စာရေးဆရာ နှင့် သတင်းထောက် မတူတာလေးတွေ။
ကိုဖက်တီး ရေးသည့် သူကြီးသို့ https://myanmargazette.net/92781/mandalay-gazette-2/editors-choice
ဆိုသည့် ပို့စ်လေးနှင့်
ကိုဇော်မင်း ရေးသည့် ဂေဇက်ဘာလဲ … ဘယ်တော့လဲ
https://myanmargazette.net/97198/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ဆိုသည့်ပို့စ်လေးကို ဖတ်မိရာမှ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။
ကိုဖက်တီးက သူကြီးကို ဒီလိုမေးထားပါတယ်။
နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး
အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း
သိလိုပါသည်။
ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့)
ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။
သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။
သူကြီးထံမှ မန်းဂဇက် အတွက် တရားဝင် အထောက်အထားတစ်ခုခု ထုတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ပါသည်။
ကိုဇော်မင်း က ဒီလို ထပ်ရေးပါသည်။
ကျနော်တို့ရဲ့ မန်းဂေဇက်ကြီးလည်း ပြည်တွင်းမီဒီယာအဖြစ်သို့ရောက်ရှိလာနိုင်စရာမရှိဘူးလို့ ပြောလို့မရပါဘူး…
အကယ်၍ မန်းဂေဇက်သည် ပြည်တွင်းမီဒီယာတစ်ခုဖြစ်လာခဲ့ပါက ဆိုတဲ့ အတွေးနဲ့အိပ်၍မပျော်နိုင်သောကြောင့်
သူကြီးအားအတင်းလှုပ်နှိုးကာ မေးမြန်းစပ်စုကြည့်မိပါသည်။
သတင်းလွတ်လပ်ခွင့်နှင့်အတူ ပြည်ပအခြေစိုက် သတင်းမီဒီယာများ ပြည်တွင်းသို့ ဝင်လာပြီး ရပ်တည်ကြတော့မည့် သတင်းတွေ
ဟိုမှ သည်မှ ကြားနေရပါသည်။ ကျွန်တော်တို့ မန်းဂဇက်ကြီးကလည်း ပြည်တွင်းသို့ တစ်ချိန်ချိန်မှာ ရောက်လာတော့မည်ဟု
မျှော်လင့်ရပါသည်။ အခုတောင် သူကြီးအနေဖြင့် သတင်းထောက်ကဒ်တွေ ထုတ်ပေးဘို့ စဉ်းစားကောင်းစဉ်းစားနေပါလိမ့်မည်။
ထို့အတွက် သတင်းထောက်ဝါသနာပါကြသော ကျွန်တော်တို့ ရွာသူရွာသား တွေအနေနဲ့ ကြိုတင်ပြင်ဆင်လေ့လာထားကြ ရတော့မည့်
အချိန်ဖြစ်ပါသည်။ အခုလောလောဆယ် ကျွန်တော်တို့ ရွာသူရွာသားတွေထဲမှာ သတင်းထောက်စစ်စစ်ကြီးတွေ မရှိသေးဟု ထင်ပါသည်။
စာရေးသူ (ဒီနေရာမှာ စာရေးဆရာလို့ မသုံးတာ ကျွန်တော်တို့က စာရေးဆရာစစ်စစ်တွေ မဟုတ်သေးလို့ပါ) တစ်ယောက်နှင့် သတင်းထောက်တစ်ယောက်
