ကျန်ခဲ့တာက စတယ်လို့ ပြောရမှာပဲ။ မှတ်မိသလောက် အဲဒီညက ဆိုင်မှာ လူတော်တော်စုံသွားတယ်။ သူရယ်၊ ရွှင်လန်းရယ်၊ မှတ်ကြီးရယ်၊ ပြီးတော့ ဒေါက်တာ ကိုထွန်းနဲ့ သူ့သူငယ်ချင်းများ သုံးယောက်လောက်ပါ ပါလာတယ်။ ဆေးပညာအကြောင်းတွေကော၊ သိပ္ပံပညာ၊ စာပေ စုံနေတာပဲ ပြောခဲ့ကြတာ။ ပြီးတော့ ညဉ့်လည်းနက်သွားပြီး အားလုံးထ ပြန်ခဲ့ကြတာ သူက မျက်မှန်မယူခဲ့ဘဲ ပြန်လာခဲ့တယ်။ အဲဒီက စတော့တာပဲ။   (၁)   နောက်တစ်ရက် သူနိုးလာတော့ ညက ဘယ်လို ပြန်လာလဲပင် မမှတ်မိတော့။ ခေါင်းတွေလည်း ကိုက်ခဲနေပြီ။ မျက်လုံးကိုပင် မဖွင့်ချင် ဖွင့်ချင်ဖြင့် သူဖွင့်လိုက်တော့။ “ဟင် […]


ခရမ်းပြာ အကြောင်းကြားတော့ ရေနွေးပန်းကန်တောင် လွတ်ကျကွဲသွားတယ်။ ကျွန်တော်။ တီဗွီသတင်းလိုင်းက လွှင့်တာဆိုတော့ ဒီသတင်းက မှန်မှာပဲ။ ခရမ်းပြာ။ ခရမ်းပြာ။ “… ရက်၊ .. လ…၊ ခုနှစ် .. နံနက် (၁၀)နာရီ (၁၂) မိနစ်မှာ ခရမ်းပြာ ကွယ်လွန် …” “အို …” “ဟာ …” “ဘုရားရေ ..” လက်ဖက်ရည်ဆိုင်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ ကျွန်တော်က လွတ်ကျကွဲသွားတဲ့ ရေနွေးပန်းကန်ကို ဂရုမစိုက်အား။ ခရမ်းပြာရဲ့ သတင်းကို နားထောင်ပြီး ကြက်သေသေသွားတယ်။ အော်..။ ခရမ်းပြာ ..။ ခရမ်းပြာ..။   ××××   ခရမ်းပြာအကြောင်းကို ပြောရရင် သူရဲ့ မျက်လုံး၊ မျက်ခုံးကစရမလား မသိဘူး။ တစ်ချို့က […]


Mg OggaDecember 11, 20111min24115
အဘ ဆုံးတာကြာပြီ အခုချိန် အဘကို အရမ်း သတိရမိရဲ့။ အဘက ရွာကို အင်္ဂလိပ်လက်ထက်အပြီး ပထစ ဖဆပလ ခေတ် ပြည်တွင်းစစ်ကတည်းက ရွာကျေးရွာလူထုက ရွှေးချယ်ထားတဲ့ သူကြီး ။ သူ သူကြီးနေရာ ကို ရတာ ရွှေးကောက်ပွဲလုပ် မဲခွဲဆုံးဖြတ်တာလဲမဟုတ်ဘူး အစိုးရနဲ့ ရောင်စုံသူပုန်တွေ က လာပြီး သူကြီး လုပ်ခိုင်းလို့ လုပ်တာလဲ မဟုတ်ဘူး တိုင်းပြည်မငြိမ်မသက် ဖြစ်တဲ့ အချိန် ကျေးရွာကို ဦးစီး ဦးဆောင် ခိုင်းလို့ အဘ မတတ်သာပဲ ကျေးရွာ အုပ်ချုပ်ရေး သူကြီး နေရာရခဲ့တာပါ။ အဘ က တော့ အေးအေး ဆေးဆေးပဲနေလို်တယ်။ ဒါပေမဲ့ သူချစ်တဲ့ ရပ်ရွာအတွက် သူ လုပ်ပေးရတယ်ပေါ့။ ပြည်တွင်းစစ်ကာလ […]


