ထင်သလောက် မဆိုးတဲ့ လောကပါ

Rain girlJune 3, 20101min570

တကယ်လို ့သာ ကမ္ဘာလူဦးရေကို လူတစ်ရာပဲ အတိအကျရှိနေတဲ့ ရွာကလေးတရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့။

လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက်၊ ဥရောပ တိုက်သားက (၂၁)ယောက်၊ အနောက်တိုင်းသားက (၁၄)ယောက်နဲ့ အာဖရိကတိုက်သားက (၈) ယောက်ရှိနေပါလိမ့်မယ်။

အဲဒီ့ လူတစ်ရာမှာ အမျိုးသမီးက (၅၂)ယောက်နဲ့ အမျိုးသားက (၄၈)ယောက် အချိုးရှိ နေပြန်သတဲ့။

လူဖြူက ၃ဝ ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ၊ ကျွန်တော်တို့ အာရှတိုက် သားတွေလို အညိုတွေ၊အဝ ါ တွေက ကျတော့ (၇၀)တောင်ရှိမယ်။

အလားတူပဲ၊ ခရစ်ယာန် ဘာသာဝင်က (၃၀) ဖြစ်ပြီး ခရစ်ယာန်မဟုတ်ဘဲ အခြား ဘာသာအသီးသီးကိုးကွယ်ယုံကြည်

သူက (၇၀)ရှိမယ် လို့လည်း ကိန်းဂဏန်းတွေက ပြဆိုနေပြန်တယ်။

အဲ..လိင်ကွဲကို စုံမက်တတ်သူ (ယောက်ျားက မိန်းမကိုပဲ ကြိုက်တာ၊ မိန်းမကလည်း ယောက်ျားကိုပဲကြိုက်တာ)က (၈၉)ယောက် ရှိနေမှာဖြစ်ပြီး လိင်တူချင်း မှကြိုက်ကျသူ (မိန်းမလျာ၊ယောက်ျားလျာ) က (၁၁)ယောက်ရှိနေပါတယ်။

အဲဒီ့ လူ(၁၀၀)ထဲကမှ (၆)ယောက်ဟာ ကမ္ဘာ့ ကြွယ်ဝမှုရဲ့ (၅၉) ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားမှာဖြစ်ပြီး အဲ့ဒီ (၆)ယောက်စလုံးဟာ အမေရိကန်နိုင်ငံကဖြစ်နေသတဲ့။ အယောက် (၈၀) ကတော့ အိမ်နဲ့ယာနဲ့ကျကျနနနေနိုင် သူတွေမဟုတ်ဘဲ တော်ရိရော်ရိမှာ ဖြစ်သလိုနေနေသူ တွေတဲ့။

(၁၀၀) ရာမှာ (၇၀) ယောက်ဟာ စာမဖတ်တတ်ဘူး။ ပြီးတော့ (၅၀) က အာဟာရ ဓာတ်ချို့တဲ့နေတယ်၊ အစာရေစာ မဝလင်ဘူးတဲ့။ (၁၀၀)ရာ မှာ တစ်ယောက်က သေလုမြော ပါးဖြစ်နေသလို နောက်တစ်ယောက်ကလည်း မီးဖွားမယ့် ဆဲဆဲဖြစ်နေပြန်တယ်။

ပြီးတော့(၁၀၀)မှာ တစ်ယောက်ဆို တစ်ယောက်တည်းဟာ တက္ကသိုလ်ပညာရေးကို ဆည်းပူးခွင့်ရနေပါတယ်။ ပြီးတော့ တစ်ရာမှာ တစ်ယောက်တည်းကသာ ကွန်ပြူတာကို ပိုင်ဆိုင်ပါတယ်တဲ့။

ဒါဟာ ကနေ့ ကမ္ဘာ့လက်ရှိလူဦးရေနဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းများ အချိုးအစားပါ။ (၁၀၀) နဲ့ ချိန်ပြောရင် ဒီအတိုင်းပဲထွက်ပါတယ်။

အဲလိုကျကျနန စဉ်းစားကြည့်လိုက်တဲ့အခါ လက်ခံနိုင်ဖို့၊နားလည်ပေးနိုင်ဖို့နဲ့ ပညာ ကို တန်ဖိုးထားဖို့ဆိုတဲ့ အရေးကိစ္စတွေဟာအင်မတန်အရေးကြီးတယ်ဆိုတာ သိသာထင်ရှား လှပါတယ်။

ဒါတင်မကသေးပါဘူး၊ အောက်ပါအချက်အလက်တွေ ကလည်းတော်တော့်ကို စဉ်းစား စရာကောင်းလာပါလိမ့်မယ်။