သဘောသဘာဝခြင်း မတူကြကြောင်း ကျွန်တော် ဖတ်ခဲ့ရဘူးပါသည်။ အဲဒါလေးကို ဝေမျှပေးချင်တာပါခင်ဗျာ။ သတင်းထောက်လုပ်ကြမယ့် စာရေးသူတွေအတွက်ပါ။
ဆရာမင်းထက်မောင်၏ ယနေ့ခေတ်ဂျာနယ် (16-5-2000 issue) တွင် အယ်ဒီတာ့စကားမှ စာပိုဒ်လေးတစ်ပိုဒ်ကို ဖေါ်ပြပေးချင်ပါသည်။
တကယ်တော့ စာရေးသူ လူတစ်ယောက်တည်းမှနေ၍ စာရေးဆရာအလုပ်ကိုရော၊ သတင်းထောက်အလုပ်ကိုပါ တစ်ပြိုင်နက် လုပ်ကိုင်နိုင်ကြပါသည်။ လုပ်ကိုင်ခွင့် ရှိသည်လည်း ဖြစ်သည်။ ထိုသို့ လုပ်ကိုင်ခြင်းသည်လည်း အကျိုးရှိသော၊ ကောင်းမြတ်သော ကိစ္စတစ်ရပ်ပါပေ။ သို့သော် စာရေးဆရာနှင့် သတင်းထောက်တို့၏ အလုပ်သဘော သဘာဝခြင်း၊ လုပ်နည်းလုပ်ဟန်ခြင်း မတူ ကွဲပြားခြားနားကြောင်းကိုတော့ သတိပြုဆင်ခြင်ကြရမည်ဖြစ်သည်။ စာရေးဆရာအနေဖြင့် ဝတ္ထုတစ်ပုဒ်ကို ရေးသားသောအခါ၌ မိမိ၏ စိတ်ကူးစိတ်သန်းပေါ် အခြေခံ၍ ခံစားရေးဖွဲ့နိုင်သော်လည်း သတင်းထောက်အနေဖြင့်မူ သတင်းတစ်ပုဒ်ကို ရေးသားသောအခါ၌ လက်တွေ့အဖြစ်မှန်အပေါ် အခြေခံ၍ မိမိ ခံစားမှုမပါပဲ အပိုအလိုမရှိ ရေးသားရန် လိုအပ်ပေသည်။ သည်နှစ်မျိုးလုံးကို ရောထွေးပစ်၍ကား မဖြစ်ပါ။ မိမိ၏ နှစ်ဘဝကို မိမိဘာသာ စည်းခြား၍ ချုပ်ထိန်းဖြတ်သန်းနိုင်ပါမှ အောင်မြင်ခြင်းသို့ ရောက်လိမ့်မည်ဟု…။
အဲဒါလေးပါ။ သိထားသင့်တယ် ထင်လို့ ရှယ်လိုက်တာပါ။
နောက်လည်း သိထားသင့်တယ်ထင်တာလေးတွေ ဖတ်မိရင် ရှယ်ပေးပါဦးမယ်။
ရွာသူရွာသားတွေထဲက သိထားသင့်တာလေးတွေလည်း ရှယ်ပေးကြပါဦးဗျာ။
20 comments
စိန်ပေါက်ပေါက်
February 3, 2012 at 4:23 pm
သတင်းသမားလုပ်ဖို ့လဲ မလွယ်ပါ
စာရေးဆရာလုပ်ဖို ့လဲ မလွယ်ပါ (အထူးသဖြင့် သများအတွက်ကိုပေါတာဘာ )
ပြည်တွင်းသတင်းထောက်ဖြစ်ဖို ့
နေရာတိုင်း ဝင်ထွက်သွားလာမေးမြန်းပြီး သတင်းယူဖို ့အတွက်က
သဂျီးအနေနဲ ့ ထုတ်ပေးနိုင်ပါ့မလား..စဉ်းစားမိတယ်
တရားဝင် သတင်းထောက်ဖြစ်ဖို ့ သက်ဆိုင်ရာ ဂျာနယ်၊မဂ္ဂဇင်းတစ်ခုခုမှာ အနည်းဆုံး စာမူ အပုဒ် ၂ဝ လောက်ရေးထားရတယ်
ကြားမိတယ်
အဲသလိုရေးထားမှ သတင်းထောက်ခွင့် ကဒ်ကို ထပ်လျှောက်ခွင့်ရတာမို ့ပါ
အပြည့်စုံတော့ မသိပါဘူးဗျာ..
ကြားဖူးနားဝပြောကြည့်တာပါ..