thatoeJanuary 24, 20111min580
`အပမ်းဖြေခရီးစဉ်` ဟူသော ခေါင်းစဉ်အောက်မှ သည်ရီးသည် ပျော်ရွှင်ကြည်နူးစရာ၊ မမေ့နိုင်စရာ အမှတ်တရများစွာ တို့ဖြင့် အတိပြီးပြည့်စုံနေလိမ့်မည်ဟု သေချာစွာ ယုံမှတ်မျှော်လင့်ထားခဲ့မိသည်။ ခရီးဝေးသွားခဲလှသော ကေ့အတွက်တော့ လမ်းဘေးဝဲယာ မြင်ကွင်းများသည်ပင် အဆန်းအကြယ် ဖြစ်နေပြန်တော့သည်။ ညောင်တုန်း၊ ကျောင်းကုန်း စသော မြို့အဝင်များကို လှမ်းငေးကြည့်ရုံမျှဖြင့် ကျော်လွန်ပြီးခဲ့ပြီ။ ပြီး…ကားလမ်းမ နံဘေးက ရွာကလေးတွေ…။တချို့ကတော့ ကားလမ်းနဲ့ ဝေးလှမ်းလွန်းလှသည်ဖြစ်ရာ အုန်းပင်တန်းရှည် ညို့ညို့ကိုသာ လှမ်းငေးရတော့သည်။ မြင်ကွင်းများစွာကတော့ ရှုမျှော်မဆုံးတော့သော စိမ်းတစ်ကွက်၊ ဝါတစ်လှည့် လယ်ကွင်းများသာပင်။ “ဟဲ့…လယ်တွေတောင် ပြန်စိုက်နေရပြီလား´´ “နွေစပါးလေဟယ်…ငတုံးမရဲ့´´ “ဟို…ဝါနေတဲ့ လယ်ကွက်တွေက ဘာဖြစ်တာလဲ´´ `ရေငတ်လို့ ဖြစ်မှာပေါ့ ´´ ခရစ်စမတ်အမီ စီစဉ်ခဲ့သော ကေတို့၏ သည်ခရီးစဉ်သည် အလုပ်ရှင်သူဋ္ဌေး၏ နိုင်ငံခြားခရီးစဉ် ရုတ်တရာက်ပေါ်လာသောကြောင့် သူပြန်ရောက်အောင် စောင့်ပေးနေရပြန်သည်။ သူဋ္ဌေးပြန်ရောက်လာချိန်မှာ […]


Mg OggaJuly 3, 20101min833
တစ်ခုသော နွေရာသီ ညနေခင်းမှာ အညာက သာယာကုန်းဆိုတဲ့ ရွာလေးမှာ ကိုကျော်ဆန်းဆိုသူသည် စွတ်စို ပေကျံ မောပန်းစွာဖြင့် အိမ်ပြန်လာသည်ကို အိမ်နီးနားချင်းဖြစ်သူ ကိုဆန်းမောင်က ကိုကျော်ဆန်း အဖြစ်ကို သူခြံထဲမှ လှမ်းမြင်လိုက်လျှင် တစ်ခုခုတော့ ကိစ္စပေါ်ပြီဟု ထင်၍ သူ၏ စပ်စပ်စုစု လုပ်ချင်စိတ် ပေါ်လာ သဖြင့် ကိုကျော်ဆန်းကို အကျိုးကြောင်း လှမ်းမေးလိုက် လေသည်။ ဆန်း။ ။ ဘယ်ကပြန်လာတာလဲ ကိုကျော်ဆန်းရဲ့ တစ်ကိုယ်လုံးလည်း ရေတွေ ရွဲ လို့ပါဘလား ဘယ်လိုဖြစ်လာတာလဲဗျ ကျော်။ ။ ကျွန်တော်မြို့ တက်ပြီး နွားသွားရောင်းတာပါဗျာ ဆန်း။ ။ ဟင် ဟုတ်လား ဒါဆို ငွေတွေရလာပြီပေါ့ မနည်းဘဲ ဟဲဟဲ ဘယ်လောက်ရခဲ့ လဲ ဗျ ကျော်။ […]