တကယ်လို့ သင်ဟာ ကနေ့မနက်မှာ မာမာချာချာကြီးနဲ့ အိပ်ရာက နိုးထလာခဲ့သူဖြစ် နေရင် ခင်ဗျားဟာ သည်တစ်ပတ်အတွင်း မှာ သေဆုံး သွားရတော့မယ့် ကမ္ဘာပေါ်က လူတစ် သန်းထက် အများကြီး ပိုကံကောင်းနေတာ မဟုတ်ဘူးလား။

သင်ဟာ စစ်ဘေးစစ်ဒဏ်ကို တစ်ခါမှမခံစားဖူးဘူး၊ အကျဉ်းစံဘဝမှာလည်း နေဖူးဘူး၊ နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကို လည်းမခံစားခဲ့ဖူးဘူး၊ ဒါမှမဟုတ် ငတ်မွတ်မှုကိုလည်း မခံစားဖူးဘူး ဆိုရင် ခင်ဗျားဟာ အဲဒီ့ ဒဏ်တွေကို ခံစားခဲ့၊ ခံစားဆဲ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၅၀၀)ထဲမှာ မပါတဲ့
ကံထူးရှင်တစ်ယောက်ပါပဲလို့ အောက်မေ့နိုင်ပါတယ်။

ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ခရစ်ယာန် ၊ ဟိန္ဒူဘုရားကျောင်း၊ ဝတ်ပြုဆုတောင်း ခန်းမ၊ ဗလီစတာတွေကို စိတ်အေးလက်အေးသွား နေနိုင်တယ်၊အဲသလို သွားတဲ့အတွက် အဖမ်းခံရမှာ၊ အနှိပ်စက်ခံရမှာ ၊အသတ်ခံရမှာ လုံးလုံးစိုးရိမ်စရာ မရှိဘူးဆိုရင် သင်ဟာ ကမ္ဘာ မှာ အဲဒါမျိုးကို စိုရိမ်တကြီးဖြစ်နေရ ရှာတဲ့လူပေါင်း (၃) ကုဋေ ထက် ပိုကံကောင်းနေပါတယ်။

စားစရာတွေက မီးဖိုချောင်ထဲမှာ ၊ ကြောင်အိမ်ထဲမှာ သူ့ဟာလေးနဲ့သူရှိနေတယ်။ ခါးပေါ်မှာ အဝတ်လည်း ရှိနေတယ်၊ အမိုးအကာအောက်မှာ ကျောခင်းစရာနေရာလေးတစ် နေရာ ရှိနေတယ်ဆိုရင် သင်ဟာ ကမ္ဘာ့ လူဦးရေရဲ့ (၇၅%) ထက်ပိုပြီး ချမ်းသာနေပါတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဘဏ်တိုက်ထဲမှာ ငွေလေးကြေးလေးရှိတယ်။ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ငွေစ ၊ကြေးစ လေးတွေရှိနေတယ်၊ အိမ်ထဲမှာလည်း ပိုက်ဆံအနည်း

ကျဉ်းရှိနေတယ်ဆိုရင် သင် ဟာ ကမ္ဘာ့ မရှိမရှားလူတန်းစား (၈) ရာခိုင်နှုန်းထဲမှာ ပါတယ်လို့မှတ်ယူနိုင်ပါတယ်။

သည်အထဲမှာမှ မိစုံ ဖစုံလည်းရှိသေးတယ်။ အမေနဲ့အဖေနဲ့ ကလည်း အခုအချိန် အထိ ပေါင်းဖက်နေကြသေးတယ် ဆိုရင်တော့ ကမ္ဘာရှားစာရင်းထဲမှာ တောင် သင်ပါပြီးသွား ပါပြီ။

အခု ရေးထားတဲ့ စာကို ဖတ်နေနိုင်ပြီဆိုရင် တော့ သူငယ်ချင်းရေ မင်းဟာ ကမ္ဘာ မှာ ရှိတဲ့ စာမရေး တတ်၊ မဖတ်တတ်ရှာတဲ့ လူပေါင်း သန်း ၂ဝ ကျော် ( ၂ ကုဋေ ) ထက်ကံကောင်းတဲ့သူ ဖြစ်နေတာအသေအချာ ပဲပေါ့နော် ။

အဲဒီလို စဉ်းစားကြည့်ရင် လောကကြီးဟာထင်သလောက် မဆိုးဘူးဆိုတာ တွေးနိုင် လာကြမယ် ထင်ပါတယ်။

posted by နောင်နောင် မှ ကူးယူတင်ပြပါသည်.