ကိုရီးတို ့ မရီးတို ့ဆက်ဆွေးနွေးကြဘာ
Diamond Key
February 3, 2012 at 4:32 pm
ကိုချောရေ၊
သတင်းထောက်ကတော့ ၂၄နာရီ သတင်းဖြစ်ပေါ်မှုကို နားစွင့်၊ အပြေးအလွားသွား၊ မနားတမ်းအချိန်မှီ သတင်းရေးပို့နဲ့ အချိန်မဆိုင်း လုပ်ရတာတွေဖြစ်ပေမယ့် စာရေးတာကတော့ ကိုယ့်စိတ်ကူးလေးနဲ့ အေးအေးဆေးဆေးလေး ခံစားရေးဖွဲ့ရတာလေးကတော့ ကွာခြားတာ အမှန်ဗျာ 😀
စာရေးသူ ကတော့ ကိုယ်မရေးချင်သေးတဲ့ အချိန်မရေးလို့ ရပေမယ့် သတင်းသမားကတော့ သတင်းပေါ်ရင် လိုက်ရ၊ အချိန်မှီ သတင်းတန်ဖိုးမကျခင် ရေးရပါတယ်လေ။ 😛
အဲ… သတင်းသမားကို အတင်းရေး ခိုင်းတာတွေလည်း မြင်ရသဗျ။
မနေ့ကတောင် သတင်းသမား သူငယ်ချင်း က သူ့မျက်နှာစာအုပ်ပေါ်မှာ “သတင်းသမားတွေက ပုလင်းပေးမှ သတင်းရေးတယ်လို့ ဒီနေ့ နေ့ခင်းပိုင်းက မန္တလေးကန်တော်ကြီးမှာ စည်ပင်ကလုပ်တဲ့ စာနယ်ဇင်း တွေ့ဆုံပွဲမှာ လူကြီးတစ်ယောက်က ပြောပါတယ်။ နောက်ပြီး လက်ဖက်ရည်တိုက်မှ မေးခွန်းမေးမယ်ဆိုလားပဲ။ ထပ်ပြောပါသေးတယ် စာမျက်နှာတစ်ဝက်လောက် ရေးပေးပါတဲ့။ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ပေးပါမယ်တဲ့။ (ပြောတာကတော့ ဟာသလိုလို ပါပဲ )” လို့ ရေးထားတာလေးတောင် တွေ့လိုက်သေးတယ်။
blackchaw
February 3, 2012 at 4:37 pm
ကိုစိန်သော့ ကြီးက သတင်းသမား ဘဝကို ပိုသိမှာပါ။
တချို့ လူငယ်တွေ သိထားသင့်တာလေးတွေလည်း
ရှယ်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။
လင်းဝေ
February 3, 2012 at 5:33 pm
ကောင်းမွန်တဲ့ တင်ပြချက်ပါဗျား။
အများကြီးမပြောတော့ဘူး လက်ခလယ်လေးပဲထောင်.. အဲ လက်မလေးပဲထောင်သွားတယ်။ း)
alinsett
February 3, 2012 at 5:53 pm
စာရေးသူ နဲ ့ သတင်းထောက်…သဘောသဘာဝ မတူ ဘူးဆိုတာကို..ကျွန်တော်..လက်ခံနိုင်ပါတယ် ။
ကိုဘလက်..ပြောတဲ့ အချက် ကို ( အယူအဆကိုပေါ့ဗျာ) ကျွန်တော်..သဘောတူပါတယ် ။
ဆရာ မင်းထက်မောင် ရဲ ့အဆိုကိုလည်း..ကျွန်တော် သဘောကျပါတယ် မှန်တယ်..ထင်ပါတယ်။
အခုလို ရှယ်ပေးတာ ကိုဘလက်ကို ကျေးဖူးတင်ပါတယ်။
ခင်မင်စွာ…
thit min
February 3, 2012 at 6:02 pm
သတင်းသမားလဲ မလွယ်ပါဘူး။
ပုလင်းသမား တကယ်သာမူး။
ထမင်းကြွေးလို့ အတွင်းရေးမပါ သဘောကိုစော
ပုလင်းပေးလို့သတင်းရေးတာလို့ပြောလိုပြော။
မောပါ့ဗျာ။
————————-
ဟုတ်ပ ကိုဘလက်ချောရေ
ကိုယ့်ခံစားချက်တွေနဲ့ ရေးတတ်ကြတာတွေအများကြီးဘဲ တွေ့နေရတယ်ဗျ။
ယုတ်မာရက်စက်သော လူတစု၏ မဆင်မခြင်ပြုမှု ကြောင့် (ဟား ဟား သူ အပြစ်တင်နေတာနဲ့
လိုရင်း ကို မရောက်ဘူး)။
လူသတ် ရင် သတ်တယ်ပေါ့။ ဒါဘဲ ရေးရမှာ၊ ဘာတွေပါလာမှန်းမသိဘူး။
ကိုဘလက်က သဘောပေါက်ပြီးသားဆိုတော့ ကိုဘလက်သတင်းထောက်လုပ် ဗျာ။
ကဲ သူကြီးရေ။ 🙂
fatty
February 3, 2012 at 6:43 pm
သတင်းသမားဘဲဖြစ်ဖြစ် စာရေးဆရာတယောက်ဘဲံဖြစ်ဖြစ် အခုခေတ်တော့ ဘလော့ဂ်ဂါတွေပါ ပါတာပေါ့လေ သူတို့မှာ ကလောင်တချောင်းပိုင်သွားကြပါပြီ အင်မတန်တာဝန်ကြီးပါတယ်။
ယနေ့ခေတ်ဂျာနယ်သတင်းထောက်ကလေးတွေ နာမဝိသေသနတောင်ဘယ်နားထားရမှန်းမသိဘဲတွယ်နေကြတာ တချို့စာကြောင်းဆို မြန်မာလိုသာရေးတယ် အတော်ဘာသာပြန်ပြီးဖတ်နေရပါတယ်။ သူတို့ထက်တော့
ဒီဂေဇက်မှာရေးနေတဲ့သူတွေက အများကြီးသာကြပါတယ်ခင်ဗျား … ။ တကယ်ဝါသနာပါကြရင်ဖြင့်
ဆက်ပြီးသာကြိုးစားကြပါ။ အဲ ဘလော့ဂါတယောက်ကို စာရေးဆရာလို့ခေါ်သင့်မခေါ်သင့်ကိုတော့
အယူအဆတွေ အမျိုးမျိုးဖြစ်နေကြဆဲပါ။ အဲဒီအကြောင်းတွေပြောရရင်တော့စာရှည်မှာစိုးရပါတယ်။
ကိုဘလက်ကြီးပြောသလိုပါဘဲ သတင်းထောက်နဲ့ စာရေးဆရာမတူပါဘူးလေ .. ။ ဥပမာ ဆရာစိန်ခင်မောရီ
ဆိုရင် သတင်းလဲသတင်းထောက် စာရေးဆရာ ဝေဖန်ရေးဆရာ ဘာသာပြန်ဆရာပေါ့ဗျာ .. ။
အခု DVB တို့ RFA တို့လာဘို့တောင်လုပ်နေကြပါပြီ ဝါသနာပါရင်လေ့လာဆည်းပူးကြပါ အခွင်းအရေးဆိုတာ ပေါ်လာမှာပါ … ။ ကျနော်လဲကြီးမှထောက်ချင်တာနဲ့လေ့လာနေရပါတယ်။
htet way
February 3, 2012 at 8:30 pm
ကိုချောရေ…………
ကိုမင်းထက်မောင်ရဲ့ ယနေ့ခောတ်ဂျာနယ်ကိုပြန်သတိရစေပါတယ်။
ကိုချောပြောတဲ့ စေတနာကို လေးစားပါတယ်။
ကျျွန်တော်ကတော့ သတင်းမရေးချင်ဘူး။
ကိုချောရေ ..သတိရတယ်ဗျာ။ခင်ဗျားကျန်းမာပါစေ။
MaMa
February 3, 2012 at 8:53 pm
ခေတ်သစ်စနစ်သစ်ကို သွားဖို့ အရည်အချင်းတွေ ပြည့်စုံအောင် မွမ်းမံပေးကြသူ ကိုချောရေ- ဖတ်ရှု့မှတ်သားသွားပါတယ်။
သတင်းထောက်တော့ လုပ်ချင်ပါတယ်။
ဒါပေမယ့် ကိုယ့်အခြေအနေနဲ့မို့ သတင်းမထောက် တထောက်လုပ်ရင်ကော ဘယ်လိုနေမလဲ????? 😆
ဆိုလိုတာက ကြုံတဲ့သတင်းကို ထောက်ပြီး၊ တကူးတက လိုက်မထောက်တဲ့ သတင်းထောက်ပေ့ါ။
blackchaw
February 3, 2012 at 9:53 pm
ကွန်းမန့်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော် ဒီပို့စ်လေးကို ရေးထားတာ ကြာပါပြီ။
ဆရာလုပ်တယ်ထင်မှာစိုးလို့ မတင်ပဲထားတာပါ။
အတူတူ လေ့လာသင်ယူတယ်လို့ သဘောထားပြီး ရေးထားတာပါ။
ကျွန်တော် သတင်းထောက်စစ်စစ်ကြီး လုပ်သွားဘို့ လုံးဝမရည်ရွယ်ထားပါဘူး။
သတင်းထောက် ဆိုတာထက် လက်ထဲကင်မရာကိုင်ထားပြီး
ကြုံရင် ဓါတ်ပုံလေးရိုက်၊ သတင်းလေး တတ်သလောက်မှတ်သလောက်ရေး
ဆိုတာမျိုးလေး (မမပြောတဲ့ ကြုံတဲ့သတင်းကိုထောက်တဲ သတင်းထောက်မျိုး)
ကိုတော့ လုပ်သွားမှာပါ။
အခုရေးလိုက်တာက အလကားတော့ မဖြစ်လောက်ဘူး၊ အဆိပ်အတောက် တစ်ခုတော့
မဖြစ်လောက်ဘူးလို့ ယုံကြည်မျှော်လင့်ပါတယ်။
inz@ghi
February 3, 2012 at 10:02 pm
တိန်.. .ခုမှ ပြန်ရောက်လို့မန့်မလို့ဟာ ..ပိုစ့် ပိုင်ရှင်က စာရင်းပိတ်တွားဘီ …
ခွိ…. တူဒေးက ဖလိုင်းဒေးလေဂျာ …နည်းနည်းပါးပါးနောက်ကျမှာပေါ့လို့ကို …
လူဇိုး …..
မန့်တော့ဝူး …တော်ဘီ….
အလကားနောက်တာပါ ကိုဘလက်ရယ်…
ကျနော် ဖုန်းနဲ့ မြန်မာစာပေါ်တဲ့ ဘရောက်ဇာ နဲ့ ဖတ်ဖြစ်ခဲ့ပါတယ်ဗျ.. ရထားစီးတုန်း..
မြန်မာဖောင့် မရှိလို့ မမန့်ဖြစ်တာပါဗျာ
အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးပေါ်ရောက်တဲ့အခါ …..
လက်တို့စမ်းပါဗျာ …သတင်းဓါတ်ပုံသမားတွေ အကြောင်း လက်တို့ချင်လို့ရယ်ပါ…..
ခင်တဲ့ …
Inz@ghi
blackchaw
February 3, 2012 at 10:14 pm
ဂီဂီရေ။
မဝံ့မရဲရေးလိုက်တဲ့ ပို့စ်လေးဆိုတော့
သောက်မြင်ကတ်သူတွေ မဆဲခင်
စာရင်းအရင် ပိတ်ထားလိုက်တာပါ။
မနက်ဖြန် မနက် အစောကြီး ကိုယ် မန္တလေး သွားဦးမယ်။
ဒီရက်ပိုင်း ညီလေး ပေးတဲ့ ကွန်းမန့်လေးတွေအတွက်
အထူးကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ်။
inz@ghi
February 3, 2012 at 10:22 pm
မန်းထရစ်ပ်….
တိကျတဲ့ သတင်းရပ်ကွက်က စောစောကလေးတင် ကြားပြီးပါပြီဗျာ ….
😀
ကျနော် မအားလို့ စာမရေးဖြစ်တာပါဗျာ လွှတ်ရေးပစ်ချင်ရဲ့…အင်း….. သည်ဝိခ်အန်းတော့ …
ရသလောက်လေး ..ချ ရေးထားနှင့်ပါ့မယ်ဗျာ …
မန်းကအပြန် ထိုးမုန့်မလို ကောမန့်သာ လိုပါသည်ဗျို့ …..
ခင်တဲ့…
Inz@ghi
aye.kk
February 4, 2012 at 7:26 am
သိသင့်သိထိုက်တာလေးဖတ်လိုက်ရလို့ကျေးဇူးပါ…
postလေးဖတ်လိုက်ရတော့အဖေ့ပြောထားတာလေးသတိရမိတယ်..
သတင်းဆိုတာအချိ်န်နဲ့တစ်ပြေးညီသိရှိထားနိုင်ဘို့နိုင်ငံသားတိုင်းလိုအပ်တယ်ပေါ့နော်..
်ကျမကိုလဲသတင်းတွေကိုအမြဲဖတ်သားမှတ်သားထားနိုင်ဘို့လိုအပ်တယ်ဆိုပြီး..
ကမ္ဘာကြီးကိုမျက်စေ့ဖွင့်ကြည့်ခိုင်းခဲ့တယ်၊နေ့စဉ်အလုပ်တစ်ခုပေါ့နော်…
လာသမျှသတင်းတွေကိုအဖေကဘာသာပြန်ခါပြောပြပေးတယ်..
သတင်းရဲ ့အကျိုးကျေးဇူးကကြီးမားလွန်းလှပါတယ်..
သတင်းသမားဖြစ်ချင်ခဲ့လွန်းပေမယ့်၊အရွယ်လွန်ဘဝမှာအချိန်တွေ
ယူပြီးကြိုးစားဖို့ကလိုအပ်နေပြန်ပါတယ်..စံနစ်တစ်ခုရဲ ့အောက်မှာခေတ်မနောက်ကျစေဖို့..
ဂေဇက်ကြီးကနေသတင်းသမားတွေပေါ်ထွက်ကာရေးသားလာနိုင်ကြပါစေလို့
ဆန္ဒမွန်ဖြင့်ဆုတောင်းလိုက်ရပါတယ်..။
်
manawphyulay
February 4, 2012 at 10:08 am
သတင်းသမားနဲ့ စာရေးဆရာ မတူတာကတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ သတင်းသမားတွေက အချိန်ပြည့် မျက်စိဖွင့် နားဖွင့်ပြီး ဘယ်နေရာဘယ်လိုဆိုတာ လေ့လာသတိနဲ့ အပြေးသွားပြီး မှန်မမှန်ကိုလည်း သုံးသပ်ရပါသေးတယ်။ ကိုယ်ပြောတဲ့သတင်းက အမှားဆိုရင် သတင်းသမားတစ်ယောက်ရဲ့ဘဝမှာ အရမ်းအရေးကြီးပါတယ်။ စာရေးဆရာကတော့ ကိုယ်ရေးချင်တာ သိတာနဲ့ မတူတဲ့အတွေးကို အေးအေးဆေးဆေးတွေးပြီး ရှုထောင့်အမျိုးမျိုးကနေ ရေးသားလု့ိရပါတယ်။ ကွာခြားချက်တွေကတော့ အများကြီးပါပဲ။ ဟီး ကိုယ်လည်း အရမ်းကြီးသိလို့ရယ်မဟုတ်ပါဘူး။ သတင်းဆိုတာ အချိန်နဲ့အမျှအရေးကြီးနေတယ်ဆိုတာတော့ နားလည်ပါတယ်။
ဇွဲမာန်(အင်းဝ)
February 4, 2012 at 3:15 pm
သတင်းသမားနဲ့ စာရေးဆရာ မတူတာတော့အသေချာပဲ..။
ကြောင်ကြီး
February 6, 2012 at 11:49 am
သိချင်တာ မြန်မာပြည်က သတင်းထောက်မနဲ့ စာရေးဆရာမ ဘယ်သူပိုချောသလဲလို့…။ ရေးတဲ့ သတင်း စာတွေကိုတော့ ယုံကြည်ပြီးသားမို့ မဖတ်တော့ပါဘူး…။ အဲဒါ ကိုဘလက် အပန်းမကြီးရင် ဓာတ်ပုံတွေနဲ့ တင်ပေးပါ။ တဆိတ်လောက်……
စေပိုင်ထွဋ် (ပုသိမ်)
February 6, 2012 at 11:56 am
စာရေးဆရာ ဖြစ်ဖို့က ခံစားချက်တွေ အဖွဲ့အနွဲ့နဲ့
ဖတ်သူ နားလည်အောင် ရေးတတ်ဖို့လိုမယ်။
သတင်းထောက်ကတော့ အဖြစ်အပျက်ကို ခရေစေ့တွင်းကျ
အခြေအမြစ်ရှိရှိ ရေးသားဖို့လိုမယ်။
နှစ်ခုစလုံးကတော့ သူ့ပညာနဲ့ သူပါပဲ။
ဘယ်သူ့ ဘယ်သူ့ကိုမှ အထင်သေးလို့ မရပါဘူး။
blackchaw
February 6, 2012 at 12:06 pm
ကိုစေပိုင်ထွဋ်ရေ။
ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
ကျွန်တော် ရေးထားတာလေးက
ဘယ်သူက ဘယ်သူ့ကို အထင်သေးဖို့ဆိုတာထက်
လူတစ်ယောက်က နှစ်ဘဝကို ရောထွေးမသွားဘို့ သတိလေးပေးထားတာပါဗျာ။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 6, 2012 at 1:56 pm
ဟုတ်ပါတယ် ကိုဘလက်ချောရေ။တခါတလေ ကျနော်တောင်မှ ကိုယ့်စိတ်ထဲကခံစားချက်လေးတွေကို
ပို ့စ်မှာထည့်ရေးမိတော့ သတင်းက နည်းနည်းတော့ပိုသွားတာပေါ့နော်။ဒါပေမယ့် ကိုဘလက်ချောရဲ ့စာသား
တွေကိုကြိုက်ပါတယ်။
တကယ်တော့ စာရေးသူ လူတစ်ယောက်တည်းမှနေ၍ စာရေးဆရာအလုပ်ကိုရော၊ သတင်းထောက်အလုပ်ကိုပါ တစ်ပြိုင်နက် လုပ်ကိုင်နိုင်ကြပါသည်။ လုပ်ကိုင်ခွင့် ရှိသည်လည်း ဖြစ်သည်။ ထိုသို့ လုပ်ကိုင်ခြင်းသည်လည်း အကျိုးရှိသော၊ ကောင်းမြတ်သော ကိစ္စတစ်ရပ်ပါပေ။ သို့သော် စာရေးဆရာနှင့် သတင်းထောက်တို့၏ အလုပ်သဘော သဘာဝခြင်း၊ လုပ်နည်းလုပ်ဟန်ခြင်း မတူ ကွဲပြားခြားနားကြောင်းကိုတော့ သတိပြုဆင်ခြင်ကြရမည်ဖြစ်သည်။ စာရေးဆရာအနေဖြင့် ဝတ္ထုတစ်ပုဒ်ကို ရေးသားသောအခါ၌ မိမိ၏ စိတ်ကူးစိတ်သန်းပေါ် အခြေခံ၍ ခံစားရေးဖွဲ့နိုင်သော်လည်း သတင်းထောက်အနေဖြင့်မူ သတင်းတစ်ပုဒ်ကို ရေးသားသောအခါ၌ လက်တွေ့အဖြစ်မှန်အပေါ် အခြေခံ၍ မိမိ ခံစားမှုမပါပဲ အပိုအလိုမရှိ ရေးသားရန် လိုအပ်ပေသည်။ သည်နှစ်မျိုးလုံးကို ရောထွေးပစ်၍ကား မဖြစ်ပါ။ မိမိ၏ နှစ်ဘဝကို မိမိဘာသာ စည်းခြား၍ ချုပ်ထိန်းဖြတ်သန်းနိုင်ပါမှ အောင်မြင်ခြင်းသို့ ရောက်လိမ့်မည်ဟု…။